← Chapters

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

အခန်း (၁၉၀-၁၉၂)

Vol. 13 Ch. 190-192

ယွမ်ကျိုး အပိုင်း(၁၉၀)

"တစ်စုံတစ်ယောက်က မမြင်ချင်ယောင် ဟန်ဆောင်မယ်ဆိုရင် လျစ်လျူရှုထားရမယ်"

လီရန်ယီကအရှက်မဲ့သောအမူအယာဖြင့် မနက်စာစားရန်အတွက်တန်းစီ စောင့်နေသည်။

ထိုစဉ် ဟင်းသီးဟင်းရွက်များ၏ မွှေးကြိုင်သော

ရနံ့က ယွမ်ကျိုးစားသောက်ဆိုင်မှ တဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ လက်ကားရောင်းချသူများသည် ဖောက်သည်များ၏ဘေးပတ်ဝန်းကျင်မှာ စတင်အော်ဟစ်ပြီး အပြိုင်အဆိုင်ရောင်းချသည်။

"မနက်စာရမယ် အရသာရှိတဲ့မနက်စာတွေရမယ်"

"စီးပွားရေးအခွင့်အလမ်းရှိတဲ့နေရာမှာ ဒီလိုအခွင့်ရေးသမားတွေက ရှိတာပဲ"

လီရန်ယီက လေးကန်စွာသက်ပြင်းချပြီး ထိုစကားကိုပြောသည်။ သူပြောလိုက်သော အခွင့်ရေးသမားဆိုသည်ကား ရိုင်းပျသောအသုံးအနှုန်းတော့မဟုတ်ပေ။

ယွမ်ကျိုး၏စားသောက်ဆိုင်ကစီးပွားဖြစ်သောကြောင့် လက်ကားရောင်းချသူများ ဝိုင်းနေခြင်း ဖြစ်သည်။ လက်ကားရောင်းချသူများကြောင့်လည်း ယွမ်ကျိုး၏ဂုဏ်သတင်းက ပို၍ လူသိများ ကျော်ကြားလာသည်။

ယွမ်ကျိုးက ပေါက်စီပြုလုပ်ရန်အတွက် ပုံမှန်နှုန်းဖြင့် မီးဖိုချောင်ထဲမှာ ပြင်ဆင်နေသည်။ အစာသွပ်ရန်အတွက် အသုံးပြုမည့် အခြောက်ခံထားသော အဖြူရောင် တို့ဟူးကိုလည်း ယွမ်ကျိုးကိုယ်တိုင် ပြုလုပ်ခြင်းဖြစ်သည်။

တို့ဟူးပြုလုပ်ခြင်းကို ကျွမ်းကျင်ပြီးနောက် တို့ဟူးခြောက်ပြုလုပ်ခြင်းက ယွမ်ကျိုးအတွက်

ပြဿနာမရှိပေ။ အစာသိပ်ထည့်မည့်ပစ္စည်းများကို‌ ကောင်းစွာပြင်ဆင်ပြီးနောက် ယွမ်ကျိုးက

ပေါက်စီပြုလုပ်ရန်အတွက် မုန့်ညှပ်ကို သေးငယ်သောအပိုင်းအစလေးအဖြစ် ဖြတ်‌တောက်သည်။

ထို့နောက် ယွမ်ကျိုးက ဒလှိမ့်တုံးကို ကျွမ်းကျင်စွာအသုံးပြုသည်။ ဒလှိမ့်တုံးမှ အသံထွက်ပေါ်လာသည်။ ရှောင်လုံပေါင်းဖက်ထုပ်ပြုလုပ်သော မုန့်ညှပ်နှင့်ပေါက်စီပြုလုပ်သော မုန့်ညှပ်ကခြားနားမှုရှိသည်။ ရှောင်လုံပေါင်းပြုလုပ်သည့် မုန့်ညှပ်က ပါးလွှာရမည်။ထိုးဖောက်မြင်နိုင်ရမည်။ အကြမ်းခံ နိုင်ရမည်။

အရွက်ပေါက်စီအတွက် အသုံးပြုမည့် မုန့်ညပ်၏အလယ်ပိုင်းကအနည်းငယ် ပိုထူရမည်။ ထိုမှသာ

ပေါက်စီသားက ချိုမြပြီး မွှေးကြိုင်လိမ့်မည်။

သူက ပေါင်းအိုးထဲသို့ ရေနွေးလောင်းထည့်သည်။ ဝါးပေါင်းအိုးပေါ်မှာ မပေါင်းရသေးသည့်ပေါက်စီများကို ထားလိုက်သည်။

အပြင်ဘက်မှာ စောင့်ဆိုင်း

နေသည့် ဖောက်သည်များက လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၏ မွှေးရနံ့နှင့် ဂျုံ၏မွှေးရနံ့

ခပ်သင်းသင်းကိုရရှိသည်။ထို့ကြောင့် တံထွေးမြိုချသည့် အသံများက ပို၍ ကျယ်လောင်လာသည်။

လက်ကားရောင်းချသူတွေက‌ ဘေးနားမှာ ကျယ်လောင်စွာအော်သည်။ အစားအသောက်များ၏ ဆွဲဆောင်မှုကို ခံနိုင်ရည်မရှိသူ အများအပြားရှိသည်။

ထို့ကြောင့် ယွမ်ကျိုးစားသောက်ဆိုင်က ထွက်လာသောမွှေးရနံ့ကိုရှုရှိုက်ရင်း တစ်ခြားသောအစားအသောက်များကို စားသုံးသည်။တကယ်တမ်း လက်ကားရောင်းချသူများစကားပြောလိုက်သောအခါ သူတို့၏ပါးစပ်ထဲမှာ တံထွေး အများကြီးရှိနေသည်။

ထို့ကြောင့် စကားမပြောခင် တံထွေးကို မြိုချပစ်ရသည်။ ထိုမှသာ တခြားသူ၏မျက်နှာကို တံထွေးစင်ခြင်းမှ ကာကွယ်နိုင်လိမ့်မည်။

"တကယ့်ကိုမွှေးနေတာပဲ ဒီဟင်းသီးဟင်းရွက်တွေရဲ့မွှေးရနံ့ကြောင့် ငယ်ငယ်တုန်းက စားခဲ့ဖူးတဲ့ ဟင်းသီးဟင်းရွက်တွေကိုသတိတောင်ရသွားတယ်။ ဒါကြောင့်မလို့ တန်းစီစောင့်နေတဲ့လူတွေများတာ အံ့ဩစရာ

မရှိဘူး"

လက်ကားရောင်းချသူက မွှေးရနံ့ကို ရှုရှိုက်ရင်း တွေးတောမိသည်။

"ခင်ဗျားပြောတာမှန်တယ် ဒီလောက်မွှေးနေတာဆီနှင်းတွေနဲ့ ဟင်းသီးဟင်းရွက်တွေကိုရောထားတဲ့ အနံ့နဲ့တူတယ်"

လက်ကားရောင်းချသူ ပြောသောစကားကိုကြားရသောအခါ လိရန်ယီကဝင်ရောက်ပြောဆိုသည်။

"အဲဒီထက်တောင်ပိုမွှေးသေးတယ်"

လက်ကားရောင်းချသူကဖြည့်စွက်ပြောပြီး မနက်စာကို ဆက်လက်ရောင်းချသည်။

ထိုစဉ် ဆိုင်တံခါး ဖွင့်လာသည်။ ပုံမှန်ထက် စားသုံးသူဖောက်သည်များစွာရှိနေခြင်းကို ယွမ်ကျိုး မအံ့ဩချေ။ မုရှောင်ယွမ်က ဆိုင်ထဲသို့ ပထမဦးဆုံးဝင်သည်။

"မင်္ဂလာနံနက်ခင်းပါသူဌေး"

မုရှောင်ယွမ်က ယွမ်ကျိုးကို အားကြိုးမာန်တက် နှုတ်ဆက် စကားပြောသည်။

"အင်း။ မင်းရဲ့အစ်ကို သက်သာသွားပြီမလား"

ယွမ်ကျိုးက ရုတ်တရက်မေးမြန်းသည်။

"ဟုတ်ကဲ့။ သက်သာသွားပါပြီ။ ဒါနဲ့ သူဌေးက ဘယ်လို သိနေတာလဲ"

သူမ အနည်းငယ်တွေဝေသွားသော်လည်း ပျော်ရွှင်သောအမူအရာက သူမ၏ဖြူစင်‌သောမျက်နှာမှာ ပေါ်လွင်သည်။

"ခန့်မှန်းခဲ့ရုံပါ"

ထို့နောက် ယွမ်ကျိုးကမီးဖိုချောင်ထဲသို့ ပြန်သွားသည်။

"သူဌေးကအရာအားလုံးကိုသိနေတာပဲ။ အရမ်းကို အံ့ဩစရာကောင်းတယ်"

မုရှောင်ယွမ်ကပျော်ရွှင်စွာပြောသည်။

သို့သော်ငြားလည်း သူမ၏မူလအလုပ်ကို မမေ့လျော့ဘဲဖောက်သည်များကိုစတင် မိတ်ဆက်ပြီးစားသောက်ဆိုင်ထဲသို့ ဝင်ခွင့်ပြုသည်။

"သူဌေးယွမ် ဟင်းပွဲအသစ်ရောင်းတာလား"

ပုံမှန်ဖောက်သည်တစ်ယောက်က မေးမြန်းသည်။မေးမြန်းလိုက်သူသည် ဟင်းပွဲအသစ်ရောင်းချတိုင်းလာရောက် အားပေးသည့် မာကျစ်သာ ဖြစ်သည်။ သူသည် ဘောနပ်စ်ရတိုင်းတစ်ကြိမ်ထက်မကလာရောက်အားပေးလေ့ ရှိသည်။

