← Chapters

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

အခန်း (၁၅၇-၁၅၉)

Vol. 11 Ch. 157-159

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၅၇)

စနစ်က အဖြေပေးလိုက်သည်နှင့် စိုးရိမ်စိတ် မရှိတော့ပေ။

စနစ်က ဖော်ပြသည်။

"ပဲငံပြာရည် ဝက်သားနှပ် လုပ်တဲ့နည်းလမ်းကို (၃)နာရီကြာရင် စနစ်က ထောက်ပံ့ပေးပါ့မယ်"

ထိုစာကို မြင်ပြီးနောက် ယွမ်ကျိုးက စိတ်သက်သာရာ ရသွားသည်။

ထို့နောက် ညနေခင်း ဆိုင်ဖွင့်ရန် စတင်သည်။

ဆိုင်ဖွင့်ချိန်အဆုံးသတ်သွားသောအခါ စနစ်မှ ချက်ပြုတ်နည်း ထောက်ပံ့ပေးရမည့်အချိန် ကျရောက်လာသည်။

ယွမ်ကျိုးက ဆိုင်တံခါးကိုပိတ်ပြီး ဟင်းချက်နည်းကို လက်ခံလိုက်သည်။

ဟင်းချက်နည်းကို ရယူပြီးနောက် ယွမ်ကျိုးက ဆန်ကိုအသုံးပြုပြီး ပဲငံပြာရည် ဝက်သားနှပ် ချက်ပြုတ်သောနည်းကို သိရှိသွားသည်။

ယွမ်ကျိုးက အတွေ့အကြုံကြွယ်ဝသူ ဖြစ်သော်လည်း ဤချက်ပြုတ်နည်းကို မသိခဲ့ပေ။

"တကယ့်ကို ထူးခြားမှုရှိတာပဲ"

ဆန်တို့ဖူးကို ပဲငံပြာရည် ဝက်သားနှပ် ပြုလုပ်ရန် အသုံးပြုသည်။

စနစ်က မတူညီသော ပါဝင်ပစ္စည်းကို အချိုးကျ ပေါင်းစပ်နည်းကို ထောက်ပံ့ပေးထားသည်။

စနစ်က ဖော်ပြသည်။

"ဆန်တို့ဖူး ပြင်ဆင်တဲ့နည်းလမ်းက အတော်လေး လွယ်ကူတယ်"

"ပထမဦးဆုံး ကုန်ကြမ်းပစ္စည်းအနေနဲ့ ဆန်ကို အသုံးပြုမယ်။ ရွေးချယ်ရတဲ့ဆန်က တောက်ပပြီးတော့ အာဟာရဓာတ်ပြည့်ဝရမယ်"

"သာမန်ဆန်ထက် အာဟာရဓာတ် (၉)ဆ ပါဝင်ရမယ်။ ဒါပေမယ့် ဒီဆန်ရဲ့ရိတ်သိမ်းချိန်က မြန်ဆန်လွန်းတယ်"

"ဆန်တို့ဖူး မပြုလုပ်ခင် အရွယ်အစားတူညီ၊ အရောင်တူညီတဲ့ ဆန်စေ့တွေကို စနစ်တကျ ရွေးချယ်ရမယ်"

"ပြီးနောက် တောင်ကျစမ်းရေနဲ့ ဆေးမယ်။ ဆေးပြီးရင် အိုးထဲကို ထည့်မယ်။ နောက်ပြီးတော့ ဆန်ထည့်ထားတဲ့ အိုးထဲမှာ ရေ 3.5 cm ပြည့်တဲ့အထိ ထည့်မယ်"

"ဆန်ကို ၃နာရီ၊ ၄နာရီခန့် ရေစိမ်ပြီးတဲ့နောက်မှာ ဇွန်းဖြင့် ခပ်ယူပြီးတော့ ရေစစ်မယ်။ ထို့နောက် ဆန်ရဲ့တစေးတွေ ထွက်လာတဲ့အထိ ၃ကြိမ်၊ ၄ကြိမ်ခန့် ကျောက်ဆုံထဲမှာကြိတ်မယ်"

"ကျောက်ဆုံဖြင့် ကြိတ်ထားသောဆန်ကို မုန့်ဖုတ်ဆော်ဒါရောထည့်ပြီးနောက် ရေခန်းအောင်ပေါင်းမယ်"

ယွမ်ကျိုးက ချက်ပြုတ်သောနည်းလမ်းကို လက်ဝယ် ပိုင်ဆိုင်သွားသည်။

ဆန်ကြိတ်ခြင်းနှင့် ရေခမ်းအောင်ပေါင်းသည့် နည်းလမ်းများကို ရရှိသွားခြင်းဖြစ်သည်။

သူကိုယ်တိုင် ဆန်ရွေးချယ်ရန် မလိုအပ်ခြင်းက ကံကောင်းမှုတစ်မျိုးလည်းဖြစ်သည်။ စနစ်က ကိုယ်တိုင်ကိုယ်ကျ ဆန်ရွေးချယ်ပေးထားသည်။

ထို့နောက် ယွမ်ကျိုးက ဆန်ကိုဆေးပြီး ရေစိမ်သည်။ ယွမ်ကျိုး၏ အပြုအမူက လျင်မြန်သည့်တိုင် ပြီးဆုံးရန် နာရီဝက်ခန့် အချိန်ယူရသည်။

ထိုစဉ် အတောအတွင်း ခွေးကလေးစွပ်ပြုတ်ကို ညစာသွားကျွေးသည်။ သူစားသော ခေါက်ဆွဲပြုတ်မှ ကျန်ရှိသော စွပ်ပြုတ်ရည်များကို ညစာအဖြစ် ကျွေးခြင်းဖြစ်သည်။

ထို့နောက် သူက အပေါ်ထပ်သို့တက်သွားပြီး သူ့ခန္ဓာကိုယ်ပေါ် ကပ်ညှိနေသော အနံ့အသက်များ ကင်းဝေးရန် ရေမိုးချိုးသည်။

ထို့နောက် ဆန်ကိုကြိတ်ပြီး ကစီဓါတ်ထွက်အောင် ပြုလုပ်သည်။ ဤဖြစ်စဉ်ကို ပြီးဆုံးအောင် လုပ်ဆောင်ရန် တစ်နာရီခွဲခန့် အချိန်ယူပြီးမှ ဝါးအိုးထဲသို့ ထည့်သည်။

ဆန်၏ နောက်ဆုံးပုံသွင်းခြင်းသည် ပြီးဆုံးရန် အချိန်အတော်ကြာအောင် လိုအပ်သည်။

ထို့ကြောင့် ယွမ်ကျိုးက သူ့ကုလားထိုင်ပေါ်မှာ အိပ်စက်ပြီး ခွန်အားပြန်ဖြည့်ရန် တရေးတမော အိပ်သည်။

ယွမ်ကျိုးက ဆန်ကို အသုံးပြုပြီး ပဲငံပြာရည် ဝက်သားနှပ် ပြုလုပ်ခြင်း လေ့ကျင့်နေစဉ် တစ်ညလုံး အချိန်ကုန်ဆုံးသွားသည်။

ယွမ်ကျိုး၏ ကျွမ်းကျင်မှုသည် စနစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီရန် လုံလောက်မှု ရှိသည်။

သူ လေ့ကျင့်မှု ပြီးဆုံးမှသာ ဆိုင်ကို စတင်ဖွင့်လှစ်သည်။

တခြားတစ်ဖက်တွင်မူ ကျန်းချန်ရှီးက သူမနှင့် အတူတူ ဟင်းပွဲအရသာ မြည်းစမ်းရန် သူငယ်ချင်းများကို ဆက်သွယ်နေသည်။

"လဲ့ယီ၊ ငါတို့တွေ အခုပဲသွားကြမလား။ ငါတို့တွေ သတ်မှတ်ထားတဲ့အချိန် ရောက်ခါနီးပြီ"

သူမက ဖုန်းမှတစ်ဆင့် ပြောသည်။

"အွန်း။ ဒါပေမယ့် အဲဒီဟင်းကို ချက်ဖို့ ဖြစ်နိုင်ပါ့မလား"

ဖုန်း၏အခြားတစ်ဖက်မှ ကြည်လင်ချိုမြသော မိန်းကလေးတစ်ယောက်၏ အသံကို ကြားရသည်။

"ဒီလို သံသယ မဝင်သင့်ဘူး။ သူဌေးယွမ်ရဲ့ဆိုင်မှာ ငါက နေ့တိုင်းသွားစားနေကြ။ သူ့ရဲ့အရည်အချင်းကို ယုံကြည်တယ်"

