← Chapters

ဖရိုဖရဲနိယာမ တတိယအဆင့်...

Vol. 69 Ch. 973

ဖရိုဖရဲနိယာမ တတိယအဆင့်...

Vol. 69 Ch. 973

" ငါ အချိန်နည်းနည်း ထပ်စောင့်လိုက်ဦးမယ်။ လောလောဆယ်တော့ ရွှေရောင်မြူခိုးကို မစုပ်ယူသေးဘူး။ " လင်းယွမ်က ရွှေရောင်မြူခိုးများကို ရုပ်ခန္ဓာဖြင့် စုပ်ယူခြင်းကို မလုပ်ဆောင်သေးရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူစုဆောင်းထားသော ရွှေရောင်မြူခိုးများက ရှိနေဆဲ ဖြစ်သည်။ သူက မည်သည့်အချိန်တွင်မဆို စုပ်ယူနိုင်လေသည်။ အခြားနတ်ဘုရားအရှင်သခင်များ၏ စမ်းသပ်မှု ရလဒ်များကို ကြည့်ပြီး မှတ်ကန်သော အသုံးပြုနည်းကို ရွေးချယ်ခြင်းက အကောင်းဆုံးဖြစ်သည်။

ထို့အပြင် ချီယန်၏ ပြောကြားချက်အရ ရွှေရောင်မြူခိုးများက ရုပ်ခန္ဓာဖြင့် ဖြည်းညင်းစွာ စုပ်ယူနိုင်သည်ဖြစ်ရာ ရုပ်ခန္ဓာကို ပြောင်းလဲသွားရန်အတွက် ရွှေရောင်မြူခိုးများ မည်မျှလိုအပ်သည်ကို ဘယ်သူမှ မသိနိုင်ပေ။

ဖရိုဖရဲဟင်းလင်းပြင်၊ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ။ လင်းယွမ်က ဖရိုဖရဲကုန်းမြေကို တည်ထောင်ပြီးနောက် ပတ်ဝန်းကျင် ဟင်းလင်းပြင်နယ်မြေမှ အင်အားကြီးသူများစွာက ထိုနေရာသို့ လာရောက်ခဲ့ကြသည်။ ၎င်းက ဖရိုဖရဲအဆင့်ရှိသူများကို မတူညီသော ရည်ရွယ်ချက်များဖြင့် ဆွဲဆောင်ခဲ့သည်။

အချို့က ထိုမဟာသူတော်စင်ကို မျက်မြင်တွေ့လိုကြသည်။ အချို့က ထိုမဟာသူတော်စင်၏ နောက်သို့ လိုက်လိုကြသည်။ အချို့က နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေတွင် ဖရိုဖရဲအရှင်သခင်များ၊ မဟာသူတော်စင်များ စုဝေးနေကြခြင်းကို မြင်တွေ့လိုပြီး သူတို့နှင့်မိတ်ဆွေဖွဲ့ရန် စီစဉ်ထားကြသည်။

" အဲ့ဒါက နဂါးငွေ့တန်းမဟာသူတော်စင် တည်ထောင်ထားတဲ့ ဖရိုဖရဲကုန်းမြေပဲ။ " ငွေရောင်အာကာသယာဉ်တစ်စင်းအတွင်း ဆံပင်အဖြူရောင်နှင့် အဘိုးအိုတစ်ယောက်က အဝေးမှ ဖရိုဖရဲကုန်းမြေကို ကြည့်ပြီး ဘေးမှ လူငယ်များကို ပြောလိုက်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်လား။ " လူငယ်များက အဝေးမှ ဖရိုဖရဲကုန်းမြေကို ကြည့်လိုက်ကြသည်။ " ဂိုဏ်းချုပ် နဂါးငွေ့တန်းမဟာသူတော်စင်က ဘာတွေများ ထူးခြားနေလို့လဲ။ ဘာလို့ဂိုဏ်းတစ်ခုလုံးကို ဒီနေရာကို ရွှေ့ပြောင်းလာရတာလဲ။ "

ဆပင်ဖြူအဘိုးအိုက ဖရိုဖရဲအဆင့် အထွတ်အထိပ်ဖြစ်ပြီး တစ်ချိန်က ဖရိုဖရဲကုန်းမြေတစ်ခုကို တည်ထောင်ခဲ့သူဖြစ်သည်။ သူက မဟာသူတော်စင်အများအပြား၏ နောက်သို့ လိုက်ပါခဲ့ဖူးသော်လည်း နောက်ဆုံးတွင် အားလုံးက ထားရစ်ခဲ့ကြသည်။ ယခု သူက ဂိုဏ်းမှ ထူးချွန်သူများကို ခေါ်ပြီး နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေတွင် အမြဲတမ်းနေထိုက်ရန် စီစဉ်ခဲ့ခြင်းဖြစ်သည်။

