← Chapters

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

အခန်း (၁၇၂-၁၇၄)

Vol. 12 Ch. 172-174

ယွမ်ကျိုး အပိုင်း(၁၇၂)

ယွမ်ကျိုး ဟင်းပွဲအသစ်ရောင်းချသော ပထမဦးဆုံးညတွင် ချန်းဝေက ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ သူ့ညီအစ်ကို နှစ်ယောက်ကို ပျော်ရွှင်စွာ ခေါ်ဆောင်လာသည်။

သူက ယနေ့ရောင်းချမည့် ဝါးအရက် တစ်အိုးကို သူကိုယ်တိုင် ကံစမ်းမဲပေါက်သွားခြင်း ဖြစ်သည်။

မည်သည့်ကံစမ်းမဲကိုမှ မပေါက်ဖူးသည့် ချန်းဝေအတွက် အရက်ကံစမ်းမဲပေါက်ခြင်းက အလွန်အမင်းကံကောင်းသည်ဟု ယူဆနိုင်သည်။

"သူဌေးယွမ် ငါတို့သုံးယောက်အတွက် အမဲသားဟင်းသုံးပွဲ၊ အရက်တစ်အိုးပေးပါ"

ချန်းဝေက ပျော်ရွှင်သောအမူအရာဖြင့် ပြောဆိုသည်။ အရက်သောက်ရင်း အမဲသားစားရမည့် အခိုက်အတန့်ကို တွေးမိတိုင်း သူအလွန်အမင်း ပျော်ရွှင်မိသည်။

ထို့ကြောင့် သူက ပြုံးကာရွှင်ကာဖြင့် ကျယ်လောင်စွာ ပြောဆိုလိုက်ခြင်းဖြစ်သည်။

"ဟင်းပွဲတွေအားလုံးကို ညဖက်မှာ မရောင်းချပါဘူး"

ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြောဆိုနေသော ချန်းဝေကို လှည့်ကြည့်ကာ ပြောလိုက်သည်။

"ဒီလို မဖြစ်ရဘူးလေ။ အမဲသားဆိုတာက အရက်နဲ့ တွဲဖက်ပြီးတော့ မြည်းလို့ရတဲ့ ဟင်းကောင်းပဲလေ"

ချန်းဝေရဲ့ ပျော်ရွှင်နေသော အမူအရာက မယုံကြည်နိုင်သော အမူအရာအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားသည်။

"ဟုတ်တယ်။ ဒီဟင်းပွဲတွေက အရက်နဲ့တွဲဖက်စားလို့ရပါတယ်။ ဒါပေမယ့် ညဖက်ဆိုင်ဖွင့်ချိန်မှာတော့ မရောင်းချပေးပါဘူး"

ယွမ်ကျိုးက ချန်းဝေ၏စကားကို ပထမဦးဆုံး အတည်ပြုပေးပြီး သူ၏ ဆုံးဖြတ်ချက်ကို ပြန်ပြောသည်။

"သူဌေးယွမ်၊ ခင်ဗျားက ကျုပ်ကို နားရှုပ်အောင် လုပ်နေသလိုပဲ"

ချန်းဝေက ယွမ်ကျိုး၏ အရှေ့မှာ ဒေါသထွက်နေသော အညိုရောင် ဝက်ဝံကြီးကဲ့သို့ မတ်တပ်ရပ်နေသည်။

"ဒါက စည်းမျဉ်းပါ"

ယွမ်ကျိုးက သူ့ကို ချက်ချင်း လျစ်လျူရှုလိုက်သည်။ ထို့နောက် နံရံပေါ်တွင် ရေးသားထားသော စကားလုံးများကို ညွှန်ပြလိုက်သည်။

နံရံပေါ်တွင် ရေးသားထားသော အကြောင်းအရာက ဟင်းပွဲများကို ညဖက်မရောင်းချကြောင်း ပြောဆိုထားခြင်းဖြစ်သည်။

"ခင်ဗျားက အတ္တကြီးတဲ့ သူဌေးပဲ။ စီးပွားရေးလုပ်ဖို့တောင် ငြင်းဆန်နေရလား"

ချန်းဝေ၏ ညီအစ်ကိုထဲမှ တစ်ယောက်ဖြစ်သည့် သုန်စီးက ယွမ်ကျိုး၏ ငြင်းဆန်မှုကို လက်မခံနိုင်၍ ဒွိဟဖြစ်သောခံစားချက်ဖြင့် မေးမြန်းလိုက်သည်။

"စည်းမျဉ်းက စည်းမျဉ်းပါပဲ"

ယွမ်ကျိုးက စနစ်မှ ချမှတ်ထားသော စည်းမျဉ်းများကို သူကိုယ်တိုင် မချိုးဖောက်ချင်ပေ။

ထို့အပြင် သူက ဖောက်သည်များ ဝယ်ချင်သော ဟင်းပွဲများကိုလည်း စနစ်၏ခွင့်ပြုချက်မရှိပဲ မရောင်းချနိုင်ပေ။

"ငါတို့အကြိုက်လုပ်ပေးပါ။ စည်းမျဉ်းတွေဆိုတာ ခင်ဗျားကိုယ်တိုင် ချမှတ်ထားတာ မဟုတ်ဘူးလား"

သုန်စီးက စည်းမျဉ်းများကို လိုက်နာတတ်သော အလေ့အကျင့်မရှိပေ။

"စည်းမျဉ်းတွေကို မချိုးဖောက်နိုင်ပါဘူး။ ခင်ဗျားတို့တွေ အရက်ဆက်သောက်ချင်သေးရဲ့လား"

ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် ချက်ချင်းမေးမြန်းသည်။

"ဒီကောင်တွေ ဒီဆိုင်မှာ အရက်လာသောက်ရတဲ့ အကြောင်းအရင်းကို ငါအခုတော့သိသွားပြီ။ မင်းတို့တွေအားလုံးက အကျင့်စရိုက် တူတယ်။ ခေါင်းမာတဲ့အကျင့်စရိုက်တွေပဲ တူနေတာ"

သုန်စီးက ကူကယ်ရာမဲ့ ပခုံးဆတ်ခနဲ တွန့်လိုက်သည်။ လက်သီးစုပ်လေးဖြင့် ချန်းဝေကို ထိုးသည်။

"ငါက သူဌေးယွမ်ကို လိုက်မီဖို့အတွက် အလှမ်းဝေးပါသေးတယ်။ သူက သံလိုက်အိမ်မြှောင်ကြီးလို့တောင် လူသိများတယ်"

ချန်းဝေက ခပ်မာမာလေသံဖြင့် ပြန်ပြောသည်။ သူတို့ညီအစ်ကိုတွေက ဝါးအရက်ကိုသောက်ရင်း ညဖက်ဆိုင်ဖွင့်ချိန်အတွင်း မြေပဲလေးကို အမြည်းစားကာ ပေါ့ပေါ့ပါးပါး စကားပြောဆိုနေကြသည်။

ရံဖန်ရံခါ တခြားသူများနှင့်လည်း စကားပြောရင်း အချိန်ကုန်ဆုံးကြသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက ပုံမှန်အတိုင်း ကောင်တာအတွင်းဘက်တွင် ထိုင်နေသည်။

ဖောက်သည်များပြောနေသည့် စိတ်ဝင်စားဖွယ်အကြောင်းအရာများကို ရံဖန်ရံခါ နားထောင်သော်လည်း အချိန်အများစုက ဂိမ်းကစားနေသည်။

"ဒီဆိုင်မှာ အရက်ကောင်း ရောင်းပေမယ့် စားကောင်းသောက်ဖွယ်တွေ မရှိဘူး။ အရမ်းကို စိတ်ရှုပ်စရာကောင်းတယ်"

သုန်စီးက ရုတ်တရက် ထပြောသည်။

"ငါလည်း လက်ခံတယ်။ ချန်းဝေ မင်းမှာ တခြား အကြံဉာဏ်မရှိတော့ဘူးလား"

တခြားသော ညီအစ်ကိုတစ်ယောက်ကလည်း ယွမ်ကျိုးရှိရာသို့ ညွှန်ပြသည်။

"ဒီလူက ငါ့ထက်တောင်စည်းမျဉ်းတွေကို လိုက်နာသေးတယ်။ ငါက ဘာလုပ်နိုင်မှာမို့လို့လဲ"

ချန်းဝေက သူ့စိတ်ကို ဖြေလျော့ရန် အရက်ကို ခံတွင်းအပြည့် သောက်ပစ်လိုက်သည်။

"မင်းကို စည်းမျဉ်းလိုက်နာလွန်းသူလို့ သူသိများခဲ့တာ မဟုတ်ဘူးလား။ မင်းထက်တောင် ဆိုးဝါးတဲ့သူ ရှိနေတာလား"

