← Chapters

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

အခန်း (၁၆၃-၁၆၅)

Vol. 11 Ch. 163-165

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၆၃)

စားဖိုမှူးခေါင်းဆောင်ပေ၏ စိတ်မရှည်သောအပြုအမူကို မသိသော ယွမ်ကျိုးက ပုံမှန်အတိုင်း မနက်စောစောထပြီး မနက်စာအတွက် အစားအသောက်ပြင်ဆင်သည်။

နေ့တိုင်း၊နေ့တိုင်း ကြက်ဥပေါင်းကိတ် ၂၀၀ ကို ရောင်းချရန် ပြင်ဆင်ထား၍ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရသည်။

ဂျုံမှုန့်နှင့်ကြက်ဥတစ်လုံးကို ရောစပ်လျှင် ကိတ်မုန့် ၅ လုံး ပြုလုပ်နိုင်သည်။ ဤရောစပ်မှုသည် အကောင်းဆုံးသော အရသာကို ထောက်ပံ့ပေးရန် ပြီးပြည့်စုံသည်။

ယွမ်ကျိုးစားသောက်ဆိုင်သို့ မနက်ခင်းတွင် ပထမဦးဆုံးရောက်လာသော ဖောက်သည်က ပုံမှန်ဖောက်သည်မဟုတ်ပဲ ဝန်ဆောင်မှုဌာန၏ ဝန်ထမ်း ရှောင်ဝမ်ဖြစ်သည်။

"ရှင်က သူဌေးယွမ်လား"

ရှောင်ဝမ်က စားသောက်ဆိုင်ထဲသို့ လျင်မြန်သောခြေလှမ်းများဖြင့် ဝင်ရောက်လာပြီး မုရှောင်ယွမ်ထက်ပင် စောစွာ ရောက်ရှိနေသည်။

"ဟုတ်တယ် ငါပဲ"

ယွမ်ကျိုး ခေါင်းညိတ်သည်။

"ကောင်းပြီ ဒါဆိုရင် မနေ့တုန်းက ဒီတံခါးပေါ်မှာ ကြော်ငြာစာ ကပ်ခဲ့တာ ရှင်မို့လား။ ကြော်ငြာစာထဲမှာ ဝန်ဆောင်မှုဌာန နဲ့ တွဲဖက်အလုပ်လုပ်ချင်တယ်လို့ ရေးထားတယ်လေ"

"ကျွန်မတို့က ဒီအလုပ်ကို လုပ်တာပါ။ စကားလေး ပြောကြည့်လို့ရမလား"

သူမ၏နောက်တွင် တန်းစီစောင့်နေသော လူတန်းရှည်ကြီးကို ကြည့်ပြီး ရှောင်ဝမ်က အားတုံ့အားနာ အမူအရာဖြင့် စကားပြောသည်။

"မလိုအပ်ဘူး။ ငါငြင်းတယ်"

ယွမ်ကျိုးက ချက်ချင်း ငြင်းပယ်သည်။

"အချိန် ပြဿနာအတွက်ဆိုရင်တော့ လူကြီးမင်း အားလပ်တဲ့အချိန်ကို စောင့်ပြီးတော့ စကားပြောလည်းရပါတယ်"

ရှောင်ဝမ်က ဇွဲမလျှော့ချေ။

"အားနာပါတယ်။ အခုဆိုရင် ဆိုင်ဖွင့်ချိန် စတော့မယ်။ မင်းဘာများသုံးဆောင်ချင်သလဲ"

ယွမ်ကျိုးက ယဉ်ကျေးစွာ မေးမြန်းသည်။

"သူဌေးယွမ်၊ ကျွန်မရဲ့ကမ်းလှမ်းချက်ကို ဘယ်လိုထင်လဲ"

ရှောင်ဝမ်က တကယ်နားမလည်နိုင်ချေ။

"အားနာပေမယ့် ကျွန်တော် တကယ်မလိုအပ်သေးလို့ပါ။ ဒါကြောင့် ငြင်းပယ်ရတာပါ။ ဆိုင်ဖွင့်ချိန်လည်း ရောက်နေပြီ"

စကားပြောခြင်းကို အဆုံးသတ်ပြီးနောက် ယွမ်ကျိုးက မုရှောင်ယွမ် ဟင်းပွဲအော်ဒါပြောမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

"ဒါပေမယ့် မနေ့တုန်းက ကြော်ငြာစာ ကပ်ခဲ့တယ် မဟုတ်ဘူးလား"

သူမက အော်ဒါမှာရန် စောင့်ဆိုင်းနေသော ဖောက်သည်များကို အနှောက်အယှက်ပေးကာ သူမ သိလိုသည့်အချက်ကိုသာ မေးမြန်းနေသည်။

မနက်ခင်းဆိုင်ဖွင့်ချိန်သည် တိုတောင်း၍ နောက်ဘက်တွင် စောင့်ဆိုင်းနေသောဖောက်သည်များသည် ရှောင်ဝမ်ကို ဘေးတွန်းထုတ်ပြီး ဟင်းပွဲများကို အော်ဒါတင်သည်။

မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုး၏စားသောက်ဆိုင်သည် ၃၀ မီတာ ပတ်လည်သာရှိ၍ အချိန်အကြာကြီး စောင့်ဆိုင်းနေရန် မဖြစ်ချေ။

"ဒီသူဌေးက တကယ့်ကို ထူးဆန်းလွန်းတယ်"

ရှောင်ဝမ်က စားသောက်ဆိုင်တံခါးပေါက်နားမှာ မကျေမနပ် ပြောဆိုနေသည်။

သို့သော်လည်း သူမ၏ စကားသံသည် စားသုံးသူများကို သက်ရောက်မှု မရှိသည့်အပြင် မနက်ခင်းဆိုင်ဖွင့်ချိန်ကို အပြည့်အဝ ဆိုင်ဖွင့်နိုင်ခဲ့သည်။

ကြက်ဥပေါင်းကိတ် ၂၀၀ ကို ရောင်းချရန် ပြင်ဆင်ထားသော်လည်း ယွမ်ကျိုးက ၄ ခု စားထား၍ ဖောက်သည်များအတွက် ၁၉၆ ခုသာ ကျန်ရှိသည်။

မနက်ခင်းဆိုင်ဖွင့်ချိန် ပြီးလုနီးပါးအချိန်တွင် ယွမ်ကျိုး၏ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားသောဖုန်းမြည်လာသည်။ သူက လက်ကို ခြောက်အောင်သုတ်လိုက်ပြီး ဖုန်းပြန်ဖြေသည်။

ဝန်ဆောင်မှုဌာနမှ ဖုန်းဆက်သည်ဟု ထင်ထားသော်လည်း ဖုန်း၏ အခြားတစ်ဖက်မှ ဝင်ရောက်လာသော အသံသည် သူ မမျှော်လင့်ထားသောအသံ ဖြစ်နေသည်။

"သားကြီးရေ မင်းအတွက် လက်ဆောင် ကြီးကြီးမားမားပို့ဖို့ ရှိတယ်။ ငါ့ကိုစောင့်နေ"

ဖုန်း၏အခြားတစ်ဖက်မှ စွန်းမင်၏အသံ ထွက်ပေါ်လာသည်။

"ဘာသဘောလဲ"

ယွမ်ကျိုးက ချက်ချင်းပြန်မေးသည်။

"ဟား ဟား ဟား ဒါဆိုရင် မင်းသိရတော့မှာပါ။ ခဏပဲ စောင့်ပေးပေါ့"

ထို့နောက် စွန်းမင်က ချက်ချင်းဖုန်းချသွားသည်။

"ဒီကောင်က ရှင်းပြရခက်တဲ့ကိစ္စတွေဆို အမြဲလုပ်တယ်"

ယွမ်ကျိုးက ဖုန်းကို ဆုပ်ကိုင်ထားပြီး ဖုန်းကို အိတ်ကပ်ထဲပြန်မထည့်ခင် ဖန်သားပြင်ကို အချိန်အတော်ကြာ ငေးကြည့်နေသည်။

ထို့နောက် သူက မီးဖိုချောင်ရှင်းလင်းခြင်းလုပ်ငန်းကို စတင်လုပ်ကိုင်သည်။

စနစ်က စားသောက်ဆိုင်ကို အလိုအလျောက် သန့်ရှင်းရေး ပြုလုပ်ပေးသော်လည်း စာဖိုးမှူးတစ်ယောက်အနေဖြင့် မိမိ၏မီးဖိုချောင်ကို သန့်ရှင်းသပ်ရပ်အောင် ဆောင်ရွက်သင့်သည်။ ပန်းကန်ခွက်ယောက်များ ဆေးကြောခြင်းက ခြွင်းချက်ဖြစ်သည်။

