ချိုးဖြတ်ခြင်း
Vol. 77 Ch. 1075
၇၀ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း၊ ငါးဆယ်ရာခိုင်နှုန်း၊ လေးဆယ်ရာခိုင်နှုန်း.......
သုံးရက်ကြာပြီးနောက် လီဖူချန်းရဲ့အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက သုံးဆယ်ရာခိုင်နှုန်းအောက်သာ ကျန်တော့တယ်။ အခြားတစ်ဖက်မှာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက ကုန်ဆုံးဖို့ ခဲယဉ်းနေတယ်။
"နည်းနည်းလိုသေးတယ်"
သူက အတားအဆီးတစ်ခုကို ထိတွေ့မိတယ်လို့ လီဖူချန်းက ခံစားမိတယ်။ ဒီအတားအဆီးက ခွင်းဝူစကြာဝဠာတစ်ခုလုံးကို ဟန့်တားထားတယ်။
"ပြီးပြည့်စုံတဲ့နတ်ဘုရားနယ်ပယ်ဥပဒေသတစ်ခုကို ထိတွေ့ဖို့က မလွယ်ဘူး။ ငါ့တုန်းက နှစ်တစ်ဘီလီယံကျော် အချိန်ယူခဲ့ရတယ်"
ဝတ်ရုံဖြူလူကြီးက တစ်ခုခုကို သတိပြုမိသွားပြီး ပြုံးလိုက်တယ်။
"နတ်ဘုရားနယ်ပယ်ဥပဒေသလား"
နွားခေါင်းမျက်နှာဖုံးတပ်လူက သိချင်စိတ်ဖြစ်သွားတယ်။
ဝတ်ရုံဖြူအကြီးအကဲက ရှင်းပြလိုက်တယ်"နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ဆိုရင် အဆင့်ပိုမြင့်မားတဲ့ဥပဒေသတွေနဲ့ ထိတွေ့ရမယ်။ အကြိုနတ်ဘုရားနယ်မြေနဲ့နတ်ဘုရားစစ်မြေပြင်မှာ မင်းက အဆင့်ပိုမြင့်မားတဲ့ဥပဒေသတွေနဲ့ ထိတွေ့နိုင်ရုံမျှဆိုပေမယ့် ထိုနေရာရဲ့ဥပဒေသတွေက အစစအနနဖြစ်ပြီးမပြည့်စုံဘူး။ အစမှာတော့ မင်းကို ကူညီမှုအချို့ပြုနိုင်ပေမယ့် နောက်ပိုင်းမှာ အကူအညီအများကြီးပေးတော့မှာမဟုတ်ဘူး။ စကြာဝဠာထဲမှာ မင်းက အဆင့်မြင့်ဥပဒေသတွေနဲ့ မထိတွေ့နိုင်ပေမယ့် ချွင်းချက်ဆိုတာ အမြဲတမ်းရှိတယ်။ အက်ကြောင်းမရှိတဲ့စကြာဝဠာဆိုတာ မရှိဘူး။ မင်း စကြာဝဠာရဲ့အက်ကြောင်းနောက်ကို လိုက်နေသရွေ့ စကြာဝဠာရဲ့အပြင်ဘက်ကမ္ဘာနဲ့ ထိတွေ့နိုင်မယ်။ မင်း ထိုကမ္ဘာကို နတ်ဘုရားနယ်ပယ်လို့ ခေါ်နိုင်တယ်"
"နတ်ဘုရားနယ်ပယ်ဆိုတာ တကယ်ရှိတာလား" နွားခေါင်းမျက်နှာဖုံးဝတ်အကြီးအကဲက ပြောလိုက်တယ်။
ဝတ်ရုံဖြုလူကြီးက ခေါင်းညိတ်လိုက်တယ်"နတ်ဘုရားနယ်ပယ်ဆိုတာ တကယ်ရှိတယ်၊ ငါ အဲဒါကို ခံစားနိုင်တယ်"
"ဆရာ၊ မင်း နတ်ဘုရားနယ်ပယ်ဥပဒေသနဲ့ ထိတွေ့ပြီးမှတော့ ဘာလို့ နတ်ဘုရားတစ်ယောက် မဖြစ်လာနိုင်တာလဲ" နွားခေါင်းမျက်နှာဖုံးဝတ်လူက မေးလိုက်တယ်။
