← Chapters

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

အခန်း (၁၆၀-၁၆၂)

Vol. 11 Ch. 160-162

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၆၀)

အသုံးပြုမည့်ကိရိယာကို အလျင်အမြန် ပိုးသတ်

ပြီး ရေသုတ်ကာ ယွမ်ကျိုးက သူ့မနက်စာအတွက် ကြက်ဥပေါင်းကိတ်ကို ချက်ပြုတ်ရန် စတင်သည်။ သူက ဦးစွာ ပထမဦးဆုံး သန့်စင်ထားသောပြောင်းဖူးဆီကို ကြေးဝါအိုးမျက်နှာပြင်ပေါ် လောင်းချလိုက်ပြီး ဆီပူမယ့်အချိန်ကို စောင့်ဆိုင်းနေသည်။ ထို့နောက် ကြေးဝါအိုးထဲသို့ ပြောင်းကော် ၁ဇွန်း လောင်းထည့်လိုက်ပြီး အိုးသမအောင်မွှေလိုက်သည်။

တခြားတစ်ဖက်တွင်မူလည်း တူညီသောကြေးဝါအိုးထဲသို့ ပမာဏတူညီသည့် ဂျုံကော်များ လောင်းထည့်ကာ အဖုံးအုပ်ပြီး ခဏစောင့်ဆိုင်းနေသည်။ အချိန်ကိုအကြမ်းဖျင်းရေတွက်ပြီးနောက် ဂျုံကော်ခဲမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက် ယွမ်ကျိုးက အဖုံးကိုဖယ်ရှားလိုက်ပြီး အိုးထဲသို့ အမဲသားနုပ်နုပ်စဉ်း ၁ဇွန်း ဖြူးလိုက်ပြီး တစ်ခြားအိုးထဲသို့ ဘလူးဘယ်ရီယိုထည့်လိုက်သည်။ထို့နောက် အဖုံးဖြင့် ထပ်အုပ်လိုက်ပြီး ကိတ်မုန့်ဖုတ်ရန်အတွက် နောက်ထပ် ၃၀စက္ကန့် စောင့်ဆိုင်းလိုက်သည်။

ထို့နောက် ယွမ်ကျိုးက အိုးထဲမှာရှိသော ကြက်ဥပေါင်းကိတ်ကို ခေါက်ရန်အတွက်သေးငယ်သော ညှပ်တစ်စုံကိုအသုံးပြုခဲ့သည်။ ယွမ်ကျိုးပြုလုပ်သော ကြက်ဥပေါင်းကိတ်သည် ချိုမြပြီး မွှေးကြိုင်သော ကြက်ဥရနံ့ ထွက်ပေါ်လာသည်။

၎င်း၏ရနံ့သည် တံခါးကိုဖြတ်ကျော်လာပြီး အပြင်ဘက်ရှိ ဖြတ်သွားဖြတ်လာများ၏ စိတ်အာရုံကို ဖမ်းစားစေသည်။

"သူဌေးယွမ် ဘာတွေလုပ်နေတာလဲ။ အရမ်းမွှေးလိုက်တာ"

ဤဆိုင်သို့ အစားအသောက်လာစားလေ့ရှိသော ဖောက်သည်များက မွှေးရနံ့ကြောင့် တအံ့တဩ ပြောဆိုကြသည်။

"အမှန်ပဲ။ ဗိုက်ထဲက တဂွီဂွီမြည်လာပြီ"

တစ်ခြားသူတစ်ယောက်က သူ၏ဝမ်းဗိုက်ကို လက်ဖြင့်ကွယ်ပြီး မယုံကြည်နိုင်သော အမူအရာဖြင့် စကားပြောသည်။

"ငါတို့ အရင်စားနေကြ အစားအသောက်ရဲ့ အနံ့တော့မဟုတ်ဘူး။ ဟင်းပွဲအသစ်ဖြစ်ရမယ်"

ဖောက်သည်တစ်ယောက်က မျှော်လင့်တကြီး အမူအရာကို ဖော်ပြသည်။

"ဖြစ်နိုင်တယ်။ အဲ့ဒီသူဌေးယွမ်က မနက်စောစောစီးစီး ဆိုင်မဖွင့်ဘဲနဲ့ သူ့အတွက်သူ အရသာရှိတဲ့ အစားအသောက်တွေ ချက်နေတာပဲ"

ဝူဟိုင်းက အောက်ထပ်သို့ လျင်မြန်သောခြေလှမ်းများဖြင့် ဆင်းလာသည်။

"အခုက ဆိုင်ဖွင့်ဖို့ စောသေးတယ်။ ရှောင်ယွမ်တောင်

မရောက်သေးဘူးလေ"

ဖောက်သည်က တန်းစီစောင့်ရသော အတွေ့အကြုံကြွယ်ဝကြောင်း သိသာထင်ရှားသည်။

"ဒါပေါ့ သရေတောင်ကျတော့မယ်"

ဖောက်သည်တစ်ယောက်က သရေမကျအောင် စိတ်ထိန်းရင်း ပြန်ပြောသည်။

"တကယ့်ကို ‌မွှေးကြိုင်နေတာပဲ။ ကြက်ဥအနံ့ထင်တယ် "

တစ်စုံတစ်ယောက်က မွှေးရနံ့ကို သေချာရှူရှိုက်ပြီးပြန်ပြောသည်။

"အွန်း ဂျုံလဲပါမယ်ထင်တယ်။ ဒီလောက်မွှေးပြီးတော့ ချိုမြနေတာ။ ဂျုံနဲ့လုပ်ထားတဲ့မုန့်အသစ်ဖြစ်ရမယ်"

ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်တစ်ယောက်က အစားအသောက်နှင့်ပတ်သက်ပြီး အတော်အတန် အတွေ့အကြုံရှိပုံရသည်။

"ငါ တံခါးသွားခေါက်တော့မယ်။ ငါနဲ့အတူတူ ဘယ်သူလိုက်ခဲ့ချင်လဲ"

ဝူဟိုင်းက ဒေါသတကြီး တံခါးနား လမ်း‌လျှောက်သွားပြီး ပြန်ပြောသည်။

"ဘယ်လိုဖြစ်ရတာလဲ ဦးလေးဝူဟိုင်း"

ထိုစဉ် မုရှောင်ယွမ်က အနားရောက်လာပြီး မျက်လုံးပြူး၊မျက်ဆံပြူးဖြင့် မေးမြန်းသည်။

"ဟမ် ဘာမှမဟုတ်ပါဘူး"

ဝူဟိုင်းရဲ့တက်ကြွနေတဲ့စိတ်ကလေး ညိုးနွမ်းသွားရသည်။ ကောင်မလေးရှေ့မှာဆိုရင် သူက ပို၍ စိတ်ကို ထိန်းချုပ်ရမည်။

ထို့နောက် အပြင်ဘက်မှစောင့်ဆိုင်းနေသော ဖောက်သည်များက ယွမ်ကျိုးဆိုင်ဖွင့်မည့်အချိန်ကို စောင့်ဆိုင်းနေကြသည်။ ထိုစဉ် ယွမ်ကျိုးက သူ့ကိုကမ်းလှမ်းသော ဆုလာဘ်ကို အရသာခံခြင်းဖြင့် ပျော်မွေ့နေသည်။ အစပ်အရသာအမဲသားနုပ်နုပ်စဥ်း နှင့် ရောထားသောကြက်ဥပေါင်မုန့်ကိတ် နှင့် ဘလူးဘယ်ရီယိုထည့်ထားသော ကြက်ဥပေါင်မုန့်ကိတ်၂လုံးစလုံးကို ယွမ်ကျိုးက မြည်းစမ်းနေသည်။

အနံ့ခံအာရုံ စူးရှသောကြောင့် ယွမ်ကျိုးသည် အစားအသောက်၏မွှေးရနံ့ကို နှစ်ခြိုက်နေပြီး

အမဲသားနုပ်နုပ်စဥ်းထည့်ထားသော ကြက်ဥပေါင်းကိတ်ကို အရင်ဆုံးယူလိုက်ပြီး ချက်ချင်း တစ်ကိုက်စားကြည့်သည်။ ကိတ်သားကို ဂရုတစိုက်ဝါးနေစဉ် ကိတ်သား၏ရနံ့နှင့် ချိုမြသောအရသာကို အရင်ဆုံးမြည်းစမ်းကြည့်ပြီးမှ အမဲသားနုပ်နုပ်စဥ်း၏ ပူစပ်စပ်အရသာကို မြည်းစမ်းကြည့်သည်။ ကိတ်မုန့်၏ဂျုံကော်တွင် တဆေးမ‌သုံးထားသော‌ကြောင့် မာကြော၍ ကြွပ်ဆပ်ဆပ် ခံစားချက်ကိုပေးစွမ်းသည်။

ချိုမြသော ကြက်ဥပေါင်းကိတ်တွင် အစပ်အရသာကိုရောထည့်ထား၍ ထူးဆန်းသောခံစားချက်ကို ဖြစ်ပေါ်စေသည်။

