ဝတ်ရုံဖြူပုဂ္ဂိုလ်
Vol. 77 Ch. 1074
မြနတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက အဆင့်၂ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားမှ အဆင့်၁ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအထိ တိုးလာတယ်။
အလင်းနတ်ဘုရားအရှင်သခင်နဲ့အခြားသူတွေရဲ့အကြိုနတ်ဘုရားစွမ်းအားက သာမန်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မှ အဆင့်၂ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားအထိ တိုးလာတယ်။
ဒါပေမယ့် ဒီလောက်နဲ့ ရန်ချင်းဟူကို ယှဉ်ပြိုင်ဖို့ မလုံလောက်ပါဘူး။
"နတ်ဘုရားသွေးပဲ့တင်ခြင်း......"
အကြိုနတ်ဘုရားစွမ်းအားလေးခုက စတင်ချိတ်ဆက်လာတယ်။ အရိပ်ပမာပုံရိပ်တစ်ခုက သူတို့လေးယောက်ရဲ့အရှေ့မှာ ထွက်ပေါ်လာတယ်။
ပုံရိပ်ယောင်က ပိုပိုပြီးထင်ရှားလာတယ်။ အသွင်အပြင်အရဖြစ်စေဒါမှမဟုတ်အကြိုနတ်ဘုရားစွမ်းအားအရဖြစ်စေ ၎င်းက ထိုလေးယောက်နဲ့ အတော်လေးတူတယ်။
"ဒါ နတ်ဘုရားမျိုးနွယ်ရဲ့ဝှက်ဖဲလား"
လီဖူချန်းက မျက်မှောင်ကြုတ်ကာ အကောင်အထည်ဖြစ်လာတဲ့ပုံရိပ်ကို ခုတ်ပိုင်းလိုက်တယ်။
ပုံရိပ်က မျက်လုံးကို ဖွင့်ကာ ကြောက်စရာကောင်းတဲ့စွမ်းပကားကို ပေါ်ထွက်စေလိုက်တယ်။
ဒီစွမ်းပကားနဲ့ရင်ဆိုင်ရတဲ့အခါ သူမရဲ့နှလုံးသားကတောင် တုန်လှုပ်နေသလို ရန်ချင်းဟူက ခံစားရတယ်။
ဒီခံစားချက်က တဒင်္ဂဖြစ်တာ ကံကောင်းသွားတယ်။
အုန်း......
ပုံရိပ်က ဓားမော့အလင်းထံ လက်သီးတစ်လုံးပစ်ထိုးလိုက်တယ်။
နောက်အခိုက်အတန့်မှာ တုန်ခါမှုလှိုင်းတစ်ခုက ပျံ့နှံ့သွားတယ်။ ဒီတုန်ခါမှုလှိုင်းက လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်တို့ကြားတိုက်ခိုက်မှုလောက် အားမကောင်းပေမယ့် အလွန်ကြောက်စရာကောင်းနေပါသေးတယ်။ ပတ်ဝန်းကျင်ရှိအရာအားလုံးက ရှေးဦးမူလဖရိုဖရဲအခြေအနေသို့ ထာဝရပြောင်းလဲသွားတယ်။
"ငါ နတ်ဘုရားမျိုးနွယ်ကို လျော့တွက်မိခဲ့တာပဲ"
လီဖူချန်းက တစ်ချက်ကြည့်ကာ သူ့နှလုံးသားထဲ၌ သက်ပြင်းချလိုက်တယ်။
ရန်ချင်းဟူရဲ့ခွန်အားနဲ့ဆိုရင် တစ်ယောက်မှ သူမအတွက် ပြိုင်ဘက်မဖြစ်နိုင်လောက်ဘူးလို့ သူက အစက တွေးထားခဲ့တာ။ နတ်ဘုရားမျိုးနွယ်ရဲ့ဝှက်ဖဲက သူတွေးထင်ထားတာထက် ပိုသန်မာမယ်လို့ သူ မမျှော်လင့်ထားခဲ့ဘူး။
သူ အရင်က ယုံကြည်ချက်လွန်ကဲခဲ့မိမှန်း သူ သိလာတယ်။ ယုံကြည်ချက်လွန်ကဲခြင်းက အချိန်တိုင်းမှာ ကောင်းတဲ့အရာတစ်ခုမဟုတ်ပါဘူးလေ။
တကယ်တော့ နတ်ဘုရားမျိုးနွယ်က နတ်ဘုရားတစ်ယောက်ချန်ရစ်ထားခဲ့တဲ့မျိုးနွယ်တစ်ခုပဲလေ။ ဒိနတ်ဘုရားက ဘယ်လိုဝှက်ဖဲတွေ ချန်ထားခဲ့သလဲ မသိနိုင်ဘူးလေ။
ဝုန်း ဝုန်း ဝုန်း ဝုန်း.......