ကျန်းချန်ရှီးက သိမ်မွေ့ပြီး စိတ်ရှည်သောအမူအယာဖြင့် ကောင်မလေးကို စကားပြောသည်။

"အွန်း ကောင်းတာပေါ့။ ငါ နင့်ကို ယုံကြည်လိုက်မယ်"

ဖုန်း၏တခြားတစ်ဖက်မှ သဘောတူ လက်ခံသောအသံ ထွက်ပေါ်လာသည်။

"ဒါဆို မြန်မြန်သွားကြတာပေါ့။ မင်းကို လမ်းဆုံမှာ စောင့်နေမယ်"

ကျန်းချန်ရှီးက ဖုန်းကို ချလိုက်ပြီး စကားပြောခြင်းကို အဆုံးသတ်လိုက်သည်။

"ဒီကောင်မကတော့ အရင်အတိုင်းပဲ မခြားနားသွားဘူး။ သူပြောချင်တာ ပြောပြီးရင် ဖုန်းချသွားတုန်းပဲ"

ဘာမှပြန်ပြောချိန် မရလိုက်သော လဲ့ယီက ကူကယ်ရာမဲ့ အမူအရာဖြင့် ဖုန်းကို ငေးစိုက်ကြည့်နေသည်။

ထို့နောက် သူမက လက်ကိုင်အိတ်ကို ကောက်ကိုင်လိုက်ပြီး ဆံပင်ကို သပ်ရပ်အောင်ဖီးကာ ကျန်းချန်ရှီးနှင့် ချိန်းဆိုထားသောနေရာသို့သွားရန် အိမ်တံခါးကို ဖွင့်လိုက်သည်။

လဲ့ယီနှင့် ကျန်းချန်ရှီးတို့ တွေ့ဆုံသောအခါ သဘောတူထားသော အချိန်သို့ရောက်ရန် ၁၀မိနစ်ခန့်သာ လိုတော့သည်။

"ချန်ရှီး ငါရောက်နေပြီ"

လဲ့ယီက လမ်းဆုံနားရောက်သောအခါ လှမ်းအော်သည်။

"အေး အေး၊ သတိထားပြီး လမ်းကူးဦး"

ကျန်းချန်ရှီးက လဲ့ယီကို ကျယ်လောင်စွာ အော်ပြောသည်။

"အားနာလိုက်တာ ငါနောက်ကျသွားတယ်။ စောင့်နေရတာ ကြာသွားလား"

လဲ့ယီက သိမ်မွေ့သော ကိုယ်ရည်ကိုယ်သွေးရှိသည်။ သူက စကားကို ယဉ်ကျေးစွာပြောသည်။ သူမရောက်ရောက်ချင်း တောင်းပန်စကားပြောသည်။

"မလိုအပ်ပါဘူး။ သွားကြမယ်။ အချိန်ပြည့်ခါနီးပြီ။ အဲ့လူက အချိန်ပြည့်သွားရင် ဘယ်သူ့ကိုမှ စောင့်တာမဟုတ်ဘူး"

ကျန်းချန်ရှီးက ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လျင်မြန်သောခြေလှမ်းများဖြင့် သွားရောက်ချင်သောကြောင့် လဲ့ယီကို တရွတ်တိုက် ဆွဲခေါ်သွားသည်။

လဲ့ယီက ကျန်းချန်ရှီး၏ ဦးဆောင်မှုအတိုင်း လိုက်ပါလာသည်။

"သူဌေးယွမ်၊ ဆန်အခြေပြုဟင်းပွဲအမျိုးပေါင်း ၁၀၀ ထဲက ပဲငံပြာရည် ဝက်သားနှပ် ရပြီလား"

သူမက စားသောက်ဆိုင်ထဲရောက်ရောက်ချင်း ကျယ်လောင်သောအသံဖြင့် အော်မေးသည်။

"ကျေးဇူးပြုပြီး၊ ထိုင်ခုံမှာ ထိုင်ပေးပါ။ ခဏနေရင် ဟင်းပွဲကို နေရာချထားပေးပါ့မယ်"

ယွမ်ကျိုးက ထိုင်ခုံမှာ ထိုင်ရန် လက်ဟန်အမူအရာကို ပြသည်။

"ဒါဆိုရင် သူက ဟင်းချက်နည်းကို တကယ်သိတဲ့သဘောပေါ့"

ကျန်းချန်ရှီးက တိုးလျသောလေသံဖြင့် ပြောဆိုပြီး သူမ၏စိတ်ထဲ တွေးမိသည့်အချက်က နောက်ပြောင်နေခြင်းမဟုတ်ဟု ဖြစ်သည်။

"နင်ကော ဘယ်လိုသဘောရလဲ"

သူမ၏အနီးအနားတွင် ထိုင်နေသော လဲ့ယီက တအံ့တဩ မေးမြန်းသည်။

"ဘာမှမဟုတ်ပါဘူး"

"ခဏနေရင် နင်တို့ဘိုးဘေး လက်ဆင့်ကမ်းထားတဲ့ ဟင်းလျာကို မြည်းစမ်းရတော့မယ်"

ကျန်းချန်ရှီးက စိတ်လှုပ်ရှားသော အမူအယာဖြင့် လဲ့ယီကို စကားပြောသည်။

"အင်း"

လဲ့ယီက သူမ၏လက်နှစ်ဖက်ကို ပေါင်ပေါ် တင်ထားသည်။ သို့တိုင် သူမက မယုံကြည်ပေ။ သို့သော် သူမက ပြုံးကာ ခေါင်းညိတ်ပြသေးသည်။

ဤဟင်းပွဲ ချက်ပြုတ်နည်း၏ ခက်ခဲမှုအကြောင်းကို သူမ ထက်ပို၍ တခြားသူက မသိနိုင်ချေ။

နှစ်ပေါင်းများစွာ လေ့လာမှုပြုခဲ့သည့်တိုင် သူမ၏ ဖခင်က ပဲငံပြာရည် ဝက်သားနှပ်ဟင်းပွဲကို စာအုပ်ထဲတွင်ဖော်ပြထားသည့်အတိုင်း ပြီးပြည့်စုံစွာ မချက်ပြုတ်နိုင်ခဲ့ပေ။

ထိုကဲ့သော တွေးတောနေစဉ် ပဲငံပြာရည် ဝက်သားနှပ်၏ မွှေးကြိုင်မှုက သူမ၏ စိတ်အာရုံကို ရုတ်တရက် ဆွဲဆောင်သွားသည်။

ခပ်ရေးရေး မွှေးရနံ့က ပြင်းထန်လွန်းပြီး အာရုံလွှဲရန် ခက်ခဲသည်။

"ဝိုး သူဌေးယွမ် ရှင်က တကယ့်ကို တော်တာပဲ။ အနံ့လေးနဲ့တင် မွှေးနေတာပဲ။ သရေတောင် ကျလာပြီ"

ကျန်းချန်ရှီးက မဖုံးကွယ်ပဲ သူမ၏ခံစားချက်ကို ပြောပြသည်။

သေးငယ်သော အဖြူရောင် ကြွေရည်သုတ် ပန်းကန်ပြားပေါ်တွင် တောက်ပသော အစိမ်းရောင်အရွက်ကလေးများကို အနားသတ်တွင် ပုံဖော်ထားပြီး ပဲငံပြာရည် ဝက်သားနှပ်ကို မျှော်စင်ပုံစံ နေရာချထားသည်။

အလှဆင်ရန်အတွက် ကြက်သွန်မြိတ်ကို မထည့်ထားသော်လည်း ဟင်းပွဲက မွှေးကြိုင်နေသည်။

ကျန်းချန်ရှီးသည် သရေများကို မျိုချလိုက်ပြီး စကားပြောသည်။

"ဒီဟာက ဆန်ကနေ ပြုလုပ်ထားတာလား။ ဟုတ်ရော ဟုတ်ရဲ့လား"

ပန်းကန်ပြားထဲရှိ ပဲငံပြာရည် ဝက်သားနှပ်သည် အဆီ၊ အသားရောစပ်ထားသော ထိပ်တန်းအဆင့် ဝက်သားနှင့် အသွင်တူသည်။

ယွမ်ကျိုးက ကျန်းချန်ရှီး၏ မေးမြန်းမှုများကို တစ်လျှောက်လုံး လျစ်လျူရှုထားသော်လည်း အရသာမြည်းစမ်းနိုင်သည်ဟူသော အမူအရာကို သူမအား ပြသသည်။

