အတွင်းစကြာဝဠာ၏ စွမ်းအား...
Vol. 69 Ch. 977
" နဂါးငွေ့တန်းက ဖရိုဖရဲလမ်းစဉ်စွမ်းအားမရှိဘဲနဲ့တောင် ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်နားကပ်နေတာဆိုရင် အခုလို အားကောင်းတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲလိုက်တော့ သူက တိုက်ရိုက်ပဲ ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက်ဖြစ်သွားပြီ မဟုတ်လား။ "
အထူးတည်ရှိမှုများက အချင်းချင်း ဆက်သွယ်နေကြသည်။ သူတို့က သာမန်မဟာသူတော်စင်များကို သိပ်စိတ်မဝင်စားကြပေ။ သို့သော် ပြိုင်ဘက်ကင်းမဟာသူတော်စင်များကိုမူ သူတို့က အထူးအလေးထားကြသည်။
အထူးသဖြင့် လင်းယွမ်က ပုံမှန်မဟုတ်သော ပြိုင်ဘက်ကင်းမဟာသူတော်စင်ဖြစိသည်။ သူက ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲလိုက်ရုံနှင့် ပြိုင်ဘက်ကင်းမဟာသူတော်စင် ဖြစ်လာခြင်းဖြစ်သည်။
" အဲ့ဒီနဂါးငွေ့တန်းမဟာသူတော်စင်က မမျှော်လင့်ထားတဲ့ အမှားအယွင်းမရှိဘဲ တိုးတက်လာမယ်ဆိုရင် သူက ငါတို့ ဖရိုဖရဲဟင်းလင်းပြင်ရဲ့ သမိုင်းတစ်လျှောက်မှာ ရှိခဲ့တဲ့ အနှိုင်းမဲ့မဟာသူတော်စင်အားလုံးထဲမှာ ထိပ်ဆုံးသုံးယောက်ထဲမှာတောင် ပါဝင်နိုင်တယ်။ " အထူးတည်ရှိမှုတစ်ခုက တုန်လှုပ်စွာ ပြောလိုက်သည်။
အနှိုင်းမဲ့မဟာသူတော်စင်တစ်ယောက် ထွက်ပေါ်လာရန် အခြေအနေမှာ ထိုခေတ်ကာလရှိ ပြိုင်ဘက်ကင်းမဟာသူတော်စင်အားလုံးကို လွှမ်းမိုးနိုင်ရမည်ဖြစ်ပြီး သူတို့၏ အညံ့ခံမှုနှင့် လေးစားမှုကို ရရှိရမည်ဖြစ်သည်။
" နဂါးငွေ့တန်း မဟာသူတော်စင်လား။ " လမ်းစဉ်တစ်သောင်းမျက်လုံးက စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။
သူက လင်းယွမ်မှာ အနည်းဆုံး ပြိုင်ဘက်ကင်းမဟာသူတော်စင်တစ်ယောက် ဖြစ်လာမည်ဟု ယုံကြည်ထားသော ဤမျှမြန်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
နဂါးငွေ့တန်းဖရိုဖရဲကုန်းမြေ၏ နက်ရှိုင်းသောနေရာတွင် ဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲပြီးနောက် လင်းယွမ်၏ အာရုံခံနိုင်စွမ်းက တိုးတက်လာပြီး သူ၏ တာအိုကို ဖရိုဖရဲဟင်းလင်းပြင်တွင် မှတ်သားလိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသကဲ့သို့ ခံစားလိုက်ရသည်။
" အဲ့ဒါ ဟိုအထူးတည်ရှိမှုတွေလား။ " လင်းယွမ်က သိပ်ဂရုမစိုက်ပေ။ သူက ထိုအထူးတည်ရှိမှုများကို သတိထားရုံသာ ဖြစ်ပြီး ကြောက်ရွံ့ခြင်းလုံးဝမရှိပေ။
ထိုအထူးတည်ရှိမှုများက သူတို့ကိုယ်တိုင် လှုပ်ရှားနိုင်ခြင်းမရှိဘဲ သူတို့ကို သွားရောက်မနှောက်ယှက်သရွေ့ ပြဿနာမရှိနိုင်ပေ။ သွားရောက်နှောက်ယှက်လျှင်တောင် သူတို့၏ နောက်မှ အချိန်သက်ရှိများ၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်ရန် ခက်ခဲလေသည်။