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ကြီးမားတဲ့နတ်ဘုရားအမှတ်ပမာဏတစ်ခုကို ဝါးမျိုခဲ့ပြီး သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက ထပ်မံတိုးတက်လာပေမယ့် လီဖူချန်းရဲ့ဓားတာအိုကျွမ်းကျင်မှုကလဲ သိသိသာသာတိုးတက်လာခဲ့တာပဲ။
တိုက်ပွဲအချိန်တစ်ခုကြာလာပြီးနောက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အသာစီးမရလာတော့ဘဲ လီဖူချန်းက တဖြည်းဖြည်း ဖိနှိပ်နိုင်လာတယ်။
ဝှစ်......
ဓားချီမြားတစ်ခုက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာပြီး သူ့အကြိုနတ်ဘုရားစွမ်းအားရဲ့သေးငယ်တဲ့ပမာဏတစ်ခုကို ဖျက်ဆီးလိုက်တယ်။
"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ငါ့နတ်ဘုရားမျိုးနွယ်ရဲ့ဝှက်ဖဲက ဘာလဲဆိုတာ မင်းကို ပြမယ်" အသားဘောလုံးတစ်ခုက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့လက်ထဲမှာ ထွက်ပေါ်လာတယ်။ ဘောလုံးက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာပြန်တယ်။ ဒီတစ်ခါမှာတော့နှစ်ဆသုံးဆမကဘူး၊ ဆယ်ဆအထိ ရှိလာတယ်။
မူလက သူ့ခွန်အားက လီဖူချန်းနဲ့တူညီတဲ့အဆင့်ပတ်လည်မှာ ရှိတယ်။ အခု သူ့အကြိုနတ်ဘုရားစွမ်းအားက ရုတ်တရက် ဆယ်ဆတိုးလာတယကြောင့် ချီတည်ရှိမှုတစ်ခုတည်းကတင် ပတ်ဝန်းကျင်ကြယ်ပိုင်နက်တွေမှာ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်စေဖို့ လုံလောက်တယ်။ ကမ္ဘာရဲ့အဆုံးသတ်က ဒီနေရာမှာ ရှိသလို ခံစားရစေတယ်။
"ဒီအသားဘောလုံးက......."
လီဖူချန်းက မျက်မှောင်ကြုတ်လိုက်တယ်။ ။အသားဘောလုံးကထုတ်လွှတ်တဲ့ချီတည်ရှိမှုက သာလွန်မြင့်အားပြီး ဒီစကြာဝဠာကို ကျော်လွန်နေတယ်။ အဲဒါက လီဖူချန်းရဲ့ဓားတာအိုဥပဒေသထက်တောင် ပိုသန်မာတယ်။
အုန်း......
နတ်ဘုရားတစ်ယောက်အလား အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ချဉ်းကပ်လာပြီး လီဖူချန်းထံ သူ့ရဲ့လက်ဝါးနဲ့ ရိုက်ချလိုက်တယ်။
ဝုန်း......
အလင်းအမှောင်လက်ဝါးအမှတ်အသားက လီဖူချန်းခန္ဓာကိုယ်ရဲ့ညာဘက်ပိုင်းအပေါ် ကျရောက်လာတယ်။
လီဖူချန်းက လွင့်ထွက်သွားတယ်။
ဝုန်း ဝုန်း ဝုန်း......