ဝတ်ရုံဖြူလူကြီးက သက်ပြင်းချလိုက်တယ်" အဓိကအကြောင်းရင်းကတော့ မြင့်တက်ခြင်းစင်မြင့်က အလုပ်မလုပ်တော့လို့ပဲ။ မြင့်တက်ခြင်းစင်မြင့်ရဲ့အကူအညီမရှိရင် နတ်ဘုရားနယ်ပယ်ဥပဒေသရဲ့အသိအမှတ်ပြုမှုကို လက်ခံဖို့က မဖြစ်နိုင်ဘူး"
"နှစ်ပေါင်းမရေမတွက်များစွာကြာတောင် တစ်ယောက်မှ နတ်ဘုရား မဖြစ်လာတာ အံ့ဩစရာမရှိဘူးပဲ။ ဒါက အနဂတ်မှာ တစ်ယောက်မှ နတ်ဘုရားတစ်ယောက်မဖြစ်လာတော့ဘူးလို့ ဆိုလိုတာလား"
"မြင့်တက်ခြင်းစင်မြင့်က စကြာဝဠာနဲ့နတ်ဘုရားနယ်ပယ်ကြားချိတ်ဆက်မှုပဲ။ မူလမြင့်တက်ခြင်းစင်မြင့်က အလုပ်မလုပ်တော့ တစ်ယောက်မှ နတ်ဘုရားတစ်ယောက်မဖြစ်လာဘူးပေါ့။ ဒါပေမယ့် နည်းလမ်းမရှိတာတော့ မဟုတ်ဘူး။ မင်း နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်အနက်ပိုင်းကို ဝင်ရောက်နိုင်ရင် မင်း နတ်ဘုရားနယ်ပယ်ကို ဝင်နိုင်လောက်တယ်"
"ဆရာ၊ နတ်ဘုရားစစ်မြေပြင်က ဘာဖြစ်ခဲ့တာလဲ။ နတ်ဘုရားအလောင်းတွေ၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ဘယ်လိုလုပ်ရှိနေရတာလဲ" နွားဦးခေါင်းမျက်နှာဖုံးဝတ်လူက မေးလိုက်တယ်။
ဝတ်ရုံဖြူလူက တစ်ခဏ တွေးပြီးနောက် ပြောလိုက်တယ်"တကယ်တော့ နတ်ဘုရားစစ်မြေပြင်က နတ်ဘုရားနယ်ပယ်ရဲ့အစိတ်အပိုင်းတစ်ခုလို့ ငါ သံသယရှိတယ်။ ကြောက်စရာကောင်းတဲ့နတ်ဘုရားစစ်ပွဲတစ်ခုက နတ်ဘုရားနယ်ပယ်ကို ဆုတ်ဖြဲခဲ့ပြီး နတ်ဘုရားနယ်ပယ်ရဲ့အစိတ်အပိုင်းတစ်ခုက ဒီနေရာကို ကျလာပြီး နတ်ဘုရားစစ်မြေပြင်ဖြစ်လာတယ်။ နတ်ဘုရားနယ်ပယ်ကလွဲပြီး ဘယ်နေရာကများ ဒီလောက်များတဲ့နတ်ဘုရားအလောင်းတွေ၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ ရှိနိုင်မှာလဲ"
"နတ်ဘုရားစစ်မြေပြင်က နတ်ဘုရားနယ်ပယ်ရဲ့အစိတ်အပိုင်းတစ်ခုပဲ၊ ဒါကြောင့် အဲဒါက နတ်ဘုရားနယ်ပယ်နဲ့ လျှို့ဝှက်ချိတ်ဆက်မှုတစ်ခု ရှိရမယ်" နွားခေါင်းမျက်နှာဖုံးတပ်လူကြီးရဲ့မျက်လုံးတွေက တောက်ပသွားတယ်။
ဝတ်ရုံဖြူဝတ်လူက ခေါင်းညိတ်လိုက်တယ်"ကံမကောင်းစွာနဲ့ နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်ကို ရောက်ဖို့ ခက်ခဲလွန်းတယ်။ ထိုနေရာရှိအကြိုနတ်ဘုရားသားရဲတွေက အရမ်းကြောက်စရာကောင်းတယ်။ ငါတောင် သူတို့ထဲကအချို့ကို မရင်ဆိုင်နိုင်ဘူး"
နှစ်ပေါင်းများစွာရှင်သန်ပြီးနောက် သူ့ရဲ့အတွေးမှာ နတ်ဘုရားနယ်ပယ်ကို သွားဖို့သာ ရှိတော့တယ်။
နှစ်ဆယ်ရာခိုင်နှုန်း၊ ဆယ်ရာခိုင်နှုန်း......
