← Chapters

လီယန်နေမင်းဆင်းသက်ခြင်း...

Vol. 69 Ch. 972

လီယန်နေမင်းဆင်းသက်ခြင်း...

Vol. 69 Ch. 972

" ဖုတန်ရဲ့ တိုက်ခိုက်မှုက ငါ့ရဲ့ ခုခံမှု ကြာပန်းမီးတောက်တွေကို အမြစတ်ပြတ် ချေမှုန်းလိုက်တာနဲ့ ငါ့ရဲ့ အဓိကတိုက်ခိုက်ရေးခန္ဓာလည်း ပျက်စီးသွားလိမ့်မယ်။ " ဟုန်လျန်က တွေးလိုက်သည်။

ပုံမှန်တိုက်ပွဲတွင် သူက ဖုတန်၏ လက်ထဲမှ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်လေသည်။ သို့သော် ယခုက ပုံမှန်တိုက်ပွဲမဟုတ်ပေ။ ဟုန်လျန်က ဆုတ်ခွာရန် ငြင်းဆန်ပြီး တစ်ဖက်သတ် တိုက်ခိုက်ခံနေရခြင်းဖြစ်သည်။

" သေစမ်း " ဖုတန်၏ အော်ရာက ပေါက်ကွဲလာပြီး ခရမ်းရောင်စွမ်းအားများဖြင့် ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုကို ထုတ်ဖော်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် အချိန်လေဟာနယ်က တွန့်လိမ်သွားပြီး ပုံရိပ်တစ်ခုက တိတ်ဆိတ်စွာ ပေါ်လာသည်။

" နဂါးငွေ့တန်း ရောက်လာတာလား။ " ဖုတန်၏ စိတ်ထဲတွင် ထိတ်ခနဲ ဖြစ်သွားသည်။ နဂါးငွေ့တန်းနှင့် လင်းယုတို့၏ တိုက်ပွဲအကြောင်းကို သူလည်း ကြားထားပြီးဖြစ်သည်။

" နဂါးငွေ့တန်း ရောက်လာရင်တောင် မင်းက သေကိုသေရမယ်။ " ဖုတန်က အလွန်ဒေါသထွက်သွားသည်။ အကယ်၍ ဟုန်လျန်က အသက်နှင့်လဲပြီး မတားဆီးခဲ့လျှင် သူက ထိုအမြုတေတိုင်ကို ရရှိထားလောက်ပြီဖြစ်သည်။

လင်းယွမ်က ရောက်လာချိန်တွင် ဖုတန်က ဟုန်လျန်အား အတင်းအကျပ် ဖိအားပေး တိုက်ခိုက်နေသည်ကို မြင်လိုက်ရသည်။ ဟုန်လျန်က ဖုတန်၏ တိုက်ခိုက်မှုများကို အသည်းအသန် ခုခံနေရသည်။

ဝုန်း...

ကမ္ဘာနတ်စွမ်းရည်က အသက်ဝင်လာပြီး ပြင်ပကမ္ဘာက မိုင်ပေါင်းဘီလီယံများစွာကို လွှမ်းခြုံသွားသည်။ ဖုတန်က ပြင်ပကမ္ဘာ၏ ဖိနှိပ်မှုကို ချက်ချင်း ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်မှ ခရမ်းရောင်စွမ်းအားများက တဖြည်းဖြည်း သေးငယ်သွားသည်။

" ဒါက ဘာလဲ။ " ဖုတန်က သူငယ်အိမ်များ ကျုံ့သွားပြီး ပတ်ဝန်ကျင်မှ အချိန်လေဟာနယ်အပေါ် ထိန်းချုပ်နိုင်စွမ်းမှာ လုံးဝ ဆုံးရှုံးသွားခဲ့သည်။

" နဂါးငွေ့တန်းရဲ့ နယ်ပယ်ဖိနှိပ်မှုက ဒီလောက်တောင် သန်မာတာလား။ " ဖုတန်က လုံးဝ အံ့အားသင့်သွားခဲ့သည်။