နောက်ပိုင်းမှာ အဆုံးမဲ့အလင်းလက်ဝါးအမှတ်အသားတွေက လီဖူချန်းရဲ့ခန္ဓာကိုယ်အပေါ် ကျရောက်လာတယ်။
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အမြင်အရ ဒီတိုက်ခိုက်မှုတွေက လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ဝက်ကို အနည်းဆုံးကုန်ဆုံးစေလောက်မယ်။ လီဖူချန်းမှာ အကြိုနတ်ဘုရားစွမ်းအားတွေပိုရှိရင်တောင် အကြာကြီးတောင့်ခံနိုင်တော့မှာမဟုတ်ဘူး။
ဒါပေမယ့် သူ တိုက်ခိုက်မှုကို ရပ်တန့်လိုက်တဲ့အခါ လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားက လုံးဝမလျော့ကျသွားပုံမရတာကို သိလိုက်ရတယ်။
"မဖြစ်နိုင်ဘူးပဲ"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက ကျုံ့သွားတယ်။
"ဒါက ကယ်ဘေးမသေမျိုးခန္ဓာကိုယ်ရဲ့အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ဆိုတာ အံ့ဩစရာမရှိဘူးပဲ"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့တိုက်ခိုက်မှုတွေက လီဖူချန်းကို ယားယံစေရုံပါပဲ။ သူတို့က သူ့အတွက် ခြိမ်းခြောက်မှုတစ်ခုတောင် မဖြစ်စေနိုင်ပါဘူး။
"နောက်ထပ်"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အသက်ကို နက်ရှိုင်းစွာ တစ်ချက်ရှုလိုက်ပြီး သူ့ရဲ့သတ်ဖြတ်ကွက်ဖြစ်တဲ့အလင်းအမှောင်အသူတရချောက်နက်ကို အသက်သွင်းလိုက်တယ်။
အချိန်အတော်ကြာပြီးနောက် လီဖူချန်းက အလင်းအမှောင်အသူတရာချောက်နက်မှ ပြေးထွက်လာခဲ့တယ်။ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက မလျော့ကျသေးပေမယ့် သူ့ရဲ့ဓားပညာကို ထုတ်ဖော်လိုက်တဲ့အချိန်မှာ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားအချို့ကို အသုံးပြုခဲ့ရတယ်။
"မင်းရဲ့နတ်ဘုရားလက်က အလုံးစုံတတ်သိနားလည်ခြင်းအဆင့်မှာ ရှိနေတာလား"
ရုတ်တရက် အလင်းအမှောင်နတ်ဘုရားအရှင်က တစ်ခုခုကို တွေးမိသွားပြီး သူ့ရဲ့အမူအရာက မည်းမှောင်သွားတယ်။
အတိတ်မှာ ထာတရနတ်ဘုရားက ထာဝရလက်ကို အလုံးစုံတတ်သိနားလည်ခြင်းအဆင့်အထိ ကျင့်ကြံခဲ့တယ်။ မှင်တက်စရာခံစစ်နဲ့အတူ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကတောင် ဘာမှမတတ်နိုင်ခဲ့ဘူး။
လီဖူချန်းမှာ မှင်တက်စရာဓားတာအိုပါရမီရှိရုံတင်မက သူက အခြားကဏ္ဍတွေမှာ မနိမ့်ကျဘူးလို့ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က မထင်ထားခဲ့ပါဘူး။
ပေါကြွယ်ဝတဲ့အကြိုနတ်ဘုရားစွမ်းအားနဲ့အတူ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အံကြိတ်ကာ ဆက်လက်တိုက်ခိုက်လိုက်တယ်။ ဒီလိုခံစစ်တစ်ခုကို ထိန်းသိမ်းထားဖို့ လီဖူချန်းက စွမ်းအင်တစ်ခုမှ မသုံးစွဲရဘူးလို့တော့ သူ မယုံကြည်ပါဘူး။
ဒီတိုက်ပွဲက တစ်ပတ်အထိ ကြာခဲ့ပြီး ပိုပိုပြီးပြင်းထန်လာနေလျက်ရှိတယ်။
