← Chapters

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

အခန်း (၁၇၅-၁၇၇)

Vol. 12 Ch. 175-177

ယွမ်ကျိုး အပိုင်း(၁၇၅)

ဝူဟိုင်းက သူနဲ့သက်ဆိုင်သောကိစ္စမဟုတ်၍

အရမ်းစိတ်မဝင်စားသော်လည်း စပ်စုရုံသက်သက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

"ဒုန်း ဒုန်း ဒုန်း ဒုန်း"

အလောတကြီးခြေသံများကို ဆက်တိုက်ကြားနိုင်သည်။ ချန်းဝေက လျင်မြန်သောခြေလှမ်းများနဲ့အတူ သုန်ဇီနှင့်ဝါးပင်တို့ကို ခေါ်ဆောင်ကာ စားသောက်ဆိုင်သို့ ဝင်ရောက်လာသည်။

"၁၀မိနစ်ပဲ ကျန်တော့တယ်"

လက်ကောက်ဝတ်ကို မြှောက်လိုက်ပြီး အချိန်ကို

တစ်ချက်ကြည့်ကာ ချန်းဝေက ပြုံးသည်။

"ငါတို့ အောင်မြင်နိုင်ပါ့မလား"

သုန်ဇီက ချန်းဝေ၏စိတ်ကူး အောင်မြင်နိုင်ပါ့မလား စိုးရိမ်နေဆဲဖြစ်သည်။

"သူဌေးယွမ်ရဲ့စည်းမျဉ်းစည်းကမ်းတွေအရတော့ ပြဿနာမရှိပါဘူး"

ဝါးပင်က ဤကိစ္စနှင့်

ပတ်သက်၍ ပိုယုံကြည်မှုရှိသည်။

"ဒါဆိုလည်း အရင်ဆုံးကြည့်ရအောင်"

ချန်းဝေက ဆုံးဖြတ်ချက်ချပေးလိုက်သည်။

"သူဌေးယွမ် အမဲသားတစ်ပွဲပေးပါ"

ဝါးပင်က အမဲသားဟင်းတစ်ပွဲကို အရင်ဆုံး အော်ဒါတင်သည်။ ထို့နောက် သူက

ခေါင်းကို လှည့်လိုက်ပြီး သုန်ဇီကို ကြည့်သည်။

"ငါတို့ကြိုးစားကြည့်ပြီးရင် ရလဒ်ကို သိရမှာပေါ့"

ထို့နောက် တခြားသူများကလည်း အမဲသားဟင်းကိုအော်ဒါတင်ကြပြီး သူတို့ရှေ့ရောက်လာသော အမဲသားဟင်းပွဲကို ငေးစိုက်ကြည့်ကာ တွေဝေမှိန်းမောနေသည်။

"ဆိုင်ပိတ်ဖို့ ၅မိနစ်ပဲကျန်တော့တယ်။ ချန်းဝေ ဒါကမင်းမှာထားတဲ့

ပိုးသားလွှာယုန်ဟင်းပါ"

ယွမ်ကျိုးက သူတို့၃ယောက်ကို တစ်ချက်ကြည့်

လိုက်ပြီး ဟင်းပွဲကို တည်ခင်းပေးသည်။

"ကျေးဇူးတင်ပါတယ် သူဌေးယွမ်"

ချန်းဝေက ကျေးဇူးတင်စကားပြောသည်။

"ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး"

ယွမ်ကျိုးက ခေါင်းညိတ်သည်။ ချန်းဝေက ဟင်းပွဲကို လက်ခံယူပြီးနောက် သူတို့၃ယောက်က တစ်ယောက်မျက်နှာ တစ်ယောက် ငေးကြည့်ပြီးနောက် အမဲသားဟင်းနှင့် ပိုးသားလွှာယုန်ဟင်းကို ငေးကြည့်

ကြသည်။

"ဆိုင်ဖွင့်ချိန် ပြည့်ပါပြီ။ ဒါကြောင့်မလို့ မနက်ဖြန်ကျမှစောစောလာပေးကြပါ"

ယွမ်ကျိုးက ဆိုင်ပိတ်ကြောင်း ကြေငြာသောအခါ ချန်းဝေ စိတ်သက်သာရာ ရသွားသည်။

"ဟေ့လူ ငါလည်း ယုန်သားဟင်း တစ်ဖက်လောက်စားကြည့်ချင်တယ်။ ဒီအရသာကို အခုချိန်ထိ မစားကြည့်ရသေးဘူး"

ဝါးပင်က ဟင်းပွဲ၏ဆွဲဆောင်မှုကို သည်းမခံနိုင်

၍ ပထမဦးဆုံးပြောဆိုသည်။

"မရဘူး။ ငါတို့ချင်း သဘောတူထားတယ်လေ"

ချန်းဝေ၏‌လေသံက စကားပြောသောအခါ တည်ငြိမ်မှုမရှိတော့ပေ။

"မွှေးရနံ့က တကယ့်ကိုဆွဲဆောင်နေတယ်။ အများကြီးရှိတာပဲ။ တစ်ခုလောက်စားတာ ပြဿနာမရှိလောက်ပါဘူး။ အရက်သောက်တာကိုလည်း မထိခိုက်ပါဘူး"

ဝါးပင်က သင့်တင့်လျောက်ပတ်သော

အကြောင်းပြချက်ပေးကာ ပြန်ပြောသည်။

"ငါလည်း ဒီလိုပဲ ထင်တယ်။ တစ်ခုလောက် မြည်း

ကြည့်ရအောင်။ အေးသွားရင် အရသာ မရှိလောက်တော့ဘူး"

သုန်ဇီက ဝါးပင်၏စကားကိုထောက်ခံသည်။ သူတို့အားလုံးက အမဲသားဟင်းကိုမြည်းစမ်းဖူးသည်။ အမဲသားဟင်းက အရမ်းကို အရသာရှိသော်လည်း တစ်ပွဲတွင်အမဲသားဖတ် ၁၂ဖတ်သာ ပါဝင်သည်။ သူတို့၃ယောက် ဗိုက်ပြည့်တင်းအောင် စားရန် မဖြစ်နိုင်ချေ။ တစ်ဖက်တွင်မူ ယုန်သားဟင်းပွဲက ပန်းကန်လုံးအပြည့်ပါသည်။ ထို့ကြောင့်

၎င်းဟင်းပွဲများ၏မွှေးရနံ့များသည် သူတို့၃ယောက်၏နှာဖျားဆီသို့ ပျံ့လွင့်လာသည်။

"မရဘူး။ အရက်နဲ့တွဲပြီး စားမယ်လို့ ငါတို့အားလုံးသဘောတူထားတယ်။

စီစဉ်ထားတဲ့အတိုင်း နာခံရမယ်"

အမဲသားဟင်းနှင့် ယုန်သားဟင်းကို တစ်ချက်

ကြည့်ပြီး ချန်းဝေက အလျော့မပေးဘဲ ပြန်ပြောသည်။

"ဟေ့ကောင်တွေ မင်းတို့လည်း သူဌေးယွမ်လို

စာအုပ်ကြီးဖြစ်သွားတာလား။ စည်းမျဉ်း ဒီလောက် လိုက်နာနေရလား"

ဝါးပင်က မကျေမနပ်ပြောသည်။

"အဲ့လောက်နီးပါးပဲ။ သူ့လောက်နီးပါး စည်းကမ်းလိုက်နာတတ်နေပြီလေ"

ချန်းဝေက အချိန်ကိုကြည့်ပြီးတော့ သူတို့ကိုနှစ်သိမ့်သည်။တခြား၂ယောက်က

ချန်းဝေ လုံးဝသဘောမတူမှန်း သိသောအခါ သူတို့ရှေ့ရောက်နေသော

ဟင်းပွဲများကို တိတ်တဆိတ်ငေးစိုက်ကြည့်နေသည်။ ယွမ်ကျိုးက အရက်ဆိုင်ဖွင့်ကြောင်းကို

ကြေညာသွား၍ ကံကောင်းသွားသည်။

"အခုကစပြီးတော့ အရက်ဆိုင်ကို ဖွင့်ပါပြီ။

အရက်ကံစမ်းမဲ ပေါက်သွားတဲ့ဘယ်သူမဆို

ဆိုင်ထဲကို ဝင်ရောက်လို့ ရပါပြီ"

၁၀မိနစ်ခန့်ကြာပြီးနောက်

ယွမ်ကျိုးကြေညာခြင်းဖြစ်သည်။

"သူဌေးယွမ်၊ အရက်နဲ့ တွဲစားလို့ရအောင်လို့

ဒီမစားရသေးတဲ့ဟင်းပွဲတွေကို ယူလာလို့ရလား။ အစားအသောက်တွေကို

အလဟဿမဖြစ်ချင်လို့ပါ"

