← Chapters

အသန်မာဆုံးနတ်ဘုရားအရှင်သခင်...

Vol. 69 Ch. 980

အသန်မာဆုံးနတ်ဘုရားအရှင်သခင်...

Vol. 69 Ch. 980

" အမြုတေတိုင်..." လင်းယွမ်က သူ၏ ရှေ့မှ မြင့်မားသော တိုင်ကြီးကို ကြည့်လိုက်ပြီး အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူက ထိုနေရာသို့ ယခင် ရောက်ရှိခဲ့စဉ်က အမြုတေတိုင်ကြီးမှာ ထွက်ပေါ်လာကာစဖြစ်သည်။ ထိုအချိန်က သူက ဝမ်းသာသွားသကဲ့သို့ အမြုတေတိုင်ကြီးအား မကာကွယ်နိုင်မည်ကိုလည်း စိုးရိမ်သွားခဲ့သည်။ သူက အမြုတေတိုင်ကြီးကို သန့်စင်နိုင်ခဲ့သော်လည်း ဖုရှုက ရောက်လာပြီး ရိုက်ချက်တစ်ချက်တည်းနှင့် ၎င်းကို လုယူခဲ့သည်။

ယခု သူက အမြုတေတိုင်ကြီးရှေ့သို့ နောက်တစ်ကြိမ် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ယခင်တစ်ကြိမ်နှင့်မတူညီသည်မှာ ယခုတစ်ကြိမ်တွင် လင်းယွမ်က စိုးရိမ်မှုမရှိတော့ပေ။

" ဖုရှု..." လင်းယွမ်က အမြုတေတိုင်ကြီးကို ခဏကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။ " ကြည့်လို့မဝသေးဘူးလား။ "

သူပြောပြီသည်နှင့် တပြိုင်နက် အနက်ရောင်ဝတ်စုံနှင့် ပုံရိပ်တစ်ခုပေါ်လာခဲ့သည်။ သူက ဖုရှုပင်ဖြစ်သည်။

လင်းယွမ်က အံ့ဩခြင်းမရှိဘဲ ဖုရှုကို ကြည့်လိုက်သည်။ ဖုယွင်သေဆုံးသွားကတည်းက သူက ဖုရှု၏ တည်ရှိမှုကို အာရုံခံမိပြီးသားဖြစ်သည်။ ထိုအချိန်မှစ၍ ထိုအသန်မာဆုံးနတ်ဘုရားအရှင်သခင်က သူ့ကို စူးစမ်းလေ့လာနေခဲ့ခြင်းဖြစ်သည်။

ထို့နောက် အခြားသူများက လင်းယွမ်၏ လက်ချက်နှင့် သေဆုံးသွားခဲ့သော်လည်း ဖုရှုက လှုပ်ရှားခြင်းမရှိခဲ့ပေ။ တဖုနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက လင်းယွမ်ကို အသေခံတိုက်ခိုက်ကြခြင်း၏ အကြောင်းရင်းတစ်ခုမှာ တဖုရှေးဟောင်းနိုင်ငံ၏ ဂုဏ်သိက္ခာကြောင့်ဖြစ်သည်။ အခြားအကြောင်းရင်းတစ်ခုမှာ ဖုရှု၏ အမိန့်ကြောင့်ဖြစ်သည်။

" အံ့ဩစရာပဲ။ " ဖုရှုက လင်းယွမ်ကို လေးနက်စွာကြည့်ပြီး သူ၏ လေသံထဲတွင် လေးစားမှုအနည်းငယ် ပါဝင်နေသည်။

သူက အစကတည်းက ဝင်ရောက်မတိုက်ခိုက်ခဲ့သည့် အကြောင်းရင်းမှာ လင်းယွမ်၏ စွမ်းအားနှင့် နည်းစနစ်များကို မြင်တွေ့လိုသောကြောင့်ဖြစ်သည်။ ကျဆုံးသွားသော နတ်ဘုရားအရှင်သခင်များက သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာများ ပျက်စီးသွားခြင်းသာဖြစ်ပြီး အပြီးတိုင်သေဆုံးခြင်းမဟုတ်ပေ။

" မင်းရဲ့ စွမ်းအားက မင်းဆင့်ကဲပြောင်းလဲထားတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားကနေ ဆင်းသက်လာတာထင်တယ်။ ဘိုးဘေးအမွေအနှစ်ကိုတောင် ကျော်လွန်တဲ့လမ်းစဉ်လား။ တကယ်အံ့ဩစရာပဲ။ " ဖုရှုက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူက အသန်မာဆုံးနတ်ဘုရားအရှင်သခင်အဖြစ် ရပ်တည်နိုင်ခြင်းမှာ အလွှာဆယ့်သုံး သို့မဟုတ် ဘိုးဘေးအဆင့် လျို့ဝှက်နည်းစနစ်ကို တစ်ခုထက်ပို၍ ကျွမ်းကျင်ထားသောကြောင့်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲထားသော ဖရိုဖရဲလမ်းစဉ်စွမ်းအားက အဓိကမဟုတ်ဘဲ အလွှာဆယ့်သုံးနှင့် နှိုင်းယှဉ်၍ မရပေ။

