အခန်း (၁၆၆-၁၆၈)
Vol. 12 Ch. 166-168
ယွမ်ကျိုး အပိုင်း(၁၆၆)
ရုပ်သံဌာနသည် တခြားသူများထက် ခြေတစ်လှမ်းစောသည်။
ညနေ ၄နာရီ ၃၀မိနစ်တွင် ယွမ်ကျိုးက စားသောက်ဆိုင်တံခါးကို ဖွင့်ခါနီး သူ၏ စားသောက်ဆိုင်ဝင်ပေါက်သို့ တစ်စုံတစ်ယောက် ရောက်ရှိလာသည်။
အထူးသဖြင့် အမျိုးသားတစ်ယောက် တံခါးပေါက်နားမှာ မတ်တပ်ရပ်နေခြင်းဖြစ်သည်။
၎င်းအမျိုးသားသည် အဖြူရောင်ရှပ်အင်္ကျီ၊ ကာကီရောင်ဘောင်းဘီကို တွဲဖက် ဝတ်ဆင်ထားပြီး သူ့လက်ထဲတွင် စာအုပ်နှင့်တူသော အရာဝတ္ထုတစ်ခုလည်း ရှိသည်။
အမဲရောင်နေကာဦးထုပ်ကို ဦးခေါင်းပေါ်တွင် ဝတ်ဆင်ထားပြီး မျက်မှန်ဝိုင်းကို တပ်ဆင်ကာ မုတ်ဆိတ်မွှေးအနည်းငယ်လည်းရှိသည်။
ဝူဟိုင်းနှင့် ယှဉ်လိုက်လျှင် သူက အနုပညာရှင်တစ်ယောက်နှင့် ပိုတူသည်။ သူက လမ်းနံပါတ်ကို အသေးစိတ်စစ်ဆေးကြည့်ပြီးနောက် စကားပြောသည်။
"ကျွန်တော့်နာမည်က ဇီယန်းပါ။ ဒီဆိုင်မှာ ရောင်းချတဲ့ဟင်းပွဲတွေက အရမ်းကို အရသာရှိတယ်လို့ သတင်းကြားထားလို့ ဒီဆိုင်က မီနူးတွေကို မြည်းစမ်းကြည့်ဖို့ တကူးတက ဒီနေရာကို ရောက်လာခဲ့တာပါ"
သူ့နှုတ်မှ ဖွင့်ဟလိုက်သော စကားများသည် ရှေးရိုးဆန်သော စကားအသုံးအနှုန်းများဖြစ်သည်။ ယွမ်ကျိုးက သူ့စကားများကို နားလည်နိုင်၍ ကံကောင်းသွားသည်။
"ဆိုင်ဖွင့်ချိန်က ၅ နာရီမှ ဖွင့်မှာပါ။ ဆိုင်ဖွင့်ဖို့ မိနစ် ၂၀ လောက် လိုပါသေးတယ်"
"ကိစ္စမရှိပါဘူး။ ခင်ဗျားကို အနှောက်အယှက် ပေးမိတာ အားနာမိပါတယ်"
ဇီယန်း အမည်ရှိသောအမျိုးသားသည် သိမ်မွေ့စွာ ပြုံးလိုက်ပြီး ခေါင်းညိတ်သည်။
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ဆိုင်ထဲ ပြန်ဝင်သွားကာ ရောင်းချမည့်ပါဝင်ပစ္စည်းများကို ပြင်ဆင်ခြင်း စတင်သည်။
"ခင်ဗျားက ထူးဆန်းတဲ့ အကျင့်စရိုက်ရှိတဲ့ သူဌေးပဲ"
ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိပဲ လှည့်ထွက်သွားသော မြင်ကွင်းကိုကြည့်ပြီး ဇီယန်းက လေးကန်စွာ သက်ပြင်းချပြီး စကားပြောသည်။
ထို့နောက် သူက စာအုပ်နှင့်တူသော အရာဝတ္ထုကို ထုတ်လိုက်ပြီး အဖုံးကို ဖွင့်လိုက်သည်။ ထိုမှသာ ၎င်းအရာဝတ္ထုသည် စာအုပ်မဟုတ်မှန်းသိရှိသွားသည်။
ကာဗာကို ကြည့်ရုံဖြင့် ပရင့်ထုတ်ထားသော စာရွက်များ စုဆောင်းထားသော ကတ်ပြားဟု ယူဆမိသည်။ ဟင်းလျာနှင့် ဆိုင်လိပ်စာများကို မှတ်တမ်းတင်ထားသည့် စာရွက်ဟု ယူဆမိသည်။
အကြီးဆုံးစာရွက်က ယွမ်ကျိုးစားသောက်ဆိုင်၏ မီနူးဖြစ်သည်။ စာရွက်ပေါ်တွင် မနက်စာနှင့် ညစာအတွက် ရောင်းချသောဟင်းပွဲများကို အသေးစိတ် မှတ်တမ်းတင်ထားသည်။
သို့သော်ငြားလည်း ဇီယန်းက မီနူးထဲတွင် ရေးသားထားသည့် ညဖက်ရောင်းချသော ဟင်းလျာများကို မြည်းစမ်းကြည့်ရန် ရည်ရွယ်ထားသည်။
"သောက်စရာအနေနဲ့ ဒီစားသောက်ဆိုင်က တစ်မျိုးတည်းသော ဖျော်ရည်ဖြစ်တဲ့ ဖရဲသီးဖျော်ရည်ကို သောက်ကြည့်ဖို့ အကြံပြုချင်တယ်။ အရသာက လတ်ဆတ်ပြီးတော့ အရသာရှိတဲ့ ခံစားချက်ကို ပေးစွမ်းတယ်။
ဒီ့ပြင် ဖရဲသီးအသားနဲ့ အစေ့လေးတွေ မပါတဲ့ ဖရဲသီးကို ဝါးနေရတဲ့ ခံစားချက်ကိုလည်း ပေးစွမ်းတယ်။
အဓိက အစားအသောက်အနေနဲ့ မင်းမှာ ငွေအလုံအလောက်ရှိတယ်ဆိုရင် ဟင်းပွဲ ၃ ပွဲနဲ့ စွပ်ပြုတ် ၁ ပွဲကို မှာကြည့်ဖို့ အကြံပြုချင်တယ်။
ဒါပေမယ့် ဒီစွပ်ပြုတ်က အတော်လေး ထူးခြားမှုရှိတယ်။ အစုံလိုက် ကြက်ဥထမင်းကြော် ၁ ပွဲကို မှာတယ်ဆိုရင် စွပ်ပြုတ် ၁ ခွက်လည်း ပါမယ်။ အဲ့စွပ်ပြုတ်က သဘာဝထွက်ကုန်တွေကို သုံးထားပြီးတော့ လတ်ဆတ်ပြီး အရသာ အရမ်းရှိလိမ့်မယ်။ ဟင်းခတ်အမွှေးအကြိုင် အနေနဲ့ အချိုမှုန့်ကို မသုံးထားဘူး။ ဒီ့ပြင် မုန်လာဥ နုပ်နုပ်စဥ်းလေးတွေလည်းပါတယ်။
ဒါကို သေချာစားကြည့်ဖို့ အကြံပြုချင်တယ်။
ဒီမုန်လာဥလေးတွေက လတ်ဆတ်တယ်။ ကြွပ်ဆတ်ပြီးတော့ ချိုမြတဲ့အရသာကို ပေးစွမ်းပြီး စားချင်စိတ်ကို ဖြစ်ပေါ်စေတယ်။
အသားဟင်းအနေနဲ့ ဖီးနစ်အမြှီးပုဇွန်ဟင်းပွဲကို မှာကြည့်ဖို့ အကြံပြုချင်တယ်။ သူဌေးယွမ်က အဲ့ဒီပုဇွန်ဟင်းပွဲကို ချက်ဖို့အတွက် ပုဇွန်ကိုင်တဲ့ဖြစ်စဉ်ကို ကြည့်ပြီးတော့ ငါတောင် ပျော်ရွှင်တဲ့ ခံစားမှုကို ခံစားမိတယ်။
ဒါပေမယ့် ဒီပုဇွန်ကိုင်တဲ့ဖြစ်စဉ်တစ်ခုလုံးမှာ သူဌေးယွမ်က အဲ့ပုဇွန်ရဲ့အသားကို သူ့ရဲ့ လက်ဗလာနဲ့ မထိခဲ့ဘူး။ လက်အိတ်ကို အသုံးပြုတယ်။
သူဌေးယွမ်ရဲ့ ကိုယ်ပိုင်ဟန်နဲ့ပြောရရင် သူ့ရဲ့ လက်ကြောင့် ပုဇွန်အသားရဲ့ အရသာတွေ၊ ချိုမြမှုတွေ၊ လတ်ဆတ်မှုတွေ ထိခိုက်မှာကို မလိုလားတဲ့အတွက်ကြောင့် လက်အိတ်လည်း အသုံးပြုတာ။ မက်စ်လည်း အသုံးပြုရတာပေါ့။
ကျင်းလင်မြက်ကလည်း ဒီဆိုင်မှာရောင်းချတဲ့ တစ်မျိုးတည်းသော အရံဟင်းပဲ။ အဲဒီဟင်းပွဲက အချိန်တိုင်းမရောင်းဘူး။
