← Chapters

အနိုင်ယူခြင်း....

Vol. 69 Ch. 979

အနိုင်ယူခြင်း....

Vol. 69 Ch. 979

" မင်းတို့ အခုဒီအမြုတေတိုင်ကြီးကို လက်လွှတ်ရင် အသက်ရှင်ခွင့်ရမယ်။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" အမြုတေတိုင်ကြီးကို လက်လွှတ်ရမှာလား။ " ဖုယွီက လင်းယွမ်ကို စိုက်ကြည့်လိုက်သည်။

တဖုရှေးဟောင်းနိုင်ငံကသာ အခြားနိုင်ငံများကို ထိုကဲ့သို့ ဆက်ဆံခဲ့ပြီး ယခု လီယန်ရှေးဟောင်းနိုင်ငံကလည်း သူတို့ကို ထိုကဲ့သို့ ဆက်ဆံနေသည်။

" နဂါးငွေ့တန်း ငါနဲ့ အရင်ရင်ဆိုင်ကြည့်စမ်း။ " ဖုယွင်ကလည်း ရှေ့ထွက်လာပြီး လင်းယွမ်ကို အေးစက်စွာ ကြည့်လိုက်သည်။

ဖုယွင်က တဖုရှေးဟောင်းနိုင်ငံ၏ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်ဖြစ်ပြီး လင်းယွမ် အသွင်မပြောင်းလဲမိကထက် စွမ်းအားမနိမ့်ကျပေ။ ဖုယွင်၏ ပတ်ဝန်းကျင်မှ အချိန်လေဟာနယ်က တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး လင်းယွမ်ဆီသို့ လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။

၎င်းက ဖုယွင်၏ တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်ပြီး ရန်သူများကို တိုက်စားရန် တိမ်တိုက်များအဖြစ် အသုံးပြုခဲ့ခြင်းဖြစ်သည်။ အဆင့်တူ နတ်ဘုရားအရှင်သခင်များပင် ထိုတိမ်တိုက်များ၏ ဖိနှိပ်ခြင်းကို ခံရလေသည်။

ဖုယွီနှင့် အခြားသူများက အေးသက်စွာ စောင့်ကြည့်နေကြပြီး ကိုယ်တိုင်ဝင်ရောက်တိုက်ခိုက်ခြင်း မပြုကြပေ။ သူတို့၏ အမြင်တွင် နဂါးငွေ့တန်းက ထိုနေရာတွင် ပေါ်လာရဲခြင်းမှာ သူ့တွင် ယုံကြည်ချက်ရှိနေသောကြောင့် ဖြစ်ပြီး ၎င်းမှာ လီယန်ရှေးဟောင်းနိုင်ငံမှ အခြားနတ်ဘုရားအရှင်သခင်များ ရှိနေခြင်းဖြစ်နိုင်သည်။

နဂါးငွေ့တန်းကို ကိုင်တွယ်ရန် ဖုယွင်တစ်ယောက်တည်းနှင့် လုံလောက်ပေသည်။ ဖုယွီနှင့် အခြားသူများက အနီးနားတွင် ပုန်းအောင်းနေသော နတ်ဘုရားအရှင်သခင်များကို အာရုံစိုက်နေရုံသာဖြစ်သည်။

" ချီယန်နဲ့ တခြားသူတွေက အမွေအနှစ်လက်နက်ကို အသုံးပြုလိုက်တာလား။ " ဖုယွီက သတိထားပြီး ပြောလိုက်သည်။

ပုံမှန်အခြေအနေတွင် ရှေးဟောင်းနိုင်ငံတစ်ခုက အမွေအနှစ်လက်နက်များကို နောက်ဆုံးယှဉ်ပြိုင်မှုအတွက် သိမ်းဆည်းထားကြမည်ဖြစ်သည်။ အမွေအနှစ်လက်နက်များက အလွန်တန်ဖိုးရှိပြီး ၎င်းကို နောက်ဆုံးယှဉ်ပြိုင်မှုအတွက် ချန်ထားကြခြင်းဖြစ်သည်။

" နဂါးငွေ့တန်း မင်းကို တွေ့ချင်နေတာကြာပြီ။ " ဖုယွင်က တိမ်တိုက်ကြီးကို ထိန်းချုပ်ပြီး လင်းယွမ်ကို ဖိနှိပ်လိုက်သည်။

" ဟင်..." ဖုယွင်က သူ၏ အမြင်အာရုံများ ဝေဝါးသွားသကဲ့သို့ ခံစားလိုက်ရပြီး အဖြူအနက်စွမ်းအားများကိုသာ မြင်လိုက်ရသည်။ ထိုစွမ်းအားက သူ့ကို မျှော်လင့်ချက်မဲ့သွားသကဲ့သို့ ခံစားလိုက်ရသည်။