သုန်စီးက မျက်လုံးလေး ကလယ်ကလယ်ဖြင့် ပြန်ပြောသည်။

"အခုအချိန်မှာ ငါ့အကြောင်း လျှောက်ပြောရမယ့်အချိန် ဟုတ်လို့လား"

ချန်းဝေက သုန်စီးကို တစ်ချက်ကြည့်လိုက်ပြီး မကျေနပ်ဟန် ပြောသည်။

"မဟုတ်သေးဘူး၊ မဟုတ်သေးဘူး။ ဒီအရက်ကောင်းတစ်ခွက်နဲ့ အမဲသားအလွှာလေးနဲ့ တွဲစားချင်လိုက်တာ။ ငါအကြံထုတ်ဦးမယ်"

ချန်းဝေက သူ့ခွက်ထဲမှ အရက်တစ်ဝက်ခန့်ကို သောက်လိုက်ပြီး အိုးထဲမှ အရက်ကို ခွက်ထဲ ထပ်ဖြည့်သည်။

"ဟေး ဘာလုပ်တာလဲ။ မင်းခွက်ထဲ အရက်တွေထည့်တာ မြန်လှချည်လား။ ဘာလို့ ခဏ ခဏ ထည့်နေရတာလဲ။ နည်းလမ်းစဉ်းစားဖို့သာ အာရုံစိုက်စမ်းပါ"

သုန်စီးက အရက်အိုးကို ဖိထားလိုက်သည်။

"ဟုတ်တယ် ချန်းဝေ။ အဖြေရှာဖို့ပဲ စဉ်းစားစမ်းပါ။ အိုးထဲမှာ အရက်က တစ်ငုံစာလောက်ပဲ ကျန်တော့တယ်"

တခြားညီအစ်ကိုတစ်ယောက်ကလည်း သုန်စီးဘက်က ရပ်တည်ပြီး ပြောဆိုသည်။

"အကြံထုတ်တဲ့အခါမှာ အရက်မသောက်ပဲနဲ့ စဉ်းစားလို့ရပါ့မလား။ အရက်မရှိရင် အဖြေထွက်လာမှာမဟုတ်ဘူး"

ချန်းဝေက ယုံကြည်မှုအပြည့်ဖြင့် ငြင်းခုန်ပြောဆိုနေသည်။

"မင်းအရက်တွေ အရမ်းသောက်လို့ မူးသွားရင် ဘယ်လိုလုပ်မလဲ။ ဒါဆိုရင် နည်းလမ်းစဉ်းစားလို့ ရပါဦးမလား။ အကြံသာထုတ်စမ်းပါ"

"မင်းရဲ့ညီအစ်ကို ငါနဲ့ ဝါးပင်က အရက်ဖြည်းဖြည်းချင်းသောက်ပြီး မင်းကိုစောင့်နေမယ်"

သုန်စီးက ချန်းဝေ အရက်အိုး မယူသွားအောင် အကောင်းဆုံး ကြိုးစားသည်။

"ငါတို့တွေက ညီအစ်ကိုတွေလေ။ ငါလုပ်ချင်တာကို လုပ်ခွင့်ပြုလိုက်စမ်းပါ။ အရက်တွေ အများကြီး မသောက်ပါဘူး"

ချန်းဝေက မကျေမနပ် မျက်နှာအနေအထားဖြင့် အရက်အိုးကို လေးနက်စွာ ကြည့်လိုက်သည်။

"ညီအစ်ကိုက ညီအစ်ကိုပဲ။ အရက်က အရက်ပဲ ခွဲခြားထား။ ဒီဆိုင်ကို ရောက်မလာခင်ထဲက အရက်ကို ညီတူမျှတူသောက်မယ်လို့ သဘောတူထားပြီးသားလေ"

သုန်စီးက ညှိနှိုင်းခွင့် မပြုချေ။

"ဟုတ်တယ်။ အမှန်ပဲ။ ငါအကြံရပြီ။ ငါတို့အားလုံးရဲ့ ခွက်ထဲကို ဒီအရက်တွေကို ညီတူမျှတူ ထည့်မယ်"

ဝါးပင်အမည်ရှိသော အမျိုးသားက အကြံပြုသည်။

"ဟုတ်တယ်။ ငါလည်းသဘောတူတယ် ဝါးပင်။ အရက်တွေကို ခွက်ထဲ လောင်းထည့်လိုက်တော့"

သုန်စီး နှင့် ချန်းဝေက တစ်ယောက်နဲ့တစ်ယောက် ကြည့်လိုက်ပြီး တစ်ပြိုင်နက်ထဲ ပြောသည်။

"ကိစ္စမရှိဘူး။ ငါလုပ်မယ်"

ထိုစကားကို ပြောလိုက်စဉ် ဝါးပင်က အရက်အိုးကို ယူလိုက်ပြီး ခွက်သုံးခွက်လုံးကို ညီတူမျှတူ အနေအထားဖြစ်အောင် လောင်းထည့်သည်။ ထိုမှသာ အပြန်အလှန်ဆွေးနွေးမှုက ရပ်တန့်သွားသည်။

ယခုတော့ ချန်းဝေက ပြဿနာ၏ အဖြေကို အလေးအနက် စဉ်းစားတွေးခေါ်နေသည်။ ခဏကြာပြီးတဲ့နောက် သူက နည်းလမ်းကို ရှာဖွေတွေ့ရှိသွားသည်။

"မနက်ဖြန်ကျရင် ဒီဝါးအရက်ကို ကံစမ်းမဲနှိုက်ဖို့ လူများများ ခေါ်လာခဲ့။ မင်းတို့စားချင်တဲ့ ဟင်းပွဲ စားရမယ်လို့ ငါအာမခံတယ်"

"သေချာလို့လား"

သုန်စီးက ယုံတစ်ဝက်၊ မယုံတစ်ဝက် ဖြစ်နေသည်။

"အကြံထုတ်တာ မြန်လှချည်လား"

ဝါးပင်ကလည်း အနည်းငယ် သံသယဝင်မိသည်။

"မစိုးရိမ်နဲ့။ လုံးဝ ပြဿနာမရှိဘူး"

ချန်းဝေက ငါ့ကိုယုံကြည်လိုက်ဟူသော အမူအရာကို ဖော်ပြသည်။

နောက်တစ်နေ့ ညနေခင်း ချန်းဝေက ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ ဆိုင်ဖွင့်ချိန် ပြည့်ခါနီး ရောက်ရှိလာသည်။

ဆိုင်ထဲသို့မဝင်ခင် သူက မှတ်စုစာအုပ်နှင့် ဖောင်တိန်ကို ထုတ်လိုက်ပြီး ထိုင်ခုံမှာ နေရာယူကာ စားပွဲပေါ်မှာ ချလိုက်သည်။ ထို့နောက် သူက ယွမ်ကျိုးကို မေးခွန်းများ စတင်မေးမြန်းသည်။

"သူဌေးယွမ်၊ ပိုးသားလွှာယုန်ဟင်းပွဲကို ပြင်ဆင်ဖို့ အချိန် ဘယ်လောက်ကြာလဲ"

ချန်းဝေက စပ်စုသောအမူအရာဖြင့် မေးမြန်းသည်။

"၃၇ နာရီ ကြာပါတယ်"

ယွမ်ကျိုးက သူမေးသမျှကို ပြန်ဖြေသည်။

"လတ်လတ်ဆတ်ဆတ် ပြင်ဆင်တာလား"

ချန်းဝေက ထပ်မံ မေးမြန်းသည်။

"ဟုတ်တယ်။ အားလုံးကို လတ်လတ်ဆတ်ဆတ် ပြင်ဆင်ထားတာပါ"

ပိုးသားလွှာယုန်ကို ပြင်ဆင်ပြီးသည်နှင့် ချက်ချင်း ရောင်းထွက်သည်။ ထို့ကြောင့် အချိန်အကြာကြီး သိမ်းဆည်းနေစရာလည်း မလိုအပ်ချေ။

"အသင့်လုပ်ထားတဲ့ ပိုးသားလွှာယုန်တွေကော မရှိဘူးလား"

ချန်းဝေက မဝံ့မရဲ မေးမြန်းသည်။

"အားနာပါတယ်။ အားလုံးရောင်းထွက်သွားပါပြီ"

ယွမ်ကျိုး မျက်မှောင်ကြုတ်လိုက်သည်။ ယခုလို မေးခွန်းအများကြီး မေးနေရသည့် အကြောင်းအရင်းကို ယွမ်ကျိုး နားမလည်နိုင်ချေ။