သူဌေးယွမ်က ဂျီးများပြီးတော့ အကောင်းတကာ့အကောင်းဆုံး ပစ္စည်းတွေကိုပဲ အသုံးပြုတယ်။ အခြားဆိုင်တွေမှာဆိုရင် ၅၀၀ ဂရမ်တို့၊ ၁၀၀ ဂရမ်တို့ရောင်းပေမယ့် သူဌေးယွမ်ကတော့ ၅၀ ဂရမ်ပဲရောင်းတယ်။
ကျန်နေတဲ့တခြားပစ္စည်းတွေကို ဘယ်မှာသုံးလိုက်သလဲလို့မေးရင် ပြန်လည်အသုံးပြုလို့ရအောင် လုပ်လိုက်တယ်လို့ပဲ သူက အမြဲပြန်ဖြေတယ်။
ဒါပေမယ့် ဒီကြော်ထားတဲ့ ကျင်းလင်မြက်ဟင်းက အစိမ်းရောင် ကျောက်စိမ်းလေးနဲ့တောင် တူတယ်။
ဒါကြောင့်မို့ မင်း အရမ်းမချမ်းသာဘူးဆိုရင် အစုံလိုက်ကြက်ဥထမင်းကြော်ကို စားကြည့်ဖို့ အကြံပြုချင်တယ်။ အဲဒီ့ဟင်းပွဲက ဝယ်စားရတာ တကယ့်ကို တန်တယ်"
ဤမီနူးကို စွန်းမင်ကိုယ်တိုင် ရေးသားထားခြင်းဖြစ်သည်။ သူ၏အရေးအသား ကောင်းမွန်လွန်းသည့်အတွက် ဟင်းပွဲ ၃ ပွဲလုံးကို မျက်မြင်တွေ့နေရသကဲ့သို့ ခံစားရသည်။
ထို့ကြောင့်လည်း ဇီယန်းက ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ရောက်လာခြင်းဖြစ်သည်။ သူက လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး အချိန်ကို တစ်ချက်ကြည့်လိုက်သောအခါ အချိန်ကိုက်ဖြစ်နေသည်ကို ခံစားမိသည်။
ထို့နောက် ဇီယန်းက စားသောက်ဆိုင်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။ အစပိုင်းတွင် သူ့ကို ဆိုင်၏ အတွင်းဘက်ပြင်ဆင်မှုက စိတ်လှုပ်ရှားသော ခံစားချက် ဖြစ်ပေါ်စေသည်။
တစ်ချက်ကြည့်လိုက်ရုံဖြင့် ဆိုင်၏ အတွင်းဘက်ပြင်ဆင်မှုသည် ရိုးရှင်းသော်လည်း သန့်ရှင်းသပ်ရပ်သော မီးဖိုချောင်၊ သန့်ပြန့်နေသည့် စားပွဲခုံနှင့် ထိုင်ခုံများက သူ့စိတ်အာရုံကို ဖမ်းစားသွားသည်။
သူ့စိတ်အာရုံကို အများဆုံးဖမ်းစားနိုင်သည့် မြင်ကွင်းက ဆွဲဆောင်မှုရှိသည့် နံရံရှုခင်းဖြစ်သည်။
"ဒါတွေက ပုဇွန်အရှင်တွေလား"
ဇီယန်းက မမေးမြန်းခင် နံရံနားသွားပြီး တစ်ချက်ကြည့်ရှုသည်။
"ဒါတွေက ပုဇွန်အရှင်တွေပါ"
ယွမ်ကျိုးက ခေါင်းညိတ်သည်။
"တကယ့်ကို အကြံဉာဏ်ကောင်းတာပဲ"
ဇီယန်းက နံရံရှုခင်း၏နောက်တွင် တံခါးရှိမှန်း စစ်ဆေးပြီးသောအခါ အထင်ကြီးလေးစားဟန်ဖြင့် စကားပြောသည်။
"ဟုတ်တယ် အမှန်ပဲ"
ယွမ်ကျိုးက မောက်မာဟန်ဖြင့် ပြန်ဖြေသည်။
"ဒါဆိုရင် သူဌေးယွမ်၊ ကျွန်တော် ဟင်းပွဲတွေ မှာလို့ရပြီလား"
ဇီယန်း၏ ကြည်လင်သောအသံက မျှော်လင့်တကြီး ခံစားချက်ကို သယ်ဆောင်ပေးသည်။
"ဟုတ်ကဲ့ ရပါပြီ"
ယွမ်ကျိုးက ခေါင်းညိတ်သည်။
"ဒါက မီနူးပါ။ ဘာများသုံးဆောင်ချင်ပါသလဲ"
မုရှောင်ယွမ်က သူ့ဘေးနားမှာ မတ်တပ်ရပ်နေပြီး သူ့ကို မေးမြန်းသည်။
"အိုကေ"
ဇီယန်းက ပထမဦးဆုံး သဘောတူလိုက်ပြီးနောက် သူ့ဦးခေါင်းကိုလှည့်ကာ သူပါလာသော မီနူးနှင့် နံရံပေါ်က မီနူးကို နှိုင်းယှဉ်ကြည့်သည်။
မျှော်မှန်းထားသည့်အတိုင်း ဤဆိုင်မှာ အစားအသောက် ဝယ်စားရန် ငွေအများကြီး ပါလာရန် လိုအပ်သည်။
"အစုံလိုက်ကြက်ဥထမင်းကြော် ၁ပွဲ၊ ဖီးနစ်အမြှီး ပုဇွန်ဟင်း ၁ပွဲနဲ့ ကျင်းလင်မြက်ရယ်၊ ဖျော်ရည်အနေနဲ့ ဖရဲသီးဖျော်ရည်ပေးပါ"
ဇီယန်းက သူ့လက်ထဲက မီနူးနှင့် တူညီသော ဟင်းပွဲများကို အတိအကျ အော်ဒါတင်သည်။
"အားနာပါတယ်။ ဖရဲသီးဖျော်ရည်ကို တစ်နေ့မှ ခွက် ၁၀၀ လောက်ပဲ ရောင်းချတာပါ။ ဒီကနေ့ ရောင်းလို့ကုန်သွားပါပြီ"
မုရှောင်ယွမ်က ယဉ်ကျေးစွာပြန်ဖြေသည်။
"ဒီနေ့တော့ ဖျော်ရည်သောက်ဖို့ ကံကြမ္မာ မပါလာဘူးထင်တယ်။ နောက်တစ်ခေါက်မှပဲ ဝယ်သောက်တော့မယ်"
ဇီယန်းက လေးကန်စွာ သက်ပြင်းချလိုက်ပြီး စကားပြန်ပြောသည်။
"တခြားဟင်းပွဲတွေတော့ မှာယူလို့ ရပါသေးတယ်"
မုရှောင်ယွမ်က ဇီယန်း၏ စကားပြောသော လေသံဖြင့် နားမယဉ်သေး၍ ခဏတုံ့ဆိုင်းပြီးမှသာ ပြန်ပြောသည်။
"ဒီလောကကြီးထဲမှာ အလုံးစုံ ပြည့်စုံတဲ့အရာဆိုတာ မရှိပါဘူး။ ရပါတယ် အဆင်ပြေတယ်။ ကျေးဇူးတင်ပါတယ်ကောင်မလေး"
ဇီယန်းက မုရှောင်ယွမ်ကို ပြုံးကာရွှင်ကာဖြင့် စကားပြန်ပြောသည်။
"မလိုအပ်ပါဘူး။ ကျေးဇူးတင်စကားပြောဖို့
မလိုပါဘူး"
မုရှောင်ယွမ်က အားတုံ့အားနာ ပြန်ပြောပြီး ဇီယန်း မှာယူထားသော ဟင်းပွဲများကို ယွမ်ကျိုးထံသို့ သတင်းသွားပို့ရန် မီးဖိုချောင်သို့ သွားသည်။
ယွမ်ကျိုး၏ အကျင့်အရ ကြက်ဥထမင်းကြော်ကို အရင်ကြော်ပြီးမှသာ အခြားဟင်းပွဲများကို ပြင်ဆင်လေ့ရှိသည်။
ကြက်ဥထမင်းကြော် ချက်ပြုတ်သောနည်းလမ်းသည် ပို၍ ကျွမ်းကျင်လာသောကြောင့် ၂မိနစ်ခွဲခန့်သာ အချိန်ယူရပြီး အဆင်သင့်ဖြစ်သွားသည်။
ဟင်းပွဲကို ဗန်းပေါ်တင်ပြီးနောက် ယွမ်ကျိုးက ပုဇွန်ကိုင်ခြင်း လုပ်ငန်းကို စတင်သည်။
"တကယ့်ကို ထူးဆန်းပြီး အံ့ဩစရာကောင်းတယ်။ စာထဲမှာ ရေးထားတဲ့အတိုင်း ပုဇွန်အသားကို နည်းနည်းလေးတောင် လက်နဲ့မထိဘူး"