ချန်းဝေက နံရံပေါ်တွင်ရေးထားသော

အစားအသောက်များကို အလဟဿဖြစ်ခွင့်

မရှိ ဟူသောစည်းမျဉ်းကိုညွှန်ပြပြီး ပျော်ရွှင်စွာပြောသည်။

"ရတယ်။ သေချာပေါက် ရတာပေါ့"

မထိရသေးသောဟင်းပွဲများကို ကြည့်ပြီး

ယွမ်ကျိုးက ခေါင်းညိတ်သဘောတူလိုက်သည်။

"တွေ့လား သူဌေးယွမ်သဘောတူမယ်လို့

ငါပြောခဲ့ပြီးသားပဲ။ သူကအချိန်ကို လေးစားလိုက်နာပေမဲ့ အစားအသောက်တွေကို ကုန်အောင်မစားရသေးတဲ့ဖောက်သည်တွေကို

တော့ ဘယ်တော့မှ မောင်းမထုတ်ဘူး"

ချန်းဝေက သူသိသူတတ်အမူအရာဖြင့် ပြောဆိုသည်။

"ခဏနေရင် ဒီဟင်းပွဲတွေကို စားလို့ရတော့မယ်

ဆိုတော့ ကောင်းတာပေါ့"

သုန်ဇီအတွက် အစားစားရရေးသာ အရေးကြီးသည်။ သူ့အမူအရာကို အကဲဖြတ်ကြည့်ရုံဖြင့် ယုန်သားဟင်း၏ ဆွဲဆောင်မှုကို မခံနိုင်တော့မှန်းသိနိုင်သည်။

စာရေးဆရာတစ်ယောက်ကလည်း ဒုတိယအကြိမ်မြောက် အရက်ကံစမ်းမဲ ပေါက်သွားသည်။ သူက ယွမ်ကျိုး၏စားသောက်ဆိုင်မှာ အစားအသောက်များကို ဝယ်စားခြင်းမဟုတ်ဘဲ

ကံစမ်းမဲနှိုက်ရန်သာ နေ့ဘက်အချိန်တွင် လာလေ့ရှိသည်။ အရက်ကံစမ်းမဲပေါက်လျှင် အရက်လာသောက်တတ်သည်။ အရက်ကံစမ်းမဲမပေါက်လျှင် ဆိုင်မှာအစားအသောက်လာမစားပေ။ ထို့ပြင်

သူက အရက်နဲ့တွဲဖက်စားသောက်မည့် ဟင်းပွဲများကိုလည်း ဘယ်သောအခါမှ မယူဆောင်လာပေ။

သူသတ်မှတ်ထားသော သတ်မှတ်ချက်က

ယခုလိုဖြစ်သည်။ 'အရက်ကောင်းကို သီးသန့်သောက်နေတာပဲ ပိုကောင်းတယ်။ တခြားဟာတွေနဲ့ တွဲဖက်ပြီးတော့ သောက်တာ အရသာမရှိဘူး' ဟူသော

စကားကို အမြဲတစေပြောလေ့ရှိသည်။

"သူဌေးယွမ်၊ ခင်ဗျားဆိုင်ရဲ့ ဒီသဘာဝရှုခင်းတွေက တကယ့်ကို လှပပြီးတော့ လက်ရာသေသပ်တယ်။ သဘာဝထက်တောင် ပိုပြီးတော့ ပီပြင်သေးတယ်။ ဒီ့ပြင် ဒီပုဇွန်လေးရဲ့ပန်းရောင်အ‌ရောင်အသွေး

လေးက ကျက်သရေတင့်တယ်လွန်းတယ်"

စာရေးဆရာက တစ်ဖက်ဆိုင်သို့ ဖြတ်သည့်နံရံသို့ ရောက်ရှိသောအခါ ချီးမွမ်းစကားပြောသည်။

"အမှန်ပဲ။ နေ့ဘက်မှာဆို ပိုတောင် လှသေးတယ်။

စားသောက်ဆိုင်အတွင်းဖက်ကနေပြီးတော့

တစ်ဖက်ခြံရဲ့ရှုခင်းကို ကြည့်လို့ရတယ်။ ဒီနံရံ၂ဖက်က ရှုခင်းချင်း ခြားနားတယ်"

အရက်ကံစမ်းမဲ ပေါက်သည့် တခြားတစ်‌ယောက်က ဝူအန်းလုဖြစ်သည်။ သူက

အရက်သောက်ခြင်းကို နှစ်သက်သူဖြစ်သည်။

အရက်သောက်ဖို့ ငွေစုဆောင်းရန်အတွက်

သူက ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ မကြာခဏလာစားခြင်းမရှိတော့ပေ။ ငွေအလုံအလောက်ရှိသည်နှင့် ကံစမ်းမဲနှိုက်ပြီး

အရက်လာသောက်လေ့ရှိသည်။ ခြံဝန်းကို ဖြတ်ပြီးနောက် အရက်ကံစမ်းမဲပေါက်သူများက ယွမ်ကျိုး၏

နောက်သို့လိုက်ကာ ဒုတိယထပ်သို့ တက်သည်။ ဒုတိယထပ်တွင် ဝါးပင်များကို စိုက်ပျိုးထားပြီး

လရောင်အောက်တွင် လှပနေသည်။ ဤမြင်ကွင်းလေးကလည်း တမူထူးခြားမှုရှိသည်။

"ဒီနေရာမှာချ။ ဒီနားမှာ ထားလိုက်"

သုန်ဇီက တခြားကိစ္စများကို အာရုံမစိုက်နိုင်ချေ။ အမဲသားဟင်းတစ်ပွဲကို

သယ်ဆောင်နေစဉ် သူက ချန်းဝေလက်ထဲမှ ယုန်သားဟင်းပွဲကို စားပွဲခုံပေါ်ချရန် ထပ်တလဲလဲ ပြောနေသည်။

အစတုန်းက သုန်ဇီဟာ ယုန်သားဟင်းကို

သယ်ဆောင်ချင်လို‌သောရည်ရွယ်ချက် ရှိသည်။ လုံခြုံရေးအတွက် ချန်းဝေက သူကိုယ်တိုင် ယုန်သားဟင်းကို သယ်ဆောင်ပြီး သုန်ဇီကိုအမဲသားဟင်းတစ်ပွဲ

အား သယ်ဆောင်ခိုင်းသည်။

"ငါ အခုပဲ စားချင်လာပြီ"

"ငါတို့ အခုပဲ စားချင်နေပြီမလား။ နည်းနည်းစားကြည့်"

ချန်းဝေက ယုန်သားဟင်းကို နေရာတကျ ချလိုက်ပြီးတော့ ငြီးတွားပြောဆိုသည်။

"ဒါဆိုရင် ငါအခုစားကြည့်တော့မယ်နော်။

ဘာပဲဖြစ်ဖြစ် ငါက အရင်ဆုံးစားသင့်တယ်"

လျင်မြန်သောနှုန်းဖြင့် သုန်ဇီက နီညိုရောင်သန်းနေသော ယုန်သားအပိုင်းအစကို တူဖြင့် ညှပ်လိုက်ပြီး

သူ့ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။ ယုန်သားဟင်းက လတ်ဆက်နူးညံ့ပြီး အရသာရှိသည်။ ထို့ပြင် အရိုးများက ပါးလွှာပြီး သေးငယ်သည်။ယွမ်ကျိုး၏ အထူးချက်ပြုတ်မှုကြောင့် အရိုးများက ပျော့ပျောင်းပြီး ကြွပ်ဆတ်သော်လည်း သုန်ဇီအတွက်ထူးခြားမှုမရှိပေ။

သူဟာ အနည်းငယ်ဝါးပြီးနောက် မျိုချလိုက်သည်။

"အရမ်းကောင်းတယ်"

သုန်ဇီက ကျယ်လောင်စွာပြောသည်။ သို့သော်ငြားလည်း ဝါးပင်ကပို၍ အနုပညာဆန်သည်။ သူဟာ အကြိမ်ပေါင်းများစွာ အသားကို ဝါးသည်။ ယုန်သားတွေ သူ့ခံတွင်းထဲ

ဖြည်းဖြည်းချင်းအရည်ပျော်ပြီး အံ့အားသင့်ဖွယ်ကောင်းသော မွှေးရနံ့ထွက်ပေါ်လာသည်။

တခြားသူချက်တဲ့ ယုန်သားဟင်းနဲ့ ယွမ်ကျိုးချက်ပြုတ်သော ပိုးသားလွှာယုန်သားဟင်း၏ အဓိကခြားနားချက်က ယုန်ကို ချည်နှောင်ရန်အတွက် စပါးလင်အသုံးပြုခြင်းဖြစ်သည်။ နှစ်ရှည်ခံစပါးလင်ပင်၏ အပြင်ဘက်အရွက်ကို ခွာထုတ်ပြီး အမြစ်ကိုသာ အသုံးပြုသည်။

