← Chapters

ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ ရည်ရွယ်ချက်...

Vol. 69 Ch. 982

ရွှမ်ယင်ရှေးဟောင်းနိုင်ငံ၏ ရည်ရွယ်ချက်...

Vol. 69 Ch. 982

" ဘိုးဘေးအဆင့် အမွေအနှစ်၊ နတ်ဘုရားအရှင်သခင်အဆင့် ဘိုးဘေးသွေးမျိုးဆက်၊ ပြီးတော့ ထူးခြားတဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းအား။ ဒီနဂါးငွေ့တန်းက ကြီးထွားလာဖို့ အခွင့်အလမ်းတွေ အများကြီး ကျန်သေးတယ်။ "

" အဲ့ဒီနဂါးငွေ့တန်းရဲ့ ဖရိုဖရဲလမ်းစဉ်စွမ်းက တတိယအဆင့် မရောက်လောက်သေးဘူး။ ပြည့်စုံတဲ့ ခံစားချက်မျိုး မရှိသေးဘူး။ " ထိုအချိန်တွင် အသံတစ်သံက ထွက်ပေါ်လာသည်။

" ဖရိုဖရဲလမ်းစဉ်စွမ်းအားက တတိယအဆင့်ကို မရောက်သေးဘူးလား။ " အခြားသူများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

ဖရိုဖရဲလမ်းစဉ်စွမ်းအားကို အဆင့်သုံးဆင့် ခွဲခြားထားပြီး ထင်ရှားသော ကွာခြားချက်ရှိသည်။ အထူးသဖြင့် ဒုတိယအဆင့်နှင့် တတိယအဆင့်ကြားကွာဟချက်က သာမန်နတ်ဘုရားအရှင်သခင်နှင့် အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များကြား ကွာခြားမှုကို ကိုယ်စားပြုသည်။

" ဖုရှု မင်းသူနဲ့တိုက်ခိုက်ခဲ့တာပဲ။ အဲ့ဒါအမှန်ပဲလား။ " ပုံရိပ်တစ်ခုက ဖုရှုကို ကြည့်ပြီး မေးလိုက်သည်။

" ဟုတ်တယ်။ " ဖုရှုက တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိမ့်လိုက်သည်။

ဖရိုဖရဲလမ်းစဉ်စွမ်းအားက တတိယအဆင့်မှာ ပြည့်စုံသော အဆင့်ဖြစ်သည်။ ထိုအဆင့်သို့ ရောက်ရှိသော လမ်းစဉ်မှာ အဆုံးစွန်သို့ ရောက်ရှိသွားပြီး ထပ်မံတိုးတက်ရန် မရှိတော့ပေ။ ဖုရှုက လင်းယွမ်၏ ဖရိုဖရဲလမ်းစဉ်စွမ်းအားမှ ထိုသို့သော ခံစားချက်မျိုး မရရှိခဲ့ပေ။

" ဒီခေတ်မှာ ငါတို့ ရှေး​ဟောင်းနိုင်ငံ ခြောက်နိုင်ငံထဲက အသန်မာဆုံးနတ်ဘုရားအရှင်သခင်ကိုတောင် ကျော်လွန်တဲ့ အင်အားကြီးသူတစ်ယောက် ထွက်ပေါ်လာတော့မှာလား။ " ပုံရိပ်တစ်ခုက ပြောလိုက်သည်။

ရှေးဟောင်နိုင်ငံခြောက်နိုင်ငံတွင် အသန်မာဆုံးနတ်ဘုရားအရှင်သခင်များက ထိပ်ဆုံးတွင် ရပ်တည်နေကြသည်။ သို့သော် နဂါးငွေ့တန်း၏ စွမ်းအားအရ ထိုကန့်သတ်ချက်ကို ချိုးဖျက်ရန် အလွန်ဖြစ်နိုင်ခြေရှိသည်။