စွန်းမင်က ကြီးကြီးမားမား တစ်စုံတစ်ရာကို ပြုလုပ်သကဲ့သို့ သူ့လက်၂ဖက်ကို ပွတ်သပ်လိုက်သည်။

စွန်းမင် စိတ်လှုပ်ရှားနေသည့် အကြောင်းအရာက ရိုးရှင်းသောကိစ္စရပ်ဖြစ်သည်။

သူတို့ အစားအသောက် ဆွေးနွေးပွဲတွင် တစ်စုံတစ်ယောက်က စားကောင်းသောက်ဖွယ်များ ရောင်းချသော စားသောက်ဆိုင်များကို လမ်းညွှန်ရန် စီစဉ်ပေးထားခြင်း ဖြစ်သည်။

ဤဆွေးနွေးပွဲ၏အမည်က ထန်ရှီးဆွေးနွေးပွဲ ဖြစ်သည်။ စွန်းမင်က အားလပ်ချိန်ရတိုင်း ဆွေးနွေးပွဲတွင် ပါဝင်ဆွေးနွေးလေ့ရှိသည်။

လွန်ခဲ့သော လဝက်ခန့်က သူ့ဆိုင်အတွက် ကုန်ပစ္စည်းများ ဝယ်ယူခြင်း၊ ကုန်ပစ္စည်းစာရင်း စစ်ဆေးခြင်းဖြင့် အလုပ်ရှုပ်နေ၍ ကွန်ပျူတာကို လုံးဝ ဖွင့်မကြည့်ခဲ့ချေ။

လဝက်ခန့်ကြာမှ ကွန်ပျူတာကို ဖွင့်ကြည့်ပြီး နောက်ဆုံးပေါ်သတင်းကို စစ်ဆေးကြည့်သောအခါ ထိပ်တန်းရောက်နေသော အသိပေးစာကို ရှင်းရှင်းလင်းလင်း မြင်တွေ့ရသည်။

စွန်းမင်က အသိပေးစာကိုဖွင့်ပြီး အကြောင်းအရာကို ကြည့်လိုက်သောအခါ သူအတော်လေး နောက်ကျသွားမှန်း သိလိုက်သည်။

ပထမနေရာအဖြစ် သတ်မှတ်ထားသည့်ဆိုင်က အမှတ်ပေးအဆင့်သတ်မှတ်ချက် အတော်လေးမြင့်မားသည်။

ရွေးချယ်ထားသော စားသောက်ဆိုင်အများစုသည် သူမနက်စာ သွားစားဖူးသော နေရာအများစုဖြစ်သည်။

သူသွားစားဖူးသော စားသောက်ဆိုင်အားလုံးနှင့် စားသောက်ဆိုင်တွင် ရောင်းချသော ဟင်းပွဲများကို အသေးစိတ် မိတ်ဆက်ပေးထားသေးသည်။

ရွေးချယ်ခံထားရသော စားသောက်ဆိုင်များသည် ကြော်ငြာရေးသားရာတွင် ထူးချွန်ပုံ ရသည်။

ဟင်းပွဲများ ဖော်ပြချက်သည် အခြားသူတစ်ယောက်၏ အစားစားချင်စိတ်ကို လှုံ့ဆော်ပေးသည်။

စစ်ဆေးကြည့်ပြီးနောက် စွန်းမင်က လွန်ခဲ့သော ၅ ရက်ခန့်က တင်ထားသော post ဖြစ်ကြောင်း သိရှိသွားသည်။

စာမျက်နှာကို အပေါ်အောက် လှန်လှောဖတ်ရှုနေပြီး ဟင်းပွဲအရသာ သွားမြည်းဖူးသည့် လူတစ်ယောက်ရေးသားထားသော မှတ်ချက်များက အလွန်ကောင်းမွန်နေကြောင်းလည်း တွေ့ရသည်။

Post အောက်တွင်ရေးသားထားသော မှတ်ချက်များသည် ချီးမွမ်းစကားများဖြစ်သည့်တိုင် စွန်းမင် မယုံကြည်နိုင်ချေ။

"ဒီလိုရိုးရှင်းတဲ့ဖော်ပြချက်လေးနဲ့ ပထမနေရာ ရောက်သွားတာလား။ လုံးဝ လက်ခံနိုင်စရာ မရှိဘူး။ ပထမနေရာ ငါ့အတွက်ပဲဖြစ်သင့်တယ်"

စွန်းမင်က သူ့ကိုယ်သူ ထူးချွန်ထက်မြက်သူဟု ခံယူထားသည်။

ထို့နောက် သူက စားသောက်ဆိုင်ကို အသေးစိတ်လေ့လာရန် စတင်သည်။

"ဒီစားသောက်ဆိုင်ကို အရင်ကလည်း သွားဖူးပါတယ်။ အရသာက မဆိုးပေမယ့် သူပြောထားသလောက်လဲ မကောင်းပါဘူး။ ဒီလူ အရသာခံအာရုံများ ပျက်စီးနေသလား"

"Postမှာ အလွန်အကြူး ချဲ့ကား ရေးထားသေးတယ်။ အဲ့လူ ချက်တဲ့ဟင်းပွဲတွေက အကြင်နာတရားတွေနဲ့ ပြည့်နေတယ်တောင် ဖြစ်ရသေးတယ်။ အကြင်နာတရားတွေက စားလို့ရလို့လား"

စွန်းမင်က အထင်အမြင်သေးဟန်ဖြင့် ရေရွတ်သည်။ အကြင်နာတရားများ ပြည့်နှက်နေသော ဟင်းလျာများကို ရောင်းချနေသော စားသောက်ဆိုင်နှင့်ပတ်သက်၍ စွန်းမင်၏ ထင်မြင်ယူဆချက်က ဆိုးရွားသည်။

ယခုလိုဖြစ်ရသည့် အကြောင်းရင်းကလည်း ရှိသည်။ တကယ်တမ်း စွန်းမင်က စီနီယာ အစားအသောက် ဝါသနာရှင်ဖြစ်ပြီး လမ်းကြိုလမ်းကြားမကျန် အရသာရှိသော စားကောင်းသောက်ဖွယ်များကို သွားရောက်စားဖူးသည်။

လက်လုပ်ခေါက်ဆွဲရောင်းချသော စားသောက်ဆိုင်က နာမည်ကြီးပြီး တခြားသူများညွှန်း၍ သွားစားကြည့်ရန် ဆုံးဖြတ်ထားသည်။

၎င်းဆိုင်၏ စားဖိုမှူးသည် ကျင်ချန်းမှ စားဖိုမှူးဖြစ်ပြီး ရာစုနှစ်ကျော် စားသောက်ဆိုင်မှ ဟင်းပွဲချက်ပြုတ်နည်းများကို လေ့လာထားသည့် ပညာရှင်လည်းဖြစ်သည်။

စွန်းမင်က သူ့ရဲ့ဂုဏ်သိက္ခာကို အဖက်ဆယ်ရန် ဤဆိုင်မှ အရသာကို သွားမြည်းစမ်းကြည့်ရန် ဆုံးဖြတ်ထားသည်။ ထို့ကြောင့် သူနှင့်အတူတူ မျောက်ကြီးကို အဖော်ခေါ်သွားသည်။

"စွန်း ငါတို့သွားချင်တဲ့နေရာကို ရောက်တော့မှာလား"

မျောက်ကြီးက လမ်းလျှောက်ရခြင်းကို မနှစ်သက်သူဖြစ်သည်။ ခဏကြာ လမ်းလျှောက်ပြီးနောက် သူမေးမြန်းလိုက်သည်။

"ဟုတ်တယ် ရောက်လောက်ပြီ။ ငါ့ကိုသာ ယုံကြည်ထားလိုက်"

စွန်းမင်က ဟုတ်မှန်ကြောင်း ပြောဆိုသည်။

"ငါတို့တွေ ဒီရပ်ကွက်ထဲကိုတောင် ဝင်နေပြီနော်။ သူတို့ပြောတော့ ဆိုင်က ဒီရပ်ကွက်ရဲ့အပြင်ဘက်မှာရှိတယ်လို့ ပြောခဲ့တာ မဟုတ်ဘူးလား"

မျောက်ကြီးက စပ်စပ်စုစုမေးမြန်းသည်။

"ဒီလိုရပ်ကွက်မှာ လမ်းတွေက အတွင်းအပြင် ရှုပ်ထွေးနေတယ်။ ငါတို့တွေ အထဲကို ဝင်လို့ မရဘူးဆိုရင် တစ်ချက် ပတ်ကြည့်ကြမယ်လေ"

စွန်းမင်က သူနေရာမှားလာကြောင်း ဝန်မခံချင်ပေ။ ထို့အစား သူက ဤနေရာနှင့် အတော်အတန် ရင်းနှီးနေသည့်အမူအရာ ဖန်တီးသည်။

"ကောင်းပြီလေ"