သက်ရောက်ခံရတဲ့ကြယ်ပိုင်နက်တွေက ရာအထိ တိုးလာတယ်။
စစ်မြေပြင်ရဲ့ဗဟိုချက်မှာရှိတဲ့ကြယ်ပိုင်နက်တွေက ရှေးဦးမူလဖရိုဖရဲဖြစ်သွားခဲ့တာ ကြာပါပြီ။ အရာအားလုံးက မတည်ရှိတော့ဘူး၊ စကြာဝဠာဥပဒေသကလဲ မတည်ရှိတော့ဘူး။
ဒီတိုက်ပွဲက ခွင်းဝူစကြာဝဠာရဲ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံးတိုက်ပွဲဆိုတာ ပြောနိုင်တယ်။
တိုက်ပွဲနဲ့ပတ်သက်ပြီးဂရုမစိုက်တဲ့ကောင်းကင်ဘုံအရှင်များစွာက စတင်ထိတ်လန့်လာတယ်။ တိုက်ပွဲက ဆက်သွားနေရင် စကြာဝဠာတစ်ခုလုံးက ဖျက်ဆီးခံရလိမ့်မယ်လို့ သူတို့က သံသယရှိတယ်။ ရှေ့တန်းမှသတင်းအရ ကြယ်ပိုင်နက်ဒါဇင်ကျော်က နေ့တိုင်းနေ့တိုင်း ဖျက်ဆီးခံနေရတယ်။ အဆုံးမဲ့သက်ရှိတွေက ပြာအဖြစ် ပြောင်းသွားကြတယ်။ ကောင်းကင်ဘုံအရှင်တွေကတောင် မလွတ်မြောက်နိုင်ခဲ့ဘူး။
"ဒါ ကြောက်စရာကောင်းလွန်းတယ်။ သူတို့က အကြိုနတ်ဘုရားတွေဆိုတာ ဟုတ်ရဲ့လား"
စစ်မြေပြင်နဲ့ချိတ်ဆက်ထားတဲ့ပိုင်နက်နယ်မြေတစ်ခုမှာ ကောင်းကင်ဘုံအရှင်များစွာက စုဝေးနေကြတယ်။
သူတို့က အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားကို လုံးဝမသိနားမလည်တာတော့ မဟုတ်ပါဘူး။ ဒါကို မှတ်တမ်းအချို့မှာ မှတ်တမ်းတင်ထားတယ်၊ အချို့က အကြိုနတ်ဘုရားတစ်ယောက်တိုက်ပွဲကိုတောင် ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့တယ်။
သူတို့ရဲ့အမြင်အရ အကြိုနတ်ဘုရားတစ်ယောက်က စကြာဝဠာမြို့တစ်မြို့ကို အများဆုံးဖျက်ဆီးနိုင်ရုံပဲပေါ့။ ကြယ်ပိုင်နက်တစ်ခုလုံးကို ဖျက်ဆီးဖို့အတွက်ကတော့ ဒါက မယုံကြည်နိုင်စရာပါပဲ။ သမိုင်းမှာ အထွတ်အထိပ်အကြိုနတ်ဘုရားတွေကသာ ဒီလိုအရာတစ်ခုမျိုးကို ပြုလုပ်နိုင်ခဲ့တာ။ ဒါပေမယ့် အခုလို ကြယ်ပိုင်နက်ရာကျော်ကို ဖျက်ဆီးတာကတော့ မကြားဖူးမမြင်ဖူးပါဘူး။
"ဒီတိုက်ပွဲကို ဦးဆောင်နေတဲ့သူတွေက နတ်ဘုရားမျိုးနွယ်ရဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ဓားသမားအစည်းအရုံးရဲ့မူလအဆုံးစွန်းဓားနတ်ဘုရားတွေလို့ ငါ ကြားခဲ့တယ်"
"မူလအဆုံးစွန်းဓားနတ်ဘုရားလား"
"အဲဒါ မူလအဆုံးစွန်းအရှင်ပဲလေ"
"ဒီမူလအဆုံးစွန်းဓားနတ်ဘုရားက တကယ်ကို ဒဏ္ဍာရီတစ်ယောက်ပဲ။ ဒီလိုအချိန်တိုအတွင်းမှာ သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့တိုက်ခိုက်နိုင်တဲ့အထိ ကြီးထွားလာခဲ့တာပဲ"
မူလအဆုံးစွန်းအရှင်ပဲဖြစ်ဖြစ်ဒါမှမဟုတ်မူလအဆုံးစွန်းဓားနတ်ဘုရားပဲဖြစ်ဖြစ်၊ သူတို့နဲ့မရင်းနှီးတဲ့လူအချို့ အမြဲတမ်းရှိမှာပဲလေ။ မေးမြန်းပြီးနောက် မရင်းနှီးတဲ့သူတွေကတောင် ကြက်သေသေသွားရတယ်။ ဒီကမ္ဘာမှာ ဒီလိုပါရမီရှင်တစ်ယောက် ရှိသေးတာလား။ စကြာဝဠာကလေးကတောင် မယှဉ်နိုင်ဘူးပဲ။
ဝီဝီဝီ......