" အဲ့လိုတော့ ပြောလို့မရဘူး။ ဖရိုဖရဲလမ်းစဉ်စွမ်းက ပိုပြီးအစွမ်းထက်လေ ပြည့်စုံတဲ့အဆင့်ကို ရောက်ဖို့ ပိုခက်ခဲလေပဲ။ " အခြားပုံရိပ်တစ်ခုက စိုးရိမ်ခြင်းမရှိဘဲ ပြောလိုက်သည်။ " ပြီးတော့ နဂါးငွေ့တန်းက တကယ်ပဲ အဲ့ဒီအဆင့်ကို ရောက်သွားရင်တောင် ငါတို့အပေါ် ဘာသက်ရောက်မှုမှ ရှိမှာမဟုတ်ဘူး။ "

" ဘိုးဘေးအဆင့်ကို မရောက်မချင်း သူက ငါတို့ တဖုရှေးဟောင်းနိုင်ငံကို ခြိမ်းခြောက်နိုင်မှာမဟုတ်ဘူး။ ဘိုးဘေးအဆင့်ကို ရောက်သွားရင်လည်း အဲ့ဒါက ဘိုးဘေးတွေ စဉ်းစားရမယ့် ကိစ္စပဲ။ ငါတို့နဲ့ မဆိုင်တော့ဘူး။ "

" အဲ့ဒီနဂါး​ငွေ့တန်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် နောက်ဆုံးမှာ ဘိုးဘေးတစ်ယောက်ဖြစ်လာဖို့က မသေချာဘူး။ သူ့ရဲ့ ဖြစ်နိုင်ခြေက ငါတို့ထက် အများကြီး ပိုများနေတာမဟုတ်ဘူး။ " ပုံရိပ်တစ်ခုက ပြောလိုက်သည်။

" ဖုရှု ဒီရတနာနယ်မြေတိုက်ပွဲမှာ မင်း ယုံကြည်မှုရှိသေးလား။ "

ပုံရိပ်အချို့က စကားအနည်းငယ် ပြောဆိုပြီးနောက် ဖုရှုကို လှည့်ကြည့်လိုက်ကြသည်။ အစပိုင်တွင် တဖုရှေးဟောင်းနိုင်ငံက ဖုရှုကို စေလွှတ်ခြင်းကြောင့် ယုံကြည်မှုရှိသော်လည်း ယခုအချိန်တွင် နဂါးငွေ့တန်းက ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

" သာမန်နည်းလမ်းတွေနဲ့တော့ နဂါးငွေ့တန်းကို ကိုင်တွယ်လို့မရဘူး။ ဒါပေမယ့် သူသေကိုယ်သေတိုက်ပွဲဆိုရင်တော့ အခု နဂါးငွေ့တန်းက ငါ့ကို ယှဉ်နိုင်ဖို့ မသေချာပါဘူး။ " ဖုရှုက ပြောလိုက်သည်။

ဖုရှုက အမြုတေတိုင်ကြီးကို လက်လွှတ်ပေးလိုက်ခြင်းမှာ နဂါးငွေ့တန်းကို ကြောက်ရွံ့သောကြောင့် မဟုတ်ဘဲ အခြားရှေးဟောင်းနိုင်ငံများ အကျိုးအမြတ်ရသွားမည်ကို ရှောင်ရှားရန်နှင့် တဖုရှေးဟောင်းနိုင်ငံက အသာစီးရနေဆဲ ဖြစ်သောကြောင့် ဖြစ်သည်။

" အဲ့ဒါဆို ကောင်းတယ်။ "

" နှမြောစရာပဲ။ ဒီရတနာနယ်မြေတိုက်ပွဲမှာ ဒီလောက်သန်မာတဲ့ လူတစ်ယောက် ပေါ်လာမှန်း သိခဲ့ရင် ငါကိုယ်တိုင်ပါဝင်မိမှာပဲ။ "

နတ်ဘုရားအရှင်သခင်များက အပြန်အလှန် ပြောဆိုလိုက်ကြသည်။ သူတို့၏ အဆင့်နှင့် မိမိနှင့်အဆင့်တူသူများကို ယှဉ်ပြိုင်ရခြင်းမှာ ကျေနပ်စရာကိစ္စတစ်ခုဖြစ်သည်။