ယွမ်ကျိုး ပြုလုပ်ထားသော ကြက်ဥပေါင်းကိတ်သည် တစ်ခြားဆိုင်တွင် ရောင်းချသော ကြက်ဥပေါင်းကိတ်ထက် ပို၍ကြီးမားသည်။ သို့သော်လည်း ၃ကိုက်စားလောက်ရုံမျှသာရှိသည်။

"တကယ့်ကို လိုက်ဖက်တဲ့တွဲဖက်မှုပဲ"

ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချပြီး သူ့ကိုယ်သူ ကြားရုံမျှ ရေရွတ်သည်။

ဘလူးဘယ်ရီယိုထည့်ထားသော ကြက်ဥပေါင်းကိတ်ကိုလည်း သိပ်မကြာခင်မှာ အရသာမြည်းစမ်းကြည့်မည်။ တဆေးဖြင့် ကောင်းမွန်စွာ ကစော်ဖောက်ထားသော ဂျုံကော်ကြောင့် နူးညံ့သော ခံစားချက်ကို ပေးစွမ်းသည်။ယွမ်ကျိုးက ကြက်ဥပေါင်းကိတ်၂ခုလုံးကို မြည်းစမ်းကြည့်ပြီး ရေ၁ခွက်သောက်ကာ စိတ်ကျေနပ်မှ တံခါးဖွင့်သည်။

"မင်္ဂလာမနက်ခင်းပါ သူဌေး။ မွှေးနေတာပဲနော်"

မုရှောင်ယွမ်က အရင်ဆုံးစားသောက်ဆိုင်ထဲ လမ်းလျှောက်ဝင်လာသည်။

ကျန်ရှိနေသေးသည့် မွှေးရနံ့ကို ရှူရှိုက်ရင်း သူမက စပ်စပ်စုစု မေးမြန်းသည်။

"ဟုတ်တယ် အမှန်ပဲ။ ဟင်းပွဲအသစ်ထွင်ထားတာလား။ ငါ့ကို တစ်ပွဲပေး။ မြန်မြန်လုပ်ပေးပါ"

ဝူဟိုင်းက ခြေလှမ်းခပ်ကျဲကျဲလှမ်းပြီး မုရှောင်ယွမ်နဲ့အပြိုင် ဆိုင်ထဲသို့ဝင်ရောက်လာသည်။

"ဟင်းပွဲအသစ်က ဒီကနေ့ပဲ ရောင်းချတာပါ။ တစ်ယောက်ကို တစ်ပွဲပဲ မှာလို့ရပါတယ်"

ဝူဟိုင်းကို တစ်ချက်ကြည့်ပြီး ယွမ်ကျိုးက ပုံမှန်အတိုင်းပြန်ပြောသည်။

"ဒါဆို ဟင်းပွဲအသစ်ပေါ့။ ဘာဟင်းပွဲလဲဆိုတာ ကြည့်ဦးမှပဲ"

ဖောက်သည်များက ခေါင်းကိုလှည့်လိုက်ပြီး နံရံပေါ်တွင် ရေးထိုးထားသော မီနူးကို ကြည့်လိုက်သည်။ ကြက်ဥပေါင်းကိတ်(၁)ပွဲက ၁၆၈.၈ယွမ် ဖြစ်သည်။

"သူဌေးယွမ် ၁၆၈ယွမ်ဆိုရင် နားလည်ပေးလို့ ရသေးတယ်။ ဘာလို့ ၀.၈ယွမ် ပါနေရတာလဲ"

ဖောက်သည်တစ်ယောက်က နားလည်ရခက်သော အမူအရာဖြင့် မေးမြန်းသည်။

"စာရွက်ခ ယူတာပါ။ ဒီမုန့်ကိုထုပ်ပိုးထားတဲ့ စက္ကူခယူတာပါ"

ယွမ်ကျိုး၏အဖြေက ရှင်းလင်းပြီး တိကျသည်။

မည်သို့ပင်ဆိုစေကာမူ သူကိုယ်တိုင်ကလည်း ၀.၈ယွမ်ကုန်ကျစရိတ်ကို ပေးခဲ့ရသေးသည်။

"စနစ် ၁၆၈.၈ယွမ်ပဲ ယူရမှာမဟုတ်ဘူးလား။ ဘာလို့ ၂ယွမ်ယူရတာလဲ"

သူ့မြင်ကွင်းထဲ ပေါ်နေသောကျသင့်ငွေကို ကြည့်ပြီး ယွမ်ကျိုးအနည်းငယ် ဒွိဟဖြစ်သွားသည်။

စနစ်ကဖော်ပြသည်။

[ဆိုင်ရှင်၊ ခင်ဗျားက ဒီကြက်ဥပေါင်းကိတ်ကို ထုပ်ပိုးဖို့အတွက် စက္ကူ၄ရွက်ကို သုံးခဲ့တယ်။ စက္ကူရဲ့ကုန်ကျစရိတ်က ၁ရွက်ကို ၀.၈ယွမ်။ ဒါကြောင့်မို့လို့ ၃.၂ယွမ် ကုန်ကျသွားတာပါ]

စနစ်က တူညီသော အဖြေကိုတုံ့ပြန်သည်။

"စနစ် မင်းကအရင်အတိုင်းပဲ ပြောင်းလဲမှုမရှိဘူး။ ဟားဟားဟားဟား"

ယွမ်ကျိုး ကူကယ်ရာမဲ့ဖြစ်သွားသည်။ ထို့နောက် သူက ၅ယွမ် ငွေစက္ကူကို ထုတ်လိုက်ပြီး အံဆွဲထဲ ထည့်လိုက်သည်။ ခဏကြာပြီးနောက် စနစ်က ပြန်အမ်းငွေ ၁.၈ယွမ်ကို အတိအကျပြန်ပေးသည်။ ထို့ကြောင့် ယွမ်ကျိုးက နှုတ်ဆိတ်ကာ အေးအေးဆေးဆေး မတ်တပ်ရပ်နေသည်။

"ဒါကဘာသဘောလဲ"

ဝူဟိုင်းက ယွမ်ကျိုး၏လက်ဘေးနားက ထောင့်မှန်စတုဂံပုံ အဝါရောင်စက္ကူစာရွက်ကို ညွှန်ပြရင်း မေးမြန်းသည်။

"ဒီစာရွက်ခလေ"

ယွမ်ကျိုးက ခေါင်းညိတ်သည်။

"ကြက်ဥပေါင်းကိတ်က ဘယ်လိုမုန့်မျိုးလဲ"

ဝူဟိုင်းက မပြောပလောက်သောငွေပမာဏကို အမှန်တကယ်ဂရုမစိုက်ချေ။ ဟင်းပွဲအသစ်အကြာင်းသိရှိပြီးနောက် သူက အရသာမြည်းစမ်းရန်ကိုသာ အာရုံစိုက်နေသည်။

"ချန်ထူအထူးသရေစာပါ။ အခုတော့ အရသာ၂မျိုးပဲ ရပါသေးတယ်"

ယွမ်ကျိုးက ကြက်ဥပေါင်းကိတ်နှင့် ပတ်သက်သည်ကို အကျဉ်းချုပ်ရှင်းပြသည်။

"ဘာမှဆက်ပြောမနေပါနဲ့တော့။ မင်းပြောလဲ ဘာမှမထူးဘူး"

ဝူဟိုင်းက ယွမ်ကျိုးနှင့်စကားပြောတိုင်း ဘာသာပြန်သူတစ်ယောက် လိုအပ်သည်ဟု ခံစားမိသည်။

"အရသာ၂မျိုးပဲရှိသေးတယ်ဆိုတော့ ၂မျိုးလုံးစားချင်တယ်" ဝူဟိုင်းက ချမ်းသာကြွယ်ဝသကဲ့သို့ ပြုမူသည်။

"အရသာ၂မျိုးပဲရှိသေးတယ်။ ကိတ်သားမာတာနဲ့ပျော့တာ၂မျိုးရှိတယ်။ ဘယ်တစ်ခုကို ပိုသဘောကျလဲ။ ဘယ်တစ်ခုကို ပိုစားချင်လဲ"

ယွမ်ကျိုးက မတူညီသောဂျုံကော်၂မျိုးကို ပြင်ဆင်ထား၍ ဤမေးခွန်းကိုမေးရန် လိုအပ်သည်။

"ဒီလိုမျိုး ကွဲပြားခြားနားမှုတွေရှိတာလား။ ဒါဆိုရင် ၁ပွဲချင်းစီပေးပါ"

ဝူဟိုင်းက အရသာ၂မျိုးလုံးကိုမြည်းစမ်းရန် ဆုံးဖြတ်လိုက်သည်။

"ခဏလေးစောင့်ပေးပါ"

ယွမ်ကျိုးက

အမဲသားနုပ်နုပ်စဥ်း နှင့် ဘလူးဘယ်ရီယိုကို ယူလိုက်ပြီး ကြက်ဥပေါင်မုန့်ကိတ်၂ခု ပြုလုပ်ရန် ပြင်ဆင်သည်။ ကြေးဝါအိုးကို အပူပေးထားသောကြောင့် အပူပေးချိန်တိုတောင်းသည်။ ကိတ်မုန့်ဖုတ်ရန် သိပ်မကြာပေ။ ၁မိနစ်အတွင်း ကြက်ဥပေါင်းကိတ်၂ခု အဆင်သင့်ဖြစ်သွားသည်။ အဝါရောင်စက္ကူဖြင့် ထုပ်ပိုးကာ ဗန်းပေါ် တင်လိုက်သည်။ ထို့နောက် ဝူဟိုင်းဆီသို့ သယ်ဆောင်သွားသည်။