ကြယ်ကောင်းကင်က အနည်းငယ်တုန်ခါသွားတယ်။ တုန်ခါမှုက အလွန်အားနည်းပြီး သာမန်ကောင်းကင်ဘုံအရှင်တွေက အဲဒါကို အာရုံမခံနိုင်ခဲ့ပါဘူး။ အရှင်တွေကသာ အဲဒါကို အလွယ်တကူအာရုံခံနိုင်တယ်။
"မကောင်းတော့ဘူး။ တုန်ခါမှုက ဒီအထိ ရောက်လာပြိ။ မြန်မြန်ထွက်သွားကြတော့။ ငါတို့နောက်ကျသွားရင် လွတ်မြောက်နိုင်တော့မှာမဟုတ်ဘူး"
အရှင်တွေမှာ ကန့်သတ်ထားတဲ့ခရီးသွားခြင်းအရှိန်ရှိတယ်။ သူတို့ရှိနေတဲ့ကြယ်ပိုင်နက်မဖျက်ဆီးခံရခင် သူတို့က အချိန်တစ်လကျော်လိုအပ်တယ်။ ဒါပေမယ့် ဒီလိုအချိန်တိုအတွင်းမှာ သူတို့က အဝေးကြီးကို ထွက်ပြေးနိုင်မှာမဟုတ်ဘူး။
တစ်ခဏအတွင်း အရှင်တွေက စတင်ပြောင်းရွှေ့ခဲ့ကြတယ်။ အချိန်ကုန်သက်သာစေဖို့အတွက် သူတို့နဲ့အနီးကပ်ဆုံးလူတွေကိုသာ သူတို့က ခေါ်ဆောင်သွားခဲ့တယ်။
"ဒီလိုဖြစ်လို့မရဘူး"
ကြယ်ပိုင်နက်ရာကျော်ဖျက်ဆီးခဲ့ရတာကို လီဖူချန်းက သည်းမခံနိုင်တော့ပါဘူး။
ကြယ်ပိုင်နက်တစ်ရာအတွင်းရှိ သက်ရှိတွေ ဘယ်လောက်တောင် ပျောက်ကွယ်သွားသလဲကို ဘယ်သူက သိနိုင်မှာလဲ။
လီဖူချန်းက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ ဒီအတိုင်းပဲ ဆက်ပြီး အချိန်မဖြုန်းချင်တော့ဘူး။
"ငါ့ရဲ့ဓားတာအိုကို ချိုးဖြတ်ရမယ်"
လွန်ခဲ့တဲ့ရာစုနှစ်အနည်းငယ်အတွင်း လီဖူချန်းရဲ့ဓားတာအိုက အနည်းငယ်တိုးတက်လာခဲ့ပေမယ့် သူပိုတိုးတက်လာလေလေ၊ ပိုနှေးကွေးလာလေလေပဲ။ သူက တစ်ဆို့မှုတစ်ခုဖြစ်နေတာ သိသာတယ်။
တစ်ဆို့မှုကို ချိုးဖြတ်နိုင်တာနဲ့ သူ့ရဲ့ဓားတာအိုခွန်အားက နောက်တစ်ဆင့်သို့ ရောက်သွားမှာက သူက ကြိုတင်သိတယ်။ ပြီးရင်တော့ သူက နတ်ဘုရားအဆင့်ကို မရောက်ရင်တောင် ဝေးတော့မှာမဟုတ်ဘူး။
အချိန်ကုန်ဆုံးလာတာနဲ့အမျှ လီဖူချန်းရဲ့ဓားပညာက ပိုသန်မာလာတာကို အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အာရုံခံနိုင်ခဲ့တယ်။
"ပိုသန်မာလာတာလား"