မျောက်ကြီးက စကားဆက်မပြောပဲ စွန်းမင်နောက် ဆက်လိုက်သည်။

တိုက်ဆိုင်စွာဖြင့် စားသောက်ဆိုင်ကို ရပ်ကွက်၏ အပြင်ဘက်တွင် ဖွင့်ထားသော်လည်း မီးဖိုချောင်က စားသောက်ဆိုင်၏အနောက်ဘက်၊ ရပ်ကွက်၏အတွင်းဘက်အခြမ်းကို ဦးတည်ကာ တည်ရှိနေသည်။

သူတို့ရောက်သွားသည့်အချိန်က နေ့လည် ၂နာရီ ရောက်နေပါပြီ။ မီးဖိုချောင် နောက်ဘက်တံခါးက ဖွင့်ထားပြီး စားဖိုမှူးဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသားတစ်ယောက်သည် တံခါးပေါက်နားမှာ ထိုင်နေသည်။

၎င်းအမျိုးသားသည် ညှပ်ဖိနပ်ကို ကြမ်းပြင်ပေါ် ချွတ်ထားပြီး ခြေဖလာဖြင့် ခြေထောက်ချိတ်ကာ ထိုင်နေပြီး သူ့လက်ဖြင့် ခြေဖဝါးကို ကုတ်နေသည်။

စက်ဆုပ်ဖွယ်ကောင်းသော အပြုအမူကြောင့် စွန်းမင်နှင့် မျောက်ကြီးတို့ ပျို့အန်ချင်သောဆန္ဒ ဖြစ်ပေါ်လာသည်။ သူတို့ မှတ်ချက်မပေးခင် စားသောက်ဆိုင်၏ ပင်မခန်းမဆောင်မှ အသံတစ်သံ ထွက်ပေါ်လာသည်။

"ဒုတိယအပါးလွှာဆုံး လက်လုပ်ခေါက်ဆွဲ တစ်ပွဲပေးပါ"

"လာပြီ၊ လာပြီ"

၎င်းအမျိုးသားသည် ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး မုန့်ညှက်များကို မယူခင် ဂျုံနယ်သော အပြားဆီ လမ်းလျှောက်သွားပြီး ခြေထောက်ကုတ်ထားသော လက်များကို ရေမဆေးပဲ မုန့်ညှက်များကို နယ်သည်။

ဤမြင်ကွင်းကြောင့် သူတို့နှစ်ယောက် တအံ့တဩဖြစ်သွားရသည်။

"ဒါက မင်းသတင်းကြားထားတဲ့ အရမ်းအရသာရှိတဲ့ လက်လုပ်ခေါက်ဆွဲလား"

မျောက်ကြီးက သူ့ရှေ့တွင်ရှိသောစားသောက်ဆိုင်ကို တအံ့တဩ ငေးကြည့်ကာ မေးမြန်းလိုက်သည်။

"မဖြစ်နိုင်ဘူး။ ငါ့ကို တခြားသူတွေ လှည့်စားသွားတာပဲ ဖြစ်မယ်"

စွန်းမင်က တုံ့ဆိုင်းခြင်းမရှိပဲ ပြန်ဖြေသည်။

"ငါ့ကို ခေါက်ဆွဲစားဖို့ နောက်နောင် မဆွယ်နဲ့တော့"

မျောက်ကြီးက စိတ်ပျက်လက်ပျက် ပြန်ဖြေတော့သည်။ ထို့နောက် သူတို့နှစ်ယောက်က ဆုံးဖြတ်ချက်ပိုင်နိုင်စွာဖြင့် လှည့်ထွက်သွားပြီး သူတို့၏ အံ့အားသင့်နေသော စိတ်ခံစားချက်ကို ဖြေလျော့ရန် အဖိုးလီ၏ ဘဲကင်ကို ဝယ်စားရန် ဆုံးဖြတ်လိုက်သည်။

၎င်းရွေးချယ်ပေးသူသည် ချန်ထူးပြည်နယ်၏ လက်ရာအတိုင်း အရသာရှိသည့် ကြက်ဥပေါင်း ကိတ်သရေစာကိုလည်း လမ်းညွှန်ပေးထားသည်။

စွန်းမင်က ယွမ်ကျိုး၏စားသောက်ဆိုင်တွင်လည်း ကြက်ဥပေါင်းကိတ် ရောင်းချမှန်း သိထားသည်။ သူအရသာ မမြည်းစမ်းရသေးသော်လည်း ယွမ်ကျိုးထက် ကောင်းမွန်အောင် ပြုလုပ်နိုင်သော ကြက်ဥပေါင်းကိတ် မရှိနိုင်ဟု ယုံကြည်မိသည်။

နောက်တနေ့ မနက်ခင်းတွင် စွန်းမင်က သူ့အင်္ကျီလက်ကို ခေါက်တင်လိုက်ပြီး Post ရေးသားရန် စတင်သည်။

ပထမဦးဆုံး ယွမ်ကျိုးစားသောက်ဆိုင်နှင့် တစ်နေ့တာ အစားခရီးစဉ်ဆိုသော Post လေးကို ရေးသားသည်။

သူက အသေးစိတ် မှတ်တမ်းတင်ထားပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ရောင်းချသော ဟင်းပွဲများကို ကြော်ငြာပေးထားသည်။

ထို့အပြင် ယွမ်ကျိုးစားသောက်ဆိုင်၏ အထူးစည်းမျဉ်းများကိုလည်း မရှိမဖြစ် ထည့်သွင်းရေးသားပေးထားသည်။

သူ၏ယှဉ်ပြိုင်မှုက နောက်ကျသွားမှန်း စွန်းမင် ခံစားမိ၍ အခြားသူများက မဲပေးရန်လည်း မလွယ်ကူချေ။

ရုတ်တရက် အကြံပေါ်လာ၍ သူ့ Post ကို wechat အစားအသောက် group သို့ ချက်ချင်းပို့လိုက်ပြီး မဲပေးရန်အတွက် သူ၏ အစားအသောက် သူငယ်ချင်းများကို အားကြိုးမာန်တက် လှုံ့ဆော်သည်။

"ညီအစ်ကိုတို့ရေ ငါ့ကို တစ်ချက်လောက် မဲပေးကြပါဦး"

စွန်းမင်က တည်ငြိမ်သောအမူအရာဖြင့် ကွန်ပျူတာကိုကြည့်ကာ စကားပြောသည်။

အပိုင်း(၁၆၃)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၆၄)

ယွမ်ကျိုးက စွန်းမင်ရဲ့အစီအစဉ်ကို အမှန်တကယ်

မသိခဲ့ပေ။ ကျန်းချန်ရှီး စားသောက်ဆိုင်သို့ ထပ်မံရောက်ရှိလာချိန် နေ့လည်ခင်းဆိုင်ဖွင့်ချိန် ဖြစ်နေပါပြီ။

"သူဌေးယွမ် ကျွန်မဆိုင်ကိုထပ်လာတယ်နော်"

သူမက စားသောက်ဆိုင်ထဲသို့ ပြုံးကာရွှင်ကာဖြင့်လမ်းလျှောက်လာသည်။

စားကောင်းသောက်ဖွယ်များကို စိတ်အားထက်သန်စွာ မြည်းစမ်းနေသည့် ဖောက်သည်တစ်ချို့သာ ရှိသေးသည်။

"ဒါဆိုရင် မင်းဘာများ သုံးဆောင်ချင်သလဲ"

ယွမ်ကျိုးက ပုံမှန်အတိုင်းယဉ်ကျေးစွာ‌ မေးမြန်းသည်။

"ဟူး သူဌေးယွမ် ရှင်က ကျွန်မကိုဆို အမြဲတမ်း အေးတိအေးစက်ဆက်ဆံတယ်နော်"

ကျန်းချန်ရှီးက သူမ၏အပြုအမူအတိုင်း ယွမ်ကျိုးကို စနောက် ကျီစယ်သည်။

"အင်း"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး သူမ ဟင်းပွဲအော်ဒါမှာမည့်အချိန်ကို စောင့်ဆိုင်းနေသည်။

"သူဌေးယွမ်၊ ကျွန်မကို အခုလိုမျိုး ဆက်ဆံနေရင် ရှင်က ပိုပိုပြီးတော့ ချစ်စရာမကောင်းတော့ဘူးနော်"

ကျန်းချန်ရှီးက လေးနက်သောအမူအရာကို ဟန်ကိုယ့်ပြီး ပြောသည်။ ထိုစဉ် ယွမ်ကျိုးက နှုတ်ဆိတ်နေသည်။အမျိုးသားတစ်ယောက်အနေဖြင့် ချစ်ဖို့ကောင်းဖို့ထက် ခန့်ညား‌ချောမောရန်သာ လိုအပ်သည်။ သူက ခန့်ညားချောမောသော လူလွတ်အမျိုးသားတစ်ယောက်သာ ဖြစ်သည်။