နောက်ဆုံးမှာ လီဖူချန်းရဲ့အကြိုနတ်ဘုရားကပ်ဘေးစွမ်းအားက ကုန်ဆုံးသွားတယ်။ သူ့ရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက ကုန်ဆုံးလုနီးပါးဖြစ်ပြီး အနေအထားက အလွန်အမင်းအန္တရာယ်များနေတော့တယ်။
"မင်းမကြာခင် သေရတော့မှာပါ"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက အေးစက်နေတယ်။
"ဆရာ ငါတို့ သူ့ကို မကယ်ဘူးလား"
နွားခေါင်းမျက်နှာဖုံးတပ်လူက ဝတ်ရုံဖြူလူကြီးကို လှည့်ကြည့်လိုက်တယ်။
ဝတ်ရုံဖြူလူကြီးက ပြောလိုက်တယ်"သူက မချိုးဖြတ်နိုင်ရင် သူ့ကို ကယ်လို့ ဘာအသုံးဝင်မှာလဲ"
မကြာမီမှာပဲ လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက ကုန်ဆုံးသွားတယ်။ သူ့ခန္ဓာကိုယ်က အဆင့်မြင့်စကြာဝဠာရတနာတွေထက် ပိုမာကျောတာ ကံကောင်းသွားတယ်။ ဒါ့ပြင် သူ့ခန္ဓာကိုယ်ထဲရှိအသက်သစ်ပင်က အလယ်ဆင့်မှအဆင့်မြင့်စကြာဝဠာရတနာအဖြစ် အဆင့်တက်သွားခဲ့ပြီး သူ့ကို အဆုံးမဲ့အသက်စွမ်းအားတွေ ထောက်ပံပေးနေခဲ့တာပဲ။
ဒါပေမယ့် အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ကြောက်စရာကောင်းတဲ့တိုက်ခိုက်မှုအောက်မှာ လီဖူချန်းက အများဆုံးတစ်ခဏပဲ တောင့်ခံနိုင်မှာပါ။
ဒါပေမယ့် 'ဆိုးဝါတဲ့အခြေအနေ'အောက်မှာ လီဖူချန်းရဲ့မျက်လုံးတွေက ပိုပိုတောက်ပလာတယ်။
သူက အဆုံးမဲ့ကြီးမားလာနေတဲ့ဓားချီတစ်ခုအဖြစ် ပြောင်းသွားသလို လီဖူချန်းက ခံစားရတယ်။ ချက်ချင်းပဲ ဓားချီက စကြာဝဠာတစ်ခုလုံးကို ပြည့်သွားတယ်။
"ကြည့်ရတာ ငါ သူ့ကို ကယ်ဆယ်ဖို့ မလိုတော့ပုံပဲ" ဝတ်ရုံဖြူလူကြီးက ပြုံးလိုက်တယ်။
အခြားသူတွေက ဒီဓားချီရဲ့တည်ရှိမှုကို အာရုံမခံနိုင်ပေမယ့် သူက ရှင်းရှင်းလင်းလင်းအာရုံခံနိုင်ပါတယ်။
…
အဆုံးမဲ့အမှောင်ထုကမ္ဘာက စီးဆင်းနေတဲ့အနက်ရောင်အရည်နဲ့တူတယ်။ အနက်ရောင်အရည်ထဲမှာ အရောင်လက်ပြီးကြည်လင်တဲ့ပူဖောင်းတွေ ရှိတယ်။
ဒီပူဖောင်းတွေက တည်ငြိမ်တဲ့အခြေအနေတစ်ခုမှာ ရှိပြီး ရံဖန်ရံခါမှာတော့ ပူဖောင်းတစ်ခုနှစ်ခုက ပေါက်ထွက်လာတယ်။
ထိုအချိန်မှာ ပူဖောင်းတွေထဲကတစ်ခုမှာ ဓားအလင်းအမျှင်တန်းတစ်ခုက ရုတ်တရက် ထွက်လာတယ်။
"ဒါက စကြာဝဠာရဲ့အပြင်ဘက်ကမ္ဘာလား"