အမြစ်ကို ပွက်ပွက်ဆူသည့်ရေထဲထည့်ပြီး၊ ရေကြည်လင်ပြီး အမြစ်ပျော့သည်အထိ ပြုတ်သည်။ ထို့နောက်အပိုင်းအစ၃ခုအဖြစ် သေချာဖြတ်တောက်ပြီး ရေထဲမှာထပ်မံအပူပေးသည်။ ထိုမှသာ စပါးလင်ဟာ ပျော့‌ပျောင်းလာသည်။ထို့နောက်

ကြိုးပြုလုပ်ရန်အတွက် အပိုင်းအစ၃ခုကို ချည်နှောင်လိုက်သည်။

ကြိုးဖြစ်အောင် ချိတ်ဆက်ပြီး အအေးခံကာ

ယုန်ကို ချည်နှောင်သည်။စပါးလင်ကား လတ်ဆတ်သောမွှေးရနံ့ကို ဖြစ်ပေါ်စေသည်။

ယုန်သားကို စပါးလင်ဖြင့် ချည်နှောင်လိုက်သောအခါ ယုန်၏အသားထဲသို့ စပါးလင်၏မွှေးရနံ့များ

ဝင်ရောက်သွားသည်။ သို့သော်ငြားလည်း

စပါးလင်၏မွှေးရနံ့နှင့် တခြားသောမွှေးရနံ့အရသာများ ရောစပ်သွားသည်။

"ဒီယုန်သားဟင်းက အပြင်မှာရောင်းတဲ့ ယုန်သားဟင်းတွေနဲ့ ဘာကြောင့် ကွာခြားနေရတာလဲ "

သုန်ဇီက စားနေရင်းနဲ့ အထင်ကြီးလေးစားဟန်ပြောသည်။

"ဒါကြောင့်မို့လဲ ရှေးယခင်ကယုန်သားဟင်းကို

အရသာမျိုးပေါင်း၁၀၀ရှိတဲ့အသားလို့ ပြောခဲ့ကြတာပေါ့။ အခုမှ ငါသဘောပေါက်သွားပြီ"

ဝါးပင်က ပထမဦးဆုံးယုန်သားဟင်း အပိုင်းအစတစ်ခုကို ကောက်ယူလိုက်ပြီးနောက် စကားပြောသည်။

"ဒါက ဘာသဘောလဲ"

သုန်ဇီက စပ်စပ်စုစုမေးမြန်းသည်။

"မင်းဝက်တစ်ကောင်လို မစားရင် သဘောပေါက်သွားလိမ့်မယ်။ မင်းက ဝါးတောင်မဝါးဘဲ မျိုချနေတာလေ"

ဝါးပင်က စိတ်ဆိုးမာန်ဆိုးပြောသည်။ သူ့သူငယ်ချင်းက ဒီယုန်သားဟင်းကို ဝက်စားသလို အငမ်းမရစားနေပြီး စကားလည်းပြောနေသည်။ ယခုလို စားသုံးနေခြင်းဖြင့် ယုန်သားဟင်း၏အမှန်တကယ် အရသာကို သိရှိနိုင်မည်နည်း။ ယုန်သားက နူးညံ့ပြီး ကောင်းမွန်သည့်အပြင်

အစာချက်လွယ်ကူပြီး အလွယ်တကူစုပ်ယူနိုင်စွမ်းရှိသည်။ ထို့ကြောင့် အလွန်အကျွံစားခြင်း နှင့် မဝါးဘဲ မျိုချခြင်းအတွက်

မလိုလားအပ်သော ပြဿနာများကြုံမည် မဟုတ်ချေ။ ကံကောင်းစွာဖြင့် ပိုးသားလွှာယုန်သားဟင်းပွဲသည် အသားဟင်းများစွာပါရှိပြီး ယုန်တစ်ကောင်၏

အသားတစ်ဝက်ခန့်ကို အသုံးပြုထားပုံရသည်။

အပိုင်းအစတစ်ခုချင်းစီသည် အရွယ်အစားတူညီပြီးသေသပ်ကျနစွာ လှီးဖြတ်ထားသည်။ သူတို့အားလုံးက စကားပြောခြင်းကို ရပ်တန့်လိုက်ပြီး ပေါင်းထားသောပူပူနွေးနွေးယုန်သားဟင်းကို

အရသာရှိစွာ မြည်းစမ်းနေသည်။

"တကယ့်ကို ကောင်းမွန်တဲ့အရသာပဲ"

အပိုင်း(၁၇၅)

ပြီးပါပြီ။

၁၇၆ မှ ၁၈၀

ယွမ်ကျိုး အပိုင်း(၁၇၆)

သူတို့၃ယောက်က ပေါင်းထားသော ပူပူ‌နွေးနွေးယုန်သားကိုပျော်ပျော်ရွှင်ရွှင်စားသောက်နေစဉ် စာရေးဆရာဟူသောလူတစ်ယောက်က ရုတ်တရက် စကားထပြောသည်။

"သူဌေးယွမ်က မင်းတို့၃ယောက်ကို ကောင်းကောင်းဆက်ဆံတာပဲ"

ထိုစဉ် စာရေးဆရာက အရက်ကို အပြည့်မျိုချပြီးပြန်ပြောသည်။

"ဘာလို့ ဒီလိုစကားပြောရတာလဲ"

ဝူအန်းလုက စပ်စပ်စုစုမေးမြန်းသည်။

သူတို့၃ယောက်က စာရေးဆရာကို ဒွိဟဖြစ်သောခံစားချက်များဖြင့် ငေးစိုက်ကြည့်ကာ ပလုတ်ပလောင်း စားနေသည်။ စာရေးဆရာက စကားသိပ်ပြောလေ့မရှိသော်လည်း ရံဖန်ရံခါစကားပြောတိုင်း ထူးဆန်းသောအကြောင်းအရာများကိုသာ

ပြောလေ့ရှိသည်။ သို့သော်ငြားလည်း ဤသည်ကား သာမန်ထက်လွန်ကဲသော ခံစားချက်ကိုဖြစ်ပေါ်စေသည်။

"မင်းတို့ရဲ့ဒီဟင်းပွဲကို ဒီမလာခင်ထဲက ပြင်ဆင်ပြီးတော့မှ ဒီကို ယူလာတာမလား"

စာရေးဆရာက သူတို့၃ယောက်၏အပြုအမူကို လေ့လာရင်း ပြန်ပြောသည်။သူတို့၃ယောက် ခေါင်းညိတ်သည်ကို မြင်သောအခါ စာရေးဆရာက ဆက်လက်ပြော

သည်။

"ဒီကိုမလာခင်တုန်းက မင်းတို့စားတဲ့ဒီဟင်းပွဲကို

တခြားသူတွေ မှာစားတာမြင်ဖူးတယ်။ ပန်းကန်ပြားနဲ့ထည့်ပေးတာ။ ယုန်သားဟင်းကနာရီဝက်ကျော်တာနဲ့ အသားက အေးစက်သွားတာ"

စာရေးဆရာက တည်ငြိမ်သောလေသံဖြင့်

ပြောဆိုနေစဉ် ယွမ်ကျိုးကကောင်တာ အတွင်းဖက်မှာ ထိုင်နေသည်။

"အရင်တစ်ခေါက်တုန်းက ငါကံစမ်းမဲပေါက်တုန်းက ယုန်သားဟင်းမှာတဲ့ဖောက်သည်တစ်ယောက်နဲ့

ထိပ်တိုက်တွေ့တယ်။ သူ့ကိုကျတော့ ပန်းကန်ပြား

အကြီးကြီးနဲ့ပေးတာ။ ဟင်းပွဲပြင်ဆင်ပုံက အရမ်းကိုလှပတယ်"

စာရေးဆရာက လှပသောယုန်သားဟင်း ပန်းကန်ပြားကြီးကို ရုတ်တရက် ပြန်လည်

မြင်ယောင်မိသည်။

"ပန်းကန်ပြားနဲ့ ပန်းကန်လုံး ဘာများ ခြားနားမှုရှိလို့လဲ" သုန်ဇီက ယုန်သားဟင်းကိုမျိုချရင်း

ပြန်မေးသည်။

"ဒါပေါ့ ခြားနားတာပေါ့။ မင်းတို့ရဲ့ပန်းကန်လုံးက

ကိုယ်ထည်ကြီးပြီးတော့ အပေါက်သေးတယ်။

ဒါကြောင့်မလို့ အပူတွေကအလွယ်တကူ မဆုံးရှုံးသွားဘူး။ ဟင်းပွဲက အချိန်အတော်ကြာ

တာတောင် ပူနေသေးတယ်လေ။ ဒါမှလည်း မင်းတို့အခုချိန်မှာ ပူပူနွေးနွေးလေး စားလို့ရမှာပေါ့ "

