အခန်း (၁၇၈-၁၈၀)
Vol. 12 Ch. 178-180
ယွမ်ကျိုး အပိုင်း(၁၇၈)
"ဒင် ကလင် ကလင် ... ဒင် ကလင် ကလင်"
နှိုးစက်အမျိုးမျိုးမြည်သံကြောင့် ယွမ်ကျိုး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေရာမှ လန့်နိုးသွားသည်။
“နှိုးစက်သံအသစ်က တကယ့်ကို ထူးဆန်းတယ်”
စကားလုံးအချို့ကို ရေရွတ်ပြီးနောက် ယွမ်ကျိုးက နှိုးစက်ကို ပိတ်လိုက်ပြီး ရေမိုးချိုးသန့်စင်သည်။
ဝူဟိုင်းက ယွမ်ကျိုး၏ဖုန်းတွင် နှိုးစက်သံအသစ် ပြုလုပ်ပေးသောအခါ ယွမ်ကျိုးက အသစ်တစ်ခုကို ထပ်မံပြောင်းလဲလိုက်ခြင်းဖြစ်သည်။
အသံနှစ်ခုက ခြားနားမှုမရှိသော်လည်း ပထမအသံက ကလင် ကလင်ဖြစ်ပြီး လက်ရှိအသံမှာ ဒင် ကလင် ကလင်ဖြစ်သည်။
ယခုလိုခြားနားမှုမျိုးဟာ ကြီးမြတ်သည်ဟု သူ့ကိုယ်သူယုံကြည်နေမိသည်။
သန့်ရှင်းရေးပြုလုပ်ခြင်းပြီးသွားသောအခါ မနက်ခင်း
ခုနှစ်နာရီခွဲ အချိန် ဖြစ်နေပါပြီ။
ထို့နောက် ယွမ်ကျိုးဟာ သူ့ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းခေါ်သည်။
“ပန်းချီဆရာဖန်းနဲ့ စကားပြောလို့ရလား”
ဖုန်းဝင်သွားသောအခါ ယွမ်ကျိုးက ချက်ချင်းမေးမြန်းသည်။
“အွန်း ဘာကိစ္စများရှိလို့လဲ” ချိုသာပြီး သာယာနာပျော်ဖွယ်ရှိသော အမျိုးသမီးတစ်ယောက်၏ အသံက ဖုန်း၏တစ်ဖက်မှ ထွက်ပေါ်လာသည်။
ယွမ်ကျိုးဟာ စက္ကန့်ပိုင်းခန့် မင်သက်သွားပြီးနောက် စကားမပြောခင် ဖုန်းကို ဆုပ်ကိုင်ထားသည်။
“နံရံမှာ ပန်းချီဆွဲဖို့အတွက် တောင်းဆိုချင်လို့ပါ"
“ကိစ္စမရှိပါဘူး။ ဘယ်တော့ အလုပ်စလုပ်ချင်သလဲ”
ကောင်မလေးက အလုပ်အကြောင်း သတင်းကြားသောအခါ စိတ်အားထက်သန်စွာပြန်ပြောသည်။
“ဖြစ်နိုင်ရင်တော့ ဒီနေ့ပဲ လုပ်ငန်းစချင်တယ်။ ဈေးညှိနှိုင်းဖို့အတွက် ဒီနေရာကို လာခဲ့လို့ရမလား”
ခဏကြာစဉ်းစားပြီးနောက် ယွမ်ကျိုး ဖိတ်ကြားလိုက်သည်။
ဤပန်းချီဆရာဖန်းက ယွမ်ကျိုးရဲ့ ကမ်းလှမ်းမှုကို သဘောကျသွားသည်။
သူမက အံ့အားသင့်ဖွယ်ကောင်းသော ပန်းချီစွမ်းရည်ရှိပြီး အလုပ်ကို စိတ်အားထက်သန်စွာ လုပ်ဆောင်တတ်သည့်အပြင် တာဝန်ယူမှုလည်းရှိသည်။
သူမ အနည်းငယ် ဈေးပိုတောင်းသော်လည်း သူမအသုံးပြုသော ပစ္စည်းများမှာ အလွန်ကောင်းမွန်သည်။
ယွမ်ကျိုးက ပန်းချီဆရာကို ကောင်မလေးတစ်ယောက်ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
“ကိစ္စမရှိဘူး။ ဒါဆိုရင် ရှင့်ရဲ့လိပ်စာကို ပြောပြနိုင်မလား” လည်ပင်းနှင့် ပခုံးကြား ဖုန်းကို ညှပ်ပြီးတော့ ကောင်မလေးက ဖုန်းပြောနေပြီး အိပ်ရာမှ ထလိုက်သည်။
“ထောင်ရှီးလမ်း အိမ်နံပါတ် ၁၄ ပါ။ ဒါဆိုရင် ကိုးနာရီခွဲမှ ဆုံကြတာပေါ့”
ယွမ်ကျိုးက အချိန်ကိုပြောလိုက်သည်။
"ကောင်းပြီ။ ဒါဆိုရင် တွေ့ကြမယ်"
နှုတ်ဆက်စကားဆိုပြီးနောက် ပန်းချီဆရာဖန်းက သူမ၏ဆံပင်များကို ရှင်းလင်းလိုက်ပြီး ခပ်မြင့်မြင့်စီးလိုက်သည်။
သူမ၏ခန္ဓာကိုယ် တစ်ခုလုံးက စိတ်အားတက်ကြွမှုများဖြင့် ပြည့်နှက်နေပြီး ကြည်လင်သောမျက်နှာတွင် တက်ကြွသော ခံစားချက်များပြည့်နှက်နေသည်။
ကိုးခုမြောက်အလှဆင်ခြင်းကို အစီအစဉ်ရေးဆွဲပြီး၍ ဆယ်ခုမြောက်တစ်ခုကို ဆက်လက် အကြံထုတ်ရမည်။
သူ ဖုန်းဖြင့်ဆက်သွယ်ရန်ကြိုးစားရမည်။
သူ့ဖုန်းထဲမှာ မှတ်သားထားသောဖုန်းနံပါတ် အများကြီး မရှိ၍ ကံကောင်းသွားသည်။
သို့တည်းမဟုတ်လျှင် သူလိုချင်သောဖုန်းနံပါတ်ကို ရှာဖွေရန် မလွယ်ကူပေ။
“ဟယ်လို ပန်းဉယျာဉ်ဆိုင်ကပါ။ ဘာများအလိုရှိလို့ပါသလဲ”
ရင်းနှီးနေသာအမျိုးသားတစ်ယောက်၏အသံက ဖုန်း၏ တစ်ဖက်မှ ထွက်ပေါ်လာသည်။
“ထောင်းရှီးလမ်း အိမ်နံပါတ် ၁၄ကပါ။ အဲ့ဒီနေရာကို ပွင့်နေတဲ့ ကြာပန်းအိုးတစ်အိုး ပို့ပေးပါ”
ယွမ်ကျိုးက သူ၏တောင်းဆိုချက်ကို ချက်ချင်းပြောသည်။
“ဘယ်လောက်အရွယ်အစားလိုချင်တာလဲ”
၎င်းအမျိုးသားက ယဉ်ကျေးစွာဖြင့် အသေးစိတ် မေးမြန်းသည်။
ယွမ်ကျိုးက တစ်ခုချင်းရှင်းပြနေစဉ် ၎င်းအမျိုးသားက အသေးစိတ်မှတ်တမ်းတင်ထားသည်။
ခဏကြာပြီးနောက် မှာယူခြင်းကိစ္စ အပြီးသတ်သွားသည်။
"ခုနှစ်မိနစ်ကြာရင် ရမယ်ဆိုတော့ မဆိုးဘူးပဲ" ယွမ်ကျိုးက ကျေနပ်ဟန်ခေါင်းညိတ်လိုက်သည်။
လုပ်စရာမရှိတော့၍ ယွမ်ကျိုးက စိတ်သက်သာရာရသွားပြီဟု ခံစားမိ၍ အရင်ထက်ပို၍ စိတ်ကြည်လင်နေသည်။
မနက်စာအတွက် တခြားသောအရသာသစ် ဟင်းပွဲကို ပြောင်းလဲချက်ပြုတ်ရမည်ဟုတွေးမိသောအခါ ပို၍စိတ်ကြည်လင်မိသည်။
ယွမ်ကျိုးက ဤမစ်ရှင်ကို အချိန်မှီ အဆင့်မြှင့်တင်လိုက်သောအခါ စနစ်က သူ့အတွက် လိုက်ဖက်နေသောသရေစာကို ထုတ်ပြန်ပေးသည်။
ဤသရေစာမုန့်ကို ကံစမ်းမဲနှိုက်စရာမလိုအပ်ပဲ စနစ်မှ အလိုအလျောက်ပေးအပ်ခြင်းဖြစ်သည်။
ထို့ကြောင့် သူဟာ စနစ်နှင့်ပတ်သက်ပြီး အများကြီး မျှော်လင့်မထားပေ။
"ထူးခြားတဲ့ ချင်းဟွေ့
သရေစာမုန့်က ရှစ်ခုရှိတာမဟုတ်ဘူးလား"
ယွမ်ကျိုးက ထူးခြားတဲ့ သရေစာမုန့်အညွှန်းကို ကြည့်ပြီး တအံ့တဩမေးမြန်းသည်။
စနစ်က ဖော်ပြသည်။ “ကြုံရာကျပန်းအနေနဲ့ ဆုလာဘ် ပေးအပ်တာပါ”
“ကောင်းပြီ ။ကဲ ရှစ်ခုလုံးပေးတာမဟုတ်ရင်တောင် ပထမဦးဆုံးလေးခုလား၊ ဒုတိယလေးခုလားဆိုတာတော့ ပြောသင့်နေပြီ။
