← Chapters

အမြုတေတိုင် ပိုင်ရှင်ပြောင်းလဲခြင်း...

Vol. 69 Ch. 981

အမြုတေတိုင် ပိုင်ရှင်ပြောင်းလဲခြင်း...

Vol. 69 Ch. 981

လင်းယွမ်က ဖုရှုကို သေချာလေ့လာနေသည်။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူအနက် ထိုက်ကျိစွမ်းအားက ဝေ့ဝဲနေပြီး ထိုက်ကျိသင်္ကေတတစ်ခုအသွင် ဝေဝါးစွာ ပေါ်လာသည်။

ဖုရှု၏ ညာလက်ဖြင့် ဖိနှိပ်ခြင်းခံလိုက်ရသော်လည်း ထိုက်ကျိသင်္ကေတက မလှုပ်မယှက်ရှိနေပြီး လင်းယွမ်၏ အချိန် ပြောင်းလဲသွားသည်ကို ဝေဝါးစွာ ခံစားလိုက်ရသည်။

" အဲ့ဒါ အချိန်ကို သက်ရောက်နိုင်တဲ့ နည်းလမ်းလား။ " လင်းယွမ်က တွေးလိုက်သည်။ ယခင် ဖုရှုသခင်က သူ့ကို ရိုက်ထုတ်လိုက်စဉ်ကလည်း ထိုကဲ့သို့ ကြုံတွေ့ခဲ့​ရပြီယ ခုခံရန် အခွင့်အရေးမရခဲ့ပေ။

" ဒါပေမယ့် အခုတော့ မတူတော့ဘူး။ " လင်းယွမ်၏ အမူအရာက တည်​ငြိမ်နေသည်။

သက်ရှိများ၏ အချိန်အပေါ် ခံယူချက်ကို သက်ရောက်စေနိုင်သော ထိုနည်းစနစ်က အလွန်ကြောက်စရာကောင်းပြီး တစ်ခါတစ်ရံ မည်သည့်အချိန်တွင် တိုက်ခိုက်မည်ကို မသိနိုင်ပေ။ ယခု လင်းယွမ်၏ စွမ်းအားနှင့် ဖုရှု၏ အချိန်ကို သက်ရောက်စေနိုင်သော နည်းစနစ်က သူ့ကို မလှုပ်ခါစေနိုင်တော့ပေ။

ဖုရှုက သူ၏ ညာလက်ကို ရုတ်သိမ်းပြီး လင်းယွမ်ကို တစ်ချက်ကြည့်ကာ လှည့်ထွက်သွားခဲ့သည်။ သူ၏ နည်းစနစ်အားလုံးကို မထုတ်သုံးခဲ့သော်လည်း ယခုတိုက်ခိုက်မှုက သူ၏ အစွမ်းကုန်ပင်ဖြစ်သည်။ သို့သော် လင်းယွမ်အပေါ် သက်ရောက်မှု မရှိခဲ့သောကြောင့် ဖုရှုက လင်းယွမ်ကို ကိုင်တွယ်ရန် ခက်ခဲကြောင်းနားလည်သွားခဲ့သည်။

" ထွက်သွားပြီလား။ " လင်းယွမ်က ဖုရှုလှည့်ထွက်သွားသည်ကို ကြည့်ပြီး သိပ်မစဉ်းစားတော့ဘဲ အမြုတေတိုင်ကြီးကို သန့်စင်လိုက်သည်။

အမြုတေတိုင်ပြီးကို သန့်စင်ပြီးနောက် လင်းယွမ်က ရတနာနယ်မြေအပေါ် အနည်ငယ် ထိန်းချုပ်နိုင်သည့် အာရုံကို သူ၏ စိတ်ထဲတွင် တဖန်ပြန်၍ ခံစားလိုက်ရသည်။