"ချိုမြတဲ့ဆန်မုန့်က ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း၁၀၀ ထဲမှာပါတယ်

မလား"

ကျန်းချန်ရှီး၏ ကျီစယ်သော အပြုအမူက ပုံမှန်သမရိုးကျဖြစ်သည်။ ထို့နောက် သူမက သင့်လျော်သောဟင်းပွဲကို အော်ဒါတင်သည်။

"ကောင်းပြီ။ ဒါဆိုရင် မနက်ဖြန် ဒီအချိန် ပြန်လာခဲ့"

ယွမ်ကျိုးက ခေါင်းညိတ်သဘောတူလိုက်ပြီး

ပုံမှန်အတိုင်း ပြန်ပြောသည်။

"ကောင်းပြီလေ။ ဒါဆိုရင် ဒီနေ့ ငါဘာစားရမလဲ"

ကျန်းချန်ရှီးက ဤဟင်းပွဲအတွက် မနက်ဖြန်ထိ စောင့်ဆိုင်းရမည်ဟု မမျှော်လင့်ခဲ့ပေ။

"မင်း စားချင်တာ စားလေ" ယွမ်ကျိုးက သူမ ကြိုက်သည့်ဟင်းပွဲကို အော်ဒါမှာနိုင်ကြောင်း ပြောပြသည်။

"ဒါပေမယ့် ငါဆန်အခြေပြုဟင်းပွဲတွေကိုပဲ စားချင်တုန်းပဲ။ ဒါဆိုရင် သေးငယ်တဲ့ဆန်ဘောလုံးလေးတွေဆိုရင်ရော အဆင်ပြေလား"

အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် ကျန်းချန်ရှီးက ဆန်အခြေပြုဟင်းပွဲကိုသာ စားချင်သေးမှန်း သူမကို သူမ သိသည်။ ဤဟင်းပွဲကိုသုံးဆောင်ခြင်းက ယွမ်ကျိုးကိုလည်း စနောက်ကျီစယ်၍ အဆင်ပြေသည်။

"ဒါဆိုရင် မင်းရဲ့အနောက်ဖက်မှာရှိတဲ့ စည်းမျဉ်းကို ဖတ်ပေးပါ"

ယွမ်ကျိုးက နံရံပေါ်တွင်ရှိသော စည်းမျဉ်းစည်းကမ်းများကို ပြသသည်။ဖောက်သည်တိုင်းက နေ့တိုင်း၊နေ့တိုင်း ဟင်းတစ်ပွဲကိုသာ မှာခွင့်ရှိသည်ဟူသော အချက်ဖြစ်သည်။

"ဒါပေမယ့် ငါစောနကမှာတဲ့ဟင်းပွဲက ချိုမြတဲ့ဆန်မုန့်လေ။ အခုဟာက သေးငယ်တဲ့ ဆန်ဘောလုံးလေးတွေကို မှာတာလေ"

ကျန်းချန်ရှီးက ပြန်ပြောသည်။

"၂မျိုးလုံးက ဆန်အခြေပြုဟင်းပွဲအမျိုးပေါင်း၁၀၀မှာ ပါဝင်တယ်လေ"

ယွမ်ကျိုးက အဓိကအချက်ကို ညွှန်ပြသည်။

"ဒါပေမယ့် ကြက်ဥပေါင်းကိတ်ကိုတော့ မနက်ခင်းမှာအရသာ၂မျိုးနဲ့ရောင်းချတယ်လေ။ ဒါကရော ရှင် ချမှတ်ထားတဲ့စည်းမျဉ်းတွေကို ချိုးဖောက်တာ မဟုတ်ဘူးလား"

ကျန်းချန်ရှီးက ကောက်ကျစ်စဉ်းလဲသောအပြုံးဖြင့် အမှားကို ထောက်ပြသည်။

"အမဲနုပ်နုပ်စဥ်း နဲ့ ဘလူးဘယ်ရီယိုက အထူးဟင်းပွဲ ၂၂ နဲ့ ၁၃မှာ ပါဝင်ပါတယ်"

ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် ပြန်ပြောသည်။

"သူဌေးယွမ်၊ ရှင်ပြောတဲ့စကားတွေက အဓိပ္ပာယ်မရှိဘူး။ ကျွန်မ ဘယ်လိုပြန်ဖြေရမလဲတောင် မသိတော့ဘူး"

ကျန်းချန်ရှီးက နှုတ်ဆိတ်သွားသည်။

ထို့နောက် သူမကတိတ်တဆိတ် ထွက်ခွာသွားရန်သာ ရွေးချယ်ခဲ့သည်။ သူမက ယွမ်ကျိုး၏

ကောက်ကျစ်စဉ်းလဲသော စည်းမျဉ်းများနှင့် ကျင့်သားရနေပြီးသားဖြစ်၍ ယွမ်ကျိုး၏စားသောက်ဆိုင်သို့ နောက်တစ်နေ့ နေ့လည်ခင်းတွင် ပြန်လာရန် ဆုံးဖြတ်ထားသည်။ ထိုမှသာ သူမ စားချင်သော ချိုမြသည့်ဆန်မုန့်ကို စားခွင့်ရမည် ဖြစ်သည်။ ချိုမြသောဆန်မုန့်သည် သူမတို့ ငယ်စဉ်ဘဝက ရှားပါးသော သ‌ရေစာမုန့်ဖြစ်သည်။ယနေ့ခေတ် ရောင်းချသောဆန်မုန့်သည် ယခင်ကရောင်းချသော ဆန်မုန့်နှင့်အနည်းငယ် ခြားနားမှုရှိသည်။ ချိုမြသောဆန်မုန့်ကို ပြုလုပ်ရန်အတွက် အသုံးပြုရသောဆန်က ‌သရေစာ မုန့်၁ကီလိုဂရမ်အတွက် ဆန်၃ကီလိုကို အသုံးပြုရသည်။ ထို့ကြောင့် ကျန်းချန်ရှီး အော်ဒါတင်ခဲ့သော ချိုမြသောဆန်မုန့်ဟင်းပွဲသည် ဆန်ကို အခြေပြု၍ ပြုလုပ်ထားသောဟင်းပွဲ ဖြစ်သည်။

မနက်ခင်းဆိုင်ဖွင့်ချိန် ပြီးဆုံးပြီးနောက် ယွမ်ကျိုးက ချိုမြသော ဆန်မုန့်ပြုလုပ်ရန် စတင်ပြင်ဆင်သည်။ ယွမ်ကျိုးက ချိုမြသောဆန်မုန့်အကြောင်းကို သိထားသည်။

တိုက်တိုက်ဆိုင်ဆိုင် ယွမ်ကျိုးကလည်း ငယ်စဉ်ဘဝကတည်းက ဆန်နှင့် ပတ်သက်သော သရေစာမုန့်များကို နှစ်ခြိုက်သူဖြစ်သည်။

"စနစ်၊ ငါတို့ဆီမှာ ကျင်းဆန်ရှိလား"

ယွမ်ကျိုးက သူ့အတွေးကိုချက်ချင်းထုတ်ပြောသည်။

စနစ်ကဖော်ပြသည်။

[အံဆွဲထဲမှာ ထည့်ပေးထားပါတယ်]

"ကောင်းပြီ"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး အံဆွဲအတွင်းမှ ဆန်၂၅၀ဂရမ်ကို ထုတ်ယူလိုက်သည်။ ကျင်းဆန်စိုက်ပျိုးနည်းအကြောင်းကို ရှင်းပြရလျှင် လွန်ခဲ့သောနှစ်ပေါင်း၆၉၀၀ခန့်ကို အစပြု၍ ရှင်းပြရမည်။ ဆန်စိုက်ပျိုးသော မူလနယ်မြေသည် ‌အရှေ့မြောက်ဖက်အရပ်တွင် ရှိခဲ့သော်လည်း ယခုတော့ယန်းမြေ၏တောင်ဖက်

စူဟန်းနယ်မြေ ဖြစ်သည်။

ဤနယ်မြေသည် ဆန်စပါးနှင့်ရေထွက်ပစ္စည်းများ ပေါကြွယ်ဝသောနယ်မြေအဖြစ် လူသိများ ထင်ရှားခဲ့ဖူးသည်။

