မြုတေတိုင်အတွက် ယှဉ်ပြိုင်ခြင်း...
Vol. 69 Ch. 971
ရတနာနယ်မြေအတွင်း၌ လင်းယွမ်က အမြုတေတိုင်ကို သန့်စင်ပြီးနောက် စောင့်ကြပ်ရန် ကိုယ်ပွားအချို့ ထားခဲ့ပြီး သူ၏ မူလခန္ဓာကိုယ်က အခြားအရပ်မျက်နှာသို့ ဆက်လက်ရှာဖွေခဲ့သည်။
" ဟမ် " လင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး အရပ်မျက်နှာတစ်ခုသို့ လှမ်းကြည့်လိုက်သည်။ ထိုနေရာတွင် ရွှေရောင်မြူခိုးများနှင့် ချိုင့်ဝှမ်းတသ်ခု ရှိနေသည်။
ဝှစ်...
လင်းယွမ်က ရှေ့သို့ လှမ်းလိုက်ရာ ချိုင့်ဝှမ်းအပြင်ဘက်သို့ ရောက်ရှိသွားပြီး လွင့်မျောနေသော ရွှေရောင်မြူခိုးများကို စိုက်ကြည့်နေသည်။
" ဒီချိုင့်ဝှမ်းထဲက မြူခိုးတွေက ဒီရတနာနယ်မြေက ထွက်ပေါ်လာတဲ့ ရတနာလား။ " လင်းယွမ်က တွေးလိုက်သည်။
ထိုရွှေရောင်မြူခိုးများ၏ အော်ရာမှာ ရတနာနယ်မြေတစ်ခုလုံးနှင့် သိမ်မွေ့စွာ ဆက်နွှယ်နေပြီး သစ်ပင်ပေါ်မှ သစ်သီးများကဲ့သို့ ထူးဆန်းသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
" ကြည့်ရတာပေါ့။ " လင်းယွမ်က သူ၏ ညာလက်ကို ဆန့်ထုတ်လိုက်ပြီး ရွှေရောင်မြူခိုးအနည်းငယ်ကို ဖမ်းယူကာ အနီးကပ် လေ့လာလိုက်သည်။ အဆင့်တစ် ရတနာနယ်မြေများက သက်ရောက်မှုမတူညီသော ရှားပါးရတနာများကို ဖြစ်ပေါ်စေသည်။
" ဒီမြူခိုးတွေက..." လင်းယွမ်က အာရုံစိုက် စောင့်ကြည့်နေစဉ် သူ၏ အူအရာက တဖြည်းဖြည်း ပြောင်းလဲလာသည်။
သူက ရွှေရောင်မြူခိုးအနည်းငယ်ကို လေ့လာကြည့်ရာ ၎င်းတို့၏ ထူးခြားသော သဘာဝကို တွေ့ရှိခဲ့သည်။ ရွှေရောင်မြူခိုးများက တိမ်မျာနှင့် တူပြီး ဖမ်းထား၍ ရသော်လည်း လင်းယွမ်အနေဖြင့် ၎င်းတို့ကို ထိတွေ့၍ မရပေ။
" ထိတွေ့လို့မရဘူးလား။ " လင်းယွမ်၏ အကြည့်က စူးစမ်းလိုစိတ်များဖြင့် ပြည့်နှက်နေသည်။ ကမ္ဘာနတ်စွမ်းရည်က အသက်ဝင်လာပြီး အချိန်လေဟာနယ်အလွှာများကို ထိန်းချုပ်ထားသော်လည်း ရွှေရောင်မြူခိုးများနှင့် အမှန်တကယ် ထိတွေ့နိုင်ခြင်းမရှိပေ။
" စိတ်ဝင်စားစရာပဲ။ " လင်းယွမ်က သူ၏ ညာလက်ကို ဝှေ့ရမ်းပြီး ချိုင့်ဝှမ်းအတွင်းရှိ ရွှေရောင်မြူခိုးများကို ယူဆောင်ရန်ပြင်လိုက်သည်။ သူက ရွှေရောင်မြူခိုးများ မပျက်စီးစေရန်အတွက် ချိုင့်ဝှမ်းတစ်ခုလုံးကို အတွင်းစကြာဝဠာထဲသို့ ရွှေ့ပြောင်းလိုက်သည်။