" ငါ့ရဲ့ လက်ရှိစွမ်းအားက..." လင်းယွမ်က သူ၏ အတွေးများကို စုစည်းလိုက်သည်။ ကနဦးအသွင်ပြောင်းလဲမှုပြီးနောက် သူ၏ တိုးတက်မှုနှုန်းက တဖြည်းဖြည်း နှေးကွေးသွားခဲ့သော်လည်း ထိုနှေးကွေးမှုနှုန်းက သာမန်မဟာသူတော်စင်များ နှိုင်းယှဉ်နိုင်မည်မဟုတ်ပေ။
ဖရိုဖရဲမဟာသူတော်စင်တစ်ယောက်၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားမှ ရရှိသော မြှင့်တင်မှုအတိုင်းအတာက ထိုလမ်းစဉ်အပေါ်တွင်သာ မူတည်သည်။
အတွင်းစကြာဝဠာထဲတွင် အနီရောင်ဝတ်စုံနှင့် မိန်းကလေးက ရပ်နေပြီး ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို ကြည့်ပြီး မှင်သက်နေခဲ့သည်။
ထိုအချိန်တွင် လင်းယွမ်၏ ပုံရိပ်က သူမ၏ ဘေးတွင် ပေါ်လာပြီး သူမကို ပြုံး၍ ကြည့်လိုက်သည်။
" သခင်က ဘယ်လိုဖရိုဖရဲလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲလိုက်တာလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက မနေနိုင်တော့ဘဲ မေးလိုက်သည်။
" ဘယ်လိုဖရိုဖရဲလမ်းစဉ်စွမ်းအားလဲဆိုတော့ ငါက အဲ့ဒါကို ဖရိုဖရဲထိုက်ကျိလို့ခေါ်တယ်။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။
စကားပြောပြီးသည်နှင့် သူက ညာလက်ကို မြှောက်လိုက်ရာ သူ၏ လက်ချောင်းထိပ်တွင် အဖြူအနက်ရောယှက်နေသော စွမ်းအားတစ်ခု ပေါ်လာသည်။ ထိုစွမ်းအားက လက်ချောင်းထိပ်တွင်သာ ရှိနေသော်လည်း ၎င်း၏ လွှမ်းမိုးမှုက ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်အလွှာများစွာကို ဖြတ်ကျော်သွားသည်။
" ဖရိုဖရဲထိုက်ကျိလား။ ဒါက ငါမြင်ဖူးသမျှထဲမှာ အသန်မာဆုံး ဖရိုဖရဲလမ်းစဉ်စွမ်းအားဖြစ်နိုင်တယ်။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက တစ်စုံတစ်ခုကို သတိရသွားပြီး ထပ်ပြောလိုက်သည်။ " သခင်ဟောင်းက လွဲရင်ပေါ့။ "
" သေချာတာပေါ့။ ငါက ကြီးမြတ်တဲ့ အချိန်သက်ရှိတွေနဲ့ မယှဉ်နိုင်ပါဘူး။ " လင်းယွမ်က ပြုံး၍ ခေါင်းခါလိုက်သည်။
သူက ပို၍ ကျင့်ကြံလာသည်နှင့်အမျှ အလွှာဆယ့်သုံးနှင့် ကွာဟချက်ကို ပို၍ ခံစားလာရသည်။ သူက အလွှာဆယ့်သံ ရတနာဖြစ်သော ကောင်းကင်လေဟာနယ်အိုးကို လေ့လာထားပြီး အတွင်းမှ မှတ်တမ်းတင်ထားသော အမှတ်အသားများကို ခံစားဖူးသည်။ အလွှာဆယ့်သုံး အချိန်သက်ရှိ၏ စွမ်းအားအနည်းငယ်ကပင် ဟင်းလင်းပြင်နယ်မြေများစွာကို ဖျက်ဆီးပစ်နိုင်သည်။
" အင်မော်တယ်ရွှေ ရှိသေးလား။ " လင်းယွမ်က မိန်းကလေးကို မေးလိုက်သည်။