ဆန်ကို ခပ်ယူတဲ့အခါမှာ ယွမ်ကျိုးက ဆန်ညစ်ညမ်းခြင်းမှ ကာကွယ်ရန် ပါးလွှာသောလက်အိတ်ကို အသုံးပြုသည်။ ထို့ပြင် ဆန်စေ့များကို ဆေးကြောရန်လည်း မလိုအပ်ချေ။ ယွမ်ကျိုးက ရှေးကျတဲ့ ဆန်ကြိတ်စက်ကို အသုံးပြုထားသည်။ ထို့ကြောင့် အပူချိန်ထိန်းချုပ်မှုကို အလေးထားဆောင်ရွက် ရန် လိုအပ်သည်။ သို့တည်းမဟုတ်လျှင် ကြိတ်ထားသောဆန်များက စားမရဘဲ ကြည့်ရဆိုးသည့် အခြေနေရောက်သွားနိုင်သည်။ စက်မှ ထွက်ပေါ်လာသောအသံကြောင့် ယွမ်ကျိုးမျက်မှောင်ကြုတ်မိသည်။ ထို့ပြင် မီးအိုးအတွင်းတွင် ရှိသောအပူချိန်ကိုသာ သူက

အာရုံစိုက် စောင့်ကြည့်နေရသည်။ ချိုမြသော ဆန်မုန့်ပြီးလုနီးပါးအချိန်တွင် ယွမ်ကျိုးက ရုတ်တရက် မေးမြန်းလိုက်သည်။

"ဒီအသံကို ဖယ်ရှားပေးလို့ မရဘူးလား"

စနစ်က ဖော်ပြသည်။

[ဒီလိုလက်ကို သုံးရတဲ့စက်အမျိုးအစားက လေဖိအား လိုအပ်တဲ့အတွက်ကြောင့် ဒီအသံကို ဖယ်ရှားလို့မရဘူး။ ပြီးတော့ ဆိုင်ရှင်က သီးခြားစနစ်တစ်ခုကို ပြောင်းလဲလို့ရပါတယ်]

"အပြင်က လူတွေ မကြားရင်အဆင်ပြေတယ်။

မကြားလေ ကောင်းလေပေါ့"

ယွမ်ကျိုးက ကျယ်လောင်သောအသံကို တစ်ခြားသူများ ကြားသွားမည်ကို စိုးရိမ်နေသည်။စားသောက်ဆိုင်ထဲမှာ အသံဆူဆူညံညံထွက်ပေါ်လာလျှင် ဖြေရှင်းရခက်သည်။ လိုအပ်သော ပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် ယွမ်ကျိုးက ကြိတ်ထားသော ဆန်များဖြင့် ပြည့်နေသောစက်ကိုဖွင့်သည်။ အဖြူရောင်ဆန်မှုန့်များသည် ဆက်ထားသောအဝတ်အိတ်ထဲသို့ ကျဆင်းသွားသည်။

စနစ်က လိုအပ်သော ကိရိယာများကိုလည်း ကြိုတင်ပြင်ဆင်ထားပေးသည်။ ၎င်းကိရိယာများထဲတွင် သေးငယ်သောသစ်သားဗူးလေးက ဆန်မှုန့်ကို ပုံဖော်ရန်ဖြစ်ပြီး မာကြောသောဝါးဓားက ဆန်မုန့်ကို သေးငယ်သော အပိုင်းအစလေးများ

အဖြစ် ဖြတ်တောက်ရန်ဖြစ်သည်။ သို့သော်ငြားလည်း အရေးကြီးဆုံးအစိတ်အပိုင်းက သကြားအရည်ပျော်ခြင်းဖြစ်သည်။ သကြားအရည်ပျော်ခြင်းတွင် ရေကိုအသုံးပြု၍ အရည်ပျော်ခြင်းနှင့် ဆီကိုအသုံးပြု၍ အရည်ပျော်ခြင်းဟူ၍ ၂မျိုးရှိသည်။

ရေကို အသုံးပြု၍ အရည်ပျော်ခြင်းက ရိုးရှင်းပြီးလုပ်ဆောင်ရလွယ်ကူသော်လည်း သကြားအရောင်ကို မပေါ်လွင်နိုင်ပေ။ အရသာကလည်း ကွာခြားမှုရှိသည်။သို့သော်ငြားလည်း ဆီကိုအသုံးပြု၍ အရည်ပျော်ခြင်းက မီးကို ထိန်းချုပ်ရ ခက်ခဲသော်လည်း အရသာကပို၍ချိုမြသည်။ သို့သော်ငြားလည်း

ယွမ်ကျိုးက အကျက်လွန်သောအခြေအနေ မဖြစ်ချင်ပေ။ ဆီကိုအသုံးပြု၍ အရည်ပျော်ထားသော သကြားက ရေကို အသုံးပြု၍အရည်ပျော်ထားသော သကြားထက်ပို၍သာလွန်ပြီး အရသာကလည်း ပို၍ချိုမြကာ အရောင်တောက်သည်။ ထို့ကြောင့် ယွမ်ကျိုးက သကြားကို ဆီအသုံးပြု၍ အရည်ပျော်သည့်နည်းလမ်းကို ရွေးချယ်ခဲ့သည်။

ထို့ကြောင့် ဒယ်အိုးထဲသို့စား၍ရသော ဆီတချို့ လောင်းချလိုက်ပြီးနောက် အရည်ပျော်မည့် အဖြူရောင်သကြားများကို လောင်းထည့်လိုက်သည်။ သစ်သားဇွန်းဖြင့် ဆီကို သမအောင် မွှေလိုက်ပြီး အဖြူရောင်သကြားများ တဖြည်းဖြည်းချင်း အရည်ပျော်လာကာ သကြား၏မွှေးရနံ့ကလည်း ဖြေးညှင်းစွာထွက်ပေါ်လာသည်။ အဖြူရောင်သကြားများ အရည်ပျော်သွားပြီး အဝါရောင်သန်းလာသောအခါ ယွမ်ကျိုးက မီးကို ပိတ်လိုက်ပြီး ကြိတ်ထားသောဆန်ကို ဒယ်အိုးကြီးထဲ လောင်းထည့်လိုက်ပြီး သမအောင်မွှေသည်။ ထို့နောက် သကြားဖြင့်ရောထားသော ဆန်များကို ပုံဖော်မည့် သေတ္တာထဲသို့ထည့်လိုက်သည်။

ပိုလျှံနေသည့် သကြားအရည်ကို ဝါးဓားမှာ သုတ်လိုက်သည်။ ချိုမြသောဆန်မုန့်မှာ အပူ‌ငွေ့နှင့်အတူ မွှေးရနံ့များ ထွက်ပေါ်လာသောအခါ သူက အအေးခံရန် ဘေးနားချထားလိုက်သည်။ အအေးခံခြင်း ပြီးဆုံးပြီးနောက် ယွမ်ကျိုးက ဆိုင်တံခါးကို ဖွင့်လိုက်သောအခါ

မုရှောင်ယွမ်၏ဘေးနားမှာ စောင့်ဆိုင်းနေသည့် ကျန်းချန်ရှီးကို မြင်တွေ့ရသည်။

"သူဌေးယွမ် ရှင်ကချိုမြတဲ့ဆန်မုန့်ကို လုပ်နေတာလား"

ကျန်းချန်ရှီးက နှာခေါင်းရှုံ့လိုက်ပြီး မွှေးကြိုင်သော သကြားရနံ့ကို ရှုကြည့်သည်။

"အင်း၊ အဆင်သင့်ဖြစ်နေပြီ။ စောင့်စရာမလိုတော့ဘူး"

ယွမ်ကျိုးက ခေါင်းညိတ်သည်။

"ဒါကို စားဖို့ပဲစောင့်နေတာ။ အကြာကြီး မစောင့်နိုင်တော့ဘူး"

ကျန်းချန်ရှီးက ထိုင်ခုံမှာတိတ်တဆိတ် ထိုင်လိုက်ပြီး ဟင်းပွဲ လာချပေးမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ဤအမျိုးသမီး နှုတ်ဆိတ်ပြီး နာခံသည့်အချိန်က ရှားရှားပါးပါးအခြေအနေဖြစ်သည်။

ယွမ်ကျိုးက သူမကိုလျစ်လျူရှုလိုက်သည်။ ထို့နောက် သူက ချိုမြသောဆန်ကိတ် ထည့်ထားသော သေတ္တာကို ယူလိုက်ပြီး သေတ္တာကို အပေါ်အောက်လှန်လိုက်သည်။

ထို့နောက် မိုးပြာရောင်ကျောက်တုံးကောင်တာ‌ပေါ်တွင် သရေစာမုန့်ကို တင်လိုက်ပြီး ဝါးဓားကိုအသုံးပြုကာ လှီးဖြတ်ရန် ပြင်ဆင်သည်။ ချိုမြသောဆန်ကိတ်သည် မမာလွန်း၊ မ‌ပျော့လွန်းအခြေအနေဖြစ်သောကြောင့် ဖြတ်တောက်ရ လွယ်ကူသည်။

"အနံ့လေးက မွှေးနေတာပဲ အခုပဲ စားချင်လာပြီ"

ကျန်းချန်ရှီးက မတ်တပ်ရပ်လိုက်ပြီး သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းက ကောင်တာပေါ်

