ဖရိုဖရဲထိုက်ကျိစွမ်းအား...
Vol. 69 Ch. 976
" ငါ့မှာ တိုးတက်ဖို့ နေရာတွေ အများကြီး ရှိပါသေးတယ်။ " လင်းယွမ်က စိတ်ပျက်ခြင်းမရှိဘဲ သူ၏ အတွေးများကို စုစည်းလိုက်သည်။
" အဆုံးမဲ့ဟင်းလင်းပြင်..." လင်းယွမ်က အလွှာဆယ်သုံး အမွေအနှစ်၏ တတိယအဆင့်ကို အာရုံစိုက်ကျင့်ကြံနေပြီး အောင်မြင်ရန် နီးစပ်နေပြီဖြစ်သည်။
ဝုန်း ဝုန်း....
နက်ရှိုင်းပြီး စွမ်းအားကြီးသော အသံများ ထွက်ပေါ်လာသည်။ လင်းယွမ်က တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပြီး သူ၏ စိတ်အသိကို အတွင်းစကြာဝဠာထဲသို့ ပို့လွှတ်လိုက်သည်။
ထိုနေရာတွင် ဖရိုဖရဲစွမ်းအားများ လွင့်မျောနေပြီး ဖရိုဖရဲစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဥကြီးတစ်လုံး ရှိနေသည်။ ဥကြီးအတွင်းမှ အသံများ ထွက်ပေါ်နေပြီး တစ်စုံတစ်ခု မွေးဖွားရန် ဆင့်ကဲပြောင်းလဲနေသကဲ့သို့ ဖြစ်သည်။
" ငါ့ရဲ့ ဖရိုဖရဲထိုက်ကျိလမ်းစဉ်က မွေးဖွားလာတော့မှာလား။ " လင်းယွမ်က ဥကြီးကို သေချာစောင့်ကြည့်နေသည်။
အချိန်ကြာလာသည်နှင့်အမျှ ဥပေါ်တွင် အက်ကြောင်းများစွာ ပေါ်လာခဲ့သည်။ နောက်ဆုံးတွင် အချင်းချင်း ပေါင်းစပ်နေသော အဖြူရောင်နှင့် အနက်ရောင်စွမ်းအားများ ပေါ်လာသည်။ ထိုအဖြူအနက်စွမ်းအားများက အဆုံးစွန်သော ထိုက်ယင်နှင့် ထိုက်ယန်စွမ်းအားတို့ ဖြစ်ကြသည်။
ကြောက်စရာကောင်းသော အော်ရာက အဖြူအနက်စွမ်းအားနှင့်အတူ ပျံ့နှံ့သွားပြီး အချိန်လေဟာနယ်အလွှာများစွာက ပြိုလဲသွားခဲ့သည်။
" အဲ့ဒါ ဘာစွမ်းအားလဲ။ " ကျောက်စိမ်းဘူးသီးခြောက်ကို မှီနေသော အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရုတ်တရက် လန့်နိုးသွားသည်။ သူမက အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံဖူးသောသူများထံမှ ခံစားခဲ့ရသော ဖိအားများထက် သာလွန်သော ဖိအားကို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။
ခေတ်အဆက်ဆက် အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံခဲ့သူများရှိပြီး အချို့က ပဉ္စအဆင့်ထိ ကျင့်ကြံနိုင်ခဲ့ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်၏ စွမ်းအားကို ရရှိခဲ့ကြသည်။ သူမက ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်၏ စွမ်းအားကို ကောင်းစွာသိရှိထားသော်လည်း ယခုဖိအားနှင့်ယှဉ်လျှင် ၎င်းက အနည်းငယ် နိမ့်ကျနေသည်။
" ဘာတွေဖြစ်နေတာလဲ။ " သူမက ဆက်လက်စောင့်ကြည့်နေရင်း ပထမဆုံး အတွေးမှာ လင်းယွမ်က ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်သွားပြီလားဟူသော အတွေးပင်ဖြစ်သည်။