"ငါတို့တွေ အရသာ မြည်းစမ်းလို့ ရပြီ"

ကျန်းချန်ရှီးက လဲ့ယီဘက်

လှည့်ကာ စကားပြောသည်။

"ရလောက်ပြီပေါ့။ ဒါပေမယ့် တူ မပေးထားဘူးလေ"

လဲ့ယီက ထိုစကားကို ပြောလိုက်စဉ် ရှက်ကိုးရှက်ကန်းဖြစ်နေသည်။

"သူဌေးယွမ်၊ ဘာဖြစ်လို့ တူတစ်စုံပဲ ပေးရတာလဲ"

ကျန်းချန်ရှီးက ချက်ချင်း ထအော်သည်။

"တစ်စုံပဲရှိလို့လေ"

ယွမ်ကျိုးက ကျန်းချန်ရှီးကို ကြည့်လိုက်ပြီး လေးနက်သောအမူအရာဖြင့် စကားပြောသည်။

"ကောင်းပြီ လဲ့ယီ။ နင်လည်း ပုံမှန်အတိုင်း ဟင်းပွဲတစ်ပွဲမှာလိုက်။ ဒီမှာရှိတဲ့ ဟင်းပွဲတိုင်းက အရသာအရမ်းကောင်းတယ်"

ကျန်းချန်ရှီးက လဲ့ယီကို ဆော်ဩသည်။ သူမက အတော်လေး ဗိုက်ဆာနေ၍ လဲ့ယီကို မစောင့်နိုင်တော့ပေ။

"ဒါဆိုရင် ကျင်းလင်မြက်နဲ့ ခေါက်ဆွဲပြုတ်တစ်ပွဲပေးပါ"

အဆီတဝင်းဝင်းဖြင့် အရောင်အဆင်းလှသော ပဲငံပြာရည် ဝက်သားနှပ်ကို ငေးကြည့်ပြီး လဲ့ယီက အခြားသောဟင်းပွဲများကို ထပ်မံမှာယူရန် ဆုံးဖြတ်လိုက်သည်။

"ခဏစောင့်ပေးပါ"

ယွမ်ကျိုးက လှည့်ထွက်သွားပြီး ဟင်းပွဲများကို စတင်ပြင်ဆင်သည်။

"လဲ့ယီ ငါအရင်ဆုံး အရသာ မြည်းကြည့်မယ်။ အဆင်ပြေလား"

ကျန်းချန်ရှီးက မွှေးကြိုင်သောရနံ့၏ ဆွဲဆောင်မှုကို သည်းခံနိုင်စွမ်း မရှိတော့၍ မနေနိုင် မထိုင်နိုင် မေးမြန်းလိုက်သည်။

"မရဘူး။ နင်အရင်စားလို့မရဘူး။ ငါနဲ့အတူတူ စားမယ်လို့ ကတိပေးထားတယ်လေ"

လဲ့ယီက အလျော့မပေးချေ။ သူမက ကျန်းချန်ရှီးနှင့် ဝေးရာသို့ ဟင်းပွဲကို ဖယ်ထားလိုက်သည်။

"ကောင်းပြီလေ။ ဒါဆိုရင် ငါ

နင့်ကို စောင့်မယ်"

သူ့ခံတွင်းထဲ အဆက်မပြတ်ထွက်နေသော တံတွေးများကို မျိုချလိုက်ပြီး ကျန်းချန်ရှီးက စကားပြန်ပြောသည်။

ထို့အပြင် မိန်းမချောလေးနှစ်ယောက်က စားပွဲပေါ်တွင်ရှိသော ပဲငံပြာရည် ဝက်သားနှပ်ကို ငေးစိုက်ကြည့်ပြီး နောက်ထပ်ဟင်းပွဲများ ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

ယွမ်ကျိုး၏ ချက်ပြုတ်သောနှုန်းသည် မြန်ဆန်သောကြောင့် (၅)မိနစ်ပင် မကြာလိုက် ဟင်းပွဲအားလုံး ချက်ပြုတ်ပြီးစီးသွား၍ လဲ့ယီက ဝါးတူတစ်စုံကို ရရှိသွားသည်။

"ဒါဆိုရင် ခုပဲ စားကြတာပေါ့"

လျင်မြန်သော လှုပ်ရှားမှုဖြင့် ကျန်းချန်ရှီးက ပဲငံပြာရည် ဝက်သားနှပ်အပိုင်းအစတစ်ခုကို တူဖြင့် ညှပ်လိုက်ပြီး ခံတွင်းထဲ တိုက်ရိုက် ထည့်လိုက်သည်။

နောက်ကျမည်ကို အင်တင်တင်ဖြစ်နေသော လဲ့ယီကလည်း သူမ၏ ခံတွင်းထဲသို့ ဝက်သားဖတ်ကို ထိုးထည့်လိုက်သည်။

ဝက်သား၏ မွှေးရနံ့က ခံတွင်းတခုလုံးကို ချက်ခြင်း နေရာယူသွားသည်။ အဆီများသော ခံစားချက်ကို လုံးဝ မခံစားရပေ။

အဆီနည်းသော အသားက ဝါးရ အဆင်ပြေပြီး၊ အဆီများသော အသားက ခံတွင်းထဲ အရည်ပျော်သွားသည်။ ချိုမြသောခံစားချက်ကို ဖြစ်ပေါ်စေသည်။

နောက်ဆုံးတွင်မူ ပဲငံပြာရည် ဝက်သားနှပ်ထဲ ကျန်ရှိသော ဝက်ခေါက်များကို မြည်းစမ်းကြည့်သည်။

ဝက်ခေါက်များကလည်း ကောင်းမွန်စွာ ချက်ပြုတ်ထားသောကြောင့် ဝါးရအဆင်ပြေပြီး ပျော်ရွှင်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ဤဟင်းပွဲ ကျော်ကြားရခြင်းက မဆန်းကြယ်ပေ။

ပဲငံပြာရည် ဝက်သားနှပ်၏ အရသာရှိမှု နှင့် ဆန်တို့ဖူး၏ အဆီနည်းသောပါဝင်မှုကြောင့် ဝိတ်ချရန် ကြိုးစားနေသူများအတွက် အကောင်းဆုံး မှတ်ချက်ပေးသည်။

အပိုင်း(၁၅၇)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၅၈)

လဲ့ယီက အဆီများသော အစားအသောက်များ စားသောက်ရခြင်းကို မနှစ်သက်ချေ။ မိန်းကလေးအများစုက လှပကျော့ရှင်းမှုကို သဘောကျကြသည်။

ပဲငံပြာရည် ဝက်သားနှပ်ကဲ့သို့ အဆီများသောအစားအသောက်သည် အရသာရှိသော်လည်း အလှအပနှင့် ယှဉ်လာသောအခါ အလှအပကိုသာ ရွေးချယ်မိလိမ့်မည်။

ဤသည်က မိန်းကလေး အများစု၏ ရွေးချယ်မှုဖြစ်သည်။

ထို့ကြောင့် သူမကို အရည်အသွေး ပြည့်မီသော အစားအသောက် ဝါသနာရှင်ဟု မယူဆနိုင်ချေ။

သို့သော်ငြားလည်း ဤဟင်းပွဲသည် အရာအားလုံးကို လျစ်လျူရှုထားစေပြီး ကျန်းချန်ရှီးထက် ပို၍စားသောက်ရန် တွန်းအားပေးသည်။

"လဲ့ယီ နင်က အသားစားရတာ မကြိုက်ဘူးမို့လား။ ဘယ်လိုဖြစ်ရတာလဲ။ ကြည့်စမ်းပါဦး။ ဒီဟင်းပွဲက အရမ်းကို အဆီများလွန်းတယ်"

"နင် ခေါက်ဆွဲစားတာ ပိုကောင်းမယ်။ ဟေး၊ ခေါက်ဆွဲတွေလည်း ရနေပြီလေ"

လက်တစ်ဖက်ဖြင့် ပန်းကန်ပြားကို ကာကွယ်နေစဉ် ကျန်းချန်ရှီးက ယွမ်ကျိုးသယ်ဆောင်လာသော ခေါက်ဆွဲပြုတ်ကို ညွှန်ပြသည်။

"ဒီကိစ္စကို နောက်မှပြောကြမယ်။ ဒီ့ပြင် ဒီဟင်းပွဲက အသားဟင်းပွဲ မဟုတ်ဘူးလေ။ ဆန်နဲ့လုပ်ထားတာ"