ကို ကျက်သရေမရှိသော

အမူအရာဖြင့် မှီထားသည်။

"နင့်သရေတွေ ကျတော့မယ်၊ သတိထားဦး"

ယွမ်ကျိုးက maskတပ်ထားပြီး ကျန်းချန်ရှီးကို သတိပေးစကားပြောသည်။

ကျန်းချန်ရှီးက ခပ်တန်းတန်းအမူအရာဖြင့် ပါးစပ်ထောင့်မှာ ကျလာသောသရေကိုသုတ်လိုက်ပြီး ဘာမှမဖြစ်သကဲ့သို့ ပြုမူနေသည်။ထို့နောက် သူမက ယွမ်ကျိုး ချိုမြသောဆန်မုန့် ဖြတ်တောက်နေသောအခြေအနေကို ငေးစိုက်ကြည့်နေသည်။

"ဝေးဝေးနေစမ်းပါ။ နင့်သရေတွေ အထဲကိုကျတော့မယ်"

ဤတစ်ကြိမ်တွင် ယွမ်ကျိုးကအဓိကအချက်ကို ထောက်ပြသည်။သို့သော်လည်း ကျန်းချန်ရှီးကို ထိန်းချုပ်ရန်ခက်ခဲလွန်းသည်။ ယခုအချိန်တွင် ကျန်းချန်ရှီး၏စိတ်ထဲ ၂စင်တီမီတာအထူရှိပြီး ၂၅စင်တီမီတာအကျယ်အဝန်းရှိသော ချိုမြသောဆန်ကိတ်သာ လွှမ်းမိုးထားသည်။

ချိုမြသောဆန်ကိတ်၏အပေါ်ယံတွင် တောက်ပသောအဝါရောင်သကြားလေးများကို ဖြူးထားပြီး အနံ့ကလည်းမွှေးကြိုင်လွန်း၍

စားချင်စိတ်ကိုထိန်းမရပေ။သူက ယခုချက်ချင်းပင် မြည်းစမ်းချင်သောဆန္ဒဖြစ်ပေါ်နေသည်။

အပိုင်း(၁၆၄)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၆၅)

ယွမ်ကျိုး ပြုလုပ်ထားသော ချိုမြသောဆန်ကိတ်သည် သူကလေးဘဝက စားခဲ့ဖူးသောဆန်ကိတ်နှင့် အတိအကျ တူညီသည်။ တစ်ခြားသော ပါဝင်ပစ္စည်းများကို အသုံးမပြုထားဘဲ ဆန်နှင့်သကြားကိုသာ အသုံးပြုထားသည်။ တကယ်တော့ တစ်ခါတစ်ရံတွင် မြေပဲနှင့် နှမ်းစေ့များကို ရောထည့်တတ်သော်လည်း အများစုက ၎င်းပစ္စည်းများကို အသုံးမပြုကြပေ။ ယွမ်ကျိုးက ချိုမြသောဆန်ကိတ်ကို ဝါးဓားဖြင့်အပိုင်းပိုင်း လှီးဖြတ်သည်။ အပိုင်းအစတိုင်းသည် လက်တစ်ချောင်းစာအထူ နှင့် လက်တစ်ချောင်းစာအရှည်ရှိပြီး ပါးစပ်ထဲထည့်ရန် ပြည့်ပြည့်စုံစုံ အရွယ်အစားဖြစ်သည်။ ယွမ်ကျိုးက အဖြူရောင်ပန်းကန်ပြားကို ထုတ်လိုက်ပြီး ချိုမြသောဆန်ကိတ်၈ခုကို ပန်းကန်ပြားပေါ်တင်ကာ ကျန်းချန်ရှီးဆီ သယ်သွားသည်။

"ဒါ ခင်ဗျားမှာထားတဲ့ ချိုမြတဲ့ဆန်ကိတ်ပါ"

ယွမ်ကျိုးက စားလို့ရပြီဖြစ်ကြောင်း သူမကို အချက်ပြသည်။ ချိုမြသောဆန်ကိတ်သည် ယခုအချိန်မှာ အရသာအရှိဆုံးဖြစ်သည်။ သကြား၏ချိုမြမှုနှင့် ဆန်၏ကြွပ်ဆက်မှုကို ရောစပ်အသုံးပြုထားသည့်အပြင် စားရအဆင်ပြေအောင် အအေးခံထားပေးသည်။

"အွန်း"

ကျန်းချန်ရှီးက စိတ်အားထက်သန်စွာ ပြ‌န်ဖြေသည်။ထို့နောက် သူက ချိုမြသောဆန်ကိတ်ကို လက်ဖြင့်ကောက်ယူလိုက်ပြီး ပါးစပ်ထဲချက်ချင်းထည့်သည်။ ကျန်းချန်ရှီးက ချိုမြသောဆန်ကိတ်ကို စားရင်း ငယ်ဘဝကိုပြန်ရောက်သွားသကဲ့သို့ ခံစားမိသည်။ ချိုမြမှုနှင့် မွှေးကြိုင်သောအရသာ၊ ဆန်၏ကြွပ်ဆတ်မှုကြောင့် ငယ်ဘဝကို ပြန်ရောက်သွားသည်ဟု ခံစားမိခြင်းဖြစ်သည်။ သူမတို့ ငယ်စဉ်ဘဝက သရစာမုန့်ရောင်းချသည့် သရေစာမုန့်များစွာမရှိပေ။ ထို့ကြောင့် အချိုဓာတ်က အရမ်းလွန်ကဲသည်ဟုလည်း သူမ မခံစားမိချေ။

ဆန်ကိတ်တစ်ခုကို စားပြီးတဲ့နောက် သူမခံတွင်းထဲ

ပြည့်နေသော တံတွေးများကို မြိုချလိုက်သည်။ ထို့နောက် ကျန်းချန်းရှီက တူကိုယူလိုက်ပြီး ချိုမြသောဆန်ကိတ်ကိုခေါက်လိုက်သည်။ ဆန်ကိတ်က ကွဲကြေသွားခြင်း လုံးဝမရှိ‌ချေ။ သို့သော်ငြားလည်း ကျန်းချန်ရှီးက ဤအပြုအမူ ကို တမင်တကာ ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။

"တကယ့်ကို ကြွပ်ဆတ်ပြီးတော့ အရမ်းအရသာရှိတယ်။ သူဌေးယွမ် မချက်နိုင်တဲ့ ဆန်အမျိုးပေါင်းဟင်းပွဲဆိုတာ မရှိဘူးထင်တယ်"

ကျန်းချန်ရှီးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး ချိုမြသောဆန်ကိတ်ကို အားရပါးရ စားသည်။ကျန်းချန်းရှီက သရေစာမုန့်ကို ပလုတ်ပလောင်းစားပြီးတော့ စကားပီပီသသ ပြောနိုင်သေးသည်။

"အွန်း။ အခုလိုချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက မည်သည့်ချီးမွမ်းသည့်ပုံစံမျိုးကိုမဆို လိုလိုလားလားလက်ခံသူဖြစ်သည်။ မည်သို့စေကာမူ ဤအပြုအမူက သူနှင့်ထိုက်တန်၍ ဖြစ်သည်။

ချိုမြသောဆန်ကိတ်ကို ကျန်းချန်ရှီး ဝါးနေရင်း ခံတွင်းထဲမှာ ချိုမြသောခံစားချက် ဖြစ်ပေါ်နေသည်။ ထိုစဉ်အခိုက်အတန့် ယွမ်ကျိုး၏ဆိုင်က ပို၍အလုပ်ရှုပ်လာသည်။ တစ်ခြားတစ်ဖက်တွင်မူ တစ်စုံတစ်ယောက်က ယွမ်ကျိုးကို လာရောက်တွေ့ဆုံရန် ကြိုးပမ်းနေသည်။

"တင်ဆက်သူလု၊ ယွမ်ကျိုးစားသောက်ဆိုင်ကို မှတ်တမ်းတင်ဖို့ သွားကြမှာမလား။ အဆင်ရောပြေပါ့မလား"

Televisionအမှတ်တံဆိပ် ရိုက်နှိပ်ထားသော အဖြူရောင်တီရှပ်ကို ဝတ်ဆင်ထားသော ဝန်ထမ်းတစ်ယောက်က ထပ်မံအတည်ပြုသည်။

"ဟုတ်တယ်လေ။ အင်တာနက်ပေါ်မှာရေးထားတဲ့ ပိုစ့်ကိုဖတ်ပြီးပြီမလား။ ဒီအစီအစဉ်ကို တည်းဖြတ်ဖို့အတွက် အဲ့ဒီဆိုင်ကိုသွားရမယ်လေ။ ဒါအခုချိန်မှာ နာမည်ကြီးခေါင်းစဉ်ဖြစ်နေတာ"