" ဒါက အချိန်နဲ့ ဆက်စပ်နေတာဖြစ်ရမယ်။ " လင်းယွမ်က ရွှေရောင်မြူခိုးများကို ကြည့်ပြီး တွေးလိုက်သည်။
ရွှေရောင်မြူခိုးများထံမှ ထွက်ပေါ်လာသော အချိန်လှိုင်းအနည်းငယ်ကို သူခံစားမိသည်။ ရတနာနယ်မြေ၏ အပြင်ဘက်မှ အချိန်ပြောင်းပြန်နယ်မြေကို ကြည့်လျှင် ထိုရတနာနယ်မြေက အချိန်နှင့် ပက်သက်နေသည်ကို သိနိုင်လေသည်။
" ငါ စိတ်စွမ်းအားနဲ့ စမ်းသပ်ကြည့်သင့်လား။ " လင်းယွမ်က တိတ်ဆိတ်စွာ စဉ်းစားလိုက်သည်။
ရတနာနယ်မြေများမှ ထွက်ပေါ်လာသော ရတနာများက အထူးနည်းလမ်းများဖြင့် အသုံးပြုရသည်။ ဥပမာ ဟေးယွီအသိုက်မှ ဟေးယွီများက စိတ်စွမ်းအားကို သန့်စင်နိုင်သည်။ အခြားနည်းလမ်းများဖြင့်ဆိုလျှင် မည်သည့်တုန့်ပြန်မှုမှ ရှိမည်မဟုတ်ပေ။
" ထားလိုက်တော့ ဒါက အန္တရာယ်များတယ်။ " လင်းယွမ်က ထိုအကြံကို စွန့်လွှတ်လိုက်သည်။
သူက အလျင်မလိုပေ။ အကယ်၍ သူက ချိုင့်ဝှမ်းအတွင်းမှ ရွှေရောင်မြူခိုးများကို ယူနိုင်လျှင် အခြားသူများလည်း ယူနိုင်ပေလိမ့်မည်။ လင်းယွမ်အနေဖြင့် ရွှေရောင်မြူခိုးများကို အသုံးပြုရန် မှန်ကန်သော နည်းလမ်းကို တွေ့ရှိသည်အထိ စောင့်ဆိုင်းပြီးမှ ကိုယ်တိုင်စမ်းသပ်ခြင်းက ပိုကောင်းလေသည်။
" အမြုတေတိုင်တွေပဲ ဆက်ရှာတော့မယ်။ " လင်းယွမ်က ရွှေရောင်မြူခိုးများကို သိမ်းဆည်းပြီးနောက် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း ဆက်လက်ရှာဖွေလိုက်သည်။
လီယန်မြို့တော်၏ သီခြားဟင်းလင်းပြင်တွင် ဟုန်လျန်က မျက်လုံးများ ဖွင့်ပြီး ပြောလိုက်သည်။ " ငါ အမြုတေတိုင် နောက်တစ်ခု ရှာတွေ့ပြီ။ "
ထိုစကားကြောင့် ပတ်ဝန်းကျင်ရှိ နတ်ဘုရားအရှင်သခင်များက သူ့က လှည့်ကြည့်လိုက်ကြသည်။ ရတနာနယ်မြေအတွင်း အမြုတေတိုင်များကို ရှာဖွေခြင်းက ကံတရားအပေါ်တွင် မူတည်လေသည်။
ဟုန်လျန်၏ ရှာဖွေနိုင်စွမ်းက နတ်ဘုရားအရှင်သခင် ၁၂ယောက်ထဲတွင် အသန်မာဆုံးမဟုတ်သော်လည်း သူရှာဖွေထားသော အမြုတေတိုင်က ထိပ်ဆုံးသုံးယောက်ထဲတွင် ပါဝင်နေသည်။
" ဘယ်နေရာမှာလဲ။ မင်း အရင်ဆုံး အပြင်ပိုင်းကို သန့်စင်ထားလိုက်။ " ချီယန်က ပြောလိုက်သည်။
အမြုတေတိုင်များကို အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များ သန့်စင်ရန် သတ်မှတ်ထားသော်လည်း သူတို့မရောက်သေးမီ ရှာတွေ့သူက အစိတ်အပိုင်းတစ်ခုကို သန့်စင်ထားနိုင်လေသည်။