မျက်တောင်မခတ် ငေးစိုက်ကြည့်နေရင်း ဇီယန်းက ယွမ်ကျိုး၏ ပုဇွန်ကိုင်သည့်အပြုအမူကို အသေးစိတ် အကဲခတ်နေသည်။
ဇီယန်းက ယွမ်ကျိုးကို စောင့်ကြည့်ခြင်း အပြုအမူဖြင့် ပျော်မွေ့နေစဉ် ကျန်းချန်ရှီးက ခေါင်းကိုကုတ်ပြီး လက်ကမ်းစာစောင်ရေးသားခြင်းကို ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ပြုလုပ်နေသည်။
"ဘာရေးရမလဲတောင် မသိတော့ဘူး"
ကျန်းချန်ရှီးက စားပွဲခုံပေါ်သို့ ဘောပင်ကို ပစ်ချလိုက်ပြီး စိတ်ပျက်လက်ပျက် ပြောဆိုနေသည်။
ထို့နောက် သူမက ဖုန်းကို ထုတ်လိုက်ပြီး မိုက်ခရိုဘလော့ကို ကြည့်ရှုကာ စိတ်ကူးဉာဏ် ကွန့်မြူးရန် ကြိုးစားသည်။
[ငြိမ်းချမ်းတဲ့ဘဝလေးက လှပတယ်၊ ဆန်နဲ့ပြုလုပ်ထားတဲ့ ပဲငံပြာရည်ဝက်သားနှပ်ဟင်းပွဲလေးအကြောင်းကို မျှဝေပါရစေ။
ဒီဟင်းပွဲက အဆီလုံးဝမပါပဲနဲ့ ထူးခြားတဲ့ အရသာရှိလို့ ဝမှာကြောက်တဲ့လူတွေ အလှပျက်မှာကြောက်တဲ့လူတွေက ဒီဟင်းပွဲကို မြည်းစမ်းကြည့်သင့်တယ်နော်]
လဲ့ယီ၏ မိုက်ခရိုဘလော့မှ ရေးသားထားသည့် နောက်ဆုံးစာဖြစ်သည်။ လဲ့ယီသည် သူမနှင့် အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်သည်။
ဤpost၏ အောက်တွင် ဆိုင်လိပ်စာမေးမြန်းထားသောသူများစွာရှိသည်။ သူတို့အားလုံးက ဟင်းပွဲကို သွားရောက်မြည်းစမ်းရန် ကြိုးပမ်းနေခြင်းဖြစ်နိုင်သည်။
ပဲငံပြာရည်ဝက်သားနှပ် ဟင်းပွဲက ပုံမှန်ဟင်းပွဲဖြစ်သော်လည်း အတော်အတန် အရသာရှိပြီး အစာစားချင်စိတ်ကို ဖြစ်ပေါ်စေသည်။
ထို့ပြင် သာမန်လူတန်းစားများကြားတွင်လည်း နဂိုထဲက ကျော်ကြားပြီးသားဖြစ်သည်။ အဆီမပါဝင်သည်ဟူသော စကားလုံးက လူအများစု၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ပေးသည်။
ဤ post က သူမကို စိတ်ကူးဉာဏ် ကွန့်မြူးအောင် ပံ့ပိုးပေးသည်။ သူမက တခြားဟင်းပွဲများစွာကို သိပ်မစားသော်လည်း ဆန်အခြေပြုဟင်းပွဲမျိုးစုံကို မြည်းစမ်းဖူးသည်။
အကျိုးဆက်အနေဖြင့် သူမက ဘောပင်ကို ထပ်ကိုင်လိုက်ပြီး ဆက်လက်ရေးသားသည်။
"ဆန်အခြေပြု ဟင်းပွဲ အမျိုးပေါင်း ၁၀၀ ကို စားဖို့ အကြံပြုခြင်း"
သူမက စာရွက်ပေါ်တွင် ဆက်လက်ရေးသားနေသည်။ စိတ်ကူးနှင့် အကြံဉာဏ်များ ဆက်တိုက်ပေါ်ထွက်နေသည်။
ဘောပင်နှင့် စာရွက် ထိတွေ့၍ ထွက်ပေါ်လာသောအသံကို ရှင်းရှင်းလင်းလင်း ကြားနိုင်သည်။
အချိန်တရွေ့ရွေ့ ကုန်ဆုံးသွားသည်။ သတင်းကောင်းရရှိလာသောအခါ နောက်တစ်နေ့မနက်ခင်းသို့ ရောက်နေပါပြီ။
ယွမ်ကျိုးက မစ်ရှင်ပြီးမြောက်ဖို့ အကြံအစည် အကောင်အထည်ဖော်ခြင်းက ရက်ပိုင်းခန့် ကြာခဲ့ပြီး သူ၏ အကြံအစည်ကြောင့် ဝန်ဆောင်မှု Website များက အလုပ်ပူးတွဲလုပ်ဆောင်ရန် အတွက် သူ့ကို ဆက်သွယ်လာကြသည်။
"ဟယ်လို ယွမ်ကျိုးစားသောက်ဆိုင်က သူဌေးလား"
ဖုန်းမြည်လာသည်နှင့် ယွမ်ကျိုးက ချက်ချင်း ဖုန်းပြန်ဖြေသည်။
"ဟုတ်ပါတယ်"
"ဒါဆိုရင် ကျွန်မက စူပါမန်းဝန်ဆောင်မှုဌာနကပါ။ ကျွန်မတို့ ဝန်ဆောင်မှုဌာနနဲ့ ပူးပေါင်းဖို့ စိတ်ဝင်စားသလား"
အမျိုးသမီးတစ်ဦး၏ ချိုမြိန်သောအသံက ဖုန်း၏ တခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။
"အားနာပါတယ်။ ကျွန်တော် စိတ်မဝင်စားဘူး"
ယွမ်ကျိုးက ချက်ချင်းငြင်းပယ်သည်။
"ကောင်းပြီ။ ဒါဆိုရင် အနှောက်အယှက် မပေးတော့ပါဘူး။ အားနာမိပါတယ်"
စကားပြောခြင်း အဆုံးသတ်ပြီးနောက် ကောင်မလေးက ဖုန်းချသွားသည်။
တစ်ကိုယ်တော်နေ့က ယွမ်ကျိုး၏ ကံကောင်းသောနေ့ရက်ဟုလည်း သတ်မှတ်နိုင်သည်။ သိပ်မကြာခင်မှာပင် နောက်ထပ် ဝန်ဆောင်မှုဌာနတစ်ခုက ဖုန်းခေါ်လာသည်။
ဤသည်က သူရေးသားထားသော အသိပေးစာ၏ အကျိုးသက်ရောက်မှုကြောင့် ဖြစ်နိုင်သည်။
သံသယဝင်စရာပင် မလိုအပ်အောင် ယွမ်ကျိုးက ဖိတ်ကြားမှုကို ငြင်းပယ်ပစ်သည်။
ဝန်ဆောင်မှုဌာန၏ ဖိတ်ကြားမှုကို ငြင်းပယ်ပြီးနောက် စနစ်မှ တုံ့ပြန်မှု ရုတ်တရက် ထွက်ပေါ်လာသည်။
စနစ်မှ ဖော်ပြသည်။
"အဆင့်မြှင့်တင်ခြင်း function ကို ပြီးမြောက်သွားပါပြီ။ အဆင့်မြှင့်တင်ပြီး ဆုလာဘ်ကို လက်ခံယူနိုင်ပါပြီ။ လိုက်ဖက်ညီတဲ့ သရေစာကိုလည်း ထုတ်ပြန်ပေးထားပါတယ်"
"ဟူး"
ယွမ်ကျိုးက သက်ပြင်းချလိုက်ပြီး ပျော်ရွှင်သော အမူအယာကို ဖော်ပြသည်။ နောက်ဆုံးတော့ သူက ဆုလာဘ်ကို လက်ခံယူနိုင်ခဲ့ပါပြီ။
အပိုင်း(၁၆၆)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၆၇)
ယွမ်ကျိုး အတော်အတန်စိတ်လှုပ်ရှားနေသည်။ ဤမစ်ရှင်၏ခက်ခဲမှုက ယခင်မစ်ရှင်များထက် ပို၍ခက်ခဲသည့်အပြင် အဆင့်မြှင့်တင်သည့်မစ်ရှင်ထဲ ပါဝင်နေသည်။
အဆင့်တစ်ခု မြင့်သွားတိုင်း စုစုပေါင်းအမြတ်ငွေ ရှယ်ယာရရှိမှု တိုးမြှင့်သွားမည်ဖြစ်သည်။ သဘောမူကား စုစုပေါင်းရရှိငွေ၏၄၀%အမြတ်ငွေကို ယွမ်ကျိုးရရှိလိမ့်မည်။