"သုံးဆောင်လို့ရပါပြီ"

ယွမ်ကျိုးက သူ့မျက်နှာတွင်တပ်ထားသောmaskကို ချွတ်လိုက်ပြီး စကားပြန်ပြောသည်။

"ဒါတွေက သရေစာတွေရော ဟုတ်ရဲ့လား သူဌေးယွမ်။ ခင်ဗျားက အခုဆိုရင် သရေစာတွေပါ ရောင်းနေပြီလား။ အရသာရှိမယ့်ပုံပဲ။ အခုပဲ အရသာမြည်းစမ်းချင်လာပြီ"

တန်းစီစောင့်နေသော ကောင်မလေးသည် ဝူဟိုင်း၏ပန်းကန်ပြားကို‌ ငေးစိုက်ကြည့်သည်။

"သူဌေးယွမ် ချက်ပြုတ်တဲ့ဟင်းပွဲတွေအားလုံးက အရသာရှိတယ်။ ပြင်ဆင်ထားတဲ့ပုံစံကို ကြည့်ရုံနဲ့ သရေ‌ယိုမိတယ်"

ဝူဟိုင်းက လင်းလက်တောက်ပနေသော ပန်းကန်ပြား(၂)ချပ်ကို ငေးကြည့်ပြီး တအံ့တဩပြောသည်။

ပန်းကန်ပြား(၁)ချပ်ချင်းစီပေါ်တွင် လခြမ်းပုံသဏ္ဍန်ကြက်ဥပေါင်းကိတ်ကို တည်ခင်းထားသည်။ အပြင်ဘက်အလွှာက ရွှေဝါရောင်သန်းပြီး အစွန်းဘက်က အညိုရောင်သန်းပြီး ကြွပ်ဆတ်သည်။ ကြက်ဥပေါင်းကိတ်၁ခုတွင် အနီရောင်အမဲသားနုပ်နုပ်စဥ်းကို ထည့်ထားပြီး တစ်ခြားတစ်ခုတွင် ခရမ်းရောင်ဘလူးဘယ်ရီယိုကို ထည့်ထားသည်။

"ဘလူးဘယ်ရီယို နဲ့ အမဲသားနုပ်နုပ်စဥ်းပဲ"

ဝူဟိုင်းက အစာသွပ်ထည့်ထားသော၂ခုကို ညွှန်ပြသည်။

ယွမ်ကျိုးက ခေါင်းညိတ်ပြီး အတည်ပြုသည်။

ဝူဟိုင်းက ပူစပ်စပ်အစားအသောက်များကို စိတ်ဝင်စား၍ ယွမ်ကျိုးက ပူစပ်စပ်အမဲသားနုပ်နုပ်စဥ်းဖြင့် ကြက်ဥပေါင်းကိတ်ကို ထွင်ထား၍ သူသဘောကျမိသည်။ ထို့ပြင် ယွမ်ကျိုးတီထွင်ထားသော ဘလူးဘယ်ရီကြက်ဥပေါင်းကိတ်ကိုလည်း သူသဘောကျမိသည်။ ပန်းချီဆရာတစ်ယောက်အနေဖြင့် ဝူဟိုင်းက ချိုသောအစားအသောက်များကို အမှန်တကယ်မနှစ်သက်သော်လည်း အရမ်းမကြိုက်သည့်အဆင့်မဟုတ်‌ချေ။ သို့သော်လည်း ဘလူးဘယ်ရီယိုနှင့် ပြုလုပ်ထားသော ကြက်ဥပေါင်းကိတ်သည် အရသာရှိမည့်ပုံစံပေါ်၍ ဝူဟိုင်း၏ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။ ကြက်ဥပေါင်းကိတ်၁ခုက ပူစပ်စပ်အရသာဖြစ်ပြီး တစ်ခြားတစ်ခုက ချိုမြသော အရသာရှိသည်။ ဤအရသာ၂ခုက အကောင်းဆုံးတွဲစပ်မှုဖြစ်သည်။ သရေစာမုန့်ဖြစ်သည့်တိုင် သာမန်ထက် ပို၍အရသာရှိနိုင်သည်ဟု ခံစားမိသည်။ တစ်ခြားတစ်ဖက်တွင်မူ မုရှောင်ယွမ်က တန်းစီစောင့်နေသော ဖောက်သည်များ၏ အော်ဒါကို လက်ခံယူပြီး ယွမ်ကျိုးကိုအကြောင်းကြားပေးရသည်။

အပိုင်း(၁၆၀)

ပြီးပါပြီ။

၁၆၁ မှ ၁၆၅

ယွမ်ကျိုး အပိုင်း(၁၆၁)

"ငါ ဗိုက်မဝသေးဘူး"

ဝူဟိုင်းက သူ့ရဲ့အတွေးကိုထုတ်ပြောသည်။ ထို့နောက် အကြံ ရုတ်တရက်ပေါ်လာသည်။ စားသောက်ဆိုင်မှ ချက်ချင်း လှည့်ထွက်သွားပြီး သူ့အခန်းသို့ ပြန်သွားပြီး ရေ၁ပုလင်းသွားယူကာ အောက်ထပ်သို့ ပြန်ဆင်းလာသည်။ သို့သော်လည်း ဤတစ်ကြိမ်တွင် သူက ကိတ်မုန့်စားရန်အတွက် တန်းစီစောင့်ရန် မလိုအပ်တော့ချေ။ သူကိုယ်တိုင်ဝယ်ယူရန်အတွက် ဆိုင်သို့ ပြန်လာခြင်းမဟုတ်ချေ။ သူက ဆိုင်၏စည်းမျဉ်းများကို ကောင်းစွာနားလည်သူဖြစ်သည်။

"အကိုရေ ဒီဆိုင်မှာ ခင်ဗျားကိုခဏခဏတွေ့ဖူးတယ်နော်။ ကျုပ်ကိုသိလား" ဝူဟိုင်းက တစ်စုံတစ်ယောက်ရဲ့ ပုခုံးကိုပုတ်လိုက်ပြီး မေးမြန်းသည်။

"သိတာပေါ့။ ခင်ဗျားလဲ ဒီဆိုင်ကို နေ့တိုင်းလာတယ်လေ။ ဟုတ်တယ်မလား"

၎င်းအမျိုးသားသည် ယဉ်ကျေးသိမ်မွေ့သော အမူအရာရှိသော်လည်း ပွင့်ပွင့်လင်းလင်း ပြောဆိုတတ်သူဖြစ်သည်။

"ဒါဆိုရင် ကြက်ဥပေါင်းကိတ်ဘယ်နှခုဝယ်ဖို့ စဉ်းစားထားလဲ" ဝူဟိုင်းက အဓိကအချက်ကို ချက်ချင်း မေးမြန်းလိုက်သည်။

"အရသာ၁မျိုးပဲဝယ်စားမှာလေ" ထိုလူက မျက်ခုံးပင့်လိုက်ပြီး ပွင့်ပွင့်လင်းလင်းပြန်ဖြေသည်။

"ကောင်းပြီ။ ဒါဆိုရင် ခင်ဗျားကိတ်မုန့်၂ခုဝယ်ပေး။ ၁ခုအတွက် ကုန်ကျစရိတ်ကို ကျနော်ပေးမယ်။ ချိုတာပဲဖြစ်ဖြစ် ပူစပ်စပ်အရသာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ အဆင်ပြေလား"

ဝူဟိုင်းက လေးနက်သောအမူအရာဖြင့် စကားပြောသည်။

"မရဘူး။ မဝယ်ပေးနိုင်ဘူး"

၎င်းအမျိုးသားသည် ချက်ချင်း ငြင်းပယ်သည်။

"မစိုးရိမ်ပါနဲ့။ သူဌေးယွမ်ကပြဿနာမရှာလောက်ပါဘူး။ သူ့ရဲ့စည်းမျဉ်းတွေကို ငါလေ့လာထားပြီးသားပါ။ ငါသာ ကုန်အောင်စားရင်ပြဿနာမရှိဘူး"

ဝူဟိုင်းက စည်းမျဉ်းစည်းကမ်းအကြောင်းကို သေချာသိသည့်အမူအရာဖြင့်‌ ပြန်ပြောသည်။

"နာမည်ပျက်စာရင်းထဲထည့်လိုက်ရင် ဘယ်လိုလုပ်မလဲ" ၎င်းလူသည် စည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်၍ အလေးထားသူဖြစ်ကြောင်း သိသာထင်ရှားသည်။ သူကဤဆိုင်မှာ နေ့တိုင်းဝယ်မစားနိုင်သော်လည်း သူ့ကိုယ်သူ ဂုဏ်ပြုတိုင်း ဤဆိုင်သို့လာစားလေ့ရှိသည်။