စာရေးဆရာက အကြောင်းအရင်းကို ချက်ချင်း

ပြောသည်။ ခဏကြာပြီးနောက် ဒုတိယထပ်တစ်ခုလုံးတိတ်ဆိတ်မှုများ ပျောက်ဆုံးသွားသည်။ ချန်းဝေက ယွမ်ကျိုး၏

စည်းမျဉ်းစည်းကမ်းကိုလိုက်နာပြီး ဟင်းပွဲကို

အော်ဒါတင်ခဲ့ခြင်းသာဖြစ်သည်။

"သူဌေးယွမ်၊

ခင်ဗျားက တကယ့်ကိုလူကောင်းပဲ"

ချန်းဝေက ရိုးသားပွင့်လင်းသောလူဖြစ်သည်။

"ကျေးဇူးတင်ပါတယ်။

အခုလို အားပေးတဲ့အတွက်ကျေးဇူးပါပဲ"

ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်ဝန်ခံလိုက်သည်။

ထိုစကားများ ထွက်ပေါ်လာသောအခါ လူအုပ်စုကြီးချက်ချင်းနှုတ်ဆိတ်သွားသည်။

"လာကြ ဆက်သောက်ကြမယ်"

ဝူအန်းလုက တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွင်းလိုက်ပြီး ဝိုင်အရက်ကို ယူကာ

စကားပြောသည်။ ယွမ်ကျိုးက သူတို့အဖွဲ့ကို

နှုတ်ဆိတ်အောင် လုပ်မိမှန်းမသိဘဲ ဂိမ်းကစားခြင်းကိုသာ ဆက်လက်လုပ်‌ဆောင်နေသည်။

နောက်တစ်နေ့မနက်ခင်းတွင် 'သူဌေးယွမ်ကိုကယ်ဆယ်ခြင်းစင်တာ' ဟူ‌သော Wechatဂရုကို 'အစားအသောက် ထောက်ပံ့ရေး'ဂရုအဖြစ်သို့

ပြောင်းလဲသွားသည်။ ဂရုတစ်ခုလုံး အပြန်အလှန်ဆွေးနွေးမှုများဖြင့် ပြည့်နှက်နေသည်။

[နာမည်ကြီးသတင်းပဲ။ သူဌေးယွမ်ကို ဝန်ဆောင်မှုwebsiteတွေ အားလုံးက

စက်‌ဆုပ်ရွံရှာသွားတယ်လို့ကြားတယ်]

ဤသတင်းကို သယ်ဆောင်လာသူက ကွန်ပြူတာပရိုဂရမ်ရေးဆွဲသူ ဝူကျိုးဖြစ်သည်။ မနက်အစောပိုင်းထဲက ဝူကျိုးက Wechatထဲသို့ တိတ်တဆိတ် ဝင်ရောက်လိုက်ပြီး သူသိသောအကြောင်းအရာကို လူတိုင်းအား မျှဝေသည်။

[အမ် ဘယ်လိုဖြစ်ရတာလဲ။ ဘာကိစ္စကြောင့်လဲ]

ပထမဦးဆုံးစာပြန်သူက လူချမ်းသာလင်းဟုန်

ဖြစ်သည်။ သူက အလုပ်ကိစ္စဖြင့် ခရီးထွက်နေရ၍ ယွမ်ကျိုး၏စားသောက်ဆိုင်

ကို မရောက်သည်မှာ ကြာပြီဖြစ်သည်။

[လူချမ်းသားလင်း၊ သူဌေးယွမ်က ဝန်ဆောင်မှုwebsiteတွေနဲ့ လက်တွဲချင်တယ်လို့ စာကပ်လိုက်ကတည်းက သူ့ရဲ့ဆိုင်ရှေ့တံခါးပေါက်ကိုရောက်လာတဲ့ ဝန်ဆောင်မှုwebsiteတွေ အများကြီးပဲ။

ဒါပေမဲ့ သူဌေးယွမ်က သူတို့အားလုံးနဲ့ ပူးပေါင်းဖို့ ငြင်းဆန်လိုက်တယ်။ ဒါကြောင့်မလို့ပါ]

ဝူကျိုးက လင်းဟုန်ကို ယခုလို ပွင့်ပွင့်လင်းလင်း

ပုံစံဖြင့်သာ ခေါ်လေ့ရှိသည်။

[ဟား ဟား ဟား ဟား...

ဒီလိုဖြစ်မယ်ဆိုတာသိပြီးသား။ သူက ဒီလိုပဲအပြစ်တင်ခံရမှာလေ]

ဝူဟိုင်း၏စာတိုကို မြင်မြင်ချင်း အိပ်ရာနိုးသွားသကဲ့သို့ ပျော်ရွှင်သော ခံစားချက်ဖြစ်လာသည်။

[သူဌေးယွမ်က ဝန်ဆောင်မှုwebsiteတွေကို ရှာဖွေနေရတဲ့အကြောင်းအရင်းကို ဘာလို့ထင်လဲ]

ဝမ်မန်က ပြဿနာ၏အဓိကအချက်ကိုသာ ဂရုစိုက်သည်။

[ဝန်ဆောင်မှုwebsiteတွေနဲ့ အလုပ်တွဲလုပ်ချင်

လို့လည်း ဖြစ်ချင်ဖြစ်မှာပေါ့။ ဒါပေမဲ့ သင့်လျော်

တဲ့ဝန်ဆောင်မှုဌာနကို မတွေ့‌သေးလို့ ငြင်းလိုက်တာလည်း မဖြစ်နိုင်ဘူးလား]

ဝူကျိုးက ယွမ်ကျိုး၏အကျင့်စာရိတ္တကို ယုံကြည်ပြီး ရည်ရွယ်ချက်ရှိ၍သာ ယခုလိုလုပ်ဆောင်သည်ဟု လက်ခံထားသည်။

[ငါတော့ ဒီလိုမထင်ဘူးအချိန်အခါအလျောက်

ရူးမိုက်တယ်လို့ပဲ ယုံကြည်မိတယ်]

ဝူဟိုင်းက ပြတ်ပြတ်သားသားပြောသည်။

[စီးပွားရေးလုပ်ရတဲ့ အ ကြောင်းအရင်းကိုတော့

စဉ်းစားနိုင်တယ်။ ပြဿနာကသူ့ရဲ့ဟင်းပွဲတွေပဲ။

သူ့ရဲ့ဟင်းပွဲတွေက နည်းလည်းမနည်းဘူး၊

များလည်းမများဘူး။ ဒီပြဿနာက ဖြေရှင်းရခက်တယ်]

လင်းဟုန်က ပြဿနာ၏ အဓိကအချက်နှင့်

လက်တွေ့ကြုံနေရသောအချက်အလက်ကိုသာ

ရည်ညွှန်း၍ တွေးတောသည်။

[လူချမ်းသာလင်း၊ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်လို့လား]

ဝူကျိုးက စပ်စပ်စုစုမေးမြန်းသည်။

[ရင်းနှီးမြှုပ်နှံမှု မလုပ်ချင်ပါဘူး။ သူဌေးယွမ်ကို

အဓိကအချက်တွေ စဉ်းစားဖို့ ကူညီပေးချင်ရုံပဲ]

လင်းဟုန်က ဝူကျိုး၏မေးမြန်းမှုကိုချက်ချင်း ပြန်ဖြေသည်။

[ဒီသတင်းကို သူဌေးယွမ်ကိုပြောပြသင့်တယ်လို့ ခံစားမိတယ်။ ဘာပဲဖြစ်ဖြစ် ဒီအကြောင်းအရာက သူနဲ့ပတ်သက်တဲ့ကိစ္စပဲလေ]

ဖုန်း၏တစ်ခြားတစ်ဖက်တွင်ရှိနေသောဝမ်မန်က စဉ်းလဲသောအပြုံးလေးကိုဖော်ပြသည်။

[အမှန်ပဲ။ ဒီလိုသတင်းကောင်းမျိုးနဲ့ ပတ်သက်ပြီးတော့ သူ့မှာလည်း အကြောင်းပြချက်ရှိလောက်တယ်]

ဝူဟိုင်းက ဤစိတ်ကူးကိုပထမဦးဆုံးထောက်ခံသည်။

[ဒါဆိုရင် သူ့ကိုအသိပေးတဲ့အလုပ်ကို အနီးနားမှာနေတဲ့မုတ်ဆိတ်လေးကိုပဲပေးရတော့မယ်။ မုတ်ဆိတ်လေး လုပ်ပေးနိုင်လား]

ဝမ်မန်က နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်လိုက်သည်။

လင်းဟုန်က ဖုန်းကို ထပ်မကြည့်တော့ပဲ သူ့အလုပ်ကိုပဲအာရုံစိုက်နေလိုက်တော့သည်။

ဝူကျိုးကလည်း နှုတ်ဆိတ်နေသည်။ ယခုလိုမှတ်ချက်ကို ကြားသိပြီးနောက် ယွမ်ကျိုးမည်သို့တုံ့ပြန်မလဲ သူတို့အားလုံးသိချင်နေကြ၍ သဘောတူလက်ခံလိုက်ကြသည်။ ဝူဟိုင်းက သူ့အိပ်ရာပေါ်မှ ထလိုက်သည်။ သူ့ကိုယ်သူ သန့်ရှင်းရေးအမြန်အဆန် လုပ်ဆောင်ပြီးစားသောက်ဆိုင်သို့ ထွက်လာခဲ့သည်။ ထို့နောက် ယွမ်ကျိုး၏စားသောက်ဆိုင်