မင်းပေးလိုက်တဲ့လေးခုက ဖောက်သည်တွေ မှာယူတဲ့ဟာနဲ့ မတူရင် ဘယ်လိုလုပ်မလဲ”
ယွမ်ကျိုးက အကြောင်းအရာများကို ဖတ်ရှုပြီး တအံ့တဩဖြစ်နေရသည်။
စနစ်မှ ဖော်ပြသည်။
" ကြုံရာကျပန်းပါ"
"စနစ်ရဲ့အကျင့်စရိုက်က တကယ့်ကို ထူးမခြားနားပဲ"
ဤတစ်ကြိမ်တွင် ထုတ်ပြန်ထားသောဟင်းပွဲအားလုံးအား ယွမ်ကျိုးအကြိုက်ဖြစ်နေ၍ ကံကောင်းသွားသည်။
သို့သော်ငြားလည်း ယွမ်ကျိုးဟာ စနစ်မှ ပေးအပ်သော သရေစာမုန့်များအား မယူခဲ့ပေ။
အရန်မစ်ရှင်ပေးအပ်မည့် ဟင်းပွဲလဲ ရှိနေသောကြောင့် ဟင်းပွဲအများကြီး လက်ခံယူလိုက်လျှင် အချိန်တိုအတွင်း ဟင်းပွဲအားလုံးကို ကျွမ်းကျင်အောင် ချက်ပြုတ်ရန် မလွယ်ကူပေ။
ထို့ကြောင့် တစ်ဆင့်ချင်း၊ တစ်ဆင့်ချင်း သရေစာမုန့်များကို လက်ခံယူရန် ဆုံးဖြတ်လိုက်သည်။
"ဒီလိုမျိုး အပိုချက်လို့ရတဲ့ သရေစာမုန့်တွေပေးတာ မဆိုးဘူးပဲ"
ယွမ်ကျိုးက ခံစားချက်အပြည့်ဖြင့် သက်ပြင်းချလိုက်သည်။
အပိုဝင်ငွေရမည့် အကြောင်းကို တွေးမိသောအခါ ဝမ်ကျိုးပျော်ရွှင်မိသည်။
သူနှစ်သက်သည့်ဟင်းပွဲအသစ်ကို ရောင်းချနိုင်မည်ဖြစ်သည်။
ယွမ်ကျိုးက ထူးခြားသောသရေစာမုန့် ၈မျိုးထဲမှ တစ်မျိုးကို လက်ခံယူလိုက်ပြီး မနက်စာအတွက် ပြင်ဆင်ရန်စတင်သည်။
ဤတစ်ချိန်တွင် သူဟာ ဆားငံဘဲဆီနှမ်းကပ်ကိတ်ကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်သည်။
ဤသည်ကား ကျင်လင်းမြို့၏ ရိုးရာသရေစာမုန့်လဲဖြစ်သည်။
များစွာသော စတိုးဆိုင်များနှင့် စားသောက်ဆိုင်များအကြားတွင် ကျင်လင်းမြို့မှာရှိသော ကျီဖန်ခယ်ပြုလုပ်သော ကိတ်မုန့်များသာ လူထုက သိကြပြီး လက်ခံကြသည်။
ဘဲဆီနှမ်းကပ်ကိတ် သရေစာမုန့်ကို မနက်စာအတွက်ရောင်းချလျှင် အကောင်းဆုံးဖြစ်သည်။
အရေးကြီးသောလုပ်ငန်းစဉ်က ဘဲဆီကို အရည်ပျော်အောင် ပြုလုပ်ခြင်းဖြစ်သည်။
ယွမ်ကျိုးက သရေစာမုန့်ကို လက်ခံယူပြီးနောက် စနစ်ကအသုံးပြုရန် လိုအပ်သော ပါဝင်ပစ္စည်းအားလုံးကို မီးဖိုချောင်ထဲဖြည့်ပေးထားသည်။
သေချာရှာကြည့်ရုံဖြင့် ယွမ်ကျိုး အလွယ်တကူ ရှာတွေ့နိုင်သည်။ ဘဲဆီသည် သူ အသုံးပြုခဲ့သောဆီများနှင့် အတော်လေး ခြားနားမှုရှိသည်။
ယွမ်ကျိုးယူလိုက်သည့် ဘဲဆီက ခဲထားခြင်းဖြစ်ပြီး နှင်းတမျှဖြူဖွေးနေသည်။
ရှားပါးအဖိုးတန်သော ဘဲဆီဖြစ်သောကြောင့် မွှေးရနံ့သင်းသင်းထွက်ပေါ်နေသည်။
“ဒါက ဘယ်လို ဘဲဆီအမျိုးအစားလဲ။ ပါဝင်ပစ္စည်းအကြောင်းကို အရင်ဆုံးသိရန် လိုအပ်တယ်”
စနစ်က ဖော်ပြသည်။
"ဘဲဆီက ပေဝူဘဲရဲ့ ဗိုက်သားကနေ ထုတ်ထားတဲ့ ဘဲဆီပါ။ ပေဝူဘဲက အဖြူရောင်အမွှေး အမဲရောင်ခြေထောက် အမဲရောင် နှုတ်သီးရှိတယ်။ မျိုးရိုးက ကောင်းတဲ့အတွက်ကြောင့် ဘဲတွေထဲမှာဆေးဖက်ဝင်တဲ့အပြင် ဘဲတွေထဲမှာ စံနမူနာထားလို့ရတဲ့ ဘဲလို့တောင် ပြောလို့ရတယ်။ ဒီဘဲရဲ့ ကြီးထွားမှုအခြေအနေဟာလဲ ခက်ခဲကြမ်းတမ်းတယ်။ ဒီဘဲကို နယ်မြေရဲ့ဇုန်မှာ မွေးမြူတယ်။ နယ်မြေခြောက်ခုတွေက အနီရောင်ရွံ့စေးမြေ၊ ခရမ်းရောင်ရွံ့စေးမြေ၊ နှုံးမြေ၊ လယ်မြေ၊ ရှားပါးမြေဆီလွှာတွေနဲ့ ဂေဟစနစ်၊ ကောင်းမွန်တဲ့ တောင်ပတ်ဝန်းကျင်တွေမှာ မွေးမြူတယ်"
"အဲ့နေရာတွေမှာဆိုရင် အပူချိန်လုံလောက်မှု ရှိတယ်။ ရေတံခွန်တွေလဲရှိတယ်။ ရာသီဥတုလေးမျိုးရှိတယ်။ နောက်ပြီးကျတော့ မုတ်သုံရာသီဉတုလဲရှိတဲ့အပြင် ကြည်လင်တဲ့ ရေအရင်းအမြစ်တွေလဲရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ကြီးထွားတဲ့ဘဲတွေဟာ အနံ့ဆိုးတွေက ကင်းဝေးတယ်။ အသားအရသာကလဲ နူးညံ့တယ်။ ဘဲသားရဲ့အတွင်းမှာဆိုရင် လုပ်ဆောင်ချက်များစွာရှိတယ်။ ဒီဘဲသားကို စားခြင်းအားဖြင့် အပူကင်းမယ်။ အဆိပ်အတောက်တွေ ကင်းဝေးမယ်။ သလိပ်တွေကို ရှင်းစေမယ်။ နှလုံးကိုတည်ငြိမ်စေမယ်။ အသက်ရှူတာကို အထောက်အပံ့ဖြစ်မယ်။ စိတ်ကို တည်ငြိမ်စေမယ်။ အစာစားချင်စိတ်ဖြစ်မယ်။ သရက်ရွက်ကိုကျန်းမာစေမယ်"
"ဘဲကို ကြာကြာမွေးမြူလေ သူ့ရဲ့အကျိုးသက်ရောက်မှုတွေ ကောင်းကျိုးတွေက သိသာထင်ရှားလေပဲ"
"စနစ်က အသုံးပြုထားတဲ့ ဘဲဆီကို သုံးနှစ်အရွယ်ရှိတဲ့ ဘဲဆီက ယူထားတာပါ။ ဒါကြောင့်မလို့ ချိုမြတဲ့အရသာရှိပါတယ်"
"ဒါက နှမ်းကပ်မုန့်ပြုလုပ်မဲ့ အဓိကပါဝင်ပစ္စည်းပဲ မဟုတ်ဘူးလား။ ဒီလောက်ထိ ချဲ့ကားပြောနေဖို့ လိုအပ်လို့လား"
ဘဲကင်စားချင်တဲ့စိတ်တွေဖြစ်ပြီး သရေတောင်ကျလာပြီ ယွမ်ကျိုးဟာ သရေတွေကို မျိုချလိုက်ပြီး
ပေဝူဘဲအကြောင်းကို ဖတ်ရှုသည်။
ဘဲသားက ကိုလက်စထရောနည်းပါးပြီး လူအများစုစားသုံးရန်သင့်တော်သည်။
ထို့နောက် ယွမ်ကျိုးက နှမ်းကပ်ကိတ်ပြုလုပ်ရန်သာ အာရုံစိုက်လိုက်သည်။
ယွမ်ကျိုးက အရင်ဆုံး မုန့်ညက်ကို နယ်သည်။
ဂျုံမှုန့်ထဲသို့ ဘဲဆီအနည်းငယ်ထည့်လိုက်ပြီး ဂျုံကို နယ်ကာ တောက်ပသောမုန့်ညက်အဖြစ်သို့ ပြောင်းလဲကာ ဘေးနားသို့ချထားသည်။
ထို့နောက် အဆီမုန့်ညက်ကို ပြင်ဆင်ရန် စတင်သည်။
ဤတစ်ချိန်တွင် ဘဲဆီနှင့် ဂျုံမှုန့်အချိုးအစားကို လျှော့ချလိုက်သည်။
သူက ပထမဦးစွာ ဘဲဆီကို အပူပေးသည်။ အဆီကို အအေးခံပြီးနောက် ဂျုံမှုန့်ထဲသို့ ဖြေးညှင်းစွာ လောင်းချလိုက်သည်။