" နဂါးငွေ့တန်းမဟာသူတော်စင်က သာမန်မဟာသူတော်စင်တစ်ယောက်မဟုတ်ဘူး။ " ဆံပင်ဖြူအဘိုးအိုက ပြုံး၍ ပြောလိုက်သည်။ " ဟိုစကြာဝဠာထဲမှာ နဂါးငွေ့တန်းမဟာသူတော်စင်က ဟေးယောင်၊ လူရိုင်းနဲ့ အခြားမဟာသူတော်စင်တွေကို ဖိနှိပ်နိုင်ခဲ့တယ်။ သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တွေနဲ့ မယှဉ်နိုင်သေးရင်တောင် သိပ်မဝေးတော့ဘူး။ "

" ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်နဲ့ သိပ်မဝေးတော့ဘူးလား။ " လူငယ်များက တုန်လှုပ်သွားကြသည်။

အဝေးတစ်နေရာရှိ အချိန်လေဟာနယ်အတွင်း ပုံရိပ်သုံးခုက တိတ်ဆိတ်စွာ ရပ်နေကြသည်။ သူတို့၏ တည်ရှိမှုကြောင့် ပတ်ဝန်းကျင်မှ နိယာမများက နောက်ဆုတ်သွားရသည်။

" အဲ့ဒီနဂါးငွေ့တန်းမဟာသူတော်စင်က ရွှမ်ဟွမ်စကြာဝဠာထဲကနေ ရွှမ်ဟွမ်စကြာဝဠာထဲက ထွက်လာနိုင်တဲ့ တစ်ယောက်တည်းသော မဟာသူတော်စင်တစ်ယောက်ပဲ။ ရွှမ်ဟွမ်ချန်ခဲ့တဲ့ အခွင့်အလမ်းအချို့ကို သူရသွားလောက်တယ်။ " ရှေ့ဆုံးမှ ပုံရိပ်က ပြောလိုက်သည်။

သူတို့သုံးယောက်က ပြိုင်ဘက်ကင်းမဟာသူတော်စင်များဖြစ်ကြပြီး အလွန်ရှေးကျကာ ရွှမ်ဟွမ်၏ တည်ရှိမှုကိုလည်း သိထားကြသူများဖြစ်သည်။ ဧကရာဇ်ရွှမ်ဟွမ်က အချိန်စက်ဝန်းမှ အတင်းအကျပ် ရုန်းထွက်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင် ငါးယောက်ကို အမြတ်ပြတ်ချေမှုန်းခဲ့ရာ ပုန်းအောင်းနေသော ပြိုင်ဘက်ကင်းမဟာသူတော်စင်များကို တုန်လှုပ်သွားစေခဲ့သည်။

" ဒီဖရိုဖရဲကုန်းမြေကို တည်ထောင်ဖို့ဆိုရင် အနည်းဆုံး အချိန်လေဟာနယ် နဝမအဆင့်မှာ ရှိဖို့လိုတယ်။ " ညာဘက်မှ ပုံရိပ်က ပြောလက်သည်။

" အချိန်လေဟာနယ် နဝမအဆင့်လား။ အဲ့ဒါဆိုရင် သူက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်မဟုတ်ရင်တောင် ငါတို့ သူ့ကို ဘာမှလုပ်လို့ရမှာမဟုတ်ဘူး။ "

မဟာသူတော်စင်များကြားတွင် အချန်လေဟာနယ် နဝမအဆင့်သို့ ရောက်နေသူမှာ အလွန်ရှားပါးလှပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်များထက်ပင် ပို၍ ရှားသည်။ ထိုကဲ့သို့သော မဟာသူတော်စင်တစ်ယောက်က ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်မဟုတ်လျှင်တောင် အထိအခိုက်မရှိ အလွယ်တကူ ဆုတ်ခွာနိုင်သည်။

" မှန်တယ်။ " နောက်ဆုံးပုံရိပ်ကလည်း ခေါင်းခါလိုက်သည်။

ပြိုင်ဘက်ကင်းမဟာသူတော်စင် သုံးယောက်၏ မူလရည်ရွယ်ချက်က နဂါးငွေ့တန်းမဟာသူတော်စင်ကို ဖမ်းဆီးပြီး ရွှမ်ဟွမ်စကြာဝဠာအတွင်းမှ အဖြစ်အပျက်များကို မေးမြန်ရန်ဖြစ်သည်။ သို့သော် ယခု ထိုသို့လုပ်ရန် မလိုအပ်တော့ပေ။ သူတို့က နဂါးငွေ့တန်းကို မေးမြန်ရန်မပြောနှင့် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