လဲ့ယီက သူမ၏ စကားပြောအမှားကို ပြန်ပြင်ဆင်ပေးသည်။

"အရသာက ပဲငံပြာရည် ဝက်သားနှပ် အရသာပဲလေ။ အရမ်းစားကောင်းတယ်"

"နင့်ရဲ့ခေါက်ဆွဲကိုပဲ နင်စားစမ်းပါ"

ကျန်းချန်ရှီးက သူမ၏အတွေးကို ထုတ်ဖော်သည်။

ခဏလေးအတွင်း ပန်းကန်ပြားထဲတွင် ဝက်သားနှပ်အပိုင်းအစ (၂)ခုသာ ကျန်ရှိတော့သည်။

ပါရှိသောအပိုင်းအစ (၆)ခုကို သူမတို့နှစ်ယောက် ညီတူမျှတူ စားပြီးသားဖြစ်သည်။

"ချန်ရှီး၊ ငါတို့ဘိုးဘေး လက်ဆင့်ကမ်းတဲ့ဟင်းပွဲ နဲ့ ဒီဟင်းပွဲ ဘယ်သူပိုသာလဲဆိုတာလဲ နှိုင်းယှဉ်ကြည့်မယ်"

လဲ့ယီက စိတ်အားထက်သန်စွာ ပြောသည်။

"ဒါပေမယ့် နင်က (၂)ခုစားပြီးသွားပြီလေ"

ပန်းကန်ပြားကိုကြည့်ပြီး ကျန်းချန်ရှီးက အင်တင်တင်ပြန်ပြောသည်။

"ဒါပေမယ့် ချန်ရှီး နင်ကိုယ်တိုင် ငါ့ကို ဒီနေရာကို ဖိတ်ခေါ်တယ်ဆိုတာ မမေ့သင့်ဘူးလေ။ ဒီဟင်းပွဲကို ငါ့ကို ကျွေးသင့်တယ်"

လဲ့ယီက ရုတ်တရက် အကြံပြုသည်။

"လဲ့ယီ ဒီလိုလုပ်ကြမယ်။ ထမင်းဖြူတစ်ပွဲ မှာမယ်လေ။ နင့်ကို အစားထိုး ပြန်ဝယ်ကျွေးတယ်လို့ပဲ သဘောထားလိုက်ပေါ့"

ခဏတွေးကြံပြီးနောက် ကျန်းချန်ရှီးက သူမ၏ အကြံအစည်ကို ထုတ်ပြောသည်။

"ဆန်အနှစ်က အရမ်း အရသာရှိတယ်။ တကယ်ကော ဟုတ်လို့လား"

လဲ့ယီက မယုံသင်္ကာဟန်ဖြင့် မေးမြန်းသည်။

"သူဌေးယွမ်၊ ဆန်အခြေပြု ဟင်းပွဲအမျိုးပေါင်း ၁၀၀ထဲက ထမင်းဖြူတစ်ပွဲ ထပ်ပေးပါ။ သူမှာတာပါ"

ကျန်းချန်ရှီးက ကျန်ရှိနေသည့် ပဲငံပြာရည် ဝက်သားနှပ်ကို အောင်မြင်စွာ ကာကွယ်ပေးနိုင်ခဲ့၍ အလွန်ပျော်ရွှင်နေသည်။

ထို့နောက် သူမက လဲ့ယီကို ညွှန်ပြပြီး ယွမ်ကျိုးကို စကားပြောသည်။

"ခဏစောင့်ပေးပါ"

ယွမ်ကျိုးက ခေါင်းညိတ်သည်။

ထမင်းဖြူကို ကျင်ရှန်းချောင်ဆန်နဲ့ ချက်ပြုတ်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ရနံ့က သာမန်ထမင်းများထက် ပို၍မွှေးကြိုင်သည်။

"ထည့်ပေးထားတဲ့ ပမာဏက အရမ်းမများပေမယ့် ငါ့အတွက် လုံလောက်ပါတယ်"

လဲ့ယီက ထမင်းရဲ့မွှေးရနံ့ကို ရှုလိုက်သည်။

"ဒီမှာ ဟင်းအနှစ်ကိုယူ"

ယွမ်ကျိုးက ထမင်းဖြူတစ်ပွဲ သယ်ဆောင်လာစဉ် ကျန်းချန်ရှီးက ကျန်ရှိနေသော ပဲငံပြာရည် ဝက်သားနှပ် ၂ ဖတ်ကို ကုန်အောင်စားပြီး ဟင်းအနှစ်ကို ပေးလိုက်သည်။

လဲ့ယီက စကားအပို မပြောပဲ ဟင်းအနှစ်နှင့် ထမင်းဖြူကို ရောလိုက်သည်။

ထို့နောက် သူမက သေချာရောမွှေပြီး အရသာရှိအောင် ပြင်ဆင်သည်။ ဟင်းအနှစ်နှင့် ထမင်းဖြူ ရောစပ်လိုက်သောအခါ စားချင်စိတ်ကို ပို၍ဖြစ်ပေါ်စေသည်။

"အရမ်းကို မွှေးကြိုင်နေတာပဲ"

ကျန်းချန်ရှီးက သူမ၏ ဝက်သားနှပ်ကို မျိုချလိုက်ပြီး လဲ့ယီ၏ ထမင်းပန်းကန်ကို ကြည့်လိုက်သည်။

"တကယ်ပေါ့"

ဟင်းအနှစ်နဲ့ ရောမွှေလိုက်သော ထမင်းဖြူက အနီရောင်သန်းနေသောကြောင့် လဲ့ယီက ကျေနပ်အားရစွာ ပြန်ပြောသည်။

ခေါက်ဆွဲစွပ်ပြုတ်အတွက် ပေးထားသောဇွန်းကို အသုံးပြုပြီး သူမက ဇွန်းအပြည့် ခပ်ယူလိုက်ပြီး ခံတွင်းထဲ ချက်ချင်း ထည့်လိုက်သည်။

ခဏလေးအတွင်း လဲ့ယီက ဤဟင်းပွဲကို နှစ်ခြိုက်သွားသည်။

ပဲငံပြာရည် ဝက်သားနှပ်၏ ချိုမြမှုနှင့် ထမင်း၏ မွှေးကြိုင်မှု လိုက်ဖက်ညီလွန်း၍ အရသာရှိသည်။

တစ်လုတ်စားကြည့်ယုံဖြင့် နူးညံ့ပြီး မွှေးကြိုင်သော ထမင်း၏ အရသာကို ခံစားမိသည်။

အကျိုးဆက်အနေဖြင့် လဲ့ယီက ထမင်းတစ်ပန်းကန်လုံးကို အားရပါးရ စားသုံးသည်။

"ငါအခုမှ နောင်တရသလို ခံစားမိလာပြီ"

ကျန်းချန်ရှီးက လဲ့ယီ၏ ကျေနပ်အားရစွာ စားသုံးနေသော အမူအယာကို ကြည့်ပြီး မကျေမနပ် ငြီးတွားသည်။

ထို့နောက် သူမက ခေါက်ဆွဲစွပ်ပြုတ် ပန်းကန်မှ ခေါက်ဆွဲများကို တူဖြင့်ညှပ်လိုက်ပြီး ခံတွင်းထဲထည့်ကာ ကျေနပ်အားရဟန် ပြုံးသည်။

ခဏကြာပြီးနောက် လဲ့ယီက ပန်းကန်ပြားသေးသေးလေးထဲမှ ဟင်းအနှစ်နှင့်ရောထားသော ထမင်းကို ကုန်စင်အောင်စားလိုက်သည်။

ထမင်းထည့်ထားသော ပန်းကန်ပြားသည် အလွန့်ကို သန့်ရှင်းတောက်ပြောင်နေ၍ အသုံးပြုထားသည်ဟုပင် ထင်ရန် ခက်ခဲသည်။

"သူဌေး၊ ရှင့်ကို မေးခွန်းတစ်ခုလောက် မေးလို့ရမလား"

လဲ့ယီက ယွမ်ကျိုးကို ဟန့်တားလိုက်ပြီး မေးမြန်းသည်။

ယွမ်ကျိုးက ခေါင်းလှည့်လိုက်သော်လည်း သူမ၏ တောင်းဆိုချက်ကို သဘောမတူခဲ့ပေ။

ထို့ကြောင့် လဲ့ယီက ထပ်မံတောင်းဆိုသည်။

"သူဌေးယွမ်၊ ပဲငံပြာရည် ဝက်သားနှပ်က ဆန်တို့ဖူးကနေ ပြုလုပ်ထားတာနော်။ ဒါဆို ဘာဖြစ်လို့ အရသာ အရမ်းရှိနေရတာလဲ။ တကယ့် ဝက်သားအစစ်နဲ့တောင် ခြားနားမှု မရှိဘူး"