"ဒီလိုမဖြစ်စေရဘူးလို့ အာမခံတယ်"

ဝူဟိုင်းက ၎င်းလူကို ဖျောင်းဖျရန် ကြိုးစားအားထုတ်သည်။

ထိုလူရဲ့အလှည့်ကျရောက်လာသောအခါ ဝူဟိုင်း၏ဆန္ဒပြည့်စုံသွားပြီး အချိုများသောကြက်ဥပေါင်းကိတ်၁ခုကို စားခွင့်ရသည်။သို့သော်ငြားလည်း ယွမ်ကျိုးက ပိတ်ပင်ခြင်းမရှိခဲ့ပေ။ ဝူဟိုင်းပြောသည့်အတိုင်း ယွမ်ကျိုးကလည်း စနစ်၏ဟာကွက်များကို သိသောကြောင့် နှုတ်ဆိတ်နေခြင်းဖြစ်သည်။

ဝူဟိုင်းက ကိတ်မုန့်ကို ကုန်အောင်စားပြီးသည့်တိုင် စနစ်မှ တုံ့ပြန်မှု မရှိခဲ့ချေ။ ထိုစဉ် ယွမ်ကျိုးက နှုတ်ကိုဖွင့်ဟလိုက်ပြီး စကားပြောသည်။

"အစားအသောက်ကို အလဟဿဖြစ်စေတဲ့သူတွေကို နာမည်ပျက်စာရင်းထဲထည့်မယ်နော်"

"ငါသိတယ် ဒီမှာကြည့်။ ကိတ်မုန့်တွေ အကုန်လုံးကိုစားပြီးသွားပြီ။ ၁ခုတောင် မကျန်ဘူး"

