← Chapters

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

အခန်း (၁၆၉-၁၇၁)

Vol. 12 Ch. 169-171

ယွမ်ကျိုး အပိုင်း(၁၆၉)

တစ်ဝက်ကုန်အောင်စားပြီးနောက် ချန်းဝေက ထမင်းဖြူကို မစားရသေးမှန်းသိသွား၍ ပန်းကန်လုံးကို ကောက်ကိုင်လိုက်ပြီးတော့ သူ့ရဲ့ပါးစပ်ထဲကို ထမင်းတွေ ထည့်လိုက်သည်။

ပုံမှန်ဆိုရင် ဟင်းပွဲတွေကထမင်းနဲ့ရောပြီးတော့ စားတဲ့အခါမှာ အရသာပေါ့သွားတယ်။ ဒါပေမဲ့ ဒီဟင်းပွဲကတော့ ခြားနားတယ်။ ဒီကြာဇံရဲ့ နူးညံ့ပြီးတော့ လတ်ဆက်တဲ့အရသာ၊

ဆန်ရဲ့အတော်အတန်နူးညံ့မှုနဲ့ လိုက်ဖက်ညီခြင်းကို ဖြစ်ပေါ်စေသည်။ ငရုတ်ကောင်းရဲ့အနည်းငယ် ပူစပ်စပ်ခံစားချက်နဲ့ ဒီဆန်ရဲ့ချိုမြတဲ့မွှေးကြိုင်တဲ့ရနံ့ လိုက်ဖက်ညီလွန်းသည်။

ထမင်းဖြူနဲ့အတူတူ ချန်းဝေက ကျန်ရှိနေတဲ့ ဝက်သားအစပ်ဟင်းတစ်ဝက်ခန့်ကို ကုန်အောင်စားခဲ့သည်။

"သူဌေးယွမ်ရဲ့ကျွမ်းကျင်မှုက တကယ့်ကို မယုံကြည်စရာကောင်းတယ်"

ချန်းဝေက ယွမ်ကျိုးကိုလက်မထောင်ပြီးတော့

ချီးမွမ်းစကားပြောသည်။

"ဒီအမဲသားဟင်းကပဲ သူ့ရဲ့စစ်မှန်တဲ့အရည်အချင်းကို ပုံဖော်နိုင်တယ်

လို့ ငါ ခံစားမိတယ်"

ဝူဟိုင်းက ဘေးဘက်မှာရှိနေပြီး ရုတ်တရက်

ကြားဖြတ်ပြောဆိုသည်။

"အမ် ငါ့မှာ အမဲသားဟင်းရှိသေးတယ်လေ"

ချန်းဝေက သူအော်ဒါမှာထားသော အမဲသားဟင်းပွဲအကြောင်းကိုတွေးမိသွားသည်။

သူက ခေါင်းကိုလှည့်လိုက်ပြီးတော့ အညိုရောင်ကျောက်ပန်းကန်ပြားကိုကြည့်လိုက်သည်။ ကျောက်ပန်းကန်ပြားက ဘောလီဘောတစ်လုံးစာ အရွယ်အစားရှိသည်။

ပန်းကန်ပြားပေါ်မှာ‌ ကောင်မ‌လေးတစ်‌ယောက်ရဲ့လက်ဖဝါးအရွယ်အစားရှိတဲ့ အမဲသားလွှာတွေ ရှိနေပြီး အမြင်တင့်တယ်စေသည်။

အမျိုးသားတွေအားလုံးက အရက်သောက်တဲ့အခါမှာ အမြည်းစားရခြင်းကို နှစ်သက်ကြသည်။ ဒီအမဲသားလွှာပေါ်မှာ ငရုတ်ကောင်းမှုန့်လေးတွေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ဒီ့ပြင် ဒီအမဲသားပေါ်မှာ ပိုပြီးတော့ အရသာရှိ

အောင် ဟင်းခတ်အမွှေးအကြိုင်တွေ ဖြူးထားတဲ့အပြင် နှမ်းစေ့လေးတွေလည်း ဖြူးထားသည်။ ချန်းဝေက ဗိုက်ပြည့်အောင်စားထားပေမဲ့ သရေယိုလာသောကြောင့် တံတွေးများကိုမျိုချလိုက်သည်။

သူက တူကို ကောက်ကိုင်လိုက်ပြီး အမဲသားလွှာကို ညှပ်လိုက်သည်။ အမဲသားလွှာက စက္ကူအပိုင်းအစကဲ့သို့ ပါးလွှာသည်။ ပုံမှန်ဆိုလျှင် ဒီလို ပါးလွှာတဲ့အမဲသားလွှာကိုသူသိပ်မစားပေ။

ပါးလွှာသောအမဲသားလွှာက တူဖြင့်ညှပ်လိုက်ရုံဖြင့် ပဲ့ရွဲ့သွား၍ စိတ်ပျက်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ချန်းဝေက ပါးစပ်ကို အကျယ်ကြီးဟလိုက်ပြီးတော့ အမဲသားကို မဝါးခင် ပါးစပ်ထဲထည့်လိုက်သည်။

ပူစပ်စပ်အရသာက သူ့ခံတွင်းထဲ အရင်ဆုံး ပေါက်ကွဲထွက်သွားသည်။ သူ့ရဲ့ဆံပင်မှာရှိတဲ့ မွှေးညင်းပေါက်တွေအားလုံးပွင့်သွားသကဲ့သို့

ခံစားရသည်။ ထို့နောက် ပူရှိန်းရှိန်းအရသာက

သူ့ရဲ့လည်မျိုထဲကို စီးဆင်းသွားပြီး ဆို့နင့်တဲ့ခံစားချက်ကို မဖြစ်ပေါ်စေ‌ပေ။

ထိုစဉ် ပူစပ်စပ်အရသာက သူ့ရဲ့လျှာမှာရှိတဲ့ အရသာခံဖုတွေကို လှုံ့ဆော်ပေးပြီး အမဲသားရဲ့အရသာကို

အပြည့်အဝခံစားစေသည်။

အကြိမ်ပေါင်းများစွာ အငမ်းမရ စားသောက်ပြီး

တဲ့နောက် ထိုအမဲသားက သူ့သွားကြားထဲ ညှပ်သွားတဲ့ခံစားချက်ကို မခံစားရပေ။

"ပူစပ်စပ်ခံစားချက်နဲ့ ကြွပ်ဆတ်ပြီး မွှေးနေတာပဲ။ အရက်နဲ့ တွဲဖက်စားလို့ရတဲ့ ဟင်းကောင်းတစ်ပွဲပဲ"

ချန်းဝေက အမဲသားလွှာကို အငမ်းမရစားသောက်ပြီးနောက် ချက်ချင်းပြောသည်။

"ခင်ဗျား ပြောတာမှန်တယ်။ အမဲသားနဲ့ ဝါးအရက်က တကယ့်ကို လိုက်ဖက်ညီတယ်"

ဝူဟိုင်းက ချန်းဝေ၏သဘောထားကို

ရှားရှားပါးပါး သဘောတူလိုက်သည်။

"ဒီပူစပ်စပ်အရသာနဲ့ ကြွပ်ဆတ်ဆတ်ခံစားချက်က တကယ့်ကို လိုက်ဖက်တယ်။ နောက်ပြီးတော့ အရက်ရဲ့ပြင်းရှရှအရသာနဲ့

ပြီးပြည့်စုံတာပေါ့"

ချန်းဝေက အမဲသားကို ဆက်စားရင်း စကားပြန်ပြောသည်။ အမဲသားကိုအငမ်းမရ စားသောက်ပြီးတိုင်း ထမင်းဖြူကိုလည်း ပလုတ်ပလောင်းစားရန်

မမေ့လျော့ခဲ့ပေ။ ချန်းဝေက ကျန်ရှိသောဟင်းပွဲ

များကို ဤအပြုအမူအတိုင်း ဆက်လက်စားသုံးသည်။ ဤသည်ကား ချန်းဝေ၏အပြုအမူဖြစ်သည်။

"ဒီဟင်းပွဲတွေ ကြည့်ရတာအရသာရှိမဲ့ပုံပဲ။ ငါ ဘာမှာသင့်လဲ"

သူ့အလှည့်ကို စောင့်ဆိုင်း

နေသည့် အမျိုးသားတစ်ယောက်က အရှေ့ဘက်ကို ငေးကြည့်ပြီးတော့ ရုတ်တရက် မေးမြန်းသည်။

"ရှင်ပါလာတဲ့ငွေကို ချိန်ဆပြီးတော့ မှာပေါ့။ အကုန်လုံးမတတ်နိုင်ရင် တစ်မျိုးချင်းစီ ဝယ်စားပေါ့"

သူ့နောက်မှာ မတ်တပ်ရပ်နေသော စုံတွဲထဲမှ ကောင်မလေးက ကြင်နာစွာ အကြံပြုစကားပြောသည်။

"ရွေးချယ်ရခက်တဲ့ခံစားချက်နဲ့ ဘာကို ရွေးချယ်ရမလဲတောင် မသိတော့ပါဘူး"

