ဖုရှုနှင့် ရင်ဆိုင်ခြင်း....
Vol. 69 Ch. 975
" အမြုတေတိုင်ကြီးလား။ အဲ့ဒါက ငါတို့ တလင်းရှေးဟောင်းနိုင်ငံရဲ့ ပိုင်ဆိုင်မှု ဖြစ်လာနိုင်တာပဲ။ " လင်းယု၏ အကြည့်များက နက်ရှိုင်းနေသည်။ ထိုခဏတွင် သူ၏ မျက်လုံးများအတွင်းမှ တောက်ပလာပြီး ထူးခြားသော လှိုင်းကို အာရုံခံမိသည်နှင့် သူ၏ ပုံရိပ်က ချက်ချင်း ပျောက်ကွယ်သွားသည်။
တစ်ချိန်တည်းတွင် နတ်ဘုရားအရှင်သခင်များက အမြုတေတိုင်ကြီးရှိရာသို့ အပြေးအလွှား သွားကြသည်။ သူတိုက့ မပြိုင်ဆိုင်လျှင်တောင် အဝေးမှ ကြည့်ရှုလိုကြသည်။ မည်သို့ပင်ဖြစ်စေ ဖုရှုက သေချာပေါက် လှုပ်ရှားမည်ဖြစ်သည်။
" ဒါက အမြုတေတိုင်ကြီးပဲ။ " လင်းယွမ်ကလည်း ထူးခြားသော လှိုင်းကို အာရုံခံမိလိုက်သည်။ အခြားရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များနှင့် ယှဉ်လျှင် သူ၏ အာရုံခံနိုင်စွမ်းက ပို၍ မြင့်မားလှသည်။ ထို့အပြင် အမြုတေတိုင်ကြီး ထွက်ပေါလာသော နေရာက သူနှင့် မီတာအနည်းငယ်သာ ဝေးလေသည်။
" ဒီအမြုတေတိုင်ကြီးက ငါဘေးနားမှာ ပေါ်လာတာလား။ " လင်းယွမ်က လျင်မြန်စွာ ထင်ရှားလာသော အမြုတေတိုင်ကြီးကို ကြည့်ပြီး စိတ်ထဲတွင် မသက်မသာ ခံစားလိုက်ရသည်။
" ဘယ်လိုလုပ်ရမလဲ။ " လင်းယွမ်က သူ၏ ရှေ့မှ အမြုတေတိုင်ကြီးကို ကြည့်ပြီး ခဏစဉ်းစားပြီးနောက် ဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။ သူက ချက်ချင်း ကမ္ဘာစွမ်းရည်ကို အသက်သွင်းပြီး သန့်စင်ခြင်းကို စတင်လိုက်သည်။
လီယန်မြို့တော် သီးခြားဟင်းလင်းပြင်တွင် ချီယန်က လင်းယွမ်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။
" အဲ့ဒီအမြုတေတိုင်ကြီးက မင်းဘေးမှာ ပေါ်လာတာလား။ "
" ဟုတ်တယ်။ " လင်းယွမ်က ခေါင်းညိမ့်ပြလိုက်သည်။
အခြားသူများကလည်း အံဩသွားကြသည်။ သူတို့က အမြုတေတိုင်ကြီးကို မည်သည့်နေရာတွင် ပေါ်လာသလဲ စဉ်းစားနေကြဆဲ ဖြစ်သည်။
" ငါ အဲ့ဒါကို သန့်စင်နေပြီ။ " လင်းယွမ်က ပြောလိုက်သည်။
" ကောင်းပြီ။ မင်းသန့်စင်ထားလိုက်။ ငါလည်း အမြန်ဆုံးလာခဲ့မယ်။ " ချီယန်က လေးနက်စွာ ပြောလိုက်သည်။
ယခင် သူက ဖုရှုနှင့် တိုက်ခိုက်ရန် မလိုအပ်သောကြောင့် ပထမ အမြုတေတိုင်ကြီးအတွက် ယှဉ်ပြိုင်မှုကို လက်လျှော့ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ၎င်းမှာ ဖုရှုက အမြုတေတိုင်ကြီးသို့ ပထမဆုံး ရောက်ရှိပြီး အရင်ဆုံး သန့်စင်နိုင်မည်ဟူသော အချက်ပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။