ထို့နောက် ဆီကိုမွှေပြီး ဂျုံမှုန့်ထဲ သမအောင် မွှေလိုက်ခြင်းဖြစ်သည်။
အပူပေးထားသော အပူချိန်နှင့် မွှေလိုက်သည့်အချိန်ကို သူ့ရဲ့အတွေ့အကြုံအရ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
ပုံမှန်အားဖြင့် ယခုလိုအတွေ့အကြုံမျိုးကို ရရှိရန် ဆယ်နှစ် အတွေ့အကြုံလိုအပ်သည်။
သို့သော်ငြားလည်း ယွမ်ကျိုးက သင့်တော်သော အပူချိန်ကို ဆီ၏အပူချိန်ကို ကြည့်ရုံဖြင့် ရှင်းရှင်းလင်းလင်း သိနိုင်သည်။
ယွမ်ကျိုးက ဆားငံဘဲဆီနှမ်းကပ်ကိတ်ကို ပြုလုပ်သောအခါ ကြက်သွန်၊ ဆားနှင့် ငရုတ်ကောင်း များကိုလည်း အသင့်လှီးကာ ပြင်ဆင်ထားသည်။
ကြက်သွန်တွေကို တူညီသော အရွယ်အစားအတိုင်း သေးငယ်သော အပိုင်းအစဖြင့် လက်တစ်ဆုပ်စာလှီးဖြတ်ထားသည်။
ထို့နောက် ဘဲဆီလောင်းထည့်ပြီး အဖြူရောင် ငရုတ်ကောင်း၊ ဆားနှင့် ဂျုံမှုန့်တို့ကိုလဲ ထည့်ကာ နာရီလက်တံအတိုင်း သမအောင် မွှေသည်။
မွှေပြီးတဲ့နောက် မွှေးကြိုင်သောရနံ့ ထွက်ပေါ်လာသည်။
ထို့နောက် နှမ်းကပ်ကိတ်ပြုလုပ်ရန် တစ်ဆင့်ချင်း လုပ်ဆောင်ရန် လိုအပ်သည်။
ယွမ်ကျိုးက ဘဲဥပုံစံကိတ်မုန့်ကို ပြုလုပ်သည်။
ဈေးကွက်ထဲတွင် ရောင်းချသည့် မုန့်ဖုတ်သည့် အိုးပေါင်းများစွာရှိသည်။
အိမ်တွင် မုန့်လုပ်စားသော သူအများစုက သေးငယ်သောမုန့်ဖုတ်အိုးလေးများကို ဝယ်ယူကြပြီး စားသောက်ဆိုင်များက ကြီးမားသောမုန့်ဖုတ်အိုးများကို အသုံးပြုသည်။
ယွမ်ကျိုး၏ စားသောက်ဆိုင် တွင် အသုံးပြုထားသောအိုးက မီးမကျွမ်းသည့် ရှေးအကျဆုံးအိုးဖြစ်သည်။
ရှေးကျသောမုန့်ဖုတ်အိုးမှပြုလုပ်ထားသော နှမ်းကပ်မုန့်သည် ကြွတ်ဆတ်ပြီး မဲသွားသည်အထိ တူးသွားသည့် အခြေအနေမရှိချေ။
ကိတ်ကို ဘဲဥပုံစံသွင်းပြီးနောက် သေးငယ်သော မုန့်ဖုတ်အိုးထဲသို့ လောင်းချလိုက်သည်။ ၎င်းမုန့်ဖုတ်အိုးသည် နှမ်းကပ်ကိတ် အခုနှစ်ဆယ်ကို တစ်ပြိုင်နက်တည်းပြုလုပ်နိုင်သည်။
ယွမ်ကျိုး၏ မူအရ နှမ်းကပ်ကိတ် အခုတစ်ရာကိုသာ ပြုလုပ်သည်။ အများကြီး မပြုလုပ်ချေ။
တချို့သူများက နှမ်းကပ်ကိတ်ကို အအေးခံပြီးမှ စားရခြင်းကို နှစ်သက်သော်လည်း တချို့သူများက ပူပူနွေးနွေးစားရခြင်းကို နှစ်သက်ကြသည်။
ထို့ကြောင့် ယွမ်ကျိုး က အသင့်ဖြစ်သွားသောအခါ အချို့သောနှမ်းကပ်ကိတ်များကို ထုတ်ယူလိုက်ပြီး တစ်ချို့ကို ဆက်လက် အပူပေးထားသည်။
ဟင်းပွဲအသစ်ထွင်တိုင်း ယွမ်ကျိုးက ပထမဦးဆုံး အရသာမြည်းကြည့်လေ့ရှိသည်။
ဤတစ်ကြိမ်လည်း ခြွင်းချက် မရှိပေ။ ဖုတ်ထားသော ဘဲဆီနှမ်းကပ်ကိတ်သည် ကြွပ်ဆတ်ပြီး အပေါ်ယံက ရွှေဝါရောင်သန်းကာ မွှေးကြိုင်နေသည်။
ကိတ်မုန့်၏ရနံက ဆွဲဆောင်နေသောကြောင့် ယွမ်ကျိုးက တစ်ကိုက်စားကြည့်လိုက်သည်။
အပိုင်း(၁၇၈)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၇၉)
လတ်ဆတ်သောနှမ်းကပ်ကိတ်မုန့်မှာ ထူးခြားသော မွှေးရနံ့များ ထွက်ပေါ်လာသည်။ ကြည်လင်သန့်ရှင်းသော ကြွေသုတ်ပန်းကန်ပြားပေါ်မှာ မုန့်က ကပ်ညှိနေသည်။
ကိတ်သားက ဂဏန်းခွံကဲ့သို့ မာကျောပြီး အဖြူရောင်နှမ်းစေ့တွေကို အပေါ်မှာဖြူးထားခြင်း မဟုတ်ပဲ ထို့အစား ကိတ်သားထဲမှာ နှမ်းစေ့လေးများ နစ်မြှုပ်နေသည်။
ယွမ်ကျိုးက ကိတ်မုန့်ကို တစ်စိတ်ကိုက်စားလိုက်သည်။ သူ့ခံတွင်းထဲ မွှေးရနံ့များ ပြည့်နှက်သွားသည်။ ဘဲဆီနှင့် ကိတ်မုန့်က ခံတွင်းထဲ အရည်ပျော်သွားသောအခါ ပူနွေးသော ခံစားချက်ကို ခံစားမိနေတုန်းဖြစ်သည်။
သို့သော်လည်း ပူသောခံစားချက်ကြောင့် ထွေးထုတ်မည့်ရည်ရွယ်ချက် မရှိပေ။ တစ်ကိုက်စားကြည့်ယုံဖြင့် ကိတ်သား အတွင်းဘက်က နူးညံ့ပြီး သိပ်ထည့်ထားသော ပါဝင်ပစ္စည်းများက ကြွပ်ဆတ်သည်။
ကိတ်မုန့်ကို သေသပ်ကျနစွာ စားသည့်အတွက် အကြွင်းအကျန်ပစ္စည်းများက အောက်သို့ ပြုတ်ကျရင်းနဲ့ သွားကို ပေကျံခြင်း မရှိပေ။
နူးညံ့မွှေးကြိုင်သောရနံ့က သူ့ခံတွင်းထဲ ပျံ့လွှင့်နေ၍ ယွမ်ကျိုးကို မရပ်မနား စားစေချင်သော ဆန္ဒကို လှုံ့ဆော်ပေးသည်။ ထို့ကြောင့် ယွမ်ကျိုးက ကိတ်မုန့်ကို တစ်ကိုက်ပြီးတစ်ကိုက် စားသည်။
နှမ်းစေ့လေးတွေက ကိတ်မုန့်မှာ ကပ်ညှိနေရခြင်း အကြောင်းက သကြားပြုတ်ရည်၏ အကူအညီကြောင့် ဖြစ်နိုင်သည်။
အတွင်းထဲတွင် ထိုးသိပ်ထားသော ပါးပါးလှီးထားသော ကြက်သွန်နီလေးရဲ့ အရသာကလည်း မွှေးကြိုင်ပြီးတော့ စားချင်စဖွယ် ဖြစ်ပေါ်စေသည်။
သူ့ခံတွင်းထဲမှာ ဘဲဆီနှင့် ကိတ်သား၏ နူးညံ့မှုများ ရောယှက်နေသည်။ အပြင်ဘက်အသားက ကြွပ်ဆတ်ဆတ်ရှိပြီး အတွင်းဘက်အသားက နူးညံ့ကာ ထူးခြားသောခံစားချက်နှစ်ခုကို ပေးစွမ်းသည်။
ရေကို တစ်ငုံသောက်ပြီးနောက် ယွမ်ကျိုးက နှမ်းကပ်ကိတ် အပိုင်းအစသုံးခုကို ချက်ချင်းစားလိုက်သည်။ ထိုစဉ် ယွမ်ကျိုး၏ စားသောက်ဆိုင်အပြင်ဘက်မှာ တန်းစီစောင့်နေသော ဖောက်သည်များစွာရှိသည်။
တကယ်တမ်း သူတို့အားလုံးက လေထဲပျံ့လွင့်လာသည့် ဘဲဆီနှမ်းကိတ်၏မွှေးရနံ့ ဆွဲဆောင်မှုကြောင့် ရောက်ရှိလာခြင်းဖြစ်သည်။
တန်းစီစောင့်နေသော ဘေးနှစ်ဖက်တွင် ပဲနို့ရောင်းသူများနှင့် တခြားသောကုန်ပစ္စည်း ရောင်းချသူများရှိနေသည်။