သာမန်အမြုတေတိုင်ဖြစ်စေ၊ အမြုတေတိုင်ကြီးဖြစ်စေ ၎င်းတို့မှာ အခြေခံအားဖြင့် ရတနာနယ်မြေ၏ ဆုံမှတ်များကဲ့သို့ ဖြစ်သည်။ ထိုဆုံမှတ်အားလုံးကို သန့်စင်နိုင်လျှင် ရတနာနယ်မြေတစ်ခုလုံးကို ထိန်းချုပ်ခြင်းနှင့် အတူတူပင်ဖြစ်လိမ့်မည်။

" ဟေယွီအသိုက်မှာ အမြုတေတိုင် ၆၃ခုပဲ ရှိပေမယ့် ဒီရတနာနယ်မြေမှာတော့ အမြုတေတိုင် သုံးရာကျော်ရှိတဲ့အပြင် အမြုတေတိုင်ကြီး သုံးခုတောင် ရှိနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ယခု ထွက်ပေါ်လာသော ရတနာနယ်မြေက ရှေးဟောင်းနိုင်ငံခြောက်ခု ထိန်းချုပ်ထားသည့် အဆင့်တစ်ရတနာနယ်မြေများထဲတွင် အဆင့်မြင့်ဆုံးတစ်ခုဖြစ်သည်မှာ သေချာလေသည်။ အဆင့်တူရှိသော ရတနာနယ်မြေ ခြောက်ခုသာရှိပြီး သုံးခုကို တဖုရှေးဟောင်းနိုင်ငံက ထိန်းချုပ်ထားသည်။

" ဒီရွှေရောင်မြူခိုးတွေရဲ့ အသုံးဝင်ပုံကတော့ မရိုးရှင်းဘူး။ "

ထိုရတနာနယ်မြေမှ ထွက်ပေါ်လာသော ရတနာများကို လင်းယွမ်က တွေးမိသွားသည်။ ယခုအချိန်ထိ လီယန်ရှေးဟောင်းနိုင်ငံမှ ရွှေရောင်မြူခိုးများအပေါ် လေ့လာချက်အရ ခန္ဓာကိုယ်ဖြင့် ဖြည်းညင်းစွာ စုပ်ယူသည့်အဆင့်တွင်သာ ရှိနေသည်။

လင်းယွမ်က အမြုတေတိုင်ကြီးရှေ့တွင် ထိုင်ပြီး ဖုရှုနှင့် တိုက်ပွဲအကြောင်းစဉ်းစားနေသည်။

" ဖုရှုက တမင်ဆုတ်ခွာသွားတာပဲ။ ငါနဲ့ သူသေကိုယ်သေတိုက်ခိုက်ရင် အခြားရှေးဟောင်းနိုင်ငံတွေ အကျိုးအမြတ်ရသွားမှာစိုးလို့ ဒီအမြုတေတိုင်ကြီးကို လက်လွှတ်လိုက်တာထင်တယ်။ "

ဖုရှု၏ ရည်ရွယ်ချက်ကို လင်းယွမ်က နားလည်သည်။ တဖုရှေးဟောင်းနိုင်ငံက အမြုတေတိုင်များစွာကို သိမ်းပိုက်ထားပြီး ထိုအမြုတေတိုင်ကြီးမှာ မရှိမဖြစ် လိုအပ်သည်တော့မဟုတ်ပေ။ လီယန်ရှေးဟောင်းနိုင်ငံက အမြုတေတိုင်ကြီးကို ရရှိသွားလျှင်တောင် အမြုတေတိုင်အရေအတွက်က တဖုရှေးဟောင်းနိုင်ငံကို မယှဉ်နိုင်သေးပေ။

လင်းယွမ်က အတွေးနက်နေသည်။ သူက ဖုရှု၏ တိုက်ခိုက်မှုကို သူ၏ ဖရိုဖရဲထိုက်ကျိစွမ်းအားဖြင့် ကာကွယ်နိုင်ခဲ့သော်လည်း ၎င်းမှည လင်းယွမ်က ဖုရှုထက် ပိုမိုသန်မာသည်ဟု မဆိုလိုပေ။ သာမန်တိုက်ကွက်များဖြင့် ဖုရှုက လင်းယွမ်ကို ဘာမှမလုပ်နိုင်သည်မှာ သေချာသည်။