အမျိုးသားက အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

"အမဲသားဟင်းကို အကြံပြုချင်တယ်။ ငါတို့က အခုအဝေးမှာ ရောက်နေလို့ သူဌေးယွမ်ရဲ့ဓားကိုင်တဲ့အပြုအမူကို ရှင်းရှင်းလင်းလင်းမမြင်နိူင်ဘူး။ ဒါပေမဲ့ သူဌေးယွမ်ရဲ့အမဲသားလွှာက အလင်းဖောက်နိုင်တဲ့အထိ ပါးလွှာတယ်လို့ ပြောလို့ရတယ်"

ကောင်မလေးက ဤအချက်ကိုသာ ပို၍စိတ်ဝင်စားနေသည်။

"အမဲသားဟင်းတစ်ပွဲက ၆၈၈ယွမ်ကုန်ကျမှာလား။ ကောင်းပြီလေ။ ဒီလိုပဲလုပ်ကြတာပေါ့"

အမျိုးသားလေးက အနည်းငယ်တုံ့ဆိုင်းသွားသော်လည်း အမဲသားကိုစားချင်သောဆန္ဒက

သူ့ပိုက်ဆံအိတ်ထဲက ပိုက်ဆံအကြောင်း စိုးရိမ်စိတ်ကိုဖုံးလွှမ်းသွားသည်။

"ငါတို့ ဘာမှာသင့်လဲ" ကောင်မလေးနောက်မှအမျိုးသားက ကောင်မလေးအနား ချဉ်းကပ်လာပြီး

မေးမြန်းသည်။

"ကျင်လင်းမြက်ဟင်းနဲ့ အမဲသားဟင်းဆိုရင်ရော" ကောင်မလေးက အကြံပြုသည်။

"ဒီနေရာကို သိပ်မလာဖူးဘူးဆိုတော့ မင်းသဘောအတိုင်းမှာလေ"

အမျိုးသားက မျက်နှာချိုသွေးသော အမူအရာဖြင့်စကားပြောသည်။

"ဒါက ဘာသဘောလဲ။ ငါတို့ ဒီဆိုင်ကို ခဏခဏလာရင် ငါ့သဘောမဟုတ်ဘူးဆိုတဲ့သဘောလား။ ဒီလို ဆိုလိုချင်တာလား"

ကောင်မလေးက ချက်ချင်း ခေါင်းကိုလှည့်လိုက်ပြီး မကျေနပ်ဟန်ပြောသည်။

"မဟုတ်ဘူး ... ဒီလိုမဟုတ်ရပါဘူး။ အမြဲတမ်း မင်းလေးသဘောအတိုင်းပါ"

ထို့နောက် အမျိုးသားက နှုတ်ဆိတ်သွားသည်။ သို့သော်လည်း ယခုလိုအခြေနေမျိုးမှာ သူက ကောင်မလေးကိုချော့ဖို့ကြိုးစားသည်။

"အွန်း ဒီလိုပဲဖြစ်ရမယ်လေ"

ကောင်မလေးက အမှန်တကယ် ဒေါသမထွက်သော်လည်း သူ့ရဲ့ချစ်သူကောင်လေးကို ကျီစယ်ရုံ သက်သက်သာ ဖြစ်သည်။

ကောင်လေးက သူ့အမှားကိုဝန်ခံတာ မြင်ရတဲ့

အခါမှာ သူမ၏အမြင်အာရုံက ယွမ်ကျိုးဘက်လှည့်သွားသည်။

"သူဌေး အမဲသားဟင်း ၂ပွဲ၊ ကျင်လင်းမြက် ၁ပွဲ၊ထမင်းဖြူ ၃ပွဲ"

မုရှောင်ယွမ်က ဖောက်သည်၃ယောက်မှာသော

အော်ဒါများကို မှတ်သားပြီး ဟင်းချက်ရန် အလုပ်ရှုပ်နေသော ယွမ်ကျိုးကို

သတင်းပို့သည်။

"အွန်း"

ယွမ်ကျိုးက သူမပြောသည့် အကြောင်းအရာကို ကြားသကဲ့သို့ ခေါင်းညိတ်သည်။အမဲသားတွေကို ကောင်းစွာ ကြိုတင်ပြင်ဆင်ထားပြီး မနက်ခင်းထဲက ဆားရည်စိမ်ထားသည်။ ဒီအလွှာလေးတွေ ဖြစ်အောင် ဖြတ်တောက်ရန်သာ လိုအပ်သည့်အပြင် ဒီအမဲသားလွှာပေါ်မှာ နှမ်းဆီဖြူးရန်လည်း လိုအပ်သေးသည်။ စနစ်မှ ထောက်ပံ့ထားသော အမဲသားက သာမန်မျှသာဖြစ်သည် ဟုခံစားမိသည်။

စနစ်က ဖော်ပြသည်။

[ဒီအမဲသားတွေက သာမန်အမဲသားတွေ မဟုတ်ပါဘူး။ ကောင်းစွာကျွေးမွေး မွေးမြူထားတဲ့အမဲသားတွေပါ]

ယွမ်ကျိုးက စနစ်၏တုံ့ပြန်မှုကို လျစ်လျူရှုထားသည်။

"ဘာလဲဟ ဒီနွားတွေကတောင် ငါ့ထက်ကောင်းကောင်းမွန်မွန်နေထိုင်ရတာလား"

ယွမ်ကျိုးက မကျေမနပ်ပြောဆိုသည်။

ယွမ်ကျိုးက ကောင်းစွာထုပ်ပိုးထားတဲ့ အမဲသားအပိုင်းအစတစ်ခုကို ကောက်ယူလိုက်သည်။

"ဒါက အမဲသား မိုးခိုသားရဲ့အလယ်ပိုင်းကိုယူထားတာလား"

လက်ထဲမှာ ရှိနေသောအမဲသားကို ကြည့်ပြီးတော့ ယွမ်ကျိုးက ပြန်ပြောသည်။

သို့သော်ငြားလည်း စနစ်က တုံ့ပြန်မှုမရှိခဲ့‌ပေ။ သို့တိုင် ယွမ်ကျိုးရဲ့ထင်မြင်ယူဆချက်က မှန်ကန်နေသည်။

ဆားရည်စိမ်ခြင်း၊ အအေးခံခြင်း၊ အခြောက်ခံခြင်း၊ ပေါင်းခြင်း၊ ကြော်ခြင်း၊ မွှေကြော်ခြင်းအစရှိသည့် လုပ်ငန်းစဉ်အားလုံး လုပ်ဆောင်ပြီးနောက်

ဒီပါးလွှာသောအမဲသားလွှာဟင်းပွဲ၏နောက်ဆုံးအဆင့်ဖြစ်သည့် ဖြတ်တောက်ခြင်းအဆင့်သို့ ရောက်ရှိသွားသည်။ အမဲသားအပိုင်းအစတိုင်းသည် မိန်းကလေးတစ်ယောက်၏လက်ညိုးအထူခန့် ရှိပြီး ဒီဟင်းတစ်ပွဲစာအတွက်သင့်လျော်သော

ပမာဏဖြစ်သည်။

"ကြည့်စမ်းပါဦး။ သူဌေးယွမ်က အမဲသားကို လှီးတော့မယ်"

ကောင်မလေးက သူ့ချစ်သူလက်မောင်းကို ဆွဲလိုက်ပြီး စိတ်လှုပ်ရှားစွာ ပြောသည်။

"အွန်း ငါတို့ လေ့လာကြည့်ကြမယ်"

ဤသည်ကား ကောင်မလေး၏တစ်ခုတည်းသော ရည်ရွယ်ချက်ဖြစ်၍ သူမ၏ချစ်သူကောင်လေးကစောင့်ကြည့်ခွင့်ပြုသည်။ ယွမ်ကျိုးအသုံးပြုသော စဉ့်နီတုံးသည် စနစ်မှ ထောက်ပံ့ပေးထားခြင်းဖြစ်သည်။

အရသာများ စွဲကပ်ခြင်းမရှိသောကြောင့် တခြားသော မွှေးရနံ့များ စွန်းထင်းသွားမည်ကို စိုးရိမ်စရာ မလိုအပ်ပေ။ အမဲသားကို တည့်မတ်စွာ ထားပြီးနောက် ယွမ်ကျိုးက ချွန်မြသောဓားကို ရွေးချယ်လိုက်ပြီး ဖြတ်တောက်ခြင်းကို