"ပုံမှန်အတိုင်းဟင်းပွဲအသစ် ဝယ်စားချင်တာလား"

ယွမ်ကျိုးက တစ်ဖက်သူ၏အလေ့အထကို ကောင်းစွာသိနေသည်။

"ဘယ်ဟင်းပွဲအသစ်ကိုစပြီးစားရင်ကောင်းမလဲ စဉ်းစားနေတာ" ပုံမှန်အားဖြင့်ဂရုမစိုက်ဟန်ပြုမူတတ်သော မာကျစ်သာကအလွန်အမင်းလေးနက်သော အမူအရာဖြင့်စကားပြောသည်။

သူက အရေးကြီးသောကိစ္စရပ်ကိုတွေးတောနေ သကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

"ဒီနေ့ကစပြီးတော့ ကြာမြစ်ကစီဓာတ်ဟင်းပွဲကို

မနက်ခင်းတိုင်းရဲ့ မနက်စာအဖြစ် ရောင်းချပါမယ်"

ယွမ်ကျိုးက လူတိုင်းအံ့ဩသင့်စေသော သတင်းကို တည်ငြိမ်စွာထုတ်ပြောသည်။

မာကျစ်သာ ကဲ့သို့ တုံ့ဆိုင်းနေသောဖောက်သည်များသည် သတင်းကောင်းကြောင့် ဆူညံသွားပြီး ယွမ်ကျိုးကို ချက်ချင်း ကြည့်လိုက်သည်။

"သူဌေးယွမ် ခင်ဗျား ဖျားများဖျားနေတာလား"

ဝူဟိုင်းက အားမနာစတမ်းပြောသည်။ သူ၏လက်ကမုတ်ဆိတ်လေးကို ပွတ်သပ်နေသည်။

"သူဌေးယွမ် ခင်ဗျားဆေးခန်းသွားပြသင့်တယ်။ ကိုယ့်ကိုယ်ကိုယ်အရမ်းကြီးပင်ပန်းမခံနဲ့ နေ့လည်ခင်းမှဆိုင်ဖွင့်လည်း ရပါတယ်"

မာကျစ်သာက စဉ်းစားချင့်ချိန်ဟန်ဖြင့် ပြောဆိုသည်။

"နေမကောင်းရင်လည်း ဆိုင်မဖွင့်ပါနဲ့။ ဟင်းပွဲအသစ်တွေလည်း ထွင်စရာမလိုပါဘူး။ ဒီအိုမင်းနေတဲ့အဘိုးကြီးက နေ့လည်စာစားရရင်လည်း အဆင်ပြေပါတယ်"

လီရန်ယီကလည်းသံယောင်လိုက်သည်။

"ငါကျန်းမာရေးကောင်းတယ် တကယ်လို့ အအေးမိဖျားနာခဲ့ရင်တောင် သေ‌ချာပေါက်အနားယူမှာပါ။ ဒါမှ မင်းတို့တွေ မကူးစက်မှာလေ"

တခြားသူကို ထိခိုက်နစ်နာစေမည်ဟူသော အချက်ကို မပြုလုပ်သည့်ယွမ်ကျိုးက တခြားသူအတွက်စဉ်းစားပေးဟန်လေသံဖြင့်

ပြောသည်။

"သူဌေးယွမ်၊ ခင်ဗျားအသက်အရွယ်ကြီးပေမဲ့

ကျန်းမာကြံ့ခိုင်နေတယ်လို့ခံစားမိပါတယ်။ ဒါဆိုရင် ဟင်းပွဲကိုပဲ မှာတော့မယ်"

မာကျစ်သာက သူ့မှတ်ချက်ကိုပြန်လည် ရုပ်သိမ်းလိုက်သည်။

လက်လွတ်စပယ်ပြောတတ်သည့်ဝူဟိုင်းထက် အရင်ဆုံး ဟင်းပွဲကိုအော်ဒါတင်လိုက်သည်။

"လူငယ်တွေက တရုတ်စကားပုံတွေကို အမြဲတမ်းမှားယွင်းသုံးတယ် အိုမင်းပေမဲ့ကျန်းမာကြံ့ခိုင်တယ်လို့ပြောလို့ မရဘူးလေ ဒီလိုပြောသင့်ရဲ့လား အသက်ကြီးပေမဲ့စိတ်ပျိုကိုယ်နုတယ်လို့ ပြောရမယ်" ဝူဟိုင်းကသူ့မုတ်ဆိတ်လေးကို ပွတ်သပ်ရင်း စိတ်အားထက်သန်စွာ ပြောသည်။

"မင်းတို့ကောင်တွေ ဘာတွေပြောနေမှန်းလည်းမသိဘူး အားလုံးကအဓိပ္ပာယ် မရှိတာတွေပဲ"

လီရန်ယီကစိတ်ပျက်ဟန်ဖြင့်ပြောသည်။

သို့သော်ငြားလည်း ယွမ်ကျိုးက ဤမြင်ကွင်းကို ဘေးဘက်မှာ မတ်တပ်ရပ်နေပြီးခပ်တန်းတန်း အမူအရာဖြင့် စောင့်ကြည့်နေသည်။ သူ ဝင်ရောက် ပြောဆိုမည့်ရည်ရွယ်ချက် မရှိပေ။ သူက ဦးဆောင်သူ ဖြစ်သော်လည်း စိတ်ဝင်စားသော အမူအရာကို မပြသခဲ့ပေ။

"ကဲ လူတိုင်းပဲဟင်းပွဲတွေကိုအော်ဒါတင် လို့ရပါပြီ အချိန်အများကြီးမကျန်တော့ဘူး"

မုရှောင်ယွမ်ကအချိန်မကျန်တော့ကြောင်း ရည်ညွှန်းပြောဆိုမှသာ ဖောက်သည်များက ငြင်းခုန်ခြင်းကို ရပ်တန့်လိုက်ပြီး ပုံမှန်အတိုင်းဟင်းပွဲများကို စတင် အော်ဒါတင်သည်။

"ဒါဆိုရင်တစ်ပွဲမှာ ပေါက်စီဘယ်နှခုပါလဲ"

လီရန်ယီက သူသိချင်သည့်အချက်ကို အဓိကထားပြီးမေးမြန်းသည်။

"တစ်ပွဲမှာပေါက်စီ တစ်လုံးပါပါမယ်"

ယွမ်ကျိုးက ကြီးမားသောဝါးပေါင်းအိုးကြီးကို သေချာ ညွှန်ပြပြီး ပြန်ဖြေသည်။

"ဘယ်လိုဝါးအမျိုးအစားကိုသုံးထားလို့ အစိမ်းရောင်ရှိနေရတာလဲ"

လီရန်ယီ လှည့်ကြည့်လိုက်သောအခါ မြစိမ်းရောင် အဆင်းရှိသော ဝါးပေါင်းအိုးကို

တွေ့သည့်အခါ မနေနိုင်မထိုင်နိုင် မေးမြန်းလိုက်သည်။

"စတုရန်းပုံဝါးကိုသုံးထားတာပါ"

ယွမ်ကျိုးက တည်ငြိမ်သောအမူအရာဖြင့် ပြန်ဖြေသည်။

"ကြာမြစ်ကစီဓာတ် တစ်ပွဲပေးပါ"

မည်သို့ပင်ဆိုစေကာမူ လီရန်ယီကအတွေ့အကြုံရှိသူဖြစ်သည်။ ဝါး၏ပုံစံကိုကြည့်ပြီး ယွမ်ကျိုးကိုယုံကြည်မှု မရှိသောကြောင့် သူက'ကြာမြစ်ကစီဓာတ်ဟင်း'ကိုရွေးချယ်လိုက်သည်။

"အိုကေ ခဏစောင့်ပေးပါ"

ကြာမြစ်ကစီဓာတ်များကို ကြိတ်ထားပြီးသားဖြစ်သည်။ ယွမ်ကျိုးက ကြာမြစ်ကစီဓာတ်ထဲ

ရေထည့်ပြီးအရည်ဖျော်ရန်သာလိုအပ်သည်။

သကြားထပ်ထည့်ရန်လည်းမလိုအပ်‌‌ချေ။ ဤဟင်းပွဲကို ပြင်ဆင်ရန်၃၀စက္ကန့်သာ လိုအပ်သည်။

အသင့်အနေအထားဖြစ်အောင် ကြာမြစ်ကစီဓာတ်ကိုကြိတ်ထား၍ ယခုလို အဆင်ပြေခြင်းဖြစ်သည်။

"ကြာမြစ်ကစီဓာတ်နဲ့အမယ်စုံအရွက်ပေါက်စီ

တစ်ပွဲပေးပါ" မာကျစ်သာက သူစားမည့်ဟင်းပွဲကို

ဆက်လက် အော်ဒါတင်သည်။

"အွန်း"ယွမ်ကျိုးက ပြန်ဖြေပြီးပေါက်စီတစ်လုံးနှင့် ရောစပ်ထားသည့်ကြာမြစ်ကစီဓာတ်ဟင်းပွဲကို

သယ်ဆောင်လာပြီး သူ့ထံလှမ်းပေးသည်။

"မတူညီတဲ့ဟင်းပွဲနှစ်မျိုးကို မနက်စာအဖြစ် တစ်ပြိုင်နက်ထဲစားရတာက တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ့အခိုက်အတန့်ပဲ"

မာကျစ်သာက ဟင်းပွဲတွေကို ရှုရှိုက်လိုက်ပြီး ကျေနပ်ဟန်ပြောသည်။

မာကျစ်သာ၏ အရှေ့မှာ

ဟင်းပွဲ၂ပွဲရှိနေသည်။ တစ်ပွဲကထိုးဖောက်မြင်နိုင်ပြီး ပန်းရောင်အဆင်းရှိသော ကြာမြစ်ကစီဓာတ် ဟင်းပွဲဖြစ်သည်။ နောက်တစ်ပွဲကအဖြူရောင် အဆင်းရှိပြီးမွှေးကြိုင်သောပေါက်စီဖြစ်သည်။