သို့သော် သူမက ထိုအတွေးကို ချက်ချင်း ပယ်ချလိုက်သည်။ လင်းယွမ်က ဖရိုဖရဲအဆင့်သို့ပင် မရောက်သေးဘဲ ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစ်လာရန် လုံးဝမဖြစ်နိုင်ပေ။
ဖရိုဖရဲစွမ်းအားများဖြင့် ဖွဲ့စည်းထားသော ဦကြီးက ကွဲအက်သွားခဲ့ပြီး အဖြူအနက်စွမ်းအားများက လင်းယွမ်၏ ရှေ့သို့ စီးဆင်းလာခဲ့သည်။
" ဒါက ငါဆင့်ကဲပြောင်းလဲထားတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားလား။ " လင်းယွမ်က သူ၏ ရှေ့မှ အဖြူအနက်စွမ်းအားကို ကြည့်လိုက်သည်။
အဖြူအနက်စွမ်းအားများက အဆက်မပြတ် ရောယှက်နေပြီး စွမ်းအားတစ်ခုချင်းစီက လင်းယွမ်ကျွမ်းကျင်ထားသော နိယာမအနှစ်သာရများ ပါဝင်နေသည်။ နောက်ဆုံးတွင် အဖြူအနက်စွမ်းအားများအားလုံး ပေါင်းစည်းသွားပြီး အဖြူအနက် ထိုက်ကျိသင်္ကေတတစ်ခု ထွက်ပေါ်လာခဲ့သည်။
အဖြူရောင်အပိုင်းတွင် အဆုံးစွန်သော ထိုက်ယန်စွမ်းအားများ ပါဝင်နေပြီး ပူပြင်းမှုနှင့် မာကျော်မှုတို့ ပြည့်နှက်နေသည်။ အနက်ရောင်အပိုင်းတွင် အဆုံးစွန်သော ယင်စွမ်းအားများပါဝင်နေသည်။ ထိုယင်နှင့်ထိုက်ယန်နှစ်ခုကြား မျှခြေက ပြည့်စုံလှပြီး ခဏတိုင်းတွင် ပေါင်းစည်းနှင့် ခွဲထွက်ခြင်းကို ပြုလုပ်နေသည်။
လင်းယွမ်က ထိုက်ကျိသင်္ကေတကို ကြည့်နေစဉ် သူ၏ စိတ်အသိက တုန်ခါသွားပြီး သူ၏ မျက်ခုံးနှစ်ခုအလယ်တွင် ထိုက်ကျိသင်္ကေတအမှတ်အသားတစ်ခု ပေါ်လာခဲ့သည်။
အတွင်းစကြာဝဠာထဲမှ ပုံရိပ်သာမက ပြင်ပရှိ မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားများအားလုံး၏ မျက်လုံးအလယ်တွင်လည်း ထိုက်ကျိသင်္ကေတအမှတ်အသားတစ်ခုစီ ပေါ်လာကြသည်။
" ဖရိုဖရဲထိုက်ကျိ..." လင်းယွမ်၏ အကြည့်က နက်ရှိုင်းလာသည်။ သူ၏ ရှေ့မှ ထိုက်ကျိသင်္ကေတက ခဏအတွင်း အဆပေါင်းများစွာ ကျယ်ပြန့်သွားပြီး အတွင်းစကြာဝဠာတစ်ခုလုံးနှင့် ပေါင်းစပ်သွားခဲ့သည်။
ထိုက်ကျိစွမ်းအားများက အတွင်းစကြာဝဠာနှင့် ပေါင်းစပ်သွားပြီးနောက် အတွင်းစကြာဝဠာက အသွင်ပြောင်းလဲလာခဲ့သည်။ အချိန်လေဟာနယ်က ပိုမိုပြည့်စုံလာပြီး တာအိုနိယာမမျညးကလည်း လျင်မြန်စွာ အားကောင်းလာကာ အတွင်းစကြာဝဠာ၏ အရွယ်အစားကလည်း ရူးသွပ်စွာ ကျယ်ပြန့်လာသည်။
ဖရိုဖရဲဆင့်ကဲပြောင်းလဲခြင်းစွမ်းအားကို ဖရိုဖရဲအရှင်သခင်ဟု မခေါ်ဘဲ မဟာသူတော်စင်များဟု ခေါ်ရခြင်းမှာ မဟာသူတော်စင်များ၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားက ဖရိုဖရဲအရှင်သခင်များထက် များစွာ သာလွန်သောကြောင့် ဖြစ်သည်။ ထိုသာလွန်မှုက ကဏ္ဍအားလုံးတွင် ရှိနေပြီး ဖရိုဖရဲလမ်းစဉ်စွမ်းအားမှ လာခြင်းဖြစိသည်။
ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲထားသော မဟာသူတော်စင်များက ကဏ္ဍအားလုံးတွင် မြှင့်တင်မှုကို ရရှိမည်ဖြစ်သည်။ ယခုအချိန်တွင် လင်းယွမ်က ဖရိုဖရဲအဆင့်သို့ မရောက်သေးသော်လည်း ဖရိုဖရဲထိုက်ကျိစွမ်းအားက ဆင့်ကဲပြောင်းလဲနေပြီဖြစ်သောကြောင့် သူကလည်း ကဏ္ဍအားလုံးတွင် မြှင့်တင်မှုရရှိခဲ့သည်။
" ဒီအပြောင်းအလဲက ဘယ်ကလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုများကို အာရုံခံမိပြီး စိတ်ထဲမှ တုန်လှုပ်သွားခဲ့သည်။
အတွင်းစကြာဝဠာ၏ ပြောင်းလဲမှုက အဆုံးမဲ့ဟင်းလင်းပြင်မှ ဖြစ်ပေါ်လာသော အသွင်ပြောင်းလဲမှုမျိုး မဟုတ်ပေ။ အဆုံးမဲ့ဟင်းလင်းပြင်က အတွင်းစကြာဝဠာ၏ အသေးငယ်ဆုံး အစိတ်အပိုင်းများကို ပြန်လည်ဖွဲ့စည်းခြင်းဖြစ်သည်။ သို့သော် ယခုအတွင်းစကြာဝဠာ၏ အသွင်ပြောင်းလဲမှုက တိုက်ရိုက်အဆင့်မြှင့်တင်ခြင်းဖြစ်သည်။
" ဒါက ဖရိုဖရဲလမ်းစဉ်စွမ်းအားပဲ။ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို အောင်မြင်သွားတာလား။ " နောက်ဆုံးတွင် သူမက အခြေအနေကို ခန့်မှန်းမိလိုက်သည်။
အတွင်းစကြာဝဠာကို ထိုမျှအထိ မြှင့်တင်ရန် နည်းလမ်းများစွာ မရှိပေ။ အထူးသဖြင့် ယခုကဲ့သို့ ကြီးမားသော အသွင်ပြောင်းလဲမှုမှာ ဖရိုဖရဲအဆင့်သို့ ဝင်ရောက်ခြင်း သို့မဟုတ် ဖရိုဖရဲလမ်းစဉ်စွမ်းအားကို အောင်မြင်ခြင်း စသည့်နည်းလမ်းအနည်းငယ်သာ ရှိသည်။
" ဘယ်လိုဖရိုဖရဲလမ်းစဉ်စွမ်းအားကို နားလည်သွားလို့ ဒီလောက်ထိ လှုပ်ခတ်သွားတာလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အသက်ပြင်းပြင်းရှူလိုက်သည်။
သူမက လင်းယွမ်၏ ပါရမီနှင့် အရည်အချင်းကို ကောင်းစွာသိထားသောကြောင့် ဖရိုဖရဲလမ်းစဉ်စွမ်းအား ဆင့်ကဲပြောင်းလဲသွားသည်ကို သံသယမရှိပေ။ သို့သော် ယခု ဖြစ်ပေါ်လာသော အပြောင်းအလဲများက သူမကို မေးခွန်းထုတ်သရာဖြစ်စေခဲ့သည်။
လင်းယွမ်က သူ၏ အသွင်ပြောင်းလဲမှုများကို ခံစားကြည့်နေပြီး အရာအားလုံးကို ထောက်ပံ့ပေးထားသော ဖရိုဖရဲထိုက်ကျိစွမ်းအားကို ခံစားနေသည်။
" ဟင် " လင်းယွမ်၏ မျက်ခုံးအလယ်မှ ထိုက်ကျိသင်္ကေတအမှတ်အသားက ဖြည်းညင်းစွာ လည်ပတ်လာပြီး သူ့ကို ဗဟိုပြု၍ နက်နဲ့သော လှိုင်းတစ်ခုက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။
" ဒါက ငါ့ရဲ့ တာအိုကို ဒီဖရိုဖရဲဟင်းလင်းပြင်က မှတ်သားနေတာလား။ " လင်းယွမ်က စဉ်းစားနေသည်။
ဖရိုဖရဲဟင်းလင်းပြင်တွင် မဟာသူတော်စင်များ ထွက်ပေါ်လာလျှင် ဖရိုဖရဲဟင်းလင်းပြင်ထဲ၌ မှတ်သားခြင်းဟူသော ထိုဖြစ်စဉ်ကို ဖြတ်သန်းကြရသည်။
" ဒါက ကျောက်ဆူးတစ်ခုလိုပဲ။ " လင်းယွမ်က နှောက်ယှက်ခြင်းမရှိပေ။
တစ်စုံတစ်ယောက်၏ တာအိုကို ဖရိုဖရဲဟင်းလင်းပြင်တွင် မှတ်သားခြင်းက ဖရိုဖရဲဟင်းလင်းပြင်နှင့် ချိတ်ဆက်ပေးပြီး အချိန်စက်ဝန်းထဲသို့ ကျရောက်သွားလျှင် အကျိုးသက်ရောက်မှုအချို့ ရှိနိုင်ပေသည်။