" ထားလိုက်တော့။ ရန်သူမဖြစ်တာ အကောင်းဆုံးပဲ။ " ခေါင်းဆောင် ပြိုင်ဘက်ကင်းမဟာသူတော်စင်က သေချာစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

နဂါးငွေ့တန်းက ရွှမ်ဟွမ်စကြာဝဠာမှ မည်သည့်အခွင့်အလမ်းမျိုး ရရှိခဲ့သည်ကို မသိဘဲနှင့် သူတို့က ရန်သူမဖြစ်လိုပေ။ အကယ်၍ နဂါးငွေ့တန်းက အခွင့်အလမ်းများကို မရရှိခဲ့လျှင် သူတို့အတွက် ရန်သူတစ်ယောက် တိုးရုံသာ ဖြစ်ပေလိမ့်မည်။

" သွားကြစို့။ " ပြိုင်ဘက်ကင်းမဟာသူတော်စင်သုံးယောက်က အဝေးမှ ဖရိုဖရဲကုန်းမြေကို တစ်ချက်ကြည့်ပြီး ပျောက်ကွယ်သွားကြသည်။

" သူတို့ ထွက်သွားကြပြီလား။ " ဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်သုံးယောက် ပျောက်ကွယ်သွားသောနေရာသို့ ကြည့်လိုက်သည်။

ထိုပြိုင်ဘက်ကင်းမဟာသူတော်စင်သုံးယောက်က လင်းယွမ်၏ အချိန်လေဟာနယ် နားလည်မှုမှာ နဝမအဆင့်သို့ ရောက်ရှိနေသည်ကိုသာ သိကြပြီး လင်းယွမ်၏ အစစ်အမှန်တိုက်ခိုက်ရေးစွမ်းအားမှာ ပြိုင်ဘက်ကင်းမဟာသူတော်စင်များကြားတွင် အသန်မာဆုံးထဲ၌ ပါဝင်သည်ကို မသိကြပေ။

" ငါ့ရဲ့ လက်ရှိစွမ်းအားက ရင်းမြစ်ကမ္ဘာက မူလခန္ဓာကိုယ်ကို မမီတော့ဘူးပေါ့။ " လင်းယွမ်က တွေးလိုက်သည်။

ရင်းမြစ်ကမ္ဘာမှ မူလခန္ဓာကိုယ်က လီယန်မဟာစက်ဝန်းကို ဖွဲ့စည်းနိုင်ခဲ့သောကြောင့် ဖရိုဖရဲဟင်းလင်းပြင်မှ မူလခန္ဓာကိုယ်ထက် သာလွန်သွားခဲ့ပြီဖြစ်သည်။

ရင်းမြစ်ကမ္ဘာမှ ခန္ဓာကိုယ်က အလွှာဆယ့်သုံးအချိန်သက်ရှိများအပြင် သူတို့၏ အမွေအနှစ်များကိုပင် လေ့လာနိုင်သောကြောင့် ဖြစ်သည်။ တစ်ဖက်တွင် ဖရိုဖရဲဟင်းလင်းပြင်မှ ခန္ဓာကိုယ်က လီယန်မျိုးစေ့များကို မစုစည်းနိုင်သောကြောင့် သက်ဆိုင်ရာ မြှင့်တင်မှုမရှိသေးပေ။

" အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ တတိယအဆင့်ကို အောင်မြင်သွားရင် မူလခန္ဓာကိုယ်နှစ်ခုကြားက ကွာဟချက်က ကျဉ်းမြောင်းသွားလိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်သုံး အမွေအနှစ်ဖြစ်သော အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်သို့ ရောက်သွားလျှင် ခန္ဓာကိုယ်နှစ်ခုလုံးကို မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။ သို့သော် မြှင့်တင်မှုက ဖရိုဖရဲဟင်းလင်းပြင်မှ ခန္ဓာကိုယ်အတွက် ပို၍ ကြီးမားပေလိမ့်မည်။ ဖရိုဖရဲဟင်းလင်းပြင်မှ အတွင်းစကြာဝဠာ၏ အခြေခံက ရင်းမြစ်ကမ္ဘာမှ ခန္ဓာကိုယ်ထက် သာလွန်သောကြောင့် ဖြစ်သည်။

" ဒါမှမဟုတ် ဖရိုဖရဲအဆင့်ကို တက်လှမ်းလို့လည်း ရတာပဲ။ ဖြည်းဖြည်းပေါ့။ ငါ့မှာ တိုတက်ဖို့ လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အချိန်များက တရွေ့ရွေ့ ကုန်ဆုံးလာပြီး မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်းတစ်ထောင် ကုန်လွန်သွားခဲ့သည်။