ဝူဟိုင်းက သူ့လက်ကို ညွှန်ပြပြီး စကားပြန်ပြောသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက သူ့နေရာမှာ မတ်တပ်ရပ်နေပြီး အတည်ပြုဟန်နှုတ်ဆိတ်နေသည်။ ထို့နောက် ကိတ်မုန့်ကိုဝယ်ပေးသောလူက စိတ်ချဟန်ဖြင့် နှုတ်ဆိတ်နေခဲ့သည်။ မနက်ခင်း ဆိုင်ဖွင့်ချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။

~~~~

အစောပိုင်းတွင် ယွမ်ကျိုးကဆိုင်ပိတ်ပြီး ဆန်ပြုတ်ဆိုင်သို့သွားရန် ရည်ရွယ်ထားသော်လည်း စိတ်ပြောင်းသွားသည်။ နေ့လည်ခင်းဆိုင်ဖွင့်ချိန် ၁နာရီခွဲကျော်မှာ ယွမ်ကျိုးက အဝတ်အစားလဲပြီး အပြင်ထွက်လာသည်။ သူကတစ်ခြားဆိုင်၏ ဆန်ပြုတ်အရသာကို မြည်းစမ်းရန်အတွက် သူရဲ့ကျွမ်းကျင်စားဖိုမှူးအစုံလိုက်ပစ္စည်းများကို ယူသွားရန် မမေ့လျော့ခဲ့ပေ။ ၎င်းအစုံလိုက်ပစ္စည်းထဲတွင် အရသာကင်းမဲ့သောတူ၊ဇွန်းတို့ ပါဝင်သည်။

အဌားယာဉ်စီးသွားသောကြောင့် သူသွားလိုသောဆိုင်သို့ နေ့လည်၂နာရီတွင်ရောက်ရှိသွားသည်။

သူရောက်သွားသောဆိုင်သည် စားသောက်ဆိုင်သေးသေးလေးဖြစ်ပြီး ဆိုင်ပိုင်ရှင်လင်မယား၂ယောက် ပူးပေါင်းဖွင့်ထားသောဆိုင် ဖြစ်သည်။ သူတို့၏၁၀နှစ်အရွယ်သားလေးသည် မသန်မစွမ်းဖြစ်ပုံရသည်။ ယွမ်ကျိုး ရောက်ရှိသွားသောအခါ ဆိုင်က လူသိပ်မကျသေးချေ။ စုစုပေါင်း စားပွဲ(၇)ပွဲရှိပြီး ၄ဝိုင်းကလွတ်နေသည်။ ကျန်စားပွဲ၃ဝိုင်းမှာရှိသော ဖောက်သည်များသည် သူတို့မှာယူထားသော အစားအသောက်များကို စားသုံးနေသည်။

"ဟယ်လို လူကြီးမင်း ဘာများသုံးဆောင်ချင်ပါသလဲ" ဝတုတ်တုတ်သက်လတ်ပိုင်းအမျိုးသားသည် သန့်ရှင်းသပ်ရပ်သောအဝတ်အစားကိုဝတ်ဆင်ထားပြီး ယွမ်ကျိုးကိုပြုံးကာ နှုတ်ဆက်စကားပြောသည်။

ဆိုင်ပိုင်ရှင်အမျိုးသမီးက ဆန်ပြုတ်ပြင်ဆင်သည့်အလုပ်ကို လုပ်ဆောင်ပြီး ဆိုင်ပိုင်ရှင်သူဌေးက ဖောက်သည်များကို

နှုတ်ဆက်စကားပြောသည်။

"ရာဟု နဲ့ ဒီအစေ့အဆန်တွေ အများကြီးထည့်ထားတဲ့ဆန်ပြုတ် ၁ပွဲချင်းစီပေးပါ။ ပြီးတော့ အရံဟင်း၃ပွဲလည်းပေးပါ"

ယွမ်ကျိုးက မီနူးကိုကြည့်လိုက်ပြီး သူမှာယူချင်သောဟင်းပွဲကို ချက်ချင်းပြောသည်။

"ကျွန်တော်တို့ဆိုင်မှာရောင်းချတဲ့ ဆန်ပြုတ်နဲ့ဟင်းလျာတွေက အများကြီးပါ။ အမျိုးကွဲတွေလည်း အများကြီးရှိတယ်။ ဒါတွေအားလုံးကို လူကြီးမင်းက

မှာယူချင်တာလား။ မှာယူချင်တဲ့အမျိုးအစားကို အတိအကျ ပြောပေးနိုင်မလား"

သက်လတ်ပိုင်းအမျိုးသားက မီးဖိုချောင်သို့သွားပြီး ဟင်းပွဲအော်ဒါကို သတင်းမပို့ခင် ထပ်မံမေးမြန်းသည်။

"နောက်ပြီး ဘယ်နှယောက်သုံးဆောင်မှာလဲ လူကြီးမင်း"

"တစ်ယောက်ထဲပါ။ ကျွန်တော်တစ်ယောက်ထဲ လာတာပါ"

ယွမ်ကျိုးက ပြတ်ပြတ်သားသား ပြန်ပြောသည်။

"ဒါဆိုရင်တော့ အရံဟင်း၁ပွဲနဲ့ဆန်ပြုတ်၁ပွဲပဲမှာဖို့ အကြုံပြုချင်တယ်။ ဒီလိုဆိုရင် လူကြီးမင်းလည်း ဗိုက်ပြည့်မဲ့အပြင် ကောင်းကောင်းစားလို့လည်း ရတယ်"

သက်လတ်ပိုင်းအမျိုးသားက နွေးထွေးစွာ ပြုံးပြသည်။ သက်လတ်ပိုင်းအမျိုးသား၏ ပုံမှန်အကြံပြုချက်ကြောင့် ယွမ်ကျိုး အနည်းငယ်မှင်သက်သွားသည်။ ထို့နောက် သူက စကားပြန်ပြောသည်။

"ကောင်းပြီ။ ဒါဆိုရင်ဆန်ပြုတ်၁ပွဲ နဲ့ အရံဟင်း ၁ပွဲပေးပါ"

"မကြာခင် ရစေရပါမယ်"

ယွမ်ကျိုးက သူ့ရဲ့အကြံပြုချက်ကို လက်ခံသွားသောအခါ

သက်လတ်ပိုင်းအမျိုးသားက ပျော်ရွှင်စွာ လှည့်ထွက်သွားပြီး ဟင်းပွဲအော်ဒါများကို အစီအရင်ခံသည်။

"ငါ့ကိုယုံကြည်လိုက်။ ဒီဆိုင်က အစားအသောက်တွေက အရသာရှိတဲ့အပြင် အများကြီးလည်းပါတယ်"

သက်လတ်ပိုင်းအမျိုးသားက ခေါင်းကိုလှည့်လိုက်ပြီး ယွမ်ကျိုးကို ဂုဏ်ယူဝင့်ကြွားစွာပြောသည်။

"ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက တွေဝေသွားပြီး ချက်ချင်းပဲ ကျေးဇူးတင်စကား ပြောလိုက်သည်။

"အားနာဖို့မလိုပါဘူး။ ခင်ဗျားမှာထားတဲ့ဟင်းပွဲ မကြာခင် ရစေရပါ့မယ်"

သူ့စကားအဆုံးသတ် သည်နှင့် သက်လတ်ပိုင်းအမျိုးသားသည် မီးဖိုချောင်ထဲသို့သွားပြီး ဟင်းပွဲများသယ်ယူရန် ပြင်ဆင်သည်။ ဆန်ပြုတ် နှင့် အရံဟင်းတွေကို ခဏလေးအတွင်း ယွမ်ကျိုးရဲ့စားပွဲပေါ်တွင် တင်ပေးလိုက်သည်။ ဆန်ပြုတ်ကို မြေအိုးနဲ့ ထည့်ထားပြီး သေးငယ်သော ခွက်သန့်၁လုံးနဲ့အတူ ဇွန်းကိုလည်း ပေးထားသည်။ ထို့ပြင် ပူစပ်စပ်‌ ရေညှိနုပ်နုပ်စဉ်းဟင်းပွဲကိုလည်း ထည့်ပေးထားသည်။ ထို့နောက် ယွမ်ကျိုးက သူ့အိတ်ကပ်ထဲမှ တူနဲ့ဇွန်းကိုထုတ်လိုက်ပြီး အရသာမြည်းစမ်းရန် ပြင်ဆင်သည်။

"ဒီဆိုင်က အသုံးအဆောင်ပစ္စည်းတွေက သန့်ရှင်းပါတယ်"

သူ့ဘေးနားမှ အသံတစ်သံ ထွက်ပေါ်လာသည်။

လှည့်ကြည့်လိုက်သောအခါ ဝှီးချဲနှင့် ကောင်လေးတစ်ယောက်က သူ့ကိုစကားလာပြောခြင်း ဖြစ်သည်။

"အွန်း ကိုယ့်ပစ္စည်းကိုယ်သုံးတာ အကျင့်ဖြစ်နေလို့ပါ" ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ရှင်းပြသည်။

"ကောင်းပြီ"

ထို့နောက် ကောင်လေးက စကားဆက်မပြောတော့ဘဲ စားသောက်ဆိုင် အပြင်ဘက်သို့ ဝှီးချဲဖြင့် ထွက်သွားသည်။

ယွမ်ကျိုးက နေ့လည်စာစားရန် ပြင်ဆင်ပြီး

ပထမဦးဆုံး ဆန်ပြုတ်၁ဇွန်းကို အအေးခံပြီးနောက် ပါးစပ်ထဲထည့်လိုက်သည်။

ဆန်ပြုတ်ရဲ့မွှေးရနံ့ဟာ ခံတွင်းထဲ မွှေးပျံ့သွားသည်။ဆန်စေ့များကို လွန်ကဲစွာချက်ပြုတ်ထားသောကြောင့် ဝါးရန်မလိုဘဲ မြိုချလို့ရသည်။ တူကိုအသုံးပြုပြီး ပူစပ်စပ်အရသာရှိသော ရေညှိခွက်ကိုကောက်ယူလိုက်ပြီး အရသာမြည်းစမ်းကြည့်သည်။ ဟင်းပွဲတွေကိုကောင်းစွာ ပြင်ဆင်ထားသည်ဟု ခံစားမိသည်။ ဒီဆန်ပြုတ်ဆိုင်က ဆန်ပြုတ်ကို ချက်ပြုတ်တဲ့အခါမှာ မီးအေးအေးနဲ့ ချက်ပြုတ်ထားပုံရသည်။

ဆန်အတော်အတန် လတ်ဆတ်မှု ရှိသော်လည်း စနစ်မှ ထောက်ပံ့‌ပေးထားသော ဆန်လောက် မကောင်းမွန်ချေ။ သဟဇာတဖြစ်သော မိသားစုဆက်ဆံရေးကြောင့် ပျော်ရွှင်မှုကို ခံစားမိ၍ ဆန်ပြုတ်ရဲ့ အရသာက ချိုမြပြီး အရသာရှိသည်ဟု ခံစားမိသည်။‌ ရေညှိနုပ်နုပ်စဉ်းကိုလည်း သေချာပြင်ဆင်ထားပြီး လတ်ဆတ်မှု ရှိသည်။