ဤမြင်ကွင်းကို ဘေးဘက်မှစောင့်ကြည့် နေသော လီရန်ယီကရုတ်တရက်ဝင်ရောက် ပြောဆိုသည်။

"ငါလည်းပေါက်စီ တစ်ပွဲလိုချင်တယ်"

"ရမယ် ခဏနေရင်ရစေရမယ်"

မုရှောင်ယွမ်ကပြန်ဖြေလိုက်ပြီးယွမ်ကျိုးထံ သတင်းသွားပို့သည်။

"ဒီအိုမင်းတဲ့အဘိုးကြီးက ဒီဝါးပေါင်းအိုးလေးကိုဆေးသုတ်ထားတာလား ဆိုတာစစ်ဆေးကြည့်ဦးမယ်"

လီရန်ယီက ဝါးပေါင်းအိုးလေးကို လက်ခံယူပြီးတဲ့နောက် ဝါးပေါင်းအိုးမှထွက်ပေါ်နေတဲ့မွှေးရနံ့ကို လျစ်လျူရှုပြီးအသေးစိတ်အကဲခတ် ကြည့်သည်။

ဝါးပေါင်းအိုးကို ဖုံးကွယ်ထားသော

အရာက သာမန်အဝတ်စ မဟုတ်ဘဲ အစိမ်းရောင်အရွက်ဖြစ်သည်။ဝါးပေါင်းအိုးကို အရွက်နဲ့ပြီးပြည့်စုံအောင်ဖုံးကွယ်ထားခြင်း

ဖြစ်သည်။

မျက်နှာပြင်က ချောမွေ့ပြီး ၎င်းမှမွှေးကြိုင်ရနံ့များ ထွက်ပေါ်နေ

သည်။

သေချာရှုကြည့်ရုံဖြင့် မွှေးကြိုင်သောရနံ့ကို ခံစားမိနိုင်သည်။ ပေါက်စီမှ ထွက်ပေါ်လာသော အပူငွေ့က ရေစက်ရေပေါက်များအဖြစ် ပြောင်းလဲကာ ဝါးပေါင်းအိုးကို ခံထားသောပန်းကန်ပြား ပေါ် ရေစက်များ ကျဆင်းလာခြင်းကို မမြင်တွေ့ရပေ။

ပေါင်းအိုးထဲမှာ ပေါက်စီလေးကိုအပြည့်ဖြည့်ထားသည်။ ပေါက်စီက အဖြူရောင် အဆင်းရှိပြီး ဝဖိုင်းဖိုင်းနှင့် ချစ်စရာကောင်းသည်။ပေါက်စီအရွယ်အစားအားလုံးကို တစ်ပြေးညီတည်း ဖြစ်အောင်ပြုလုပ်ထားသည်။

စားကောင်းသောက်ဖွယ်လေးကိုလှပစွာ ပုံဖော်ထားသည်ဟုပင် ထင်မှတ်ရသည်။ မျက်စိပသာဒ ရှိလှသည်။ လီရန်ယီကတူကိုကောက်ကိုင်လိုက်ပြီး အဖြူရောင်ပေါက်စီလေးကိုညှပ်လိုက်သည်။

ပေါက်စီလေးက တူနှင့်အတူ နာခံစွာ လိုက်ပါလာသည်။ တစ်ချက်ကိုက်လိုက်ရုံဖြင့် လီရန်ယီချက်ချင်း အံ့အားသင့်သွားသည်။

အပိုင်း(၁၉၀)

ပြီးပါပြီ။

၁၉၁ မှ ၁၉၅

ယွမ်ကျိုး အပိုင်း(၁၉၁)

ပေါက်စီကအရွယ်အစားကြီးမားနေသည်မှလွဲ၍ တူဖြင့် ညှပ်ရအလွန် လွယ်ကူသည်။ လီရန်ယီက တူကို အသုံးပြုပြီး ပေါက်စီကို ညှပ်ယူရန် ခွန်အားနည်းနည်း သုံးရန်သာ လိုအပ်သည်။

နီညိုရောင်သန်းနေသော

ဝါးတူနှင့် ဖြူဖြူဖွေးဖွေး

ပေါက်စီလေးက လိုက်ဖက်မှုရှိပြီးသိသာထင်ရှားသော ကွဲပြားမှုကိုပေါ်လွင်စေသည်။ နီညိုရောင်တူလေးကြောင့် ပေါက်စီကပိုပြီးတော့ဖြူဖွေးသယောင်၊ ပိုပြီးတော့ပြည့်ဖြိုးသယောင် ၊ပိုပြီးတော့ကြည့်ကောင်းသယောင်ပေါ်လွင်စေသည်။ တစ်ကိုက်စားကြည့်ရုံနှင့် လီရန်ယီက ပေါက်စီအတွင်းမှာအလွန့်ကို ခြောက်သွေ့နေပြီး

စွတ်ပြုတ်ရည် လုံးဝမရှိခြင်းကိုသတိပြုမိသည်။ သူ အတော်ကြီးအံ့အားသင့်သွားရသည်။

ပုံမှန်အားဖြင့် အရွက်ပေါင်းပေါက်စီကိုပြုလုပ်သည့် နည်လမ်းနှစ်မျိုးရှိပါသည်။

ပထမတစ်မျိုးကအစာသွပ်ထည့်မဲ့ ဟင်းသီးဟင်းရွက်ထဲမှာ ပါဝင်သည့်ရေများကို ညစ်ထုတ်ပြီး အရသာရှိအောင် နှင့် ဝါးရတာအဆင်ပြေ‌အောင် နှမ်းဆီကို ရောထည့်သည်။ တခြားနည်းလမ်းက

နှမ်းဆီမထည့်ဘဲ အစိုဓာတ်ကိုထိန်းသိမ်းသည့် နည်းလမ်းဖြစ်သည်။

ထိုမှသာ ပေါက်စီများကို

ပေါင်းပြီးသည့်အခါ ပေါက်စီထဲမှာရှိသည့် စွပ်ပြုတ်အနှစ်ရည်ကို ထိန်းသိမ်းထားနိုင်မည်။

ထို့ပြင် စွပ်ပြုတ်အနှစ်အရည်များက အစာသွပ်ထည့်ထားသည့် နေရာအနှံ့ကို ပြန့်ကျဲသွားပြီး မတူညီသော အရသာခံစားမှုကို ပေးစွမ်းလိမ့်မည်။

စားဖိုမှူးက ကျွမ်းကျင်မှုမရှိဘူးလျှင် ပေါက်စီ ပြုလုပ်သော ပထမနည်းလမ်းကအရသာဆိုးရွားစေလိမ့်မည်။ အရွက်ပေါင်းပေါက်စီလေးကို တစ်ကိုက်စားပြီးနောက်မှာ ဒီအရွက်ပေါင်းပေါက်စီအတွင်းကနေ စွပ်ပြုတ်ရည်လေးကျဆင်းလာခြင်းမရှိသကဲ့သို့ နှမ်းဆီ၏ပြင်းထန်သောမွှေးရနံ့တွေကို မခံစားရပေ။

အရွက်များ၊ အရွက်ရိုးတံလေးများ၏ ကြွပ်ဆတ်မှုနှင့် ကြာမြစ်အပိုင်းအစလေးများက သူ့ခံတွင်းထဲမှာ အလွန့်ကိုကောင်းမွန်သော

ခံစားချက်ကို ဖြစ်ပေါ်စေသည်။

လီရန်ယီကအစာသိပ်ထားထည့်ထားသည့် အရွက်များတွင် ပါဝင်

သော စွပ်ပြုတ်ကို ခံစားမိသည်။

ပူပူနွေးနွေးစွပ်ပြုတ်ရည်များက လတ်ဆက်ပြီး မွှေးကြိုင်သောရနံ့ကို သူ့ခံတွင်းထဲမှာ ဖြစ်ပေါ်စေသည်။

"တကယ့်ကို ဖန်တီးမှု စိတ်ကူးကောင်းတယ် အရမ်းအရသာရှိတယ်"

လီရန်ယီ၏မျက်နှာပေါ်မှာ ကျေနပ်သော အပြုံးလေးပေါ်လာသည်။

ပေါက်စီ အပြင်သားအနေဖြင့် နူးညံ့သည့် မုန့်ညှပ်ကို အသုံးပြုထားသောကြောင့် ကြွပ်ဆတ်သော

အရွက်နှင့် အလယ်အလတ် မာကြောမှုရှိသော အဖြူရောင်တို့ဟူးအပိုင်းအစလေးများ၏ အရသာကို ပို၍ကောင်းမွန်စေသည်။

လီရန်ယီက တူကိုအောက်ကိုချချင်သော စိတ်မဖြစ်ဘဲ ပေါက်စီကိုဖြည်းဖြည်းချင်း အရသာမြည်းနေသည်။ အဆုံးသတ်မှာ လီရန်ယီကတူကိုအောက်ကိုချလိုက်ပြီး

သူ့လက်နှစ်ဖက်ဖြင့် ပေါက်စီကိုစားသည်။

စားလိုက်တိုင်းအရသာကကောင်းမွန်လွန်းသည့်အတွက် နတ်သုဒ္ဓါ စားနေရသည်ဟုပင် ခံစားမိသည်။ အစာသွပ်ထားသော အရွက်ပမာဏနှင့် အပြင်သားမုန့်ညှပ်က တွက်ချက်ထားသည့်အတိုင်း တိတိကျကျရှိပြီး