ဝင်ပေါက်တွင် တန်းစီစောင့်နေသောလူတစ်ချို့

ရှိနေသည်။ ကံကောင်းထောက်မစွာဖြင့်

မနက်စာဆိုင်ဖွင့်ချိန်သည် လျင်မြန်စွာ ကုန်ဆုံးသွားသည်။

လွန်ခဲ့သောရက်ပိုင်းခန့်က ယွမ်ကျိုးက ကြက်ဥပေါင်းကိတ်ကိုသာ အမြဲတမ်းရောင်းချခဲ့သည်။ အရသာက ထူးခြားကောင်းမွန်သည့် အတွက် ရှောင်လုံပေါင်းဖက်ထုပ်နှစ်သက်သည့်

ဝူဟိုင်းနှင့် အဘိုးအိုမှလွဲ၍ ကျန်သူအားလုံးက

ဤဟင်းလျာကို နှစ်ခြိုက်ကြသည်။ ဝူဟိုင်း၏အလှည့်ကျရောက်လာသောအခါ

ဝူဟိုင်းက သူစုဆောင်းထားသော သက်သေများကိုထုတ်သည်။

"သူဌေးယွမ် ခင်ဗျားနဲ့ပတ်သက်တဲ့ ကိစ္စတစ်ခုကိုပြောချင်တယ်။ ခင်ဗျားသိချင်လား"

ဝူဟိုင်း၏မျက်နှာက ကောက်ကျစ်စဉ်းလဲသောအပြုံးများဖြင့် ပြည့်နှက်နေသည်။

"မသိချင်ဘူး"

ယွမ်ကျိုးက ဝူဟိုင်း၏ အမူအရာကို မြင်မြင်ချင်း ဝူဟိုင်းတွင် ကောင်းမွန်သောရည်ရွယ်ချက် မရှိမှန်းသိလိုက်သည်။

"သူဌေးယွမ်၊ ခင်ဗျား ဒီလိုပဲစည်းမျဉ်းစည်းကမ်း

တွေကို အမြဲလိုက်နာနေတာ မကောင်းဘူးနော်။

ခင်ဗျားအတွက် မသင့်လျော်ဘူး"

ဝူဟိုင်းက လေးနက်စွာပြောသည်။

"ဒီမှာ ခင်ဗျားမှာထားတဲ့ ကြက်ဥပေါင်းကိတ်။

နောက်တစ်ယောက်လာမယ်"

ယွမ်ကျိုးက ဝူဟိုင်းလက်ထဲသရေစာမုန့်ကို

ထည့်ပေးလိုက်ပြီး နောက်ထပ်ဖောက်သည်တစ်ယောက်ကို ချက်ချင်းစကားပြန်ပြောသည်။

"ငါ ပြောတာနားထောင်ပါဦး။ ခင်ဗျားနဲ့ပူးပေါင်းဖို့ဝန်ဆောင်မှုwebsiteတွေ ထပ်မလာတော့ဘူးမလား။ ဟုတ်တယ်မလား"

ဝူဟိုင်းက တခြားသောဖောက်သည်အတွက် နေရာဖယ်ပေးပြီး ဘေးဘက်သို့လမ်းလျှောက်သွားကာ ထိုင်ခုံမှာ နေရာယူလိုက်သည်။

"အွန်း သိတယ်လေ။ ဘာဖြစ်လို့လဲ"

ယွမ်ကျိုးက သူမေးတဲ့မေးခွန်းကို ပြန်ဖြေလိုက်သည်။

"အကြောင်းအရင်းကို ခင်ဗျား မသိချင်ဘူးလား"

ဝူဟိုင်းက ယွမ်ကျိုး ယခုလိုတုံ့ပြန်လိမ့်မည်ဟု

မယုံကြည်ပေ။ ယွမ်ကျိုးက အကြောင်းအရင်းကို

ကောင်းစွာသိနေသည်။ ဤပြဿနာကို ဖန်တီးသူ

ဖြစ်သည့်အတွက် မသိစရာအကြောင်းမရှိပေ။

ဝန်ဆောင်မှုwebsite၁၀ခု ဆက်တိုက်ကို ငြင်းပယ်ခဲ့၍ မည်သူက သူနှင့် ပူးပေါင်းရန် ရောက်လာမည်နည်း။ဤအပြုအမူကား ပုံမှန်ဖြစ်သည်။

"မဟုတ်ဘူး။ ခင်ဗျားပြောတဲ့ကိစ္စကို ကျွန်တော် လုံးဝစိတ်မဝင်စားဘူး"

သို့သော်ငြားလည်း ယွမ်ကျိုးက ဝူဟိုင်းမေးတာကို ပြန်ဖြေနေသေးသည်။

"ဟူး ခင်ဗျားကို ပွင့်ပွင့်လင်းလင်းပဲ ပြောတော့မယ် သူဌေးယွမ်။ ခင်ဗျားစားသောက်ဆိုင်ကို ဝန်ဆောင်မှုwebsiteတွေ အားလုံးက အရူးမိုက်ဆုံးဆိုင်လို့ သတ်မှတ်လိုက်ကြတယ်"

ဝူဟိုင်းက စကားပြောနေရင်း ရယ်ချင်စိတ်ကို မထိန်းနိုင်ပေ။ ယွမ်ကျိုးက ဤတစ်ကြိမ်‌တွင် သူမေးသောမေးခွန်းကို ချက်ချင်း ပြန်မဖြေခဲ့ပေ။ ဝူဟိုင်းက ယွမ်ကျိုးမကြားလိုက်သည်ဟု

ယူဆပြီး နောက်တစ်ကြိမ်ထပ်ပြောရန် ပြင်ဆင်သည်။ ဝူဟိုင်း ပြင်ဆင်နေသောအချိန်တွင် ယွမ်ကျိုးက စကားပြန်ပြောသည်။

"ဒီကိစ္စကို ငါသိထားပြီးသား"

"သူဌေးယွမ်၊ ခင်ဗျား တည်ငြိမ်လှချည်လား"

ယွမ်ကျိုးက ပြဿနာ၏အရင်းအမြစ်ဖြစ်နေသည်ဟု ဝူဟိုင်းခံစားမိသည်။ ဝန်ဆောင်မှုwebsiteက ဝန်ထမ်းများနဲ့ ဝူဟိုင်းက ပုံမှန်ဖြစ်ပြီး၊ ယွမ်ကျိုးက နည်းနည်းကြောင်တောင်တောင်နိုင်သည်ဟု ဝူဟိုင်းခံစားမိသည်။

တစ်နေ့တာလုံး 'အစားအသောက်ထောက်ပံ့ရေးဂရု'မှ အဖွဲ့ဝင်ဖြစ်နေသည့် စားသုံးသူဖောက်သည်များသည် ဝန်ဆောင်မှုwebsiteနဲ့ ပတ်သက်သော

အကြောင်းအရာများကိုသာ ယွမ်ကျိုးကို မေးမြန်းသည်။ဝန်ဆောင်မှုဌာနက

ပေးထားသော သတ်မှတ်ချက်ကို ယွမ်ကျိုး မည်သို့ သဘောထားလဲသိချင်၍

တစ်နေ့တာလုံးမေးမြန်းနေခြင်းဖြစ်သည်။

ယွမ်ကျိုး၏အဖြေကအမြဲတမ်း တသမတ်တည်း

ဖြစ်သည်။ သူက ဤကိစ္စကို

သိထားပြီးသားဖြစ်ကြောင်းကိုသာပြောပြီး

လှောင်ရယ်ခံရသော အခြေနေမှ လွတ်မြောက်

သွားသည်။ ညဘက်ဆိုင်ဖွင့်ချိန် အဆုံးမသတ်ခင် နာရီဝက်ခန့်အလိုတွင် မျက်နှာပေါ်တွင် ဒဏ်ရာတစ်ချို့ရှိသော

အမျိုးသားတစ်ယောက်သည် စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။

"သူဌေးယွမ် ကြက်ဥထမင်းကြော်တစ်ပွဲပေးပါ"

၎င်းအမျိုးသား၏ဒဏ်ရာက စကားပြောလျှင်

နာကျင်ပုံရသည်။အကျိုးဆက်အနေဖြင့် မျက်နှာကို ပွတ်သပ်လိုက်ပြီး ထိုင်ခုံမှာ တိတ်တဆိတ်ထိုင်လိုက်သည်။