စတင်သည်။ သူတို့ချစ်သူ၂ဦးက ဤဖြစ်စဉ်ကို

ရှင်းလင်းစွာ မမြင်နိုင်ခင် ပါးလွှာသော အမဲသားလွှာအပိုင်းအစက တစ်ဖက်သို့ ကျသွားသည်။ အမဲသားလွှာ(၁၁)ချပ်က ဆက်တိုက်ကျသွားပြီး နောက်ဆုံးတွင်မူစုစုပေါင်း အမဲသားလွှာ၁၂ချပ်ကို ဖြတ်တောက်ခဲ့သည်။ ထို့နောက် ယွမ်ကျိုးကသေးငယ်သော ပုလင်းကို ယူလိုက်သည်။သူ၏လက်ကောက်ဝတ်ဖြင့် ပုလင်းကို ခါပြီးနောက်အမဲသားလွှာပေါ်တွင်

နှမ်းဆီသမ‌အောင် ဖြူးလိုက်သည်။

"အမဲသားလွှာ အဆင်သင့်ဖြစ်နေပြီ။ သယ်သွားလို့ရပြီ"

ယွမ်ကျိုး၏အသံက maskတပ်ထား၍

သိပ်ရှင်းရှင်းလင်းလင်းမကြားရပေ။ သူ၏ညွှန်ကြားချက်ကို ကြားပြီးနောက် မုရှောင်ယွမ်က သူ့အနားရောက်လာပြီး ဟင်းပွဲကိုသယ်ဆောင်ကာ ချစ်သူ၂ဦးထံ ပို့ပေးသည်။

"သူဌေးယွမ် ဒါကဘာလဲ"

ကောင်မလေးက စပ်စုသောအမူအရာဖြင့်

ငေးစိုက်ကြည့်သည်။ တခြားသောဖောက်သည်များကလည်း သူတို့အလှည့်ရောက်မည့်အချိန်ကို စောင့်ဆိုင်းပြီး ယွမ်ကျိုးကို စိတ်ဝင်တစား

စောင့်ကြည့်နေကြသည်။

"ဒီအမဲသားလွှာက အရမ်းကိုပါးတယ်။ အလင်းတောင် ထိုးဖောက်ဝင်လို့ရတယ်။ ဒါကြောင့်မလို့ တင်စားတဲ့အနေနဲ့ မီးစလောင်းပုံစံရှိတဲ့ အမဲသားလို့ ပြောလိုက်တာပါ"

ယွမ်ကျိုးက ဖောက်သည်တွေရဲ့စူးစမ်းလိုစိတ်ကို အနည်းငယ် ဂရုစိုက်ပြီးနောက် သူ့အလုပ်သူ ဆက်လုပ်သည်။

"ငါတို့တွေ စမ်းစားကြည့်ကြမယ်လေ။ ဘယ်လိုလဲ"

ကောင်လေးက သူ့ရဲ့ ကောင်မလေးကို အဆုံးစွန်အထိ အလိုလိုက်သည်။

"ကောင်းပြီ။ စားကြည့်ကြမယ်။ ရှင်အရင်စားကြည့်"

တန်းစီစောင့်နေသောဖောက်သည်များက

သူတို့ထက် ပို၍ အစားသောက်ကို စိတ်ဝင်စားနေသည်။

"ဒါဆိုရင် စားကြတာပေါ့"

ကောင်မလေးက မျက်လုံးလေး ကလယ်ကလယ်ဖြင့် ဆုံးဖြတ်ချက်ပိုင်နိုင်စွာ ပြောသည်။ ကောင်လေးက သူ့ကောင်မလေးရဲ့အပြုအမူ

ကို သဘောကျဟန် ငေးစိုက်ကြည့်နေသည်။ ကောင်မလေးက အမဲသားလွှာကို တူဖြင့်ညှပ်လိုက်ပြီး အသေးစိတ် အကဲဖြတ်ကြည့်သည်။ တန်းစီစောင့်နေသောဖောက်သည်များကလည်း သူတို့ချစ်သူ၂ဦးနည်းတူ အမဲသားလွှာကို

တအံ့တဩ‌ ငေးစိုက်ကြည့်နေသည်။ ယခုလိုပါးလွှာသော အမဲသားလွှာရအောင်

ဓားကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုခဲ့သည့်

ယွမ်ကျိုး၏အရည်အချင်းကို နတ်ဘုရားအဆင့်ဟု သတ်မှတ်နိုင်သည်။

အပိုင်း(၁၆၉)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၇၀)

ထိုးဖောက်မြင်နိုင်တဲ့ အမဲသားအလွှာဟင်းက အရသာရှိပြီးတော့ မွှေးကြိုင်တဲ့အတွက်ကြောင့် ယွမ်ကျိုး စားသောက်ဆိုင်ရဲ့ လူတိုင်းကြိုက်သော ဟင်းပွဲဖြစ်လာသည်။

အရသာရှိသော အစားအသောက်တွေက အစားအသောက်ဝါသနာရှင်များကြားမှာ အမြဲတမ်းကျော်ကြားခဲ့သည်။

ထို့အပြင် ယွမ်ကျိုးရဲ့ သာမန်ထက် ထူးခြားတဲ့ ဓါးကိုင်တဲ့နည်းပညာကိုလည်း အစားအသောက်စားရန် လာရောက်ရင်း ကြည့်ရှုနိုင်သည်။

ဖောက်သည်တွေက ပွဲကိုကြည့်နိုင်သကဲ့သို့ အရသာရှိတဲ့ဟင်းပွဲတွေကိုလည်း မြည်းစမ််းနိုင်သည်။

ဒီဟင်းပွဲအသစ်ရဲ့ တိုးတက်မှုကြောင့် စားသောက်ဆိုင်ရဲ့ ဖောက်သည်အရေအတွက်ကလည်း တိုးလာသည်။

နေ့စဉ်နေ့တိုင်း ဆိုင်ဖွင့်ချိန် အတောအတွင်းမှာဆိုရင် ယွမ်ကျိုးက မီးဖိုချောင်ထဲမှာ ဟင်းလျာအများစု ကြိုတင်ပြင်ဆင်ရင်းဖြင့် အလုပ်ရှုပ်နေပြီး ပင်မခန်းမဆောင်ထဲမှာ မုရှောင်ယွမ်က ဖောက်သည်များကို အားကြိုးမာန်တတ် နှုတ်ဆက်စကားပြောနေရသည်။

သို့တိုင် စားလိုသော အစားအသောက်ကို အချိန်မှီ မစားနိုင်သည့်သူများစွာ ရှိနေသေးသည်။

ဖောက်သည်တွေက များလာတဲ့အတွက်ကြောင့် ဆိုင်ပိတ်ချိန်အထိ ဖောက်သည်စုံအောင် မစားနိုင်ချေ။

ထို့ကြောင့် ယွမ်ကျိုး၏ စားသောက်ဆိုင် အနီးအနားတွင်ရှိသော တခြားစားသောက်ဆိုင်များ အကျိုးအမြတ် ပိုများလာသည်။

ယွမ်ကျိုးစားသောက်ဆိုင်မှ သူတို့အလှည့်ကျမရောက်လျှင် အနီးအနားရှိ စားသောက်ဆိုင်မှ သင့်တင့်လျောက်ပတ်သော ဟင်းပွဲကို ရွေးချယ်စားသောက်နိုင်သည်။

အကျိုးဆက်အနေဖြင့် ဘေးလမ်းတွင်ရှိသော လည်ပတ်သူများကလည်း ယွမ်ကျိုးစားသောက်ဆိုင်ကြောင့် အတော်လေး များပြားလာသည်။

ဘေးလမ်းတွင် ပဲနို့ရောင်းသူပင် ယွမ်ကျိုးစားသောက်ဆိုင်၏ မနက်ခင်းတွင် ဖျော်ရည် မရောင်းသည့်အတွက်ကြောင့် ဖောက်သည် ပိုများလာသည်။

မနက်စာစားပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်မှ ထွက်လာတိုင်း ပဲနို့တစ်ခွက်သောက်ခြင်းက ကောင်းမွန်သော အပြုအမူဖြစ်သည်။

ပုံမှန်အားဖြင့် ဒီပဲနို့ကို မသောက်ခင် ခဏစောင့်ဆိုင်းနေရသည်။ သို့တည်းမဟုတ်လျှင် ကျန်ရှိနေသော စားကောင်းသောက်ဖွယ် အရသာတွေကို အလဟဿဖြစ်စေလိမ့်မည်။

ဖောက်သည်တွေက တကယ့်ကို အရသာရှိတဲ့ စားကောင်းသောက်ဖွယ်တွေကို စားလာတဲ့အတွက်ကြောင့် ဒီပဲနို့ကိုလည်း အရည်အသွေး ပြည့်မီတဲ့ပဲနို့ဖြစ်ဖို့ မျှော်လင့်ကြသည်။

ဒီပဲနို့ထဲ ရေမရောဘဲ ရောင်းသူက နှစ်ယောက်၊ သုံးယောက်ခန့်သာရှိသည်။ အရသာကောင်းမွန်အောင် ရောင်းချတဲ့ပဲနို့သည်မှာ စားသုံးသူဖောက်သည် ပို၍များပြားသောကြောင့် တခြားသော ပဲနို့ရောင်းတဲ့သူများကလည်း ရေမထည့်ပဲနဲ့ ရောင်းနိုင်အောင် ကြိုးစားကြသည်။