တလင်းရှေးဟောင်းနိုင်ငံမှ ရရှိသော လင်းယွမ်နှင့် ပက်သက်သည့် အချက်အလက်များအရ နဂါးငွေ့တန်းက အစွမ်းထက်သော နယ်ပယ်ဖိနှိပ်မှု နည်းစနစ်များ ရှိကြောင်း ဖော်ပြထားသည်။ သို့သော် ဤမျှ အစွမ်းထက်လိမ့်မည်ဟု သူတစ်ခါမှ မတွေးထားခဲ့ပေ။ ရောက်ရောက်ချင်းမှာပင် သူ့ကို ချက်ချင်း ဖိနှိပ်သွားခဲ့သည်။

" နဂါးငွေ့တန်း ရောက်လာပြီဆိုတော့ ငါတို့ တဖုရှေးဟောင်းနိုင်ငံက ဒီအမြုတေတိုင်ကို လက်လွှတ်ပေးလိုက်ပါမယ်။ " ဖုတန်က ချက်ချင်း ပြောလိုက်သည်။

ယခုအခါ သူက လင်းယွမ်ထံမှ ကြောက်စရာကောင်းသော ဖိအားကို ခံစားနေရသည်။ တဖုရှေးဟောင်းနိုင်ငံ၏ အမြင့်ဆုံးနတ်ဘုရားအရှင်သခင် လေးယောက်ထဲမှ နှစ်ယောက်ပင် သူ့အပေါ် ထိုကဲ့သို့ ဖိအားမျိုး ပေးနိုင်ခြင်းဖြစ်သည်။

တဖုရှေးဟောင်းနိုင်ငံက အဆင့်ရတနာနယ်မြေ အများဆုံးကို ပိုင်ဆိုင်ထားပြီး ရှေးဟောင်းနိုင်ငံခြောက်နိုင်ငံထဲတွင် အကောင်းဆုံး အရင်းအမြစ်များကို ရရှိထားသည်။ အင်အားအပိုင်းအရဆိုလျှင် တဖုရှေးဟောင်းနိုင်ငံက ကျန်ငါးနိုင်ငံထက် သာလွန်သည်။

ထို့ကြောင့် လက်ရှိအခြေအနေအရ ဖုတန်က နောက်ဆုတ်ရန်သာ ဆုံးဖြတ်လိုက်သည်။ သူက စကားမဆုံးမီကတည်းက ခရမ်းရောင်စွမ်းအားများကို မှီခို၍ ထွက်ပြေးရန် ကြိုးစားနေပြီဖြစ်သည်။ ပြင်ပကမ္ဘာ၏ ဖိနှိပ်မှုအောက်တွင် သူက အချိန်လေဟာနယ်ကို ဖြတ်ကျော်၍ မရပေ။

" ထွက်သွားဖို့ ကြိုးစားနေတာလား။ " လင်းယွမ်က အဝေးသို့ လှမ်းကြည့်လိုက်ပြီး ဖုတန်၏ ရည်ရွယ်ချက်ကို ချက်ချင်း သိလိုက်သည်။

" လင်းယုထွက်သွားနိုင်တာက သူ့ကို သတ်ဖို့ အလုပ်ရှုပ်လို့ပဲ။ ဒါပေမယ့် မင်းကတော့ ငါ့ရဲ့ စွမ်းရည်တွေကို စမ်းသပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ " လင်းယွမ်က ဖုတန်ကို ကြည့်လိုက်သည်။

ခဏအတွင်း ပြင်ပကမ္ဘာ၏ ကောင်းကင်ယံတွင် လီယန်နေမင်းများ စတင်စုစည်းလာသည်။ ထိုလီယန်နေမင်းများက ပျံဝဲနေပြီး နေတစ်စင်းက ထွက်ပြေးနေသော ဖုတန်ဆီသို့ ထိုးဆင်းသွားသည်။ ပထမဆုံးသော လီယန်နေမင်း ကျဆင်းလာသောအခါ ဒုတိယ၊ တတိယနေမင်းများကလည်း နောက်မှ လိုက်ပါသွားကြသည်။