"ပဲနို့အေး၊ ပေါင်မုန့်ပေါင်း၊ ပေါက်စီ၊ ပဲနို့၊ မုန့်ပေါင်း၊ မုန့်ညှက်ကြော်၊ ချိုမြမြမွှေးနေတဲ့ ဆန်ပြုတ်လေးလည်းရမယ်"
"အချိုရည်မျိုးစုံရမယ်၊ အချိုရည်မျိုးစုံရမယ်"
အော်ဟစ်သံမျိုးစုံက တစ်သံပြီး တစ်သံထွက်ပေါ်လာသည်။ ၎င်းရောင်းချသူများသည် ယွမ်ကျိုး၏ စားသောက်ဆိုင်၌ မနက်ခင်းတွင် သောက်စရာအအေး မရောင်းချမှန်းသိသည့်အတွက်ကြောင့် ဖျော်ရည်နှင့် အခြားသော အစားအသောက်များကို အဓိကရောင်းချသည်။
ယွမ်ကျိုး၏စားသောက်ဆိုင်တွင် တစ်ခုတည်းသောရောင်းချသည့် ဖရဲသီးဖျော်ရည်ကို မနက်ပိုင်းတွင် မရောင်းချသည့်အတွက်ကြောင့် ဖျော်ရည်မျိုးစုံကို ရောင်းချရန် ကြိုးပမ်းနေခြင်းဖြစ်သည်။
"သူဌေးယွမ်၊ နေ့တိုင်း နေ့တိုင်း သူ့ဆိုင်မှာ ဘာတွေလုပ်စားနေလဲ။ သိချင်လိုက်တာ"
တန်းစီစောင့်နေသော လူတန်းရှည်၏ အဆုံးသတ်ရှိ ဖောက်သည်တစ်ယောက် စိုးရိမ်တကြီးပြောသည်။
"ငါလည်း သိချင်တယ်။ ဒီသူဌေးယွမ်က ဆိုင်တံခါးကို ပိတ်ပြီးတော့ နေ့တိုင်းနေ့တိုင်း အရသာရှိတဲ့ဟင်းပွဲတွေကို ချက်စားနေတာ။ ငါ့မှာ ကောင်းကောင်းအိပ်မပျော်ဘူး"
အရှေ့ဘက်မှာ မတ်တပ်ရပ်နေသော ဝူဟိုင်းက ခေါင်းကိုကုတ်လိုက်ပြီး မကျေနပ်ဟန် အမူအရာဖြင့် ဝင်ရောက် ပြောဆိုသည်။
"ဒါဆိုရင် ပြတင်းပေါက်ကို ပိတ်ပြီးတော့ အိပ်ပေါ့"
စိတ်မရှည်သော အမူအရာဖြင့် စောင့်ဆိုင်းနေသောမန်မန်က ဝူဟိုင်း၏ ဖွင့်ထားသော တံခါးပေါက်ကို ညွှန်ပြပြီး ချက်ချင်းပြောသည်။
"ဒီလိုပိတ်ထားလိုက်ရင်လည်း အသက်ရှုကြပ်တယ်လေ။ လေကောင်းလေသန့်လည်း မရတော့ဘူး"
ဝူဟိုင်းက တိကျစွာ ပြန်ပြောသည်။
"ဒါဆိုရင် နင် ရှေ့အခန်းရဲ့ တခြားပြတင်းပေါက်တွေကို ဖွင့်ထားပေါ့။ ဒီ့ပြင် အဲ့နားက ရှုခင်းတွေက ပိုပြီးတောင်လှသေးတယ်"
မန်မန်က ဤနယ်မြေ၏ အကြောင်းကို သေချာသိနေသကဲ့သို့ ပြောသည်။
ဝူဟိုင်းအခန်း၏ ဖွင့်ထားသော ပြတင်းပေါက်သည် ယွမ်ကျိုးစားသောက်ဆိုင်၏ ဒုတိယဘက်ကို အတိအကျ မျက်နှာမူနေသည်။
ဤမြင်ကွင်းမှကြည့်လျှင် ဝူဟိုင်းက ယွမ်ကျိုး၏ စားသောက်ဆိုင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သကဲ့သို့ ဟင်းလျာများ၏ မွှေးရနံ့ကို ရရှိနိုင်သည်။
ဝူဟိုင်း မဆိုထားဘိ ဤရပ်ကွက်တွင်နေထိုင်သူ အားလုံးနှင့် ယွမ်ကျိုးစားသောက်ဆိုင်မှ ထွက်ပေါ်လာသော စားချင်စဖွယ် မွှေးရနံ့များ၏ ဆွဲဆောင်မှုကို သည်းခံနေရသည်။
"ရှောင်ယွမ်၊ မင်းရဲ့သူဌေးက ဘယ်အချိန်လောက်မှ တံခါးဖွင့်မှာလဲ"
ထိုစဉ် ဖောက်သည်တစ်ယောက်က စိုးရိမ်တကြီး မေးမြန်းသည်။
"တစ်မိနစ်လောက်ပဲ လိုပါတော့တယ်"
မုရှောင်ယွမ်က သူမ၏လက်ကို မြှောက်လိုက်ပြီး သင့်တင့်လျောက်ပတ်သောစကားကို မပြောခင် ကာတွန်းနာရီလေးကို ကြည့်လိုက်သည်။
မည်သို့ပင်ဆိုစေကာမူ သူဌေးယွမ်က အမြဲပင် အချိန်တိကျသူဖြစ်သည်။ မုရှောင်ယွမ် စကားပြောခြင်း အဆုံးသတ်သွားသောအခါ သေချာပိတ်ထားသော တံခါးက ဖွင့်လာသည်။
ယွမ်ကျိုးက သူ့ဆိုင်ရှေ့မှာ တန်းစီစောင့်နေသော လူတန်းရှည်ကြီးကို မြင်ဖူးနေကြဖြစ်၍ ပုံမှန်အတိုင်း ကောင်တာဆီသို့ ပြန်သွားသည်။
သူ အသစ်ထွင်ထားသော နှမ်းကပ်ကိတ်ကို ရောင်းချရန် ပြင်ဆင်သည်။
"သူဌေးယွမ်၊ အရသာရှိတဲ့အစားအသောက်တွေ ထပ်လုပ်တာလား"
စားသောက်ဆိုင်ထဲသို့ ဝင်ဝင်ခြင်း ဖောက်သည်တစ်ယောက်က မနေနိုင် မထိုင်နိုင်မေးမြန်းသည်။
"ဟုတ်တယ်၊ ဟုတ်တယ်"
"ဟုတ်တယ်မို့လား၊ ဟင်းပွဲအသစ်တွေ ထွင်လိုက်တာမို့လား"
ဤဖောက်သည်က ဟင်းပွဲအသစ်တွေ ရောင်းချတိုင်း လာရောက်အားပေးသူဖြစ်သည်။
"ကိုယ့်ဘာသာကိုယ် မီနူးကို မကြည့်တတ်ဘူးလား"
စိတ်မရှည်သော အမူအရာဖြင့် ဝူဟိုင်းက ထိုင်ခုံမှာ ထိုင်လိုက်ပြီး မီနူးကို ချက်ချင်း ကြည့်လိုက်သည်။
"ဘဲဆီနှမ်းကပ်ကိတ် တစ်ခုကို ၉၈ ယွမ်။ ဒါဆို ဒီဟာက ဟင်းပွဲအသစ်ထင်တယ်"
ဝူဟိုင်းက နှုတ်ကို ဖွင့်ဟလိုက်ပြီး မေးမြန်းသည်။
"ဟုတ်တယ်။ လူတိုင်းက ကိတ်မုန့်တစ်လုံးကိုပဲ ဝယ်လို့ရပါတယ်"
ယွမ်ကျိုးက အသေးစိတ်ညွှန်ကြားသည်။
သူက ဆိုင်တံခါးဖွင့်ခါနီး နောက်တစ်ခုကို ထပ်စားမိသောကြောင့် စုစုပေါင်း ၉၆ ခုသာ ကျန်ရှိတော့သည်။
"အငံအရသာလား၊ အချိုအရသာလား"
ဟင်းပွဲအသစ်ကို လာရောက်မြည်းစမ်းသည့်ဖောက်သည်က ပြဿနာ၏ အဓိကအကြောင်းအရင်းကို အသေးစိတ်မေးမြန်းသည်။
"အငံအရသာပါ"
ယွမ်ကျိုးက သူမေးသည့် မေးခွန်းတိုင်းကို အမြဲတမ်း ပြန်ဖြေလေ့ရှိသည်။
"ဒါဆိုရင် နှမ်းကပ်ကိတ်တစ်ခုပေးပါ"
ယွမ်ကျိုး၏စကားအဆုံးသတ်သည်နှင့် ဝူဟိုင်းက သူ၏ အော်ဒါကို စတင်မှာကြားသည်။
"ခဏစောင့်ပေးပါ"
တခြားသောဖောက်သည်များကလည်း အခြေအနေကို သဘောပေါက်သွားပြီး ကိတ်မုန့်တစ်လုံးကို အလောတကြီး မှာယူကြသည်။
ထို့နောက် ဝူဟိုင်းက သူမှာယူထားသော ကိတ်မုန့်ကို လက်ခံရရှိသွားပြီး စတင်စားသောက်သည်။
ပန်းချီဆရာတစ်ယောက်ဖြစ်သောကြောင့် ဝူဟိုင်း၏ အပြုအမူက ပန်းချီဆရာတစ်ယောက်၏ အပြုအမူများအတိုင်း လုပ်ဆောင်လေ့ရှိသည်။
သူ့လက်ထဲမှာ တူရှိသော်လည်း ဝူဟိုင်းက လက်ဖြင့်ကိုင်၍ စားသောက်ရခြင်းကို ပို၍ နှစ်သက်သည်။
လက်တစ်ဖက်က နှမ်းကပ်ကိတ်ကို ကိုင်ဆောင်ထားပြီး တခြားလက်တစ်ဖက်က နှမ်းကပ်ကိတ်က ကျလာမည့် နှမ်းစေ့များနှင့်ကိတ်သား အချို့ကို ဖမ်းယူရန် မေးအောက်မှာ လက်ကို ချထားသည်။