ရည်မှန်းချက် : [စနစ်က ဆိုင်ရှင်ကို အနောက်တိုင်းနှင့်တရုတ်ရိုးရာများနဲ့ ပတ်သက်တဲ့အခြေခံပညာတွေကိုကျွမ်းကျင်အောင်ကူညီပေးမယ်။ ဒါမှသာ ဆိုင်ရှင်က
ဒီကမ္ဘာပေါ်မှာ ထိပ်တန်းကျွမ်းကျင်စားဖိုမှူးတစ်ယောက်ဖြစ်လာလိမ့်မယ်]
ဆိုင်ရှင် : ယွမ်ကျိုး(သာမန်တရုတ်လူမျိုး)
လိင်အမျိုးအစား : အမျိုးသား
အသက် : ၂၄နှစ်
ရုပ်ပိုင်းဆိုင်ရာအရည်အသွေး : C
ဟင်းချက်စွမ်းရည် : မသိရှိသေး
ကျွမ်းကျင်မှု : မရှိသေး
ကိရိယာ : မရှိသေး
ဟင်းချက်အကဲဖြတ်ခြင်း : အတွေ့အကြုံမရှိသေးသူ
အဆင့် - ၃
ဂုဏ်ပုဒ် : [ဂျုံအခြေပြုဟင်းပွဲများချက်ပြုတ်ခြင်းဆရာတစ်ဆူ]
[ဂျုံအခြေပြုအစားအသောက်ချက်ပြုတ်ခြင်း ဆရာတစ်ဆူတစ်ယောက်အနေနဲ့ မီးဖိုချောင်ထဲမှာအရမ်းအလုပ်ရှုပ်နေသင့်လား။ မင်းကိုယ်မင်း တိုးတက်ဖို့နဲ့ မင်းရဲ့ဟင်းချက်စွမ်းရည် တိုးတက်ဖို့အတွက် မင်းကိုယ်မင်းအချိန်ပေးဖို့လိုအပ်တယ်။ ဒါကြောင့်မလို့ နေ့တိုင်း၊နေ့တိုင်း ဆိုင်ဖွင့်ချိန်ကို ၆နာရီထက်လျော့နည်းဖို့သတ်မှတ်ပေးတယ်]
အဆင့်မြှင့်တင်ထားသောမစ်ရှင် : [ဝန်ဆောင်မှုဌာနတွေရဲ့ ဖိတ်ကြားမှု၁၀ခုကို ငြင်းဆန်ပေးပါ]
(ပြီးမြောက်ပါသည်)
မစ်ရှင်အညွှန်း : [စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသင့်တယ်။ မင်းကိုယ်တိုင်ချမှတ်တဲ့ စည်းမျဉ်းတွေကိုလိုက်နာတဲ့အနေနဲ့ ဖိတ်ကြားတာတွေကိုငြင်းပယ်ပေးပါ လူငယ်လေး]
မစ်ရှင်ဆုလာဘ် : [ဒေသဟင်းလျာတွေနဲ့ လိုက်ဖက်တဲ့အရံဟင်းလျာတွေကို ကံစမ်းခွင့်တစ်ကြိမ်] (လက်ခံရရှိနိုင်ပါပြီ)
မျှော်မှန်းထားသည့်အတိုင်းစနစ်က အဆင့်၃သို့ မြှင့်တင်ပေးပြီးနောက် ဆုလာဘ်များကို လက်ခံနိုင်ကြောင်း ကြေညာသည်။
"လက်ခံယူမယ်"
ယွမ်ကျိုးက ဆုလာဘ် အားလုံးကို တစ်ပြိုင်နက်တည်း လက်ခံယူလိုက်ပြီး ချက်ချင်းဆိုသလို ကံစမ်းမဲနှိုက်သည့်အစီအစဉ်က သူ့ရဲ့စိတ်ထဲ ပေါ်ပေါက်လာသည်။ ဒေသထွက် ချက်ပြုတ်နည်းဟင်းပွဲများကို မဲနှိုက်ရန်ချက်ချင်း စတင်သည်။ သရေစာမုန့်များကို စစ်ဆေးရန် အချိန်မယူခဲ့ပေ။
စနစ်က ဖော်ပြသည်။
[ဆိုင်ရှင်၊ ခင်ဗျားက စီချန်းဟင်းချက်ပြုတ်နည်း အောက်မှာရှိတဲ့ အမျိုးအစားခွဲဖြစ်တဲ့ ဂျုံဟင်းချက်နည်းတွေထဲက ဟင်းပွဲအများကြီးကို ကံစမ်းမဲပေါက်သွားပါတယ်။ ဖွင့်ပြီးတော့စစ်ဆေးကြည့်လို့ရပါပြီ]
"အရင်တစ်ခေါက်တုန်းက ခင်ဗျားပြောခဲ့တာကလေ ရှိပြီးသား ဟင်းပွဲအမျိုးအစားတွေကိုပဲ ထပ်ပြီး မဲပေါက်တာလို့ မပြောခဲ့ဘူးလား။ ဒီလိုဟင်းပွဲတွေကိုပဲ မဲပေါက်ဖို့အခွင့်အရေးများတယ်လို့လဲ ပြောခဲ့ဖူးပါတယ်"
ယွမ်ကျိုးက ကျင်လင်းချက်ပြုတ်နည်းထဲမှာ တစ်ခြားဟင်းပွဲများကို ပေါက်လိမ့်မည်ဟု မျှော်မှန်းထားခြင်းဖြစ်သည်။ စီချန်းချက်ပြုတ်နည်းမှ ဟင်းပွဲများကို ပေါက်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ စီချန်းချက်ပြုတ်နည်းသည် အစပ်အရသာကို အခြေခံသော ဟင်းချက်နည်းဖြစ်သည်။ ဤဟင်းပွဲများကို ရောင်းချပေးလျှင် အပျော်ရွှင်ဆုံးသူက ဝူဟိုင်း ဖြစ်ပေလိမ့်မည်။ ပူစပ်စပ်ငရုတ်ကောင်းက စီချန်းချက်ပြုတ်နည်းဟင်းလျာများထဲတွင် မရှိမဖြစ်ပါဝင်ပစ္စည်းဖြစ်သည်။ ဝူဟိုင်းက ပူစပ်စပ်အစားအသောက်များ မစားရလျှင် ပျော်ရွှင်မှုကို မခံစားရသူဖြစ်သည်။
ယွမ်ကျိုး၏စားသောက်ဆိုင်တွင် ပူစပ်စပ်ဟင်းလျာများရောင်းချရန်လည်း အမြဲတစေ ပြောနေသူလည်းဖြစ်သည်။ သို့သော်ငြားလည်း ယွမ်ကျိုး၏မေးမြန်းမှုကို စနစ်ကမတုံ့ပြန်ပဲ ဆက်လက်နှုတ်ဆိတ်နေသည်။ ယွမ်ကျိုးက သူကံစမ်းမဲပေါက်ထားသော ဟင်းပွဲများစွာကို စစ်ဆေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ဤတစ်ကြိမ်တွင် ကံစမ်းမဲပေါက်သော ဟင်းလျာများသည် ကျင်လင်းမြက်ဟင်းပွဲထက် အနည်းငယ် ပို၍ကြီးမားသည်။ ဆုလာဘ်ကို ဖွင့်ကြည့်သောအခါ မျှော်မှန်းထားသည့်အတိုင်း ဟင်းပွဲများသော်လည်း အရမ်းများပြားခြင်းမဟုတ်ပေ။
အရွက်ဟင်းပွဲ၂ပွဲနှင့် အသားဟင်းပွဲ၂ပွဲ ပါဝင်သည်။ ကျင်လင်းချက်ပြုတ်နည်းထက် အရွက်၁ပွဲ ပိုခြင်းဖြစ်သည်။
"နောက်ဆုံးတော့ အရက်နဲ့တွဲပြီး စားလို့ရတဲ့ ဟင်းပွဲ၂မျိုးကို ရပြီ"
ယွမ်ကျိုးက ဟင်းပွဲ၄မျိုးထဲမှ ဟင်းပွဲ၂ပွဲကို မြင်တွေ့ရသောအခါ အတော်လေး ပျော်ရွှင်သွားသည်။ ဆက်တိုက်ဆိုသလို ဟင်းပွဲ၄ပွဲ၏ချက်ပြုတ်နည်းများသည် ယွမ်ကျိုး၏ဦးနှောက်ထဲသို့ဝင်ရောက်သွားပြီး
သရေစာမုန့်ချက်ပြုတ်နည်းများသည်လည်း
သူ၏ဦးနှောက်ထဲသို့ ဝင်ရောက်သွားသည်။
ယွမ်ကျိုးက ဒေသထွက်ချက်ပြုတ်နည်း၂မျိုးကို
ချက်ပြုတ်နိုင်သူ တစ်ဦးဖြစ်လာပါပြီ။ အရမ်းနောက်ကျနေပြီဖြစ်သောကြောင့် ယွမ်ကျိုးကဟင်းပွဲအသစ်များကို ချက်ပြုတ်ချင်သည့်ဆန္ဒကို ထိန်းချုပ်လိုက်သည်။ ရေမိုးချိုးရန် ပြင်ဆင်သည်။စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်ပြီးနောက်