တင်ဆက်သူလုက သူ၏ဝတ်စုံကို သန့်ပြန့်အောင် ပြင်ဆင်ပြီး ခပ်တန်းတန်းအမူအရာဖြင့် ပြန်ပြောသည်။

"ဒါပေမယ့် ဒီအချိန်သွားရင် အလုပ်ဖြစ်ပါ့မလား။ ဒီအချိန်က ဆိုင်ပိတ်ချိန်လေ"

ဝန်ထမ်းတစ်ယောက်ကကြင်နာစွာ အသိပေးစကားပြောသည်။

"ဒါဆိုရင် သူဌေးချက်ပြုတ်နေတဲ့အစီအစဉ်ကို မှတ်တမ်းတင်ဖို့‌အကောင်းဆုံးအချိန်ပဲလေ။ ဇာတ်လမ်းတစ်ခု ဖန်တီးလို့ရတာပဲ။ ဒါဆိုရင်

ငါတို့အစီအစဉ် အသက်ဝင်သွားပြီလေ"

တင်ဆက်သူလုက ခေါင်းကိုမော့လိုက်ပြီး ယုံကြည်မှုအပြည့်ဖြင့်ပြောသည်။

"ကောင်းပြီ။ ဒါဆိုရင်လည်းပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ကြတာပေါ့"

ဝန်ထမ်းက အစီအစဉ်၏

အသေးစိတ်အချက်အလက်များကို မှတ်တမ်းတင်ပြီး စီစစ်မှုများကို စတင်လုပ်ဆောင်သည်။ ကားဘရိတ်ကို ကျယ်လောင်စွာနင်းပြီးတဲ့နောက်မှာ အစီအစဥ်ရဲ့ဝန်ထမ်းတွေက ဆိုင်သို့ရောက်ရှိသွားသည်။

"လာကြ၊လာကြ။ ပစ္စည်းတွေကို အောက်ကိုချပြီးတော့

ဒီနေရာမှာထားလိုက်။ နောက်မှ သုံးမယ့်ဟာတွေ အရေးမကြီး‌သေးဘူး"

ဝန်ထမ်းတွေက အရင်ဆုံးဗန်ကားပေါ်ကနေ ဆင်းပြီးတော့ တောက်တိုမယ်ရဝန်ထမ်းများကို အမိန့်ပေးနေစဉ် တင်ဆက်သူလုက သူ့ရဲ့ပုံပန်းသွင်ပြင်ကို သပ်ရပ်အောင်ပြင်ဆင်ပြီး ‌ဗန်ကားပေါ်မှဆင်းသည်။ သူတို့အဖွဲ့ကကောင်တီအဆင့် ရုပ်သံဌာနမှ ဝန်ထမ်းများဖြစ်သည်။

တင်ဆက်သူလု၏အစီအစဉ်သည် လူထုပါရမီရှင် ဟူ‌သော အစီအစဉ်ဖြစ်သည်။

ဤအစီအစဉ်သည် အရမ်းကျော်ကြားသော အစီအစဉ်မဟုတ်ဘဲ ပုံမှန်ကျော်ကြားမှုရှိသော အစီအစဉ်ဖြစ်သည်။ ယခုလို ဖြစ်ရသည့် အကြောင်းအရင်း၂ချက်ရှိသည်။

ပထမတစ်ချက်က တိုက်ရိုက်ထုတ်လွှင့်ချိန်ကြောင့်ဖြစ်ပြီး ည၁၁နာရီ နောက်ပိုင်းမှ ထုတ်လွှင့်သည်။ ဤအချိန်တွင် အစားအသောက်အစီအစဉ်များကို ကြည့်ရှုသော အစားအသောက်ဝါသနာရှင်များသည် မိမိကိုယ်မိမိနှိပ်စက်ညှင်းပန်းခြင်းနှင့်အတူတူ ဖြစ်သောကြောင့်ဤအစီအစဉ်ကို ကြည့်ရှုသူ ပုံမှန်ဖြစ်နေခြင်းဖြစ်သည်။

တစ်ခြားသော အကြောင်းအရင်းက တင်ဆက်မှု အစီအစဉ်နှင့် ရိုက်ကူးမှုပုံစံကြောင့်ဖြစ်သည်။

အစားအသောက်အစီအစဉ်အဖွဲ့၏ ရေးသားထားသောပို့စ်ကြောင့် အစီအစဉ်ရိုက်ကူးရန် ဤနေရာသို့ရောက်ရှိလာခြင်းဖြစ်သည်။

နေ့လည်၃နာရီ၃၀အချိန်ဖြစ်သည်။ ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ဖွင့်လိုက်ပြီး ထိုင်ခုံမှာထိုင်ကာ သူ၏မစ်ရှင် ပြီးမြောက်အောင် အကြံထုတ်နေသည်။ တစ်ခြားသူများက သူ၏ရည်ရွယ်ချက်ကို သေချာမသိကြပေ။ တင်ဆက်သူလု နှင့် ဝန်ထမ်းများကရောက်ရှိလာပြီး ဆိုင်ထဲဝင်ရောက်ဖို့ ကြိုးစားသောအခါ ယွမ်ကျိုးက ခေါင်းကိုမော့လိုက်ပြီး စကားပြောသည်။

"ဆိုင်ဖွင့်ချိန်မရောက်သေးပါဘူး။ ဒါကြောင့်မလို့

ဘယ်ဧည့်သည်ကိုမှ

လက်မခံ‌သေးပါဘူး"

"မင်းက စားပွဲထိုးလား၊ သူဌေးလား"

တင်ဆက်သူလုက ရပ်တန့်လိုက်ပြီး ခေါင်းလှည့်ကာ သူ့ကို မေးမြန်းလိုက်သည်။

"သူဌေး"

ထို့နောက် ယွမ်ကျိုးက ခေါင်းကို ငုံ့လိုက်ပြီး သူ့အတွေးကိုဆက်လက် အကြံထုတ်နေသည်။

"မင်းက သူဌေးလား။ ဒါဆိုကောင်းတာပေါ့။ ခင်ဗျားဆိုင်မှာရောင်းတဲ့ ကြက်ဥပေါင်မုန့်ကိတ်နဲ့ပတ်သက်ပြီးတော့ ဇာတ်လမ်းအစီအစဉ်လေးရိုက်ကူးချင်လို့ပါ။

ဒါဆိုရင် ကိုယ်တိုင်ချက်ပြုတ်တာလား"

သူ့ရဲ့စကားပြောသောအပြုအမူက မော်ကြွားခြင်း၊မောက်မာခြင်းမရှိဘဲ ပုံမှန်အတိုင်းဖြစ်သည်။

သူက ကျော်ကြားသောအစီအစဉ်တင်ဆက်သူ မဟုတ်သည့်တိုင် ရုပ်သံဌာနမှာ အလုပ်လုပ်သူ ဖြစ်သည်။TVမှာ အခမဲ့ကြော်ငြာခွင့်ရသော တန်ဖိုးကြီး အခွင့်အရေးကို မည်သူကငြင်းဆန်မည်နည်း။ TVမှာကြော်ငြာချင်လျှင် ပုံမှန်အားဖြင့် အချိန်ကို တွတ်ချက်ပြီး အခကြေးငွေပေးရသည်။ နာမည်ကြီးဟိုတယ်များပင် ယခုလို အဖိုးတန်ကမ်းလှမ်းမှုမျိုးကို မငြင်းဆန်ဘဲ ပူးပေါင်းလုပ်ဆောင်ပေးသည့်အတွက် ယွမ်ကျိုး၏စားသောက်ဆိုင်သေးသေးလေးက ငြင်းမည့်အကြောင်းမရှိပေ။

"သဘောတူမယ့် ရည်ရွယ်ချက်မရှိဘူး"

ယွမ်ကျိုးက ပူးပေါင်းမည့်ရည်ရွယ်ချက်မရှိသည့်အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောသည်။

"အင်း၊ ဒါဆိုရင် ငါတို့က ကိုယ့်ကိုကိုယ်တောင် မိတ်မဆက်ပေးရသေးဘူး။

ငါတို့အားလုံးက လူထုပါရမီရှင်အစီအစဉ်ရဲ့ ဝန်ထမ်းတွေပါ။ အဲ့ဒီအစီအစဉ်ကို XXTVရုပ်သံဌာနမှထုတ်လွှင့်ပါတယ်။ ဒါကငါ့ရဲ့ ဝန်ထမ်းကတ်ပါ"

ထိုစကားကို ပြောနေစဉ် တင်ဆက်သူလုက သူ့ရဲ့ဝန်ထမ်းကတ်ကို ယွမ်ကျိုးဆီကမ်းပေးသည်။

"ကျေးဇူးပါပဲ။ ဒါပေမယ့် ငါငြင်းပါရစေ"