ထိုတိုက်ခိုက်မှုကို လီယန်နေမင်းဆင်းသက်ခြင်းဟု အမည်ရပြီး ၎င်းက လင်းယွမ်နားလည်ထားသော အစွမ်းထက်ဆုံး နည်းစနစ်များထဲမှ တစ်ခုဖြစ်သည်။ ပြင်ပကမ္ဘာကို ဖောက်ခွဲသဘ့် နည်းစနစ်ပြီးလျှင် ဒုတိယအဆင့်တွင် ရှိသည်။

ပြင်ပကမ္ဘာကို ဖောက်ခွဲခြင်းက သံသယဝင်စရာမလိုဘဲ အလွန်သန်မာသော်လည်း လင်းယွမ်ကို ခဏတာ အားနည်းသွားစေသည်။ လီယန်နေမင်းဆင်းသက်ခြင်းက ထိုသို့သော အန္တရာယ်မရှိဘဲ စွမ်းအားအနည်းငယ် လျော့နည်းသွားသော်လည်း ဆက်လက်တိုက်ခိုက်နိုင်စွမ်းရှိလေသည်။

ဝုန်း ဝုန်း ဝုန်း....

ပထမဆုံး လီယန်နေမင်းက ဖုတန်ကို ထိမှန်သွားသောအခါ သူက အသည်းအသန် တောင့်ခံထားရသည်။ သို့သော် လီယန်နေမင်းရာချီ ထိမှန်သွားချိန်တွင် ဖုတန်၏ ခန္ဓာကိုယ်ပတ်လည်မှ ခရမ်းရောင်စွမ်းအားများက လျင်မြန်စွာ ပြိုကွဲသွားခဲ့သည်။

" နဂါးငွေ့တန်း..." ဖုတန်က ရုတ်တရက် လင်းယွမ်ကို လှည့်ကြည့်လိုက်သည်။ လီယန်နေမင်း သုံးထောင်သို့ ရောက်သောအခါ သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က လုံးဝ ပျက်စီးသွားခဲ့သည်။

" လီယန်နေမင်း သုံးထောင်ထိပဲ တောင့်ခံနိုင်တာလား။ " လင်းယွမ်က ခေါင်းခါလိုက်သည်။ သီအိုရီအရ ထိုတိုက်ကွက်က လီယန်နေမင်း စုစုပေါင်း ၃၃၄၆၃စင်းကို ထုတ်လွှတ်နိုင်သည်။

" ငါရောက်တာ နောက်ကျသွားတယ်။ " ဖုတန်ကို ရှင်းပြီးနောက် လင်းယွမ်က ရတနာများကို သိမ်းဆည်းပြီး ဟုန်လျန်ကို ပြောလိုက်သည်။

" နောက်မကျပါဘူး။ " ဟုန်လျန်က အနည်းငယ် မှင်သက်နေသည်။

သူက ဖုတန်၏ ရှေ့တွင် အသည်းအသန် ရုန်းကန်ခဲ့ရသော်လည်း ဖုတန်က လင်းယွမ်၏ တိုက်ခိုက်မှုအောက်တွင် ထိုမျှအထိ တောင့်မခံနိုင်ခဲ့ပေ။

" နဂါးငွေ့တန်း မင်းပဲ အမြုတေတိုင်ကို သန့်စင်လိုက်ပါ။ " ဟုန်လျန်က ဘေးသို့ ဖယ်ပြီး ပြောလိုက်သည်။

" ကောင်းပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်ပြီး ပြောလိုက်သည်။

လီယန်မြို့တော်၏ သီးခြားဟင်းလင်းပြင်တွင် ချီယန်က လင်းယွမ်ကို အံ့ဩစွာ ကြည့်လိုက်သည်။ " မင်းက ဖုတန်ကို သတ်လိုက်တာလား။ "