မိမိ၏ ကိုယ်ပိုင်တာအိုကို ဖရိုဖရဲဟင်းလင်းပြင်တွင် မှတ်သားခြင်းဖြစ်စေ၊ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ဖြန့်ကျက်ခြင်းဖြစ်စေ ရည်ရွယ်ချက်မှာ ကျောက်ဆူးမှတ်များတည်ဆောက်ရန် ဖြစ်သည်။
သို့သော် အချိန်စက်ဝန်းကို ဖြတ်ကျော်နိုင်ရန် အဓိကအားဖြင့် မိမိကိုယ်တိုင်ပေါ်တွင် မူတည်နေသည်။ ထိုနည်းလမ်းများက အများဆုံး အထောက်အကူပြုရုံသာဖြစ်သည်။ လင်းယွမ်အတွက် အချိန်စက်ဝန်းကို ဖြတ်ကျော်နိုင်ရန် အထောက်အကူပြုသည့် မည်သည့်နည်းလမ်းကို သူက လက်လွှတ်ခံမည်မဟုတ်ပေ။
ထိုအခိုက်အတန့်တွင် ဖရိုဖရဲဟင်းလင်းပြင်ရှိ တည်ရှိမှုများက တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေရှိရာသို့ ကြည့်လိုက်ကြသည်။
" ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်ထွက်ပေါ်လာပြီး သူတို့ရဲ့ တာအိုကို ဖရိုဖရဲဟင်းလင်းပြင်မှာ မှတ်သားနေတာလား။ "
" ဖရိုဖရဲလမ်းစဉ်စွမ်းအားတစ်ခု မွေးဖွားလာပြီ။ ဒါပေမယ့် ဒါက အခုမှ မွေးဖွားလာတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားလား။ ဘာလို့ ပြိုင်ဘက်ကင်သမဟာသူတော်စင်အချို့ထက်တောင် ကြောက်စကောင်းနေတာလဲ။ "
အထူးတည်ရှိမှုများက မယုံကြည်နိုင်ဖြစ်နေကြသည်။ သူတို့က များသောအားဖြင့် လမ်းစဉ်တစ်သောင်းမျက်လုံးကဲ့သို့ အလွှာဆယ့်သံ အချိန်သက်ရှိများနှင့် ပက်သက်နေကြသည်။ သူတို့က အလွန်ရှေးကျပြီး မဟာသူတော်စင်များ၊ ပြိုင်ဘက်ကင်းမဟာသူတော်စင်များနှင့် အနှိုင်းမဲ့မဟာသူတော်စင်များ၏ မွေးဖွားခြင်း၊ ပျောက်ကွယ်ခြင်းများကို မြင်တွေ့ခဲ့ရသည်။
ပုံမှန်အားဖြင့် မဟာသူတော်စင်တစ်ယောက်၏ တာအိုမှတ်သားမှုက သူတို့၏ အာရုံစိုက်မှုကို မရရှိနိုင်ပေ။ သို့သော် ယခုအခါ ဖရိုဖရဲထိုက်ကျိလမ်းစဉ်က ဆက်လက်မှတ်သားနေစဉ် ဖရိုဖရဲဟင်းလင်းပြင်တစ်ခုလုံး ကြီးမားစွာ ပြောင်းလဲနေကြသောကြောင့် သူတို့ကို တုန်လှုပ်သွားစေခဲ့သည်။
" အဲ့ဒါက မကြာသေးခင်က ရွှမ်ဟွမ်စကြာဝဠာမှာ အခြားမဟာသူတော်စင်တွေကို နှိမ်နင်းခဲ့တဲ့ နဂါးငွေ့တန်းမဟာသူတော်စင်ပဲ။ အဲ့ဒီတုန်းက သူ့ရဲ့ စွမ်းအားက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်နားမှာပဲ ရှိသေးတာ။ "
အထူးတည်ရှိမှုတစ်ခုဖြစ်သော ဓားကျိုးက လင်းယွမ်ကို မှတ်မိသွားသည်။ " အဲ့ဒီနဂါးငွေ့တန်းမဟာသူတော်စင်က အလွှာဆယ့်သုံးအမွေအနှစ်ကို ကျင့်ကြံထားတာဖြစ်ရမယ်။ အဲ့ဒါကြောင့် ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲမပြောင်းလဲခင် မဟာသူတော်စင်တွေကို လွှမ်းမိုးနိုင်ခဲ့တာပဲ။ "