" ဖုရှုက အလွှာဆယ့်သုံး အမွေအနှစ်နှစ်ခုကို ကျွမ်းကျင်ထားတာဖြစ်ရမယ်။ တကယ် ကြောက်စရာကောင်းတဲ့ စွမ်းအားပဲ။ " လင်းယွမ်က တွေးလိုက်သည်။ " ငါကလည်း အဆုံးမဲ့ဟင်းလင်းပြင်နဲ့ လီယန်နေမင်းဖွင့်လှစ်ခြင်း နတ်စွမ်းရည်ကို ကျင့်ကြံထားတယ်။ ဒီနှစ်ခုပေါင်းစည်းမှုက အလွှာဆယ့်သုံး အမွေအနှစ်နှစ်ခုနဲ့ ညီမျှနေတာပဲ။ "

" ပြီးတော့ ငါ့ရဲ့ ဖရိုဖရဲထိုက်ကျိကလည်ယ အလွှာဆယ့်သုံး နည်းလမ်းတစ်ခုလို့ သတ်မှတ်လို့ရတယ်။ သာမန်အလွှာဆယ့်သုံး နည်းလမ်းတွေထက်တောင် ပိုအစွမ်းထက်သေးတယ်။ ဘာလို့လဲဆိုတော့ ဒါက ငါနဲ့ အကိုက်ညီဆုံးဖြစ်တဲ့ ငါ့ရဲ့ မဟာတာအိုဖြစ်လို့ပဲ။ "

အလွှာဆယ့်သုံး အမွေအနှစ်က ကျင့်ကြံရန် အဆင့်မြင့်မားသောကြောင့် အမွေအနှစ်နှစ်ခုကို ကျွမ်းကျင်ခြင်းမှာ အလွန်ရှားပါးလှသည်။ လင်းယွမ်က အဆုံးမဲ့ဟင်းလင်းပြင်ကို ကျင့်ကြံမှု ချောမွေ့နေခြင်းမှာ သူ၏ ထူးခြားသော နားလည်နိုင်စွမ်းကြောင့်ဖြစ်သည်။

" ငါနဲ့ ဖုရှုကြားက ကွာဟချက်က အသက်အဆင့်ပဲရှိတယ်။ ဘာပဲဖြစ်ဖြစ် ငါက လွှမ်းမိုးခြင်းအဆင့်ပဲ ရှိသေးတာကိုး။ " လင်းယွမ်က တွေးလိုက်သည်။

သူ၏ လက်ရှိအခြေအနေအရ သူက ဖရိုဖရဲအဆင့်သို့ တက်လှမ်းလိုက်သည်နှင့် ဖရိုဖရဲအဆင့်ကို တိုက်ရိုက် ပြည့်စုံသွားပေလိမ့်မည်။ အကြောင်းမှာ သူက ဖရိုဖရဲထိုက်ကျိစွမ်းအားကို ဆင့်ကဲပြောင်းလဲပြီးသားဖြစ်သောကြောင့် ဖြစ်သည်။

" ငါ့ရဲ့ အကြီးမားဆုံး အားသာချက်က အတွင်းစကြာဝဠာလည်းမဟုတ်ဘူး။ အဆုံးမဲ့ဟင်းလင်းပြင်လည်း မဟုတ်ဘူး။ လီယန်နေမင်းဖွင့်လှစ်ခြင်းလည်း မဟုတ်ဘူး။ ငါကိုယ်တိုင် ဆင့်ကဲပြောင်းလဲထားတဲ့ လမ်းစဉ်ပဲ ဖြစ်ရမယ်။ "