ကောင်မလေးများ စားသောက်သောအမူအရာက ပို၍ ယဉ်ကျေးသိမ်မွေ့မှုရှိသည်။ သူတို့က လက်သုတ်တစ်ရှူးကို ကြိုတင်ပြင်ဆင်လာပြီး စားပွဲခုံပေါ်မှာ ချထားသည်။
အမျိုးသားများက တခြားသူများကို ဂရုမစိုက်ပဲ စားသောက်နေသည်။ သူတို့က ပန်းကန်ပြားကို အသုံးပြုခြင်းနှင့် လက်ကို အသုံးပြုခြင်းကို ပြုလုပ်ကြသည်။
သူက ဝူဟိုင်းနည်းတူ ကိတ်မုန့်မှ ပဲ့ကျလာမည့် အပိုင်းအစများကို ဖမ်းယူရန် ကြိုတင်ပြင်ဆင်ထားခြင်းဖြစ်သည်။
အလွှာပေါင်းများစွာ နှင့် ပြုလုပ်ထားသော နှမ်းကပ်ကိတ်က စားနေရင်း အပိုင်းအစများစွာ ပြုတ်ကျလာနိုင်သည်။
သို့သော်လည်း ယွမ်ကျိုး၏ စားသောက်ဆိုင်မှာ ရောင်းချသော နှမ်းကပ်ကိတ်က တခြားသော ကိတ်မုန့်များနှင့် ခြားနားကြောင်း သိပ်မကြာခင်မှာပင် နားလည်သွားသည်။
ဘဲဆီနှမ်းကပ်ကိတ်က တခြားအပြင်မှာရောင်းချသော နှမ်းကပ်ကိတ်နှင့် ခြားနားစွာ နူးညံ့မှုရှိပြီး တစ်ချက်ကိုက်လိုက်ယုံဖြင့် သေသပ်ကျနပြီး ကိတ်မုန့်မှ အပိုင်းအစများ ပြုတ်ကျသွားခြင်း မရှိပေ။
နှမ်းစေ့တွေကလည်း အောက်သို့လွင့်စင်ခြင်း မရှိဘဲ ကိတ်သား မျက်နှာပြင်ပေါ်မှာ ရှိနေသည်။ ဝါးလိုက်သောအခါ ကိတ်မုန့်အပိုင်းအစတွေကလည်း သွားမှာကပ်ညှိခြင်း မရှိပေ။
ခံတွင်းအပြည့် ဝါးလိုက်သောအခါ မွှေးကြိုင်သောရနံ့များ ထွက်ပေါ်လာသည်။
စားသောက်ဆိုင်ထဲမှာ စားသုံးနေသော ဖောက်သည်တချို့ရှိနေစဉ် အပြင်ဘက်မှာလည်း ထိုင်ခုံရရန် စိုးရိမ်တကြီး စောင့်ဆိုင်းနေသော ဖောက်သည်များလည်း ရှိသည်။
သူတို့က မွှေးရနံ့ကို ရရှိတဲ့အခါမှာ စိုးရိမ်စိတ်က ပို၍ ပြင်းထန်လာသည်။
"ဒီမုန့်ရဲ့မွှေးရနံ့က ဆွဲဆောင်လွန်းတယ်။ ပါးပါးလှီးထားတဲ့ ကြက်သွန်နီရဲ့ အရသာကိုတောင် ခံစားမိတယ်"
တန်းစီစောင့်နေသော ဖောက်သည်တစ်ဦးက လည်တဆံ့ဆံ့ဖြင့် စားသောက်ဆိုင်ထဲမှ မြင်ကွင်းကို စောင့်ကြည့်နေသည်။
"ဆက်မပြောနဲ့တော့။ ငါ့ဗိုက်ထဲက တဂွီဂွီ မြည်လာပြီ"
သို့သော်လည်း တခြားသူတစ်ယောက်က မတူညီသော အပြုအမူကို လုပ်ဆောင်သည်။ သူက မတ်တပ်ရပ်နေပြီး တခြားသူများ စားသုံးနေခြင်းကို လုံးဝမကြည့်ပေ။
"အားနာပါတယ်။ ငါအရမ်း စိုးရိမ်စိတ်ဖြစ်သွားလို့ပါ"
၎င်းအမျိုးသားက တည့်တည့်မတ်မတ် မတ်တပ်ရပ်လိုက်ပြီး ရှက်ကိုးရှက်ကန်း ပြုံးသည်။
"ငါတို့အားလုံးက မစားရမှာ စိုးရိမ်နေကြတာလေ။ အခုဆို ငါတို့ရှေ့မှာ လူနည်းနည်းပဲ ရှိပါတော့တယ်။ ငါတို့အလှည့် မကြာခင်ရောက်တော့မှာပါ"
၎င်းက သူ့ကိုယ်သူနှစ်သိမ့်သလို တခြားသူများကို နှစ်သိမ့်သလို ပြောသည်။
ပထမဦးဆုံး စားကုန်သွားသော ဝူဟိုင်းက ဘေးဘက်မှာ မတ်တပ်ရပ်လိုက်ပြီး တိုးလျသောအသံဖြင့် တစ်စုံတစ်ရာကို ရေရွတ်ကာ ချက်ချင်း မထွက်သွားခဲ့ပေ။
ခဏကြာပြီးနောက် ယွမ်ကျိုးက ကြေညာချက် ထုတ်ပြန်သည်။
"ဒီကနေ့အတွက်ရောင်းချတဲ့ နှမ်းကပ်ကိတ် အခု ၁၀၀ ရောင်းလို့ ကုန်သွားပါပြီ၊ အားလုံးပဲ ပြန်လို့ရပါပြီ၊ နောက်နေ့ကျရင် စောစောလာခဲ့ပေးပါ"
"ဘယ်လိုဖြစ်ရတာလဲ။ ငါဒီမှာ နေ့တစ်ဝက်လောက်နီးပါး စောင့်နေတာတောင် ငါ့အလှည့်မရောက်ဘူးလား။ ငါ့ရဲ့တံတွေးတွေတောင် မြေကြီးပေါ် ပြုတ်ကျနေပြီ"
သူ့အလှည့် မရောက်လာသော ဖောက်သည်တစ်ယောက်က မကျေမနပ် ပြောဆိုသည်။ ဤမြင်ကွင်းကြောင့် လက်ကားရောင်းချသူများသည် သူတို့၏ စီးပွားရေးလုပ်ငန်းကို စတင်လုပ်ဆောင်သည်။
"မွှေးမွှေးကြိုင်ကြိုင် အသားပေါင်းပေါက်စီတွေလည်း ရမယ်။ အရွက်ပေါင်းပေါက်စီတွေလည်း ရမယ်နော်"
ဆာလောင်မွတ်သိပ်သည့်ဒဏ်ကို ခံနိုင်ရည်မရှိသည့် ဖောက်သည်တချို့က ပေါက်စီတွေကို သွားရောက်ဝယ်ယူကြသည်။
ပိတ်ရက်မဟုတ်သည့်အတွက်ကြောင့် သိပ်မကြာခင်မှာ သူတို့က အလုပ်ကို သွားရဦးမည်။
"နေပါဦး သူဌေးယွမ်။ ခင်ဗျားပြောလိုက်တိုင်း အခု ၁၀၀ ရမယ်။ အခု ၁၀၀ ပဲ ရောင်းမယ်လို့သာ ပြောနေတာ။ အခု ၁၀၀ လည်း မရှိသလိုပဲနော်။ သိမ်းထားတာလား။ ဘယ်လိုဖြစ်ရတာလဲ"
ဝူဟိုင်းက မတ်တပ်ရပ်လိုက်ပြီး အတည်ပြုဟန် မေးမြန်းသည်။ ဝူဟိုင်း၏ စကားက ဆိုင်ထဲ ရှိနေသေးသော တခြားသောဖောက်သည်များ၏ စိတ်အာရုံကို ဖမ်းစားသွားသည်။
"အွန်း။ ဟုတ်တယ် နှမ်းကပ်ကိတ်က ၉၆ခုပဲရှိတာ"
ယွမ်ကျိုးက ချက်ချင်းပြန်ပြောသည်။
"ဒါဆိုရင် ကျန်တဲ့လေးခုက ဘယ်ရောက်သွားတာလဲ"
ဝူဟိုင်းက တအံ့တဩ မေးမြန်းသည်။
"ငါစားလိုက်တာလေ"
ယွမ်ကျိုးက စိတ်အားထက်သန်စွာ ပြန်ပြောသည်။
"သူဌေးယွမ်၊ ငါတို့ပိုင်ဆိုင်သင့်တဲ့ သရေစာမုန့်တွေကို ခင်ဗျား စားသင့်ရဲ့လားဆိုတာ တွေးမိရဲ့လား။ ဒါကြောက်စရာကောင်းတဲ့ အလေ့အကျင့်ပဲ"
ဝူဟိုင်းက ပထမဦးဆုံး တအံ့တဩ ဖြစ်သွားပြီးနောက် ယွမ်ကျိုးကို လက်ညှိုးထိုးကာ နာကျင်သော အမူအရာဖြင့် စကားပြောသည်။
"ငါလုပ်တဲ့မုန့်ကို ငါစားတာလေ။ ဘာဖြစ်လို့လဲ"
ယွမ်ကျိုးက ဝူဟိုင်း၏ အတွေးကို တကယ် နားမလည်နိုင်ချေ။
သူက မကျေမနပ် မျက်နှာထားဖြင့် လေးနက်စွာပြန်ပြောသည်။
"ခင်ဗျားစားမယ့် သရေစာမုန့်ကို ကျွန်တော်တို့ကို ရောင်းမယ့် အခု ၁၀၀ ထဲ မထည့်တွက်သင့်ဘူးလေ"