"သူဌေးယွမ်၊ ဒီကနေ့ည ယုန်ဟင်းပွဲကို ပြင်ဆင်မှာလား"

ချန်းဝေ မေးမြန်းလိုက်တဲ့အခါမှာတော့ သူက အဖြေကို နားစွင့်ရင်း ပို၍ စိတ်လှုပ်ရှားလာသည်။

"ဟုတ်တယ်"

ယွမ်ကျိုး၏အဖြေက ယခင်အတိုင်း တိကျပြတ်သားမှု ရှိသည်။

"ကောင်းပြီ၊ ကျွန်တော်နားလည်ပြီ။ ကျေးဇူးတင်ပါတယ် သူဌေးယွမ်"

ချန်းဝေက ကျေနပ်စွာ ပြန်ပြောသည်။

ယွမ်ကျိုးက ခေါင်းလှည့်လိုက်ပြီး တခြားဖောက်သည်များ မှာယူထားသော ဟင်းပွဲများကို ပြင်ဆင်ရန် လှည့်ထွက်သွားသည်။

သူ၏စိတ်ထဲ ချန်းဝေရဲ့

ဦးနှောက်က တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားမိသည်။ ချန်းဝေကို ပြဿနာရှာတတ်သော လူငယ်လေးဟူ၍ပင် မှတ်ချက်ပြုမိသည်။

လူငယ်လေးဟူသော စကားလုံးကို တွေးမိသောအခါ ယွမ်ကျိုး၏ ခန္ဓာကိုယ် တစ်ခုလုံး ကြက်သီးထမိသည်။

သန်မာကြံ့ခိုင်သော ခန္ဓာကိုယ်ရှိသော ချန်းဝေသည် လူငယ်ဟူသော စကားလုံးနှင့် လိုက်ဖက်မှု မရှိနိုင်ချေ။

ဝူဟိုင်းက စားသောက်ဆိုင်ထဲ ဝင်ရောက်လိုက်သောအခါ ယွမ်ကျိုးက ဟင်းပွဲများကို အားကြိုးမာန်တတ် ပြင်ဆင်နေစဉ် ချန်းဝေက ထိုင်ခုံမှာထိုင်ပြီး တစ်စုံတစ်ရာကို အသေးစိတ်ရေးသားနေသည်ကို မြင်တွေ့ရသည်။

စာရေးသားနေစဉ် တစ်စုံတစ်ရာကိုလည်း တီးတိုး ရေရွတ်နေသေးသည်။ အရေးပါသော အခိုက်အတန့်တွင် သူက ရပ်တန့်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ခဏ တွေးကြံသည်။

အရေးကြီးသည့် တစ်စုံတစ်ရာကို တွေးနေသည်ဟု ထင်မှတ်မိသည်။

"ဒီမှတ်စုစာအုပ်ထဲမှာ ဘာတွေရေးပြီး ရေရွတ်နေတာလဲ"

ဝူဟိုင်းက ချန်းဝေဘေးနားက ထိုင်ခုံမှာ ထိုင်လိုက်သည်။

"ခင်ဗျားနားမလည်ပါဘူး။ ဒါက အရမ်းကို အရေးကြီးတဲ့ကိစ္စ"

ချန်းဝေက ခေါင်းကိုမော့လိုက်ပြီး မကျေနပ်ဟန်ဖြင့် ဝူဟိုင်းကို ကြည့်ကာ စက်ဆုပ်ဟန်ပြန်ပြောသည်။

"ဝိုး အံ့ဩစရာပဲ။ မင်းမှာ အရေးကြီးတဲ့ကိစ္စတောင် ရှိနေတာလား။ မင်းရဲ့ဦးနှောက်က ကြွက်သားတွေနဲ့ပဲ ပြည့်နေတာ မဟုတ်ဘူးလား"

ဝူဟိုင်းက အစားအသောက် ချေးများသည့်အပြင် အခြားသူများကိုလည်း မညှာမတာ ပြောဆိုတတ်သည်။

"ခင်ဗျားနဲ့ အခုချိန်မှာ မငြင်းခုံချင်ဘူး။ ခင်ဗျားနဲ့ ကျုပ် ကြုံတော့မှ ဂိမ်းလေး ကစားဦးမယ်"

ချန်းဝေနှင့် ဝူဟိုင်းက ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ အရက်အတူသောက်တိုင်း ဂိမ်းကစားလေ့ရှိသည်။

ပုံမှန်အားဖြင့် ဝူဟိုင်းက ရှုံးနိမ့်သူဖြစ်သည်။ ထို့ကြောင့်လည်း ချန်းဝေက သူ့ကို လုံးဝ မကြောက်ပေ။

"တိုက်ဆိုင်လှချည်လား။ မင်းရဲ့ကြွက်သားတွေနဲ့ ပင်ပင်ပန်းပန်း အလုပ်တွေပဲ လုပ်တတ်တယ်ထင်နေတာ"

ဝူဟိုင်းက ညှိနှိုင်းလို့ မရပေ။

"တိတ်တိတ်နေစမ်းပါ။ ငါတွက်ချက်တာတွေ မှားတော့မယ်"

မှတ်စုစာအုပ်ထဲမှ အကြောင်းအရာတွေကို ကြည့်ပြီးတော့ ချန်းဝေက အစကနေပြီးတော့ ပြန်တွက်ချက်နေရသည်။

"ဒါတွေက ဘာတွေလဲ"

ဝူဟိုင်းက ခေါင်းကို ငုံ့လိုက်ပြီး မှတ်စုစာအုပ်ကို ကြည့်လိုက်သည်။

စာမျက်နှာပေါ်မှာ ချန်းဝေက အချိန်သတ်မှတ်ချက်၊ ရက်တွက်ချက်မှုနှင့် လူဦးရေ အကန့်အသတ်များကို ရေးသားထား၍ ရှုပ်ထွေးနေသည်။

"ခင်ဗျားလိုလူ နားမလည်တာ ပုံမှန်ပဲလေ။ နားလည်နေတာတောင် အံ့ဩစရာကောင်းသေးတယ်"

ချန်းဝေက ခဏကြာပြီးနောက် အကြံထွက်သွားသည်။ ထိုမှသာ ဝူဟိုင်းကို စကားပြန်ပြောနိုင်သည်။

ထို့နောက် ဝူဟိုင်း၏ တုံ့ပြန်မှုကို လျစ်လျှူရှုပြီး အချိန်ကို စစ်ဆေးကြည့်လိုက်သည်။ ဆိုင်ပိတ်ရန် ငါးမိနစ်ခန့် လိုသေးသည်။ ဟင်းပွဲအော်ဒါမှာရန် နောက်ဆုံးအချိန်လည်းဖြစ်သည်။

"သူဌေးယွမ် ပိုးသားလွှာယုန်ဟင်းတစ်ပွဲပေးပါ"

ချန်းဝေက ယွမ်ကျိုး မကြားမှာကို စိုးရိမ်သောကြောင့် ကျယ်လောင်စွာ အော်လိုက်သည်။

အပိုင်း(၁၇၂)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၇၃)

"ဆိုင်ဖွင့်ချိန် အဆုံးသတ်ဖို့ ငါးမိနစ်ပဲ လိုတော့တယ်"

ယွမ်ကျိုးက ချန်းဝေ အော်သံနှင့် ရည်ရွယ်ချက်ကို သိနေတဲ့အတွက်ကြောင့် စည်းမျဉ်းအတိုင်း ပြန်ပြောသည်။

"ဟုတ်တယ်။ ဒါ့ကြောင့်မို့လို့ ငါ ဟင်းပွဲအော်ဒါ မှာလို့ရသေးတယ်လေ"

ချန်းဝေ၏မျက်နှာပေါ်တွင် အပြုံးလေးပေါ်လာသည်။

"အရက်နဲ့ တွဲသောက်ချင်တာလား"

ယွမ်ကျိုးက ချန်းဝေရဲ့ ရည်ရွယ်ချက်ကို တုံ့ဆိုင်းခြင်းမရှိဘဲ ထုတ်ဖော်လိုက်သည်။

"ကျွန်တော်က သူဌေးယွမ်ရဲ့ စည်းမျဉ်းတွေကို မချိုးဖောက်ဖူးလေ"

ချန်းဝေက ကြိတ်ပြုံးလိုက်ပြီးတော့ သွားများကို လှစ်ဟာပြလိုက်သည်။

"စိတ်ပျက်စရာပဲ။ ခေါင်းတောင်နောက်လာပြီ"

ယွမ်ကျိုးက စက်ဆုပ်သော အမူအရာဖြင့် စကားပြောသည်။

"သူဌေးယွမ်၊ ခင်ဗျား အခု ဘယ်လိုတွေ ဖြစ်နေရတာလဲ"