လိုက်ဖက်မှုရှိသည်။

ခဏကြာပြီးနောက် ဖောက်သည်အားလုံးက ပေါက်စီပေါင်းကိုကိုက်စားလိုက်သောအခါ အံ့ဩမှင်သက်သောအမူအရာကိုပြသသည်။ ထို့နောက် ကျေနပ်ဖွယ်အမူအရာဖြင့် ပင့်သက်ရှိုက်ကြသည်။

"အရမ်းအရသာရှိတယ် ဟင်းအနှစ်ရည်လေးတွေကိုအရွက်အတွင်းမှာ သေချာကိုထုပ်ပိုးထားတယ်။ အစာသွပ်ထားတဲ့ အရွက်တွေရယ် ဒီအပြင်ကနေအကာအနေနဲ့ အသုံးပြုထားတဲ့မုန့်ညှပ်ကိုကောင်းမွန်စွာပေါင်းစပ်ထားလို့ အရမ်းကို အရသာရှိတယ်။ ပါဝင်ပစ္စည်း၂ခုကို ကျွမ်းကျွမ်းကျင်ကျင်နဲ့အရသာရှိအောင် ပေါင်းစပ်ထားတယ်လို့ ခံစားမိတယ်"

အကျိုးဆက်အနေဖြင့်ဖောက်သည်များက

ဟင်းပွဲအသစ်ကို ကြိုက်နှစ်သက်သွားကြသည်။

သူတို့က ယွမ်ကျိုး၏ဟင်းပွဲများကို စားသုံးချိန်တိုင်း အရသာနှင့်ပတ်သက်ပြီး အံ့ဩသောခံစားချက်များဖြစ်ပေါ်ရသည်။

သာမန်ပေါက်စီပေါင်းတစ်ခုက ကောင်းမွန်သောအရသာကိုအမှန်တကယ် ဖြစ်ပေါ်စေသည်။

ပေါက်စီကိုစားပြီးနောက် လီရန်ယီက စားကောင်းသောက်ဖွယ်၏ အရသာကို စားမြုံပြန်ရင်း သူမှာယူထားသော ကြာမြစ်ကစီဓာတ်ဟင်းပွဲကို စားချင်သောဆန္ဒမရှိသေးပေ။

သူ၏အမြင်တွင်အေးစက်နေသောကြာမြစ်ကစီဓာတ်သည်အရသာမကောင်းမွန်ဟု ခံယူထား၍ဖြစ်သည်။

အေးစက်သွားသည့်အတွက် ကစီဓာတ်နှင့်ရေက တစ်သီးတခြားဖြစ်ပြီး အရသာဆိုးရွားလိမ့်မည်ဟု တွေးထားခြင်း ဖြစ်သည်။ ရေနှင့်ကြာမြစ်ကစီဓာတ် တစ်သီးတစ်ခြားဖြစ်သွားခြင်းက အလွန်အမင်း မနှစ်မြို့ဖွယ်ကောင်းသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

ဤသည်ကား ကြာမြစ်ကစီဓာတ်ဟင်းပွဲနှင့် ပတ်သက်၍

လီရန်ယီ၏အမြင်ဖြစ်သည်။ ကြာမြစ်ကစီဓာတ်ကို မစားဘဲအကြာကြီးထားသောကြောင့် ယခုလိုအခြေနေမျိုး ကြုံလာလိမ့်မယ်ဟုကြိုတင်တွေးထားခြင်း ဖြစ်သည်။

ထို့ကြောင့်သူက ကြာမြစ်ကစီဓာတ်ဟင်းပွဲကို မြည်းစမ်းချင်သော ဆန္ဒမရှိပေ။ နဖူးကြောများ

တင်းကြပ်သည်အထိ မျက်မှောင်ကြုတ် ပြီးနောက်

လီရန်ယီကသူ့ရဲ့အလေ့အထအတိုင်း လက်ကိုဆန့်တန်းလိုက်ပြီးဇွန်းဖြင့် မွှေလိုက်သည်။

ထို့နောက် ပြဿနာတစ်စုံတစ်ရာကို သူ ရှာတွေ့သွားသည်။

ဇွန်းဖြင့်မွှေလိုက်သောအခါ ကြာမြစ်ကစီဓာတ်ဟင်းပွဲကို တည်ခင်းထားစဥ်က ကဲ့သို့ ကြာမြစ်ကစီဓာတ်ဟင်းပွဲသည် စီးကပ်ပြီးပန်းရောင်အဆင်းလေး ရှိသည်။

မွှေးရနံ့တချို့ကလည်း ထွက်ပေါ်နေပြီး အပူငွေ့လေးကအပေါ်ဘက်သို့ လှိုင်တက် နေသည်။

"အကြာကြီးမစားဘဲထားတာတောင် ကောင်းနေသေးတာလား"

လီရန်ယီကခွက်အတွင်းကိုကြည့်လိုက်ပြီး နားလည်ရခက်နေသည်။

ထို့နောက် ကြာမြစ်ကစီဓာတ်ဟင်းပွဲသည် သူမှာယူခဲ့သည့်အတိုင်းတစ်ပုံစံတည်း ရှိနေခြင်းကို

သိရှိသွားသည်။

ထိုမှသာ သူစားသုံးသင့်သည် ဟုခံစားမိသည်။ ဤဟင်းပွဲက စားသုံးရန် လက်သင့်ခံနိုင်ဖွယ်အနေအထားရှိသည်။

"ဒီသူဌေးကစိတ်သဘောထားဆိုးရွားတာကလွဲလို့ ဟင်းချက်ကောင်းတာပဲ" လီရန်ယီကစိတ်သဘောထားဆိုးရွားကြောင်း

တခြားသောမှတ်ချက်တစ်ခုကိုထပ်မံ ပေးခဲ့သည်။

သူဗိုက်ပြည်နင့်သွားသည်ဟု ခံစားမိသောကြောင့် မတ်တပ်မရပ်ခင်ထိုင်ခုံမှာ ၅မိနစ်ခန့် အနားယူလိုက်သည်။

သူကအိုမင်းလာသည့် အတွက်ကြောင့်အစာအများကြီးမစားနိုင်တော့ပေ။ ယခုအချိန်မှာ ကျေနပ်သောခံစားချက်ကို ခံစားမိသောကြောင့် မထွက်သွားခင် ဗိုက်လေးကို ပွတ်သပ်ပြီး မတ်တတ်ရပ်နေလိုက်သည်။

"အဘိုးကြီး၊ မနေ့တုန်းကကျ ဒီဆိုင်ကိုထပ်မလာတော့ဘူးလို့ပြောခဲ့တယ် မလား"

မုရှောင်ယွမ်က ပြုံးကာပြောသည်။

သူမက လီရန်ယီကိုသဘောမကျသည့်အတွက် ယခုလိုစကားမျိုးပြောခြင်း ဖြစ်သည်။ မနေ့တုန်းက လီရန်ယီက ဆိုင်ကနေထွက်သွားသည့်အချိန်အထိ ပြစ်တင်ပြောဆိုပြီး ကျိန်ဆဲနေခဲ့သည်။

ထို့ကြောင့် သူမက လီရန်ယီကို သဘောမကျခြင်းလည်း ဖြစ်သည်။ ယခုလို ဆိုးဝါးသောစကားများကိုပြောလာ၍ ပိုသဘောမကျဖြစ်မိသည်။

ဉာဏ်ထက်မြက်သော

မုရှောင်ယွမ်လေးက လီရန်ယီအစားအသောက်တွေ ကုန်အောင်စားပြီးမှသာ ယခုလိုစကားမျိုးကိုတမင်တကာပြောခြင်း ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ သူကကျသင့်ငွေအတွက်ပေးဆောင်ပြီးသား ဖြစ်သည်။

"ဘယ်တုန်းက ပြောခဲ့လို့လဲ။ ဒီအဘိုးကြီးက မှတ်ဉာဏ်မကောင်းဘူး"

လီရန်ယီက ခပ်ပြတ်ပြတ်ငြင်းပယ်သည်။

"မနေ့တုန်းက ပြောခဲ့တာလေ။ ဒီဆိုင်ကို ရိုက်စားဆိုင်လို့ပြောပြီး ထပ်မလာတော့ဘူးလို့ပြောခဲ့တာလေ"

ထိုစကားကိုပြောလိုက်စဉ် မုရှောင်ယွမ်က မကျေမနပ်အမူအရာကိုဖော်ပြသည်။

"ကောင်မလေး၊ မင်းနားကြားမှားတာဖြစ်လိမ့်မယ်"

လီရန်ယီက ချက်ချင်းငြင်းပယ်သည်။

မုရှောင်ယွမ်က ဆက်လက်ပြောကြားချင်မှန်း သိသောအခါ သူက ချက်ချင်းပြန်ပြောသည်။

"ဒီဆိုင်က အစားအသောက်တွေကို ဝယ်မစားနိုင်တဲ့သူနဲ့ စကားမပြောချင်ဘူး"

ဤစကားက မုရှောင်ယွမ်၏ အရှိုက်ကိုထိသွားသည်။

ချက်ချင်းပဲ မုရှောင်ယွမ်ကနှုတ်ဆိတ်သွားပြီး ဘာပြောရမလဲမသိဖြစ်နေသည်။

သူပြောသွားသည့် အချက်က တကယ် မှန်ကန်နေသည်။ မုရှောင်ယွမ်က တခြားသူများ၏ စားကောင်းသောက်ဖွယ်များမှ ထွက်ပေါ်လာသော မွှေးရနံ့များကြောင့် သူမ မကြာခဏ သွားရည်ကျသောခံစားချက်

ဖြစ်ရသည်။

ပိန်ပိန်ပါးပါးကောင်မလေး ဖြစ်သောကြောင့် သူမအရှက်ရသွားသော အမူအရာက သိသာထင်ရှားနေသည်။