ဖုရှုလက်ထဲမှ အမြုတေတိုင်ကြီးကို လုယူရန်မှာ အရင်းအနှီးများပေလိမ့်မည်။ နောက်ဆုံး အမှန်တကယ် လုယူနိုင်မလား မသေချာပေ။ ထို့ကြောင့် အကောင်းအဆိုးကို ချိန်ဆပြီး ချီယန်က လက်လျှော့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ယခု အမြုတေတိုင်ကြီးက လင်းယွမ်၏ ဘေးတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ လင်းယွမ်က အမြုတေတိုင်ကြီးကို ပထမဆုံးရောက်ရှိသူဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ချီယန်က အမြုတေတိုင်ကြီးအတွက် ယှဉ်ပြိုင်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
" ငါ အထူးနည်းလမ်းကို သုံးပြုပြီး မင်းဆီကို အသက်ရှူချိန်သုံးကြိမ်အတွင်း ရောက်အောင်လာခဲ့မယ်။ မင်း နှစ်ကြိမ်ပဲ တောင့်ခံထားဖို့လိုတယ်။ " ချီယန်က လေးနက်စွာ ပြောလိုက်သည်။
သူက လီယန်ရှေးဟောင်းနိုင်ငံမှ ယူဆောင်လာသော ရတနာကို အသက်သွင်းလိုက်လျှင် ထိုအမြုတေတိုင်ကြီးကို အပြည့်အဝ ကာကွယ်နိုင်ပေလိမ့်မည်။ ထိုအချိန်ကျမှ ဖုရှုက အမြုတေတိုင်ကြီးကို သန့်စင်လိုလျှင်တောင် တန်ဖိုးတစ်ခု ပေးဆပ်ရမည်ဖြစိသည်။
" ငါ အစွမ်းကုန်ကြိုးစားပါမယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
ဖုရှုက အသက်ရှူချိန်တစ်ကြိမ်အတွင်း ရောက်လာနိုင်ပြီး ချီယန်က သုံးကြိမ် ကြာမည်ဖြစ်သည်။ ထို့ကြောင့် လင်းယွမ်က ဖုရှုကို အသက်ရှူချိန် နှစ်ကြိမ် အချိန်ဆွဲထားရန်လိုအပ်သည်။
အမြုတေတိုင်ကြီးရှေ့တွင် လင်းယွမ်က အောင်မြင်စွာ သန့်စင်နိုင်ခဲ့ပြီဖြစ်သည်။ တစ်ချိန်တည်းတွင် သူ့အပေါ် ရတနာနယ်မြေ၏ အချိန်လေဟာနယ်ဖိနှိပ်မှုများက သိသိသာသာ လျော့နည်းသွားသည်ကို ခံစားလိုက်ရသည်။ တစ်ချိန်တည်းတွင် အမြုတေတိုင်ကြီး၏ အကူအညီနှင့် သူ၏ ကိုယ်ပွာများလည်း ဆင်းသက်လာခဲ့သည်။
မလှမ်းမကမ်းရှိ အချိန်လေဟာနယ်တွင် လှိုင်းများထလာပြီး လူတစ်ယောက်ထွက်ပေါ်လာသည်။
" ဖုရှုလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။ ထိုဝတ်ရုံနက်နှင့်လူက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် အဆင့်တူသော ဖုရှုပင်ဖြစ်သည်။
" ဘာလို့ ဒီလောက်တောင်မြန်ရတာလဲ။ " လင်းယွမ်က ဖိအားကို ခံစားလိုက်ရသည်။
ထိုမျှ လျင်မြန်စွာ ရောက်လာနိုင်ခြင်းမှာ အကြောင်းရင်းနှစ်ခုရှိသည်။ တစ်ခုမှာ ဖုရှုက သူ၏ စွမ်းအားကို ဖုံးကွယ်ထားပြီး သူ၏ အစစ်အမှန်စွမ်းအားမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်အတွင်း ပြသခဲ့သည်ထက် ကျော်လွန်နေခြင်းဖြစ်သည်။ အခြားတစ်ခုမှာ သူကလည်း ဤနေရာနှင့် အနီးတွင် ရှိနေသောကြောင့် ထိုမျှလျင်မြန်စွာ ရောက်ရှိလာခြင်းဖြစ်သည်။
" မင်းက ကံကောင်းသားပဲ။ " ဖုရှုက လင်းယွမ်ကို တစ်ချက်ကြည့်ပြီး ပြုံး၍ ပြောလိုက်သည်။ သူရောက်လာသည့်အချိန်တွင် လင်းယွမ်က အမြုတေတိုင်ကြီဆီသို့ ရောက်နေသည့်အပြင် သန့်စင်နေပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။
