နောက်ဆုံးတိုက်ပွဲ
Vol. 77 Ch. 1073
ပထမဓားကွက်ကို ထုတ်ဖော်ပြီးနောက် လီဖူချန်းက နောက်ထပ်ဓားတစ်ကွက်ကို ဦးတည်ဘက်တိုင်းမှ ထုတ်ဖော်လိုက်တယ်။
ဝှစ် ဝှစ် ဝှစ်.....
အဝေးကြယ်ပိုင်နက်တစ်ထောင်အကွာရှိနတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ရုတ်တရက် ပိုင်းဖြတ်သွားပြီး ဖုန်မှုန့်ဖြစ်သွားတယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက ပြုတ်ကျလာတယ်။
ဒုတိယ၊တတိယ.....
"မင်း လုပ်ရဲတယ်....."
နတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားငါးယောက်သေသွားတဲ့အခါ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ဓားချီကို တားဆီးလိုက်တယ်။
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လှုပ်ရှားလိုက်တယ်။
သူတို့နှစ်ယာက်လုံးက အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေထက် ပိုသာလွန်တယ်။ သူတို့ကို စကြာဝဠာတစ်ဝက်ပိုင်းခြားထားရင်တောင် တိုက်ကွက်တွေ ချက်ချင်း ဖလှယ်နိုင်တယ်။ နေရာလပ်-အချိန်က သူတို့ကို မကန့်သတ်နိုင်ခဲ့ဘူး။
"ငါဘာလို့မလုပ်ရဲရမှာလဲ......"
လီဖူချန်းရဲ့ဓားပညာက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်သို့ ဖြတ်ကျော်သွားပြီး အလွန်အမင်းဆန်းကြယ်တယ်။ ဒါက အလင်းအမှောင်နတ်ဘုရားအရှင်သခင်တားဆီးနိုင်တဲ့အရာမဟုတ်ဘူး။ အသက်ရှုချိန်အနည်းငယ်ကြာပြီးနောက် နောက်ထပ်နတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားတစ်ယောက်ကို သတ်လိုက်တယ်။
"သူ့ခွန်အားက ထပ်တိုးလာပြန်ပြီးပဲ"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်နှာက မည်းမှောင်သွားတယ်။
လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်က လီဖူချန်းရဲ့ခွန်အားက သူနဲ့ ညီမျှခဲ့တယ်။ အလုံးစုံခွန်အားအရ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လီဖူချန်းကို ဖိနှိပ်နိုင်ခဲ့တယ်။ အခု၊ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လီဖူချန်းကို မဖိနှိပ်နိုင်တော့ဘူး။
ကံကောင်းစွာနဲ့ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လွန်ခဲ့တဲ့နှစ်တစ်ရာမှာ အချိန်မဖြုန်းခဲ့တာပဲ။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်က ခွင်းဝူစကြာဝဠာရဲ့သက်ရှိတစ်ယောက်မဟုတ်သလို သူ့ကို ကူညီဖို့ ခွင်းဝူစကြာဝဠာကို မဝင်ရောက်နိုင်ရင်တောင် သူတို့က ဒီစစ်ပွဲကို အနိုင်ရအုံးမယ်လို့ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ယုံကြည်ချက်ရှိတယ်။