" မဖြစ်နိုင်ဘူး။ " ဖုယွင်က တုန့်ပြန်ရန အချိန်မရလိုက်ဘဲ သူ၏ ရုပ်ခန္ဓာ၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအားတို့က လျင်မြန်စွာ ပြိုကွဲပျက်စီးသွားခဲ့သည်။

လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီး ဖုယွင်၏ ရတနာများနှင့် လက်နက်များကို သိမ်းဆည်းလိုက်သည်။

ဖုယွင်သေဆုံးသွားခြင်းက တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များအားလုံးကို တိတ်ဆိတ်သွားစေခဲ့သည်။ ဖုယွင်က အဓိကတိုက်ခိုက်ရေးခန္ဓာကို ဆုံးရှုံးလိုက်ခြင်းသာ ဖြစ်ပြီး အပြီးတိုင်သေဆုံးခြင်းမဟုတ်သော်လည်း ၎င်းကပင် အခြားနတ်ဘုရားအရှင်သခင်များကို ထိတ်လန့်သွားစေရန် လုံလောက်သည်။

" ငါကို ရင်ဆိုင်နေရင်းနဲ့တောင် မင်းက အာရုံပျံ့ရဲတယ်ပေါ့။ " လင်းယွမ်က ဖုယွင်ရပ်နေခဲ့သော နေရာကို ကြည့်ပြီး ရေရွတ်လိုက်သည်။

ဖုယွင်က သူ့ကို တိုက်ခိုက်နေသော်လည်း သူ၏ အာရုံအချို့ကို ပတ်ဝန်းကျင်သို့ ပို့ထားကြောင်း လင်းယွမ်က ခံစားမိခဲ့သည်။ ဖုယွီက လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များ အနီးနားတွင် ပုန်းအောင်းနေသည်ဟု ယုံကြည်နေရုံသာမက ဖုယွင်ကလည်း ထိုသို့ပင် ထင်နေခဲ့သော်ကြောင့် လင်းယွမ်ကို အပြည့်အဝ အာရုံမစိုက်ခဲ့ပေ။

" ငါ့ရဲ့ ဖရိုဖရဲထိုက်ကျိစွမ်းအားက ပထမအဆင့်မှာတင် ဒီလောက်တောင် စွမ်းအားကြီးနေတာလား။ " လင်းယွမ်က တွေးလိုက်သည်။ သူက ဖုယွင်ကို ရင်ဆိုင်ရာတွင် ဖရိုဖရဲထိုက်ကျိစွမ်းအားကို တိုက်ရိုက်အသုံးပြုခဲ့ခြင်းဖြစ်သည်။

" ဒီစွမ်းအားက..." ဖုယွီက အလွန်တုန်လှုပ်သွားခဲ့သည်။ သူ၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားက အလွန်ထူးခြားပြီး ဖုယွင်သေဆုံးရခြင်း၏ အကြောင်းရင်းကို အနည်းငယ် မြင်တွေ့နိုင်ခဲ့သည်။ ၎င်းက အဆက်မပြတ် ရောယှက်နေသော အဖြူအနက် ယင်ယန်စွမ်းအားများဖြစ်ပြီး နောက်ဆုံးတွင် ဖုယွင်၏ အရာအားလုံးကို ချေမွပစ်ခဲ့ခြင်းဖြစ်သည်။

" အာရုံမလွင့်ကြနဲ့။ နဂါးငွေ့တန်းကို အစွမ်းကုန်တိုက်ခိုက်ကြ။ " ဖုယွီက အခြားသူများကို ချက်ချင်း အမိန့်ပေးလိုက်သည်။ နဂါးငွေ့တန်း ပေါ်လာရဲခြင်းမှာ ပြင်ပအကူအညီကြောင့်မဟုတ်ဘဲ သူ၏ ကိုယ်ပိုင်စွမ်းအားကြောင့်ဟု သူက အနည်းငယ် ခန့်မှန်းမိသွားခဲ့သည်။

" အမြင့်ဆုံးနတ်ဘုရားအရှင်သခင်ဖြစ်တဲ့ ဖုယ်င်တောင် နဂါးငွေ့တန်းလက်ချက်နဲ့ ချက်ချင်း ကျဆုံးသွားတာလား။ နဂါးငွေ့တန်းက ဘယ်လောက်တောင် သန်မာနေတာလဲ။ " တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက စိတ်မသက်မသာဖြစ်သွားကြသော်လည်း ထွက်ပြေယရန် မစဉ်းစားကြပေ။