" ဒါပေမယ့် မင်း ကံမကောင်းတာက ငါနဲ့လာတွေ့တာပဲ။ " ဖုရှုက စကားမဆုံးမီ ပတ်ဝန်းကျင်ရှိ အချိန်လေဟာနယ်က မှောင်မိုက်လာခဲ့သည်။
" ဘာလဲ။ " လင်းယွမ်က မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမှောင်စွမ်းအားအောက်တွင် သူ၏ နတ်စွမ်းရည်ဖြစ်သော ပြင်ပကမ္ဘာက စတင်ပြိုလဲလာခဲ့သည်။
" ထွက်သွားစမ်း။ " ဖုရှုက သူ၏ ညာလက်ဖြင့် ရိုက်လိုက်ရာ လင်းယွမ်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး ပြင်ပကမ္ဘာက ချက်ချင်း ပြိုလဲကာ သူကိုယ်တိုင်လည်း တိုက်ရိုက်လွင့်ထွက်သွားခဲ့သည်။
ဖုရှုက ခြေတစ်လှမ်းလှမ်းကာ အမြုတေတိုင်ကြီးဘေးတွင် ရပ်လိုက်ပြီး သန့်စင်ခြင်းကို စတင်လိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူက လင်းယွမ်၏ အမှတ်အသားကို အောင်မြင်စွာ ဖျက်ဆီးပစ်လိုက်ပြီး အမြုတေတိုင်ကို ချောမွေ့စွာ သန့်စင်နိုင်ခဲ့သည်။
" ဖုရှု..." လင်းယွမ်က မျက်နှာပျက်သွားသည်။
" ဒါက အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက်ရဲ့ စွမ်းအားလား။ " လင်းယွမ်က အသက်ပြင်းပြင်းရှူလိုက်သည်။ သူက ဒဏ်ရာမရခဲ့သော်လည်း ဖုရှု၏ တိုက်ခိုက်မှုအောက်တွင် သူက လုံးဝ မခုခံနိုင်ဘဲ လွင့်ထွက်သွားခဲ့ခြင်းဖြစ်သည်။
" ဖုရှုကျင့်ကြံထားတဲ့ အလွှာဆယ့်သုံး အမွေအနှစ်က အချိန်နဲ့ ဆက်စပ်နေတာဖြစ်ရမယ်။ " လင်းယွမ်က ကောက်ချက်ချလိုက်သည်။
ဖုရှု၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရချိန်တွင် အချိန်က လုံးဝရှုပ်ထွေးသွားခဲ့ပြီး သူ၏ တုန့်ပြန်လိုစိတ်ပင် ပျောက်ကွယ်သွားခဲ့သည်။ သူက ပြင်ပကမ္ဘာ၏ ခုခံမှုကိုသာ အားကိုးခဲ့ခြင်းဖြစ်သည်။
" ငါ့ရဲ့ ရိုက်ချက်ကို ဒဏ်ရာမရဘဲ ခုခံနိုင်တာ မင်းက တကယ်တော်တာပဲ။ " အမြုတေတိုင်ကြီးကို သန့်စင်ပြီးနောက် ဖုရှုက လင်းယွမ်ကို ကြည့်ပြီး ချီးကျူးလိုက်သည်။
သူအသုံးပြုလိုက်သော နည်းစနစ်က ရန်သူ၏ အချိန်အာရုံခံမှုကို ချက်ချင်း ပိတ်ဆို့နိုင်ပြီး ပြင်ဆင်ထားခြင်းမရှိဘဲ တိုက်ခိုက်မှုကို ခံရစေသည်။ ထိုအခြေအနေတွင် လင်းယွမ်က ဒဏ်ရာမရဘဲ လွင့်ထွက်သွားခြင်းမှာ သူ၏ ခုခံမှုကို သက်သေပြနေသည်။
ဝုန်း....
ရုတ်တရက် အချိန်လေဟာနယ် လှိုင်းများ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု ပေါ်လာသည်။ သူက အမြုတေတိုင်ကြီးကို မကျေမနပ်နှင့် ကြည့်လိုက်သည်။
" ဖုရှု မင်းက တောတော်မြန်တာပဲ။ " သူက လျင်မြန်စွာ ရောက်လာခဲ့သော်လည်း ဖုရှုက ခြေတစ်လှမ်းသာနေခဲ့သည်။
" မင်းတို့ မန်ဟွမ်ရှေးဟောင်းနိုင်ငံက ဒီရတနာနယ်မြေအတွက် အတော်လေးအားထုတ်နေကြတာပဲ။ " ဖုရှုက ပြုံးလိုက်သည်။