သို့သော် လင်းယွမ်က မတူပေ။ သူက အလွှာဆယ့်သုံး အမွေအနှစ်တစ်ခု ကျင့်ကြံထားသည်ကို ဖုရှုက သတိပြုမိသော်လည်း ၎င်း၏ စွမ်းအားက လင်းယွမ်၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို မကျော်လွန်ပေ။

" ဘိုးဘေးအဆင့် အမွေအနှစ်တွေကို ကျွမ်းကျင်တဲ့နေရာမှာတော့ ငါမင်းကို မမီသေးဘူး။ " လင်းယွမ်က ဖုရှုကို ကြည့်ပြီး ပြောလိုက်သည်။ ၎င်းကို ကြားသောအခါ ဖုရှုက တိတ်ဆိတ်သွားသည်။

" ဒီအမြုတေတိုင်ကြီးကို ငါအရင်သန့်စင်ခဲ့တာပဲ။ ဖုရှု မင်းယူထားတာကြာပြီဆိုတော့ အခု ပြန်ပေးသင့်ပြီမဟုတ်လား။ " လင်းယွမ်က ဆက်ပြောလိုက်သည်။

ယခုတစ်ကြိမ်တွင် သူ၏ ရည်ရွယ်ချက်မှာ အမြုတေတိုင်ကြီးကို ပြန်လည်ရယူရန်ဖြစ်သည်။ အကယ်၍ ဖုရှု၏ စွမ်းအားက အလွန်ကြီးမားနေပြီး လင်းယွမ်မကိုင်တွယ်နိုင်လောက်အောင်ဖြစ်နေလျှင် ပြန်လည်ရယူရန် မလိုအပ်ပေ။

" ပြန်ပေးရမှာလား။ " ဖုရှုက တိတ်ဆိတ်သွားပြန်သည်။

အခြားသူများက သူ့ကို ထိုကဲ့သို့ပြောလျှင် သူက ဂရုစိုက်နေမည်မဟုတ်ပေ။ သို့သော် လင်းယွမ်က မည်မျှသန်မာသည်ကို သူမသိသော်လည်း အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဖြစ်သည်မှာတော့ သေချာသည်။ လင်းယွမ်ကို ရင်ဆိုင်ရာတွင် ဖုရှုကိုယ်တိုင် ဖိအားတစ်ခုကို ခံစားနေရသည်။

" ပြန်ပေးဖို့က ဖြစ်နိုင်ပါတယ်။ " ဖုရှုက လင်းယွမ်ကို စိုက်ကြည့်ပြီး ပြောလိုက်သည်။ " နဂါးငွေ့တန်း မင်း ငါ့ရဲ့ တိုက်ခိုက်မှုတစ်ခုကို ခုခံနိုင်ရမယ်။ "

သူက အမြုတေတိုင်ကြီးတစ်ခုအတွက် လင်းယွမ်နှင့် သူသေကိုယ်သေတိုက်ခိုက်ရန် ရည်ရွယ်ချက်မရှိပေ။ ရတနာနယ်မြေယှဉ်ပြိုင်မှုပြီးဆုံးရန် ဝေးကွာနေသေးသောကြောင့် ယခုအချိန်တွင် ဝှက်ဖဲများကို ထုတ်သုံးလိုက်ပါက အခြားရှေးဟောင်းနိုင်ငံများ၏ အမွေအနှစ်လက်နက်များကို ရင်ဆိုင်ရန် ဘာမှကျန်ရှိတော့မည်မဟုတ်ပေ။

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက ဖုရှုနှင့် တိုက်ခိုက်ရန် အချိန်ကောင်းမဟုတ်သည်ကို သိနေသည်။

သူ၏ ကျင့်ကြံမှုအရှိန်အရ ပြိုင်ပွဲမပြီးဆုံးမီ သူ၏ စွမ်းအားက ပိုမိုမြင့်တက်လာမည်ဖြစ်သောကြောင့် ထိုအခါမှသာ ရတနာနယ်မြေကို ယုံကြည်မှုရှိစွာ သိမ်းပိုက်နိုင်မည်ဖြစ်သည်။ ယခုအချိန်တွင် သူက အမြုတေတိုင်ကြီးကို ပြန်လည်ရယူနိုင်မလား စမ်းသပ်ကြည့်ခြင်းသာဖြစ်ပြီး မအောင်မြင်လျှင်လည်း ဆက်လက်လုပ်ဆောင်ရန် မလိုအပ်ပေ။