" နည်းစနစ်တစ်ခုကို နားလည်သွားလို့ပါ။ " လင်းယွမ်က ရှင်းပြလိုက်သည်။

ရိုးရှင်းစွာပြောရလျှင် လီယန်နေမင်းဆင်းသက်ခြင်းတိုက်ကွက်က အမြင့်ဆုံး နတ်ဘုရားအရှင်သခင်အောက်ရှိ ဘယ်သူကိုမဆို ချေမှုန်းနိုင်သည်။ အမြင့်ဆုံးနတ်ဘုရားအရှင်သခင်များပင် ထိုလီယန်နေမင်းများကို ခုခံရန် ဂရုစိုက်ရပေလိမ့်မည်။

နောက်ပိုင်းတွင် လင်းယွမ်က ရတနာနယ်မြေအတွင်း အမြုတေတိုင်များကို ဆက်လက်ရှာဖွေခဲ့ပြီး အခြားရှေးဟောင်းနိုင်ငံများမှ နတ်ဘုရားအရှင်သခင်များနှင့်လည်း တိုက်ခိုက်ခဲ့သည်။ ထိုသို့ဖြင့် လင်းယွမ်၏ ကျော်ကြားမှုက ပျံ့နှံ့သွားခဲ့သည်။

လီယန်မြို့တော်၏ သီးခြားဟင်းလင်းပြင်တွင် ချီယန်က အခြားနတ်ဘုရားအရှင်သခင်များကို ကြည့်ပြီး ပြုံးလိုက်သည်။

" အားလုံးပဲ ဒီရတနာနယ်မြေက ထွက်တဲ့ ရွှေရောင်မြူခိုးတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ရှာတွေ့သွားပြီ။ "

ပတ်ဝန်းကျင်မှ နတ်ဘုရားအရှင်သခင်များ၏ မျက်လုံးများက တောက်ပသွားကြသည်။ ရတနာနယ်မြေအတွင်း သူတို့က အဓိကအားဖြင့် အမြုတေတိုင်များကို ရွာဖွေရန် အာရုံစိုက်ထားကြသည်။ သို့သော် ထိုအချိန်အတွင်း သူတို့က ရွှေရောင်မြူခိုးများကို အနည်းနှင့်အများ ရရှိထားကြပြီဖြစ်သည်။

" ရွှေရောင်မြူခိုးတွေလား။ " လင်းယွမ်ကလည်း စိတ်ဝင်စားသွားသည်။ သူ၏ ပြင်ပကမ္ဘာက မိုင်ပေါင်းများစွာအတွင်းရှိ အသေးစိတ် အချက်အလက်များကို စူးစမ်းနိုင်သောကြောင့် ရွှေရောင်မြူခိုးများကို အတော်များများ စုဆောင်းထားနိုင်ခဲ့​သည်။

" ရွှေရောင်မြူခိုးတွေထဲမှာ အချိန်ရဲ့ မူလစွမ်းအားတွေ ပါဝင်နေတယ်။ မင်းတို့ရဲ့ စိတ်ဝိညာဉ်နဲ့ စိတ်အသိကို အဲ့ဒါနဲ့ မထိတွေ့စေနဲ့။ မဟုတ်ရင် မင်းတို့ အချိန်စက်ဝန်းထဲကို အတင်းအကျပ် ဆွဲခေါ်ခြင်းခံရလိမ့်မယ်။ " ချီယန်က လေးနက်စွာ အသိပေးလိုက်သည်။

နတ်ဘုရားအရှင်သခင်များက သူတို့၏ အဆင့်တွင် ပြည့်စုံနေကြပြီး ဘိုးဘေးအဆင့်ကို တက်လှမ်းရန် အချိန်စက်ဝန်းကို ဖြစ်ပေါ်စေနိုင်သည်။ သို့သော် သူတို့က ဘိုးဘေးအဆင့်သို့ တက်လှမ်းလိုစိတ်ကို ဖိနှိပ်ထားသောကြောင့် အချိန်စက်ဝန်းက သူတို့ထံသို့ မကျရောက်လာခြင်းဖြစ်သည်။

အကယ်၍ သူတို့က ရွှေရောင်မြူခိုးများကို စိတ်အသိနှင့် ထိတွေ့လိုက်လျှင် မည်မျှဖိနှိပ်ထားသည်ဖြစ်စေ အချိန်စက်ဝန်းထဲသို့ ကျရောက်သွားပေလိမ့်မည်။