အမြုတေတိုင်ကြီးက သူတို့၏ နောက်တွင် ရှိနေသည်။ ထို့အပြင် နဂါးငွေ့တန်းက ဖုယွင်ကို သတ်ခဲ့သော်လည်း သူတို့အားလုံးကို ထိုသို့ လုပ်နိုင်မည်ဟုမဆိုလိုပေ။

" ဒီနဂါးငွေ့တန်းရဲ့ စွမ်းအားက ဘယ်လိုလုပ် ဒီလောက်တောင်တိုးတက်လာရတာလဲ။ " ဖုတန်ကလည်း လင်းယွမ်ကို အံ့ဩစွာ ကြည့်နေသည်။

" ပူးပေါင်းတိုက်ခိုက်ကြ။ " ဖုယွီ၏ စကားအဆုံးတွင် နတ်ဘုရားအရှင်သခင်ဆယ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဝေဝါးစွာ ချိတ်ဆက်လိုက်ကြသည်။ ဖရိုဖရဲစွမ်းအားများ ထွက်ပေါ်လာပြီး နတ်ဘုရားအရှင်သခင်များ၏ စွမ်းအားကို ကြီးမားသော လည်ပတ်မှုတစ်ခုအတွင်းသို့ ပေါင်းစပ်လိုက်သည်။

" ဖရိုဖရဲနိယာမကို အသုံးပြုတာလား။ " လင်းယွမ်က ထိုမြင်ကွင်းကို စစ်ဆေးလိုက်သည်။

ထိုခဏတွင် နတ်ဘုရားအရှင်သခင် ဆယ်ယောက်၏ စွမ်းအားများက အပြည့်အဝ ပေါင်းစပ်သွားပြီး ကြီးမားသော စွမ်းအားကို ထုတ်လွှတ်နေသည်။ ၎င်းက ဖရိုဖရဲနိယာမကို အသုံးပြုခြင်းဖြစ်ပြီး ဖရိုဖရဲနိယာမ တတိယအဆင့်ကိုပင် ကျော်လွန်နေသည်။

" နဂါးငွေ့တန်း ငါ့ရဲ့ တိုက်ခိုက်မှုကို ခံယူစမ်း။ " ဖုတန်က တစ်ခါမှမရှိဖူးသော စွမ်းအားကို ခံစားလိုက်ရသည်။ သူ၏ စွမ်းအားက အခြားနတ်ဘုရားအရှင်သခင်များနှင့် ပေါင်းစပ်သွားပြီး အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များထက်ပင် ပိုမိုသန်မာလာခဲ့သည်။

" စွမ်းအားသက်သက်ပဲ ရှိတယ်။ " လင်ယွမ်က ဖုတန်ကို ကြည့်လိုက်သည်။

တစ်ချိန်တည်းတွင် သူ၏ လက်ကို မြှောက်၍ ရှေ့သို့ ညွှန်လိုက်ရာ အဖြူအနက်ထိုက်ကျိစွမ်းအားများက သူ၏ လက်ချောင်းမှ ဖုတန်ဆီသို့ ဆန့်ထွက်သွားခဲ့သည်။

ဝုန်း....

ဖုတန်၏ ခန္ဓာကိုယ်ပေါ်တွင် အခြားနတ်ဘုရားအရှင်သခင်များ၏ စွမ်းအားများဖြင့် ကာကွယ်ထားသော အချိန်လေဟာနယ် အတားအဆီးတစ်ခု ပေါ်လာသည်။ သို့သော် လင်းယွမ်၏ လက်က အရာအားလုံးကို ထိုးဖောက်သွားပြီး အဖြူအနက် ယင်ယန်ထိုက်ကျိစွမ်းအားများ ပြည့်နှက်သွားသည်။

ခဏအတွင်း ဖရိုဖရဲထိုက်ကျိစွမ်းအားက အချိန်လေဟာနယ်အတားအဆီးကို ထိုးဖောက်သွားပြီး ဖုတန်၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်က ဖျက်စီးသွားသည်။ ထိုမျှသာမက ကျန်သော ဖရိုဖရဲထိုက်ကျိစွမ်းအားများက မမြင်ရသော ချိတ်ဆက်မှုများတစ်လျှောက် အခြားနတ်ဘုရားအရှင်သခင်ကိုးယောက်ထံသို့ ဆက်လက်ပျံ့နှံ့သွားသည်။

" မကောင်းတော့ဘူး။ " ဖုယွီ၏ အမူအရာက ပြောင်းလဲသွားပြီး အခြားနတ်ဘုရားအရှင်သခင်များနှင့် ချိတ်ဆက်ထားမှုကို ချက်ချင်း ဖြတ်တောက်လိုက်သည်။