ဖရိုဖရဲထိုက်ကျိစွမ်းအားက ပထမအဆင့်မှာပင် သူ၏ စွမ်းအားကို ထိုမျှအထိ သန့်စင်ပေးပြီး ထိုကဲ့သို့ အလားအလာရှိသော ဖရိုဖရဲထိုက်ကျိလမ်းစဉ်ကို အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်ကသာ ယှဉ်နိုင်ပေလိမ့်မည်။

သို့သော် အဆုံးမဲ့ဟင်းလင်းပြင်၏ သတ္တမအဆင့်က သီအိုရီသက်သက်သာ ဖြစ်သည်။ ၎င်းကို ဖန်တီးသူပင် အာမခံချက်မရှိခဲ့ပေ။ ၎င်းနှင့်ယှဉ်လျှင် ဖရိုဖရဲထိုက်ကျိလမ်းစဉ်၏ တတိယအဆင့်က ပို၍ ယုံကြည်ရလေသည်။

လင်းယွမ်က သူ၏ ကိုယ်ပိုင်စွမ်းအားကို ဆန်းစစ်နေစဉ် ရတနာနယ်မြေတစ်ခုလုံးက ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။ အမြုတေတိုင်များနှင့်ယှဉ်လျှင် အမြုတေတိုင်ကြီးများ၏ အော်ရာက အရပ်မျက်နှာအနှံ့ ဖြာထွက်နေပြီး ၎င်းကို ထိန်းချုပ်ရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် နတ်ဘုရားအရှင်သခင်များက အမြုတေတိုင်ကြီး၏ အော်ရာကို အာရုံခံမိလိုက်ချိန်တွင် ၎င်းက ပိုင်ရှင်ပြောင်းသွားပြီကို သိလိုကြသည်။

" အမြုတေတိုင်ကြီးကို ဖုရှုက သန့်စင်ထားတာမဟုတ်ဘူးလား။ ဘယ်လိုလုပ်ပိုင်ရှင်ပြောင်းသွားတာလဲ။ "

" ဘယ်သူလဲ။ ရှေးဟောင်းနိုင်ငံငါးခုထဲမှ ဖုရှုနဲ့ ယှဉ်နိုင်တဲ့သူတစ်ယောက်ရှိနေတာလား။ "

" ဖုရှုကို အမြုတေတိုင်ကြီးကနေ ဆုတ်ခွာအောင် လုပ်နိုင်တာလား။ ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "

နတ်ဘုရားအရှင်သခင်များက တုန်လှုပ်သွားကြသည်။ အမြုတေတိုင်ကြီးမှ ထွက်ပေါ်လာသော စွမ်းအားလှိုင်းများက သူတို့ကို တုန်လှုပ်သွားစေခဲ့ပြီဖြစ်သည်။ ယခု အမြုတေတိုင်ကြီးက ပိုင်ရှင်ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

" အဲ့ဒါ နဂါးငွေ့တန်းပဲ။ နဂါးငွေ့တန်းက အမြုတေတိုင်ကြီးကို သန့်စင်လိုက်တာပဲ။ "

" နဂါးငွေ့တန်းက ဖုရှုဆီကနေ အမြုတေတိုင်ကြီးကို လုယူလိုက်တာလား။ "

အခြားရှေးဟောင်းနိုင်ငံက အသန်မာဆုံး နတ်ဘုရားအရှင်သခင်တစ်ယောက်ကို လျို့ဝှက်ထားသည်ဟု သူတို့ထင်ခဲ့ကြသော်လည်း နဂါးငွေ့တန်း ဖြစ်လိမံမည်ဟု မမျှော်လင့်ထားခဲ့ကြပေ။ နဂါးငွေ့တန်း၏ ထူးခြားချက်မှာ ဘိုးဘေးသွေးမျိုးဆက်ကို နတ်ဘုရားအရှင်သခင်အဆင့်ထိ မြှင့်တင်နိုင်ခဲ့သော ပထမဆုံး တော်ဝင်မိသားစုဝင်ဖြစ်သည်။