"အိုကေ၊ ခဏစောင့်ပေးပါ"

သူ့မျက်နှာပေါ်က ဒဏ်ရာကိုစပ်စုသော ခံစားချက်မပြသပဲ ယွမ်ကျိုးက ခပ်တန်းတန်း

ပြန်ဖြေသည်။၂မိနစ်ခွဲခန့်ကြာပြီးနောက်

ယွမ်ကျိုးက သူ့ထံသို့ ဟင်းပွဲသယ်ဆောင်လာသည်။

"ခင်ဗျား မှာထားတဲ့ ကြက်ဥထမင်းကြော်ပါ။

ကျေးဇူးတင်ပါတယ်"

၎င်းအမျိုးသားက လက်ကိုဆန့်တန်းလိုက်ပြီး

ကြက်ဥထမင်းကြော်ပွဲကို လက်ခံလိုက်သောအခါ

သူ့လက်ပေါ်မှ ဒဏ်ရာများပို၍ ပေါ်လွင်လာသည်။ထမင်းကြော်နှစ်ဇွန်းကို ပလုတ်ပလောင်းစားပြီးနောက် သူက သူ့အရှေ့မှာမတ်တပ်ရပ်နေသေးသည့်

ယွမ်ကျိုးကို စကားပြောသည်။

"ငါရှုံးသွားတယ်"

"အွန်း ငါသိတယ်"

ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး တခြား‌သောဖောက်သည်များ မှာယူထားသော ဟင်းပွဲများကို ပြင်ဆင်ရန် မီးဖိုချောင်သို့ ပြန်သွားသည်။ ဤဖောက်သည်သည် ဆိုင်သို့ မကြာခဏလာလေ့ရှိပြီး ဆိုင်သို့လာရောက်တိုင်း သူ့မျက်နှာပေါ်မှာ ဒဏ်ရာများ ပြည့်နေတတ်သည်။

ထို့ပြင် သူက ရှုံးနိမ့်သည်ဟူသောစကားနှင့်

ငါအောင်မြင်သည်ဟူသောစကားကို

အမြဲတမ်းပြောလေ့ရှိသည်။

ထိုမှလွဲ၍ သူတို့၂ဦးသည် တစ်ခြားသောအကြောင်းအရာများကို ပြောလေ့မရှိပေ။ ၁၀မိနစ်ခန့်ကြာပြီးနောက် ၎င်းအမျိုးသားသည် သူမှာယူထားသောဟင်းပွဲ

များကို အပြီးသတ်စားပြီးနောက် ထွက်ခွာသွားသည်။တခြားသောဖောက်သည်များက ဤမြင်ကွင်းကို စိတ်ဝင်စားသော်လည်း သူဌေးယွမ်၏အမူအရာပြောင်းလဲခြင်းကိုသာ

ပို၍ စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

အပိုင်း(၁၇၆)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၇၇)

အဆင့်မြှင့်တင်ခြင်းမစ်ရှင်ပြီးဆုံးသွားကတည်းက စနစ်က မည်သည့်မစ်ရှင်ကိုမှ မထုတ်ပြန်ခဲ့ပေ။

ယွမ်ကျိုး၏ဘဝက လွတ်လပ်မှုများဖြင့် ပျော်ရွှင်ဖွယ်ကောင်းနေသည်။ အသစ်ရောင်းချသော ဟင်းပွဲများကို ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်လာပြီး ဟင်းပွဲအသစ်များကိုလည်း အမြန်ဆန်ဆုံး ရောင်းချနိုင်သည်။

ဟင်းပွဲအသစ်ရောင်းချသည်နှင့် ချက်ချင်းရောင်းကုန်သွားသည့် အခြေအနေသို့ ရောက်ရှိသွားပါပြီ။

ယွမ်ကျိုးက နေ့စဉ်နေ့တိုင်း ဆိုင်ကိုဖွင့်ပြီး အားလပ်ချိန်ရောက်လျှင် အင်တာနက် ဂိမ်းဆော့ခြင်း၊ သူ့လက်ချောင်းများ သန်မာအောင် လေ့ကျင့်ခန်းလုပ်ခြင်း၊ ပုံဖော်ထုဆစ်သည့် ကျွမ်းကျင်မှုကို လေ့ကျင့်ခြင်းဖြင့် ယွမ်ကျိုး၏ဘဝက အတော်ကလေး ပျော်ရွှင်ဖွယ်ကောင်းနေသည်။

သူအပျော်အရွှင်ဆုံးသော အခိုက်အတန့်က ညရောက်တိုင်း အမြတ်ငွေကို တွက်ချက်ခြင်းဖြစ်သည်။

အခွန်ခကို ပေးဆောင်ရန်အတွက် ယွမ်ကျိုးကို စနစ်က အနီရောင်စာအိတ်လေး ပေး၍ နှစ်သိမ့်သည့်အတွက် ဤပြဿနာရပ်ကို လျစ်လျှူရှုထားနိုင်သည်။

ရောင်းအားတိုးလာသည့်အတွက် ပေးဆောင်ရမည့် အခွန်အခပမာဏကလည်း များသထက် များပြားလာသည်။

"ဒီကနေ့ အမြတ်ငွေက တော်တော်များလာတယ်"

ဘဏ်အကောင့်ထဲမှ ကိန်းဂဏန်း အရေအတွက်ကိုကြည့်ပြီး ယွမ်ကျိုးက ပျော်ရွှင်စွာပြောသည်။

"ငါအိမ်တစ်လုံးဝယ်သင့်တယ်"

တခြားသောသူများကဲ့သို့ သူလည်း ငွေအလုံအလောက်ရှိလာသည့်အခါ အိမ်ဝယ်ချင်သောဆန္ဒဖြစ်မိသည်။

အိမ်ခြံမြေအရောင်းအဝယ်ကုမ္ပဏီများသည် အခြားသူများထက် ငွေအမြောက်အများ ရရှိသည်။

အနီးအနားရှိ ဆိုင်နှစ်ဆိုင်နှင့် လက်ရှိစားသောက်ဆိုင်ကို ပိုင်ဆိုင်ထားသော်လည်း သူငွေကြေးအမြောက်အမြား ပိုင်ဆိုင်ကြောင်းကို အခြားသူများအား ကြွားဝါသည့်အနေဖြင့် ဗီလာတစ်ခု ဝယ်ချင်သည်။

ယွမ်ကျိုးက ဤကိစ္စရပ်ကို အလေးအနက်စဉ်းစားရန် လိုအပ်သည်ဟု ညွှန်ပြသည်။

"အိမ်တစ်လုံး ဝယ်ပြီးရင် မိန်းမယူပြီး ကလေးမွေးမယ်။ ကလေးဘယ်နှစ်ယောက်ယူရင် ကောင်းမလဲ။ ယောကျ်ားလေးမွေးရင် ကောင်းမလား၊ မိန်းကလေးမွေးရင် ကောင်းမလား"

"ငါ ကလေးရှိသွားရင် အဓိက ပြဿနာက ကျောင်းပို့ရမယ့် ပြဿနာပဲ။ ဒါဆိုရင် ကျောင်းနားမှာ အိမ်တစ်လုံးထပ်ဝယ်ဖို့ လိုအပ်တယ်"

ယွမ်ကျိုးက တည်ငြိမ်သော အမူအရာဖြင့် လေးနက်သော ပြဿနာကို တွေးတောနေသည်။

ကံကောင်းထောက်မစွာဖြင့် စနစ်က ယခုအခြေအနေနှင့် ပတ်သက်ပြီး အချက်အလက် ထုတ်ပြန်မှု မရှိပေ။

သို့တည်းမဟုတ်လျှင် ယွမ်ကျိုးကို မိန်းမယူမည့်အစား ကောင်မလေးအရင်ထားသင့်သည်ဟု အသိပေးလိမ့်မည်။

ဝူဟိုင်းသာရှိလျှင် ယခုလိုစကားမျိုးကို ပြောလိမ့်မည်။

"တစ်ကိုယ်တည်း လူပျိုကြီးအနေနဲ့ ဟင်းပွဲလက်ရာကောင်းတွေကို ချက်ဖို့ပဲ စဉ်းစားသင့်တယ်"

ဟူသောစကားဖြစ်သည်။

ငွေကို ရယူပြီးနောက် ယွမ်ကျိုးက အတွေးထဲ နစ်မွန်းနေသည်။ အချိန်အတော်ကြာပြီးနောက် အသိစိတ် ပြန်ဝင်လာသည်။

ထိုစဉ် စနစ်က စကားလုံးတစ်ချို့ကို ဖော်ပြသည်။ ထိုစကားလုံးများက ယွမ်ကျိုး၏စိတ်ကူးကို လှောင်ရယ်ခြင်းမဟုတ်ပဲ မစ်ရှင် ဖြစ်သည်။