အိပ်ရာပေါ် လှဲလျောင်းကာ ခဏလေးအတွင်း အိပ်မောကျသွားသည်။
နောက်တစ်နေ့ မနက်စောစောတွင် ယွမ်ကျိုးသည် အိပ်ရာမှထပြီး ရေမိုးချိုးကာ မနက်စာပြင်ဆင်ရန် စတင်သည်။လတ်တလော သူ၏မနက်စာက ကြက်ဥပေါင်းကိတ်ဖြစ်သည်။
"သူဌေး၊ သူဌေးဒီနေ့အရမ်းပျော်နေသလိုပဲနော် ဟုတ်လား"
မုရှောင်ယွမ်က ဆိုင်သို့ ရောက်ရောက်ချင်း ယွမ်ကျိုး၏သိမ်မွေ့သော အမူအရာကို သတိပြုမိသည်။ သူဌေးအတော်အတန် စိတ်ခံစားချက်ကောင်းမွန်နေသည်ဟု ယူဆမိသည်။
"အွန်း အဲ့လိုလည်းပြောလို့ရတယ်"
ယွမ်ကျိုးက ခေါင်းညိတ်ကာ ဝန်ခံသည်။
ယွမ်ကျိုးက သူ့ရဲ့ညစာအတွက်ပင် သေချာစီစဉ်ထားသည်။ ဝါးအရက်၁အိုး၊အရက်နှင့်တွဲဖက်စားမည့် ဟင်းပွဲ၂မျိုးနှင့်အတူ ကြက်ဥထမင်းကြော်၁ပွဲကိုလည်း ပြင်ဆင်ထားသည်။
"သူဌေး ဟင်းပွဲအသစ်တွေ ရောင်းချတော့မလို့လား"
ယွမ်ကျိုးနှင့် အချိန်အတော်ကြာအောင် ရင်းနှီးထား၍ မုရှောင်ယွမ်က သူဌေးယွမ်၏စိတ်နေသဘောထားကို ကောင်းစွာသိသည်။ထို့ကြောင့် သူမက မဝံ့မရဲမေးမြန်းလိုက်သည်။
"အင်း နေ့လည်ခင်းကျရင်တော့ ဟင်းပွဲအသစ်တွေ ရောင်းပေးမယ်"
ယွမ်ကျိုးက မော်ကြွားသောအမူအရာ အနည်း
ငယ်ပင် မပြသပဲ ခေါင်းညိတ်သည်။
"ဒါဆိုရင် ကောင်းတာပေါ့"
မုရှောင်ယွမ်က ချက်ချင်းပျော်ရွှင်သွားသည်။ လတ်တလောတွင် ဖောက်သည်အများစုက ယွမ်ကျိုး ဟင်းပွဲအသစ် ရောင်းချမလား နေ့တိုင်းမေးမြန်းလေ့ရှိသည်။ သူတို့က လက်ရှိရောင်းချသော ဟင်းပွဲများကို ငြီးငွေ့မှု မရှိသော်လည်း အသစ်အဆန်းကို စိတ်ဝင်စားခြင်းက လူ့သဘောသဘာဝဖြစ်သည်။ ခဏတွေးကြံပြီးနောက် မုရှောင်ယွမ် မေးလိုက်သည်။
"ဒါဆိုရင် သူတို့တွေကို သတင်းပေးလိုက်လို့ ရလား"
မုရှောင်ယွမ်က ဝီချက်ဂရုမှ သူဌေးယွမ်ကို ကယ်တင်ခြင်းစင်တာမှ အဖွဲ့ဝင်များကိုရည်ညွှန်းခြင်း ဖြစ်သည်။
ဤအဖွဲ့အကြောင်းကို ယွမ်ကျိုးလည်း သိထားပြီးသားဖြစ်သည်။ ယွမ်ကျိုးသည် အင်တာနက်applicationများ အသုံးပြုရခြင်းကို မနှစ်သက်သူဖြစ်၍ ၎င်းအဖွဲ့ထဲသို့ မဝင်ရောက်ထားခြင်း ဖြစ်သည်။
သို့သော် မုရှောင်ယွမ်က ၎င်းအဖွဲ့၏ အဓိကစီစဉ်ညွှန်ကြားသူဖြစ်သည်။ သူမက ယွမ်ကျိုးစားသောက်ဆိုင်၏ စားပွဲထိုးဖြစ်နေသောကြောင့် ဤနေရာ၏အဖွဲ့ဝင် ဖြစ်နေခြင်းဖြစ်သည်။
"ကောင်းပြီ ရတယ်"
ယွမ်ကျိုးခေါင်းညိတ်သည်။
"အွန်း ကျေးဇူးတင်ပါတယ်သူဌေး"
မုရှောင်ယွမ်က ပါးချိုင့်ကလေးများပေါ်အောင် ပြုံးလိုက်သည်။ ထို့နောက် သူမက ဖုန်းကို ထုတ်လိုက်သည်။ ဝီချက်ဂရုကို ဖွင့်လိုက်သည်။ဝီချက်တွင် သူမ၏နာမည်က ရှောင်ယွမ်ဖြစ်သည်။
(ဟေ့လူတို့ သတင်းကောင်းရှိတယ်။ သူဌေးယွမ်က ဒီနေ့ နေ့လည်ခင်းမှာ ဟင်းပွဲအသစ်တွေ ရောင်းပေးမယ်) ရှောင်ယွမ်
မုရှောင်ယွမ်၏စာတို ပေးပို့လိုက်သည်နှင့် အဖွဲ့ဝင်အားလုံး စိတ်လှုပ်ရှားသွားသည်။ မနက်ခင်းအချိန်သာ ရောက်နေသေးသော်လည်း လူအများစုက အွန်လိုင်းပေါ်တက်လာသည်။ တစ်ယောက်ပြီးတစ်ယောက် မေးမြန်းသောကြောင့် ၁မိနစ်အတွင်း စာတို၉၉စောင်နီးပါး ဖြစ်သွားသည်။ သို့သော်လည်း ဤအဖွဲ့တွင် အဖွဲ့ဝင်၃၀ခန့်သာရှိသည်။ ၎င်းတို့အားလုံးက ယွမ်ကျိုးစားသောက်ဆိုင်၏ ပုံမှန်ဖောက်သည်များလည်းဖြစ်သည်။ ထို့နောက် မုရှောင်ယွမ်က ဖုန်းကိုကိုင်ထားပြီး စာမပြန်ခင် စာတိုအားလုံးကို ဖတ်ရှုသည်။
[တကယ်လား ကောင်းတာပေါ့။ ပူစပ်စပ်အစားအသောက်တွေကို
စားရတော့မှာ သေချာပြီပေါ့]
အစားအသောက်ကောင်းတွေကို စားဖို့စောင့်နေတဲ့ အကိုဝူ
ဤနာမည်ပြောင်ကို ကြည့်ရုံနှင့် ဝူဟိုင်းမှန်း သိနိုင်သည်။
[ငါကတော့ အစပ်မပါတဲ့အစားအသောက်တွေကို ပိုသဘောကျတယ်။ ဒါတွေက ပိုအရသာရှိတယ်လို့ ခံစားမိတယ်] သူဌေးယွမ်ရဲ့ညီအစ်ကို
ဤနာမည်ကို ကြည့်ရုံဖြင့် စွန်းမင်မှန်း သိနိုင်သည်။
[အရက်နဲ့တွဲသောက်ဖို့အစားအသောက်တွေရောင်းပေးရင်ကောင်းမယ်။ ဖန်းမိသားစုအရက်ဆိုင်က ရောင်းတဲ့ဟင်းပွဲတွေက သူဌေးယွမ်ရဲ့အရက်နဲ့ယှဉ်လို့မရဘူး။
ဒါတကယ့်ကို နာကျင်စရာကောင်းတယ်။ ဘယ်သူက ငါ့ကို ကူညီပေးနိုင်မလဲ]
ကိုယ်ခံပညာရှင်
ဤနာမည်ကိုကြည့်ရုံဖြင့် အရက်သမားချန်းဝေမှန်း သိနိုင်သည်။
[မင်းတို့ သိချင်တာမှန်သမျှကို ရှောင်ယွမ်ကို မေးလေ။ သူသိမှာပေါ့] ဝမ်မန်က အဓိကအချက်ကိုညွှန်ပြသည်။
[ရှောင်ယွမ်၊ ဒါတွေအားလုံးက ပူစပ်စပ်ဟင်းပွဲတွေလား။ ဆိုလိုချင်တာက ရောင်းမယ့်ဟင်းပွဲတွေက ပူစပ်စပ်ဟင်းပွဲတွေလား] ဝူဟိုင်း မေးမြန်းသည်။
[ငါတော့ အရက်နဲ့တွဲပြီး စားလို့ရတဲ့ ဟင်းပွဲတွေလို့ပဲထင်တယ်။ ရှောင်ယွမ် ငါပြောတာမှန်တယ်မလား] ကိုယ်ခံပညာရှင်ချန်းဝေ မေးမြန်းခြင်းဖြစ်သည်။
[သူဌေးယွမ်က ဘယ်လိုဟင်းပွဲမျိုးရောင်းချမလဲဆိုတာမပြောထားဘူး။ နေ့လည်ခင်းလာစားရင်တော့ ဘာဟင်းပွဲတွေလည်းဆိုတာ သိရမှာပါ]