ဤပစ္စည်းများအနက် အကျိုးအမြတ် အများဆုံး ရရှိသူက သူဌေးထုံဖြစ်သည်။

"ပဲနို့က အရင်ကထက်ပိုပြီးတော့ အရသာရှိလာတယ်နော်"

သူဌေးထုံက စိတ်ကြည်နေသည်။ ပိန်ပါးသော မျက်နှာလေးပေါ်မှာ ခပ်ယဲ့ယဲ့လေး အပြုံးလေးကို ဖော်ပြလိုက်ပြီး သူ့လက်ထဲက စာရွက်အပိုင်းအစလေးကို ဖျစ်ညှစ်ထားသည်။

"သူဌေးထုံ အစောကြီး အသီးအရွက် သွားဝယ်မလို့လား"

တစ်စုံတစ်ယောက်က သူမနှင့် ထိပ်တိုက်တွေ့သောအခါ ပြုံးကာမေးမြန်းသည်။

"ဟုတ်တယ်။ အရွက်တွေ သွားဝယ်မလို့"

သူဌေးထုံက အပြုံးလေးဖြင့် ခေါင်းညိတ်သည်။ သို့သော်လည်း သူမ သွားနေသည့်နေရာက ဟင်းသီးဟင်းရွက်ဈေး မဟုတ်ချေ။

သူမက ထီလက်မှတ်အရောင်းဆိုင်သို့ သွားနေခြင်းဖြစ်သည်။ သူမလက်ထဲတွင် ကိုင်ထားသောစာရွက်က ထီလက်မှတ်ဖြစ်သည်။

"အင်း အဘွားထုံ၊ ထီလက်မှတ်ဝယ်ဖို့ ဒီနေရာကို လာတာလား"

ဒီဖက်ရှင်ကျကျ ဆံပင်ကောက်ထားသော အမျိုးသမီးက ထီဆိုင်ရဲ့သူဌေးဖြစ်ပြီး သူမကို ပြုံးကာ နှုတ်ဆက်စကားပြောသည်။

"ဒီနေ့ ထီလက်မှတ်ရဲ့ဆု လာထုတ်တာပါ"

သူဌေးထုံက ၎င်းအမျိုးသမီးကို မြင်တွေ့သောအခါ ချက်ချင်းပြုံးလိုက်သည်။

"ဝိုး အဖွားထုံက ထပ်ပြီးတော့ ထီပေါက်ပြန်ပီလား။ ဒီတစ်ခေါက်ကော ဆုဘယ်လောက်ပေါက်တာလဲ"

၎င်းအမျိုးသမီးသည် ကွေးနေသောဆံပင်တွေကို ထိတွေ့လိုက်ပြီး တအံ့တဩအမူအရာဖြင့် စကားပြောသည်။

သူဌေးထုံက နေ့စဉ်နေ့တိုင်း ၂ယွမ်တန် ထီလက်မှတ်ကို လာဝယ်သည့်ဖောက်သည် ဖြစ်သည်။ သို့သော်လည်း သူမက တခြားသူများနှင့် ခြားနားသည်။

သူဌေးထုံက သူမ၏ အမြတ်ငွေအလိုက် ထီလက်မှတ်များကို ဝယ်ယူခြင်းဖြစ်သည်။ ထီမဲဆုလာဘ်မှတဆင့် သူဌေးထုံက ယွမ် ၁၀၀၀ ခန့် သို့မဟုတ် ယွမ် ၁၀၀ ကျော်ခန့်ကို အမြဲပိုင်ဆိုင်ရသည်။

"ကိုယ့်ဘာသာကိုယ် စစ်ဆေးကြည့်ပေးပါ။ ဒီတစ်ခေါက်က တကယ့်ကို မဆိုးဘူး"

သူဌေးထုံက ပိုပြီးတော့ စိတ်လှုပ်ရှားလာ၍ ထီဆိုင်ပိုင်ရှင် သူဌေးလက်ထဲ ထီလက်မှတ်ကို ချက်ချင်းထည့်ပေးလိုက်သည်။

"ကောင်းပြီ။ ကျွန်မ စစ်ဆေးကြည့်ပေးမယ်။ စကားပြောနေရင်းတောင် အသံတွေက တုန်နေပါလား။ ဘယ်လိုဖြစ်ရတာလဲ"

ထီဆိုင်ပိုင်ရှင်က သူမ၏ စိတ်ခံစားချက်ကို ထုတ်ပြောသည်။ သူမက ထီလက်မှတ်ကို ချက်ချင်း လက်ခံယူလိုက်ပြီး စက်ဖြင့် စစ်ဆေးကြည့်သည်။

တစ်မိနစ်ခန့်ကြာပြီးနောက် ဆိုင်ပိုင်ရှင်အမျိုးသမီးသည် အံ့ဩသောအမူအရာကို ဖော်ပြသည်။

"အဖွားထုံ ဒီတစ်ခေါက်ရတဲ့ဆုလာဘ်က တကယ့်ကို ကောင်းမွန်တာပဲ။ ယွမ် ၃၀၀၀ လောက်တောင် ရတာပဲ"

"ဟုတ်တယ် ဟုတ်တယ်။ ဒီတစ်ခါ တကယ် ကံကောင်းနေတာပဲ"

သူမက ထီဆိုင်ပိုင်ရှင်အမျိုးသမီးထံမှ အတည်ပြုချက်ကို ရရှိသောအခါ အတော်အတန်ပျော်ရွှင်နေ၍ စကား အ,ထစ်၊ အ,ထစ် ဖြစ်နေသည်။

"အခုပဲ ဆုလာဘ်ကို ထုတ်ယူမလား။ ဘယ်အချိန် ထုတ်ယူချင်လဲ"

ထီဆိုင်ပိုင်ရှင်အမျိုးသမီးသည် ထီလက်မှတ်ကို ကိုင်ဆောင်ပြီး မေးမြန်းသည်။

"အခုပဲ ထုတ်ယူချင်တာပေါ့"

သူဌေးထုံက ဆုလာဘ်ကို ထုတ်ယူချင်၍ ဟင်းရွက်ဈေးတန်းသို့ မသွားဘဲ ထီဆိုင်သို့ ချက်ချင်းရောက်လာခြင်းဖြစ်သည်။

"ကောင်းပြီ။ ခဏစောင့်ပေးပါ။ ပေးရမယ့်ငွေကိုယူဖို့ ဆိုင်ထဲကို ဝင်လိုက်ဦးမယ်"

ထီဆိုင်ပိုင်ရှင်အမျိုးသမီးသည် ထီလက်မှတ်ကိုယူဆောင်ပြီး အတွင်းခန်းသို့ ဝင်ရောက်သွားသည်။

ကြည်နူးပျော်ရွှင်သော အမူအရာဖြင့် သူဌေးထုံက အပြင်ဘက်မှာ စောင့်ဆိုင်းနေသည်။

"ငါ့ရဲ့ကံကောင်းမှုကို ငါ့ကိုယ်ငါ ဘယ်လိုဂုဏ်ပြုရင်ကောင်းမလဲ"

သူဌေးထုံက ဘာဝယ်ရမလဲဆိုတာ တွေးကြံနေသည်။

ခဏကြာပြီးနောက် ထီဆိုင်ပိုင်ရှင်သူဌေးက စာအိတ်လေးနဲ့အတူတူ အပြင်ဘက်သို့ ထွက်လာသည်။

"ကျေးဇူးတင်ပါတယ်"

သူဌေးထုံက ထွက်မသွားခင် ထီဆိုင်ပိုင်ရှင်သူဌေးနှင့် စကားနည်းနည်းပြောသည်။ သူမ၏ဆိုင်သို့ ပြန်ရောက်ပြီးနောက် ကျန်ရှိသေးသော အပ်ထည်များကို ရှင်းလင်းပြီး ယနေ့ပြန်ပေးရမည့် အဝတ်အစားများကို ထုတ်ပိုးသည်။

သူမ၏ အလုပ်ကိစ္စပြီးဆုံးသောအခါ ၁၁ နာရီ အချိန်ခန့်သို့ ရောက်ရှိနေပါပြီ။ ယွမ်ကျိုး၏ စားသောက်ဆိုင်အပြင်ဘက်တွင် တန်းစီစောင့်နေသောလူ ကျိုးတိုးကျဲတဲရှိနေသည်။

"အရသာရှိတဲ့ဟင်းပွဲတွေကို လာရောက်မြည်းစမ်းမယ်လို့ သူ့ကို ကတိပေးထားတယ်"