အခြားနတ်ဘုရားအရှင်သခင် လေးယောက်ကလည်း ချိတ်ဆက်မှုကို ချက်ချင်း ဖြတ်တောက်နိုင်ခဲ့သော်လည်း ကျန်လေးယောက်မှာ တုန့်ပြန်မှုနှေးကွေးသွားခဲ့ပြီး ဖရိုဖရဲထိုက်ကျိစွမ်းအားနှင့် ထိတွေ့သွားချိန်တွင် သူတို့၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်များ ပြိုကွဲပျက်စီးသွားကြသည်။

ခဏအတွင်း တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၁ယောက်ထဲတွင် ၆ယောက်က ကျဆုံးသွားပြီး ၅ယောက်သာ ကျန်ရှိတော့သည်။

" နဂါးငွေ့တန်း မင်းရဲ့ စွမ်းအားက ဘယ်အဆင့်ကို ရောက်နေပြီလဲ။ " ဖုယွီက တစ်စုံတစ်ခုကို ခန့်မှန်းမိသွားပြီး လင်းယွမ်ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။

" ငါ့ကို တားတဲ့သူ သေရမယ်။ " လင်းယွမ်က အမြုတေတိုင်ကြီးဆီသို့ လျှောက်သွားသည်။

ဖုယွီနှင့် အခြားသူများက တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ စွမ်းအားများကို ထပ်မံပေါင်းစပ်လိုက်ကြသည်။

" သူ့ကို တားကြ။ " ဖုယွီက အံကျိတ်လိုက်ပြီး အသေခံတိုက်ကွက်များကို စတင်အသုံးပြုလိုက်သည်။

အခြားနတ်ဘုရားအရှင်သခင်လေးယောက်ကလည်း အလားတူပြုလုပ်လိုက်ကြသည်။ သူတို့၏ နောက်မှ အမြုတေတိုင်ကြီးကို တဖုရှေးဟောင်းနိုင်ငံက သန့်စင်ထားပြီး ၎င်းက သူတို့၏ ဂုဏ်သိက္ခာနှင့် လေးစားမှုကို ကိုယ်စားပြုနေသည်။

အကယ်၍ သူတို့စောင့်ကြပ်နေသည့်ကြားမှ အခြားသူတစ်ယောက် လုယူသွားခြင်းခံရလျှင် အလွန်မောက်မာသော တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်ပေလိမ့်မည်။

ဝုန်း ဝုန်း ဝုန်း....

နတ်ဘုရားအရှင်သခင် ငါးယောက်က လင်းယွမ်ကို အစွမ်းကုန် တိုက်ခိုက်ကြတော့သည်။ ယခုအချိန်တွင် သူတို့ငါးယောက်က ရူးသွပ်နေသကဲ့သို့ အသေခံတိုက်ကွက်များကို အသုံးပြုနေကြသောကြောင့် နိယာမများပင် နောက်ဆုတ်သွားရပြီး ပတ်ဝန်းကျင်က အချိန်လေဟာနယ် ပျောက်ကွယ်သွားသည့် တွင်းနက်ကြီးတစ်ခုကဲ့သို့ ဖြစ်သွားသည်။

လင်းယွမ်က အနည်းငယ် မျက်မှာင်ကြုတ်သွားပြီး သူ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။ နတ်ဘုရားအရှင်သခင်များ၏ အသေခံတိုက်ကွက်များအောက်တွင် သူက လျစ်လျူရှုထား၍ မရတော့ပေ။ အထူးသဖြင့် သူတို့က တဖုရှေးဟောင်းနိုင်ငံမှဖြစ်ပြီး ကြောက်စရာကောင်းသော နည်းစနစ်များကို အသုံးပြုနေကြခြင်းဖြစ်သည်။

သို့သော် နတ်ဘုရားအရှင်သခင်တစ်ယောက်က လင်းယွမ်၏ ရိုက်ချက်တစ်ချက်တည်းဖြင့် ကြေမွသွားကြသည်။ နောက်တစ်ယောက်က လင်းယွမ်၏ ခြေဖဝါးအောက်တွင် နင်းခြေဖျက်ဆီးခြင်းခံလိုက်ရသည်။

အသက်ရှုချိန် သုံးလေးကြိမ်အတွင်း နတ်ဘုရားအရှင်သခင်ငါးယောက်ကို လင်းယွမ်က တစ်ယောက်ပြီးတစ်ယောက် သတ်ပစ်ခဲ့သည်။ ယခုအခိုက်အတန့်တွင် လင်းယွမ်က အမြုတေတိုင်ကြီးရှေ့တွင် ရောက်ရှိခဲ့ပြီဖြစ်သည်။ နဂါးငွေ့တန်းကို တားဆီးသူများက ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ပါ ဆုံးရှုံးသွားခဲ့ရသည်။

All Chapters