တစ်ချိန်တည်းတွင် ရတနနယ်မြေထဲမှ နတ်ဘုရားအရှင်သခင်များက တဖုရှေးဟောင်းနိုင်ငံ သိမ်းပိုက်ထားသော အမြုတေတိုင်ကြီးမှ ထွက်ပေါ်လာသော အချိန်လေဟာနယ်လှိုင်းများကို အာရုံခံမိလိုက်ကြသည်။

" ဘာတွေဖြစ်နေတာလဲ။ "

" ဘာလို့အဲ့ဒီမှာ တိုက်ပွဲဖြစ်နေတာလဲ။ "

နတ်ဘုရားအရှင်သခင်များက အမြုတေတိုင်ကြီး တည်ရှိရာသို့ အဝေးမှ လှမ်းကြည့်လိုက်ရာ အချိန်လေဟာနယ်များ ကြီးမားစွာ ပျက်စီးသွားသည်ကို မြင်တွေ့လိုက်ရသည်။ နိယာမများပင် ပြောင်းလဲသွားသောကြောင့် အနားမကပ်ဝံ့ကြပေ။ ၎င်းမှာ နတ်ဘုရားအရှင်သခင်များ အစွမ်းကုန် တိုက်ခိုက်နေမှသာ ထွက်ပေါ်လာသည့် စွမ်းအားမျိုးဖြစ်သည်။

" ဘယ်သူက အဲ့ဒီအမြုတေတိုင်ကြီးကို ထိရဲတာလဲ။ " နတ်ဘုရားအရှင်သခင်များက နားမလည်နိုင်ဖြစ်နေကြသည်။

ထိုအမြုတေတိုင်ကြီးက ဖုရှု သန့်စင်ထားခြင်းဖြစ်ပြီး သူက ချက်ချင်း ပေါ်လာနိုင်သည်။ ထို့ကြောင့် အမြုတေတိုင်ကို လာထိရဲခြင်းမှာ ဖုရှုနှင့် လာရောက်တိုက်ခိုက််ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၎င်းက မည်သည့်ရှေးဟောင်းနိုင်ငံမှ အလွယ်တကူ လုပ်နိုင်သောအရာမဟုတ်ပေ။

ရတနာနယ်မြေတိုက်ပွဲ၏ နောက်ဆုံးယှဉ်ပြိုင်မှုတွင် ရှေးဟောင်းနိုင်ငံများက သူတို့၏ လက်နက်များကို ထုတ်သုံးသော အခါမှသာ တဖုရှေးဟောင်းနိုင်ငံကို ဆန့်ကျင်ရန် ပူးပေါင်းကြမည်ဖြစ်သည်။

" နဂါးငွေ့တန်း... " အခြားရှေးဟောင်းနိုင်ငံများနှင့် ယှဉ်လျှင် တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင်များက အမြုတေတိုင်ကြီးရှိရာသို့ ထိတ်လန့်စွာ ကြည့်နေကြသည်။ သူတို့၏ အဓိကတိုက်ခိုက်ရေးခန္ဓာများက နဂါးငွေ့တန်း၏ ဖျက်စီးခြင်းကို ခံလိုက်ရသည်။

" ဖုယွီ အဲ့ဒီနဂါးငွေ့တန်းက..." ဖုယွင်က ဖုယွီကို ကြည့်လိုက်သည်။ သူက နဂါးငွေ့တန်း၏ လက်ချက်ဖြင့် ပထမဆုံး ကျဆုံးခဲ့ရသူဖြစ်သည်။ လင်းယွမ်၏ လှုပ်ရှားမှုကို သူအများကြီး မမြင်လိုက်ရသော်လည်း သေချာနီးအချိန်တွင် ဖုယွင်က တစ်စုံတစ်ခုကို ခန့်မှန်းမိခဲ့သည်။

" နဂါးငွေ့တန်းက အသန်မာဆုံးနတ်ဘုရားအရှင်သခင်အဆင့်ကို ရောက်သွားပြီထင်တယ်။ " ဖုယွီက ခဏတိတ်ဆိတ်သွားပြီးနောက် ခေါင်းညိမ့်လိုက်သည်။

အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဆိုသည်မှာ ဖုရှုရောက်နေသည့်အဆင့်ဖြစ်ပြီး ၎င်းမှာ သမိုင်းတစ်လျှောက် နတ်ဘုရားအရှင်သခင်များ ရောက်နိုင်သော အမြင့်ဆုံးအဆင့်ဖြစ်သည်။ အခြားနတ်ဘုရားအရှင်သခင်များကလည်း ဖုယွီ၏ စကားကို ကန့်ကွက်ခြင်းမရှိကြပေ။