မုရှောင်ယွမ်က ပြန်ဖြေသည်။
[သွားကြမယ်။ နေ့လည်ခင်းသွားပြီးတော့အားပေးရတာပေါ့။ မနက်ခင်းထဲက ဘာဟင်းပွဲရောင်းမလဲ သိရရင်ကောင်းမယ်] ဝူဟိုင်း ရေးသားသည်။ ထိုစာကို ရေးသားနေစဉ် ဝူဟိုင်းက ယွမ်ကျိုး၏စားသောက်ဆိုင် ဝင်ပေါက်သို့ ရောက်ရှိနေပြီးမနက်စာစားရန် ရောက်ရှိလာခြင်းဖြစ်သည်။
[ရှင်က ယွမ်ကျိုးစားသောက်ဆိုင်ကို ရှင့်ရဲ့ကန်တင်းလို သဘောထားနေတာမလား။ ရှင် အခုပဲ သွားတော့မယ်မလား] ဝမ်မန်က စကားလမ်းကြောင်းလွှဲဟန်ဖြင့် သူ့ကို မညှာမတာ ခနဲ့သည်။
ထို့နောက် ယွမ်ကျိုး ရောင်းချမည့်ဟင်းပွဲအကြောင်း ဆွေးနွေးခြင်းနှင့် ဟင်းပွဲအသစ်ကို အမြန်ဆန်ဆုံးမြည်းစမ်းရန်သာ ဆွေးနွေးကြသည်။ သို့သော်ငြားလည်း ဝူဟိုင်းက ဖုန်းကိုချလိုက်ပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်သည်။ ယခုလို ကိစ္စမျိုးက ယွမ်ကျိုးကို မေးမြန်းခြင်းက အကောင်းဆုံးနဲ့ အမြန်ဆန်ဆုံး ဖြစ်လိမ့်မည်။
"သူဌေးယွမ်၊ ကျွန်တော့်အတွက် မနက်စာ ပြင်ဆင်ပေးပါ"
ဝူဟိုင်းက ဟင်းပွဲများကို အရင်ဆုံးအော်ဒါမှာသည်။ သူဗိုက်ပြည့်အောင်စားပြီးမှသာ မေးမြန်းရန် အင်အားရှိလိမ့်မည်။
"ခဏလေး စောင့်ပေးပါ"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး ခဏစောင့်ရန် အချက်ပြသည်။
"သူဌေးယွမ်၊ ခင်ဗျားဟင်းပွဲအသစ်တွေ တင်ထားတယ်လို့ သတင်းကြားတယ်။ အဲ့ဒီဟင်းပွဲတွေက ပူစပ်စပ်ဟင်းပွဲတွေလား"
မျှော်မှန်းထားသည့်အတိုင်း ဝူဟိုင်းက ဟင်းပွဲ၏အရသာကို ပို၍အာရုံစိုက်နေသည်။
"ဟုတ်တယ်။ နေ့လည်ခင်းကျရင် ခင်ဗျားဝယ်စားလို့ရပါပြီ"
ယွမ်ကျိုးက maskတပ်ထား၍ သူ့အသံက အနည်းငယ်ဗလုံးဗထွေးဖြစ်နေသည်။
"အရသာကိုပဲ အရင်ဆုံးပြောပေးပါ။ ငါက ခင်ဗျားချထားတဲ့စည်းမျဉ်းတွေ မချိုးဖောက်ဘူးလေ"
ဝူဟိုင်းက စည်းမျဉ်းစည်းကမ်းဖြင့် ယွမ်ကျိုးကို ဖျောင်းဖျရန် ကြိုးပမ်းသည်။
"မရဘူး။ ပြောပြလို့ မရသေးဘူး။ ဒါပေမယ့် နေ့လည်ခင်းကျရင်တော့ သိခွင့်ရမှာပါ"
ယွမ်ကျိုးက ကြက်ဥပေါင်းကိတ်၂ပွဲကို ချက်ချင်းပြင်ဆင်ပြီး ဝူဟိုင်းဆီ သယ်လာသည်။
"ဒီလိုဆို အရသာနဲ့ပတ်သက်တဲ့မေးခွန်းတွေကိုပဲ ပြန်ဖြေပေးပါ"
ဝူဟိုင်းက ပန်းကန်ပြားကို ယူလိုက်ပြီး မရမကမေးမြန်းနေသည်။ သူသိလိုသည့်မေးခွန်းကို မေးမြန်းပြီးနောက် ကြက်ဥပေါင်းကိတ်၁ခုကို ယူပြီး စတင်စားသည်။
"သူဌေးယွမ်၊ ဒီကြက်ဥပေါင်းကိတ်ကို ပတ်တဲ့စာရွက်ကိုမယူဘူးဆိုရင် အခကြေးငွေမကောက်ဘူးမလား။ ဟုတ်တယ်မလား" တစ်စုံတစ်ယောက်က ရုတ်တရက် မေးမြန်းလာသည်။
"ဟုတ်တယ်။ ခင်ဗျားအတွေးမှန်တယ်"
ယွမ်ကျိုးခေါင်းညိတ်သည်။
"အံ့ဩစရာပဲ။ တကယ်လုပ်လို့ရတယ်လား။
ဒါဆိုရင် ထုပ်ပိုးတဲ့စာရွက်ကို မယူတော့ဘူး။ တူတစ်စုံနဲ့
ချိုတဲ့ကြက်ဥပေါင်းကိတ်ကိုပေးပါ။ ဒီအတိုင်း လက်နဲ့ကိုင်ဖို့ကျ အရမ်းကို ပူလွန်းတယ်"
၎င်းအမျိုးသားက
ပျော်ရွှင်စွာ ပြန်ပြောသည်။
ထုပ်ပိုးတဲ့စာရွက်ကို အသုံးပြုလျှင် ကြက်ဥပေါင်းကိတ်၁လုံးကို ၁၆၈.၈ယွမ်ကုန်ကျလိမ့်မည်။ ထုပ်ပိုးသောစာရွက်ကိုမယူလျှင် ၁၆၈ယွမ်သာ ကုန်ကျလိမ့်မည်။
"ခဏစောင့်ပေးပါ "
"အံ့ဩစရာပဲ။ ဒါဆိုရင် ၀.၈ယွမ်ကို ချွေတာလို့ရပြီပေါ့။ အဲ့ဒီ ၀.၈ယွမ်နဲ့ အပြင်မှာ ကြက်ဥ(၁)လုံး ဝယ်လို့ရတယ်"
အပိုင်း(၁၆၇)
ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၆၈)
ထို့နောက် လူအများစုက မုန့်ထုပ်ပိုးသောစာရွက်ကို မယူလိုကြောင်း အသိပေးကြပြီး ဝါးတူကိုသာ ပေးရန်တောင်းဆိုကြသည်။ အများစုက ငွေချွေတာရန် ဖြစ်သော်လည်း တစ်ချို့သူများက ၀.၂ယွမ်အကြွေစေ့ကို မသိမ်းထားချင်သောရည်ရွယ်ချက်ကြောင့် ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ ထုပ်ပိုးထားသောစက္ကူရွက်က လွှင့်ပစ်ရမည့်ပစ္စည်းဖြစ်သည့်အတွက် အရေးမပါလှချေ။ သို့သော်လည်း မပြောပလောက်သော ပမာဏက ငွေကြေးပမာဏ ဖြစ်နေသေးသည်။
"ဒီလူတွေက တန်ဖိုးထားရကောင်းမှန်း မသိဘူး။ ဒီကြက်ဥပေါင်းကိတ်ကို လက်ဗလာနဲ့စားတာ ပိုပြီးတောင်အရသာရှိသေးတယ်။ ဒီလိုမှမဟုတ်ရင် အရသာက ရှိပါဦးမလား"
ဝူဟိုင်းက အသိပညာကြွယ်ဝသောပုံစံဖြင့် ရေရွတ်သည်။
"ခင်ဗျား ဒီလိုဆက်ပြောနေမယ်ဆိုရင် ဟင်းပွဲအသစ်အကြောင်း ဘာမှပေးမသိတော့ဘူး"
ယွမ်ကျိုးက ဝူဟိုင်းကို အသိပေးစကားပြောသည်။
"သူဌေးယွမ်၊ ကျွန်တော်ဘာမှဆက်မပြောတော့ဘူး။ အိမ်ပြန်တော့မယ်။ နှုတ်ဆက်ပါတယ် ဘိုင့်ဘိုင်"
ဝူဟိုင်းက ယွမ်ကျိုး၏ဟင်းချက်လက်ရာ ကြောင့် ယွမ်ကျိုးကို သည်းခံလိုက်သည်။
မနက်စာဆိုင်ဖွင့်ချိန်သည် ဝူဟိုင်း ထွက်ခွာသွားသောအခါ ပြည့်လုနီးပါး ဖြစ်နေပါပြီ။
သို့သော်လည်း မနက်စာစားရန် စောင့်ဆိုင်းနေသည့်လူတစ်ချို့ရှိနေသေးသည်။