ဝူဟိုင်းက ခဏတွေးကြံပြီးနောက် စကားပြောသော အမူအရာကို ပြောင်းလဲလိုက်သည်။
"မရဘူး၊ ဒါက စည်းမျဉ်းပဲ။ ခင်ဗျားလည်း သိပါတယ်။ ကျွန်တော်က စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာတတ်တဲ့သူ။ ဒီ့ပြင် ကျွန်တော်က ရုပ်ရည် ကြည့်ကောင်းတယ်လေ"
ယွမ်ကျိုးက စည်းမျဉ်းစည်းကမ်းနှင့်ပတ်သက်ပြီး ပြောလာလျှင် အလွန်လေးနက်သည်။
ထိုစကားကို ပြောလိုက်သောအခါ ဝူဟိုင်း အပါအဝင် တခြားသောဖောက်သည်များအားလုံး နှုတ်ဆိတ်သွားသည်။
ယွမ်ကျိုးချမှတ်ထားသော စည်းမျဉ်းများကို ပြောင်းလဲခြင်းက အလွန့်ကို ခက်ခဲမှန်း အတွေ့အကြုံရှိခဲ့ပြီးသားဖြစ်သည်။
အပိုင်း(၁၇၉)
ပြီးပါပြီ။ ယွမ်ကျိုး အပိုင်း(၁၈၀)
"သူဌေးယွမ်၊ ကျွန်တော်ခင်ဗျားကို တကယ့်ကို လက်ခံယုံကြည်သွားပါပြီ"
ဝူဟိုင်းက ယွမ်ကျိုးကို မည်သို့ပြန်ပြောရမလဲ မသိသောကြောင့် ယခုလိုစကားမျိုး ပြောလိုက်ခြင်းဖြစ်သည်။
"ဆိုင်ဖွင့်ချိန် ပြီးဆုံးသွားပါပြီ"
ယွမ်ကျိုးက ဝူဟိုင်း၏ အထင်ကြီးလေးစားမှုကို
လက်ခံဟန်ဖြင့် ခေါင်းညိတ်ပြသည်။ ဝူဟိုင်းက ဆိုးရွားသော စကားလုံးများကို ပြောရန် စုဆောင်းထားသည်။ သို့သော်လည်း
ယွမ်ကျိုး၏ကျွမ်းကျင်မှုကို တွေးမိသောအခါ
သူ ပြောချင်သောစကားများကို မျိုသိပ်ပြီး
မကျေနပ်ဟန်အမူအရာဖြင့် လှည့်ထွက်သွားသည်။ သူဌေးယွမ်သာ စားဖိုမှူး
တစ်ယောက်မဟုတ်လျှင် သူဌေးယွမ်ကို မသေမချင်းရိုက်သတ်ကြလိမ့်
မည်ဟု သူယုံကြည်သည်။သို့သော်လည်း
ဝူဟိုင်း၏အတွေး မှားယွင်းသွားသည်။
"ရှောင်ယွမ် နေ့လည်ခင်းကျမှလာခဲ့ပါ"
ယွမ်ကျိုးက မုရှောင်ယွမ်ကို ခေါင်းညိတ်ပြသည်။
"ဟုတ်ကဲ့၊ ကျွန်မ ပြန်တော့မယ် သူဌေး"
မုရှောင်ယွမ်က အပြုံးလေးဖြင့် နာခံစွာ ပြန်ပြောသည်။နာရီလက်တံက ၉နာရီ၃၀မိနစ်အချိန်သို့ရောက်ရှိသည်နှင့် ကြီးမားသောကျောပိုးအိတ်နှင့် လက်ကိုင်အိတ်ကို ကိုင်ဆောင်ထားသောကောင်မလေးသည်
ယွမ်ကျိုး၏စားသောက်ဆိုင်တံခါးပေါက်သို့ ရောက်ရှိလာသည်။ သူမက မီးခိုးရောင်ပုံမှန်အဝတ်အစားကို ဝတ်ဆင်ထားသည်။ လှပသော ပိုနီတေးစတိုင်ဆံပင်နှင့် ကြော့ရှင်းသောမျက်နှာအမူအရာကြောင့် သပ်ရပ်သန့်ရှင်းပုံပေါ်သည်။
"ရှင်က သူဌေးယွမ်လား"
သူမက ယွမ်ကျိုးကိုမြင်သောအခါ အတည်ပြုဟန်ဖြင့်မေးမြန်းသည်။
"ဟုတ်ပါတယ်၊ ကျွန်တော်ပါ။
တွေ့ရတာဝမ်းသာပါတယ် ပန်းချီဆရာဖန်း"
ယွမ်ကျိုးက ရှေ့သို့လှမ်းလာပြီး စကားပြောသည်။
"ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်။
ဒါဆိုရင် ဘယ်လိုပုံစံမျိုးပန်းချီဆွဲချင်လဲဆိုတာ
ကျွန်မကို ပြောပေးပါ"
ပန်းချီဆရာဖန်းက အဓိကအချက်ကို ချက်ချင်းပြောသည်။
"ဒီနားကို လာခဲ့ပေးပါ။ ဒီဘက်ကို တစ်ချက်ကြည့်ပေးပါ"
ယွမ်ကျိုးက ဆိုင်သို့ရောက်သည်နှင့် အလုပ်စကားပြောသောကောင်မလေးကို
မြင်တွေ့ရ၍ ပျော်ရွှင်မိသည်။ပန်းချီဆရာအများစုက တခြားသူများနှင့် မတူညီခြားနားသည်။ သူတို့ဟာပန်းချီဆွဲရန် ကြာသောအချိန် ပေါ် မူတည်၍ ကျသင့်ငွေတောင်းခံခြင်း ဖြစ်သည်။ ယခုလို ချက်ချင်းအလုပ်အကြောင်း
ပြော၍ ငွေကုန်သက်သာသည်။
"ဒါက ဈေးနှုန်းစာရင်းပါ။ အဲ့ဒီနံရံပေါ်မှာ ကြာပန်း
ပုံဆွဲချင်တယ်။ ဒါပေမဲ့ အဲ့ဒီနံရံပေါ်က စာတွေကို
တော့ မထိခိုက်ချင်ဘူး"
ယွမ်ကျိုးက ကောင်မလေးကို စားသောက်ဆိုင်ထဲသို့ ဦးဆောင်ခေါ်သွားပြီး
နံရံပေါ်မှ ဈေးနှုန်းစာရင်းကိုညွှန်ပြကာ သူမကိုစကားပြောသည်။ ပန်းချီဆရာဖန်းက
သူမ၏လက်ကိုင်အိတ်အသေးလေးကို အောက်သို့ချလိုက်ပြီး စားသောက်ဆိုင်အတွင်းဘက် ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာသည်။ ခဏကြာပြီးနောက်
သူမပြန်ပြောသည်။
"ဆိုးဆေးသုံးမှာလား၊ ဆိုးဆေးမသုံးချင်ဘူးလား။ ဘယ်လိုသဘောထားရှိလဲ"
"အရောင်ဆိုးဆေးသုံးမယ်။ ဒါပေမဲ့ အကောင်းဆုံးသော အရောင်ဆိုးဆေးကို
အသုံးပြုပေးပါ"
ယွမ်ကျိုး ခေါင်းညိတ်သည်။
"ကိစ္စမရှိဘူး။ ဒါဆိုရင် ၁နာရီကို ၁၂၀ယွမ်ကုန်ကျမယ်။
ဒါကို အပြီးသတ်ရေးဆွဲဖို့ ၅နာရီကြာမယ်"
ပန်းချီဆရာဖန်းက ပန်းချီရေးဆွဲရန် လိုအပ်သောအချိန်ကို ယွမ်ကျိုးအား ပြောကြားသည်။
"ကောင်းပြီ။ ဘယ်အချိန်စတင်ကြမလဲ"
ယွမ်ကျိုးက ခေါင်းညိတ်လိုက်ပြီး သူမကိုမေးမြန်းသည်။ ယွမ်ကျိုးကပန်းချီဆွဲရန် ကုန်ကျမည့်စရိတ်ကို ကြိုတင်စုံစမ်းထားပြီးသားဖြစ်သည်။ မျှော်လင့်ထားသည့်အတိုင်း သင့်တင့်လျောက်ပတ်သော အတိုင်းအတာအတွင်းရှိနေသည်။
"ရှင့်ဆိုင်ဖွင့်ချိန်ကို အနှောင့်အယှက်မဖြစ်စေရပါဘူး။ ဒါကြောင့်မလို့ ဘယ်အချိန်ဆိုင်ဖွင့်လဲဆိုတာ
ပြောပြပေးလို့ရမလား"
ကောင်မလေးက ယွမ်ကျိုးဆိုင်မပိတ်ချင်မှန်း
သိ၍ ယခုလိုမေးမြန်းခြင်းဖြစ်သည်။ ယွမ်ကျိုးက သူ့ရဲ့ဆိုင်ဖွင့်ချိန်နဲ့ ပတ်သက်ပြီးတော့ ကောင်မလေးကို အသေးစိတ် ရှင်းပြသည်။ပန်းချီဆရာဖန်းက
အချိန်ကိုက်ပြီးတော့ အလုပ်လုပ်ဖို့အတွက်
အတည်ပြုပေးလိုက်သည်။
သူမက ပုံကြမ်းကို
အရင်ဆုံးရေးဆွဲပြီးတော့မှ နေ့လည်ခင်းမှ ပြန်လာဖို့ဆုံးဖြတ်လိုက်သည်။
သူမ ပြန်ရောက်လာတဲ့အခါမှာ ရိုးရှင်းသောစားသောက်ဆိုင်လေးက
စားသုံးသူဖောက်သည်များနှင့် ပြည့်နှက်နေသေး