"ဘာလို့လဲဆိုတော့ ငါက ယွမ်ကျိုး ဖြစ်နေလို့လေ"

ယွမ်ကျိုးက ဂုဏ်ယူဝံ့ကြွားစွာ ပြောသည်။

"ဟုတ်ကောင်းဟုတ်နိုင်ပါတယ်"

လဲ့ယီက နူးညံ့သိမ်မွေ့သော မိန်းကလေးဖြစ်သော်လည်း ယွမ်ကျိုးက အခုလိုစကားမျိုး ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ယခုလိုအဖြေမျိုး ပြန်ဖြေခြင်းက ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သည်။

"ဒါက ဘာသဘောလဲ"

လဲ့ယီက အံ့ဩတုန်လှုပ်သော ခံစားချက်ကို ဖယ်ထုတ်လိုက်ပြီးတော့ ထပ်မံမေးမြန်းသည်။

"ပုံမှန်အတိုင်းပြောတာလေ၊ ဘာဖြစ်လို့လဲ"

ယွမ်းကျိုးက မျက်မှောင်ကြုတ်လိုက်သည်။ သူ၏အဖြေက အတော့်ကို ရိုးရှင်းလွန်းသည်။

"ဒါဆို သူဌေးက ယွမ်ကျိုး မဟုတ်ဘူးဆိုရင် ဒီလို အရသာရှိတဲ့ဟင်းပွဲတွေကို မချက်နိုင်ဘူးဆိုတဲ့ သဘောလား"

လဲ့ယီက လှောင်ရယ်ဟန် အမူအယာဖြင့် စကားပြောသည်။

"ဟုတ်တာပေါ့"

ယွမ်ကျိုးက ခေါင်းညိတ်ကာ သဘောတူလိုက်ပြီး လဲ့ယီပြောသောအချက်က မှန်ကန်ကြောင်း လေးနက်စွာ ညွှန်ပြသည်။

"ဟား ဟား ဟား"

လဲ့ယီက ခနဲ့တဲ့တဲ့ဖြင့် လှောင်ရယ်သည်။

သူတို့ပြောဆိုနေသော အကြောင်းအရာကို ကြားနေသော ဘေးဘက်မှ လူများက ယွမ်ကျိုး၏အဖြေက ပုံမှန်ဖြစ်သည်ဟုသာ ခံစားမိသည်။

ယခုလို မေးခွန်းမျိုးကို ဝူဟိုင်းလည်း အကြိမ်ပေါင်းများစွာ ထပ်တလဲလဲ မေးမြန်းခဲ့ဖူးသည်။

"ဒီလို မေးခွန်းမျိုးကို မေးတဲ့လူ ထပ်ပေါ်လာပြန်ပြီ"

ဖောက်သည်တစ်ယောက်က ပြောသည်။

"သူဌေးယွမ်က အခြားသူတွေကို ဘယ်လိုများ ထပ်အနိုင်ကျင့်ဦးမလဲဆိုတာ မြင်ချင်လို့ ဝိုင်းကြည့်နေတာလေ"

တခြားသောဖောက်သည်က စကားပြောသည်။

"အဓိပ္ပါယ်မရှိလိုက်တာ။ သူ့ရဲ့ ဟင်းချက်လက်ရာတွေကို ကြိုက်လို့သာ သည်းခံနေတာ။ မဟုတ်ရင် ဒီအပြောအဆိုမျိုးနဲ့ သူ့ကို ရိုက်သတ်ချင်စိတ်တွေ တဖွားဖွားပေါ်တယ်"

"ဒီမိန်းမချောလေး၂ယောက် ဆွံ့အသွားတဲ့ပုံစံကိုလည်း ကြည့်စမ်းပါဦး"

"သူဌေးယွမ်ပြောတဲ့ပုံစံက တော်တော်ကြီးကို နားလည်ရခက်တယ်"

"သူဌေးယွမ်၊ ရှင့်ရဲ့လက်တစ်စုံက တကယ့်ကို ကျွမ်းကျင်မှာရှိတာပဲ။ ဆန်တို့ဖူးကို အရသာရှိအောင် ချက်ပြုတ်နိုင်တာ မဆန်းဘူး"

"ရှင်ချက်ထားတဲ့ ဆန်တို့ဖူးက တကယ့် အသားနဲ့တောင် တူတယ်"

ကျန်းချန်ရှီးက ယွမ်ကျိုး၏ သေးသွယ်သော လက်ချောင်းများကို ကြည့်ပြီး စကားပြောသည်။

"အင်း"

ယွမ်ကျိုးက ကျန်းချန်ရှီး မှန်ကန်ကြောင်း သက်သေပြရန်အလို့ငှာ ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ဤဟင်းပွဲချက်ပြုတ်ရန် ခက်ခဲခဲ့သော အချိန်တွေကို ပြန်တွေးမိသည်။ အဆီနည်းသော အသား နဲ့ အဆီများသော အသားကို ဖန်တီးရန်အတွက် ခက်ခဲခဲ့ဖူးသည်။

ထို့အပြင် ယွမ်ကျိုးက ဆန်ကို ကြိတ်ရန်အတွက် လေးငါးကြိမ်ခန့် ကြိုးစားအားထုတ်ခဲ့ရသည်။

စနစ်၏ပံ့ပိုးမှု နှင့် သူ၏ကြိုးစားအားထုတ်မှုကြောင့်သာ အရသာရှိသောဟင်းပွဲကို ဖန်တီးနိုင်ခဲ့ခြင်းဖြစ်သည်။

"လဲ့ယီ နင်ကော ဒီဟင်းပွဲကို သဘောကျလား။ ဘယ်လိုသဘောရှိလဲ"

ဝံ့ကြွားသော အမူအယာဖြင့် ကျန်းချန်ရှီးက လှပသောမျက်နှာလေးတွင် စဉ်းလဲသောပုံစံကို ဖော်ပြသည်။

"ကျေးဇူးတင်ပါတယ် ချန်ရှီး။ ဒီဟင်းပွဲက တကယ့်ကို အရသာရှိတယ်။ ငါ့ရဲ့ ဘိုးဘေးတွေက ဒီလိုကျော်ကြားတဲ့ ဂုဏ်သတင်းနဲ့ ထိုက်တန်တယ်ဆိုတာ ငါယုံကြည်သွားပြီ"

လဲ့ယီရဲ့မျက်နှာက သိမ်မွေ့သောအပြုံးလေးကို ဖော်ပြသည်။

"ဟေး နင့်အဖေ့လည်း ဒီဆိုင်ကို ခေါ်ခဲ့ပါလား။ နင်အဖေ ဒီဟင်းပွဲရဲ့ အရသာကို မြည်းစမ်းကြည့်ပြီးသွားရင် သူကိုယ်တိုင် ချက်ပြုတ်နိုင်မှာပေါ့"

"ဒါဆိုရင် နင့်အိမ်ကို ငါ ခဏခဏလာပြီးတော့ နင့်တို့အိမ်က လက်ရာကို စားလို့ရပြီလေ"

ကျန်းချန်ရှီးက တိုးလျသောအသံဖြင့် ပြောလိုက်သော်လည်း ယွမ်ကျိုးက သူမပြောသော စကားကို ကြားလိုက်သည်။ သို့တိုင် သူက တုန့်ပြန်မှု မရှိခဲ့ပေ။

တစ်ဖက်မိန်းကလေး၏ ဖခင်က ထိပ်တန်းအရည်အချင်းရှိသည့်တိုင် ဟင်းပွဲကို အရသာရှိအောင် ချက်ပြုတ်နိုင်ရန် မလွယ်ကူချေ။

သူ့မှာ သာမန်ထက် ကျွမ်းကျင်သော ဟင်းချက်စွမ်းရည် ရှိသည့်တိုင် ထိပ်တန်းပါဝင်ပစ္စည်းများကို အသုံးပြုရန်လည်း လိုအပ်သည်။

ထို့ကြောင့် သူက ယွမ်ကျိုး၏ ဟင်းပွဲကို ပုံတူကူးနိုင်ရန် ခက်ခဲမည်။ ညနေခင်းဆိုင်ဖွင့်ချိန်က နောက်ဆုံးတော့ အဆုံးသတ်သွားခဲ့သည်။