" အဲ့ဒီမှာပဲ။ " ဟုန်လျန်က တည်နေရာကို ပေးလိုက်ပြီးနောက် သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ " အခြားနိုင်ငံက နတ်ဘုရားအရှင်သခင်တွေ လာနေကြပြီ။ တဖုရှေးဟောင်းနိုင်ငံကပဲ။ "
" တဖုရှေးဟောင်းနိုင်ငံက နတ်ဘုရားအရှင်သခင်တွေလား။ " ချီယန်က မျက်မှောင်ကြုတ်ပြီး ချက်ချင်း မေးလိုက်သည်။ " ဘယ်သူလဲ။ "
အကယ်၍ ထိုသူမှာ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်လျှင် ချီယန်က ဟုန်လျန်ကို အမြုတေတိုင်အား လက်လွှတ်ပေးရန် အကြံပေးလိမ့်မည်။ ၎င်းက တဖုရှေးဟောင်းနိုင်ငံကို ကြောက်သောကြောင့်မဟုတ်ဘဲ ဟုန်လျန်၏ စွမ်းအားနှင့် အမြင့်ဆုံးနတ်ဘုရားအရှင်သခင်ရှေ့တွင် ကြာရှည်ခံနိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။
" အဲ့ဒါ ဖုတန်ပဲ။ " ဟုန်လျန်က ပြန်ဖြေလိုက်သည်။
တဖုရှေးဟောင်းနိုင်ငံမှ စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင် ၁၂ ယောက်ကို ထိပ်တိုက်မရင်ဆိုင်ဖူးလျှင်တောင် သူတို့နှင့် ပက်သက်သော အချက်အလက်များကို သိရှိထားကြသည်။
" ဖုတန်လား။ " ချီယန်က စိတ်အေးသွားသည်။
ဖုတန်က အမြင့်ဆုံးနတ်ဘုရားအရှင်သခင်အဆင့်သို့ နီးစပ်နေသူဖြစ်ပြီး သူက ဟုန်လျန်ထက် အနည်းငယ် သန်မာရုံသာဖြစ်သည်။
" အမြုတေတိုင်ကို ကာကွယ်ထားလိုက်။ " ချီယန်က ပြောလိုက်သည်။
တဖုရှေးဟောင်းနိုင်ငံက အစွမ်းထက်သော်လည်း လီယန်ရှေးဟောင်းနိုင်ငံက သူတို့ကို ကြောက်ရွံ့သည်ဟု မဆိုလိုပေ။ ဖုရှု သို့မဟုတ် အမြင့်ဆုံးနတ်ဘုရားအရှင်သခင်အချို့နှင့် မတွေ့သရွေ့ လီယန်ရှေးဟောင်းနိုင်ငံက ဆုတ်ခွာမည်မဟုတ်ပေ။
" ကောင်းပြီ။ " ဟုန်လျန်က ခေါင်းညိမ့်လိုက်သည်။
ဖုတန်က သန်မာသော်လည်း သူ့ကို အနိုင်ယူရန်မဟုတ်ဘဲ တားဆီးရုံသာဖြစ်သောကြောင့် ဟုန်လျန်က လုံလောက်သာ ယုံကြည်မှုရှိပေသည်။
" နဂါးငွေ့တန်း..." ချီယန်က လင်းယွမ်ကို ကြည့်လိုက်သည်။ " အဲ့ဒီနေရာက ငါတို့လေးယောက်ထဲမှာ မင်းနဲ့ အနီးဆုံးပဲ။ နောက်ပိုင်းကိစ္စက မင်းအပေါ်မှာပဲ မူတည်တော့တယ်။ "
" နားလည်ပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
" ဟုန်လျန်က အဲ့ဒီဘက်မှာလား။ " ရတနာနယ်မြေအတွင်း လင်းယွမ်က ရုတ်တရက် ရပ်တန့်လိုက်ပြီး ဦးတည်ချက်တစ်ခုသို့ ကြည့်လိုက်သည်။
ဝှစ်...