" ဟမ့် " ထိုပုံရိပ်က နှာခေါင်းရှုံ့ကာ ပျောက်ကွယ်သွားခဲ့သည်။ အကယ်၍ သူရောက်လာချိန်တွင် ဖုရှုက အမြုတေတိုင်ကြီးကို မသန့်သင်ရသေးလျှင် သူက လုယူရန် တုန့်ဆိုင်းနေမည်မဟုတ်ပေ။ သို့သော် ယခု ဖုရှုက အမြုတေတိုင်ကြီးကို သန့်စင်ပြီးသားဖြစ်သောကြောင့် ဆက်လက်ယှဉ်ပြိုင်နေစရာ အကြောင်းမရှိတော့ပေ။
ထို့နောက် ပုံရိပ်များက ထပ်မံထွက်ပေါ်လာခဲ့ပြီး အမြုတေတိုင်ကြီးကို အဝေးမှ လှမ်းကြည့်လိုက်သည်။
" ဖုရှုသန့်စင်ပြီးသွားပြီပဲ။ "
" မျှော်လင့်ထားတဲ့အတိုင်းပဲ။ ပထမဆုံး အမြုတေတိုင်ကြီးအတွက် ဖုရှုကို ဘယ်သူက ယှဉ်နိုင်မှာလဲ။ "
" ဟူး... နောက်တစ်ခုကိုပဲ စောင့်ကြတာပေါ့။ "
ရောက်ရှိလာသော နတ်ဘုရားအရှင်သခင်များက အချင်းချင်း ပြောဆိုပြီးနောက် ဆုတ်ခွာသွားကြသည်။
" နှမြောစရာပဲ။ " ချီယန်က ခေါင်းခါပြီး လင်းယွမ်ကို ကြည့်လိုက်သည်။ " ဒါပေမယ့် အကျိုးမရှိတာတော့မဟုတ်ပါဘူး။ အနည်းဆုံးတော့ ဖုရှုက အချိန်နဲ့ပက်သက်တဲ့ အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံထားတယ်ဆိုတာ သိလိုက်ရတာပဲ။ "
လင်းယွမ်က ဖုရှုလှုပ်ရှားခဲ့သည့် အခြေအနေကို ချီယန်အား ပြောပြခဲ့ခြင်းဖြစ်သည်။ လင်းယွမ်ခန့်မှန်းထားသကဲ့သို့ပင် ဖုရှုက အချိန်နှင့်သက်ဆိုင်သော အလွှာဆယ့်သုံး အမွေအနှစ်ကို ကျင့်ကြံထားကြောင်း ကောက်ချက်ချခဲ့သည်။
နတ်ဘုရားအရှင်သခင်များက ဖုရှုကို မယှဉ်နိုင်သော်လည်း ကွာဟချက်မှာ ထင်သလောက်မကြီးမားပေ။ အထူးသဖြင့် လင်းယွမ်က သူ၏ ခိုင်မာသော အခြေခံကြောင့် သူ၏ ပြင်ပကမ္ဘာကို ဖောက်ခွဲပစ်နိုင်လေသည်။
" စိတ်မပူနဲ့။ ငါတို့က အစကတည်းက ပထမဆုံး အမြုတေတိုင်ကြီးကို လုယူဖို့ ရည်ရွယ်ချက်မရှိခဲ့ဘူးပဲ။ " ချီယန်က လင်းယွမ်ကို ပြောလိုက်သည်။
လင်းယွမ်က ဘာမှမပြောဘဲ ခေါင်းညိမ့်လိုက်သည်။
ဖရိုဖရဲဟင်းလင်းပြင်၊ နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးနေရာတွင် လင်းယွမ်က သူနှင့် ဖုရှုကြား ကွာဟချက်ကို သုံးသပ်နေသည်။
" အလွှာဆယ့်သုံး အမွေအနှစ် တစ်ခုထက်မက ကိုင်ဆောင်ထားတဲ့ ဒီလိုအင်အားကြီးသူတွေနဲ့ယှဉ်ရင် ငါ့ရဲ့ အားသာချက်တွေအားလုံးက လုံးဝနီးပါးပျောက်ကွယ်သွားခဲ့တာပဲ။ "
အလွှာဆယ့်သုံး အမွေအနှစ်များအနေဖြင့် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်နှင့် လီယန်နေမင်းဖွင့်လှစ်ခြင်းတို့ကို ပိုင်ဆိုင်ထားသည်။ သို့သော် ဖုရှုတွင်လည်း ထိုအရာများရှိနေသည်။ ထို့အပြင် ဖုရှုတွင် လင်းယွမ်တွင် မရှိသေးသောအရာများလည်း ရှိနေသည်။ ဥပမာ ဖရိုဖရဲလမ်းစဉ်စွမ်းအားကဲ့သို့သော အရာများဖြစ်သည်။
ဖုရှုကဲ့သို့သာ အင်အားကြီးသူများက ဘာမှရှာဖွေစရာမရှိတော့ဘဲ ဘိုးဘေးအဆင့်သို့ တက်လှမ်းရန် ပြင်ဆင်နေကြသူများဖြစ်သောကြောင့် ရတနာနယ်မြေများကလည်း သူတို့ကို ဆွဲဆောင်နိုင်ခြင်းမရှိပေ။ ဖုရှုက ဤနေရာသို့ လာရခြင်းမှာ သူ့တွင် လုပ်စရာမရှိဘဲ အားနေသောကြောင့်ဖြစ်သည်။