သည်။ ဆိုင်ပိတ်ပြီး၁၀မိနစ်ကျော်မှ ရောက်ရှိလာသော်လည်း စားသောက်ဆိုင်အပြင်ဘက်တွင် တန်းစီစောင့်
နေသောဖောက်သည်များရှိနေသေးသည်။
ယွမ်ကျိုး၏စားသောက်ဆိုင်က ညနေဘက်တွင်ပို၍ စားသုံးသူများပြားကြောင်း
သူမ မသိခဲ့ပေ။ ည၇နာရီလောက်တွင် ဒီလမ်းကျဉ်းလေး၏ နေရာလပ်မကျန် ကားများ ပြည့်နှက်နေသည်။တချို့ကားများသည်
အဓိကလမ်းများပေါ်တွင်သာ ကားပါကင်ထိုးနိုင်သည်။
"ဟန်နီ၊ ဒီလို စုတ်စုတ်ပြတ်ပြတ်နေရာမှာ
အရသာရှိတဲ့ဟင်းပွဲတွေ
ရောင်းပါ့မလား။ ဖြစ်နိုင်ပါ့မလား"
BMWကားပေါ်မှ ဖက်ရှင်ကျကျဝတ်ဆင်ထား
သောအမျိုးသမီးသည် မကျေနပ်ဟန်အမူအရာဖြင့်စကားပြောသည်။
"ဒီမှာရောင်းတဲ့ဟင်းပွဲတွေက အရမ်းကို အရသာရှိပေမဲ့ သူဌေးက ပါဆယ်
ထုပ်ခွင့်မပေးဘူး။ ဒီဆိုင်ကအရသာကို စားကြည့်ဖူးသွားရင် ချစ်လေးသိသွားလိမ့်မယ်။ ကဲ ... ကားပေါ်က ဆင်းကြမယ်"
ပုံမှန်အဝတ်အစားဝတ်ဆင်ထားသော အမျိုးသားသည် အတည်ပြုဟန်ပြောသည်။
"ဒီနေရာကနေ ကားပေါ်ကဆင်းမှာလား။
ကားကိုရော ဘယ်လိုလုပ်မှာလဲ"
အမျိုးသမီးက တအံ့တဩဖြစ်နေသည်။ အဓိကလမ်းမကြီး၏ဘေးဘက်မှာ ကားရပ်ထားခြင်း ဖြစ်သည်။ ၎င်းနေရာတွင် ကားများကို ပါကင်ထိုးခွင့်မပြုထားပေ။
"ကိစ္စမရှိပါဘူး။ ဒီနေရာမှာပဲထားခဲ့မယ်"
၎င်းအမျိုးသားသည် ပေါ့ပေါ့ပါးပါး ပြန်ပြောသည်။
"ကားလိုင်စင်ရဖို့ ဘယ်လောက်တောင်ခက်ခဲလဲဆိုတာ ရှင်ရော၊ ကျွန်မရော သိတယ်နော်"
အမျိုးသမီးက မကျေမနပ်ဖြင့် ဖနောင့်ဆောင့်ရင်းပြောသည်။
"သွားကြမယ်။ ကားလိုင်စင်အသိမ်းခံရရင်တောင် ဒီဟင်းပွဲတွေ စားရတာတန်တယ်လို့ ခံစားမိတယ်။ ဆိုင်ဖွင့်ချိန်ကအကြာကြီး ဖွင့်တာမဟုတ်ဘူး။ သွားကြမယ်"
ထိုစကားကို ပြောလိုက်စဉ် အမျိုးသားက
အမျိုးသမီးကို ဆွဲပြီးတော့လျင်မြန်သော ခြေလှမ်းများဖြင့် ယွမ်ကျိုး၏ စားသောက်ဆိုင်သို့ သွားသည်။ သူတို့၂ယောက် ရောက်ရှိသောအခါ
မျှော်မှန်းထားသည့်အတိုင်း တံခါးအပြင်ဘက်မှာ စောင့်ဆိုင်းနေသည့်
ဖောက်သည်များစွာရှိသည်။
ဒဏ်ရာဒဏ်ချက်များဖြင့် ယွမ်ကျိုး၏စားသောက်ဆိုင်မှာ ကြက်ဥထမင်းကြော်လာစားလေ့ရှိသော အမျိုးသား၏ အလှည့်ရောက်ရှိလာသောအခါ
ဆိုင်ပိတ်ချိန်သို့ နီးကပ်နေပါပြီ။ ဤတစ်ကြိမ်တွင် ၎င်းအမျိုးသား၏မျက်နှာပေါ်ရှိ ဒဏ်ရာများသည် ပို၍ပြင်းထန်လာသည်။နှုတ်ခမ်းထောင့်များ စုတ်ပြဲနေသည့်အပြင် မျက်လုံးတစ်ဖက်ကလည်း ညိုမဲသဲနေသည်။ တခြားတစ်ဖက်၏မျက်လုံး
ထောင့်ကလည်း စုတ်ပြတ်သပ်နေသည်။ ၎င်းဒဏ်ရာများမှ သွေးများ ယိုကျနေသည်။ သို့တိုင် သူက ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် တန်းစီစောင့်နေသေးသည်။ သူ့အလှည့်ကျရောက်လာသောအခါ သူက ပုံမှန်အတိုင်း ယွမ်ကျိုးကို စကားပြောသည်။
"ကြက်ဥထမင်းကြော်၁ပွဲ ပေးပါ"
၎င်းအမျိုးသားက တိုးလျသောအသံဖြင့်
စကားပြောလိုက်ပြီး သက်ပြင်းချလိုက်သည်။
"အိုကေ၊ ခဏစောင့်ပေးပါ"
ယွမ်ကျိုးက ပြန်ပြောသော်လည်း ချက်ချင်း ကြက်ဥထမင်းကြော်ကို
သွားမကြော်ပေ။ ထိုအစား သူက ကောင်တာအောက်ဖက်ရှိ အံဆွဲထဲတွင် ထည့်ထားသည့် ကြာပန်း
ပုံသဏ္ဍာန်ထိုးထားသည့် အဖြူရောင်သဘက်ကို ထုတ်လိုက်သည်။
"ဒဏ်ရာတွေကို အရင်သုတ်လိုက်။ ဒီလိုမှ မဟုတ်ရင် ကြက်ဥထမင်းကြော်ရဲ့ အရသာကို ပျက်စီးစေလိမ့်မယ်။ သွေးစက်ကျသွားရင် အရသာပျက်သွားမှာ"
ယွမ်ကျိုးက ၎င်းအမျိုးသားဆီသို့ သဘက်ကို
လှမ်းပေးလိုက်ပြီး တည်ငြိမ်စွာပြောသည်။
"ကောင်းပြီ၊ ငါနားလည်ပြီ"
၎င်းအမျိုးသားက ချက်ချင်းလက်ခံယူလိုက်သည်။ထို့နောက် သူက သူ့မျက်နှာပေါ်မှ သွေးစက်များနှင့် နှုတ်ခမ်းထောင့်မှ သွေးစက်များကို သုတ်လိုက်သည်။
ထိုမှသာ ယွမ်ကျိုးက လှည့်ထွက်သွားပြီး
ဟင်းပွဲပြင်ဆင်ရန်
စတင်သည်။
BMWကားစီးလာသော လင်မယားသည်
စားသောက်ဆိုင်ထဲသို့
ဝင်ရောက်လာပြီးနောက်
သူတို့ မှာယူထားသောဟင်းပွဲများကို စောင့်ဆိုင်းနေသည်။ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသောအမျိုးသားကို မြင်တွေ့သောအခါ ဇနီးသည်က မကျေမနပ်ပြောသည်။
"ဟန်နီ၊ ဒီလိုလူမျိုးကလည်း ဆိုင်မှာ လာစားနိုင်တယ်လား။ မျက်နှာတစ်ပြင်လုံးက လည်း သွေးတွေပြည့်နေတာပဲ။ နှုတ်ခမ်းထောင့်
ကလည်း သွေးတွေ စီးကျနေတယ်"
အမျိုးသမီးက မဝံ့မရဲပြန်ပြောသည်။
"ကိစ္စမရှိဘူး။ လူတန်းစားမရွေး လာစားလို့ရတာပဲလေ"
အမျိုးသမီးရဲ့လက်ကို တင်းကြပ်စွာ ကိုင်ဆောင်ထားပြီးအမျိုးသားက သူမကိုနှစ်သိမ့်ရန် ကြိုးစားသည်။
"ဒီဆိုင်က ဟင်းပွဲတွေက တကယ်ပဲ အရသာရှိတာလား"
သူတို့လင်မယားက အပြင်ဖက်မှာ ၁နာရီခန့်
တန်းစီစောင့်ပြီးနောက် ဟင်းပွဲစောင့်ဆိုင်းနေစဉ် သွေးသံရဲရဲနှင့်အမျိုးသားကိုမြင်တွေ့ရသောအခါ အမျိုးသမီးဖြစ်သူက မကျေမနပ် ပြောဆိုခြင်းဖြစ်သည်။
"ခဏနေရင် အရသာမြည်းကြည့်ပြီးသွားရင်
ဟန်နီသိသွားမှာပါ"
ပြုံးကာရွှင်ကာဖြင့်
အမျိုးသားက အများကြီးရှင်းပြခြင်း မရှိဘဲ
အတည်ပြုဟန်ပြောသည်။
"ကောင်းပြီလေ"
အမျိုးသမီးက သူ့၏ခင်ပွန်း
ဖြစ်သူကို မှီလိုက်ပြီး ဟင်းပွဲတည်ခင်းမည့်အချိန်
ကို တိတ်တဆိတ်စောင့်ဆိုင်းနေသည်။
ခဏကြာပြီးနောက် ...