အနက်ရောင်အရည်က နေရာတိုင်းမှာ ရှိတာကို ဓားချီအဖြစ်ပြောင်းသွားတဲ့လီဖူချန်းက ခံစားမိတယ်။
အနက်ရောင်အရည်က အလွန်စေးကပ်ပြီး အချိန်တစ်ခုကြာပြီးနောက် ဓားချီက ပြိုကွဲခြင်းလက္ခဏာတွေ ပြသနေတာကို လီဖူချန်းက ခံစားမိတယ်။
မသိစိတ်အရ လီဖူချန်းက တစ်ဟုန်ထိုးပြေးတက်သွားတယ်။
တဖြည်းဖြည်းနဲ့ အထက်မှ အလင်းတွေက တောက်ပလာတယ်။
အလင်းနဲ့အတူ တွန့်လိမ်ရှုံ့တွနေတဲမြင်ကွင်းတစ်ခုရှိတယ်။ ကောင်းကင်၊ အဖြူရောင်တိမ်တွေ၊ နေနဲ့ ပျံသန်းနေတဲ့ငှက်တွေ ရှိတယ်။ ရေအောက်ရှုခင်းတစ်ခုကို ကြည့်နေရသလိုပါပဲ။
"ပူဖောင်းတွေက စကြာဝဠာတွေပဲ။ အနက်ရောင်အရည်ရဲ့အပြင်ဘက်က နတ်ဘုရားကမ္ဘာလား"
လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဥပဒေသကို ခံစားမိနိုင်တယ်။ နတ်ဘုရားစစ်မြေပြင်ရဲ့ဥဒေသနဲ့ နှိုင်းယှဉ်ရင် နတ်ဘုရားကမ္ဘာရဲ့ဥပဒေသက ပိုရှင်းလင်းတယ်၊ ပိုပြီးပြည့်စုံတယ်၊ ပို ကြီးကျယ်မြင့်မြတ်တယ်။ အနက်ရောင်အရည်ကို ဖြတ်ကာ စွမ်းပကားတစ်ခုက လီဖူချန်းရဲ့စိတ်ဝိညာဉ်ကို ဖိနှိပ်လာတယ်။
ဝုန်း.....
လီဖူချန်းက အနက်ရောင်အရည်မှ ပြေးထွက်ချင်ခဲ့ပေမယ့် အနက်ရောင်အမြှေးအလွှာတစ်ခုက သူ့ကို တားဆီးခဲ့တယ်။
ဝုန်း ဝုန်း ဝုန်း.....
မကြာခဏ လီဖူချန်းက အနက်ရောင်အမြှေးကို ပြေးဝင်တိုက်ခိုက်နေခဲ့တယ်။
သူ အနက်ရောင်အမြှေးကို ချိုးဖြတ်နိုင်တာနဲ့ ကြိးကျယ်ခမ်းနားတဲ့ဆုလာဒ်တွေ ရှိရှိလိမ့်မယ်လို့ သူ့ရဲ့မသိစိတ်က သူ့ကို ပြောပြခဲ့တယ်။ သူက နတ်ဘုရားတစ်ယောက်တောင် ချက်ချင်း ဖြစ်သွားနိုင်တယ်။
ဒါပေမယ့် လီဖူချန်းက ကျဆုံးသွားခဲ့တယ်။
သူက အနက်ရောင်အမြှေးကို နောက်ဆုံးအချိန်တိုက်ခိုက်လိုက်တဲ့အချိန်မှာ ဓားချီက ရုတ်တရက် ပျောက်ကွယ်သွားတယ်။
"စိတ်ပျက်စရာပဲ"
ခွင်းဝူစကြာဝဠာထဲမှာ လီဖူချန်းရဲ့မျက်လုံးတွေက မကြုံစဖူးထူးဆန်းတဲ့အလင်းတွေ ပေါက်ကွဲထွက်လာတယ်။ အလွန်အမင်းကြောက်စရာကောင်းတဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်လေတယ်။
"မဖြစ်နိုင်ဘူး"
သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက နောက်သို့ တွန်းပို့ခံလိုက်ရတာကို မြင်ပြီး အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ဒေါသတကြီးအော်ဟစ်လိုက်လေတယ်။