အလွှာဆယ့်နှစ် သက်ရှိတစ်ယောက်အတွက် နှစ်ပေါင်းတစ်ထောင်ဆိုသည်မှာ ခဏမျှသာဖြစ်သည်။ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေကလည်း တစ်နေ့ထက်တစ်နေ့ ပိုမိုစည်ကားလာပြီး ဖရိုဖရဲမဟာသူတော်စင်များကလည်း လင်းယွမ်ကို မကြာခဏ လာရောက်တွေ့ဆုံခဲ့ကြသည်။

လင်းယွမ်က ဖရိုဖရဲမဟာသူတော်စင်များ ဆင့်ကဲပြောင်းလဲထားသော စွမ်းအားများအကြောင်း ဆွေးနွေးရာတွင် အလွန်စိတ်ဝင်စားခဲ့သည်။ ဖရိုဖရဲကို အခြေခံပြီး ပြောင်းလဲထားသော လမ်းစဉ်စွမ်းအားများက စွမ်းအားချင်းမတူညီသော်လည်း အခြေခံအားဖြင့် မဟာတာအို၏ အစိတ်အပိုင်းများသာ ဖြစ်သည်။

အခြားဖရိုဖရဲလမ်းစဉ်စွမ်းအားများကို လေ့လာခြင်းကလည်း လင်းယွမ်၏ နားလည်မှုကို ပိုမိုပြည့်စုံစေသည်။

နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေသည်။ သူ၏ ရှေ့တွင် ဖရိုဖရဲစွမ်းအားမျှက်များက လျို့ဝှက်သင်္ကေတစ်ခုအဖြစ် ပေါင်းစည်းသွားပြီး ခဏအကြာတွင် ပြန်လည်ပျောက်ကွယ်သွားသည်။

" ဖရိုဖရဲနိယာမ..." လင်းယွမ်က ဖရိုဖရဲစွမ်းအားများ လည်ပတ်မှုတွင် နစ်မြှုပ်နေပြီး သူ၏ အာရုံတစ်စိတ်တစ်ပိုင်းက ဖရိုဖရဲလျို့ဝှက်သင်္ကေတများကို လေ့လာရာတွင် အာရုံစိုက်ထားသည်။

အချိန်တစ်ခုကြာသောအခါ လင်းယွမ်က မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ရှေ့တွင် လည်ပတ်နေသော ဖရိုဖရဲစွမ်းအားများက လျင်မြန်စွာ ပြည့်စုံလာသည်။ အကယ်၍ လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်တစ်ယောက်က ၎င်းကို မြင်လျှင် ထိုလျို့ဝှက်သင်္ကေတကားချပ်က ၂၈ခုမြောက် ဖရိုဖရဲလျို့ဝှက်သင်္ကေတကားချုပ်နှင့် တူညီနေသည်ကို တွေ့ရပေလိမ့်မည်။

ယခုအချိန်တွင် လင်းယွမ်၏ ဖရိုဖရဲနိယာမအပေါ် နားလည်မှုက တတိယအဆင့်သို့ ရောက်ရှိသွားပြီဖြစ်သည်။

" ဖရိုဖရဲက အရာအားလုံးကို ဆင့်ကဲပြောင်းလဲတယ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။

ဖရိုဖရဲနိယာမ၏ တတိယအဆင့်ကို ရောက်သွားပြီးနောက် အရာအားလုံးအပေါ် သူ၏ အမြင်ကလည်း ပိုမိုရှင်းလင်းသွားခဲ့သည်။

" အရာအားလုံးက ဖရိုဖရဲကို ပြန်သွားကြလိမ့်မယ်။ " လင်းယွမ်၏ အကြည့်က နက်ရှိုင်းနေပြီး ကျယ်ပြောလှသော ဖရိုဖရဲဟင်းလင်းပြင်ကို စိုက်ကြည့်နေသည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် စကြာဝဠာခေတ်သန်းပေါင်းများစွာ လည်ပတ်နေသကဲ့သို့ တစ်နေ့တွင် ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံးက သဘာဝစကြာဝဠာကဲ့သို့ ကြီးမားသော ပျက်စီးမှုကြီးနှင့် ရင်ဆိုင်ရလိမ့်မည်ကို သိမြင်နေသည်။ ဖရိုဖရဲဟင်းလင်းပြင်ရှိ အရာအားလုံးက ဖရိုဖရဲဟင်းလင်းပြင်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

All Chapters