" အဲ့ဒါက နတ်ဘုရားအရှင်သခင်အဆင့် ဘိုးဘေးသွေးမျိုးဆက်ကြောင့်လား။ "

နတ်ဘုရားအရှင်သခင် အများအပြားမှာ အတွေးများ ပျံ့လွင့်နေကြပြီး ဤရတနာနယ်မြေ တိုက်ပွဲပြီးဆုံးလျှင် ဘိုးဘေးသွေးမျိုးဆက်ကို အသေအချာ လေ့လာရန်ပင် စီစဉ်နေကြပြီ ဖြစ်သည်။ လင်းယွမ်ပေါ်မလာခင်အထိ အစွမ်းထက်သော နတ်ဘုရားအရှင်သခင်များက သွေးမျိုးဆက်၏ စွမ်းအားကို အထင်သေးခဲ့ကြသည်။ သို့သော် ယခု ထိုအတွေးမျိုးမရှိကြတော့ပေ။

တဖုရှေးဟောင်းနိုင်ငံ၏ မြို့တော်က ပထမဆုံးမြို့တော ဖြစ်သကဲ့သို့ ပထမဆုံး တဖုဘိုးဘေး မွေးဖွားရာနေရာလည်း ဖြစ်သည်။ ထို့ကြောင့် တဖု ရှေးဟောင်းနိုင်ငံအတွက်သာမက အခြားရှေးဟောင်းနိုင်ငံငါးခုအတွက်လည်း အရေးပါသည်။

ဘိုးဘေးငါးယောက်ထဲတွင့် သုံးယောက်က တဖုရှေးဟောင်းနိုင်ငံမှ ထွက်ပေါ်လာခြင်းမဟုတ်သော်လည်း ဘိုးဘေးများ ဖြစ်လာရန်အတွက် တဖုဘိုးဘေးနှင့် နက်ရှိုင်းစွာ ဆက်နွယ်နေကြသည်။ အကြောင်းမှာ ဤကမ္ဘာ၏ ကျင့်ကြံခြင်းစနစ်က တဖုဘိုးဘေးထံမှ မြစ်ဖျားခံလာခြင်းဖြစ်သောကြောင့် ဖြစ်သည်။

မြို့တော်၏ အနက်ရှိုင်းဆုံးနေရာတွင် ပုံရိပ်အချို့ စုဝေးနေကြသည်။ သူတို့၏ ရှေ့တွင် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပြောင်းလဲနေသည်။ ၎င်းမှာ လင်းယွမ်က တဖုရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၁ယောက်ကို ချေမှုန်းလိုက်ပုံနှင့် နောက်ဆုံး ဖုရှု၏ တိုက်ခိုက်မှုကို ခံယူပုံတို့ကို ပြသနေသည်။သူတို့ထဲတွင် ဖုရှုလည်း ပါဝင်နေပြီး မြင်ကွင်းများကို ကြည့်ကာ အတွေးနက်နေသည်။

" နဂါးငွေ့တန်းရဲ့ နည်းလမ်းတွေက တကယ်အံ့ဩစရာပဲ။ သူဆင့်ကဲပြောင်းလဲထားတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားကလည်း တကယ်ထူးခြားတယ်။ "

" မှန်တယ်။ သူက ဘိုးဘေးအဆင့် အမွေအနှစ်တစ်ခုကို ကျင့်ကြံထားပေမယ့် ဖုရှုရဲ့ အစွမ်းကုန်တိုက်ခိုက်မှုကို တောင့်ခံနိုင်တာက သူ့ရဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားကို အခြေခံထားတာပဲ။ "

"ဒီလောက်သန်မာတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအားမျိုးက တကယ်ရှားတယ်။ " နတ်ဘုရားအရှင်သခင်များက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။

All Chapters