ချန်းဝေက မယုံကြည်နိုင်စွာပြန်ပြောသည်။

ယွမ်ကျိုး၏ သံလိုက်အိမ်မြှောင် နာမည်အပြင် ခေါင်းမာသည့်နာမည်ကိုပါ ထပ်ဆောင်းပေးသင့်သည်။

"ခင်ဗျား နားလည်မှုလွဲနေပုံပဲ၊ ပိုးမွှာယုံဟင်းပွဲကို အော်ဒါမှာချင်တာမို့လား"

ယွမ်ကျိုးက ချက်ချင်းပြန်ပြောသည်။

"ဟုတ်တယ်လေ။ ဒါပေမယ့်"

"ကျွန်တော် စည်းမျဉ်း စည်းကမ်းကို လိုက်နာပြီးတော့မှ မှာတာလေ။ မရဘူးလား"

သူက ယွမ်ကျိုး ဆက်ပြောမည့်စကားကို ကြားဝင် ဖြတ်ပြောသည်။

ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။

"ဆိုင်ဖွင့်ဖို့ လေးမိနစ်ပဲ ကျန်တော့တယ်။ ခဏနေရင် ဆိုင်ပိတ်တော့မယ်လေ"

"ဒါတော့ ဟုတ်တာပေါ့။ ဒါကြောင့်မို့လဲ ပိုးသားလွှာယုန်ဟင်းတစ်ပွဲ မှာတာလေ"

ချန်းဝေက စကားလမ်းကြောင်းကို ချက်ချင်းလွှဲပြီး ဟင်းပွဲအော်ဒါမှာရန်ကိုသာ ဆက်လက်ပြောကြားသည်။

သူ့အတွက် အရက်ကောင်းနှင့် အမြည်းကောင်းတစ်ပွဲ တွဲဖက်စားရန်သာ အရေးကြီးသည်။

"ကောင်းပြီ။ ဒါဆိုရင် မနက်ဖြန် ဒီအချိန်ပြန်လာခဲ့ပေးပါ။ ကျသင့်ငွေကို အရင်ဆုံး ပေးဆောင်ပေးပါ"

ထို့နောက် ယွမ်ကျိုးပြန်ပြောသည်။

"ကောင်းပြီ။ တစ်ခါတည်းရှင်းလိုက်မယ်။ အခုပဲ လွှဲပေးလိုက်မယ်"

ချန်းဝေက ယွမ်ကျိုးကို အွန်လိုင်းမှတစ်ဆင့် ငွေလွှဲပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ်။ နှုတ်ဆက်ပါတယ်"

ယွမ်ကျိုးက ဖုန်း၏သတိပေးချက်ကို စစ်ဆေးပြီးနောက် တခြားသော ဖောက်သည်များကိုလည်း ဆိုင်မှထွက်ခွာရန် အသိပေးသည်။

"နေပါဦး။ ငါလည်း ဟင်းပွဲမမှာရသေးဘူးလေ"

ထိုစဉ် အကြံပေါ်သွားသော ဝူဟိုင်းက ချက်ချင်းတုံ့ပြန်သည်။

"အားနာပါတယ်။ အခုတော့ ဟင်းပွဲတွေ မှာလို့ မရတော့ပါဘူး"

ယွမ်ကျိုးက အချိန်ကို ညွှန်ပြပြီး ဆိုင်ဖွင့်ချိန် အဆုံးသတ်သွားကြောင်း ပြောကြားသည်။

"ဒီကောက်ကျစ်တဲ့ ချန်းဝေက အကြံကောင်းပေါ်တော့ ငါတို့ကို မပြောဘူး"

ဝူဟိုင်းက အရမ်းဒေါသထွက်နေသည်။ သူ မကျေမနပ်ဖြစ်နေခြင်း ဖြစ်သည်။

"ဆိုင်ဖွင့်ချိန် အဆုံးသတ်ပါပြီ။ မနက်ဖြန် မနက်စောစော လာခဲ့ပေးပါ"

ယွမ်ကျိုးက နောက်ဆုံးစကားတစ်ခွန်းကို ပြောပြီးနောက် အပြင်ဘက်မှာ စောင့်နေသော ဖောက်သည်အားလုံးက ဖြည်းဖြည်းချင်း လူစုကွဲသွားသည်။

တစ်ခြားတစ်ဖက်တွင်မူ ဝူဟိုင်းက လျှင်မြန်သော ခြေလှမ်းများဖြင့် အပြင်ဘက်သို့ ထွက်ခွာသွားသည်။ သူ့အမူအရာကို ကြည့်ယုံဖြင့် ချန်းဝေနောက် အမောတကော လိုက်သွားခြင်း ဖြစ်နိုင်သည်။

"သူဌေး စောနတုန်းက တစ်ခုခုပြောလိုက်သေးလား"

ဖောက်သည်အားလုံး ထွက်သွားပြီးနောက် မုရှောင်ယွမ်က စပ်စပ်စုစု မေးမြန်းသည်။

"မဟုတ်ပါဘူး။ နင်နားကြားမှားတာပါ"

ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် ပြန်ပြောသည်။

"အင်း ကောင်းပါပြီ"

မုရှောင်ယွမ်က အခြေအနေကို သေချာမသိသော်လည်း တစ်စုံတစ်ရာကို ကြားလိုက်သည်။ သို့သော်လည်း သူဌေးက ငြင်းပယ်နေ၍ သူမ ဆက်လက် မမေးမြန်းခဲ့ပေ။

ဆိုင်အပြင်ဘက်သို့ ထွက်သွားသောအခါ မုရှောင်ယွမ်၏စိတ်ထဲ မရေရာသော ခံစားချက်များ လွှမ်းမိုးနေသည်။

"အင်း အိမ်ပြန်လမ်းတစ်လျှောက် ဂရုစိုက်ပြီး ပြန်ပါ"

ယွမ်ကျိုးက တည်ငြိမ်စွာ ခေါင်းညိတ်သည်။

"ကောင်းပါပြီ သူဌေး၊ နှုတ်ဆက်ပါတယ်"

မုရှောင်ယွမ်က သူ့မေးခွန်းကို ပြန်ဖြေပြီးနောက် ထွက်ခွာသွားသည်။

ညနေခင်းပိုင်းတွင် ယွမ်ကျိုးက ပုံမှန်အတိုင်း ခေါက်ဆွဲပြုတ်တစ်ပွဲကို ချက်ပြုတ်သည်။ ခေါက်ဆွဲများကို စားသုံးပြီးနောက် ကျန်ရှိနေသော စွပ်ပြုတ်အရည်များကို အမွှေးဖွာခွေးလေး သောက်ဖို့အတွက် ချန်ထားပေးသည်။

နောက်ဘက်တံခါးကိုဖွင့်ပြီး စွပ်ပြုတ်ခွက်ကို သယ်ဆောင်ကာ အပြင်ဘက်သို့ ထွက်လာသည်။ နောက်တံခါးဘက်တွင်ရှိသော နောက်ဖေးလမ်းကြားသည် ယခင်အတိုင်း တိတ်ဆိတ်နေသည်။

အပြာရောင်အခင်းကျောက်ပြားများက လရောင်အောက်တွင် ပို၍တောက်ပနေသည်။ တိတ်ဆိတ်ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကို ပို၍ ပေါ်လွင်စေသည်။

မိနစ်ပိုင်းအတွင်း ယွမ်ကျိုးက နောက်ဖေးလမ်းကြားထဲရှိ အမှိုက်ပုံးနား ရောက်သွားသည်။ အမှိုက်ပုံးဘေးနားတွင် အမွှေးဖွာခွေးလေးက ပလတ်စတစ်အိတ်ပေါ်တွင် လဲလျောင်းနေသည်။

သူ့အစာခွက် နှစ်ခွက်အနက် ခြောက်နေသော အစာခွက်ထဲ၌ အညိုရောင်ခွေးစာများကို တွေ့ရသည်။

"ကောင်စုတ်လေး၊ မင်းဘဝက ကောင်းစားလှချည်လား"

ယွမ်ကျိုးက တစ်ချက်ကြည့်ပြီးနောက် စိုစွတ်နေသော အစာခွက်ထဲသို့ စွပ်ပြုတ်ရည်များ လောင်းထည့်ပေးသည်။

အမွှေးဖွာခွေးလေးရဲ့တုံ့ပြန်မှုက ရိုးရှင်းပြီး လှုပ်ရှားမှု မရှိပေ။ စပျစ်သီးကဲ့သို့ နက်မှောင်သော မျက်ဝန်းများဖြင့် ယွမ်ကျိုးကို တိတ်တဆိတ်ငေးစိုက်ကြည့်နေပြီး ယခင်အတိုင်း မလှုပ်မယှက် လဲလျောင်းနေသည်။