စနစ်က ဖော်ပြသည်။

"ငါတို့နိုင်ငံမှာလည်း နိုင်ငံကိုယ်စားပြုပန်းတွေရှိတယ်။ မြို့တော်မှာလည်း မြို့တော်ကိုယ်စားပြုပန်းတွေရှိတယ်။ ဆိုင်တွေမှာလည်း ဆိုင်ကိုယ်စားပြုပန်းတွေရှိတယ်။

ဒါကြောင့်မို့လို့ ဆိုင်ရှင်အနေနဲ့ ဆိုင်ရှင်ရဲ့စားသောက်ဆိုင်ကို ကိုယ်စားပြုတဲ့ ပန်းပွင့်တွေကို ရွေးချယ်ပေးပါ"

စနစ်က ရွေးချယ်၍ အဆင်ပြေသောပန်းများကို တစ်ပြိုင်နက်တည်း ဖော်ပြသည်။

"ကဗျာတွေထဲမှာ ဖော်ပြထားတာတော့ ဒီကြာပန်းက ရွှံ့နွံတောထဲမှာ စိုက်ပျိုးရင်တောင် ညစ်ညမ်းသွားခြင်း မရှိဘူး။ ရေဆေးလိုက်တာနဲ့ သန့်စင်သွားတယ်။

ဒါက ငါနဲ့တူတယ်လို့ ခံစားမိတယ်။ ဒီကြာပန်းက ငါ့ရဲ့ကိုယ်ရည်ကိုယ်သွေးနဲ့ အကျင့်စရိုက်တွေကို ကိုယ်စားပြုတယ်လို့ ခံစားမိတဲ့အတွက်ကြောင့် ကြာပန်းကို ရွေးချယ်မယ်"

ယွမ်ကျိုးက ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။

ယခုလိုအခြေအနေမျိုးတွင် စနစ်က သူ့ကို လှောင်ပြောင်ခြင်း မရှိသကဲ့သို့ ယွမ်ကျိုး၏ ဘေးနားတွင် တခြားသောဖောက်သည်များ မရှိသောကြောင့် ယွမ်ကျိုးက ယခုလိုစကားမျိုးကို ပြောရဲဆိုရဲခြင်းဖြစ်သည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင်အနေနဲ့ အရံမစ်ရှင်ကို ပြီးမြောက်အောင် ဆောင်ရွက်ပေးပါ"

[အရံမစ်ရှင် - ကြာပန်းတွေနဲ့ ဆက်စပ်ပြီးတော့ မတူညီတဲ့အလှဆင်မှု ဆယ်မျိုးနဲ့ စားသောက်ဆိုင်ကို အလှဆင်ပေးပါ]

[မစ်ရှင်အညွှန်း - ကျွမ်းကျင်စားဖိုမှုးတစ်ယောက်အနေနဲ့ ကြာပန်းလေးတွေကို အသုံးပြုပြီးတော့ ဆိုင်ကို အလှဆင်ပေးသင့်တယ်။

ကဲ .. အခုပဲ ကြာပန်းလေးတွေ ပေါပေါများများ သွားဝယ်လိုက်တော့ လူငယ်လေး]

[မစ်ရှင်ဆုလာဘ် - ကြာမြစ်ကစီဓာတ်]

[ဆုလာဘ်အညွှန်း - ကြာမြစ်ကစီဓာတ်ကို စားသောက်ခြင်းက Celebrityတွေနဲ့ လူထုတွေကြားမှာ နာမည်ကြီးတယ်]

"ယုံကြည်လို့ရတဲ့ အညွှန်းလေးတွေ ပေးလို့မရဘူးလား"

အညွှန်းပါ အကြောင်းအရာတွေကို ကြည့်ပြီးနောက် ယွမ်ကျိုးက အမြဲတမ်း ငြီးတွားပြောဆိုနေရသည်။

ကံကောင်းထောက်မစွာဖြင့် ဤအညွှန်းက မစ်ရှင်အတွက် ယွမ်ကျိုး၏ အကဲဖြတ်နိုင်စွမ်းကို သက်ရောက်မှု မရှိခဲ့ပေ။

စားသောက်ဆိုင်မှာ မနက်စာအတွက် အစားအသောက်ရောင်းချတဲ့ ဘောင်မှာ တစ်ခုခုလိုနေတယ်။ အထူးသဖြင့် စွပ်ပြုတ်ဟင်းပွဲမျိုး လိုအပ်နေသည်။

သူက ဖုန်းကို ထုတ်လိုက်ပြီး အချိန်ကို တစ်ချက် ကြည့်သည်။ အတော်အတန် နောက်ကျနေသောကြောင့် ဖုန်းမခေါ်တော့ဘဲ ဈေးဝယ် websiteမှတဆင့် သတင်းအချက်အလက်များကို ရှာဖွေသည်။

အချိန်အလုံအလောက်ရှိသည့်အပြင် ယွမ်ကျိုး၏ ကြိုးစားပမ်းစား ရှာဖွေမှုကြောင့် အလှဆင်ခြင်းနှင့်ပတ်သက်သည့် တချို့ website များကို ရှာတွေ့သွားသည်။

"တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ website ပဲ"

ထို့နောက် ယွမ်ကျိုးက သူရှာဖွေထားသော အရာအားလုံးကို ဈေးဝယ်ခြင်းတောင်းထဲသို့ ထည့်လိုက်သည်။

အမျိုးသမီးများအတွက် ဈေးဝယ်ထွက်ခြင်းသည် ပျော်ရွှင်သောခံစားချက်ကို ဖြစ်ပေါ်စေပြီး အွန်လိုင်းမှ ဈေးဝယ်ခြင်းသည်လည်း စိတ်ဖိအားများကို လျော့ကျစေသည့် သဘောရှိသည်။

ထို့ကြောင့် အမျိုးသမီးအများစုသည် ကုန်ပစ္စည်းများကို အကောင်းဆုံး နှိုင်းယှဉ်ပြီး အသင့်လျော်ဆုံး၊ စိတ်အကျေနပ်ဆုံးသော ပစ္စည်းကိုသာ ရွေးချယ်ဝယ်ယူလေ့ရှိသည်။ ထိုမှသာ ငွေကို အလဟဿ မဖြစ်စေလိမ့်မည်။

ယွမ်ကျိုးက ဈေးဝယ် website တွင် ကြာပန်းနှင့်ပတ်သက်သော အလှဆင်မှုများကို ရှာဖွေပြီး ပေါ်လာသမျှအလှဆင်သည့် အရာဝတ္တုများကို ဈေးခြင်းတောင်းထဲ ထည့်လိုက်သည်။

သို့သော်လည်း သေးငယ်ပြီး နူးညံ့သိမ်မွေ့သောသဘောရှိသည့် အလှဆင်ပစ္စည်းများသာ သူ့စားသောက်ဆိုင်နှင့် သင့်လျော်သည်။

ချမ်းသာကြွယ်ဝလာပြီးနောက် ယွမ်ကျိုး၏ စိတ်အာရုံသည် ခွဲခြားနိုင်စွမ်းမရှိတော့ပဲ ဈေးအကြီးဆုံးပစ္စည်းများကိုသာ ဝယ်ယူချင်သော ဆန္ဒဖြစ်လာသည်။

လည်တံရှည် ပန်းအိုးပေါ်တွင် ကြာပန်းလေးများကို ဆေးရောင်ခြယ်ထား၍ ၎င်းပန်းအိုးကို ကောင်တာပေါ်တွင်ထားရန် ရည်ရွယ်ထားသည်။

"ငါဝတ်တဲ့အဝတ်အစားတွေရော ထည့်တွက်လို့ ရလား။ ဒါကလည်း ငါ့စားသောက်ဆိုင်အတွက် အရေးပါတယ်လို့ ခံစားမိတယ်"

ယွမ်ကျိုးက သူ၏အတွေးကို မေးမြန်းသည်။

စနစ်က ဖော်ပြသည်။

"ရပါတယ်"

"ကောင်းပြီ"

ယွမ်ကျိုးက စိတ်သက်သာရာရဟန် သက်ပြင်းချလိုက်သည်။

Websiteပေါ်တွင် ဟန်ရိုးရာဝတ်စုံဆိုင်ကို ရှာတွေ့သွားသောအခါ ကြာပန်းပုံစံဖော်ထားသော ဝတ်စုံနှစ်စုံကို အော်ဒါတင်လိုက်သည်။

ထို့နောက် သူက အလှဆင်သော ပစ္စည်းနှစ်ခုကို ဝယ်ယူလိုက်သည်။

"မနက်ဖြန်မှာ နောက်ထပ်နှစ်ခု ထပ်ဝယ်မယ်။ ဒါဆိုရင် စုစုပေါင်းလေးခုဖြစ်သွားမယ်။ ဒါဆိုရင် ခြောက်ခု ထပ်ဝယ်ရမယ်"