အချိန်လေဟာနယ်က လှိုင်းထသွားပြီး လင်းယွမ်၏ ပုံရိပ်က ပျောက်ကွယ်သွားသည်။ ပုံမှန်အားဖြင့် အမြုတေတိုင်ကို ရှာဖွေသောအခါ ဖြည်းညင်းစွာ ပျံသန်းပြီး ရှာဖွေကြသည်။
သို့သော် တည်နေရာတစ်ခုသို့ အမြန်ရောက်ရှိရန်အတွက် အချိန်လေဟာနယ်ကို ဖြတ်ကျော်ပြီး တိုက်ရိုက်သွားလာနိုင်လေသည်။
ပုံရိပ်ယောင်တိုင်ကြီးရှေ့တွင် ဟုန်လျန်က လေးနက်သော အမူအရာနှင့် ရပ်နေပြီး သူ၏ ပတ်လည်တွင် ကြာပန်းမီးတာက်များ တောက်လာင်နေသည်။
" ဟုန်လျန် အဲ့ဒီအမြုတေတိုင်ကို လက်လွှတ်လိုက်တော့။ " အေးစက်သော အသံတစ်ခုက ထွက်ပေါ်လာသည်။
အဝေးတစ်နေရာတွင် ခရမ်းရောင်အကြေးခွံများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခု ရပ်နေသည်။ သူက တဖုရှေးဟောင်းနိုင်ငံမှ ဖုတန်ပင်ဖြစ်သည်။ တဖုရှေးဟောင်းနိုင်ငံမှ စေလွှတ်လိုက်သော နတ်ဘုရားအရှင်သခင်များထဲတွင် ဖုရှုက အသန်မာဆုံးဖြစ်ပြီး ဘိုးဘေးအမွေအနှစ်တစ်ခုကို ဆက်ခံထားသည်။
" ဟားဟား ဖုတန် မင်းကိုမင်း ဖုရှုထင်နေတာလား။ " ဟုန်လျန်က လှောင်ပြောင်ပြီး အချိန်ဆွဲလိုက်သည်။
" မင်းကိုရှင်းဖို့က ငါ့စွမ်းအားနဲ့ လုံလောက်တယ်။ " ဖုတန်၏ အကြည့်က အေးစက်နေပြီး သူ၏ ညာလက်ကို မြှောက်ပြီး အဝေးမှဟုန်လျန်ကို ခုတ်ပိုင်းလိုက်သည်။
ဟုန်လျန်က ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရသောကြောင့် သူ၏ ခုခံမှုကို အမြင့်ဆုံးအထိ ထုတ်ဖော်လိုက်သည်။ ကြာပန်းမီးတောက်များက ဆူပွက်လာပြီး သူ့ကို ဝန်းရံကာ လည်ပတ်နေသည်။
ဝုန်း....