ပူစပ်စပ်အရသာ နှင့် ချိုမြသောအရသာ လိုက်ဖက်မှုရှိသည်။ အကျိုးဆက်အနေဖြင့် ယွမ်ကျိုးက ဟင်းပွဲ၂ပွဲလုံး ကုန်စင်အောင်စားလိုက်သည်။ ယွမ်ကျိုးက ကျသင့်ငွေကို ပေးဆောင်ပြီးနောက် သက်လတ်ပိုင်းအမျိုးသားက စိတ်အားထက်သန်စွာ စကားပြောသည်။

"အရသာဘယ်လိုနေလဲ။ အဆင်ပြေရဲ့လား။ နောက်တစ်ခေါက် ဒီဆိုင်ကို လာရင် အစေ့အဆန်တွေ အများကြီးထည့်ထားတဲ့ ဆန်ပြုတ်ကိုလည်း မြည်းစမ်းကြည့်။ အဲ့တာလည်း အရသာရှိတယ် "

"အွန်း ထပ်လာခဲ့ပါမယ်"

ယွမ်ကျိုးက ခေါင်းညိတ်သဘောတူလိုက်သည်။

"ဟေ့လူငယ်လေး၊ နောက်တစ်ခေါက်လာဖို့ မမေ့နဲ့နော်"

သက်လတ်ပိုင်းအမျိုးသားက ရိုးရှင်းသောလေသံဖြင့် စိတ်အားထက်သန်စွာ ပြောသည်။သူက တံခါးပေါက်ကိုထွက်သွားသောအခါ အိတ်ကပ်ထဲမှ ဖုန်းမြည်လာသည်။ စားသောက်ဆိုင်တံခါးပေါက်မှာ ကပ်ထားသော

အသိပေးစာက ထင်ထားသည့်အတိုင်း အလုပ်ဖြစ်သည်။

"ဟယ်လို သူဌေးယွမ်လား"

ဖုန်း၏တခြားတစ်ဖက်မှ ယဉ်ကျေးသိမ်မွေ့သော အမျိုးသားတစ်ယောက်၏အသံ ထွက်ပေါ်လာသည်။

"ဟုတ်ပါတယ်။ ဘာကိစ္စများရှိလို့ပါလဲ"

ယွမ်ကျိုးက ပေါ့ပေါ့ပါးပါး လေသံဖြင့် ပြန်ဖြေသည်။

သို့‌သော်ငြားလည်း အသိပေးစာက အလုပ်ဖြစ်နေ၍ သူ တကယ် စိတ်လှုပ်ရှားမိသည်။အသိပေးစာတွင် ပါဝင်သော အကြောင်းအရာကြောင့် ဖုန်းဆက်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ အသိပေးစာတွင် ရေးသားထားသော အကြောင်းအရာက

"ဆိုင်ရှင်က အရေးပေါ်ကိစ္စ ရှိလို့ အပြင်ထွက်သွားတယ်။ ဝန်ဆောင်မှုwebsiteနဲ့ပတ်သက်ပြီးတော့ ပူးပေါင်းဆောင်ရွက်ချင်တယ်ဆိုရင် ဒီဖုန်းနံပါတ်ကို ဆက်သွယ်ပေးပါ"

ထိုစာ၏အောက်တွင် လက်မှတ်နဲ့ ဖုန်းနံပါတ်ကို ရေးသားထားသည်။

"ဆိုင်ရှင်အနေနဲ့ ဝန်ဆောင်မှုwebsite‌တွေနဲ့ အလုပ်လုပ်ဖို့ ရည်ရွယ်ချက်ရှိတယ်လို့ သတင်းကြားလို့ပါ။ ကျွန်တော်တို့က တမ်တမ်ဝန်ဆောင်မှုဌာနကပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး စကားပြောချင်လို့ပါ"

၎င်းအမျိုးသားသည် ယဉ်ကျေးသိမ်မွေ့သော အမူအရာဖြင့် သူ့ရဲ့ရည်ရွယ်ချက်ကိုပြောကြားသည်။

"အားနာပါတယ်။ ကျွန်တော့်မှာ ဒီလိုပူးပေါင်းဖို့ ရည်ရွယ်ချက်မရှိဘူး"

ယွမ်ကျိုးက ယဉ်ကျေးစွာငြင်းပယ်လိုက်သည်။

"အွန်း ကောင်းပြီလေ။ ဒါဆိုရင် လူကြီးမင်းကို

မနှောင့်ယှက်တော့ဘူး"

ထို့နောက် ၎င်းအမျိုးသားသည် ကောင်းမွန်သော သဘောထားဖြင့် ဖုန်းချသွားသည်။ ထို့နောက် ၎င်းအမျိုးသားသည် ရုတ်တရက်ထအော်သည်။

"ရှောင်ဝမ် နင်ဦးနှောက်ရောကောင်းသေးရဲ့လား။ အဲ့ဒီသူဌေးက ငါတို့ဌာနနဲ့ ပူးပေါင်းဖို့ ရည်ရွယ်ချက်ရှိတယ်လို့ နင်ပြောခဲ့တယ်မဟုတ်ဘူးလား။ အခုတော့ ငါ့ကို ချက်ချင်းငြင်းလိုက်တယ်"

"မဖြစ်နိုင်ပါဘူး။ သူ့တံခါးပေါက်က အသိပေးစာမှာ သူ့ကိုဖုန်းဆက်ဖို့ သေချာရေးထားပါတယ်"

ရှောင်ဝမ်က မျက်မှန်တပ်ထားသော ကောင်မလေးဖြစ်သည်။ ထိုစကားသံကိုကြားပြီးနောက် သူမအတော်လေး အံ့အားသင့်နေရသည်။

"ဟုတ်နိုင်ပါ့မလား။ ငါ့ကို ငြင်းတယ်ဆိုတာကို ငါ နားကြားမှားသလား"

"ကိုယ့်အလုပ်ကို သေ‌သေချာချာလုပ်"

ကုမ္ပဏီ၏ စီနီယာအလုပ်သမား ဖြစ်ပုံရသည့်လူငယ်သည် အလုပ်သမားသစ်‌ ရှောင်ဝမ်ကို အော်လိုက်သည်။

ရှောင်ဝမ်က စေ့စပ်သေချာသူဖြစ်သော်လည်း ခွန်းတုန့်ပြန်ခြင်းမရှိဘဲ သူမ၏အလုပ်ခုံသို့ ပြန်သွားကာ အလုပ်ပြန်လုပ်သည်။ သို့သော်လည်း သူမ၏စိတ်ထဲ အတော်လေး သိချင်စိတ်ဖြစ်မိသည်။

ယွမ်ကျိုးစားသောက်ဆိုင်၏

တံခါး‌ပေါက်တွင် ကပ်ထားသော အသိပေးစာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ထားသည်။ သူမ မှားစရာ အကြောင်းမရှိ‌ပေ။ ထို့ကြောင့် အလုပ်ဆင်းချိန်တွင် ပြဿနာရပ်ကို စုံစမ်းရန် သွားကြည့်ဖို့ဆုံးဖြတ်ခဲ့သည်။ သို့သော်ငြားလည်း ယွမ်ကျိုးက အိမ်ပြန်လမ်း တစ်လျှောက် ဝန်ဆောင်မှုဌာန၏ ဖုန်းခေါ်ဆိုမှု၂ခုကို လက်ခံရရှိသွား၍ သူ့ရဲ့မစ်ရှင်အခြေ‌အနေသည် ၄/၁၀ဖြစ်သွား၍ ပြီးမြောက်လုနီးပါး အခြေအနေဖြစ်လာသည်။ သူ့ရဲ့အကြံအစည်က အတော်အတန်အောင်မြင်သည်။

အပိုင်း(၁၆၁)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၆၂)

ယွမ်ကျိုး စားသောက်ဆိုင်သို့ ပြန်ရောက်လာသောအခါ ဝူဟိုင်းနှင့် ထိပ်တိုက်တွေ့သည်။

"သူဌေးယွမ်၊ ခင်ဗျားက ဝန်ဆောင်မှုဌာနတွေနဲ့ ပူးတွဲ အလုပ်လုပ်တော့မလို့လား။ ဒါက တကယ်လား။ ဒါဆိုရင်တော့ ကောင်းမွန်တဲ့ ဝန်ဆောင်မှုဌာနတွေကို ခင်ဗျားကို မိတ်ဆက်ပေးချင်တယ်"

ဝူဟိုင်းက စိတ်အားထက်သန်သော အမူအရာဖြင့် စကားပြောဆိုသည်။

"မလိုအပ်သေးဘူး။ အကြံဉာဏ်ပေးဖို့ မလိုဘူး"

ယွမ်ကျိုးက ပြတ်ပြတ်သားသား ပြန်ဖြေသည်။

"ဒါဆိုရင် တံခါးမှာ ဘာဖြစ်လို့ ကြော်ငြာစာ ကပ်ထားရတာလဲ"

တံခါးပေါက်ပေါ်မှာ ကပ်ထားသော A4 စာရွက်ကို ညွှန်ပြရင်း ဝူဟိုင်းက သူမြင်ထားပြီးသားဟူသော အမူအရာကို ဖော်ပြသည်။

"အသိပေးစာက ကျွန်တော် အပြင်သွားတယ်ဆိုတာကို ရည်ညွှန်းချင်တာလေ"

ယွမ်ကျိုးက မပွင့်တပွင့် ပြန်ပြောသည်။

"ဒါပေမယ့် ဝန်ဆောင်မှုဌာနတွေကို ဆက်သွယ်ဖို့ ခင်ဗျားကိုယ်တိုင်ရေးထားတာလေ"

ဝူဟိုင်း၏ လေသံတွင် မယုံကြည်နိုင်သော ခံစားချက်များ ပြည့်နှက်နေသည်။

"အွန်း ဒါက လေးစားမှုကို ပြတာလေ"

ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြန်ဖြေသည်။

"လေးစားမှု ဟုတ်လား။ ဘာလေးစားမှုကို ပြောချင်တာလဲ"

ဝူဟိုင်း အမှန်တကယ် ဒွိဟဖြစ်လာသည်။

"ဒါက ဘာသဘောလဲ"

"သူတို့ဘက်က ငါ့ကို ပူးပေါင်းဖို့ ဆက်သွယ်လာရင် ငါကလည်း သူ့ကို ကိုယ်တိုင်ကိုယ်ကျ ငြင်းရုံပဲလေ"

"ဒါက အခြေခံယဉ်ကျေးမှုလို့တောင် ပြောလို့ရတယ်"

ယွမ်ကျိုးက လေးနက်စွာ ပြန်ဖြေသည်။

"ရှိစေတော့။ ရှိစေတော့"

ဝူဟိုင်းက ယွမ်ကျိုးပြောသည့် စကားလုံး၏ အဓိပ္ပါယ်ကို သူ့ဦးနှောက်ထဲ မစဉ်းစားခင် ၃ မိနစ်ခန့် တအံ့တဩ ဖြစ်သွားရသည်။