"ကိစ္စမရှိဘူး ကောင်မလေး။ မင်းအတွက် ကြာမြစ်ကစီဓာတ်ဟင်းပွဲတစ်ပွဲကို မှာ‌ပေးမယ်"

ဝူဟိုင်းက ချက်ချင်းဝင်ပြောသည်။

"ကျေးဇူးတင်ပါတယ် ဦးလေးဝူ။ ဒါပေမဲ့ မလိုအပ်ပါဘူး။ သိပ်မကြာခင်မှာ ကျွန်မဘာသာကျွန်မ ဝယ်စားနိုင်မှာပါ"

မုရှောင်ယွမ်ကရှက်ကိုးရှက်ကန်းအမူအရာဖြင့် စကားပြောသည်။

"ရပါတယ်လေ။ ဒါဆိုရင်လဲ ရတယ်လေ"

ဝူဟိုင်းက သူ့ရဲ့ကမ်းလှမ်းမှုကို မုရှောင်ယွမ် ငြင်းပယ်လိုက်သောအခါ အတင်းမတိုက်တွန်းပေ။

လီရန်ယီက ဤအချက်နှင့်ပတ်သက်ပြီး လုံးဝဂရုမစိုက်ပေ။

သူက သွက်လက်သော ခြေလှမ်းများဖြင့် စားသောက်ဆိုင်အပြင်ဘက်သို့ လမ်းလျှောက်သွားလိုက်စဉ် သူက ခနဲ့တဲ့တဲ့တွေးလိုက်သည်။

"ဒီနေ့လည်း ဆိုင်ကို လာမယ်။ မနက်ဖြန်လည်း လာမယ်။ ငါက ချမ်းသာတယ်။ ပြီးတော့ အပြောင်းအလဲလည်းမြန်တယ်"

ထို့ကြောင့် လီရန်ယီက သူ အားလပ်ချိန်တိုင်း ယွမ်ကျိုး၏စားသောက်ဆိုင်သို့ လာရောက်လေ့ရှိသည်။

စားသောက်ဆိုင်တွင် ရောင်းချသော ဟင်းပွဲအားလုံးကို မြည်းစမ်းပြီးလျှင် ဆိုင်သို့ထပ်မံမလာကြောင်း တွေးထားသောကြောင့် ဆိုင်မှာရောင်းချသော ဟင်းပွဲတိုင်းကို ဖြည်းဖြည်းချင်းစတင်မြည်းစမ်းသည်။

"ဟင်းချက်စွမ်းရည်က အရည်အချင်းရှိပေမဲ့

EQက နိမ့်ကျတယ်"

နောက်ဆုံးအနေဖြင့် လီရန်ယီက ယွမ်ကျိုးနှင့် ပတ်သက်ပြီးမှတ်ချက်ကို ပေးလိုက်သည်။

EQနဲ့ပတ်သက်လာလျှင် လီရန်ယီက ယွမ်ကျိုးကိုမှတ်ချက်ပေးနိုင်သော အရည်အချင်းဖြင့် မပြည့်စုံပေ။ သူကလည်း ယွမ်ကျိုးထက် အခြေအ‌နေ မသာလွန်သောကြောင့်ဖြစ်သည်။

ယခင်တစ်ခေါက်တုန်းက ကြာပန်းစားသောက်ဆိုင်၏သူဌေးသည် လီရန်ယီ၏မှတ်ချက်ကိုမြင်တွေ့သောအခါ မူးလဲလုနီးပါးဖြစ်သွားသည်။

ပထမဦးဆုံးဆိုင်ဖွင့်တဲ့အချိန်မှာပင် ဖောက်သည်အရေအတွက်က တခြားဆိုင်များနှင့်ယှဉ်လိုက်လျှင် မျှော်မှန်းထားသည်ထက်ပို၍ နည်းပါးသွားသည်။

တစ်စုံတစ်ခုသော အကျိုးသက်ရောက်မှုကြောင့်လား သို့တည်းမဟုတ် လီရန်ယီ၏မှတ်ချက်က သက်ရောက်မှုရှိသည့်အချက်ကြောင့်လား သူ သေချာမသိပေ။

မှတ်ချက်ပေးသူတစ်ဝက်‌ ကျော်ခန့်၏ပြောစကားများကြောင့်သာ လီရန်ယီမှတ်ချက်၏စွမ်းအားများကို မျက်မြင်တွေ့ရှိသွားသည်။

လီရန်ယီ၏ မနှစ်သက်သောမှတ်ချက်ကြောင့် အစားအသောက် မှတ်ချက်ပေးသူများက သူ့စားသောက်ဆိုင်ကိုကောင်းမွန်သော မှတ်ချက်များမပေးတော့ပေ။ ထို့ကြောင့် သူ့စီးပွားရေးကို အဆိုးရွားဆုံး ထိခိုက်စေခဲ့သည်။

"မိုက်မဲပြီးတော့ခေါင်းမာတဲ့မြွေပွေးရန်။ ခင်ဗျားကအရမ်းကိုရက်စက်လွန်းတယ်"

အပေါ်ထပ်မှာမတ်တပ်ရပ်နေပြီးသူဌေးက ပင်မခန်းမဆောင်ထဲတွင် ကျိုးတိုးကျဲတဲရှိနေသော ဖောက်သည်များကို

ကြည့်ပြီး လီရန်ယီကိုမကျေမနပ် ကျိန်ဆဲနေသည်။

သူ၏အပြုအမူက သူဌေးတစ်ယောက်၏အမူအယာနှင့် သင့်လျော်မှုမရှိပေ။

ကြာပန်းစားသောက်ဆိုင်၏

ဝင်ငွေကသတ်မှတ်ထားသောရာခိုင်နှုန်းအောက်သို့ မကျဆင်းသွား၍ ကံကောင်းသွားသည်။

သို့တည်းမဟုတ်လျှင် သူဌေးက လီရန်ယီနှင့် အသေအကျေတိုက်ခိုက်ရလိမ့်မည်။ မန်နေဂျာကုံက အောက်ထပ်တွင်ရှိသော စီးပွားရေးကိုဦးဆောင်လုပ်ကိုင်နေရင်း ခေါင်းကိုက်နေရသည်။

လွန်ခဲ့သောလဝက်ကျော်ခန့်ကလီရန်ယီသည် တခြားသောစားသောက်ဆိုင်များ၏ ဖိတ်ကြားမှုကိုလက်မခံခဲ့ပေ။ ထို့ကြောင့် သူ့လက်ထောက်ကသူ့ကိုဖုန်းခေါ်လာသည်။

"ပါမောက္ခ အလုပ်ရှုပ်နေတာလား"

ယန်ကျာ၏အသံကဖုန်း၏တခြားတစ်ဖက်မှ ထွက်ပေါ်လာသည်။

"ဘာကိစ္စရှိလို့လဲ"

လီရန်ယီကဟင်းပွဲ၏နောက်ဆုံးကျန်သော တစ်လုတ်ကိုစားသုံးနေ၍ မြိုချပြီးတော့မှ စကားပြန်ပြောနိုင်သည်။ မြိုချပြီးနောက် လျှာပေါ်ကျန်ခဲ့သောဟင်းပွဲ၏ နောက်ဆုံးအရသာလေးကို

အရသာခံရန် ခဏအချိန်ယူရဦးမည်။

အနည်းဆုံး၂မိနစ်ခန့်အချိန်ယူရသည်။ သို့သော်ငြားလည်း

ယန်ကျာက သူ့ကို စောင့်ဆိုင်းနေပြီး အလောတကြီးမတိုက်တွန်းပေ။ ဤသည်ကား လီရန်ယီ၏ သဘောထားဖြစ်သည်။

ဖုန်းပြန်ဖြေသည့်သဘောက သူနှင့် စကားပြောမည့်ရည်ညွှန်းခြင်းဖြစ်သည်။

ဖုန်းကိုရပ်တန့်ထားသောအချက်က အရသာရှိသောဟင်းပွဲများကို မြည်းစမ်းနေခြင်း သို့တည်းမဟုတ် အရေးကြီးသောကိစ္စတစ်ရပ်ကိုလုပ်ဆောင်နေခြင်း ဖြစ်လိမ့်မည်။

ဖုန်းပြန်ဖြေသည့်သဘောက ရင်းနှီးသောဆက်ဆံရေးကိုညွှန်ပြခြင်းလည်းဖြစ်သည်။

"မနက်ဖြန်နေ့လည်ကျရင် ချိုက်ဟဲစားသောက်ဆိုင်ကိုသွားဖို့လိုအပ်တယ်။ သူတို့ရဲ့စား‌သောက်ဆိုင်ကဟင်းပွဲတွေကို အရသာမြည်းစမ်းပေးမယ်လို့ လွန်ခဲ့တဲ့၁လကျော်က ကတိပေးထားတယ် ဒါကြောင့်မလို့ မနက်၁၀နာရီခွဲကျရင် ပါမောက္ခကိုလာခေါ်မယ်။ ဘယ်လို သဘောရလဲ" ယန်ကျာကအတိုချုပ်၍ အဓိကအချက်ကိုပြောသည်။

"အင်း ငါနားလည်ပြီ"

လီရန်ယီကပြန်ဖြေသည်။

"ဒါဆိုရင် ဆိုင်မှာရောင်းချတဲ့မီနူးတွေကို အခုချက်ချင်းပို့ပေးပါမယ်"

ယန်ကျာကစကားပြောနေစဉ် မီနူးကိုသူ့ဆီပို့လိုက်သည်။

ပူပူနွေးနွေးဟင်းပွဲ၈မျိုး၊အေးစက်စက်ဟင်းပွဲ၆မျိုးနဲ့စွပ်ပြုတ်၃မျိုး၊ သရည်စာမုန့် ၅မျိုး၊ အားလုံးကရိုးရှင်းသော အမည်များသာဖြစ်သည်။