"အလင်းအမှောင်နတ်ဘုရားအရှင်သခင်၊ မင်း ပြီးဆုံးသွားပြီ"
လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက တိုးလာနေတုန်းပဲ။ အရည်အသွေးအရ အဲဒါက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကိုတောင် ကျော်ဖြတ်သွားပါပြီ။
"အလင်းအမှောင်အသူတရာချောက်နက်"
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သတ်ဖြတ်ကွက်ကို ပေါက်ကွဲထွက်စေလိုက်တယ်။
"ဓားချီမူလပြန်သွားခြင်း"
လီဖူချန်းက ထိုးဖောက်လိုက်တယ်။
အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့သတ်ဖြတ်ကွက်က ပျက်ဆီးသွားတယ်။ ပြီးနောက် အဆုံးမဲ့ဓားအလင်းတွေက အလင်းအမှောင်နတ်ဘုရားအရှင်သခင်မှ ချက်ချင်းပေါက်ကွဲထွက်လာတယ်။
၉၀ရာခိုင်နှုန်း၊ ရှစ်ဆယ်ရာခိုင်နှုန်း၊ ခုနှစ်ဆယ်ရာခိုင်နှုန်း။
မျက်စိတစ်မှိတိအတွင်း အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက သုံးဆယ်ရာခိုင်နှုန်းထိ လျော့ကျသွားတယ်။
"ပြီးသွားပြီ"
ဝတ်ရုံဖြူလူကြီးက ထူးမခြားနားစွာ ပြောလိုက်တယ်။
နွားဦးခေါင်းအကြီးအကဲက ခေါင်းညိတ်လိုက်တယ်။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အလွန်သန်မာပါတယ်။ စိတ်မကောင်းစွာနဲ့ လီဖူချန်းနဲ့ နှိုင်းယှဉ်ကြည့်လိုက်တော့ သူက ကင်းမဲ့နေသေးတယ်။
သေရေးရှင်ရေးအခိုက်အတန့်မှာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားအားလုံးကို စုစည်းပြီး ဟင်းလင်းပြင်ကို လက်ဝါးဓားသွားနဲ့အတူ ခုတ်ပိုင်းလိုက်တယ်။
အသံမထွက်ဘဲ ကြောက်စရောကောင်းတဲ့အပေါက်တစ်ခုက ထွက်ပေါ်လာတယ်။ အပေါက်ရဲ့အခြားတစ်ဖက်က ကမ္ဘာဦးခရမ်းရောင်ချီတွေနဲ့ ပြည့်နေတယ်။
ဒါက စကြာဝဠာရဲ့သဘာဝချောက်နက်ပါပဲ။
အလင်းအမှောင်နတ်ဘုရားအရှင်သခင်က အကြိုနတ်ဘုရားနယ်မြေကို ထွက်ပြေးဖို့ စီစဉ်ထားမှန်း သိသာတယ်။
"မင်း ထွက်ပြေးနိုင်မယ်လို့ ထင်နေတာလား"
လီဖူချန်းက နှာခေါင်းရှုံ့ကာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို ခုတ်ပိုင်းလိုက်တယ်။
ဝှစ်.....