ထို့နောက် ယွမ်ကျိုးက ဆိုင်ကိုပိတ်လိုက်ပြီး နေ့လည်ခင်းတွင် ရောင်းချမည့်ဟင်းပွဲအသစ်အတွက် လိုအပ်သောပါဝင်ပစ္စည်းများကို စတင် ပြင်ဆင်သည်။ ဟင်းပွဲအသစ်(၄)မျိုးအနက် (၃)မျိုးက သေချာပြင်ဆင်ဖို့လိုအပ်သည်။ ယွမ်ကျိုးက ပိုးသားလွှာယုန်ဟင်းကို အရင်ဆုံးပြင်ဆင်ရန် ကြိုးစားသည်။
ဤဟင်းလျာက အချိန်အများကြီးကုန်မည် ဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်ခြင်းဖြစ်သည်။
ထို့ပြင် ယုန်ဟု ရေးသားထားသောအံဆွဲက သူ့ဘေးနားတွင်ရှိနေ၍ ချက်ချင်းဆွဲဖွင့်လိုက်သည်။
"ဘာလဲဟ"
အံဆွဲကို ဖွင့်လိုက်သည်နှင့် ယွမ်ကျိုး မြင်လိုက်ရသော မြင်ကွင်းကြောင့် တအံ့တဩထအော်မိသည်။ အံဆွဲအတွင်းတွင် သက်ရှိယုန်များစွာ ရှိနေသည်။ ထို့ပြင် အံဆွဲအတွင်းတွင် မြက်တစ်ချို့ကိုပင် ထည့်ပေးထား၍ ယုန်များက မြက်များကို စိမ်ပြေနပြေ စားနေသည်။ တံခါးဖွင့်သံကြောင့် ယုန်တစ်ချို့ တအံ့တဩဖြစ်သွားပြီး ယွမ်ကျိုးကိုငေးကြောင်ကြည့်နေကြသည်။
"မင်းတို့ မလုပ်နိုင်တာ ဘာများရှိသေးလို့လဲ။ ဒီအံဆွဲကိုတောင် မွေးမြူရေးခြံလိုတောင် လုပ်ထားသေးတယ်နော်။ တကယ့်ကို အံ့ဩစရာပဲ။ ငါ့ရဲ့စနစ်ကြီးက
တကယ့်ကို အံ့ဩဖို့ကောင်းတယ်"
ယွမ်ကျိုးက အံဆွဲကို ပိတ်လိုက်ပြီး စနစ်ကို
လှောင်ရယ်လိုက်သည်။
စနစ်က ဖော်ပြသည်။
[အခုလို ချီးမွမ်းစကားပြောပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်]
"ငါက မင်းကို ချီးမွမ်းစကားပြောနေတာမဟုတ်ဘူး"
ယွမ်ကျိုးက ဝူဟိုင်းနှင့်စကားပြောနေသကဲ့သို့
ရုတ်တရက်ခံစားမိသည်။စနစ်နှင့် စကားပြောသောအခါ နှုတ်ဆိတ်သွားသောခံစားချက်ကို ခံစားမိသည်။ ဝူဟိုင်းလည်း သူ့နည်းတူ ခံစားမိလိမ့်မည်။
အသက်ပြင်းပြင်းရှူပြီးနောက် ဟင်းချက်ခြင်းကိုသာ အာရုံစိုက်ခြင်း
က ပိုကောင်းမွန်မည်ဟု ခံစားမိသည်။ ပိုးသားလွှာယုန်ဟင်းပွဲတွင် ယုန်များနှင့် ဖန်တီး
မှုပညာကို အသုံးပြုရန် လိုအပ်သည်။ သက်ရှိယုန်များသည် နောက်ထပ်ပြင်ဆင်မှု
အတွက် မရှိမဖြစ်လိုအပ်သည်။ ယွမ်ကျိုးက
ပိုးသားလွှာယုန်ဟင်းပွဲအတွက် လိုအပ်သောပါဝင်ပစ္စည်းအားလုံးကို တစ်ပြိုင်နက်တည်း ပြင်ဆင်သည်။ သူ့ဖောက်သည်အရေအတွက်ဖြင့်
ယခုလို ပြင်ဆင်ခြင်းက ပြဿနာ မရှိပေ။ ကျန်ရှိသောအလုပ်များကလည်း ကြိုတင်ပြင်ဆင်ရန် လိုအပ်သည်။
ထိုမှသာ နေ့လည်ခင်းတွင် အချိန်မှီ ရောင်းချနိုင်လိမ့်မည်။
ဤတစ်ကြိမ်တွင် အမဲသားကို ဝက်သားနှင့် အတူတူတွဲထားပြီး ယုန်များကဲ့သို့ လှောင်အိမ်နှင့်ထားထားခြင်း
မဟုတ်ပေ။ ယွမ်ကျိုးက ပဲကိုရေစိမ်ပြီးနောက်
အမဲသားကိုင်သည်။ အမဲသားနုပ်နုပ်စဉ်းအတွက် လိုအပ်သော ပြင်ဆင်မှုအားလုံးကိုပြင်ဆင်ပြီးနောက်
ဟင်းပွဲအော်ဒါ မှာလာလျှင် အမဲသားကို
နုပ်နုပ်စဥ်းရမည်ဖြစ်သည်။ တခြားသော
ဟင်းလျာများက ပို၍ပင်အခက်တွေ့စေသည်။
ပဲကို ရေစိမ်ပြီးနောက် တို့ဖူးအဖြစ် ပြောင်းလဲရန်
အဆင့်ပေါင်းများစွာလုပ်ဆောင်ရန် လိုအပ်သည်။
တို့ဖူးရဲ့မူလဇစ်မြစ်အကြောင်း ပြောရမည်ဆိုလျှင် ပို၍ပင် စိတ်ဝင်စားစရာကောင်းသည်။
ဟွိုင်နန်ဧကရာဇ်နဲ့ အဂ္ဂိရတ်ပညာရှင်တို့
တီထွင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ဖူးတွင် ပရိုတင်းဓာတ်မြင့်မားပြီး အဆီဓာတ်နည်းပါးသည့်အပြင်၊ သွေးဖိအားကိုလျော့ချပေးခြင်း၊ သွေးတွင်းအဆီဓာတ်ကို လျော့ချပေးခြင်းနှင့် ကိုလက်စထရောကို လျော့ချပေးသည့် ကောင်းမွန်သောအကျိုးသက်ရောက်မှုများ
ရှိသည်။ ချက်ပြုတ်ပြီး စားနိုင်သကဲ့သို့ မချက်ပြုတ်ဘဲလည်း စားနိုင်သည်။ တို့ဖူးကို
တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ ခွဲခြားထားသည်။
တောင်ပိုင်းတို့ဖူးက နူးညံ့ပြီး
လတ်ဆတ်သည်။ စွပ်ပြုတ်နဲ့အေးခဲအစားအသောက်များအတွက် သင့်လျော်သည်။
သို့သော်လည်း မြောက်ပိုင်းတို့ဖူးသည် အသား၊ ဟင်းလျာများနှင့် စွပ်ပြုတ်များတွင်
ထည့်ပြုတ်ရန် သင့်လျော်သည်။ ယနေ့ ယွမ်ကျိုးပြင်ဆင်နေသောတို့ဖူးက
မြောက်ပိုင်းတို့ဖူးဖြစ်သည်။
မနက်ခင်းအချိန်သည် နေ့လည်ခင်းအတွက် ရောင်းချမည့်ပစ္စည်းများ
ပြင်ဆင်ခြင်းနှင့် ကုန်ဆုံးသွားသည်။ ယွမ်ကျိုး နေ့လည်ခင်းအတွက် ဆိုင်ဖွင့်ရန် တံခါးဖွင့်လိုက်ချိန် အပြင်ဘက်မှာ
စောင့်ဆိုင်းနေသော လူအများကြီးရှိနေသည်။ ပထမဦးဆုံး ဝင်ရောက်လာသူက မုရှောင်ယွမ် ဖြစ်သည်။
"သူဌေးမွှေးနေတာပဲ။ ဟင်းပွဲအသစ်တွေ ပြင်ဆင်ထားတာလား"
သူမက ဆိုင်ထဲသို့ ဝင်ဝင်ခြင်း အပြုံးလေးဖြင့်
မေးမြန်းသည်။
"ဒါပေါ့။ ပူစပ်စပ်အရသာနဲ့လတ်ဆတ်တဲ့ ရနံ့လေးရတယ်။ တကယ့်ကို ကောင်းမွန်တဲ့အရသာပဲ ဖြစ်မယ်"
ဝူဟိုင်းက စားသောက်ဆိုင်ထဲ ဒုတိယမြောက် ဝင်ရောက်လာသူဖြစ်သည်။
"ဆိုင်ထဲကို ဝင်လာပေးကြပါ"