ပူစပ်စပ်ထမင်းနှင့် အမဲသားကညွတ်ကြော်၊ ကော်ဖီဒိန်ချဉ် နှင့်

ပူပူနွေးနွေး ဖရဲသီး၊ နဂါးမောက်သီး ထူးဆန်းသောနာမည်များ ကြောင့် လီရန်ယီချက်ချင်းစိတ်တိုသွားသည်။

"ဘာတွေရေးထားမှန်းလဲမသိဘူး ယုတ္တိမတန်တဲ့နာမည်တွေလည်းပေးထားတယ်။ နာမည်ကောင်းကောင်း မပေးတတ်ဘူးလား"

သူက မကျေမနပ်ပြောဆိုပြီးနောက် ယွမ်ကျိုးစားသောက်ဆိုင်အပြင်ဘက်သို့ ထွက်လာခဲ့သည်။

အပိုင်း(၁၉၁)

ပြီးပါပြီ။ယွမ်ကျိုး အပိုင်း(၁၉၂)

ထူးဆန်းပြီး ယုတ္တိမတန်သော ဟင်းပွဲများ၏နာမည်ကြောင့် လီရန်ယီက ဟင်းပွဲများကို မြည်းစမ်းချင်သောဆန္ဒ ပျောက်ဆုံးသွားသည်။

သို့သော်လည်း လီရန်ယီက တခြားသူများကို ပေးထားသောကတိကို မဖောက်ဖျက်ချင်၍ ဆိုင်သို့သွားရန် ဆုံးဖြတ်ထားသည်။

နောက်တစ်နေ့ မနက်ခင်း ၁၀ နာရီခန့်တွင် ယန်ကျားက လီရန်ယီ၏အဆောက်အဦအောက်ဘက်သို့ ရောက်ရှိနေသည်။

လီရန်ယီက သူ့လက်ထောက်၏ စိတ်နေသဘောထားကို ရှင်းလင်းစွာ သိထားသောကြောင့် ၁၀ နာရီ မိနစ် ၂၀ မရောက်ခင် အောက်ထပ်သို့ဆင်းလာသည်။

"မင်္ဂလာနံနက်ခင်းပါ ပါမောက္ခ။ အဲဒီ့ဆိုင်မှာ လက်ဖက်ရည်ရတယ်။ ပါမောက္ခ သောက်လို့ရတယ်"

ယန်ကျားက ကားပေါ်မှဆင်းလာပြီး လီရန်ယီအတွက် ကားတံခါးဖွင့်ပေးပြီး ပြုံးကာ စကားပြောသည်။

"ရတယ်။ ချိုင်ဟဲ စားသောက်ဆိုင်က ဘယ်နားမှာလဲ"

လီရန်ယီက စားသောက်ဆိုင် တည်နေရာကို တကယ်မသိပေ။

ဖိတ်ကြားမှုများကို လက်ခံဆောင်ရွက်ခြင်းကို ကြီးကြပ်သူက ယန်ကျားဖြစ်သည်။ ယန်ကျားက ဖိတ်ကြားသည့် စားသောက်ဆိုင်များကို ကနဦးစစ်ဆေးမှု လုပ်ဆောင်ရသည်။

လက်ခံခြင်း၊ လက်မခံခြင်းကို လီရန်ယီက ဆုံးဖြတ်ပေးရသည်။ ချိုင်ဟဲစားသောက်ဆိုင် ကောင်း/မကောင်းကို လမ်းညွှန်ပေးသူက ယန်ကျား၏ဇနီးသည် ဖြစ်သည်။

"ပါမောက္ခ၊ ဒီစားသောက်ဆိုင်ကို ရောက်ခါနီးနေပါပြီ။ ပန်ဒါလမ်းနားကို ရောက်နေပါပြီ။ ၅မိနစ်နေရင် ရောက်နိုင်ပါတယ်"

မီးပွိုင့်အစိမ်းရောင်ဖြစ်မည့်အချိန်ကို စောင့်ဆိုင်းနေစဉ် ယန်ကျားက ခေါင်းလှည့်ကာ ပြောသည်။

"တကယ်ကော ရောက်ခါနီးတာ သေချာလို့လား"

လီရန်ယီက ငြီးတွားပြောဆိုသည်။

"ဟုတ်တယ်။ ရောက်ခါနီးပါပြီ"

သူတို့စကားပြောနေရင်း ယန်ကျားက သတ်မှတ်ထားသောနေရာသို့ ပုံမှန်နှုန်းဖြင့် မောင်းနှင်သွားသည်။

"ပါမောက္ခ၊ ဒီစားသောက်ဆိုင်ပါ"

ယန်ကျားက စားသောက်ဆိုင်ဝင်ပေါက်နားမှာ ကားရပ်မှသာ သတ်မှတ်ထားသော ကားပါကင်သို့ သွားရောက်ရန် ပြင်ဆင်နိုင်မည်။

"ကောင်းပြီ"

လီရန်ယီက ဟင်းပွဲများကို အရသာမြည်းစမ်းရန် အာရုံသိပ်မရှိသော်လည်း ကားပေါ်မှဆင်းပြီးနောက် လေးနက်သောအမူအရာကို ဆက်လက် ထိန်းသိမ်းထားသည်။

"ဒီတစ်ယောက်က အကိုရန်ယီ ထင်တယ်။ ကျွန်မက ချိုင်ဟဲစားသောက်ဆိုင်ရဲ့ မန်နေဂျာ လီမိန်ပါ။ ဒီလမ်းအတိုင်း ကြွပေးပါ"

တံခါးပေါက်မှာ စောင့်ဆိုင်းနေသည့် လူ ၃ ဦး ရှိသည်။ ၎င်းတို့အနက် အရည်အချင်းရှိပြီး အတွေ့အကြုံရှိသော အမျိုးသမီးက သူတို့ကို ပထမဦးဆုံး ကြိုဆိုသည်။

သူမက ခန္ဓာကိုယ်ကောက်ကြောင်းကို ပေါ်လွင်စေသည့် တင်းကြပ်သောရုံးဝတ်စုံကို ဝတ်ဆင်ထားပြီး သိက္ခာရှိစွာ ပြုံးသည်။

"အင်း"

လီရန်ယီက တည်ငြိမ်စွာ ခေါင်းညိတ်သည်။ မိန်းမချောလေးက နှုတ်ဆက်စကား ပြောသောကြောင့် သူ့အမူအရာက ပြောင်းလဲသွားခြင်း မရှိပေ။

"ဒီတစ်ယောက်က အကိုရန်ယီရဲ့လက်ထောက် ယန်ကျားထင်တယ်။ ဒီလမ်းအတိုင်း ကြွပေးပါ"

အမျိုးသမီးက လီရန်ယီနှင့်အတူ စားသောက်ဆိုင်ထဲသို့ မဝင်သွားဘဲ လီရန်ယီကို တခြားသူနှစ်ယောက်က ဦးဆောင်ခေါ်ဆောင်သွားသည်။

သူမက ယန်ကျား တံခါးပေါက်နား ရောက်လာမည့်အချိန်ကို ဆက်လက်‌စောင့်ဆိုင်းနေသည်။ သူမက ထက်မြက်သော အမျိုးသမီးဖြစ်သည်။

"ဆိုင်ထဲ ဝင်ကြမယ်။ ပါမောက္ခကို စောင့်ဆိုင်းရအောင် မလုပ်နဲ့"

ယန်ကျားက ဖော်ရွေစွာ ပြုံးလိုက်ပြီး တရင်းတနှီး စကားပြောသည်။

"မစိုးရိမ်ပါနဲ့။ အကိုရန်ယီတို့က အရှေ့ကို အရမ်းမရောက်လောက်သေးပါဘူး"

၎င်းအမျိုးသမီးက ယန်ကျား၏ ဘေးနားမှ ယှဉ်လမ်းလျှောက်ပြီး သူမ၏ ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်သည်။ အခန်းဝင်ပေါက်သို့ ရောက်သောအခါ ၎င်းအမျိုးသမီးက သူတို့အရှေ့ဘက်သို့ လမ်းလျှောက်လာပြီး တံခါးကို ကိုယ်တိုင်ကိုယ်ကျ ဖွင့်ပေးသည်။

"ဒီကြာပန်းမွှေးရနံ့က အထူးတလည် ပြင်ဆင်ထားတာပါ။ တကယ်လို့ စိတ်မကျေနပ်ဘူးဆိုရင် ကျွန်မတို့ကို ပြောပါ။ ကျွန်မတို့ရဲ့ဆိုင် တိုးတက်ဖို့အတွက် ပြန်လည်ပြီးတော့ ပြုပြင်ပေးပါ့မယ်"

လီမိန်က တံခါးကို ဖွင့်ပေးလိုက်သည်။ အတွင်းဘက်ပတ်ဝန်းကျင်သည် ကြော့ရှင်းပြီး သဘာဝဆန်သည်။ ဖန်တီးထားသော တောင်ကုန်းလေးနှင့် ရေတံခွန်မှ ကျဆင်းနေသောရေစက်များက အဆင့်အတန်းမြင့်သော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

"အိုကေ၊ ဒီလောက်နဲ့ လုံလောက်ပြီ။ ဒီပတ်ဝန်းကျင်ကြီးကို စားဖို့ ရောက်လာတာ မဟုတ်ဘူးလေ။ အစားအသောက်တွေကို မြည်းစမ်းဖို့ ရောက်လာတာပဲ။ ပတ်ဝန်းကျင်က လှနေဖို့ မလိုအပ်ပါဘူး"