သူဌေးထုံက ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ဂုဏ်ပြုသည့်အနေဖြင့် လာရောက်အားပေးမည့်အကြောင်း ပြောခဲ့ဖူးသည့် အကြောင်းအရာကို ရုတ်တရက် အမှတ်ရသွားသည်။

ယခုအချိန်တွင် သူမက ပိုက်ဆံအများကြီး ပိုင်ဆိုင်ထား၍ ယွမ်ကျိုးစားသောက်ဆိုင်၏ ဟင်းပွဲအရသာကို သွားရောက်မြည်းစမ်းကြည့်သင့်သည်။ ဆိုင်တံခါးကို ပိတ်ပြီးနောက် တန်းစီသည့်နေရာသို့ သွားသည်။

"သူဌေးထုံ ခင်ဗျားလည်း ဒီဆိုင်မှာစားဖို့ လာတာလား"

သူဌေးထုံ ချဉ်းကပ်လာသည်ကို မြင်တွေ့သောအခါ ဝူဟိုင်းက ယဉ်ကျေးစွာ မေးမြန်းလိုက်သည်။

"ဟုတ်ပါတယ်။ ဒါနဲ့ အဝတ်အစားတွေကော လျှော်ပြီးသွားပြီလား။ အလုပ်တွေ အားလုံးပြီးလို့ အပြင်ထွက်လာတာမလား"

သူဌေးထုံကို မြင်တွေ့သောအခါ ဝူဟိုင်းက နှုတ်ဆက်စကားပြောသည်။

"ဟုတ်တယ်။ ဒါနဲ့ နင်အပ်ထားတဲ့အဝတ်တွေကို လျှော်ပြီးသွားပြီနော်။ အားလပ်တဲ့အခါကျရင် လာယူလို့ရပြီ"

သူဌေးထုံက ဝူဟိုင်းကို မြင်တွေ့သောအခါ ယဉ်ကျေးစွာ ပြန်လည်တုံ့ပြန်သည်။

"အနှောက်အယှက်ပေးမိတဲ့အတွက် အားနာမိပါတယ်"

ဝူဟိုင်းက အသက်အရွယ်ကြီးသော လူကြီးသူမများကို ယဉ်ကျေးစွာဆက်ဆံသည်။

သူဌေးထုံသည် အသက် ၅၀ အရွယ်နီးပါး အဖွားအိုဖြစ်သောကြောင့် သူ့တစ်ခေါင်းလုံး ဆံပင်များ ဖြူဖွေးနေပါပြီ။

ခဏကြာပြီးနောက် ယွမ်ကျိုး၏စားသောက်ဆိုင် ဖွင့်လှစ်သွားသည်။ ထို့နောက် သူတို့၂ယောက်က စကားပြောခြင်းကို ရပ်တန့်လိုက်သည်။

တိုက်ဆိုင်စွာဖြင့် သူဌေးထုံက နောက်ဆုံးကျန်ရှိသည့် ထိုင်ခုံလွတ်ကို ရရှိသွားသည်။

"အန်တီထုံ ဘာများသုံးဆောင်ချင်ပါသလဲ"

တခြားသော ဖောက်သည်များကို နာခံသောကောင်မလေး မုရှောင်ယွမ်က နှုတ်ဆက်စကား ပြောပြီး သူဌေးထုံတစ်ဦးတည်းကိုသာ ယွမ်ကျိုးက ကိုယ်တိုင်ကိုယ်ကျ နှုတ်ဆက်စကား လာရောက်ပြောဆိုသည်။

"သူဌေးယွမ်၊ ဒီဆိုင်မှာ ရောင်းချတဲ့ဟင်းပွဲတွေအားလုံးက တကယ့်ကို ဈေးမပေါဘူးပဲ"

နံရံပေါ်မှ ဈေးနှုန်းစာရင်းကိုကြည့်ပြီး သူဌေးထုံက ဟင်းတစ်ပွဲချင်းစီကို ယွမ် ၁၀၀ ကျော် ကုန်ကျသော ကျသင့်ငွေကြောင့် တအံ့တဩဖြစ်နေသည်။

"ယုံကြည်လိုက်။ ဟင်းပွဲတွေအားလုံးက အရသာရှိတယ်"

ယွမ်ကျိုးက သူ့ရဲ့ကျွမ်းကျင်မှုနှင့် ပတ်သက်ပြီး ပြောလာလျှင် အတော်အတန် ယုံကြည်မှုရှိသည်။

"ဝက်သားနဲ့လုပ်ထားတဲ့ တို့ဖူးပေါင်းက တကယ့်တို့ဖူးအစစ်လား"

သူဌေးထုံက နံရံပေါ်မှ ဈေးနှုန်းစာရင်းကိုကြည့်ပြီး သံသယစိတ်ဖြင့် မေးမြန်းသည်။

"ဟုတ်တယ်။ တကယ့်တို့ဖူးတွေပါ။ စမ်းပြီး စားကြည့်ချင်လား"

ယွမ်ကျိုးက ဟုတ်မှန်ကြောင်းလေသံဖြင့် ပြောဆိုသည်။

"ကောင်းပြီလေ။ ဒီဈေးနှုန်းနဲ့ တို့ဖူးဆိုတော့ အရသာရှိ/မရှိက သေချာမသိဘူးလေ။ ဒီဟင်းပွဲကိုပဲ မှာလိုက်မယ်"

ပုံမှန်အချိန်ဆိုရင် သူဌေးထုံက ယွမ် ၃၈၈ ယွမ် ကုန်ကျသောဟင်းပွဲမျိုးကို မှာယူလိမ့်မည် မဟုတ်ပေ။ သို့သော်လည်း ယနေ့က အတော်ကလေး ထူးခြားမှုရှိသည်။

သူမက မမျှော်လင့်ပဲရလာသော ငွေများကို ဖြုန်းတီးမည်ဖြစ်၍ စိုးရိမ်သောက ရှိနေမည် မဟုတ်ချေ။

"ဒီဟင်းတစ်ပွဲကို ပေးပါ။ အရသာရှိ/မရှိ မြည်းစမ်းကြည့်မယ်။ ဒါပေမယ့် တစ်ခုတော့ ကြိုတင်သဘောတူပေးထားပါရစေ။ အရသာမရှိဘူးဆိုရင် ဒီသူဌေးထုံက ကျသင့်ငွေကို မပေးဘူးနော်"

သူဌေးထုံက လေးနက်စွာပြောသည်။

"မစိုးရိမ်ပါနဲ့"

ယွမ်ကျိုးက ခေါင်းညိတ်သည်။

"ကောင်းပြီလေ။ ဒါဆိုရင် ဒီဆိုင်မှာ ထမင်းဖြူကော ရလား"

ဟင်းပွဲရောင်းချလျှင် ထမင်းဖြူလည်း ရောင်းချလိမ့်မည်။

"ဟုတ်ကဲ့ ရှိပါတယ်။ ဆန်အခြေပြုဟင်းပွဲ အမျိုးပေါင်း ၁၀၀ ထဲကနေပြီး ထမင်းဖြူတစ်ပွဲကို မှာလို့ရပါတယ်"

မီနူးကို ညွှန်ပြပြီး ယွမ်ကျိုးစကားပြန်ပြောသည်။

"ထမင်းဖြူတစ်ပွဲက ၉၈ ယွမ်တောင်လား။ ဒါဆိုရင် ငါ့ရဲ့ဆိုင်ကို ပြန်ပြီးတော့ ငါချက်ထားတဲ့ ထမင်းဖြူတစ်ပွဲကိုပဲ သွားယူတော့မယ်"

သူဌေးထုံက သက်ပြင်းချလိုက်ပြီး ချက်ချင်းပြန်ပြောသည်။

ဟင်းပွဲတစ်ပွဲအတွက် ယွမ် ၁၀၀ ကျော် ဖြုန်းရခြင်းက လက်ခံနိုင်သေးသည်။ အရသာရှိသော တို့ဖူးဟင်းကိုစားရမည်ဖြစ်၍ ထိုက်တန်သည်ဟု ခံစားမိသေးသည်။

သို့သော်လည်း ယွမ် ၁၀၀ နီးပါးကုန်ကျမည့် ထမင်းဖြူတစ်ပွဲအကြောင်း တွေးမိသောအခါ သူဌေးထုံက သူ့အိမ်ရှိ ထမင်းအိုးထဲတွင် ကျန်ရှိနေသေးသည့် ထမင်းဖြူများကို ရုတ်တရက် ပြန်တွေးမိသွားသည်။

"ကိစ္စမရှိဘူး။ အဒေါ်ပြန်လာရင် တို့ဖူးပေါင်းဝက်သားက အဆင်သင့်ဖြစ်နေလောက်ပြီ"

ယွမ်ကျိုးက စိတ်အနှောင့်အယှက် မဖြစ်ပေ။

"ကောင်းပြီလေ။ ဒါဆို ငါ့ထိုင်ခုံ ဘယ်သူ့မှ မယူစေနဲ့။ ဒါက ဟင်းပွဲအတွက်ကုန်ကျစရိတ်"