"ဟိုနေ့တုန်းက အစာစားရဖို့ ကောင်မလေးနဲ့ ဆော့နေတာ ငါမြင်ခဲ့ပါတယ်။ ငါ့ကိုကော ဒီလိုလုပ်ဖို့ ဆန္ဒမရှိဘူးလား။ ဘာပဲဖြစ်ဖြစ် ငါက မင်းရဲ့ဘဝကို စွပ်ပြုတ်တိုက်ရင်းနဲ့ ကယ်တင်ထားတာလေ"

ယွမ်ကျိုးက ခါးကိုကိုင်းလိုက်ပြီး အမွှေးဖွာခွေးလေးကို ငေးစိုက်ကြည့်လိုက်သည်။ အမွှေးဖွာခွေးလေးက အစာစားရဖို့အရေး ကောင်မလေး၏ ခြေထောက်နားမှာ လူးလိမ့်ပြပြီး ဗိုက်သားလေးပေါ်အောင် ပြသည်။

ယခု သူရဲ့အပြုအမူနဲ့ သူတွေ့ခဲ့ဖူးသော အပြုအမူက ခြားနားမှုရှိသည်။ သို့သော်လည်း အမွှေးဖွာခွေးကလေးက ယွမ်ကျိုး၏ တဖွဲ့တနွဲ့ပြောသောစကားများကို တုံ့ပြန်မှု မရှိခဲ့ပေ။

သူ့အပြုအမူက နားမလည်သည့် အမူအရာကို ဖော်ပြနေသည်။

"ကောင်းပြီ။ တခါတလေကျရင် မင်းက လိမ္မာပါးနပ်တဲ့ခွေးလို့ ထင်ရပေမယ့် အခုပုံစံ ကြည့်ရတာတော့ တုံးတုံးအအနဲ့ ထိခိုက်ဒဏ်ရာရနေတဲ့ခွေးနဲ့ပဲ တူတယ်"

ယွမ်ကျိုးက ငြီးတွားပြောဆိုရင်း မတ်တပ်ရပ်ကာ သူ့စားသောက်ဆိုင်သို့ စိမ်ပြေနပြေ လမ်းလျှောက်ကာ ပြန်သွားသည်။ ညပိုင်းတွင် အရက်ဆိုင်ဖွင့်ရန်လည်း ပြင်ဆင်ရဦးမည်ဖြစ်သည်။

ယွမ်ကျိုး သူ့အမြင်အာရုံမှ ပျောက်ကွယ်သွားမှ အမွှေးဖွာခွေးလေးက မတ်တပ်ရပ်လိုက်ပြီး စွပ်ပြုတ်ရည်ကို စိမ်ပြေနပြေ သောက်သည်။

နောက်တစ်နေ့ နေ့လည်ခင်းတွင် ယွမ်ကျိုးက ပုံမှန်ဖောက်သည်များကို နောက်တစ်ကြိမ် တုန်လှုပ်စေသည်။ စားသောက်ဆိုင်သို့ ဖောက်သည်အသစ် ရောက်ရှိလာသည်။

ရိုးရှင်းသော အဝတ်အစား၊ မျက်မှန်ဝိုင်းနှင့် မျက်နှာအပြည့် မုတ်ဆိတ်များရှိနေသောသူသည် သာမန်ရွက်ကြမ်းရေကျိုပုံစံရှိပြီး တရုတ်စကားကို ဝဲတဲတဲအသံဖြင့် ပြောဆိုသည်။

"သူဌေး အမဲသားဟင်းတစ်ပွဲနဲ့ ထမင်းဖြူတစ်ပွဲပေးပါ"

ဈေးနှုန်းစာရင်းကို စစ်ဆေးကြည့်ပြီးနောက် ၎င်းအမျိုးသားသည် ဟင်းပွဲနှစ်ပွဲကိုသာ အော်ဒါတင်သည်။

"အမဲသားဟင်းက စပ်တယ်။ ခင်ဗျား မစားနိုင်ဘူး။ နောက်ထပ်ဟင်းပွဲကို ပြောင်းမှာပါ"

မုရှောင်ယွမ် ပြန်မပြောခင် ယွမ်ကျိုးက ချက်ချင်း ဝင်ပြောသည်။

"ဟမ် ဘယ်လိုဖြစ်ရတာလဲ။ ငါ စပ်တဲ့ အစားအသောက်တွေ မစားနိုင်ဘူးဆိုတာ ခင်ဗျား ဘယ်လို သိနေတာလဲ"

၎င်းအမျိုးသားက တအံ့တဩ ပြန်လည်မေးမြန်းသည်။

"စားဖိုမှုးတစ်ယောက်ရဲ့ လျှို့ဝှက်ချက်လေ။ ခင်ဗျားကို ပြောပြစရာလား။ ဘယ်ဟင်းပွဲမျိုး ပြောင်းမှာချင်လဲဆိုတာသာ ပြောပါ"

ယွမ်ကျိုးက သူ့မေးခွန်းကို ပြန်မဖြေပဲ ချက်ချင်းမေးမြန်းသည်။

"အရမ်းကို ထူးဆန်းလိုက်တာ။ ခင်ဗျား ကျုပ်ကို သိနေတာလား"

၎င်းအမျိုးသားသည် ယွမ်ကျိုးကို ခေါင်းအစ ခြေအဆုံး အကဲခတ်ကြည့်သည်။

"လူကြီးမင်း ဘာများ ပြန်လည် မှာယူချင်ပါသလဲ"

မုရှောင်ယွမ်က ဘေးနားမှာ မတ်တပ်ရပ်နေ၍ ထပ်မံမေးမြန်းသည်။

"ဒါဆိုရင် ငါ့ကို ပုဇွန်ဟင်းနဲ့ ထမင်းဖြူတစ်ပွဲ ပေးပါ"

၎င်းအမျိုးသားက သူ မှာယူမည့်ဟင်းပွဲကို ချက်ချင်းပြန်ပြောပြီး ယွမ်ကျိုး သူ့အကြောင်း သိနေသည့်အချက်ကိုသာ ထပ်တလဲလဲ တွေးတောနေသည်။

၎င်းအမျိုးသား၏ဘေးနားတွင် ကြက်ဥထမင်းကြော် စားနေသူက ဝူကျိုးဖြစ်သည်။ ဝူကျိုးကလည်း ဤအခြေအနေကို အကဲခတ်နေသည်။

"ခင်ဗျားရဲ့လေသံဝဲဝဲလေးကြောင့် သူဌေးယွမ်က ခင်ဗျား ဘယ်မှာနေလဲဆိုတာ ခန့်မှန်းမိသွားတာ မဖြစ်နိုင်ဘူးလား"

"ငါ့ရဲ့လေယူလေသိမ်းကို ကြည့်ပြီးတော့ ငါဘယ်နေရာက လာလဲဆိုတာ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး"

၎င်းအမျိုးသားသည် ချက်ချင်းငြင်းပယ်သည်။

"ငါလည်း သေချာမသိပေမယ့် သူဌေးယွမ်ကတော့ သိနိုင်တယ်။ ဒါက ပုံမှန်ပဲလေ"

ဝူကျိုးက အမှန်တကယ် ဒေါသမထွက်ပေ။ ယွမ်ကျိုး လေယူလေသိမ်း ခွဲခြားနိုင်ခြင်းက ပုံမှန် ဖြစ်သည်ဟုသာ ခံစားမိသည်။

"ဟား ဟား ဟား ဟား ငါ့ရဲ့လေယူလေသိမ်း အရဆိုရင် ငါက ချူးပြည်နယ်ကလေ။ ငါတို့ ပြည်နယ်ကလူတွေအားလုံးက ပူစပ်စပ် အစားအသောက်တွေကို စားရတာ ကြိုက်တယ်။ အရမ်းပူစပ်စပ် အရသာရှိတဲ့ ပုဇွန်ဟင်းတွေတောင် စားသေးတယ်"

၎င်းအမျိုးသားသည် ကြောက်လန့်မှုများ ပြည့်နေသောအမူအရာဖြင့် စကားပြောသည်။

"ဒါလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူဌေးယွမ်က ခင်ဗျားကို အရင်ထဲက သိနေခဲ့လို့များလား။ ဒါကြောင်မို့လို့ ခင်ဗျား ပူစပ်စပ် အစားအသောက်တွေ မစားနိုင်တာ သိနေတာလည်း ဖြစ်နိုင်တယ်လေ"

ဝူကျိုးက စူးစမ်းလိုသောဆန္ဒဖြင့် ဆက်လက်ခန့်မှန်းသည်။

"ငါ ဒီနေ့မှ ဒီမြို့ကိုရောက်တာ"