တစ်ခုခုမှားနေသလားလို့ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ခံစားမိတယ်။
လီဖူချန်းရဲ့ဓားတာအိုက နတ်ဘုရားအဆင့်မှာ ရှိနေပြီးသား။ ဒီအတိုင်းဆက်တိုးတက်သွားရင် နတ်ဘုရားအဆင့်ကို ရောက်ရှိသွားမှာ မဟုတ်လား။
ဒါ့ပြင် တစ်ဖက်လူရဲ့ဓားပညာက နတ်ဘုရားအဆင့်ကို ရောက်ရှိသွားရင် သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို တစ်ချက်တည်းတဲ့ သေချာပေါက်ဖျက်ဆီးနိုင်ပါလိမ့်မယ်။ နတ်ဘုရားတစ်ယောက်ရဲ့ခွန်အားကို ပေါ့သေးသေးလုပ်လို့မရဘူး။
"အောင်မြင်မလားဒါမှမဟုတ်ကျဆုံးမလားက ဒီအပေါ်မှာပဲ မူတည်တယ်"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အံကြိတ်ကာ နောက်ထပ်အသားဘောလုံးနှစ်လုံးရို ထုတ်လိုက်တယ်။
ဒီအသားဘောလုံးနှစ်လုံးက နတ်ဘုရားမျိုးနွယ်ရဲ့နောက်ဆုံးလက်ကျန်ပါပဲ။ ဒါတွေအကုန်သုံးပြီးသွားရင်တော့ ဘာတစ်ခုမှ မကျန်ရှိတော့ဘူး။
အသားဘောလုံးနှစ်လုံးက သူ့ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သွားတာကြောင့် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက ကြယ်တစ်လုံးပမာ ပေါက်ကွဲထွက်လာပြီး အရူးအမူးမြင့်တက်လာတော့တယ်။
"ဒီအသားဘောလုံးက နတ်ဘုရားတစ်ယောက်ရဲ့သွေးသားများလား"
အတွေးတစ်ခုက လီဖူချန်းရဲ့စိတ်ထဲမှာ ထင်ဟပ်သွားတယ်။
"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ငါ့နတ်ဘုရားမျိုးနွယ်က စကြာဝဠာရဲ့အထွတ်အထိပ်မှာ ရပ်တည်နေတာ နှစ်ပေါင်းမရေမတွက်များစွာရှိပြီ။ ငါတို့ရဲ့အခြေခံအုတ်မြစ်က မင်းစိတ်ကူးယဉ်နိုင်တဲ့အရာမဟုတ်ဘူး။ သေဖို့ပြင်ထားပေတော့" အဆုံးမဲ့အလင်းအမှောင်တုန်ခါမှုလှိုင်းတစ်ခုက လီဖူချန်းကို တိုက်ခိုက်လာတယ်။
"အားကောင်းလွန်းတယ်"
လီဖူချန်းက ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ကိုင်ဆွဲကာ တုန်ခါမှုလှိုင်းကို ခုခံလိုက်တယ်။
ဝှစ် ဝှစ် ဝှစ် ဝှစ် .......