သူဌေးထုံက ဤဆိုင်တွင် အစားအသောက်တွေကို မစားခင် အရင်ဆုံး ကျသင့်ငွေ ပေးဆောင်ရသည့် စည်းမျဉ်းကို သိထားသည်။

သူမက ကျသင့်ငွေကို ပေးဆောင်ပြီးနောက် အိမ်တွင်ရှိသော ထမင်းဖြူကိုယူရန် ချက်ချင်း ပြန်သွားသည်။

"သူဌေးထုံက ခင်ဗျားချက်ထားတဲ့ ဟင်းပွဲတွေကို စားပြီးသွားရင် ခင်ဗျားကို အပြစ်တင်မယ်လို့ ခံစားမိတယ်"

ဝူဟိုင်းက လှောင်ရယ်ဟန်ဖြင့် ပြောဆိုသည်။

"မဖြစ်နိုင်ဘူး။ ဒီလို လုံးဝ မဖြစ်နိုင်ဘူး"

ယွမ်ကျိုးက ငြင်းပယ်သည်။

အပိုင်း(၁၇၀)

ပြီးပါပြီ။

၁၇၁ မှ ၁၇၅

ယွမ်ကျိုး အပိုင်း(၁၇၁)

ယွမ်ကျိုးက ဝူဟိုင်း၏ မေးခွန်းကို ပြတ်ပြတ်သားသား ပြန်၍ တုံ့ပြန်သည်။ အကြောင်းမူကား အလွန့်ကို ရိုးရှင်းသည်။

သူက သူ၏ဟင်းချက်စွမ်းရည်ကို အထူးယုံကြည်သောကြောင့်ဖြစ်သည်။ သူ၏ ဟင်းချက်စွမ်းရည်က သူဌေးထုံ ယူလာသော ထမင်းဖြူကြောင့် ပျက်စီးသွားမည် မဟုတ်ချေ။

ဝူဟိုင်း ချက်ချင်းပြန်ပြောသည်။

"ခင်ဗျားချက်တဲ့ဟင်းပွဲတွေက အရမ်းအရသာရှိတယ်ဆိုရင် သူက တခြားဟာကို စားပါ့မလား"

သူ့အဆင့်အတန်းနှင့် ဝူဟိုင်းက အရသာရှိသောဟင်းပွဲကို အဆင့်အတန်းနိမ့်သော ထမင်းနှင့် ရောယှက်စားမည့်အစား ထမင်းဖြူ မပါဘဲနဲ့သာ ဟင်းပွဲ၏ အရသာကို မြည်းစမ်းလိမ့်မည်။

"ကိုယ်မှာထားတဲ့ ဟင်းပွဲကိုသာ စားစမ်းပါ။ မင်းနောက်မှာ စောင့်နေတဲ့သူတွေ ရှိနေသေးတယ်"

ယွမ်ကျိုးက မြန်မြန်ဆန်ဆန်စားရန် ဝူဟိုင်းကို အချက်ပြသည်။ ဝူဟိုင်းက ခေါင်းကို လှည့်လိုက်ပြီး ကြည့်လိုက်သောအခါ တန်းစီစောင့်နေသော လူတန်းရှည်ကြီးက အမှန်တကယ်ရှိနေသည်။

ထို့နောက် သူက မော်ကြွားစွာဖြင့် စကားပြန်ပြောသည်။

"ငါ့အိမ်က ဒီအနီးအနားမှာ ရှိတာပဲ"

ဝူဟိုင်းက သူ့ကို ပြဿနာရှာရန် နေ့တိုင်း၊နေ့တိုင်း ဆိုင်သို့ရောက်လာ၍ ယွမ်ကျိုးက သူ့ကို လျစ်လျူရှုပြီး မီးဖိုချောင်သို့ ပြန်သွားကာ ဟင်းပွဲများကို ချက်ပြုတ်သည်။

ဝက်သားနုပ်နုပ်စဉ်း တို့ဖူးပေါင်း၏ အဓိကပါဝင်ပစ္စည်းသည် တို့ဖူးဖြစ်သည်။ ၎င်းတို့ဖူးကို ယွမ်ကျိုးကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်။

ပေါင်းသောဟင်းလျာများအတွက် အသုံးပြုမည့် တို့ဖူးဖြစ်သောကြောင့် မြောက်ပိုင်းတို့ဖူးကို အသုံးပြုရမည်။

ပထမဦးဆုံးအနေဖြင့် ယွမ်ကျိုးက ကုန်ကြမ်းပစ္စည်းများနှင့်ပတ်သက်၍ အတော်အတန် ကျေနပ်မိသည်။

စနစ်မှ ထောက်ပံ့ထားသော ပဲပိစပ်သည် ဖောင်းပွပြီး အရွယ်အစား တသမတ်တည်းရှိပြီး လုံးဝန်းကာ ချစ်စဖွယ်ကောင်းသည်။

ရေထဲတွင် စိမ်ပြီးနောက် ဖောင်းပွလာပြီး ပဲ၏မွှေးရနံ့က လေထဲ ပျံ့လွင့်လာသည်။ ပဲပိစပ်တစ်ခုချင်းစီသည် ဖောင်းကစ်ကစ်ပုံသဏ္ဍာန် ရှိသည်။

ထိုစဉ် ယွမ်ကျိုးက ပဲပိစပ်များကို လက်လုပ်ကျောက်ဆုံဖြင့် ကြိတ်သည်။ သုံးကြိမ်တိုင်တိုင် သေချာ ကြိတ်ပြီးနောက် ပဲပိစပ်အရည်များကို စစ်ယူလိုက်သည်။

ထို့နောက် ပဲပိစပ်ရေကို ခဲရန် ဆားငံရေ ထည့်သည်။ ထိုဖြစ်စဉ်အတောအတွင်း တောင်ကျရေမှ ကျလာသောစမ်းရေကို အသုံးပြုထားခြင်းဖြစ်သည်။

ထို့နောက် ယွမ်ကျိုးက ခဲထားသော ပဲပိစပ်များကို ဝါးကျည်တောက်ထဲသို့ လောင်းထည့်လိုက်သည်။

အခဲခံထားသော တို့ဖူးက ဖြူဖွေးပြီးတော့ နူးညံ့သည်။ ပဲရဲ့ မွှေးကြိုင်သောရနံ့က လေထုထဲပျံ့လွင့်လာပြီး တောင်ကျစမ်းရေရဲ့ ချိုမြသောရနံ့ကို သယ်ဆောင်လာသည်။

ယွမ်ကျိုးက ဝါးဓါးကို ဝှေ့ယမ်းလိုက်ပြီး ဝါးဓါးကို ပန်းကန်ပြားပေါ်မှာ မတင်ခင် တို့ဖူးကို အပိုင်းအစလေးများ ဖြစ်အောင် ဖြတ်လိုက်သည်။

တို့ဖူးရဲ့မျက်နှာပြင်က သေသပ်ကျနပြီး အတိအကျ တိုင်းထွာထားသည်ဟုပင် ခံစားမိသည်။

"သူဌေးယွမ်က ဝါးကို အရမ်းသဘောကျပုံပဲ။ ဒါပေမယ့် သူ့ရဲ့ပုံစံက ဝါးနဲ့မတူဘူး"

ဝူဟိုင်းက ဘေးဘက်မှာ ထိုင်နေပြီး ပြုံးရွှင်သော အမူအရာဖြင့် အရိပ်အမြွက်ပြောဆိုသည်။

ယွမ်ကျိုးက ဝူဟိုင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့အလုပ်သူ ဆက်လုပ်နေသည်။ သူ့ကို ပြန်ဖြေမည့် ရည်ရွယ်ချက် မရှိပေ။

သို့သော်လည်း ဤတစ်ကြိမ်တွင် သူ့ရဲ့ဝါးဓါး လှုပ်ရှားမှုက ပို၍ မြန်ဆန်လာသည်။ အချက်ပေါင်းများစွာ ဖြတ်တောက်ပြီးနောက် အရွယ်အစား တူညီသော သေးငယ်သော တို့ဖူးအတုံးလေးများကို ရရှိသွားသည်။

ယွမ်ကျိုး၏ဟင်းချက်ခြင်းကို စောင့်ကြည့်ရခြင်းက ပျော်စရာကောင်းသည်။ ယခုလို ပါဝင်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ရာတွင် ယွမ်ကျိုးက ဖီးနစ်အမြှီးပုဇွန်ဟင်းကို ကိုင်သကဲ့သို့ သူ့လက်နှင့် တိုက်ရိုက် ထိတွေ့မှု မရှိပေ။