လီရန်ယီက ရှေ့ကနေ သွားပြီးတော့ ထိုင်ခုံမှာ ထိုင်လိုက်သည်။ သူက ပုံမှန်လေသံနှင့် ပြောဆိုနေပြီး ယွမ်ကျိုး၏ စားသောက်ဆိုင်ဝင်ပေါက်မှာရှိသော အလှဆင်မှုကို သူလှောင်ပြောင်ခဲ့ဖူးသည့်အချက်ကိုပင် လုံးဝမေ့လျော့သွားသည်။

"လူကြီးမင်းရန်ယီက ပျော်ပျော်နေတတ်ပုံပဲ။ ဒီကနေ့ ကျွန်မတို့ဆိုင်မှာ ရောင်းချတဲ့ ဟင်းပွဲအားလုံးရဲ့မီနူးပါ။ မကြိုက်တဲ့ဟင်းပွဲရှိလားဆိုတာ တစ်ချက်စစ်ဆေးကြည့်ပေးပါ"

လီမိန်က ခပ်ယဲ့ယဲ့နှင့် ပြုံးလိုက်ပြီးနောက် မီနူးကို လီရန်ယီထံ လှမ်းပေးသည်။ မီနူးမှာပါသော ဟင်းပွဲများက မနေ့ညတုန်းက ယန်ကျား သူ့ကို ပို့ပေးသည့် ဟင်းပွဲများနှင့် အတူတူပင်ဖြစ်သည်။

လီရန်ယီက မီနူးကို အကြမ်းဖျင်း ကြည့်ရှုလိုက်ပြီးနောက် အောက်သို့ချလိုက်သည်။

"တခြားဟင်းပွဲတွေအားလုံး တည်ခင်းစရာ မလိုဘူး။ တရုတ်နံနံ၊ ဂေါ်ဖီပန်းစိမ်းတွေနဲ့ ရောချက်ထားတဲ့ အမဲသားနှပ်။ အဓိက ဟင်းပွဲအနေနဲ့ သံပယိုသီးနဲ့ မျှစ်နုကို ရောပြီးတော့ ပေါင်းချက်ထားတဲ့ တိုင်လီ ငါးပေါင်းရယ်၊ သရေစာအနေနဲ့ ကော်ဖီဒိန်ချဉ် နဲ့ ပူပူနွေးနွေးဖရဲသီး၊ နဂါးမောက်သီးတွေကို ပြင်ဆင်ပေးပါ"

လီရန်ယီက ဟင်းပွဲသုံးပွဲကို တည်ငြိမ်စွာ ဖတ်ရှုလိုက်သည်။

"ဟင်းပွဲသုံးပွဲထဲဆိုရင် နည်းမနေဘူးလား။ အစုံလိုက်ဟင်းပွဲတွေ မှာရင် မကောင်းဘူးလား"

လီမိန်က နည်းနည်း ရှက်ကိုးရှက်ကန်းဖြစ်သွားပြီး မဝံ့မရဲပြောသည်။

"မလိုအပ်ဘူး။ ဟင်းပွဲသုံးပွဲက ငါ့အတွက် လုံလောက်မှုရှိတယ်"

လီရန်ယီက မျက်မှောင်ကြုတ်ပြီး ပြောသည်။

"ကောင်းပြီ။ ဒါဆိုရင် နင်က မီးဖိုချောင်ကို သွားပြီးတော့ အကိုရန်ယီ လိုအပ်တဲ့အတိုင်း ဟင်းပွဲသုံးပွဲကို ပြင်ဆင်ပေးဖို့အတွက် မီးဖိုချောင်က လူတွေကို သွားပြော"

လီမိန်က လီရန်ယီ၏ တောင်းဆိုချက်ကို ပထမဦးဆုံး သဘောတူပြီးနောက် သူမ၏ဘေးနားမှာ စောင့်ဆိုင်းနေသည့် လက်ထောက်ကို ညွှန်ကြားရန် ခေါင်းလှည့်လိုက်သည်။

သူတို့အားလုံးက ဟင်းပွဲများ လာမည့်အချိန်ကို စောင့်ဆိုင်းနေစဉ် လီမိန်က လီရန်ယီ၏ မှတ်ချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးပြောဆိုရင်း ပတ်ဝန်းကျင်ကို သက်ဝင် လှုပ်ရှားစေသည်။

လီရန်ယီ၏မျက်နှာအမူအရာက ပို၍ အဆင်ပြေသည့် အနေအထားသို့ ရောက်သောအခါ လီမိန်က ယဉ်ယဉ်ကျေးကျေး သုံးနှုန်းပြီး မေးမြန်းသည်။

"အကိုရန်ယီ၊ အကိုရန်ယီ မကြိုက်တဲ့ ဟင်းပွဲတွေကော ရှိလား"

"မကြိုက်တဲ့ဟင်းပွဲ မရှိပါဘူး"

လီရန်ယီက အမှန်အတိုင်း ပြန်ပြောသည်။

"ဒါဆိုရင် လူကြီးမင်းအတွက် ကျွန်မတို့ဆိုင်မှာ ရောင်းချတဲ့ဟင်းပွဲအားလုံးကို တည်ခင်းပေးပါရစေ။ ကျွန်မကို မျက်နှာသာပေးတဲ့အနေနဲ့ ဟင်းပွဲအားလုံးကို သုံးဆောင်ပေးပါ"

လီမိန်က ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောသည်။

"ဟင်းပွဲတွေ အများကြီးကို စားလို့မကုန်ဘူး"

လီရန်ယီက ပုံမှန်အတိုင်း ပြန်ဖြေသည်။ သူ့စကား အဆုံးသတ်သွားသည်နှင့် သူကိုယ်တိုင်ပင် အံ့အားသင့်သွားရသည်။ သို့သော်လည်း သူက ဘာစကားမှဆက်မပြောဘဲ ဟင်းပွဲတည်ခင်းမည့်အချိန်ကို စောင့်ဆိုင်းနေသည်။ ဘေးဘက်တွင်ရှိနေသော ယန်ကျားက သူ့ပါမောက္ခကို တအံ့တဩ

ကြည့်နေမိသည်။

မည်သို့ပင်ဆိုစေကာမူ သူက သူ့ရဲ့ပါမောက္ခနှင့်ပတ်သက်သည့် စည်းမျဉ်းများကို ရှင်းရှင်းလင်းလင်း သိထားသည်။ အရသာမြည်းစမ်းရန်အတွက် စားသောက်ဆိုင်များသို့ သွားရောက်တိုင်း ပါမောက္ခက မီနူးတွင်ရှိသော ဟင်းပွဲအားလုံးကို အော်ဒါတင်ပြီး တစ်မျိုးချင်းစီ မြည်းစမ်းလေ့ရှိသည်။ ထို့နောက် မှတ်ချက်ပေးလေ့ရှိသည်။

ဤတစ်ကြိမ်တွင် ပါမောက္ခက ထူးဆန်းသောအပြုအမူကို လုပ်ဆောင်လာသည်။

ဟင်းပွဲအများကြီး တည်ခင်းလျှင် အလဟဿ ဖြစ်စေမည့် သဘောမျိုးကိုလည်း ပြောဆိုသွားသည်။ တကယ့်ကို ထူးဆန်းနေပါသည်။

အရည်အချင်းရှိသော လက်ထောက် ယန်ကျားက ဘေးဘက်မှာ တိတ်တဆိတ်မတ်တပ်ရပ်နေပြီး ဘာဆိုဘာမှ ဆက်မမေးမြန်းပေ။

လီရန်ယီ၏သဘောထားကို ကြိုတင်စုံစမ်းထားသော လီမိန်က ကြားသိလိုက်ရသော စကားများကြောင့် အံ့ဩနေရသည်။ လီရန်ယီက သူ့ပုံမှန်အလေ့အကျင့်များနှင့် သွေဖယ်သောလုပ်ရပ်များကို လုပ်ဆောင်နေသော်လည်း သူမက ဘာစကားတစ်ခွန်းမှ မပြောဘဲ မှာယူထားသောဟင်းပွဲများကို အကောင်းဆုံး ချက်ပြုတ်ရန် စားဖိုမှူးများအား တိတ်တဆိတ် ညွှန်ကြားလိုက်သည်။

လီရန်ယီက တည်ခင်းလာသော ဟင်းပွဲအားလုံးကို ကုန်စင်အောင် စားသွား၍ သူ့လက်ထောက်ကိုယ်တိုင် တအံ့တဩ ဖြစ်နေရသည်။

"ဟင်းပွဲအားလုံးက အရမ်း အရသာရှိနေတဲ့ သဘောလား"

လီရန်ယီကိုယ်တိုင်လည်း တအံ့တဩ ဖြစ်နေရသည်။ သူက မှာယူထားသော ဟင်းပွဲအားလုံးကို ကုန်စင်အောင် စားမိသွားသည်။ သူက ဟင်းတစ်ပွဲချင်းစီတိုင်းကို တစ်လုပ်၊ နှစ်လုပ်သာ စားလေ့ရှိသည့် အလေ့အကျင့်ရှိသည်ဟု နာမည်ကျော်ခဲ့သည်။

အစားအသောက်များကို စားသုံးပြီးနောက် လီရန်ယီက

ပြည့်နှက်နေသော အစာအိမ်ဖြင့် အိမ်သို့ ပြန်လာခဲ့သည်။ မေးဖျားလေးကို ပွတ်သပ်ပြီး တွေးတောနေစဉ် လီရန်ယီကိုယ်တိုင် သူ၏အပြုအမူနှင့်ပတ်သက်ပြီး အံ့ဩနေရသည်။

တည်ခင်းထားသောဟင်းပွဲများကို ကုန်စင်အောင် မစားလျှင် တခြားဟင်းပွဲများကို မှာယူ၍မရ ဟူသော စည်းမျဉ်းကို သူ့ဦးနှောက်ထဲ စွဲနေခြင်းဖြစ်သည်။