အကြွင်းမဲ့စွမ်းအားနဲ့ရင်ဆိုင်ရတဲ့အခါ လီဖူချန်းရဲ့ဓားပညာက ဘယ်လောက်ပဲဆန်းကြယ်ဆန်းကြယ် အသုံးမဝင်တော့ဘူး။ တုန်ခါမှုလှိုင်းက ဓားပညာကို ဟာကွက်ဖြစ်စေခဲ့ပြီး လီဖူချန်းထံ ထိုးနှက်လာတယ်။
၉၉.၉ရာခိုင်နှုန်း၊ ၉၉.၈ရာခိုင်နှုန်း၊ ၉၉.၇ရာခိုင်နှုန်း......
လွန်ခဲ့တဲ့အပတ်က အများကြီးအသုံးမပြုခဲ့ရတဲ့အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက ယခု လျင်မြန်စွာ လျော့ကျလာခဲ့တယ်။ ဒီအရှိန်နဲ့ဆိုရင် အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက ရက်အနည်းငယ်အတွင်း ကုန်ဆုံးသွားလိမ့်မယ်။ ပြန်ဖြည့်တင်းခြင်းအရှိန်က လိုက်မီနိုင်မှာမဟုတ်ဘူး။
"ဖိအားမရှိရင် လှုံ့ဆော်မှုဆိုတာ ရှိလာမှာမဟုတ်ဘူး"
လီဖူချန်းကို တုန်ခါမှုလှိုင်းကို ခုခံနေရင်း ဓားပညာကို ကောက်ချက်ချဖို့ အကောင်းဆုံးအားထုတ်နေတယ်။
၉၈ရာခိုင်နှုန်း။
၈၇ရာခိုင်နှုန်း။
၉၀ရာခိုင်နှုန်း။
၈၀ရာခိုင်နှုန်း။
"အနေအထားက ဘယ်လိုဆက်ဖြစ်နေမလဲ"
လီဖူချန်းနဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်အကြားတိုက်ပွဲက ကြီးမားတဲ့ဖြစ်ရပ်တစ်ခုကို ဖြစ်ပျက်စေခဲ့တယ်။ ရန်ချင်းဟူနဲ့အခြားသူတွေက ကြယ်ပိုင်နက်ဒါဇင်ကျော်အထိ နောက်ဆုတ်သွားခဲ့ရတယ်။ ဒိလိုဆိုပေမယ့် သူတို့က ပြင်းထန်တဲ့ဖိအားတစ်ခုကို ခံစားနေရပါသေးတယ်။
ထိုနေရာရှိအနေအထားကို မြင်နိုင်ဖို့က မဖြစ်နိုင်ဘူး၊ ရန်ချင်းဟူကတောင် မလုပ်နိုင်ဘူး။
ထိုနေရာက တားမြစ်ဇုန်တစ်ခုအဖြစ် ပြောင်းသွားတယ်။ ဝင်ရောက်ခဲ့တဲ့ဘယ်လိုသက်ရှိမဆို ပျောက်ကွယ်သွားရပေလိမ့်မယ်။
"စိတ်ဝင်စားစရာပဲ။ ငါ့ရဲ့ခွင်းဝူစကြာဝဠာက ဒီလိုလူတစ်ယောက်ကို ထုတ်လုပ်နိုင်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး"
ဖရိုဖရဲဖဲမှာ ပုံရိပ်နှစ်ခုက ထွက်ပေါ်လာတယ်။
ပုံရိပ်ထဲကတစ်ယောက်က နွားခေါင်းမျက်နှာဖုံးတပ်ထားတဲ့လူတစ်ယောက်ဖြစ်တယ်။ လီဖူချန်းက ကောင်းကင်ဘုံအရှင်တောင် မဖြစ်ခင်တုန်းက နွားခေါင်းမျက်နှာဖုံးတပ်လူ(ချုံနျိုကို ပြောတာပါ)က လီဖူချန်းကို နေရာလပ်လက်စွပ်တစ်ကွင်းပေးခဲ့တယ်။ နွားခေါင်းမျက်နှာဖုံးတပ်လူရဲ့ဘေးနားမှာ အဖြူရောင်ဝတ်ရုံအကြီးအကဲတစ်ယောက်ရှိတယ်။