ယွမ်ကျိုးက ဤပြဿနာရပ်ကို ချင့်ချိန်စဉ်းစားရန်အတွက် သူ့ဦးနှောက်ကို အလုပ်ပေးနေသည်။

"ငါ့စားသောက်ဆိုင်မှာ ပစ္စည်းတွေ အများကြီး မလိုအပ်ဘူး။ မီးဖိုချောင်အသုံးအဆောင်ပစ္စည်းတွေလို သာမန်ပစ္စည်းတွေက ဝယ်ရလွယ်ကူတဲ့အပြင် ဒီမစ်ရှင်ပြီးမြောက်ဖို့လည်း အလွယ်တကူ အောင်မြင်နိုင်တယ်"

ခဏတွေးကြံပြီးနောက် ယွမ်ကျိုးက သူ့ကိုယ်သူ ကြားနိုင်လောက်အောင် ရေရွတ်သည်။

ဝယ်ပြီးသားပစ္စည်းကို အသုံးမပြုခြင်းက ယွမ်ကျိုး၏ပုံစံ မဟုတ်ပေ။ အပြင်ဘက်တွင် ရောင်းချသော မီးဖိုချောင်ပစ္စည်းများသည် စနစ်မှ ထောက်ပံ့ထားသောပစ္စည်းများထက် နိမ့်ကျသည်။

ခဏကြာပြီးနောက် ယွမ်ကျိုးက ကြာပန်းကြိုးလေးကို သတိရသွားတယ်။ ၎င်းပစ္စည်းလေးက သေးငယ်ပြီး ထူးခြားသောကြောင့် နေရာအများကြီးမယူပဲ နံရံမှာ ချိတ်ဆွဲထားနိုင်သည်။

ယွမ်ကျိုးက အိမ်အလှဆင်ပစ္စည်းများအားလုံးကို ရှာဖွေနေခြင်းဖြစ်သည်။

"ဒီတစ်ခုတော့ မဆိုးလောက်ဘူး"

ခဏကြာပြီးနောက် ယွမ်ကျိုး၏ အမြင်အာရုံသို့ အလှဆင်သည့် စားပွဲမီးအိမ်လေးများ ဝင်ရောက်လာသည်။

သူက မီးအိမ်ရှစ်ခုကို ရက်ရက်ရောရော ဝယ်ယူလိုက်ပြီး သူ၏အရက်ဆိုင်တွင်ရှိသော ဝါးတောထဲတွင်ထားရန် ဆုံးဖြတ်ထားသည်။

တကယ်တန်း ကြာပန်းချစ်သူ စာစီစာကုံးစာအုပ်၏ အကူအညီဖြင့် ယွမ်ကျိုးက တုံ့ဆိုင်းခြင်းမရှိပဲ အလှဆင်ပစ္စည်းများကို ရွေးချယ်နိုင်ခြင်းဖြစ်သည်။

"ဒါဆိုရင် အလှဆင်ဖို့ ပစ္စည်းသုံးခုပဲ ကျန်တော့တယ်"

ယွမ်ကျိုးက မတ်တပ်ရပ်လိုက်ပြီး ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်။ နောက်ထပ် မတွေးနိုင်တော့သောကြောင့် ယွမ်ကျိုးက အနားယူရန် ဆုံးဖြတ်လိုက်သည်။

အခန်းကို တစ်ပတ်ပြည့်အောင် လမ်းလျှောက်ပြီးနောက် သူ့နောက်ဖေးတံခါးကို စောင့်ရှောက် နေတဲ့ အမွှေးဖွာခွေးလေးအကြောင်းကို ရုတ်တရက် တွေးမိသွားသည်။

"စနစ်၊ ခွေးကလေးရဲ့နာမည်ကို ကြာပန်းလို့ ပြောင်းလို့ရလား"

ယွမ်ကျိုးက ရုတ်တရက် မေးမြန်းသည်။ သို့သော်လည်း စနစ်က သူ့ကို တုံ့ပြန်မှု မရှိတော့ပေ။

"ဒါဆိုရင် ဒီပန်းအိုးလေးနေရာမှာ အခြားပန်းအိုးအသစ်ကို အစားထိုးလို့ရလား"

ယွမ်ကျိုးက စားသောက်ဆိုင်ထဲတွင်ရှိသော ပန်းပွင့်များထည့်ထားသည့် ပန်းအိုးများကို ရည်ညွှန်းခြင်းဖြစ်သည်။

စနစ်မှ ဖော်ပြသည်။

"မရပါဘူး၊ ဒီလိုလုပ်လို့ မရပါဘူး။ ဆိုင်ရှင်အနေနဲ့ ဒီလိုလုပ်လိုက်ရင် ပန်းတွေအလွယ်တကူ ညှိုးသွားပါလိမ့်မယ်"

"ပန်းအိုးကလည်း ခေတ်မီနည်းပညာထဲက တစ်ခုပဲလား"

ယွမ်ကျိုးက နှုတ်ဆိတ်သွားပြီး ငြီးတွားပြောဆိုသည်။ သို့သော်ငြားလည်း ယွမ်ကျိုးက စနစ်ကို အတော်လေး အထင်ကြီးလေးစားသွားသည်။

ထို့နောက် ဈေးဝယ် website မှ sticker တချို့ကို ဝယ်ယူပြီး ပန်းအိုးများတွင် ကပ်ရန် ပြင်ဆင်သည်။ ထိုမှသာ မပြီးမြောက်ရသေးသည့် အလှဆင်ပစ္စည်းနှစ်ခုသာ ကျန်ရှိလိမ့်မည်။

"ကြာပန်းပုံစံ အိပ်ယာခင်းအသစ်တစ်ခု ဝယ်ရင်ကောင်းမယ်ထင်တယ်"

သူ့ရဲ့အိပ်ယာကို ကြည့်ပြီးတော့ ယွမ်ကျိုးက ဆုံးဖြတ်ချက်ပိုင်နိုင်စွာပြောသည်။

စနစ်က ဖော်ပြသည်။

"ဆိုင်ရှင် မစ်ရှင်အတွက် လိုအပ်တာကိုပဲ အာရုံစိုက်ပေးပါ"

"ကောင်းပြီ"

ယွမ်ကျိုးက မစ်ရှင်ကို ယခုလိုပုံစံမျိုးဖြင့် ပြီးမြောက်အောင် လုပ်ဆောင်ရလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ထို့ကြောင့် ယွမ်ကျိုးက ပုံမှန်အတိုင်း မေးမြန်းလိုက်ခြင်းဖြစ်သည်။

ရုတ်တရက် တစ်စုံတစ်ရာကို တွေးမိသွားသောအခါ ယွမ်ကျိုးက ဈေးဝယ်website သို့ ချက်ချင်းသွားပြီး ကြာပန်းပုံစံသဘက်များကို မှာယူရန် ပြင်ဆင်သည်။

ဖောက်သည်များ အသုံးပြုရန်အတွက် အလှဆင်ပစ္စည်းအနေဖြင့် ယူဆနိုင်သည်။ ဤစိတ်ကူးက အလုပ်ဖြစ်နိုင်သည်။

"ဒါဆိုရင် တစ်ခုပဲကျန်တော့တယ်။ ပုံစံမတူတဲ့ ပန်းအိုးတွေ ထပ်ဝယ်ရင်ကောင်းမလား"

ယွမ်ကျိုးက အတွေးထဲ နစ်မြောနေသည်။

စနစ်က ဖော်ပြသည်။

"တူညီတဲ့ အမျိုးအစားတွေကို နှစ်ခါ အသုံးမပြုနိုင်ပါဘူး"

ယွမ်ကျိုးက နောက်ထပ်စာမျက်နှာကို လှန်လှောလိုက်ပြီး တခြားသောပစ္စည်းများကို စတင်ရှာဖွေသည်။

ပန်းအိုး၊ အဝတ်နှစ်စုံနှင့် ဈေးနှုန်းစာရင်းအတွက် ပန်းချီကား၊ ပန်းအစစ်ရဲ့အိုး၊ ကြာပန်းကြိုး၊ ကြာပန်းပုံစံထွင်ထားတဲ့ စားပွဲတင်မီးအိမ်၊ စတစ်ကာ၊ စာအုပ်၊ ဖောက်သည်တွေ အသုံးပြုလို့ရတဲ့သဘက်၊ နောက်ဆုံးအနေနဲ့ စားသောက်ဆိုင်ရဲ့ အလှဆင်ထားတဲ့ဆိုင်းဘုတ်။

အလှဆင်ပစ္စည်းဆယ်ခုကို ဝယ်ယူပြီးနောက် ယွမ်ကျိုးက စိတ်အေးချမ်းသော အမူအရာဖြင့် အိပ်ရာထဲသို့ဝင်သည်။ မစ်ရှင်ပြီးမြောက်မှုကို လက်ခံရန်သာ စောင့်ဆိုင်းရတော့မည်။

အပိုင်း(၁၇၇)

ပြီးပါပြီ။

All Chapters