လေးနက်သောအကြည့်ဖြင့် ယွမ်ကျိုးက ဖောက်သည်များဆိုင်ထဲဝင်နိုင်အောင် နေရာပေးသည်။
"ကောင်းတာပေါ့။ ဒီလိုဆိုရင် ပူစပ်စပ်အစားအစာတွေ
စားလို့ရပြီ"
ကောင်မလေးက ပျော်ရွှင်စွာပြောသည်။
"မင်း ဝက်ခြံပေါက်မှာ မကြောက်ဘူးလား"
သူမ၏နောက်မှာ မတ်တပ်ရပ်နေသော အမျိုးသားကကျီစယ်ဟန်ပြောသည်။
"မဟုတ်ဘူး။ သူဌေးယွမ်ရဲ့ဟင်းပွဲတွေက ဝက်ခြံမပေါက်စေဘူး"
ကောင်မလေးရဲ့အမူအရာက ယုံကြည်သောအမူအရာကို ပြသသည်။
"အရသာရှိတဲ့ဟင်းပွဲတွေနဲ့ ဝက်ခြံပေါက်တာနဲ့က သက်ဆိုင်မှု ရှိလို့လား"
အမျိုးသားက နားမလည်နိုင်သော အမူအရာကို
ညွှန်ပြသည်။
"ဘာလဲ ငါမှားတယ်လို့ ထင်နေတာလား"
ကောင်မလေးက မကျေနပ်ဟန်အမူအရာဖြင့်
ပြောသည်။
"မဟုတ်ပါဘူး။ တကယ် မဟုတ်ရပါဘူး။ အားယွင်
ပြောတာ အမြဲတမ်းမှန်တယ်။ ခဏနေရင် ပူစပ်စပ်ဟင်းပွဲတွေကို မှာကြမယ်"
အမျိုးသားလေးက မျက်နှာချိုသွေးဟန် ချက်ချင်းပြုံးသည်။
"ဒါဆိုရင် တန်းစီကြမယ်"
ကောင်မလေးက ကျေနပ်ဟန်ခေါင်းညိတ်လိုက်ပြီး ဆက်လက်တန်းစီသည်။ ထို့နောက် ဖောက်သည်များက စားသောက်ဆိုင်ထဲသို့ချက်ချင်းဝင်ရောက်ပြီး ကျန်ရှိနေသော ထိုင်ခုံလွတ်အားလုံးကို နေရာယူလိုက်သည်။
"ဟင်းပွဲအသစ်တွေကို မင်းတို့နောက်က နံရံပေါ်မှာရေးထားပါတယ်။ ကိုယ့်ဘာသာကိုယ် စားချင်တဲ့ဟင်းပွဲကို ကြည့်ပေးပါ"
မုရှောင်ယွမ်က ဘေးဘက်မှာ မတ်တပ်ရပ်နေပြီး ချက်ချင်းညွှန်ကြားသည်။
"ဝိုး ဟင်းပွဲနာမည်တွေ ကြည့်ရုံနဲ့ သရေယိုလာပြီ။ နောက်ဆုံးတော့ အသားဟင်းပွဲတွေကို စားလို့ရပြီ"
ချန်းဝေက သူ့ဘေးနားရှိ
ဟင်းပွဲအမည်များကိုဖတ်ရှုပြီး ပြန်ပြောသည်။
"ပုစွန်ဟင်းနဲ့ ကြက်ခြေထောက်ဟင်းတွေကို
စားခဲ့တယ် မဟုတ်ဘူးလား"
ဝူဟိုင်းက ခေါင်းကိုလှည့်လိုက်ပြီး ချန်းဝေကို
တည့်တည့်ကြည့်ကာ ပြန်လည်ပြောဆိုသည်။
"မတူဘူးလေ ... မတူဘူး။ အမဲသားရယ် ဝက်သားရယ် ယုန်သားရယ်ကို
အသားဟင်းလို့ ယူဆနိုင်တယ်လေ"
ချန်းဝေက သူ့ကိုယ်သူအလေးအနက်ကာကွယ်
ပြောဆိုသည်။
"ဒီလိုမျက်နှာအမူအရာပုံစံ မပြစမ်းနဲ့။ ငါ့အသည်း အောင့်လာပြီ"
ဝူဟိုင်းက ချက်ချင်းအကြည့်လွှဲလိုက်ပြီး
ချန်းဝေရဲ့မျက်နှာအမူအရာက ယွမ်ကျိုး သူ့ကို
ငြင်းပယ်တုန်းက အမူအရာနှင့် တူနေသည်။
"ဘယ်သူက ခင်ဗျားနဲ့စကားပြောချင်လို့လဲ။
ရှောင်ယွမ် ဟင်းပွဲအော်ဒါတင်မယ်"
ချန်းဝေက ရက်ရောစွာ ပြန်ပြောသည်။
"ဟုတ်ကဲ့ ပြောပေးပါ"
မုရှောင်ယွမ်က ဘေးနားမှာမတ်တပ်ရပ်နေပြီး ဟင်းပွဲအော်ဒါမှာမည့်အချိန်ကို
စောင့်ဆိုင်းနေသည်။
"အမဲသားဟင်း၊ ယုန်သားဟင်းနဲ့ ဆန်အခြေပြု
ဟင်းပွဲ၁၀၀ထဲကထမင်းဖြူ၁ပွဲပေးပါ"
ချန်းဝေက မီနူးထဲရှိဟင်းပွဲအားလုံးကို မှာချင်သော်လည်း သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံအကြောင်းကိုတွေးရဦးမည်။ သူက
တစ်ကိုယ်တည်းဘဝဖြင့် မိသားစုအတွက် စိုးရိမ်ပူပန်မှုမရှိသော်လည်း
ညနေခင်း အရက်သောက်မည့်အစီအစဉ်ကို မစွန့်လွှတ်ချင်ပေ။ ကံကောင်းစွာဖြင့် အပိုဝင်ငွေရစေမည့် အချိန်ပိုင်းအလုပ်ရှိနေ၍
ကံကောင်းသွားသည်။
"အားနာပါတယ်။ ယုန်သားဟင်းက ပြင်ဆင်စရာတွေရှိသည့်အတွက်ကြောင့်
အခု မှာလို့မရပါဘူး"
မုရှောင်ယွမ်ပြန်မဖြေခင် ယွမ်ကျိုးက ချက်ချင်း
ပြန်ပြောသည်။
"အမ် ဘယ်လိုဖြစ်ရတာလဲ။ ဒါဆို ဘယ်လောက်ကြာမှာလဲ"
ချန်းဝေက စပ်စပ်စုစုမေးမြန်းသည်။
"ယခုမှာထားမယ်ဆိုရင် နောက်တစ်နေ့ ညနေခင်း၆နာရီလောက်မှာ စားလို့ရမယ်"
ယွမ်ကျိုးက အချိန်ကိုပြောပြသည်။
"ဒီလောက်တောင် ကြာတာလား။ ဒါဆိုရင် ဟင်းပွဲ
ပြောင်းမှာမယ်။ ဝက်သားအစပ်ဟင်းစားချင်တယ်"
မျက်မှောင်ကြုတ်လိုက်ပြီး ချန်းဝေက တခြားဟင်းပွဲကို ပြောင်းမှာသည်။
"ခဏစောင့်ပေးပါ" ခေါင်းညိတ်လိုက်ပြီး
ယွမ်ကျိုးက မီးဖိုချောင်ထဲသို့ပြန်သွားပြီး ဟင်းချက်ရန် ပြင်ဆင်သည်။ ပင်မခန်းမဆောင်ရှိ အလုပ်အားလုံးကို
မုရှောင်ယွမ်က စီစဉ်ညွှန်ကြားရသည်။ မီးအားပြင်းပြင်းဖြင့် အမြန်ကြော်လှော်ပြီး မကြာခင်မှာပဲ ဝက်သားအစပ်ဟင်းနဲ့ကြာဇံ၊ အမဲသားနှပ်နှပ်စဉ်းဟင်းကို ချန်းဝေဆီသို့ သယ်ဆောင်သွားသည်။
အမဲသားက အအေးဟင်းအစားအသောက်ဖြစ်တဲ့အတွက်ကြောင့် တခြားဟင်းပွဲလောက်
မွှေးရနံ့မပြင်းပါ။ ထို့ကြောင့် ချန်းဝေက ဝက်သားအစပ်ဟင်းနဲ့ ကြာဇံကို မြည်းစမ်းကြည့်ရန် စဉ်းစားမိသည်။
ကြာဇံလေးတွေက တောက်ပပြီးတော့ အသားဟင်းလေးတွေကို ဖြူးထားသည်။ ချန်းဝေက ကြာဇံအပိုင်းအစလေးတွေကို တူဖြင့်ညှပ်လိုက်သောအခါ အသားနုပ်နုပ်စဥ်းလေးတွေလည်း
ပါလာသည်။ အသားနုပ်နုပ်စဥ်းလေးတွေနဲ့အတူ ကြာဇံကိုပါးစပ်ထဲထည့်လိုက်ပြီး အားရကျေနပ်စွာ ဝါးလိုက်သည်။ နူးညံ့လတ်ဆက်သောအရသာက ခံတွင်းထဲ ပျံ့သွားပြီးတော့ စွဲမက်သောခံစားချက်ကို ဖြစ်ပေါ်စေသည်။
အပိုင်း(၁၆၈)