ဓားချီတစ်ခုက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်ပေါ်မှာ ဝင်းလက်သွားတယ်။ ထို့နောက် အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ပြာအဖြစ် ပြောင်းလဲသွားတယ်။
ပြာတွေက ပြန်ဖွဲ့စည်းချင်ခဲ့ပေမယ့် သူတို့နဲ့ထိတွေ့ခဲ့တဲ့ဓားချီက အားကောင်းလွန်းပြီး သူတို့အားလုံး ဗလာနတ္ထိဖြစ်သွားတဲ့အထိ အဆက်မပြတ် သတ်ဖြတ်ခဲ့တယ်။
ဓားတစ်ချက်က အလင်းအမှောင်နတ်ဘုရားအရှင်သခင်ကို သတ်ဖြတ်ခဲ့တယ်။
ထို့နောက် လီဖူချန်းက ကျန်ရှိနေတဲ့နတ်ဘုရားမျိုးနွယ်ရဲ့အကြိုနတ်ဘုရားတွေကို အလွယ်တကူဖယ်ရှားလိုက်တယ်။ ကံချိတ်ဆက်မှုနောက်လိုက်လျက် နတ်ဘုရားမျိုးနွယ်အကြိုနတ်ဘုရားတွေနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိတဲ့နတ်ဘုရားမျိုးနွယ်အဖွဲ့ဝင်တွေကိုတောင် ဖယ်ရှားခဲ့တယ်။
ခွင်းဝူစကြာဝဠာအတွက်ကတော့ နတ်ဘုရားမျိုးနွယ်က အန္တရာယ်များတဲ့အသားပိုတစ်ခုပါပဲ။ တစ်နေ့ လီဖူချန်းက နတ်ဘုရားတစ်ယောက်ဖြစ်လာတဲ့အခါ နတ်ဘုရားမျိုးနွယ်က ပြာပုံဘဝမှ မမြင့်တက်လာဘူးဆိုတာ အာမခံဖို့ ခက်ခဲတယ်။
ဒါပေမယ့် လီဖူချန်းက ကျန်ရှိနေတဲ့နတ်ဘုရားမျိုးနွယ်ဝင်အကုန်လုံးကို ကိုင်တိုင်ဖယ်ရှားစရာမလိုပါဘူး။ သူတို့ကို အခြားမျိုးနွယ်တွေက ဖြေရှင်းမှာပါ။
"ဖူချန်း၊ နင် ချိုးဖြတ်သွားပြီးလား"
သူမက လီဖူချန်းကို ဖြတ်မမြင်နိုင်တော့ဘူးဆိုတာ ရန်ချင်းဟူက သဘောပေါက်ခဲ့တယ်။ အရင်က လီဖူချန်းက အားကောင်းပေမယ့် ရန်ချင်းဟူက သူ့ရဲ့တည်ရှိမှုကို အာရုံခံစားနိုင်ပါသေးတယ်။
အခု လီဖူချန်းက အစိမ်းရောင်မီးခိုအမျှင်တန်းတစ်ခုပမာ တစ်ခါတစ်ရံမှာ တည်ရှိပြိး တစ်ခါတစ်ရံမှာ မတည်ရှိသလို သူမက ခံစားရတယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ဟုတ်တယ်။ ငါ နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်"
"နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ခြေတစ်လှမ်းပဲ လိုတော့တာလား"
လူတိုင်းက အလွန်အံ့အားသင့်သွားကြတယ်။
"အကို၊ အကို နတ်ဘုရားတစ်ယောက်ဖြစ်လာတော့မှာပေါ့။ ဒါ အရမ်းကောင်းတယ်"
လီဖူရှင်းက နတ်ဘုရားတစ်ယောက်ဖြစ်လာခြင်းရဲ့သဘောတရားကို အများကြီးမသိပါဘူး။ နတ်ဘုရားတွေက အကြွင်းမဲ့အာဏာရှိတယ်ဆိုတာပဲ သူမ သိတယ်။
"မင်းတို့ကောင်တွေ အရင်နေနေအုန်း၊ ငါ တစ်ခုခုလုပ်စရာရှိတယ်"
လီဖူချန်းက တောက်ပလဓားနတ်ဘုရားနဲ့အခြားသူတွေအပါအဝင် အားလုံးကို ပလိန်းနှလုံးသားထဲသို့ ထည့်လိုက်တယ်။
ပြီးနောက် လီဖူချန်းက ဖရိုဖရဲအနက်ပိုင်းထဲသို့ ကြည့်လိုက်တယ်။ "မင်းတို့နှစ်ယောက်၊ စောင့်ကြည့်နေတာ ဒီလောက်တောင် ကြာပြီ၊ ထွက်လာပြီး ငါနဲ့ လာတွေ့သင့်တယ်"