"အစတုန်းက ငါတစ်ယောက်တည်း ထူးဆန်းတဲ့ စိတ်သဘောထားရှိပြီး၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရတာ မလွယ်ကူဘူးလို့ ထင်ခဲ့တာ။ အခုတော့ ငါ့အတွေးမှားသွားပြီ"

"သူဌေးယွမ် မင်းက အခြားသူတွေထက်တောင် ပိုပြီးတော့ ထူးဆန်းနေသေးတယ်။ မင်းနဲ့ယှဉ်လိုက်ရင် ငါကတောင် စိတ်သဘောထား ကောင်းနေသေးတယ်"

ဝူဟိုင်းက မကျေမနပ်ဖြင့် ဆက်တိုက် ပြောဆိုသည်။

"မဟုတ်ဘူး။ ခင်ဗျားမှားနေပြီ။ ကျုပ်က ခင်ဗျားထက်ပိုပြီးတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းတယ်"

ယွမ်ကျိုးက ဟုတ်မှန်ကြောင်း ပြောဆိုသည်။

"ဟား ဟား ဟား ဟား။ မင်းက ထိပ်တန်းအရသာရှိတဲ့ဟင်းပွဲတွေကို ချက်ပြုတ်နိုင်လို့သာ ပေါ်ပြူလာ ဖြစ်နေတာလေ။ အဲဒီလို ဟင်းတွေသာ မချက်နိုင်ရင် မင်း ကျော်ကြားပါ့မလား"

အရသာရှိသော ဟင်းပွဲများအကြောင်း တွေးမိသောအခါ ဝူဟိုင်းက သရေကျချင်သောစိတ်ကို ထိန်းမရပေ။

"ဒါပေမယ့် ငါ့မှာ ဒီလို အရည်အချင်းတွေ ရှိနေတော့ မင်းထက်စာရင် ငါက အခြားသူတွေနဲ့ ပိုပြီးတော့ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်တယ်လေ"

ယွမ်ကျိုး၏ စကားပြောသော အမူအရာက ဂုဏ်သိက္ခာလုံးဝ မရှိသော်လည်း ဟုတ်မှန်ကြောင်းကိုသာ ထပ်တလဲလဲ ပြောဆိုနေသည်။

"သူဌေးယွမ်၊ ခင်ဗျားက စကားပြော မောက်မာပြီး တကယ့်ကို မော်ကြွားတာပဲ"

ဝူဟိုင်းက လက်မြှောက်အရှုံးပေးဟန်ဖြင့် လှည့်ထွက်သွားရန် ကြံစည်သည်။

ထို့နောက် သူ့စိတ်ကို ဖြေသိမ့်နိုင်ရန် ပန်းချီဆွဲခြင်းဖြင့် အလုပ်ရှုပ်မည်ဟု ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ သူက ကျော်ကြားသော ပန်းချီဆရာတစ်ယောက်ဖြစ်သည်။

"အင်း။ အခုလိုမျိုး ချီးမွမ်းစကားပြောပေးလို့ ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ယဉ်ကျေးစွာဖြင့် ကျေးဇူးတင်စကားကို ဖော်ပြသည်။

"ဒါက ခင်ဗျားကို ချီးမွမ်းစကား ပြောနေတာ မဟုတ်ဘူးလေ"

ဝူဟိုင်းက သူ၏နဖူးကို လက်ဖြင့်ထောက်လိုက်ပြီး လှည့်ထွက်မသွားခင် ကျောခိုင်းလိုက်သည်။

သို့သော်လည်း ဝူဟိုင်း၏ နောက်ဆုံးပြောလိုက်သော စကားကို ယွမ်ကျိုးက တမင်တကာ လျစ်လျူရှုလိုက်သည်။

ထို့နောက် သူလည်း သူ၏စားသောက်ဆိုင်သို့ ပြန်သွားခဲ့သည်။

ယွမ်ကျိုးက တစ်နေ့တာလုံး အလုပ်လုပ်ပြီးနောက် ဒုတိယအထပ်သို့ ပြန်သွားသောအခါ ယနေ့တစ်နေ့ခင်းလုံး ကိစ္စရပ်များကို သေချာတွေးတောရန် အချိန်ပေးသည်။

နေ့လည်ခင်းက သူသွားခဲ့သော စားသောက်ဆိုင်၏ သူဌေးကို အတော်လေး အထင်ကြီး လေးစားမိသည်။

ထို့နောက် သူအချိန်အတော်ကြာ ဖြေရှင်းရခက်နေသော ပြဿနာရပ်၏ အကြောင်းအရင်းကို သိရှိသွားသည်။

သူက အရသာမြည်းစမ်းရန်အတွက် ဆိုင်များကို သွားရောက်လေ့လာတိုင်း

မှာယူထားသော ဟင်းပွဲများကို ကုန်အောင် မစားနိုင်ခဲ့ပေ။

သူသွားစားခဲ့သည့် ဆိုင်များထဲတွင် နည်းနည်းလေးပင် အရသာ မမြည်းစမ်းခဲ့သည့် အကြိမ်၂ကြိမ် ရှိသည်။

တခြားသူများကို စည်းကမ်းတင်းကျပ်ပြီး ကိုယ်တိုင်လည်း စည်းကမ်းလိုက်နာရခြင်းက လွယ်ကူသော ကိစ္စရပ်မဟုတ်ပေ။

လူတိုင်း ပုံမှန်အမှားမျိုးကို မလွဲဧကန် ကျူးလွန်နိုင်သည်။

သူလည်း သာမန်လူတစ်ယောက်ဖြစ်သောကြောင့် ယခုလို အမှားမျိုးကို ပြုလုပ်နိုင်သည်။

"ဟင်း ... ငါက တကယ့်ကို စိတ်မြန်လက်မြန်ရှိတဲ့ ပုံစံဖြစ်နေတယ်"

ယွမ်ကျိုးက စားပွဲခုံမှာ ထိုင်နေရင်း သက်ပြင်းချလိုက်သည်။

အချိန်တိုအတွင်း ပြဿနာကိုဖြေရှင်းရန် မလွယ်ကူသောကြောင့် ယွမ်ကျိုးက ရေအရင်ဆုံးချိုးရန် ဆုံးဖြတ်လိုက်သည်။

ရေချိုးခန်းထဲရောက်သွားသောအခါ လူအများစုက အတွေးပေါင်းများစွာပေါ်လာပြီး အကြံစည်ပေါင်းများစွာကို ရေချိုးရင်း ထုတ်ဖော်လေ့ရှိသည်။

အမှားက ပြုပြင်၍ရသည်။ ရေချိုးနေရင်း ယွမ်ကျိုးက နည်းလမ်းများကို တွေးကြံနေသည်။

ပြဿနာ၏ အကျိုးဆက်နှင့် အကြောင်းအရင်းကို ပြန်လည်မြင်ယောင်ပြီးနောက် လက်ဖျားခါလောက်သော အကြံအစည်ကို ရုတ်တရက် တွေးမိသွားသည်။

ရေချက်ချင်းချိုးပြီး အဝတ်အစား အမြန်အဆန်လဲကာ ယွမ်ကျိုးသည် လေးကန်သော ခြေလှမ်းများဖြင့် သူ့အိပ်ရာပေါ် ပြန်သွားသည်။

ထို့နောက် ကွန်ပျူတာကို ဖွင့်လိုက်ပြီး စစ်ဆေးရန် ကျန်ရှိသေးသော ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်သည်။

ယွမ်ကျိုးက မှတ်ဉာဏ်ကောင်း၍ ကံကောင်းသွားသည်။

သူမသွားရသေးသည့် ဆိုင် ၂ ဆိုင်ရှိနေခြင်းကို သတိရသွားသည်။

ပင်လယ်ခရု စားသောက်ဆိုင်သည် အင်တာနက်ပေါ်တွင် ရှာဖွေရ အလွယ်ကူဆုံးဖြစ်သည်။

လက်ရှိ တရားဝင် website စာမျက်နှာသည် လိမ်လည်လှည့်ဖျားသူ ဟူသော မှတ်ချက် စာတိုများဖြင့် ပြည့်နှက်နေသည်။

သို့သော်လည်း website စာမျက်နှာကို အသစ်ပြုပြင်ပြီးနောက် ၎င်းစာတိုများ ပျောက်ကွယ်သွားသည်။

ဤဆိုင်၏ စီစဉ်ညွှန်ကြားသူက စာတိုများကို ဖျက်ပစ်ရန် ညွှန်ကြားထားခြင်း ဖြစ်နိုင်သည်။

ယွမ်ကျိုးသည် တရားဝင် website စာမျက်နှာ၏ သီးသန့်စာတိုပေးပို့မှုနေရာကို ရှာတွေ့သွားသောအခါ ခဏကြာစဉ်းစားပြီးနောက် အမည်မဖော်လိုသော ရွေးချယ်မှုကို နှိပ်လိုက်ပြီး email ရေးသားရန် စတင်သည်။

ဤ email ကို သမားရိုးကျပုံစံဖြင့်သာ ရေးသားခဲ့သည်။ နှုတ်ဆက်စကားများ မပါဝင်ပဲ ယွမ်ကျိုးက သူ့အတွေးအမြင် အားလုံးကို ရေးသားထားသည်။

"ဒီစားသောက်ဆိုင်မှာပတ်သက်တဲ့ ဟင်းပွဲတွေနဲ့ပတ်သက်ပြီး အကြံပြုချက်လေးတွေ ပေးချင်တယ်။ နားထောင်ဖို့ဆန္ဒရှိတယ်ဆိုရင် ဒီစာကို ဆက်ဖတ်ပေးပါ"

"ဝက်သားကင်နဲ့ပတ်သက်ပြီးတော့ပြောရရင် အပြင်ဘက်အလွှာက ပုံမှန်ထက်ပိုပြီး ချိုမြပြီးတော့ အတွင်းဘက်အလွှာက အရသာမရှိဘူး။ ဒါက အရသာကို သေချာနှံ့စပ်အောင် မနယ်ထားလို့ ဖြစ်နိုင်တယ်"

"ပြီးတော့ ကြက်ခြေထောက်ပဲငံပြာရည်ကလည်း ဒီလိုအရသာမျိုးဖြစ်နေတယ်။ အရသာနှပ်တဲ့အခါမှာ နှံ့စပ်အောင်လုပ်ဖို့ လိုအပ်တယ်"

ယွမ်ကျိုးက သူမှာယူခဲ့သော ဟင်းပွဲများ၏ ကောင်းကျိုးဆိုးကျိုးများ အားလုံးကို ရေးသားထားသည်။