အသက်ကို နက်ရှိုင်းစွာရှုရှိုက်ပြီးနောက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက ကြောက်စရာကောင်းတဲ့အလင်းတွေ လက်သွားတယ်။
နယ်သာမြစ်ကြယ်ပိုင်နက်က ကန့်လန့်ဖြတ်မြစ်ကြယ်ပိုင်နက်ထက် ဆယ်ဆပိုကြီးတဲ့ ကြယ်ပိုင်နက်တစ်ခုဖြစ်တယ်။
ဒီကြယ်ပိုင်နက်ထဲမှာ အလွန်အမင်းကျော်ကြားတဲ့အန္တရာယ်နေရာတစ်ခုရှိတယ်.....နယ်သာမြစ်။
နယ်သာမြစ်က အလင်းနှစ်ရာထောင်ရှည်ပြီး နယ်သာမြစ်ကြယ်ပိုင်နက်တစ်လျှောက်ရှိတယ်။
နယ်သာမြစ်ထဲမှာ ရေတာအိုသားရဲတွေ၊ ရေတာအိုသက်ရှိတွေများစွာရှိတယ်။ ရေတာအိုရတနာတွေလဲ များစွာရှိတယ်။ အချို့ရေတာအိုရတနာတွေက အနှိုင်းမဲ့ပြီး အပြင်ကမ္ဘာမှာ ရှာမတွေ့နိုင်ပါဘူး။ ရလဒ်အနေနဲ့ နယ်သာမြစ်မှာ စူးစမ်းရှာဖွေဖော်ထုတ်တဲ့ကောင်းကင်ဘုံအရှင်တွေများစွာရှိတယ်။ ရံဖန်ရံခါမှာ မြို့အရှင်အဆင့်ကောင်းကင်ဘုံအရှင်တွေတောင် ထွက်ပေါ်လာတယ်။
နယ်သာမြစ်အထက်မှာ ကောင်းကင်ဘုံအရှင်နှစ်ယောက်က ပျံသန်းနေတယ်။
"ဟူး၊ နတ်ဘုရားမျိုးနွယ်က နှစ်ပေါင်းများစွာ တိတ်တဆိတ်နေလာရာကနေ ရုတ်တရက် ထလှုပ်ရှားမယ်လို့ ဘယ်သူက ထင်ထားမှာလဲ။ နတ်ဘုရားမျိုးနွယ်ကို မလောက်လေးမလောက်စားလုပ်လို့မရဘူးလို့ ပြောခဲ့ကြတယ်။ ငါ အဲဒါကို အရင်က နားမလည်ခဲ့ပေမယ့် နောက်ဆုံးတော့ ငါ နားလည်လာပါပြီ"
"အတိတ်တုန်းက နတ်ဘုရားမျိုးနွယ်က ရက်စက်ကြမ်းကြုတ်ခဲ့ပေမယ့် မျိုးနွယ်စုတွေကို သတ်ဖြတ်လောက်တဲ့အထိတော့ မကြမ်းတမ်းခဲ့ဘူး။ ကြီးမားတဲ့စကြာဝဠာမြို့တစ်မြို့က အခုလိုပဲ ပျက်ဆီးသွားခဲ့တယ်။ လူတွေဘယ်လောက်တောင် သေကြပျက်စီးအုံးမှာလဲ"
"မျိုးနွယ်စုတွေက နတ်ဘုရားမျိုးနွယ်ကို ဘယ်လိုခုခံမလဲကို ငါ တကယ်မသိဘူး။ နှစ်ရာကျော်ရှိလာပေမယ့် မျိုးနွယ်စုတွေက မတုံ့ပြန်ကြသေးဘူး။ နတ်ဘုရားမျိုးနွယ်က စကြာဝဠာကို တကယ်ပဲ ပေါင်းစည်းတော့မှာလား"
"ဒါ ဖြစ်နိုင်တယ်။ ဟူး၊ ကံကြမ္မာကိုပဲ ပုံအပ်ထားရမှာပဲ"
သူတို့နှစ်ယောက်က စကားပြောနေစဉ် သင်္ဘောကြီးတစ်စင်းက နယ်သာမြစ်အကောင်းကင်မှာ ထွက်ပေါ်လာတယ်။ ထို့နောက် နောက်ထပ်သင်္ဘောတစ်စင်းက ကောင်းကင်ကို ချိုးဖြတ်ကာ ရောက်ရှိလာတယ်။
"ဘယ်လိုအားကောင်းတဲ့အရှိန်အဝါလဲ"
သင်္ဘောနှစ်စင်းထုတ်လွှတ်တဲ့အရှိန်အဝါက သန်မာလွန်းတယ်။ မူလကလှိုင်းလေထကြွနေတဲ့နယ်သာမြစ်က ချက်ချင်းငြိမ်သက်သွားတယ်။ သင်္ဘောတွေရဲ့အရှိန်အဝါအောက်မှာ ကောင်းကင်ဘုံအရှင်နှစ်ယောက်က ပုရွက်ဆိတ်တွေပမာ အားနည်းလွန်းတယ်လို့ ခံစားရတယ်။
ဝုန်း......