အင်မော်တယ်ရွှေက အတွင်းစကြာဝဠာ၏ ကြံ့ခိုင်မှုကို တိုင်းတာရန်အတွက် အသုံးပြုသော သတ္တုတစ်မျိုးဖြစ်သည်။ ယခင် အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်ကို အောင်မြင်ပြီးနောက် သူက ထိုသတ္တုကို အသုံးပြု၍ သူ၏ အတွင်းစကြာဝဠာအဆင့်ကို တိုင်းတာခဲ့ဖူးသည်။
" ရှိပါတယ်။ အတွင်းစကြာဝဠာကို စမ်းသပ်မလား။ " မိန်းကလေးက မေးလိုက်သည်။
" မှန်တယ်။ ငါ အခုဘယ်လောက်သန်မာနေပြီလဲဆိုတာ သိချင်လို့ပါ။ " လင်းယွမ်က ပြုံး၍ ပြန်ဖြေလိုက်သည်။
ဖရိုဖရဲထိုက်ကျိလမ်းစဉ်စွမ်းအားကို ဆင့်ကဲပြောင်းလဲပြီးနောက် သူ၏ စွမ်းအားက ပြိုင်ဘက်ကင်းမဟာသူတော်စင်အဆင့်ကို ကျော်လွန်သွားကြောင်း သေချာသော်လည်း အနှိုင်းမဲ့မဟာသူတော်စင်အဆင့်သို့ ရောက်မရောက် မသေချာပေ။
" ဘယ်လောက်သန်မာလဲ သိချင်တာလား။ " မိန်းကလေး၏ နှုတ်ခမ်းများ တွန့်ကွေးသွားသည်။
သူမက လက်ဝှေ့ရမ်းလိုက်သည်နှင့် ကျောက်စိမ်းဘူးသီးခြောက်က တုန်ခါသွားပြီး မီတာရာချီကြီးမားသော အင်မော်တယ်ရွှေတစ်တုံး ထွက်ကျလာသည်။
" ဒီအင်မော်တယ်ရွှေကို ထိုးဖောက်နိုင်ရင် အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ပဉ္စမအဆင့် စွမ်းအားနဲ့ ညီမျှတယ်လို့ ပြောလို့ရတယ်။ " မိန်းကလေးက ပြောလိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်က သတ္တမအဆင့်ထိသာ ရှိပြီး သတ္တမအဆင့်က သီအိုရီအရသာဖြစ်သည်။ ပဉ္စမအဆင့်ကို အောင်မြင်ခြင်က အနှိုင်းမဲ့မဟာသူတော်စင်စွမ်းအားကို ရရှိစေနိုင်သည်။
" ထိုးဖောက်ရမှာလား။ " လင်းယွမ်က သူ၏ ရှေ့မှ အင်မော်တယ်ရွှေတုံးကြီးကို ကြည့်လိုက်သည်။
အဆုံးမဲ့ဟင်းလင်းပြင်၏ ဒုတိယအဆင့်က အင်မော်တယ်ရွှေပေါ်တွင် တစ်ဆယ်စင်တီမီတာနက်သော အရာတစ်ခုသာ ထင်ကျန်စေခဲ့ပြီး ပဉ္စမအလွှာက အင်မော်တယ်ရွှေကို ထိုးဖောက်နိုင်ခြင်းမှာ ကြီးမားသော ကွာဟမှုဖြစ်သည်။
အတွင်းစကြာဝဠာ၏ စွမ်းအားများက လည်ပတ်လာပြီး ခန့်ညားလှသော အဖြူအနက်ထိုက်ကျိသင်္ကေတက ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသည်။ လင်းယွမ်၏ ရှေ့မှ အင်မော်တယ်ရွှေက လျင်မြန်စွာ တွန့်လိမ်သွားပြီး ပြိုကွဲသွားခဲ့သည်။ ချက်ချင်းပင် အင်မော်တယ်ရွှေတုံးက ထိုးဖောက်ခြင်းခံလိုက်ရပြီး အပိုင်အစများ ပြိုကွဲသွားခဲ့သည်။
" ဒီလောက်တောင် သန်မာတာလား။ " မိန်းကလေးက အသက်ပြင်းပြင်းရှူလိုက်သည်။ သူမက စွမ်းအားလှုပ်ခတ်မှုကို မခံစားရသော်လည်း အင်မော်တယ်ရွှေက ထိုးဖောက်ခြင်းခံလိုက်ရပြီး ၎င်းက စွမ်းအားကို အပြည့်အဝ ထိန်းချုပ်နိုင်ကြောင်း သက်သေပြနေသည်။
ထိုအပြင် လင်းယွမ်က စွမ်းအားကုန်အသုံးပြုခြင်းမဟုတ်ပေ။ အကယ်၍ သူက စွမ်းအားကုန်အသုံးပြုလျှင် ပြည့်စုံစွာ ထိန်းချုပ်ထားနိုင်ရန် ခက်ခဲလေသည်။