သူ့ကို စကားလာပြောသည့်လူငယ်လေးသည် တုံးအလွန်းသည်ဟု ခံစားမိ၍ ၎င်းအမျိုးသားသည် အထင်အမြင်သေးသော လေသံဖြင့် စကားပြောသည်။

သို့သော်ငြားလည်း သူ့မျက်နှာတပြင်လုံး မုတ်ဆိတ်များဖြင့် ပြည့်နှက်နေ၍ ဝူကျိုးက တစ်ဖက်သူ၏ အထင်အမြင်သေးသော အမူအရာကို မမြင်ရပေ။

ထို့ကြောင့် သူက ဆက်လက်ခန့်မှန်းနေသည်။ ယွမ်ကျိုးက ဟင်းပွဲများကို သယ်ဆောင်ပြီး ၎င်းအမျိုးသားထံ ယူဆောင်လာသောအခါ ၎င်းအမျိုးသားက စပ်စပ်စုစုမေးမြန်းသည်။

"ငါ ပူစပ်စပ် အစားအသောက်တွေကို မစားတာကို ခင်ဗျား ဘယ်လိုသိနေလဲ"

"ကျွန်တော် ခန့်မှန်းကြည့်ယုံပါ"

ယွမ်ကျိုး၏ အဖြေက ရိုးရှင်းလွန်းပြီး တိကျသည်။ သူ့ကို ကျီစယ်နေသည်ဟုပင် ခံစားမိသည်။

"ဒီလို ခန့်မှန်းရ လွယ်ကူလား"

သူ၏မျက်နှာပေါ်တွင် သံသယဝင်သော အမူအရာများကို ဖော်ပြနေသည်။

ဝူကျိုးက စပ်စုလိုသောဆန္ဒဖြင့် မေးမြန်းရန် ကြိုးစားသော်လည်း ယွမ်ကျိုးက သူ့ကို အခွင့်အရေးမပေးခဲ့ချေ။ မီးဖိုချောင်ထဲသို့ ချက်ချင်းပြန်သွားသည်။

တိုက်ဆိုင်စွာဖြင့် နေ့လည်ခင်းဆိုင်ဖွင့်ချိန် ပြီးလုနီးပါးအချိန်တွင် ပူစပ်စပ်အစားအသောက်များကို စားသောက်ရခြင်းကို နှစ်သက်သည့် တခြားသော ဖောက်သည်တစ်ဦး ရောက်ရှိလာသည်။

ဤဖောက်သည်ကိုလည်း ယွမ်ကျိုးက အောင်မြင်စွာ ခန့်မှန်းနိုင်ခဲ့သည်။ အကျိုးဆက်အနေဖြင့် ဝူကျိုးက ခေါင်းကိုကုတ်လိုက်ပြီး ပို၍ စူးစမ်းလိုစိတ်ဖြစ်ပေါ်လာသည်။

သို့သော်လည်း ယွမ်ကျိုး၏ ဖြေရှင်းချက်က ယခင်တစ်ယောက်ကို ပြောသည့်အတိုင်း ခန့်မှန်းခဲ့သည်ဟုသာ ပြန်ဖြေသည်။

"ယွမ်ကျိုးက ဝူကျိုးကို မေးခွန်းမေးမြန်းခွင့် မပေးခဲ့ချေ။ ဤတစ်ကြိမ်တွင် ဝူကျိုးက ဤပြဿနာရပ်ကို သူတို့၏ Wechat group သို့ သယ်ဆောင်သွားသည်။

ချက်ချင်းဆိုသလိုပင် အဖွဲ့ဝင်အားလုံးသည် အားကြိုးမာန်တက် ဆွေးနွေးကြသည်။

အပိုင်း(၁၇၃)

ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၇၄)

ယွမ်ကျိုး၏ခန့်မှန်းချက် နှင့်ပတ်သက်ပြီး ဂရုအဖွဲ့ဝင်များကြား အငြင်းပွားမှုများ ဖြစ်ပေါ်နေသည်။

တစ်ဖက်အဖွဲ့က ယွမ်ကျိုး ခန့်မှန်းနိုင်ခြင်းသည် တိုက်ဆိုင်မှုတစ်ခုအဖြစ်သာ ယုံကြည်လက်ခံကြသည်။

မုတ်ဆိတ်မွှေးများရှိသော အမျိုးသားသည် ဤဆိုင်၊ ဤမြို့သို့ ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းဖြစ်ကြောင်း အတည်ပြုပေးသော်လည်း ယွမ်ကျိုးက ၎င်းအမျိုးသားနှင့် တစ်နေရာမှာ ထိပ်တိုက်ဆုံဖူးလိမ့်မည်ဟုသာ လက်ခံကြသည်။

တစ်ဖက်အဖွဲ့က ယွမ်ကျိုးတွင် တခြားသူများကို ခွဲခြားနိုင်သည့် ထူးခြားသောစွမ်းရည် ရှိနေမည်ဟု ယုံကြည်နေကြသည်။

မည်သို့ပင်ဆိုစေကာမူ ယွမ်ကျိုး၏ ဟင်းချက်စွမ်းရည်က ကျော်ကြားပြီး ယခုလို စွမ်းရည်မျိုး ပိုင်ဆိုင်နိုင်ခြင်းက အံ့အားသင့်ဖွယ် မဟုတ်ချေ။

နှစ်ဖက်အဖွဲ့သည် မရပ်မနား ငြင်းခုံပြောဆိုနေကြသည်။ ဝူကျိုးအတွက်တော့ ယွမ်ကျိုးမှာ တခြားသူများကို ခွဲခြားနိုင်သည့် ထူးခြားသည့် စွမ်းရည်တစ်ချို့ရှိသည်ဟု ယုံကြည်မိသည်။

အငြင်းပွားမှု၏ အဆုံးသတ်တွင် သူတို့အားလုံးက ဝူကျိုးကိုယ်တိုင် ယွမ်ကျိုးကို မေးမြန်းသင့်တယ်လို့ သဘောတူလက်ခံသွားကြသည်။

ထိုင်ခုံမှာ ထိုင်နေရင်း ခဏတွေးကြံကာ ဝူကျိုးက ဖုန်းကိုယူဆောင်ကာ မတ်တပ်ရပ်လိုက်ပြီး ယွမ်ကျိုးကို ကျယ်လောင်စွာ စကား အော်ပြောသည်။

"သူဌေးယွမ်၊ ကျွန်တော့်ကို အချိန်ခဏလောက် ပေးလို့ရမလား"

"ဘာများလဲ"

ယွမ်ကျိုးက ခေါင်းလှည့်ကြည့်လိုက်ပြီး ဝူကျိုးကို မေးမြန်းသည်။

"ဒီလူနဲ့ ဒီလူက ပူစပ်စပ် အစားအသောက်တွေကို မကြိုက်တာ ခင်ဗျားသိတယ်။ ဒါပေမယ့် တခြားသူတစ်ယောက်ကကျတော့ ပူစပ်စပ် အစားအသောက်တွေ စားတာလည်း ခင်ဗျားသိနေပြန်တယ်။ ဒါက ဘယ်လိုဖြစ်ရတာလဲ"

ဝူကျိုးက စားသောက်ဆိုင်ထဲ ဝင်ရောက်ရန် တန်းစီစောင့်နေသော ဖောက်သည်များကို ညွှန်ပြပြီး မေးမြန်းသည်။

ခဏကြာ စဉ်းစားပြီးနောက် ယွမ်ကျိုးက အတည်ပြုဟန် ပြန်ပြောသည်။

"ငါ ခန့်မှန်းကြည့်ရုံပါ"

ယွမ်ကျိုး၏ အဖြေက ဝူကျိုးကို ကျီစယ်နေသည်ဟု ခံစားမိစေသည်။

"မဖြစ်နိုင်ပါဘူး သူဌေးယွမ်။ ဘာကြောင့် ခင်ဗျားသိနေသလဲဆိုတာ ကျွန်တော်တို့ကို သိခွင့်ပေးနိုင်မလား"

အခုမှ ဆိုင်ကိုရောက်လာသော သူတစ်ယောက်က ပူစပ်စပ်အစားအသောက်များကို နှစ်သက်သော်လည်း ရိုးရိုးရှင်းရှင်းအစားအသောက်များကို တိုက်တိုက်ဆိုင်ဆိုင် အော်ဒါတင်သွားသည်။

သူကလည်း ဤအကြောင်းအရာနှင့်ပတ်သက်၍ သိလိုစိတ်ဖြစ်ပေါ်နေသည်။

"ဟုတ်တယ်၊ ဟုတ်တယ်။ ငါလည်းသိချင်တယ်"