ထိုခဏတွင် ဟုန်လျန်၏ ကြာပန်းမီးတောက်များက ပြိုကွဲလာပြီး ဖုတန်၏ တိုက်ခိုက်မှုတစ်ခုအောက်တွင် လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
" ဒီလောက်တောင် သန်မာတာလား။ " ဟုန်လျန်က ဖိအားကို ခံစားလိုက်ရသည်။ တစ်ကြိမ် ထိပ်တိုက်တွေ့ရုံဖြင့် သူ၏ ခုခံရေးကြာပန်းမီးတောက်များ ထက်ဝက်က ပြိုကွဲသွားပြီး လင်းယွမ်ရောက်မလာခင်အထိ သူတောင့်ခံနိုင်ပါမလားဟု သံသယဝင်လာမိသည်။
" ဘာပဲဖြစ်ဖြစ် ဒီအမြုတေတိုင်ကို ကာကွယ်ရမယ်။ " ဟုန်လျန်က အံကျိတ်ပြီး ဆုံးဖြတ်ချက်ချလိုက်သည်။
အမြုတေတိုင်က ရတနာနယ်မြေ၏ ပိုင်ဆိုင်မှုအတွက် အလွန်အရေးကြီးသည်။ လီယန်ရှေးဟောင်းနိုင်ငံအနေဖြင့် ထိုနယ်မြေကို ရရှိရန်အတွက် အမြုတေတိုင်များကို လိုအပ်ပေသည်။
" ကျိုးပျက်စမ်း..." ဖုတန်က ဆက်တိုက်တိုက်ခိုက်နေပြီး သူ၏ တိုက်ခိုက်မှုတိုင်းက ကြာပန်းမီးတောက်များကို ပြိုကွဲသွားစေသော်လည်း နောက်ထပ် ကြာပန်းမီးတောက်များက ထပ်မံစုစည်းလာခဲ့သည်။
" ဟုန်လျန်က အမြုတေတိုင်ကို အသက်နဲ့လဲပြီး ကာကွယ်နေတာပဲ။ "
ဟုန်လျန်က ပျက်စီးသွားသော ကြာပန်းမီးတောက်များကို လျင်မြန်စွာ ပြန်လည်စုစည်းရန် တန်ဖိုးတစ်ခုခု ပေးဆပ်ရမည်ကို ဖုတန်က ကောင်းစွာ နားလည်ထားသည်။
" မင်းအသက်နဲ့လဲပြီး ကာကွယ်နေတော့ရော ဘာအရေးလဲ။ " ဖုတန်၏ မျက်လုံးများက ခရမ်းရောင်တောက်ပလာပြီး တိုက်ခိုက်ရေးစွမ်းအားကလည်း လျင်မြန်စွာ မြင့်တက်လာသည်။
ယခင် တိုက်ခိုက်မှုတစ်ခုက ကြာပန်းမီးတောက် ထက်ဝက်ကို ပြိုကွဲသွားစေနိုင်သော်လည်း ယခုအခါ ထက်ဝက်ကျော် သို့မဟုတ် အများစုကို ဖျက်ဆီးသွားသည်။
" ကြာကြာ တောင့်ခံနိုင်တော့မှာ မဟုတ်ဘူး။ " ဟုန်လျန်က စိတ်ထဲမှ သက်ပြင်းချလိုက်သည်။
စွမ်းအားချင်းယှဉ်လျှင် သူက ဖုတန်ကို ယှဉ်နိုင်စွမ်းမရှိပေ။ ယခုအခါ သူ၏ နောက်မှ အမြုတေတိုင်ကို ကာကွယ်ရန်အတွက် သူက ဖုတန်၏ တိုက်ခိုက်မှုများကို ပစ်မှတ်တစ်ခုကဲ့သို့ ရပ်ပြီး ခုခံနေရာသည်။ ထိုအခြေအနေတွင် ယခုအချိန်ထိ တောင့်ခံနိုင်ခြင်းကပင် ချီးကျူးစရာကောင်းနေပြီဖြစ်သည်။