ပထမလှိုင်းမပျောက်ကွယ်ခင် နောက်ထပ်လှိုင်းတစ်ခုက မြင့်တက်လာတယ်။ အခြားတစ်ဖက်မှာ အလင်းနှစ်ရာအကွာမှာ နောက်ထပ်သင်္ဘောတစ်စင်းက ထွက်ပေါ်လာတယ်။
ဒီသင်္ဘောကြီးက ပိုဆန်းကြယ်ပြီး ၎င်းရဲ့အရှိန်အဝါက ပိုအားကောင်းတယ်။ ၎င်းက အလင်းနှစ်ရာအကွာမှာရှိတာတောင် သူတို့အရှေ့မှာ ရှိနေသလို ခံစားရစေတယ်။
သင်္ဘောရဲ့အရှိန်အဝါက နေရာလပ်နဲ့အချိန်ကြားအကွာအဝေးကို လစ်လျူရှုနိုင်တယ်လို့ ပြောနိုင်တယ်။
ဒီဆန်းကြယ်တဲ့ခံစားချက်ကို တစ်ယောက်ယောက်က တိကျတဲ့အဆင့်တစ်ခုအထိ မရောက်ရှိထားဘဲ နားလည်နိုင်မှာ မဟုတ်ပါဘူး။
"နတ်ဘုရားမျိုးနွယ်ရဲ့အရှိန်အဝါ။ ဒါက နတ်ဘုရားမျိုးနွယ်ရဲ့တိုက်ခိုက်ရေးသင်္ဘောပဲ"
ကောင်းကင်ဘုံအရှင်နှစ်ယောက်က စိုးရိမ်ထိတ်လန့်သွားပြီး တစ်ချိန်တည်းမှာပဲ သိချင်စိတ်ဖြစ်လာတယ်။ အခြားသင်္ဘောနှစ်စင်းရဲ့ဇာစ်မြစ်ကရော ဘာလဲ။ အခြားမျိုးနွယ်တွေမှ စစ်သင်္ဘောတွေများလား။
"
"မင်းတို့နှစ်ယောက်၊ မြန်မြန်ထွက်သွားစမ်း။ ဒီနေရာက စစ်မြေပြင်တစ်ခုဖြစ်လာတော့မှာ"
ပုံရိပ်တစ်ခုက ကောင်းကင်ဘုံအရှင်နှစ်ယောက်ရဲ့ဘေးနားမှာ ထွက်လာတယ်။ သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ အချိန်နဲ့နေရာလပ်က ယိုယွင်းသွားပြီး ကောင်းကင်ဘုံအရှင်နှစ်ယောက်က စိတ်ဝိညာဉ်မြစ်မှ ချက်ချင်းလွင့်ထွက်သွားတယ်။
လီဖူချန်းက နတ်ဘုရားမျိုးနွယ်ရဲ့စစ်သင်္ဘောကို ကြည့်လိုက်တယ်။ သူ့ရဲ့အမြင်အားအရ နတ်ဘုရားမျိုးနွယ်ရဲ့စစ်သင်္ဘောက အထွတ်အထိပ်အဆင့်မဟုတ်ဘဲ ပထမတန်းစားအဆင့်သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားသုံးအဆောင်ပစ္စည်းတစ်ခုဆိုတာ မြင်နိုင်တယ်။
"မူလအဆုံးစွန်းဓားနတ်ဘုရား"
အလင်းအမှောင်တံခါးက ထွက်ပေါ်လာပြီး အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ထွက်လာတယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ တိုက်ပွဲတစ်ပွဲတည်းနဲ့ အပြတ်ဖြတ်လိုက်ကြရအောင်" လီဖူချန်းက အကြွင်းမဲ့ယုံကြည်ချက်ရှိပေမယ့် အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့နတ်ဘုရားမျိုးနွယ်ကို အထင်မသေးရဲပါဘူး။ နတ်ဘုရားမျိုးနွယ်က စကြာဝဠာကို လွှမ်းမိုးလာတာ နှစ်ပေါင်းများစွာရှိပြီ၊ သူတို့မှာ ဝှက်ဖဲတွေတစ်ခုမှ မရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး။
"မင်း ပြန်မလာရဲခဲ့တာ နှစ်ရာအနည်းငယ်ရှိတယ်။ အခု မင်း ပြန်လာတယ်ဆိုတော့ ပြင်ဆင်ထားပြီးပုံရတယ်" အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက အေးစက်နေတယ်။