" အချိန်စက်ဝန်းလား။ " အခြားသူများက ထိတ်လန့်သွားကြသည်။

အထွတ်အထိပ် နတ်ဘုရားအရှင်သခင်များက နောက်ဆုံးတွင် အလွှာဆယ့်သုံး ဘိုးဘေးအဆင့်ကို တက်လှမ်းကြမည်ဖြစ်သော်လည်း ၎င်းမှာ ရှေ့ဆက်တိုးစရာမရှိတော့သည့် အချိန်ကျမှ လုပ်ဆောင်မည်ဖြစ်သည်။ ယခုအချိန်တွင်မူ သူတို့က စောင့်ဆိုင်းရန်သာ ရည်ရွယ်ထားကြသည်။

" အချိန်စက်ဝန်းထဲ ကျရောက်သွားမှာလား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

သူက လွှမ်းမိုးခြင်းအဆင့်သာ ရှိသေးပြီး အလွှာဆယ့်သုံးသို့ တက်လှမ်းရန် ဖရိုဖရဲအဆင့် အထွတ်အထိပ်နှင့် အလွန်ဝေးကွာနေဆဲ ဖြစ်သည်။အကယ်၍ သူက ရွှေရောင်မြူခိုးများကို စိတ်အသိဖြင့် ထိတွေ့ခဲ့လျှင် သူက ထိုအဆင့်သို့ မရောက်သေးသောကြောင့် အချိန်စက်ဝန်းက ပေါ်လာမည်မဟုတ်ပေ။

" ငါအဲ့ဒီတုန်းက မစမ်းကြည့်ခဲ့တာတော်သေးတယ်။ " လင်းယွမ်က တွေးလိုက်သည်။ အချိန်စက်ဝန်းထဲသို့ ကျရောက်မည့် အန္တရာယ်မရှိသော်လည်း အခြားအန္တရာယ်များ ရှိနေနိုင်သည်။

" ရွှေရောင်မြူခိုးတွေကို ဘယ်လိုစုပ်ယူရမလဲဆိုရင် အခုထိတော့ ခန္ဓာကိုယ်ထဲကို စုပ်ယူတာအကောင်းဆုံးပဲ။ ရွှေရောင်မြူခိုးတွေက ရုပ်ခန္ဓာကို တဖြည်းဖြည်း ပြောင်းလဲပေးပြီး အချိန်နဲ့ သက်ဆိုင်တဲ့ ရုပ်ခန္ဓာတစ်ခု ဖြစ်ပေါ်လာစေလိမ့်မယ်။ " ချီယန်က ပြောလိုက်သည်။

ထိုရလဒ်က လီယန်ရှေးဟောင်းနိုင်ငံမှ အကြိမ်ပေါင်းများစွာ ကြိုးစားပြီးနောက် ရရှိလာခြင်းဖြစ်သည်။ ထိုကြောင့်ပင် သူတို့ဆီမှ နတ်ဘုရားအရှင်သခင်တစ်ယောက်က အချိန်စက်ဝန်းထဲသို့ စောစီးစွာ ဝင်ရောက်သွားခဲ့သည်။

" ရုပ်ခန္ဓာနဲ့ တဖြည်းဖြည်း စုပ်ယူပြီး အချိန်နဲ့သက်ဆိုင်တဲ့ ရုပ်ခန္ဓာအဖြစ် ပြောင်းလဲမှာလား။ " နတ်ဘုရားအရှင်သခင်များက အတွေးနက်သွားကြသည်။

ထိုသက်ရောက်မှုက အနန္တသလင်းကျောက်များနှင့် ဆင်တူနေသည်။ သို့သော် အနန္တသလင်းကျောက်ကြောင့် ဖြစ်ပေါ်လာသော အနန္တနတ်ဘုရားခန္ဓာက အခြားရုပ်ခန္ဓာများကို လက်ခံနိုင်စွမ်းရှိသည်။

All Chapters