ကျန်းချန်ရှီးတို့ သူငယ်ချင်းနှစ်ယောက် ဆိုင်ထဲမှ ထွက်သွားပြီးနောက် စနစ်က တုံ့ပြန်မှုပေါ်လာသည်။

စနစ်မှ ဖော်ပြသည်။

"ဆိုင်ရှင်အနေနဲ့ ဒီဆန်အခြေပြုဟင်းပွဲအမျိုးပေါင်း ၁၀၀ ကနေပြီးတော့ ဟင်းပွဲအသစ်ကို ထပ်ပေါင်းထည့်လိုက်တယ်"

"ဒါ့ကြောင့်မို့လို့ စနစ်က အရသာရှိတဲ့ ဟင်းပွဲအတွက် ဆုလာဘ်တစ်ခုကို ထုတ်ပြန်ပေးခဲ့ပါတယ်"

"ဘယ်လို စားကောင်းသောက်ဖွယ်မျိုးလဲ"

စနစ်ကဖော်ပြသည်။

"ဒီအစားအသောက်က နည်းလမ်း(၂)မျိုးနဲ့ စားလို့ရပါတယ်။ အရင်ဆုံး ဆိုင်ရှင်က အဆင့်မြှင့်တင်ဖို့ ကြိုးစားအားထုတ်ရမယ်။ ဒါမှသာ အစားစားတဲ့ နည်းလမ်းကို ၁၀၀ အထိ တိုးမြှင့်နိုင်မယ်"

"ဘယ်လို စားကောင်းသောက်ဖွယ်မျိုးလဲ။ ဘဲသားဟင်းများလား၊ ဘဲကင်လား ဒါမှမဟုတ်ရင် ငါးနဲ့ ပတ်သက်တဲ့ဟင်းတွေလား"

ယွမ်ကျိုးက နည်းလမ်းမျိုးစုံဖြင့် ခန့်မှန်းမှု ပြုလုပ်သည်။

"ဒါမှမဟုတ်ရင် ဧည့်ခံပွဲ မီနူးများလား"

စနစ်ကဖော်ပြသည်။

"ဆုလာဘ်ကို ထုတ်ပြန်ပြီးပြီဆိုတော့ လက်ခံလို့ ရပါပြီ"

စနစ်က ယွမ်ကျိုး၏ မေးခွန်းကို မဖြေကြားပဲ စာကြောင်းအချို့ကိုသာ ဖော်ပြသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက ခန့်မှန်းနေသေးသည်။

ယွမ်ကျိုးက ဆုလာဘ်ကို လက်ခံယူရန် ပြင်ဆင်သည်။

"အထူးဆုလာဘ်၊ အရသာရှိသော အစားအသောက်များ ချက်ပြုတ်သော နည်းလမ်း လက်ခံနိုင်ပါပြီ"

...

အပိုင်း(၁၅၈)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၅၉)

စိတ်လှုပ်ရှားသောခံစားချက်ဖြင့် ယွမ်ကျိုးက လက်ခံယူသောခလုတ်ကို ထိလိုက်သည်။ ထို့နောက် သူတွေးမိသွားသည့်အချက်က မစ်ရှင်ပြီးမြောက်စရာမလိုဘဲ ရရှိသော ဆုလာဘ်များသည် စနစ်၏ထောင်ချောက်များသာဖြစ်ပြီး မျှော်လင့်ချက်မထားသင့်ကြောင်း ခံစားမိသည်။

[အထူးဆုလာဘ်] : (ကြက်ဥပေါင်းကိတ် လက်ခံယူနိုင်ပါပြီ)

ကြက်ဥပေါင်းကိတ်ဖြစ်နေသည်မှာအံ့ဩစရာကောင်းသည်။

"စနစ် မင်းပြောခဲ့တုန်းကတော့ စားသောက်နည်း(၁၀၀)ထပ်တောင် ပိုတယ်လို့တောင် ပြောခဲ့တယ်မဟုတ်ဘူးလား။ ဘယ်လိုဖြစ်ရတာလဲ"

ဆုလာဘ်ကို လက်ခံယူပြီးနောက် ယွမ်ကျိုးက အင်တင်တင် အမူအရာဖြင့်‌ မေးမြန်းသည်။

စနစ်က ခပ်တန်းတန်း အမူအရာဖြင့် ပြန်ဖြေသည်။

(ဆိုင်ရှင်က ဆော့စ်ပြင်ဆင်တဲ့နည်းလမ်းအားလုံးကို ရရှိသွားရင် စားသောက်နည်းက ၂၂၂ခုဖြစ်သွားပါမယ်)

"အမ်"

ယွမ်ကျိုးက မည်သို့တုံ့ပြန်ရမလဲ မသိဖြစ်သွားသည်။

"သောက်ကျိုးနည်းပဲ"

ယွမ်ကျိုးက မကျေမနပ်ရေရွတ်ပြီး အပေါ်ထပ်သို့တက်သွားသည်။

ယွမ်ကျိုးက ထိုင်ခုံမှာ အချိန် အတော်ကြာအောင်ထိုင်ပြီး နောက်ဆုံးတွင်မူ သူ့စိတ်ပျော်ရွှင်အောင် ကွန်ပြူတာဖွင့်ရန် ဆုံးဖြတ်ခဲ့သည်။ ကွန်ပြူတာကို ဖွင့်လိုက်သောအခါ ယွမ်ကျိုးက ညနေခင်းပိုင်းမှာ သီချင်းနားထောင်ရတာကို အမှန်တကယ် သ‌ဘောမကျသောကြောင့် သူ့ရဲ့ဘလော့ဂ်မှာရှိတဲ့ စာတိုလေးတွေကိုဖတ်ရှုရန် ဆုံးဖြတ်လိုက်ပြီး ရုပ်ရှင်ကြည့်မည့်အတွေးကို စွန့်လွှတ်လိုက်သည်။

ထို့နောက် သူက ဘလော့ဂ်စာမျက်နှာကို ချက်ချင်းဖွင့်လိုက်သည်။ သူ့ရဲ့ သီးသန့်စာတိုဝင်စာတွင် ဝမ်မန်ပို့ထားသည့် စာတို(၁၀)ကြောင်းရှိသည်။

[သူဌေးယွမ် ရှင့်ကို ဆန်ပြုတ်ဆိုင်တစ်ဆိုင်ကို ညွှန်ချင်တယ်။ သူဌေးယွမ် အဲ့ဒီဆိုင်ကိုသွားပြီးတော့ အရသာမြည်းစမ်းဖို့‌‌ မျှော်လင့်ပါတယ်] ဝမ်မန်

[သူဌေးယွမ် ဘလော့ဂ်မသုံးဖြစ်ဘူးလား။ ကျွန်မညွှန်းထားတဲ့ဆန်ပြုတ်ဆိုင်က အရမ်းကိုအရသာကောင်းတယ်။ သွားစားကြည့်ဦးနော်]

စာဆယ်ကြောင်း ဆက်တိုက်က တူညီသောအကြောင်းအရာများကိုသာပြောထားသည်။

[ငါသိပြီ။ ငါသွားလိုက်မယ်] သူဌေးယွမ်

ယွမ်ကျိုးရဲ့အဖြေကရှင်းလင်းပြီး တိကျသည်။

ဝမ်မန်က ယွမ်ကျိုးအတွက် အတော်အတန် အထောက်အကူ ဖြစ်သည်။ ဝမ်မန်၏အကူအညီဖြင့်သာ မစ်ရှင်တော်တော်များများကို ပြီးမြောက်ခဲ့ခြင်းဖြစ်သည်။ အရသာရှိသော စားကောင်းသောက်ဖွယ်ကို သွားရောက်စားသုံးရန် လမ်းညွှန်ပေးခြင်းကို သူက

သဘောမတူစရာ အကြောင်းမရှိ‌ချေ။

[အိုး ဘုရားသခင် ... သူဌေးယွမ်က ငါ့ကို တကယ် စာပြန်တယ်လား။ ဒါဆိုရင် အဲ့ဒီဆိုင်က ဟင်းပွဲကိုသွားပြီး မြည်းစမ်းမဲ့သဘောပဲ။ ဒါပေမဲ့ အဲ့ဒီဆိုင်က ဟင်းပွဲတွေက အရသာရှိပေမဲ့ သူဌေးယွမ်ရဲ့လက်ရာကိုတော့ မမှီပါဘူး]