လီဖူချန်းက ပြုံးလိုက်တယ်"မင်း မကြာခင် သိရမှာပါ"
"တိုက်ကြတော့"
အဓိပ္ပါယ်မရှိတာတွေပြောဖို့ မလိုအပ်ပါဘူး။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့လီဖူချန်းက သူတို့ရဲ့လက်တွေကို တစ်ချိန်တည်းမှာ ဝေ့ယမ်းလိုက်တယ်။
နောက်အခိုက်အတန့်မှာ အဆုံးမဲ့တိုက်ခိုက်မှုတွေက စစ်သင်္ဘောသုံးစီးမှ ထွက်ပေါ်လာတော့တယ်။
နှစ်ပေါင်းရာအနည်းငယ်ကြာပြီးနောက် နတ်ဘုရားမျိုးနွယ်မှာ အကြိုနတ်ဘုရားတစ်ရာ့ငါးဆယ်ကျော်ရှိလာပါပြီ။ လီဖူချန်းတို့ဘက်ခြမ်းထက် ပိုများပေမယ့် လီဖူချန်းမှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့ရန်ချင်းဟူရှိသေးတယ်။ ဒါကြောင့် နောက်ဆုံးမှာ ဘယ်သူရယ်မောနိုင်မလဲဆိုတာ ပြောဖို့ ခက်ခဲတယ်။
ဒါပေမယ့် အစစ်အမှန်အောင်နိုင်သူကို လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်တို့ကြားတိုက်ပွဲကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်။
အုန်း.....
တိုက်ခိုက်မှုတစ်ပတ်အတွင်း အလင်းနှစ်ရာထောင်ကျော်ရှည်တဲ့စိတ်ဝိညာဉ်မြစ်က ချက်ချင်းပေါက်ကွဲထွက်သွားတယ်။ စိတ်ဝိညာဉ်မြစ်ထဲရှိသက်ရှိအားလုံး၊ အသုံးအဆောင်ပစ္စည်းအားလုံးက ဗလာနတ္ထိဖြစ်သွားခဲ့တယ်။ ခြေရာလက်ရာတစ်ခုတောင် မကျန်ရစ်ခဲ့ဘူး။
တုန်ခါမှုလှိုင်းက ကြောက်စရာကောင်းပေမယ့် လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်တို့က မလှုပ်ရှားခဲ့ပါဘူး။
"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ငါ မင်းကို ချီးကျူးတယ်။ မင်းက နတ်ဘုရားမျိုးနွယ်ကိုခြိမ်းခြောက်နိုင်တဲ့ပထမဆုံးပုဂ္ဂိုလ်ပဲ။ ဒါပေမယ့် စိတ်မကောင်းစွာနဲ့ ဒီနေ့က မင်းရဲ့အဆုံးသတ်ပဲ" အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့လက်ထဲမှာ အလင်းစက်လုံးတစ်ခုက ထွက်ပေါ်လာတယ်။
လွန်ခဲ့တဲ့နှစ်ရာအနည်းငယ်အတွင်း သူက ခွင်းဝူစကြာဝဠာထဲမှာ အမြဲတမ်းမနေခဲ့ပါဘူး။ အချိန်အများစုမှာ သူက နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားတွေကို အမဲလိုက်နေခဲ့ပြီး သူတို့ရဲ့နတ်ဘုရားအမှတ်တွေကို ဝါးမျိုခဲ့တယ်။
ဒါပေမယ့် နတ်ဘုရားအမှတ်တွေကို ဝါးမျိုရာမှာလဲ အကန့်အသတ်တစ်ခုရှိတယ်။ အကန့်အသတ်ရောက်ရှိတာနဲ့ နတ်ဘုရားအမှတ်ဝါးမျိုခြင်းထိရောက်မှုက အလွန်နိမ့်ကျပေလိမ့်မယ်။ နတ်ဘုရားအမှတ်ဆယ်မှတ်ထဲက ခုနှစ်မှတ်ဒါမှမဟုတ်ရှစ်မှတ်က အလဟဿဖြစ်သွားပေလိမ့်မယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ဖြုန်းတီးဖို့ ဆန္ဒမရှိဘူး၊ ဒါကြောင့် သူက နတ်ဘုရားအမှတ်တွေကို သိုလှောင်ထားပြီး သူတို့ကို အနာဂတ်မှာ တဖြည်းဖြည်းဝါးမျိုရပေလိမ့်မယ်။