" သခင်ရဲ့ အတွင်းစကြာဝဠာက အခုဆို အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ ပဉ္စမအဆင့်ကို ရောက်နေပြီ မဟုတ်ဘူး။ ဆဋ္ဌမအလွှာကို နီးကပ်နေပြီ။ သခင်ရဲ့ စွမ်းအားက အနှိုင်းမဲ့မဟာသူတော်စင်အဆင့်ကို လုံးဝ ရောက်သွားပြီပဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက အင်မော်တယ်ရွှေကို ကြည့်ပြီး ပြောလိုက်သည်။
" အနှိုင်းမဲ့မဟာသူတော်စင်လား။ " လင်းယွမ်က သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။
တစ်ချိန်တည်းတွင် သူက ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ကို သတိရသွားသည်။ နောက်ဆုံးတွင် သူက ထိုနှစ်ယောက်၏ အဆင့်သို့ ရောက်သွားခဲ့ပြီဖြစ်သည်။
" နောက်ထပ်ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ။ " အနီရောင်ဝတ်စုံနှင့် မိန်းကလေးက မေးလိုက်သည်။
" ပထမဆုံး အဆုံးမဲ့ဟင်းလင်းပြင်ရဲ့ တတိယအဆင့်ကို အောင်မြင်အောင် ကျင့်ကြံရမယ်။ " လင်းယွမ်က ပြောလိုက်သည်။
သူက တတိယအဆင့်ကို ကျင့်ကြံနေသည်မှာ ကြာပြီဖြစ်ပြီး ဖရိုဖရဲထိုက်ကျိက သူ၏ အတွင်းစကြာဝဠာကိုသာမက တတိယအဆင့်ကျင့်ကြံမှုကိုလည်း မြှင့်တင်ပေးခဲ့သည်။
အနီရောင်ဝတ်စုံနှင့် မိန်းကလေးနှင့် စကားအနည်းငယ် ပြောပြီးနောက် လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်၏ တတိယအဆင့်ကို စတင်ကျင့်ကြံလိုက်သည်။ အဆုံးမဲ့ဟင်းလင်းပြင်က စကြာဝဠာကို အသေးစိတ်ပြန်လည်တည်ဆောက်ခြင်းဖြစ်ပြီး ဖရိုဖရဲထိုက်ကျိစွမ်းအား၏ ထိန်းချုပ်မှုအောက်တွင် ပိုမိုလွယ်ကူသွားခဲ့သည်။
ထို့အပြင် လင်းယွမ်က တတိယအဆင့်ကို ကျင့်ကြံနေသည်မှာ ကြာပြီဖြစ်သောကြောင့် အောင်မြင်ရန် တစ်နှစ်၊ နှစ်နှစ်သာ ကြာခဲ့သည်။ လင်းယွမ်၏ အတွင်စကြာဝဠာက နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။
" တတိယအဆင့် ပြီးသွားပြီ။ " လင်းယွမ်က အတွင်းစကြာဝဠာကို ကြည့်လိုက်သည်။
အတွင်းစကြာဝဠာ၏ အချိန်လေဟာနယ်နှင့် နိယာမများက တည်ငြိမ်နေပြီး ၎င်း၏ အရွယ်အစားကလည်း အလင်းနှစ် ငါးရာထရီလီယံအထိ ရောက်သွားခဲ့သည်။ အလင်းနှစ် ငါးရာထရီလီယံက ဖရိုဖရဲဟင်းလင်းပြင်မှ သဘာဝစကြာဝဠာများထက် သာလွန်ပြီး ပြိုင်ဘက်ကင်းမဟာသူတော်စင်များကြားမှာပင် ထိုကဲ့သို့သော အတွင်းစကြာဝဠာက ရှားပါးလွန်းလှသည်။
လင်းယွမ်က အလွှာဆယ့်သုံး ရတနာ ကောင်းကင်လေဟာနယ်အိုးကို ထုတ်ပြီး အတွင်းမှ အဆုံးမဲ့သော နိယာများကို လေ့လာလိုက်သည်။ တစ်ချိန်တည်းတွင် သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် အတွင်းစကြာဝဠာတို့က ကန့်သတ်ချက်သို့ မရောက်မချင်း ဆက်လက်မြင့်တက်နေခဲ့သည်။ အကန့်အသတ်သို့ ရောက်သည့်အချိန်တွင် လင်းယွမ်က ဖရိုဖရဲအဆင့်သို့ တက်လှမ်းမည်ဖြစ်သည်။