"လူကြီးမင်းတို့ မှာထားတဲ့ဟင်းပွဲတွေ ရပါပြီ။
သုံးဆောင်လို့ရပါပြီ"
မုရှောင်ယွမ်က သူတို့စုံတွဲ
မှာယူထားသောဟင်းပွဲများကို ကူညီသယ်ဆောင်ပေးပြီး ယဉ်ကျေးစွာ နှုတ်ဆက်စကားပြောသည်။
သို့သော်ငြားလည်း ယွမ်ကျိုးက ဒဏ်ရာဒဏ်ချက်များနှင့်ရောက်လာသော အမျိုးသားကို ကိုယ်တိုင်ကိုယ်ကျ ကြက်ဥထမင်းကြော် သွားပေးသည်။
"ခင်ဗျား မှာထားတဲ့ ကြက်ဥထမင်းကြော်ပါ"
ယွမ်ကျိုးက ဟင်းပွဲကို စားပွဲခုံပေါ် ချပေးလိုက်ပြီးပြောသည်။
"ကျေးဇူးတင်ပါတယ်"
၎င်းအမျိုးသားက
ပန်းကန်ပြားကို လက်ခံယူလိုက်သည်။
ပန်းကန်ပြားကိုင်လိုက်သောလက်က အနည်းငယ်တုန်ယင်နေသည်။ သူ့လက်တစ်ပြင်လုံး ဒဏ်ရာဒဏ်ချက်များ ရှိနေသည်။ ကြက်ဥထမင်းကြော်ပန်းကန်ပြား
ကို စားပွဲခုံပေါ်မှာ သေချာချပြီးနောက် ၎င်းအမျိုးသားကဟင်းပွဲကို ကြည့်ပြီး ပြောနေကျစကားကို ပြောသည်။
"ငါ အနိုင်ရခဲ့တယ်"
"အွန်း"
ခေါင်းညိတ်ပြီးနောက် ယွမ်ကျိုးက တခြားဟင်းပွဲများကို ပြင်ဆင်ရန် လှည့်ထွက်သွားသည်။ ဒဏ်ရာရနေသောအမျိုးသားကို စောင့်ကြည့်လေ့လာနေသော ခင်ပွန်းဖြစ်သူက မျက်မှောင်ကြုတ်လိုက်ပြီး ရှင်းပြရခက်သော
ခံစားချက်ကို ခံစားမိသည်။ အရသာရှိသောဟင်းပွဲများ သူတို့ရှေ့မှောက်ရောက်လာသော်လည်း စိတ်ဝင်စားသောခံစားချက် မဖြစ်ပေါ်ပေ။
~~~~~~~
"ဟေ့၊ ဒီနေရာကို သန့်ရှင်းရေးလုပ်ပေးပါ။ ဒီမှာ လက်ရာကြီးထင်သွားတယ်"
ပုံမှန်ဝတ်စားဆင်ယင်ထားသောအမျိုးသား
သည် အလုပ်လုပ်ရန်အတွက်စားပွဲထိုးများကို
ညွှန်ကြားသည်။ သူက အလုပ်ရှုပ်နေသော်လည်း
ညွှန်ကြားသည့်အတိုင်း အမောတကောပြေးလာသည်။
"မန်နေဂျာဂုံ၊ ဒီနေရာမှာ ကျွန်တော် သန့်ရှင်းရေးလုပ်ထားပြီးသားပါ။
ရနံ့ကင်းမဲ့တဲ့ပန်းပွင့်လေးတွေရော၊ အနံ့မရှိတဲ့
လက်သုတ်စက္ကူတွေရော စားပွဲခုံပေါ် ချထားပေးပါတယ်။ ဒါကြောင့်မလို့
ဒီ့ပြင် ဒီစားပွဲခုံပေါ်မှာ ဘာဟင်းအနံ့မှ မကျန်ဘူးလို့အာမခံတယ်"
"ကောင်းပြီ ၅မိနစ်နေရင်ရောက်လာတော့မယ်။
အဲ့ဒီလူက အရမ်းကို အချိန်တိကျတယ်။ ငါတို့သူဌေးက သူ့ကို ဒီနေရာကိုလာဖို့ ဖိတ်ထားတာကြာပြီ"
မန်နေဂျာဂုံက စိတ်အားထက်သန်သော အမူအရာကိုဖော်ပြသည်။
"ကိစ္စမရှိပါဘူး။ ကျွန်တော် စီစဉ်စရာရှိတာတွေ
စီစဉ်ထားပါတယ်။ မီးဖိုချောင်ဝန်ထမ်းတွေကလည်း ကောင်းကောင်းပြင်ဆင်ထားပါတယ်။ ခေါင်းဆောင်စားဖိုမှူးကျန်းကလည်း အကောင်းဆုံးကြိုးစားအားထုတ်ထားပါတယ်"
၎င်းအမျိုးသားက ပြုံးကာစကားပြောသည်။
"ကောင်းပြီ။ မင်းတို့အားလုံးအခုပဲ ထွက်သွားလို့ရပြီ"
မန်နေဂျာဂုံက တံခါးပေါက်မှာ မတ်တပ်ရပ်လိုက်ပြီးအရေးကြီးသောပုဂ္ဂိုလ်လာမည့်အချိန်ကို
သူကိုယ်တိုင် ကြိုဆိုရန်ပြင်ဆင်သည်။ သူဌေးနှင့်အတူတူ ပါလာမည့် အရေးကြီးပုဂ္ဂိုလ်ကို ဧည့်ခံကြိုဆိုရန်အတွက်
စားပွဲထိုးများကို ခွင့်မပြုနိုင်ချေ။ တံခါးအပြင်ဘက် ဆိုင်းဘုတ်က 'ကြာပန်းစားသောက်ဆိုင်' ဟူသောစကားလုံးဖြင့် လင်းလက်တောက်ပနေသည်။
"ရန်ယီ၊ အခုလိုလာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မင်းသာ ကောင်းမွန်တဲ့မှတ်ချက်တွေပေးရင်
ငါ့ရဲ့စီးပွားရေးလုပ်ငန်းကို စိုးရိမ်စရာမလိုတော့ဘူး"
လူ၃ယောက်က စားသောက်ဆိုင်နှင့် ခပ်လှမ်းလှမ်းမှ စတင်လမ်းလျှောက်လာ၍
စားသောက်ဆိုင်ထဲသို့ ဝင်ရောက်လာသည်။ တခြားသူ၂ယောက်ကို ဦးဆောင်လာသည့်အမျိုးသားက အသက်၄၀အရွယ်လောက် ရှိသည်။ လူချမ်းသာပုံစံရှိပြီး စကားပြောပုံဆိုပုံ
အမူအရာကြောင့်စားသောက်ဆိုင်၏ သူဌေးမှန်းသိနိုင်သည်။ ပေါ့ပေါ့ပါးပါး၊ ပျော်ပျော်ရွှင်ရွှင်အမူအရာရှိသော လူငယ်လေးသည် သူတို့၂ဦးနောက်မှလိုက်ပါနေပြီး နှုတ်ဆိတ်နေသည်။ တခြားတစ်ယောက်က သက်လတ်ပိုင်းအမျိုးသားဖြစ်သည်။ ပေါ့ပေါ့ပါးပါး၊ လျော့ရိလျော့ရဲ ထန်းဝတ်စုံကို
ဝတ်ဆင်ထားပြီး ပိန်ပိန်ပါးပါးပုံစံရှိသည်။ သူ့မျက်နှာက သန့်ရှင်းသပ်ရပ်နေပြီးလေးနက်သောအမူအရာကိုဖော်ဆောင်နေသည်။
သူ၏နှုတ်ခမ်းကို စေ့စေ့ပိတ်ထား၍ ပေါ့ပေါ့ပါးပါးပြောဆိုနိုင်သူမဟုတ်မှန်း ပေါ်လွင်သည်။ သူ ပြောလိုက်သောစကားကြောင့်
ပတ်ဝန်းကျင်ရှိ တခြားသူ၂ယောက်ကို အားတုံ့အားနာခံစားချက်ဖြစ်ပေါ်စေသည်။
"ဒီလိုမျက်နှာချိုသွေးတဲ့စကားမျိုးကို ငါမပြောတတ်ဘူး"
သူဌေးက နှုတ်ဆိတ်သွားသည် ...
အပိုင်း(၁၈၀)
ပြီးပါပြီ။