လက်ရှိအချိန်မှာ သူ့ရှေ့ကရန်သူအတွက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က နတ်ဘုရားအမှတ်ဖြုန်းတီးမှာကို ဂရုမစိုက်နိုင်တော့ဘူး။
ဖြောက်......
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူ့လက်သီးကို ဆုပ်လိုက်ရာ အလင်းစက်လုံးက အလင်းဖြာထွက်သွားပြီး အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်။ နောက်အခိုက်အတန့်မှာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက တဖြည်းဖြည်းမြင့်တက်လာနေတယ်။ သူက အဆုံးမဲ့စွမ်းအားတွေပေါက်ကွဲထွက်လာတဲ့မီးတောင်တစ်ခုနဲ့ တူတယ်။
"လာစမ်း"
လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ဆွဲကာ ခုတ်ပိုင်းလိုက်တယ်။
"ထွက်သွားစမ်း"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က လက်ဝါးရိုက်ချက်တစ်ခုကို ထုတ်ဖော်လိုက်တယ်။
ဝုန်း......
ကြောက်စရာကောင်းတဲ့တုန်ခါမှုလှိုင်းတစ်ခုက နယ်သာမြစ်ကြယ်ပိုင်နက်တစ်ခုလုံးကို လွှမ်းခြုံသွားတယ်။ နယ်သာမြစ်ကြယ်ပိုင်နက်ကို ဗဟိုထားလျက် ပတ်ဝန်းကျင်ကြယ်ပိုင်နက်တွေကိုပါ ဝါးမျိုသွားခဲ့တယ်။
ဒီတုန်ခါမှုလှိုင်းနဲ့ ရင်ဆိုင်ရတဲ့အခါ အန္တရာယ်နေရာတွေ၊အပျက်အဆီးနယ်မြေတွေက ပျက်စီးသွားပြီး စကြာဝဠာမြို့များစွာက ဖုန်ဖြစ်သွားတယ်။ ဒါက တိုက်ခိုက်မှုရဲ့နောက်ဆက်တွဲအကျိုးဆက်မျှပါပဲ။
လီဖူချန်းက သက်ပြင်းချလိုက်တယ်။ ဒီတိုက်ပွဲက အပြစ်မရှိတဲ့အသက်တွေကို ချနင်းဖို့ ကံကြမ္မာသတ်မှတ်ထားပြီးသားပဲ။ အကြိုနတ်ဘုရားတွေအကြားတိုက်ခိုက်မှုက အရှင်တွေအကြားတိုက်ခိုက်မှုနဲ့ မတူပါဘူး။ ဒါ့ပြင် လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်တို့က သာမန်အကြိုနတ်ဘုရားတွေတောင် မဟုတ်ကြဘူး။ သူတို့က အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေထက် သာလွန်တဲ့အကြိုနတ်ဘုရားတွေ ဖြစ်တယ်။ တကယ်တော့ သူတို့ရဲ့အဆင့်ကို ရောက်မှသာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေလို့ သတ်မှတ်နိုင်တယ်။
ဒါကြောင့် သူတို့က စကြာဝဠာထဲမှာ တိုက်ခိုက်နေသရွေ့ အခြားသူတွေကို မငြိစွန်းစေဖို့က မဖြစ်နိုင်ဘူး။
လီဖူချန်းပြုလုပ်နိုင်တဲ့တစ်ခုတည်းသောအရာက ဒီတိုက်ပွဲကို အနိုင်ရပြီး စကြာဝဠာကို စစ်မှန်တဲ့ငြိမ်ချမ်းမှုရရှိလာစေဖို့ပဲ။
ဝုန်း ဝုန်း ဝုန်း.....