ရတနာနယ်မြေအတွင်း အမြုတေတိုင်ကြီး၏ ရှေ့တွင် လီယန်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၁ ယောက် ရောက်ရှိလာခဲ့သည်။

" နဂါးငွေ့တန်းက အမြုတေတိုင်ကြီးကို ပြန်ယူလိုက်ပြီလား။ " ကွမ်လဲ့က မယုံကြည်နိုင်ဖြစ်နေသည်။

အမြင့်ဆုံးနတ်ဘုရားအရှင်သခင်တစ်ယောက်အနေဖြင့် သူက ဖုရှု၏ စွမ်းအားကို ကောင်းစွာ နားလည်ထားသည်။ သူ့အတွက်ပင် ဖုရှုကို ယှဉ်နိုင်ရန် အမွေအနှစ်ရတနာများကို အသုံးပြုရပေလိမ့်မည်။

" နဂါးငွေ့တန်းက တကယ် သန်မာတာပဲ။ " ဟန်ယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

" နဂါးငွေ့တန်းက ငါတို့ကို အထဲ ဝင်ခွင့်ပေးလိုက်ပြီ။ " ချီယန်က ပြောလိုက်သည်။

" အင်း " အခြားသူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ ယခုအချိန်တွင် လီယန်ရှေးဟောင်းနိုင်ငံ၏ ခေါင်းဆောင်နတ်ဘုရားအရှင်သခင်မှာ ချီယန်မှ လင်းယွမ်ဆီသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

ရှေးဟောင်းနိုင်ငံအားလုံးတွင် အင်အားကြီးသူကပင် အရာအားလုံးကို လွှမ်းမိုးနိုင်သည်။ နဂါးငွေ့တန်းက အသန်မာဆုံးနတ်ဘုရားအရှင်သခင်ဖြစ်သောကြောင့် မည်သို့ပင်ဖြစ်စေ သူက ခေါင်း​ဆောင်တစ်ယောက်သာ ဖြစ်နေပေလိမ့်မည်။

ထို့အပြင် လင်းယွမ်က အမြုတေတိုင်ကြီးကို သိမ်းပိုက်နိုင်ခြင်းမှာ ရတနာနယ်မြေပြိုင်ပွဲအတွက် အလွန်အရေးပါလှသည်။ နောက်ပိုင်း အမြုတေတိုင်များကို သိမ်းပိုက်ရာတွင် လီယန်ရှေးဟောင်းနိုင်ငံအတွက် ဖိအားများ လျော့ကျသွားစေပေလိမ့်မည်။

မကြာမီ နတ်ဘုရားအရှင်သခင်များက အမြုတေတိုင်ကြီးအောက်တွင် ထိုင်နေသော လင်းယွမ်ကို တွေ့လိုက်ရသည်။

" နဂါးငွေ့တန်း..." ချီယန်နှင့် အခြားသူများက လေးစားစွာဖြင့် ခေါ်လိုက်သည်။

" အင်း " လင်းယွမ်က မျက်လုံးများ ဖွင့်ပြီး အခြားသူများကို ပြုံး၍ ကြည့်လိုက်သည်။ " ဒီအမြုတေတိုင်ကြီးက ဆုံးရှုံးသွားပြီးမှ ပြန်ရတာလို့ ပြောလို့ရတယ်။ "

ချီယန်ကလည်း အမြုတေတိုင်ကြီးကို ပြုံး၍ ကြည့်လိုက်သည်။ ယခုအခါ လီယန်ရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၅၂ခုကို သိမ်းပိုက်ထားပြီဖြစ်သည်။ ယခုအမြုတေတိုင်ကြီးကို ပေါင်းလိုက်လျှင် ၆၂တိုင်ဖြစ်သွားပြီဖြစ်သည်။

တဖုရှေးဟောင်းနိုင်ငံ၏ ၇၂တိုင်ကို မယှဉ်နိုင်သေးသော်လည်း မန်ဟွမ်နိုင်ငံကို ကျော်လွန်ကာ ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံထဲတွင် ဒုတိယအဆင့်သို့ ရောက်နေပြီဖြစ်သည်။