ဤတစ်ကြိမ်တွင် အသုံးပြုသည့် ပါဝင်ပစ္စည်းက တို့ဖူးဖြစ်သည်။ မြောက်ပိုင်းအရသာတို့ဖူးကို ပြုလုပ်ထားသော်လည်း တို့ဖူးက ဖြူဖွေးပြီးတော့ နူးညံ့သိမ်မွေ့ပြီး ထိပ်တန်းအဆင့် ကျောက်စိမ်းအပိုင်းအစနှင့် တူသည်။

ယွမ်ကျိုးက အိုးကို ပူလာတဲ့အထိ အပူပေးလိုက်သည်။ ထို့နောက် ဆီကို အိုးထဲလောင်းချလိုက်ပြီး တို့ဖူးများကို ကြော်ရန် ဆီပွက်ပွက်ဆူမည့်အသံကို နားစွင့်သည်။

ဤတစ်ကြိမ်တွင် ယွမ်ကျိုးအသုံးပြုမည့်ဆီက ပဲပိစပ်ဆီဖြစ်သည်။ ဆီပူလာတဲ့အချိန်မှာ ယွမ်ကျိုးက လှီးဖြတ်ထားတဲ့ ကြက်သွန်နီတွေကို အိုးထဲထည့်လိုက်သည်။

ကြက်သွန်နီတွေကို ဆီနဲ့ကြော်ပြီးတဲ့နောက်မှာ ပဲပိစပ်ဆီနဲ့အတူ ကြက်သွန်နီရဲ့မွှေးရနံ့တွေလည်း ထွက်လာသည်။ ထိုမှသာ ယွမ်ကျိုးက တို့ဖူးကိုကြော်ရန် ဆီထဲထည့်လိုက်သည်။

တို့ဖူးရဲ့နှစ်ဖက်ခြမ်းကို ရွှေရောင်သန်းတဲ့အထိ ကြော်ပြီးတဲ့အခါမှာ ယွမ်ကျိုးက ဆီထပ်ထည့်လိုက်သည်။

ကြက်သွန်နီအပြင် ဟင်းရွက်ဆီကိုလည်း အရသာမွှေးကြိုင်အောင် ထပ်ထည့်လိုက်သည်။ ထို့နောက် အိုးထဲသို့ တခြားသော ဟင်းခတ်အမွှေးအကြိုင်တွေ ထည့်ပြီး အနံ့မွှေးသည်အထိ ကြော်သည်။

ဤဖြစ်စဉ်အတောအတွင်း အိုးထဲတွင် သာယာနာပျော်ဖွယ်ကောင်းသော အသံများထွက်ပေါ်လာသည်။ ပါဝင်ပစ္စည်းများက အရည်ပျော်နေသောကြောင့် ထွက်ပေါ်လာသော အသံဖြစ်သည်။

ထို့နောက် ကြော်ထားသောတို့ဖူးကို အိုးထဲ လောင်းချလိုက်သည်။ ရောစပ်ထားသော ဟင်းခတ်အမွှေးအကြိုင်များနှင့် တို့ဖူးကို နှပ်ရန်ဖြစ်သည်။

ထိုအချိန်တွင် မီးပြင်းအားကို လျော့လိုက်သည်။ ဟင်းအနှစ်အရည် လျော့နည်းလာသောအခါ ယွမ်ကျိုးက ကြက်သွန်မြိတ်ကို အိုးထဲထည့်လိုက်သည်။

ထိုမှသာ ရနံ့ပို၍ မွှေးကြိုင်နေပြီး နောက်ဆုံးတွင်မူ ဝက်သားနုပ်နုပ်စဉ်း တို့ဖူးပေါင်းတစ်ပွဲ အဆင်သင့်ဖြစ်သွားပါပြီ။

ထိုစဉ် သူဌေးထုံသည် ပူနွေးနွေး ထမင်းဖြူတစ်ပွဲကို ယူပြီး စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။

"သူဌေးထုံ ခင်ဗျားမှာထားတဲ့ဟင်းပွဲ စားလို့ရပါပြီ။ သုံးဆောင်ပါ"

ယွမ်ကျိုးက တို့ဖူးဟင်းပွဲကို တည်ခင်းလိုက်ပြီး ယဉ်ကျေးစွာ ပြန်ပြောသည်။

"ယွမ်ကျိုး မင်းဟင်းချက်တာ မြန်လှချည်လား။ မင်းအဖေနဲ့တော်တော်တူတာပဲ"

ပူပူနွေးနွေး တို့ဖူးပေါင်းကို ကြည့်ပြီး သူဌေးထုံက ယွမ်ကျိုးကို စကားပြန်ပြောသည်။

"ကျေးဇူးတင်ပါတယ်"

ယွမ်ကျိုးက ခေါင်းညိတ်ကာ ပြန်ပြောသည်။

ပေါင်းထားသောတို့ဖူးက ပူပူနွေးနွေးဖြစ်နေသော်လည်း ၎င်းတို့ဖူးမှ မွှေးရနံ့များ ထွက်ပေါ်လာခြင်းက အံ့အားသင့်ဖွယ်ဖြစ်သည်။

အနည်းငယ် သံသယစိတ်ဝင်ပြီးနောက် သူဌေးထုံက တို့ဖူးကို အပိုင်းအစငယ်လေးအဖြစ် တူဖြင့် ခွဲကြည့်လိုက်သည်။ ထိုမှသာ မွှေးရနံ့က ပို၍ပြင်းထန်လာသည်။

"တို့ဖူးထဲ ထိအောင် မွှေးနေတာပဲ"

ထို့နောက် သူဌေးထုံကို အသိသညာ ကြွယ်ဝသူဟု ယူဆလိုက်သည်။ သူမက တစ်ချက်ကြည့်ရုံဖြင့် ယွမ်ကျိုး၏ ဟင်းချက်နည်းလမ်းကို သဘောပေါက်သွားသည်။

သူမက လှီးဖြတ်ထားသော တို့ဖူးအပိုင်းအစကို တူဖြင့်ညှပ်လိုက်ပြီး ပါးစပ်ထဲထည့်လိုက်သည်။ ထို့နောက် သူဌေးထုံက လေကို ခပ်ပြင်းပြင်းရှုလိုက်သည်။

ပူပူနွေးနွေးတို့ဖူးကို ပါးစပ်ထဲထည့်လိုက်၍ လျှာကျက်သွားခြင်းဖြစ်သည်။ သို့တိုင် တို့ဖူးက နူးညံ့ပြီး အလွန်အရသာရှိသည်။ ထွေးထုတ်ရမှာ နှမြော သောကြောင့် သူဌေးထုံက အပူဒဏ်ကို အံတုပြီး ဆက်လက်ဝါးကာ တို့ဖူးကို မျိုချလိုက်သည်။

"ယွမ်လေး၊ မင်းရဲ့ဟင်းချက်စွမ်းရည်က တကယ့်ကို ကောင်းမွန်တာပဲ"

တို့ဖူးအပိုင်းအစကို စားပြီးနောက် သူဌေးထုံက ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်ပြီး စကားပြန်ပြောသည်။

တခြားဟင်းပွဲများကို ချက်ပြုတ်ခြင်းဖြင့် အလုပ်ရှုပ်နေသော ယွမ်ကျိုးက ထိုစကားလုံးများကို မကြားခဲ့ပေ။

ခဏကြာ လွမ်းဆွတ်တမ်းတပြီးနောက် သူဌေးထုံက ဝက်သားနုပ်နုပ်စဉ်း တို့ဖူးပေါင်းကို ဆက်လက် စားသုံးသော်လည်း ဖြည်းညင်းသောနှုန်းဖြင့်သာ စားသုံးသည်။

အဝေးတစ်နေရာကို ငေးမောကြည့်နေစဉ် သူမက တစ်စုံတစ်ရာကို တွေးတောနေသကဲ့သို့ ပြုမူသည်။

သူဌေးထုံ ငယ်ရွယ်စဉ်က သူမ၏မိသားစုသည် တို့ဖူးပြုလုပ်သောအိမ်သို့ အလုပ်သင်အနေဖြင့် ပို့ခဲ့သည်။

မိန်းကလေးတစ်ယောက်အနေဖြင့် ယခုလို အလုပ်မျိုး လုပ်ကိုင်ခြင်းက ရှားရှားပါးပါး ဖြစ်ရပ်ဖြစ်သော်လည်း သူမ၏မိသားစုက ထိုစဉ်အချိန်က အရမ်းကို ဆင်းရဲနွမ်းပါးခဲ့သည်။

ထို့အပြင် သူမက အိမ်၏ အကြီးဆုံးသမီးလည်း ဖြစ်သည်။ တို့ဖူးအိမ်၏ အလုပ်က ပင်ပန်းသော်လည်း ငွေရများသည်။ ထိုအချက်ကြောင့် သူမက တို့ဖူးအိမ်မှာ အလုပ်သွားလုပ်ခြင်းဖြစ်သည်။