တုန်ခါမှုလှိုင်းက မြစ်ထဲရှိလှိုင်းဂယက်တွေပမာ ပျံ့နှံ့သွားတယ်။ နယ်သာမြစ်ကြယ်ပိုင်နက်တစ်ခုလုံးက ရှေးဦးမူလဖရိုဖရဲအဖြစ် ပြောင်းသွားတယ်။ ဒီရှေးဦးမူလဖရိုဖရဲက အဆက်မပြတ်ကြီးမားလာနေပြီး ကြယ်ပိုင်နက်တွေကြားရှိအမှောင်ဟင်းလင်းပြင်ကတောင် သီးခြားမဖြစ်စေနိုင်ခဲ့ဘူး။ အဆုံးမှာတော့ အမှောင်ဟင်းလင်းပြင်က ရှေးဦးမူလဖရိုဖရဲရဲ့အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့တယ်။
ထိုအခိုက်အတန့်မှာ စကြာဝဠာရဲ့အခြားတစ်ဝက်ရှိသက်ရှိတွေကတောင် သူတို့ရဲ့နှလုံးသားက တုန်လှုပ်နေသလို ခံစားရတယ်။
လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်တို့အကြားတိုက်ပွဲကဖြစ်ပေါ် စေခဲ့တဲ့ဖြစ်စဥ်က ကြီးမားလွန်းတယ်။ ကြီးမားလွန်းတာကြောင့် စကြာဝဠာတစ်ခုလုံးက တုန်ခါနေတယ်။
ဒီတုန်ခါမှုအမျိုးအစားက အမှန်တကယ်တုန်ခါမှုမဟုတ်ဘူး၊ စကြာဝဠာရဲ့ဖရိုဖရဲဥပဒေသတွေကဖြစ်ပေါ်စေခဲ့တဲ့ဖြစ်စဉ်တစ်ခုပါပဲ။ ထိုအခိုက်အတန့်မှာ ကျင့်ကြံခြင်းအဆင့်ပိုမြင့်မားပြီး စကြာဝဠာဥပဒေသတွေအပေါ်နားလည်မှုပိုနက်ရှိုင်းလေလေ၊ နှလုံးသားတုန်လှုပ်မှုက ပိုပြင်းထန်လေပါပဲ။ ဆန့်ကျင်ဘက်အနေနဲ့ သာမန်လူတွေက ဘာတစ်ခုမှ ခံစားရမှာမဟုတ်ဘူး။
"ငါတို့အားလုံးသင်္ဘောပေါ်မှာ ရှိနေတာ ကံကောင်းသွားတယ်"
ရှေးဦးမူလဖရိုဖရဲမှာ လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်အပြင် စစ်သင်္ဘောသုံးစင်းသာ ရှိတယ်။
သင်္ဘောသုံးစင်းက ပွတ်တိုက်နေပြီး အချိန်တိုင်းမှာ တိုက်ခိုက်မှုရာကျော်ထုတ်လွှတ်နေတယ်။ ဒါပေမယ့် တုန်ခါမှုလှိုင်းတွေရဲ့အောက်မှာ သင်္ဘောသုံးစင်းက အဝေးသို့ လျင်မြန်စွာ တွန်းပို့ခံလိုက်ရတယ်။ နယ်သာမြစ်ကြယ်ပိုင်နက်က ထွက်ဖို့ သူတို့အနေနဲ့ အချိန်အကြာကြီးမယူခဲ့ရဘူး။
"ခွဲထွက်စမ်း"
ရန်ချင်းဟူက သင်္ဘောမှ ထွက်လာပြီး ဖျက်ဆီးခြင်းအကကို နတ်ဘုရားမျိုးနွယ်စစ်င်္ဘောဆီ ဝှေ့ယမ်းလိုက်တယ်။
"ငါစမ်းကြည့်မယ်"
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်က နတ်ဘုရားမျိုးနွယ်သင်္ဘောမှ ထွက်လာပြီး ရန်ချင်းဟူနဲ့ တိုက်ခိုက်လိုက်တယ်။
ဒီလူက နတ်ဘုရားမျိုးနွယ်ရဲ့နောက်ထပ်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့မြနတ်ဘုရားအရှင်သခင်ပဲဖြစ်တယ်။