" နဂါးငွေ့တန်းရှိနေလို့ လီယန်ရှေးဟောင်းနိုင်ငံက ဒီရတနာတယ်မြေကို သိမ်းပိုက်ဖို့ အခွင့်အရေး အများကြီး ပိုများသွားပြီ။ " ချီယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

အကယ်၍ လင်းယွမ်၏ စွမ်းအားက ရုတ်တရက် မြင့်တက်သွားခြင်းမရှိလျှင် လီယန်ရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံကို ခုခံရန် အခြားရှေးဟောင်းနိုင်ငံများနှင့် မဟာမိတ်ပြုရပေလိမ့်မည်။ အနိုင်အရှုံး မည်သို့ဖြစ်စေ ပြင်းထန်သော တိုက်ပွဲများ ဖြစ်ပေါ်ပေလိမ့်မည်။

သို့သော် ယခု လင်းယွမ်၏ စွမ်းအားကြောင့် လီယန်ရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံနှင့် တန်းတူအဆင့်သို့ မြင့်တက်လာခဲ့ပြီး ကျန်ရှေးဟောင်းနိုင်ငံလေးခု၏ ရုန်းကန်မှုများကို အပေါ်စီးမှ ကြည့်နေနိုင်ပြီဖြစ်သည်။

" ငါတို့ ဒီရတနာနယ်မြေကို သိမ်းပိုက်နိုင်မလာဆိုတာကတော့ မသေချာသေးဘူး။ " လင်းယွမ်က ပြန်ဖြေလိုက်သည်။ ယခုအချိန်တွင် သူ၏ စွမ်းအားက ရတနာနယ်မြေမှ နတ်ဘုရားအရှင်သခင်အားလုံးကို အပြတ်အသတ် ချေမှုန်းနိုင်စွမ်းမရှိသေးပေ။

" တကယ်တော့ မင်းဒီမှာရှိနေတာက ဒီရတနာနယ်မြေကို သိမ်းပိုက်နိုင်ဖို့ထက် ပိုအရေးကြီးပါတယ်။ " ချီယန်က ပြောလိုက်သည်။

လီယန်ရှေးဟောင်းနိုင်ငံတွင် အသန်မာဆုံး နတ်ဘုရားအရှင်သခင်တစ်ယောက် ထွက်ပေါ်လာခြင်းမှာ အလွန်အရေးပါလှသည်။ အနည်းဆုံးတော့ လီယန်ရှေးဟောင်းနိုင်ငံက တဖုရှေးဟောင်းနိုင်ငံမှလွဲ၍ အခြားမည်သည့်ရှေးဟောင်းနိုင်ငံကိုမဆို ရင်ဆိုင်ရန် ယုံကြည်မှုရှိသွားပြီဖြစ်သည်။

" ဒါပေမယ့် သိမ်းပိုက်နိုင်ရင်တော့ ပိုကောင်းတာပေါ့။ " လင်းယွမ်က ပြောလိုက်သည်။

ရတနာနယ်မြေကို သိမ်းပိုက်နိုင်လျှင် ဤနေရာမှ ထွက်ရှိသော ရတနာများနှင့် ရှေးဟောင်းနိုင်ငံက ပေးအပ်မည့် စွမ်းဆောင်မှုရမှတ်များကို ရရှိမည်ဖြစ်သည်။ လင်းယွမ်က လီယန်ရှေးဟောင်းနိုင်ငံ၏ ဘဏ္ဍာတိုက်ထဲမှ အမွေအနှစ်များနှင့် ရတနာများကို လိုချင်နေသည်။

လင်းယွမ်က အလွန်ငယ်သေးပြီး စွမ်းဆောင်မှုရမှတ်များစွာ မရှိပေ။ ထို့ကြောင့် သူက ရတနာနယ်မြေကို အစွမ်းကုန် သိမ်းပိုက်ရန် ရည်ရွယ်ထားသည်။