ဝမ်မန်က ချက်ချင်းစာပြန်သည်။

[အွန်း ဒါဆိုရင်တော့ ကျွန်တော် လိုင်းပေါ်ကနေ ဆင်းတော့မယ်] သူဌေးယွမ်

ဆန်ပြုတ်ဆိုင်သို့ သွားမည်ဆိုသည့် သဘောက နောက်တစ်ကြိမ် ဆိုင်ပိတ်မည့်သဘောဖြစ်သည်။ ယခုချိန်က အရမ်းနောက်ကျနေပြီ ဖြစ်သောကြောင့် မနက်ဖြန်မှအသိပေးစာကပ်ရန် ဆုံးဖြတ်လိုက်သည်။ ဆိုင်သို့ သွားမည့်လမ်းကို အတည်ပြုပြီး ရေမိုးချိုးသန့်စင်ပြီးနောက် ယွမ်ကျိုးကအိပ်စက်အနားယူရန် ပြင်ဆင်သည်။

အိမ်မက်ထဲမှာ စနစ်ကရုပ်ပိုင်းဆိုင်ရာအသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားပြီး အဝါရောင် ကြက်ကြီး(၁)ကောင် ဖြစ်သွားသည်။ယွမ်ကျိုးက သူရဲ့သာမန်ထပ်ထူးခြားသော ဓားစွမ်းရည်ကိုအသုံးပြုပြီး ကြက်ကြီး၏အမွှေးများကိုနှုတ်သည်။ ထို့နောက် တောင်ပံများကို ခုတ်ထစ်ပြီး အသားလွှာပြုလုပ်ပြီးမှ ယွမ်ကျိုး လန့်နိုးသွားသည်။

"ကလင် ကလင် ကလင် ကလင် "

သူ၏ခေတ်ဟောင်းစတိုင်အသံတီးလုံးက ရုတ်တရက်မြည်လာသည်။ ယွမ်ကျိုးကနာရီကို တစ်ချက် ကြည့်လိုက်သောအခါ မနက်၆နာရီဖြစ်၍ အိပ်ရာမှ ထရန် အချိန်ကျရောက်လာပြီ ဖြစ်သည်။

ကြက်ဥပေါင်းကိတ် ဆုလာဘ်ကို ယွမ်ကျိုးက လက်ခံရရှိထား၍ ဤမနက်ခင်းတွင် မနက်စာအဖြစ် ရောင်းချရန်

ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ဆောင်ရန် လိုအပ်သည်။ ဤဆုလာဘ်အတွက် ယွမ်ကျိုးက ရှင်းရှင်းလင်းလင်း ဖတ်ရှုထားသည်။ စနစ်ကလည်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ချက်ပြုတ်နည်းလမ်းကို လက်ခံယူပြီးနောက် ယွမ်ကျိုးက ချန်ထူအထူးသရေစာမုန့်ဖြစ်သည့် ကြက်ဥပေါင်းကိတ်ချက်ပြုတ်နည်းကို သိရှိသွားသည်။

ချင်မင်းဆက် သောင်ကွမ်းဧကရာဇ် စိုးစံသည့် ၂၃နှစ်ကြားကာလတွင် ပေါ်ပေါက်ခဲ့သောဟင်းလျာဖြစ်သည်။လိုအပ်သော ပါဝင်ပစ္စည်းများသည် အလွန်ရိုးရှင်းသည်။ ပထမဦးဆုံး ဂျုံမှုန့်နှင့်ကြက်ဥကို ဦးစွာလိုအပ်ပြီး အညိုရောင်သကြားနှင့် အဖြူရောင်သကြားကိုလည်းလိုအပ်သည်။ ကစော်ဖောက်ရန်အတွက် တဆေးကိုလည်းအသုံးပြုပေးရမည်။ ထိုမှသာ အရသာက ထူးခြားကောင်းမွန်ပေလိမ့်မည်။

ယွမ်ကျိုးက ကြက်ဥပေါင်းကိတ် ဟူသော စကားလုံးရေးထိုးထားသော အံဆွဲကိုဖွင့်ကြည့်လိုက်သောအခါ ကြက်ဥများ အစီအရီထည့်ထားခြင်းကို‌ တွေ့ရှိရသည်။

"ဒါက ဘယ်လိုကြက်ဥအမျိုးအစားလဲ။ ဒီကြက်ဥတွေက ပုံမှန်ကြက်ဥတွေထက် ပိုကြီးနေသလိုပဲ"

ယွမ်ကျိုးက ကြက်ဥ(၁)လုံးကို ယူလိုက်ပြီး အရွယ်အစားကို နှိုင်းယှဉ်ကြည့်သည်။

[အစိမ်းရောင်အခွံရှိသော ကြက်ဥက ဒီချန်းဒေသမှ စတင်ပေါက်ဖွားလာသည်။ အစိမ်းရောင်အခွံဟာ သဘာဝအလျောက် မြစိမ်းရောင်ရှိတယ်။ သေချာမွေးမြူပြီးတဲ့နောက်မှာ ဒီကြက်ဥက အနုဇီဝဒြပ်စင်လေးတွေ ပေါကြွယ်ဝတယ်။‌ အော်ဂဲနစ် ကယ်လစီယမ်ပါဝင်နှုန်းက ပုံမှန်ကြက်ဥထက် ၆ဆ ပိုပြီးတော့ မြင့်မားပြီးတော့

ကိုလက်စရော နည်းပါးတယ်။သာမန်ကြက်ဥရဲ့၁၀ပုံ၁ပုံခန့်သာ ရှိတယ်]

အစိမ်းရောင်အခွံရှိတဲ့ ကြက်ဥရဲ့အနှစ်ကလည်း ဈေးကွက်ထဲမှာ တွေ့နေကျ ကြက်ဥတွေထက် ၈%ခန့် ပိုကြီးမားတယ်။ နောက်ပြီးတော့ အစာချေဖျက်ရ လွယ်ကူပြီးတော့ စုပ်ယူရလည်း လွယ်ကူတယ်။

ကြက်ဥအနှစ်မှာ ဗီတာမင်Bတို့A,Eတို့ အမိုင်နိုအက်စစ်တွေက သာမန်ကြက်ဥထပ်၅ဆကနေ ၁၀ဆခန့်ပါဝင်တယ်။ဒါကြောင့်မို့ သူ့ကို ထိပ်တန်းအရည်အသွေးရှိတဲ့ ကြက်ဥလို့လဲ ယူဆနိုင်တယ်။

ဒီကြက်ဥကို စားသုံးခြင်းဖြင့် ကျောက်ကပ်တွေ ကောင်းမယ်။ သွေးလည်ပတ်မှုကောင်းမယ်။ ခန္ဓာကိုယ်အတွက် စွမ်းအင်တွေဖြစ်မယ်။ ဦးနှောက်ကိုလည်း ဖွံ့ဖြိုးစေမယ်။ ဒီကြက်မကိုကျွေးတဲ့အစာကလည်း သဘာဝအလျောက်ရရှိတဲ့ ပြောင်းဖူးစေ့တွေ၊‌ နောက်ပြီး‌တော့ ပဲပိစပ်ပင်စည်တွေ၊ လတ်ဆတ်တဲ့ အစိမ်းရောင်မြက်တွေကို ကျွေးတယ်။ ဒါမှလည်း ကြက်ဥမှာ ပါဝင်တဲ့ အာဟာရဓာတ်တွေကို တိုးပွားစေမယ်။

ပထမဦးဆုံးဥတဲ့ ကြက်ဥကနေပြီးတော့ ပေါက်ဖွားလာတဲ့ကြက်ကို သေချာမွေးမြူပြီးတော့မှ အဲဒီကြက်ဥက ရတဲ့ ပထမဦးဆုံးပေါက်ဖွားလာတဲ့ စနစ်တကျမွေးမြူခြင်းအားဖြင့် ဥလာတဲ့ ကြက်ဥတွေရဲ့မျိုးဆက်ကိုပဲ ဆက်လက်ပြီးတော့ မွေးမြူတယ်။ ဒီကြက်လေးတွေက အကောင်သေးပေမဲ့ အာဟာရဓာတ်ပါဝင်မှုက ၂ဆထက် ပိုမြင့်မားတယ်]

"စနစ် ခင်ဗျားပြောတဲ့ဟာတွေ ကျုပ် နားမလည်ဘူး။ သေချာရှင်းပြလို့ မရဘူးလား"