ဓားတာအိုနယ်ပယ်မချိုးဖြတ်ခင် လီဖူချန်းရဲ့နတ်ဘုရားဝိညာဉ်က နွားဦးခေါင်းမျက်နှာဖုံးဝတ်လူနဲ့ ဝတ်ရုံဖြူလူကြီးတို့ကို ရှာတွေ့ခဲ့တယ်။ ဒါပေမယ့် ထိုအချိန်မှာ သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ အကြိတ်အနယ်တိုက်ခိုက်နေရတယ်။ သူတို့က ရန်သူလားမိတ်ဆွေလားဆိုတာ သူ မသိဘူး၊ ဒါကြောင့် သူက မမြင်ချင်ယောင်ဆောင်ခဲ့တယ်။
"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မတွေ့တာ ကြာပြီ" နွားဦးခေါင်းမျက်နှာဖုံးဝတ်လူနဲ့ဝတ်ရုံဖြူလူကြီးက လီဖူချန်းထံ လျှောက်လာပြီး နွားဦးခေါင်းမျက်နှာဖုံးဝတ်လူက ပြောလိုက်တယ်။
"မတွေ့ရတာ တကယ်ကြာပြီးပဲ၊ ဒါက မင်းပြောနေတဲ့မင်းရဲ့ဆရာပဲဖြစ်မယ်"
နွားဦးခေါင်းမျက်နှာဖုံးဝတ်လူက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်မှန်း သိသာတယ်။ နွားဦးခေါင်းမျက်နှာဖုံးဝတ်လူဘေးနားရှိဝတ်ရုံဖြူလူကြီးအတွက်ကတော့ ချီတည်ရှိမှုက အလွန်သန်မာတယ်။ ဒါကို လီဖူချန်းအာရုံခံနိုင်တာက သူတိူ့က တူညီတဲ့အဆင့်မှာရှိလို့ပဲ။ သူတို့အားလုံးက နတ်ဘုရားနယ်ပယ်ဥပဒေသကို ထိတွေ့ထားတဲ့ တည်ရှိမှုတွေပါပဲ။
"မင်း ငါ့ကို ဘရာမာလို့ ခေါ်နိုင်တယ်" ဝတ်ရုံဖြူကြီးက သူ့ကိုယ်သူ မိတ်ဆက်လိုက်တယ်။
"စီနီယာ ဘရာမာ၊ မင်း ငါ့ကို ဘာအတွက် ရှာသလဲ ငါ မသိဘူး" လီဖူချန်းက ယဉ်ကျေးစွာ ပြောလိုက်တယ်။
ဘရာမာက ခေါင်းညိတ်လိုက်တယ်၊ လီဖူချန်းရဲ့သဘောထားအပေါ် အလွန်ကျေနပ်သွားပုံရတယ်"မင်းကိုရှာတယ်ဆိုတာက မင်း ငါတို့နဲ့ ပူးပေါင်းပြီး နတ်ဘုရားနယ်ပယ်ကို သွားဖို့ နည်းလမ်းကို အတူတူရှာဖွေစေချင်လို့"
"စီနီယာပြောပုံအရ သာမန်အခြေအနေအောက်မှာ နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ နည်းလမ်းမရှိဘူးလား" လီဖူချန်းက မေးလိုက်တယ်။
ဘရာမာက ပြောလိုက်တယ်"မင်း မြင့်တက်ခြင်းစင်မြင့်ကို ကြားဖူးသလားကိုတော့ ငါ မသိဘူး။ ယေဘုယျပြောရရင် စကြာဝဠာတိုင်းမှာ မြင့်တက်ခြင်းစင်မြင့်တစ်ခုရှိတယ်။ မြင့်တက်ခြင်းစင်မြင့်နဲ့သာ မင်းက နတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တယ်။ ဒါပေမယ့် ဘယ်အချိန်ကတည်းက မြင့်တက်ခြင်းစင်မြင့်က အလုပ်မလုပ်တော့ဘဲ နတ်ဘုရားနယ်ပယ်နဲ့မချိတ်ဆက်နိုင်တော့ဘူးဆိုတာ ငါ မသိဘူး။ ကံကောင်းစွာနဲ့ ကောင်းကင်ဘုံက နောက်ထပ် နည်းလမ်းတစ်ခုကို ချန်ထားခဲ့တယ်။ နှစ်ပေါင်းမရေမတွက်များစွာရှာဖွေဖော်ထုတ်ပြီးနောက် နတ်ဘုရားစစ်မြေပြင်က နတ်ဘုရားနယ်ပယ်ရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး နတ်ဘုရားနယ်ပယ်သို့သွားရာလမ်းကြောင်းက နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်မှာ ရှိတယ်လို့ ငါတို့ သံသယရှိလာတယ်"