မျက်မှောင်ကြုတ်ပြီး ယွမ်ကျိုးက သူ့ရဲ့လုပ်ငန်းကတ်ကိုလက်ခံမည့်ရည်ရွယ်ချက် မရှိဘဲ ချက်ချင်းငြင်းပယ်ပစ်သည်။

"ငါပြီးအောင်တောင် မပြောရသေးဘူးလေ။

ခင်ဗျားရဲ့စားသောက်ဆိုင်မှာ မှတ်တမ်းတင်တဲ့ အစီအစဉ်လေးပြုလုပ်ချင်တာပါ။ အခမဲ့လုပ်ပေးမှာပါ။ အခကြေးငွေမယူပါဘူး"

တင်ဆက်သူလုက ဂုဏ်ယူဝင့်ကြွားသောအမူအယာဖြင့်စကားပြောသည်။

"ကျုပ်ပြောတဲ့သဘောကို ခင်ဗျားတို့နားမလည်ဘူးထင်တယ်။ ကျုပ်က လက်မခံဘူး ငြင်းတယ်လို့ ပြောတာ"

ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီးတော့ လေးနက်စွာပြန်ပြောသည်။ သူက ပြေရာပြေကြောင်းပြောဆိုသော်လည်း တစ်ဖက်သူကငြင်းဆန်လိုက်၍ စို့နင့်သွားရသည်။ ယခုလို အရှက်ရဖွယ်အခြေအနေမျိုးကို တစ်ခါမှမကြုံဖူးချေ။ သူနဲ့ပထမဦးဆုံးအကြိမ်တွေ့ဖူးသော တစ်ချို့ဆိုင်ရှင်များက သူနဲ့ပူးတွဲအလုပ်လုပ်ရန် ချက်ချင်းသဘောတူခဲ့ဖူးသည်။ ယခုတော့ ရှင်းပြခွင့်မပေးဘူး ချက်ချင်းငြင်းပယ်နေသည်။

"တင်ဆက်သူလု ကျွန်တော်တို့တွေ အစီအစဉ်ဘီကို အကောင်အထည်ဖော်ရင်ကောင်းမလား"

အရှက်ရဖွယ်အခြေအနေကို သဘောပေါက်သွားသော

သူ့နောက်မှ ဝန်ထမ်းက တိုးလျသောအသံဖြင့်ပြောသည်။

"တကယ့်ကို အတ္တကြီးတဲ့သူပဲ"

တင်ဆက်သူလုက သူ့ရဲ့အရှုံးကို လက်ခံဖို့ အင်တင်တင်ဖြစ်နေပြီးတော့ သူ့စိတ်ထဲမကျေနပ်သည့်အချက်ကို ထုတ်‌ပြောသည်။

"ဟုတ်တယ်။ ငါတို့က သူ့ကို အလကားကြော်ငြာပေးတာတောင် ငြင်းလိုက်‌သေးတယ်"

ဝန်ထမ်းကလည်း မကျေမနပ်ပြောသည်။ ပုံမှန်ဆိုလျှင် ဆိုင်ပိုင်ရှင်အားလုံးက ကောင်းကောင်းမွန်မွန်ပြန်ပြောကြပြီး သူတို့ရဲ့ကမ်းလှမ်းမှုကို လက်ခံကြသည်။ သူဌေးယွမ်လိုမျိုး တုံ့ပြန်သူက ရှားရှားပါးပါး ဖြစ်သည်။

"တော်လိုက်တော့။ အစီအစဉ်ဘီကိုပဲ အကောင်အထည်ဖော်ကြမယ်။ ပစ္စည်းတွေအားလုံးသိမ်းပြီး ထွက်သွားကြမယ်"

တင်ဆက်သူလုက ဝန်ထမ်းများ၏မ‌ကျေမနပ်ပြောဆိုသံများကို ဟန့်တားလိုက်သည်။လူ၁၂ယောက်ကျော်က ပစ္စည်းအားလုံးကို ချက်ချင်းရှင်းလင်းကြသည်။

ခဏလေးအတွင်းပစ္စည်းအားလုံးကို ထုတ်ပိုးပြီး ဗန်ကားပေါ်သို့တက်ကာ ထွက်ခွာသွားကြသည်။

ယွမ်ကျိုးက သူ့ထိုင်ခုံမှာပြန်ထိုင်နေပြီးတော့ သူ့ကိစ္စကိုသာ သူဆက်လက် တွေးတောနေသည်။ ထိုစဉ် သူဌေးထုံက လည်ပင်းတ‌မျှော်မျှော်ဖြင့် ရောက်ရှိလာပြီး မေးမြန်းသည်။

"ယွမ်ကျိုး ဒီလူတွေကရုပ်သံဌာနက မလား။ ဘာဖြစ်လို့ ချက်ချင်း ထွက်သွားကြတာလဲ"

"သူတို့နဲ့ မှတ်တမ်းတင်တဲ့လုပ်ရပ်တွေ မလုပ်ချင်လို့လေ"

ယွမ်ကျိုးက စက်ဆုပ်ရွံရှာသောလေသံဖြင့် ပြန်ဖြေသည်။

"ဘာကိုမှတ်တမ်းတင်မှာလဲ။ မင်းရဲ့စားသောက်ဆိုင်ကိုလား၊ တခြားတစ်ခုခုကိုလား"

ပိန်ပိန်ပါးပါးမျက်နှာရှိသောသူဌေးထုံက စပ်စုသောအပြုအမူဖြင့် မေးမြန်းသည်။

"ငါဟင်းချက်တဲ့အစီအစဉ်ကိုမှတ်တမ်းတင်ချင်တာလေ" ယွမ်ကျိုးကရှင်းပြသည်။

"ဒါကောင်းတာပေါ့။ ဘာလို့ငြင်းလိုက်ရတာလဲ

အလကားကြော်ငြာပေးတာလေ ဒီလိုအခွင့်အရေးမျိုးကို လူတိုင်းလိုချင်နေကျတာ။

လူတိုင်းရနိုင်တဲ့ အခွင့်အရေးမဟုတ်ဘူး"

သူမ၏မြင်ကွင်းမှပျောက်ကွယ်သွားသော ရုပ်သံအဖွဲ့ကိုကြည့်ပြီးတော့ သူဌေးထုံက‌ လေးကန်စွာသက်ပြင်းချလိုက်သည်။

"ငါ့ကိုကြိုပြီးတော့ သတင်းမပေးထားဘူးလေ။ ရောက်ရောက်ချင်း ဒီအစီအစဉ်ကို မှတ်တမ်းတင်ဖို့ကြိုးစားတာလေ။ ဒါက မှန်ကန်တဲ့ လုပ်ရပ်မဟုတ်ဘူး "

ယွမ်ကျိုးက သူ့ရဲ့အကြောင်းအရင်းကိုထုတ်ပြောသည်။

"ရုပ်သံဌာနကလူတွေက ဒီလိုပဲမော်ကြွားတဲ့အကျင့်စရိုက်ရှိတယ်။ အဲ့ဒီလိုပဲလေ ဒါပေမယ့် ဒီလိုရိုက်ကူးတဲ့အစီအစဉ်ကနေ နင့်အတွက် အကျိုးအမြတ်ရနိုင်တာပဲ" သူဌေးထုံက သူ့ရဲ့စိတ်ထဲရှိတဲ့အတိုင်း အရိုးသားဆုံးပြန်ပြောသည်။

"မစိုးရိမ်ပါနဲ့။ အန်တီထုံ ကျွန်တော်က သူတို့စိတ်ကြိုက်ဖြစ်ခွင့်မပေးတာပဲရှိတယ်။ ကျွန်တော့်အတွက်က ကိစ္စမရှိဘူး။ ဒါတွေကအရေးမကြီးဘူး"

ယွမ်ကျိုးက

သူဌေးထုံရဲ့ကြင်နာတဲ့စိတ်သဘောထားကို အသိအမှတ်ပြုဟန်ဖြင့်ပြန်ပြောသည်။

"အွန်း ဒါလည်းဟုတ်တော့ဟုတ်ပါတယ်။ ဒီလိုကြော်ငြာမလုပ်ရင်တောင် မင်းရဲ့ဆိုင်က စီးပွားရေးကောင်းတာပဲ။ မင်းရဲ့ဟင်းချက်စွမ်းရည်ကလည်း ထိပ်တန်းအဆင့်ပဲလေ"

သူဌေးထုံက ယွမ်ကျိုး၏စားသောက်ဆိုင်အပြင်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များ နေ့တိုင်းရှိနေသည့်အကြောင်းကို တွေးတောမိ၍ ယွမ်ကျိုးကိုဖြောင်းဖျရန်ကြိုးစားမည့်အပြုအမူကို ရပ်တန့်လိုက်သည်။

အပိုင်း(၁၆၅)

ပြီးပါပြီ။

All Chapters