ညနေခင်းအချိန်တွင် လီရန်ယီက ယွမ်ကျိုးစားသောက်ဆိုင်မှာ ညစာစားရန်အတွက် သွားရောက်တန်းစီသည်။ ယွမ်ကျိုး၏ စားသောက်ဆိုင်တွင် ညစာစားပြီးမှသာ

သူဖြေရှင်းမရသော ပြဿနာ၏သဘောတရားကို နားလည်သွားသည်။

"ဒီအဖိုးကြီးရဲ့ အစားအသောက်စားတဲ့

အကျင့်တွေ ပြောင်းသွားအောင် ဒီဆိုင်က လုပ်တာပဲ။

ဒီအဖိုးကြီးကို အရမ်းမုန်းနေတာလား"

လီရန်ယီက မခံမရပ်နိုင် အမူအရာဖြင့် ငြီးတွားပြောဆိုသည်။ သူက ယွမ်ကျိုးကို မြင်သောအခါ မျက်မှောင်ကြုတ်လိုက်ပြီး

မကျေနပ်သောအမူအရာကို ဖော်ပြသည်။

ယွမ်ကျိုးက အဖိုးကြီး ရူးနေသည်ဟုသာ စိတ်ထဲတွေးလိုက်ပြီး ဟင်းပွဲပြင်ဆင်သည့် အလုပ်ကိုသာ ဆက်လက်လုပ်ဆောင်နေသည်။

လီရန်ယီက တခြားသူများ သူ့ကို ဝေဖန်ခြင်းကို ဂရုမစိုက်တတ်သည့်အတွက်ကြောင့် အစားအသောက်များကို စားသုံးပြီးတိုင်း သူ၏အကျင့်အတိုင်း ကြိမ်းမောင်းပြောဆိုသည်။

တစ်ပတ်ခန့်ကြာပြီးနောက် သူ့ကို ဆေးဖက်ဝင်အရွက်များ ရောင်းချသည့် စားသောက်ဆိုင်က သူတို့ဆိုင်၏ဟင်းပွဲများ မြည်းစမ်းရန်အတွက် ဖိတ်ကြားခဲ့သည်။

ဟင်းပွဲမီနူးများကို မြင်သောအခါ ယခင်အတိုင်း တူညီသောအပြုအမူကို တုံ့ပြန်ခဲ့မိသည်။

“ဟင်းပွဲတွေအများကြီး တည်ခင်းရအောင် ဝက်စာကျွေးနေတယ်လို့ ထင်နေတာလား။ မင်းတို့ဆိုင်မှာရှိတဲ့ ဟင်းပွဲတွေအားလုံးထဲကမှ အထူးဟင်းပွဲနှစ်ခုကိုပဲပေး”

လီရန်ယီက စက်ဆုပ်ရွံရှာသောလေသံဖြင့် စကားပြောသည်။ တူညီသောအပြုအမူကို နှစ်ကြိမ်၊ သုံးကြိမ်ခန့် ပြုလုပ်ပြီးနောက် လီရန်ယီက အစားအသောက် ဝါသနာရှင်များ၏ ရပ်ဝန်းတွင် အကျင့်စရိုက်ပြောင်းလဲသွားသည်ဟု နာမည်တွင်သွားသည်။

အကျိုးဆက်အနေဖြင့် အချို့‌သောစားသောက်ဆိုင်များက လီရန်ယီကို ထပ်မံဖိတ်ကြားသောအခါ သူတို့၏ ကိုယ်ပိုင်အထူးဟင်းလျာများကို အကောင်းဆုံးကြိုးစားချက်ပြုတ်ပြီး ဧည့်ခံကြသည်။

လီရန်ယီထံမှ ကောင်းမွန်သောမှတ်ချက်များ ရရှိချင်သောဆန္ဒဖြင့် အကောင်းဆုံးကြိုးစားတည်ခင်းခြင်းဖြစ်သည်။

သို့သော်ငြားလည်း ယွမ်ကျိုးက စနစ်မှ ထောက်ပံ့သော မီးဖိုချောင်သုံးဓားလေးဖြင့် ပျော်မွေ့နေသည်။ သူမျှော်မှန်းထားသော အရုပ်ကို ရသွားသော ကလေးတစ်ယောက်ကဲ့သို့ ပြုမူနေခြင်းဖြစ်သည်။

မှန်ပါသည်။ ယွမ်ကျိုး၏ အရံမစ်ရှင်က ပြီးမြောက်သွားခြင်းဖြစ်သည်။

[အရံမစ်ရှင် - မနက်ခင်းမှာ စောစောထပြီး နေ့တိုင်း၊ နေ့တိုင်း လေ့ကျင့်ခန်း ၁နာရီခန့် ပြုလုပ်ပါ။ လေ့ကျင့်ခန်းကို အထူးတလည်ပြုလုပ်ခြင်းက မင်းအတွက်ပဲ ဖြစ်ပါတယ်]

[မစ်ရှင်အညွှန်း - ကျွမ်းကျင်စားဖိုမှူးတစ်ယောက်အနေနဲ့ မင်းက ဒီလေ့ကျင့်ခန်း လုပ်တဲ့နေရာမှာ အတွေ့အကြုံမရှိတဲ့သူ ဖြစ်နေရင်တောင် တခြားသူတွေက မင်းကို ရိုက်နှက်လို့မရဘူး။ လေ့ကျင့်ခန်းလုပ်ပါ။ နေရောင်အောက်မှာပြေးပါ လူငယ်လေး]

[မစ်ရှင်ဆုလာဘ် - သာမန်ထက် ထူးခြားသော ဓားစွမ်းရည်]

[ဆုလာဘ်] (လက်ခံရရှိပါသည်)

[ဆုလာဘ်အညွှန်း - သာမန်ထက် ထူးခြားသော ဓားစွမ်းရည်နဲ့ဆိုရင် မင်းရဲ့အနေနဲ့ မင်းဟင်းသီးဟင်းရွက်လှီးဖြတ်တဲ့အခါမှာ စိုးရိမ်ဖို့မလိုတော့ဘူး]

စနစ်က ဖော်ပြသည်။

[မီးဖိုချောင်သုံးဓားလေ့ကျင့်ခြင်းကို ထောက်ပံ့ပေးထားပါတယ်။ ဆိုင်ရှင်၊ ဒီဓားကိုအသုံးပြုပြီးတော့ ဓားစွမ်းရည်ကို လေ့ကျင့်နိုင်ပါပြီ]

“ဒီတစ်ခါတော့ အရမ်းကို လူသားဆန်နေပါလား။ တခြားလိုအပ်တာတွေကော ရှိသေးလား”

ယွမ်ကျိုးက သတိထားဟန်ဖြင့် မေးမြန်းသည်။ စနစ်၏ လှည့်ဖျားမှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရ၍ ယွမ်ကျိုးက သတိထားဆက်ဆံခြင်းဖြစ်သည်။

စနစ်က ဖော်ပြသည်။

[တခြားလိုအပ်ချက်မရှိပါဘူး]

“ကောင်းပြီ”

ထိုမှသာ ယွမ်ကျိုးက ကောင်တာပေါ်တင်ထားသော မီးဖိုချောင်သုံးဓားကို ကောက်ယူလိုက်ပြီး အသေးစိတ် အကဲခတ်ကြည့်နေသည်။

တရုတ်ဟင်းလျာများကို ချက်ပြုတ်ရန်အတွက် ဓားမျိုးစုံကို အသုံးပြုတတ်ရန် လိုအပ်သည်။ ရိုးရှင်းသောမီးဖိုချောင်သုံးဓားဖြင့် ပါဝင်ပစ္စည်းအားလုံးကို ကောင်းမွန်စွာ ကိုင်တွယ်နိုင်သည်။

ပြင်သစ်ဟင်းလျာများနှင့် ခြားနားစွာ ဓါးတစ်ချောင်းရှိရုံနှင့် ပါဝင်ပစ္စည်းအားလုံးကို အသုံးပြုနိုင်သည်။ ပြင်သစ်ဟင်းလျာများသည် မတူညီသော ဓားများကို အသုံးပြုရန် လိုအပ်သည်။ ယခုအချိန်တွင် ယွမ်ကျိုးက ဆုလာဘ်နှင့်အတူတူ ဓားကို ပိုင်ဆိုင်သွားပါပြီ။

ထို့နောက် သူက တစ်စုံတစ်ရာကို ချင့်ချိန်စဉ်းစားနေစဉ် ဓားကို ဆော့ကစားသည်။ အကြိမ်ပေါင်းများစွာ

လေ့ကျင့်ခဲ့၍ ဓားနှင့်ရင်းနှီးမှုမရှိသော ကနဦးအခြေအနေမှ နောက်ပိုင်းတွင် ကျွမ်းကျင်သော အခြေအနေအဖြစ်သို့ ရောက်ရှိသွားသည်။ ထို့နောက် သူက ခံစားမှုအပြည့်ဖြင့် သက်ပြင်းချလိုက်သည်။

"ဒီဓားစွမ်းရည်ကို အသုံးပြုပြီးတော့ သရုပ်ပြလို့တောင်

ရတယ်"

ယွမ်ကျိုးက ဤအခြင်းအရာနှင့်ပတ်သက်ပြီး အတော်အတန် ဂုဏ်ယူဝင့်ကြွားနေသည်။ သူက ဓားကို ပြီးပြည့်စုံသည့်အနေအထား ရောက်အောင် အသုံးပြုနိုင်သည်။

ထိုစဉ် စနစ်က မစ်ရှင်ကို ရုတ်တရက် ထုတ်ပြန်လာသည်။

အပိုင်း(၁၉၂)

ပြီးပါပြီ။

All Chapters