အကယ်၍ အသန်မာဆုံးနတ်ဘုရားအရှင်သခင်မဟုတ်လျှင် သူတို့ ၁၁ယောက်ကို အလွယ်တကူ ချေမှုန်းနိုင်မည်မဟုတ်ပေ။ အကယ်၍ အသန်မာဆုံးနတ်ဘုရားအရှင်သခင်မဟုတ်လျှင် တဖုရှေးဟောင်းနိုင်ငံ၏ အမြုတေတိုင်ကြီးကို လာရောက်လုယူရဲမည်မဟုတ်ပေ။

" အသန်မာဆုံး နတ်ဘုရားအရှင်သခင်..." ဖုယွင်က အသက်ပြင်းပြင်းရှူလိုက်သည်။

တဖုရှေးဟောင်းနိုင်ငံမှာပင် အသန်မာဆုံးနတ်ဘုရားအရှင်သခင်များက အလွန်ရှားပါးပြီး ခေတ်တစ်ခေတ်တွင် အနည်းငယ်သာ ရှိလေသည်။

" အဲ့ဒါ ဘိုးဘေးသွေးမျိုးဆက်ကြောင့်လား။ " ဖုတန်က တိတ်ဆိတ်စွာ တွေးလိုက်သည်။ လင်းယွမ်က အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဖြစ်နိုင်သည်ဟု ကြားသောအခါ သူ၏ မကျေမနပ်မှုများ ပျောက်ကွယ်သွားပြီဖြစ်သည်။

" အခုတော့ ဖုရှုက နဂါးငွေ့တန်းကို တားဆီးနိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်။ " ဖုယွီက သက်ပြင်းချလိုက်ပြီး အမြုတေတိုင်ကြီးရှိရာသို့ ကြည့်လိုက်သည်။

" နဂါးငွေ့တန်းက တကယ်ပဲ အမြုတေတိုင်ကြီးဆီကို သွားတာလား။ " ရတနာနယ်မြေ၏ အခြားတစ်နေရာတွင် လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သင်များက အချိန်လေဟာနယ်လှိုင်းများလာရာသို့ ကြည့်လိုက်ကြသည်။

လီယန်မြို့တော်၏ သီးခြားဟင်းလင်းပြင်တွင် လင်းယွမ်က အမြုတေတိုင်ကြီးကို ပြန်လည်လုယူမည်ဟု ပြောချိန်တွင် သူတို့က လင်းယွမ်ကို ယုံကြည်ရန် ရွေးချယ်ခဲ့ကြသော်လည်း သံသယအချို့တော့ ရှိနေဆဲ ဖြစ်သည်။

သို့သော် အမြုတေတိုင်ကြီးမှ ထွက်ပေါ်လာသော အချိန်လေဟာနယ်လှိုင်းများကို ခံစားမိသောအခါ လင်းယွမ်၏ စကားများက အမှန်ဖြစ်ကြောင်း သူတို့ အတည်ပြုနိုင်ခဲ့ကြသည်။

" နဂါးငွေ့တန်းက အသန်မာဆုံးနတ်ဘုရားအရှင်သခင် ဖြစ်သွားတာလား။ " ဟုန်လျန်က ယုံကြည်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ရတနာနယ်မြေသို့ မဝင်မီ လင်းယွမ်က သူနှင့် တိုက်ခိုက်ခဲ့ပြီး အထွတ်အထိပ် နတဘုရားအရှင်သခင်အဆင့် စွမ်းအားကို ပြသခဲ့သည်။ သို့သော် နှစ်တစ်ထောင်အတွင်း သူက အသန်မာဆုံးနတ်ဘုရားအရှင်သခင် ဖြစ်လာခဲ့သည်။

အမြုတေတိုင်ကြီး၏ ရှေ့တွင် ဖုရှု၏ အကြည့်က နက်ရှိုင်းသွားသည်။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက် ဝေဝါးသွားပြီး လက်တွေ့မှ ပုံရိပ်ယောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်သည်။

" ဖိနှိပ်စမ်း။ " ဖုရှု၏ အမူအရာက လေးနက်သွားပြီး သူ၏ စွမ်းအားအားလုံးကို ထုတ်သုံးကာ ညာလက်ကို မြှောက်၍ လင်းယွမ်ကို ဖိနှိပ်လိုက်သည်။ သူ၏ ညာလက်ကို လှုပ်ရှားလိုက်သည်နှင့် နိယာမများက ဝေဝါးသွားပြီး ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်သွားသည်။

All Chapters