ထို့နောက် စားသောက်ဆိုင်ထဲရှိ ဖောက်သည်အားလုံးကလည်း တစ်ပြိုင်နက်ထဲ မေးမြန်းကြသည်။

"ငါက စားဖိုမှူးဖြစ်နေလို့လေ"

ယွမ်ကျိုးက ပတ်ဝန်းကျင်ကို ဖြန့်ကြက် ကြည့်ရှုလိုက်ပြီး တည်ငြိမ်စွာ မေးမြန်းသည်။

"အမ်"

ဖောက်သည်အားလုံးက ကြားသိလိုက်ရသော အဖြေကြောင့် ဆို့နင့်သွားသည်။ တခြားသူတစ်ယောက်၏ ခံစားချက်ကို ခွဲခြားသိနိုင်သည့် ထူးခြားသော အရည်အချင်းမျိုးကို ယွမ်ကျိုး ပိုင်ဆိုင်ထားသနည်း။

ဖောက်သည်အားလုံးက သူ့ဖြေရှင်းချက်ကို လက်ခံသွားပြီး ဆက်လက်မေးမြန်းခြင်းမရှိသောအချက်ကို မြင်တွေ့ရသောအခါ ယွမ်ကျိုးက ကျေနပ်ဟန်ဖြင့် မီးဖိုချောင်ထဲ ပြန်သွားပြီး သူ့အလုပ်သူ ဆက်လုပ်သည်။

ယွမ်ကျိုးက ရှင်းပြချက်ကို ကျေနပ်မှုရှိခြင်း၊ မရှိခြင်းကို သိပ်ဂရုမစိုက်ချေ။ ဖောက်သည်အားလုံး၏ အမူအရာကို ကြည့်လိုက်ယုံဖြင့် သူတို့ကို လိမ်ညာနေသည်ဟု ပြောနေသယောင် ခံစားမိသည်။

နောက်တစ်နေ့ မနက်ခင်းတွင် ဝူဟိုင်းက ညှပ်ဖိနပ်တစ်စုံကို ဝတ်ဆင်ပြီး အပေါ်ထပ်မှ အောက်ထပ်သို့ ဆင်းလာသည်။

ပုံမှန်အတိုင်း သူက ပန်းပွင့်ပုံသဏ္ဍာန် ဘောင်းဘီတိုနှင့် စွပ်ကျယ်လက်ပြတ်ကို ဝတ်ဆင်ထားသောကြောင့် ပင်စင်ယူထားသော အဖိုးကြီးတစ်ယောက်နှင့် ပုံစံတူသည်။

ယွမ်ကျိုး၏ စားသောက်ဆိုင်အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ဖောက်သည်များရှိနေသေးသည်။ ထို့ကြောင့် သူက တန်းစီစောင့်နေသော လူတန်းရှည်ကြီး၏ အဆုံးသတ်အထိ လမ်းလျှောက်သွားပြီး နောက်ဆုံးနေရာမှာ တန်းစီလိုက်သည်။

သူက အိတ်ကပ်ထဲကို လက်ကိုထည့်ထားပြီးတော့ အရမ်းကို ပျင်းရိငြီးငွေ့နေသောကြောင့် မုတ်ဆိတ်မွှေးတွေကို ခါယမ်းနေမိသည်။

ထိုစဉ် သူက ရုတ်တရက် ထအော်သည်။

"ဟေး ခင်ဗျားလည်း ရောက်လာပြီလား"

ပုံမှန်အသံဖြင့် ဝူဟိုင်းက ယွမ်ကျိုးစားသောက်ဆိုင် တံခါးပေါက်ဝမှာရှိနေသော လူငယ်လေးကို အော်လိုက်သည်။

လူငယ်လေး၏ အမည်က လီယီဖြစ်သည်။ သူက သင့်တင့်လျောက်ပတ်သော အဝတ်အစားကို ဝတ်ဆင်ထားပြီး သူက ယွမ်ကျိုး၏ စားသောက်ဆိုင်ထဲသို့ ဝင်ရောက်တော့မည့်ပုံရှိသည်။

"ကျွန်တော့်ကို ပြောတာလား"

တစ်စုံတစ်ယောက်ရဲ့ လှမ်းအော်သံကို ကြားလိုက်ရ၍ လီယီက ခေါင်းကိုလှည့်လိုက်ပြီး ဒွိဟဖြစ်သော ခံစားချက်ဖြင့် ငေးစိုက်ကြည့်နေသည်။

သူ့ကိုကြည့်နေသည့် ဝူဟိုင်းကို မြင်တွေ့ရသောအခါ သူကဤလူကို မသိသကဲ့သို့ မေးမြန်းသည်။

"ငါက ဘယ်သူ့ကို ပြောနေတယ်လို့ မင်းက ထင်နေတာလဲ"

ဝူဟိုင်းက တခြားသူပေါ် စိတ်မရှည်တတ်ပေ။

"ဘာကိစ္စများရှိလို့လဲ"

လီယီ၏ စိတ်နေသဘောထားက မောက်မာသူ မဟုတ်ပေ။ သူက သိမ်မွေ့သော အမူအရာဖြင့် ပြန်ပြောသည်။

"ပြောစရာရှိတာသာ တည့်ပြောစမ်းပါ။ ကွေ့ဝိုက်မနေနဲ့။ ဘာလို့ ဒီတစ်ခေါက်ကျ ကွေ့ဝိုက်နေရတာလဲ"

"လေ့ကျင့်ခန်း လာလုပ်တာလား"

ဝူဟိုင်းက ချက်ချင်း မေးမြန်းသည်။

"ဟုတ်တယ်၊ လေ့ကျင့်ခန်း လာလုပ်တာလေ။ လေ့ကျင့်ခန်းကနေ ပြီးတော့ အစားအသောက် လာစားတာပေါ့"

လီယီက ပြုံးကာရွှင်ကာဖြင့် ခေါင်းညိတ်သည်။ သူ့စကား အဆုံးသတ်ပြီးနောက် သူက ဝူဟိုင်းကို လျစ်လျှူရှုလိုက်သည်။

ဝူဟိုင်းကလည်း ထပ်မံ မမေးမြန်းခဲ့ပေ။ လီယီ၏ ကုမ္ပဏီက ယွမ်ကျိုးစားသောက်ဆိုင်၏ တစ်ဖက်လမ်းတွင်ရှိသည်။

သူတို့ကုမ္ပဏီ၏ အဓိက စီးပွားရေးက ကျန်းမာရေးစောင့်ရှောက်မှုဖြစ်သည့်အတွက် ကျွမ်းကျင်မှုနှင့် အတွေ့အကြုံကြွယ်ဝမှု လိုအပ်သည်။

သူက ကုမ္ပဏီမှာ ဌာန၏အဖွဲ့ခေါင်းဆောင်အနေဖြင့် အလုပ်လုပ်ကိုင်သည်။ သူ့လက်အောက်တွင်ရှိသော ဝန်ထမ်း ၃ယောက် အမှားလုပ်လျှင်ပင် ဒေါသထွက်တတ်သည့် အကျင့်ရှိသည်။

ပုံမှန်အားဖြင့် သူက သူ့လက်အောက်ငယ်သားများကို ကောင်းမွန်စွာ ဆက်ဆံတတ်သည်။ တစ်နေ့ လီယီက သူ့ရဲ့စားပွဲခုံမှာ ထိုင်ရင်း အလုပ်အစီရင်ခံစာကို မျက်မှောင်ကြုတ်ကာ ဖတ်ရှုနေသည်။

အလွန်စိတ်ရှုပ်ထွေးသော အမူအရာဖြင့် စားပွဲခုံကို တဒေါက်ဒေါက် ခေါက်နေသည်။

"အကိုယီ ဘာဖြစ်နေတာလဲ။ ပျော်နေတဲ့ပုံ မပေါက်ဘူးနော်"

စီနီယာဝန်ထမ်းက လီယီနှင့် အလုပ်တွဲလုပ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သောကြောင့် လီယီ၏ အမူအရာကို ကြည့်ပြီး စပ်စပ်စုစု မေးမြန်းသည်။

"အလုပ်အစီရင်ခံစာကြောင့်များလား"

"အဲ့အလုပ်အစီရင်ခံစာကို မင်းတို့ ရေးတာလား"

အခြားတစ်ယောက်က သူ့ဘေးနားက ကောင်မလေးကို မေးမြန်းသည်။

"ဟုတ်တယ်။ အစီရင်ခံစာကို ငါတို့အားလုံး မနေ့က ရေးခဲ့တာပါ။ ပြဿနာမရှိလောက်ပါဘူး"