" မှန်တယ်။ သိမ်းပိုင်နိုင်ရင်တော့ အကောင်းဆုံးပေါ့။ " ချီယန်က ပြုံး၍ ပြောလိုက်သည်။

ရတနာနယ်မြေ၏ တစ်နေရာတွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံမှ နတ်ဘုရားအရှင်သခင် ၁၂ယောက် စုဝေးနေကြသည်။

" ဒီရတနာနယ်မြေပြိုင်ပွဲမှာ ငါတို့ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၃၈တိုင်ပဲ ရထားတယ်။ အဆင့်ခြောက်နေရာပဲရှိတယ်။ " စုယင်က အခြားသူများကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ " အခုဆိုရင် နဂါးငွေ့တန်းလို အသန်မာဆုံး နတ်ဘုရားအရှင်သခင်တစ်ယောက် ပေါ်လာပြီ။ "

ယခုအချိန်တွင် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ရတနာနယ်မြေကို သိမ်းပိုက်နိုင်ရန် မျှော်လင့်ချက်မှာ အလွန်သေးငယ်ပြီး မရှိသလောက်ပင် ဖြစ်သည်။

" ဟူး..." ဒီယင်က သက်ပြင်းချလိုက်သည်။

ဤရတနာနယ်မြေတွင် အမြုတေတိုင် သုံးရာကျော်ရှိပြီး လက်ရှိ အဆင့်အမြင့်ဆုံး ရတနာနယ်မြေများထဲတွင် ပါဝင်လေသည်။ ကံမကောင်းစွာဖြင့် ရွှမ်ယင်ရှေးဟောင်းနိုင်ငံက ပြိုင်ပွဲကို အလေးအနက်မထားဘဲ စွမ်းအားမလုံလောက်သော နတ်ဘုရားအရှင်သခင်များကိုသာ စေလွှတ်ခဲ့သည်။

" ဒါကြောင့် ငါ အမြုတေတိုင် ၃၈တိုင်ကို အလဲအလှယ်လုပ်ဖို့ ရည်ရွယ်ထားတယ်။ " စုယင်က သူ၏ အတွေးကို ပြောလိုက်သည်။

ရတနာနယ်မြေကို သိမ်းပိုက်ရန် မျှော်လင့်ချက်မရှိမှန်း သေချာသွားသောအခါ သူတို့က အကျိုးအမြတ်ရရန် ကြိုးစားရမည်ဖြစ်သည်။ ရွှမ်ယင်ရှေးဟောင်းနိုင်ငံက အမြုတေတိုင် ၃၈ တိုင်နှင့် အဆင့်ခြောက်နေရာတွင်သာ ရှိသော်လည်း အခြားရှေးဟောင်းနိုင်ငံများက ထိုတိုင်များကို ရရှိသွားလျှင် သူတို့၏ အဆင့်က ပထမနေရာသို့ ရရှိနိုင်စွမ်းရှိသွားပေလိမ့်မည်။

" စုယင် မင်းဘယ်သူနဲ့ အလဲအလှယ်လုပ်မှာလဲ။ " ဒီရင်က အံ့ဩခြင်းမရှိဘဲ မေးလိုက်သည်။

ရတနာနယ်မြေအတွင်း အမြုတေတိုင်များကို အလဲအလှယ်လုပ်ခြင်းက အကျိုးအမြတ်အရဆုံးဖြစ်သည်။ အလဲအလှယ်မပြုလုပ်ခဲ့လျှင် ပြိုင်ပွဲပြီးဆုံးချိန်၌ လက်ဗလာနှင့် ပြန်သွားရပေလိမ့်မည်။

" တဖုရှေးဟောင်းနိုင်ငံနဲ့ လီယန်ရှေးဟောင်းနိုင်ငံတို့ပေါ့။ " စုယင်က ခဏစဉ်းစားပြီး ပြောလိုက်သည်။

" အင်း စျေးကောင်းကောင်းတောင်းလိုက်ပါ။ " ဒီယင်က ခေါင်းညိမ့်လိုက်သည်။

" သေချာတာပေါ့။ " စုယင်က ပြုံး၍ ပြောလိုက်သည်။

All Chapters