ယွမ်ကျိုးက နားလည်ရခက်နေသည်။ သူ မကြားဖူးသော အကြောင်းအရာများကို

ကြားနေရ၍ နားမလည်ခြင်းလည်း ဖြစ်သည်။

ထို့နောက် ယွမ်ကျိုးက အံဆွဲထဲမှ ကြက်ဥအလုံး၄၀နှင့် တခြားအံဆွဲထဲမှ ဂျုံမှုန့်များကို ထုတ်ယူလိုက်သည်။

ထိုစဉ် ယွမ်ကျိုးက ဂျုံမှုန့်၏ သမိုင်းကြောင်းကို ထပ်မံ

မမေးမြန်းတော့ချေ။

သူ့ကို စိတ်အနှောင့်အယှက်ဖြစ်သော အတွေးအခေါ်များသာ ပေးမည်ဖြစ်သောကြောင့် မမေးမြန်းတော့ခြင်း ဖြစ်သည်။ သူ့ဘဝက ဒီအပင်နှင့် စနစ်မှ ပံ့ပိုးထားသော အပင်နှင့် တိရစ္ဆာန်များထက်ပင် နိမ့်ကျသည်ဟု ခံစားရစေသည်။ နာကျင်နေသော ဝေဒနာကို ချွေးသိမ့်ရန်အတွက် သူ့ကိုယ်သူ အားပေးစကားပြောပြီး ယွမ်ကျိုးက သူ့ကို ဆုလာဘ်အနေဖြင့်

ပေးထားသော ကြက်ဥပေါင်းကိတ်၄ခုစားရန် ဆုံးဖြတ်ခဲ့သည်။

ယွမ်ကျိုးက maskကိုထုတ်လိုက်ပြီး သူ့မျက်နှာပေါ်တွင်ဝတ်ဆင်သည်။ ထို့နောက် အညိုရောင်သကြားကို ထုတ်လိုက်ပြီး သေးငယ်သောအမှုန်ကလေးများဖြစ်အောင် ကြိတ်ချေလိုက်သည်။ ကြိတ်ချေထားသော အညိုရောင်သကြားနှင့် အဖြူသကြားတစ်ချို့ကို ရောယှက်ပြီးနောက် ယွမ်ကျိုးက သကြားများပျော်ဝင်အောင် သကြားထဲ ပွက်ပွက်ဆူနေသောရေများ လောင်းထည့်လိုက်သည်။ ထို့နောက် ဂျုံမှုန့်ကိုထုတ်ယူပြီး ဇကာစစ်ကာ စစ်ထားသောဂျုံမှုန့်များကို အပိုင်း၂ပိုင်းခွဲသည်။

ပထမတစ်ပိုင်းထဲကို တဆေးထည့်ပြီး တခြားတစ်ပုံကို ဘာမှ မထည့်ထားဘူး။ ထို့နောက် လက်တစ်ဖက်ချင်းစီက ကြက်ဥကို ကောက်ယူလိုက်ပြီး ကြက်ဥကို ခွဲလိုက်သည်။ခွဲလိုက်တဲ့ ကြက်ဥရဲ့အရည်တွေက မတူညီသော ခွက်၂လုံးထဲဆီသို့ သီးခြားစီကျဆင်းသွားသည်။

လျှင်မြန်သောနှုန်းဖြင့် ကြက်ဥကို ခွဲလိုက်သောကြောင့် ကြက်ဥအလုံး၂၀ကိုပြီးမြောက်အောင် ခွဲလိုက်သည်။

ထို့နောက် သူ့လက်နှစ်ဖက်ကိုအသုံးပြုပြီး ကျန်ရှိသောကြက်ဥများကို ဆက်တိုက်ဆက်ခွဲသည်။ ကြက်ဥအရည်နှင့် သကြားရည်ရောထားသော ချိုမြတဲ့အရည်တွေကို မတူညီသော ဂျုံမှုန်၂ခုထည့်ထားသော ခွက်၂ခွက်ထဲ လောင်းချလိုက်သည်။ ဝါးတူကိုအသုံးပြုပြီးတော့ ကြက်ဥတွေကို သမအောင် လက်နှစ်ဖက်နှင့်မွှေသည်။ ညာဘက်လက်က ဘယ်ဘက်လက်ထက် ပိုပြီးတော့ လှုပ်ရှားမှုက လျင်မြန်သည်။

ညာဘက်လက်မှာ ကိုင်ထားတဲ့ ခွက်ရဲ့အရောအနှောက တဆေးထည့်ထားတဲ့ အတွက်ကြောင့် ပူဖောင်းလေးတွေ ထလာသည်။ ဘယ်ဘက်လက်မှာ ကိုင်ထားတဲ့ခွက်က သေချာရောမွှေထားပြီးတော့ အဆင်ပြေတဲ့အနေအထားရောက်တဲ့အခါမှာ အဲ့ဒီအရည်ကို ဇကာနှင့်ထပ်စစ်လိုက်သည်။ စစ်ထားသည့် ဂျုံမှုန့်အရောအရည်ကနေ ပြီးတော့ ပူဖောင်းလေးတွေ ထနေသည်။ ဂျုံမှုန့်ရောထားသည့်အရည်ကို ဂျုံမှုန့်မထတဲ့အထိ ဒီအတိုင်းထားမယ်။

ထို့နောက် နာရီဝက်ခန့်ကြာအောင် အထူးကစော်ဖောက်ရန် ခွက်ထဲကိုပြောင်းထည့်လိုက်သည်။ သို့သော်ငြားလည်း တဆေးမထည့်ထားတဲ့ ကစော်ဖောက်ခြင်းကင်းသော ဂျုံမှုန့်ကို ချက်ချင်း အသုံးပြုနိိုင်ပါပြီ။ ကြက်ဥအနှစ် နဲ့ ဂျုံမှုန့်အရောအနှောအချိုးက ၁:၂ ဖြစ်သည်။

ဒီပါဝင်ပစ္စည်း အရောအနှောကို သုံးပြီးတော့ ကြက်ဥပေါင်မုန့်ကိတ် အလုံး(၁၀၀)ကို ပြုလုပ်နိုင်သည်။ ထို့နောက် ယွမ်ကျိုးက အံဆွဲအောက် တစ်နေရာကို စမ်းတဝါးဝါးဖြင့် ရှာဖွေကြည့်သည်။ ကြက်ဥပေါင်မုန့်ကိတ်ပြုလုပ်ရန်အတွက် အသုံးပြုသော အထူးကိရိယာတစ်စုံကို ရှာတွေ့သွားသည်။ ကြက်ဥပေါင်းကိတ် ချက်ပြုတ်ရန်အတွက် အသုံးပြုသောပစ္စည်းသည် ပုံမှန်အားဖြင့် ကြက်ဥပေါင်းကိတ်၁လုံး ပြုလုပ်ရန်အတွက် အိုး၁အိုးသာပါရှိသည့် ကိရိယာဖြစ်သည်။

ယခုစနစ်မှ ထောက်ပံ့ထားသောပစ္စည်းသည် ကိတ်၂ခုကို တစ်ပြိုင်နက်တည်း အသုံးပြုနိုင်သည့် အိုး၂အိုးပါ‌သောကိရိယာ ဖြစ်သည်။ ၎င်းကိရိယာကို ရွှေအစစ်ကဲ့သို့ ရွှေရောင်လင်းလက်တောက်ပနေသော ကြေးဝါဖြင့် ပြုလုပ်ထားသည်။ တကယ်တမ်း ဤအခြင်းအရာကို ရွှေဟုခေါ်လျှင် ချဲ့ကားပြောဆိုခြင်း မဟုတ်ချေ။ လွန်ခဲ့သောနှစ်၂၀၀၀ကျော်ခန့် ချင်မင်းဆက်အစောပိုင်းကာလတွင် ရွှေဟု နာမည်တွင်ခဲ့သောပစ္စည်းသည် တကယ်တမ်း ကြေးဝါဖြစ်သည်။

ကြက်ဥပေါင်းကိတ်သည် အထဲတွင် အသားသွပ်ထည့်ထားသည့်ဂျုံဖြင့် ပြုလုပ်ထားသော လခြမ်းပုံစံ ကြက်ဥပန်ကိတ်သာ ဖြစ်သည်။ ထို့ကြောင့် ယွမ်ကျိုးက သူ့ကို စနစ်က ထပ်မံ၍ မကောင်းကြံစည်သည်ဟု ခံစားမိသည်။

အပိုင်း(၁၅၉)

All Chapters