ဒါပေမယ့် မြနတ်ဘုရားအရှင်သခင်က အဆင့်၂ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်သာဖြစ်ပြီး ရန်ချင်းဟူရဲ့ဓားမော့တစ်ချက်ကိုတောင် မတားဆီးနိုင်ခဲ့ဘူး။ သူက သွေးအန်ကာ လွင့်ထွက်သွားတယ်။ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားအများစုက ပျက်ဆီးသွားတယ်။
"မြနတ်ဘုရားအရှင်သခင်၊ ငါတို့ မင်းကို ကူညီဖို့ လာပြီ"
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားသုံးယောက်က နတ်ဘုရားမျိုးနွယ်စစ်သင်္ဘောမှ ထွက်လာတယ်။
ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်ဖို့ဆိုရင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုလိုအပ်တယ်။ ပုံမှန်အားဖြင့် အသန်မာဆုံးအရှင်ကသာ သာမန်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုနဲ့အတူ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တယ်။ အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရှိရင် အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာပါလိမ့်မယ်။
တစ်စုံတစ်ယောက်ရဲ့ကျင့်ကြံခြင်းအဆင့်က အသန်မာဆုံးအရှင်နဲ့ နီးကပ်ရုံမျှပဲဆိုရင် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအတွက် လိုအပ်ချက်က အလွန်မြင့်မားပေလိမ့်မယ်။ အဆင့်၁ဒါမှမဟုတ်သာလွန်အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် လိုအပ်လိမ့်မယ်။
ပျံသန်းလာတဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကြားမှာ အလင်းနတ်ဘုရားအရှင်လဲပါတယ်။
အလင်းနတ်ဘုရားအရှင်က အသန်မာဆုံးအရှင်အဆင့်မှာ မရှိပေမယ့် သေချာပေါက်နီးကပ်တယ်။ အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရပြီးနောက် သူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာခဲ့တယ်။
"မင်းတို့အရေအတွက်လောက်နဲ့. လုံလောက်မယ်ထင်နေတာလား......"
ရန်ချင်းဟူက နှာခေါင်းရှုံ့လိုက်တယ်။
သူမရဲ့ခွန်အားက အဆများစွာတိုးလာတာကို အသာထား၊ လွန်ခဲ့တဲ့ရာစုနှစ်အနည်းကတောင် သူမက ဒီလိုပြိုင်ဘက်ကင်းအကြိုနတ်ဘုရားလေးယောက်ကို အလွယ်တကူအနိုင်ယူနိုင်ပါတယ်။
"အဲဒီလိုလား"
အသားဘောလုံးတစ်လုံးက မြနတ်ဘုရားအရှင်သခင်ရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ အသားဘောလုံးက လေးပိုင်းခွဲသွားပြီး သူတို့လေးယောက်ရဲ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတယ်။
သူတို့လေးယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာ မြင့်တက်လာတယ်။