ကောင်မလေးက မသေချာသောအမူအရာဖြင့် ပြန်ပြောသည်။

"ဒါဆိုရင်တော့ ပြဿနာမရှိလောက်ပါဘူး။ အကိုယီ ဘာဖြစ်နေလဲဆိုတာ ငါတို့လဲမသိဘူး"

တခြားသော လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကလည်း ပြန်ပြောသည်။

"အကိုယီ မပျော်တာတော့ မဖြစ်နိုင်ဘူး။ တစ်ခုခုတော့ ထူးခြားနေတယ်"

ကောင်မလေးက သူ၏ လည်တံကို တစ်ချက်ဆန့်လိုက်ပြီး လီယီကို တစ်ချက် ကြည့်သည်။

"မင်း မသိပါဘူး။ ငါက သူနဲ့ အလုပ်တွဲလုပ်တာ ကြာပြီ။ အချိန်တန်ရင် မင်းလည်း သူ့အကြောင်းကို သိသွားလိမ့်မယ်"

စီနီယာဝန်ထမ်းက ခေါင်းကိုလှည့်လိုက်ပြီး စကားပြန်ပြောကာ သူ့အလုပ်သူ ဆက်လုပ်သည်။

ကောင်မလေးက စီနီယာဝန်ထမ်း ပြောသည့် စကားကိုသာ အာရုံစိုက်ထား၍ အမှား မလုပ်မိအောင်သာ တစ်နေ့ခင်းလုံး ဂရုစိုက်နေရသည်။

ညနေခင်း အလုပ်ဆင်းချိန်အထိ လီယီ၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ ဒေါသထွက်ခြင်း အမူအရာ မတွေ့ရသကဲ့သို့ အပြစ်ရှာသော အမူအရာကိုလည်း မတွေ့ရပေ။

"ဘယ်လိုဖြစ်ရတာလဲ။ ဟိုလူ ငါ့ကို လိမ်သွားတာပဲ ဖြစ်ရမယ်"

ကောင်မလေးက လျင်မြန်သောခြေလှမ်းများဖြင့် ကုမ္ပဏီအပြင်ဘက်သို့ လမ်းလျှောက်ထွက်နေရင်း မကျေမနပ်ပြောဆိုသည်။

တစ်နေ့ခင်းလုံး စိတ်ဓာတ်ကျသောအမူအရာဖြင့် နေထိုင်နေရပြီး ခံစားချက် မကောင်းမွန်ခဲ့ချေ။

သို့သော်ငြားလည်း လီယီက အလုပ်ဆင်းချိန် ရောက်သောအခါ ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ နောက်တစ်ကြိမ် ဖြတ်သွားသည်။

ပြုပြင်နေဆဲ ဆိုသော ဆိုင်းဘုတ်ကို တံခါးဝမှာ ချိတ်ဆွဲထားဆဲ ဖြစ်သည်။ သူက ၎င်းဆိုင်းဘုတ်ကို တစ်ချက်ကြည့်ပြီးနောက် ပုံမှန်အမူအရာဖြင့် လှည့်ထွက်သွားသည်။

နှစ်ရက်ကြာပြီးနောက် ယွမ်ကျိုး၏ စားသောက်ဆိုင် ပြန်ဖွင့်သောအခါ လီယီက မနက်စောစောစီးစီးထဲက စားသောက်ဆိုင်နား ဖြတ်သွားပြန်သည်။

သူက စားသောက်ဆိုင် အတွင်းဘက်ကို တစ်ချက် ကြည့်ပြီး ထွက်သွားသည်။ ပြုပြင်မှု ပြီးဆုံးပြီးနောက် စားသောက်ဆိုင်ကို ပြန်ဖွင့်ခြင်းဖြစ်သည်။

ကုမ္ပဏီသို့ပြန်ရောက်လာသောအခါ လီယီက ပုံမှန်အတိုင်း နှုတ်ဆက်စကားပြောသည်။ ခဏကြာပြီးနောက် လီယီနှင့် နှစ်ပေါင်းများစွာ အလုပ်တွဲလုပ်ခဲ့သော စီနီယာဝန်ထမ်းက လျှို့ဝှက်ဆန်းကြယ်သော အမူအရာဖြင့် စကားပြောသည်။

"ဒီကနေ့ အကိုယီ စိတ်ကြည်နေပုံပဲ"

"ခင်ဗျားကို ထပ်ပြီးတော့ မယုံကြည်တော့ဘူး။ အရင်တစ်ခေါက်တုန်းကလည်း အကိုယီ မပျော်မရွှင်ဖြစ်နေတယ်လို့ပြောလို့ တစ်နေကုန်လုံး စိုးရိမ်နေရတာ"

ကောင်မလေးက မယုံကြည်သော အမူအရာဖြင့် စကားပြောသည်။

"ကောင်မလေး၊ မင်း ဘာမှမသိပါဘူး"

စီနီယာဝန်ထမ်းက လေးနက်သော အမူအရာဟန်ကို ယူပြီး စကားပြန်ပြောသည်။

"ဒါပေမယ့် အကိုယီ ပျော်ရွှင်နေတယ်လို့လဲ မခံစားမိပါဘူး"

သူတို့ ၃ယောက်ထဲမှ အခြားတစ်ယောက်ကို လီယီ၏ ရုံးခန်းသို့ ဆင့်ခေါ်ပြီး ဖိုင်ထဲတွင် အမှားအယွင်းများ ပြုလုပ်ထားသောကြောင့် ပြစ်တင်ခံရသည်။

စီနီယာဝန်ထမ်းက သူ့စကားကို မယုံကြည်သည့်နှစ်ယောက်ကိုကြည့်ပြီး စိတ်ပျက်ဟန် အမူအရာဖြင့် လှည့်ထွက်သွားသည်။

ဝူဟိုင်းက လီယီနှင့် ထပ်မံတွေ့ဆုံသောအခါ ရိုင်းပျစွာပြောဆိုသည်။ သူက နှုတ်ဆက်စကားပင် မပြောပဲ သူ သိချင်သောစကားများကိုသာ တရစပ်မေးမြန်းသည်။

ထိုစဉ် လီယီက ယွမ်ကျိုးစားသောက်ဆိုင်နှင့် မလှမ်းမကမ်းတွင် မတ်တပ်ရပ်နေပြီး စားသောက်ဆိုင်အတွင်းဘက်ကို ကြည့်နေသည်။

"ခင်ဗျား ဘာတွေကြည့်နေတာလဲ။ စားချင်လို့လား"

ဝူဟိုင်းက လီယီအနား လမ်းလျှောက်လာပြီး မေးမြန်းသည်။

"အင်း၊ ကျွန်တော်က ငေးကြည့်ယုံပါ"

လီယီက ပြုံးကာပြန်ပြောသည်။ သူက ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ငေးကြည့်နေသည့်အချက်ကို မငြင်းပယ်ခဲ့ပေ။

"မင်းရဲ့စီးပွားရေးအခြေအနေနဲ့ နေ့တိုင်း ဝယ်မစားနိုင်ရင်တောင် ရံဖန်ရံခါ ဝယ်စားတာက ကိစ္စမရှိလောက်ပါဘူး"

ဝူဟိုင်းက လီယီကို အကဲခတ်ပြီးနောက် ပြန်ပြောသည်။

"ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါက ကြည့်ယုံပဲ ကြည့်ချင်တာ"

သူက ပြုံးနေသော်လည်း သူ့မျက်ဝန်းများက လေးနက်နေသည်။

"ဘာလို့ ကြည့်ယုံပဲ ကြည့်နေရတာလဲ။ အမြင်အာရုံနဲ့ကြည့်တာထက် ဝယ်စားလိုက်တာ ပိုမကောင်းဘူးလား"

လီယီ၏အတွေးကို နားမလည်သော ဝူဟိုင်းက သူ၏ ယူဆချက်ကို ထုတ်ပြောသည်။

လီယီက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

"မလိုအပ်ဘူး၊ တကယ် မလိုအပ်လို့ပါ။ ကျွန်တော်က အပြင်ကနေပဲ ငေးကြည့်ချင်တာပါ"

"ဒါမှမဟုတ်ရင် မင်းရဲ့ဘဏ်ကဒ်ကို မင်းကောင်မလေးကို ပေးလိုက်လို့လား"

ဝူဟိုင်းက ထပ်မံခန့်မှန်းသည်။ ဤတစ်ကြိမ်တွင် လီယီက ဝူဟိုင်းမေးသည့် မေးခွန်းကို ပြန်မဖြေခဲ့ပေ။ ထို့အစားသူက ပြုံးရွှင်သော အမူအရာဖြင့် လှည့်ထွက်သွားခဲ့သည်။

အပိုင်း(၁၇၄)

ပြီးပါပြီ။

All Chapters