ရေသယ်ခြင်း၊ ပဲပိစပ်များသယ်ခြင်းအပြင် လက်ဖြင့် တို့ဖူးကြိတ်ခြင်း လုပ်ငန်းစဉ်ကိုလည်း ကူညီပေးရသည်။ လေးလံပြီး ခက်ခဲသော အလုပ်မျိုးစုံကို သူမလုပ်ခဲ့ရသည်။

ဖြူဖွေးနူးညံ့သော တို့ဖူးလေးကို ကြည့်ပြီး သူမ ဂုဏ်ယူဝင့်ကြွားစွာ အားရပါးရ စားသောက်သည်။ ဟိုးယခင်တုန်းက သူဌေးထုံ၏ ဆန္ဒက ရိုးရှင်းသည်။

သူမက တို့ဖူးကို လွတ်လပ်စွာ စားသုံးရန်သာ စိတ်ကူးရှိခဲ့သည်။ ယခု သူမ စားသုံးရသော တို့ဖူးဟင်းသည် သူမအတွက် အရသာအရှိဆုံး ဟင်းပွဲဖြစ်သည်။

တို့ဖူးအိမ်မှာ ခက်ခက်ခဲခဲ အလုပ်လုပ်ရသည့်အပြင် တို့ဖူးဆိုင်ပိုင်ရှင်က ငယ်ရွယ်သော သူဌေးထုံကို တရုတ်နှစ်သစ်ကူးရောက်တိုင်း နှစ်သစ်ကူးလက်ဆောင်အနေဖြင့် တို့ဖူး 1kg ကို ပေးသည်။

တို့ဖူးကို ဆား၊ မုန်လာရွက် တစ်ချို့နှင့်ပြုတ်လျှင်ပင် မွှေးကြိုင်ပြီး စားချင်စဖွယ် ခံစားချက်ကို ဖြစ်ပေါ်စေသည်။ တို့ဖူးကြော်က ပို၍ပင် အရသာရှိသည်။

တရုတ်နှစ်သစ်ကူးကာလရောက်တိုင်း တို့ဖူး 1kg ကို နှစ်သစ်ကူးလက်ဆောင်အဖြစ် ရရန်သာ သူမမျှော်လင့်ခဲ့သည်။ ဤသည်ကား ငယ်ရွယ်သော သူဌေးထုံလေး၏ ရိုးရှင်းသောဆန္ဒ ဖြစ်သည်။

လူမှုပတ်ဝန်းကျင်က တဖြည်းဖြည်းခြင်း တိုးတက်လာပြီး လက်လုပ်ကြိတ်စက်များ ပျောက်ကွယ်သွားသည်။ ထို့နောက် သူဌေးထုံက တို့ဖူး ထုတ်လုပ်ရောင်းချသော အလုပ်ကို လုပ်ကိုင်ခဲ့သော်လည်း ဝင်ငွေရနှုန်းက တကယ့်ကို နှေးကွေးလွန်းသည်။

ထိုအလုပ်ဖြင့် အသက်ရှင်သန်ရန် မလွယ်ကူသောကြောင့် လက်ရှိဖွင့်ထားသော အခြောက်လျှော်စက်ဆိုင်လေးကို ဖွင့်ခဲ့သည်။

သို့သော်ငြားလည်း ယနေ့ခေတ်တွင် ရောင်းချနေသော တို့ဖူးများသည် ယခင်လောက် အရသာမရှိသည် ဖြစ်သောကြောင့် သူဌေးထုံ တို့ဖူး မစားဖြစ်သည်မှာ ကြာပြီဖြစ်သည်။

ယခုအချိန်မှာ သူမက တို့ဖူးကိုစားနေရင်း အရသာရှိသော ဟင်းပွဲကို နောက်တစ်ကြိမ်စားခွင့်ရသည်ဟု ခံစားမိသည်။

ဟင်းပွဲကို ကုန်စင်အောင်စားပြီး အိမ်သို့ပြန်လာပြီးနောက် သူဌေးထုံက ချက်ပြုတ်ရန်အတွက် ဟင်းသီးဟင်းရွက်ဈေးသို့ သွားခဲ့သည်။

ယွမ်ကျိုးစားသောက်ဆိုင်ရှိ ဟင်းပွဲများက အရသာရှိသည့်တိုင် နေ့တိုင်း ဝယ်စားဖို့အတွက် သူမ မတတ်နိုင်ချေ။

"အမထုံ ဒီနေ့ကော ဘာများဝယ်ချင်လဲ"

အသားရောင်းချသူ၏ နှုတ်ဆက်စကားကြောင့် သူဌေးထုံ သတိဝင်လာသည်။

"အသားနုပ်နုပ်စဥ်း ဝယ်ချင်လို့ပါ"

သူဌေးထုံက သတိပြန်ဝင်လာပြီး အသားရောင်းချသူကို ကြည့်ကာ စကားပြောသည်။

"ဘယ်လောက်ပမာဏလိုချင်တာလဲ"

"အဆီနည်းတဲ့အသားလား၊ အဆီများတဲ့အသားလား"

အသားရောင်းချသူက သူဌေးထုံ ရွေးချယ်နိုင်အောင် ဝက်သားများကို မြှောက်ပြသည်။

"ဝက်သားလိုင်းသားကို နုပ်နုပ်စဥ်းပေးပါ"

သူဌေးထုံက လိုင်းသား ဝက်သားကို တစ်ချက် ကြည့်ပြီးနောက် ပြန်ပြောသည်။ သူမက ဝက်သားဝယ်ပြီး အိမ်သို့ပြန်လာပြီးနောက် အတွေးထဲ နစ်မြောနေဆဲဖြစ်သည်။

အသင့်ဝယ်လာသော တို့ဖူးနှောင်းကို ဆားငံရေများ ရောထည့်မိသည်။

"အသက်တွေ ကြီးလာတော့ ဘာတွေလုပ်လို့ လုပ်မိမှန်းတောင် မသိတော့ဘူး"

သူဌေးထုံက ပိန်ပါးသော မျက်နှာပေါ်တွင် ကူကယ်ရာမဲ့သော ခံစားချက်ကို ဖော်ပြသည်။ ခဏကြာပြီးနောက် သူမက မီးဖိုချောင်ထဲမှာ ထပ်မံ အလုပ်ရှုပ်သွားသည်။

အလုပ်ရှုပ်နေစဉ် သူမကို သူမ ရေရွတ်သည်။

"ဒီကနေ့ ညစာအတွက် တို့ဖူးကြော်စားတာပဲ ကောင်းမယ်"

အရသာရှိသော ဝက်သားနုပ်နုပ်စဥ်းတို့ဖူးပေါင်းကို ဝယ်စားပြီးနောက် သူဌေးထုံက ဤဟင်းပွဲ၏ အရသာကိုသာ ပြန်လည်အမှတ်ရနေ၍ တို့ဖူးပြုလုပ်သော နည်းလမ်းများကိုသာ လေ့လာဖြစ်နေသည်။

ထို့ကြောင့် အိမ်ပြန်ရောက်ပြီး ဆိုင်တံခါးကိုပိတ်ကာ သူမ တတ်သလောက်၊ မှတ်သလောက် တို့ဖူးပြုလုပ်သည်။ သူဌေးထုံက အသက်အရွယ် အိုမင်းလာ၍ သူမလုပ်နေသော အပြုအမူများကိုပင် သတိမမူမိပေ။

သူမကိုယ်တိုင် တို့ဖူးမလုပ်သည်မှာလည်း ကြာပြီဖြစ်၍ အခက်အခဲကြုံနေရသည်။ တို့ဖူးကို ပုံသွင်းပြီးနောက် သူဌေးထုံက သူမအကြိုက် အိမ်လုပ်တို့ဖူးများကို ချက်ပြုတ်သည်။

အညိုရောင် စတုရန်းပုံ စားပွဲပေါ်မှာ အိမ်လုပ်တို့ဖူးပြားကို တင်လိုက်ပြီး ထမင်းဖြူတစ်ပွဲကိုလည်း တည်ခင်းထားသည်။

အဖြူရောင်ပန်းကန်ပြားပေါ်ရှိ တို့ဖူးတုံးကလေးများကို ဆီဖြင့် ကြော်ထားသည်။ သူဌေးထုံက တို့ဖူးအပိုင်းအစတစ်ခုကို ကောက်ယူလိုက်ပြီးတော့ ကျေနပ်အားရစွာ စားသုံးသည်။

"ဒီတို့ဖူးက အရင်လိုပဲ အရသာရှိတယ်"

သူဌေးထုံ၏ ပိန်ပါးသောမျက်နှာပေါ်တွင် သိသာထင်ရှားသော အပြုံးကလေး ပေါ်လာသည်။ သူမ၏ မျက်နှာပေါ်တွင် အရေးအကြောင်းများ ပေါ်နေသော်လည်း သူမ၏ စိတ်ခံစားချက်က နွေးထွေးသောခံစားမှုကို ခံစားမိသည်။

အပိုင်း(၁၇၁)

ပြီးပါပြီ။

All Chapters