သူက ၎င်းဟင်းပွဲအားလုံးကို မချက်ပြုတ်နိုင်သော်လည်း သူမြည်းစမ်းခဲ့သောဟင်းပွဲ၏ ပြဿနာကို ညွှန်ပြနိုင်သည်။

email ၏ အဆုံးသတ်တွင် ယွမ်ကျိုးက အစားအသောက်ကို အလဟဿဖြစ်စေခဲ့သော လူတစ်ယောက်ဟု ရည်ညွှန်းရေးသားထားသည်။

စာကို စစ်ဆေးပြီးနောက် ယွမ်ကျိုးက စကားလုံးအမှားအယွင်းမရှိသည်ကို တွေ့ရှိရသောအခါ ပေးပို့သည့်ခလုတ်ကို ချက်ချင်းနှိပ်လိုက်သည်။

ယွမ်ကျိုးက အစားအသောက်ကို အလဟဿဖြစ်စေခဲ့၍ လျော်ကြေးပေးသည့်အနေဖြင့် အကြံပြုစာ ရေးသားပေးခြင်းဖြစ်သည်။

အလားတူ email များကို ဆက်တိုက်ပို့ပြီးနောက် ယွမ်ကျိုးက ငြိမ်းချမ်းစွာ အိပ်စက်အနားယူရန် စတင်သည်။

သို့သော်လည်း ဤemail လှုပ်ခတ်ခဲ့သောလှိုင်းကြောင့် မုန်တိုင်း အစပျိုးခဲ့သည်။

တခြားသော တရားဝင် website စာမျက်နှာများသည် ညဖက်အချိန်များတွင် စောင့်ကြည့်သူမရှိပေ။

သို့သော်ငြားလည်း ပင်လယ်ခရုစားသောက်ဆိုင်က ခြားနားမှုရှိသည်။

ဒေါသဖြစ်နေသောဖောက်သည်များ၏ ပြစ်တင်ဝေဖန်မှုကြောင့် တရားဝင် website စာမျက်နှာကို ၂၄ နာရီအပြည့် စောင့်ကြည့်နေရသည်။

စားသောက်ဆိုင်မှာ ခန့်အပ်ထားသော အင်ဂျင်နီယာဟူက ခေါက်ဆွဲပြုတ်စားနေရင်း website သို့ပေးပို့လာသော မှတ်ချက်များကို ဖျက်နေသည်။

ထိုစဉ် ကွန်ပျူတာမြည်လာသည်။

"ဒီကောင်တွေ အသံမပိတ်ထားပြန်ဘူးထင်တယ်"

အင်ဂျင်နီယာဟူက သူ့လက်ကို ဆန့်တန်းလိုက်ပြီး အသံခလုတ်ကိုပိတ်ကာ email များကိုလည်း ဖျက်ရန်ပြင်ဆင်သည်။

တစ်နေ့လုံးပို့လာသော email အများစုသည် အသုံးမဝင်သော email များသာဖြစ်သည်။ ထို့ကြောင့် အင်ဂျင်နီယာဟူက သူ့စိတ်ကို အနှောက်အယှက်ဖြစ်စေမည့် email များကို အမှန်တကယ် မဖတ်ချင်ပေ။

email အများစုသည် ရိုင်းစိုင်းသော စကားလုံးများ သုံးနှုန်းကာ ပြစ်တင်ဝေဖန်ထားခြင်းနှင့် တချို့တလေက ကြော်ငြာများသာဖြစ်သည်။ သို့သော်ငြားလည်း ဤ email က ခြားနားမှုရှိသည်။

ပုံမှန်အတိုင်း စာရေးသားထားသည့်အပြင် ဤ email က အင်ဂျင်နီယာဟူ၏ email ဖတ်ချင်စိတ်ကို လှုံ့ဆော်ပေးသည်။

စာထဲတွင် ညစ်ညမ်းသောစကားလုံးများကို မသုံးနှုန်းထားသည့်အပြင် အကြံပြုစာများကို ရေးသားထားသေးသည်။

သူက email ဖွင့်သည်ခလုတ်ကို နှိပ်လိုက်ပြီး သူ့စိတ်ထဲရှိသည့် အတွေးကို ရေရွတ်လိုက်သည်။

"ဘယ်လိုဖြစ်ရတာလဲ။ ထူးဆန်းလိုက်တာ။ မိုက်မိုက်ရိုင်းရိုင်း စကားလုံးတစ်လုံးမှမသုံးပဲ အကြံပြုစာ ရေးသားထားတာပဲ။ အံ့ဩစရာပဲ"

အင်ဂျင်နီယာဟူက သူ့စိတ်ထဲရှိသော ခံစားချက်ကို ထုတ်ပြောသည်။

ပုံမှန်ပို့နေကြ email များသည် လူလိမ်ဟူ၍ ပြစ်တင် ဝေဖန်ထားသော email အများစုသာဖြစ်၍ စိတ်ပျက်သောကြောင့် လျစ်လျှူရှုထားခြင်းဖြစ်သည်။

ထို့ကြောင့် အင်ဂျင်နီယာဟူက ဤပြဿနာကိုဖြေရှင်းရန်အတွက် သူ့အထက်လူကြီးကို email ပို့ရန် ဆုံးဖြတ်ခဲ့သည်။

နောက်ကျချိန်အထိ အလုပ်လုပ်သော စိတ်သဘောထားကောင်းမွန်သူက ပေးပို့လာသော စာတိုဖြစ်နိုင်သည်ဟုလည်း ယူဆခဲ့သည်။

ဤအကြံပြုစာက မှန်ကန်နေလား မသိသော်လည်း ပြစ်တင်ဝေဖန်သော email များထက် ပို၍ကောင်းမွန်သေးသည်။

အင်ဂျင်နီယာဟူ၏ အထက်လူကြီးက စားသောက်ဆိုင်မှာ အလုပ်လုပ်နေသူဖြစ်သည်။

သူက ယခုလို ရိုးသားသော အကြံပြုချက်ကို မြင်တွေ့ရသောအခါ ကျေနပ်တင်းတိမ်ပြီး ပျော်ရွှင်သော ခံစားချက်ကို ခံစားမိသောကြောင့် စားသောက်ဆိုင်၏ စားဖိုမှူးခေါင်းဆောင်ထံသို့ ဤ email ကိုပို့ရန် ဆုံးဖြတ်ခဲ့သည်။

ဆိုင်သို့လာရောက်အားပေးသော ဖောက်သည်မရှိခြင်းနှင့် နေတိုင်း ပြစ်တင်ဝေဖန်ခံရခြင်းထက် ပို၍ကောင်းမွန်သည်ဟု ယူဆမိသည်။

ထို့နောက် email ကို တစ်ဆင့်၊တစ်ဆင့်ပို့ပြီး စားဖိုမှူးခေါင်းဆောင်၏ ကွန်ပျူတာထဲရောက်သွားသည်။

ည ၁၂ နာရီအချိန်အထိ စားဖိုမှူးခေါင်းဆောင်ပေသည် ဖြေရှင်းရခက်သော ပင်လယ်ခရု ပြဿနာကို တရားဝင်စာမျက်နှာပေါ်မှာ စောင့်ကြည့်ပြီး ကူကယ်ရာမဲ့ မျက်မှောင်ကျုံ့သည်။

ကွန်ပျူတာကို ပိတ်ကာ အနားယူခါနီး ယွမ်ကျိုး ပေးပို့လာသော email ကို လက်ခံရရှိသွားသည်။

အင်ဂျင်နီယာဟူ အပါအဝင် တခြားသူများက ဤ email ၏ အကြံပြုချက်ကို အမှန်တကယ် နားမလည်သော်လည်း ခေါင်းဆောင်စားဖိုမှူးပေ က ခြားနားမှုရှိသည်။

သူက email ပို့လာသူသည် ကျွမ်းကျင်ပညာရှင်ဟုလည်း ယုံကြည်မိသည်။ email ကို ထပ်တလဲလဲ ဖတ်ရှုပြီးနောက် စားသောက်ဆိုင်၏ အဓိကဟင်းလျာကို တိုးတက်အောင် ပြုလုပ်နိုင်သောနည်းလမ်းကို သိရှိသွားသည်။

ယွမ်ကျိုး၏အကြံပြုစာသည် သူ့ဟင်းချက်လက်ရာ တိုးတက်နိုင်ရန် လမ်းညွှန်မှုလည်းဖြစ်သည်။

ဘေးထိုင်ကြည့်သူများသည် အမှန်တကယ် ရင်ဆိုင်နေရသူထက် ပို၍ ပြဿနာ၏ အကြောင်းအရင်းကို ပို၍မြင်နိုင်သည်။

ဤစကားလုံးက ခေါင်းဆောင်စားဖိုမှူးပေ အတွက် အသင့်လျော်ဆုံးနှင့် အကောင်းဆုံးဖြစ်သည်။

ဟင်းပွဲအများစုကို တိုးတက်အောင် ကြိုးစားချက်ပြုတ်ရန် လိုအပ်သည်ဟု သိသော်လည်း ပြဿနာ၏ အကြောင်းအရင်းကို ရှာတွေ့ရန် ခက်ခဲခဲ့သည်။

တခြားသူများ အကြံပြုသောအခါ ခေါင်းဆောင်စားဖိုမှူးပေက ပြုံးယုံသာ ပြုံးနေပြီး အမှန်တကယ် လက်မခံခဲ့ချေ။

ပဲငံပြာရည်ကြက်ခြေထောက်ပေါင်းဟင်းလျာက သာဓကပင်ဖြစ်သည်။

ဒီကြက်ခြေထောက်ပေါင်းဟင်းကို အလွယ်တကူ ဝါးလို့ရအောင် အပူချိန်များများဖြင့် အချိန်အကြာကြီး ချက်ပြုတ်ရန်လိုအပ်သည်ဟု အကြံပြုထားသည်။

ထိုမှသာ ကြက်ခြေထောက်အသားများ နူးညံ့ကာ ဝါးရလွယ်ကူလိမ့်မည်။ ဤဟင်းပွဲကို စားဖိုမှူးခေါင်းဆောင်ပေကိုယ်တိုင် တိုးတက်အောင် ချက်ပြုတ်ရန် အမှန်တကယ်မလွယ်ကူခဲ့ပေ။

ယွမ်ကျိုး၏ အကြံပြုချက်ကြောင့် သူ ကြိုးစားချက်ပြုတ်ကြည့်ရန် တွေးမိသည်။ email ကို တစ်ညလုံး သေချာဖတ်ရှုပြီးနောက် အိပ်ငိုက်သည့်ခံစားချက်ကို မခံစားရပေ။

မနက်ခင်းတွင် အိပ်ရာမှ စောစောထပြီး ကိုယ်လက်သန့်ရှင်းရေးပြုလုပ်ကာ အကြံပြုသည့်အတိုင်း ဟင်းပွဲချက်ပြုတ်ရန် ပြင်ဆင်သည်။

အပိုင်း(၁၆၂)

All Chapters