← Chapters

သာလွန်သူ

Vol. 77 Ch. 1076

သာလွန်သူ

Vol. 77 Ch. 1076

နတ်ဘုရားစစ်မြေပြင်က နတ်ဘုရားကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုလို့ ဘရာမာက ပြောတဲ့အပေါ် လီဖူချန်းက အံ့အားသင့်ခြင်းမရှိပါဘူး။

နတ်ဘုရားကမ္ဘာကလွဲပြီး ဒီလောက်များတဲ့နတ်ဘုရားအလောင်းနဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရှိတဲ့နေရာကို လီဖူချန်းက မစဉ်းစားနိုင်ပါဘူး။

"သာလွန်သူတွေအားလုံးက နတ်ဘုရားကမ္ဘာဥပဒေသနဲ့ ထိတွေ့ပြီးပြီလား" လီဖူချန်းက မေးလိုက်တယ်။

ဘရာမာက ခေါင်းညိတ်လိုက်တယ်"ဒါ ဟုတ်တယ်။ ပြီးပြည့်စုံတဲ့နတ်ဘုရားကမ္ဘာဥပဒေသနဲ့မထိတွေ့ထားတဲ့သူတွေက ငါတို့နဲ့ ပူးပေါင်းဖို့ အရည်အချင်းမမှီဘူး။ ဒါပေမယ့် သာလွန်တွေအပြင် ငါတို့မှာ တစ်ဝက်တစ်ပျက်သာလွန်သူတွေလဲ ရှိတယ်။ သူတို့က မင်းလိုပဲ၊ အစိတ်စိတ်အမွှာမွှာဖြစ်နေတဲ့နတ်ဘုရားကမ္ဘာဥပဒေသနဲ့ ထိတွေ့ထားခဲ့တယ်။ သူတို့အထဲမှာ အလင်းအမှောင်နတ်ဘုရားအရှင်သခင်လို သူတို့ရဲ့အကြိုနတ်ဘုရားစွမ်းအားအားကောင်းလာစေဖို့ နတ်ဘုရားအမှတ်ဝါးမျိုထားသူတွေလဲပါတယ်"

ဘရာမာထံမှ လီဖူချန်းက သာလွန်သူဆယ့်ခုနှစ်ယောက်နဲ့တစ်ဝက်တစ်ပျက်သာလွန်သူသုံးဆယ့်နှစ်ယောက်ရှိတယ်‌ဆိုတာ သိလိုက်ရတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်တစ်ထောင်က သာလွန်သူဆယ့်ရှစ်ယောက်နဲ့တစ်ဝက်တစ်ပျက်သာလွန်သူသုံးဆယ့်ခြောက်ယောက်ရှိတယ်။ မစ်ရှင်တစ်ခုမှာ သာလွန်သူတစ်ယောက်နဲ့တစ်ဝက်တစ်ပျက်သာလွန်သူလေးယောက်က ပျောက်ကွယ်သွားခဲ့တယ်။

ဒါက ဘာကြောင့် သာလွန်သူတွေက နေရာတိုင်းမှာ အဖွဲ့ဝင်တွေကို စုဆောင်းနေရတဲ့ အကြောင်းပြချက်လဲ ဖြစ်တယ်။

"ကောင်းပြီ၊ ငါ မင်းတို့နဲ့ ပူးပေါင်းမယ်"

လီဖူချန်းလဲ နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်ကို ရှာဖွေဖို့ ဆန္ဒရှိတယ်။ လူတွေ ပိုများရင် သေချာပေါက် ပိုအန္တရာယ်ကင်းတာပေါ့။

ဒါပေမယ့် အနာဂတ်မှာ သူ့မှာ တူညီတဲ့အတွေးမရှိရင် သူက ပြန်ရုတ်သိမ်းနိုင်ပါတယ်။

လီဖူချန်းက ပူးပေါင်းချင်တဲ့အပေါ် ဘရာမာက အံ့အားမသင့်ပါဘူး။ သူက သတိပေးလိုက်တယ်"နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်ကို ဦးတည်တဲ့အခါ မင်းရဲ့စကြာဝဠာရတနာအသုံးအဆောင်ပစ္စည်းအားလုံးကို ခွင်းဝူစကြာဝဠာထဲမှာ ချန်ထားတာ ပိုကောင်းတယ်၊ ဒီလိုမဟုတ်ရင် သူတို့က အလွယ်တကူ ပျက်ဆီးသွားလိမ့်မယ်"

အဆင့်မြင့်စကြာဝဠာရတနာတွေက သူ့အတွက် အသုံးမဝင်ပါဘူး။ သူက နံပါတ်၁စကြာဝဠာရတနာဖြစ်တဲ့ခွင်းဝူစကြာဝဠာရဲ့စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးကိုတောင် ဂရုမစိုက်ပါဘူး။ မြင့်တက်ခြင်းစင်မြင့်က သူ့ရဲ့သက်ရောက်မှုကို မဆုံးရှုံးခင်တုန်းက စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးက တစ်ယောက်ယောက်ကို နတ်ဘုရားတစ်‌ယောက်ဖြစ်လာစေတယ်။ ၎င်းရဲ့သက်ရောက်မှုကို ဆုံးရှုံးပြီးနောက် စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးကို ရရင်တောင် နတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်လိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် အဲဒါက ပြီးပြည့်စုံတဲ့နတ်ဘုရားကမ္ဘာရဲ့ဥပဒေသနဲ့ ထိတွေ့ဖို့ ကူညီပေးနိုင်တယ်။

"ကောင်းပြီလေ"

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ဘရာမာရဲ့ညွှန်ကြားချက်မရှိရင်တောင် သူ့ရဲ့စကြာဝဠာရတနာအားလုံးကို သူ့ဘေးနားရှိလူတွေကို ဖြန့်ဝေပေးဖို့ လီဖူချန်းကလဲ ပြင်ဆင်နေတယ်။

သူ့အဆင့်မှာ စကြာဝဠာရတနာတွေက တကယ်အသုံးမဝင်ဘူး၊ ပလိန်းနှလုံးသားကသာ အသုံးဝင်တယ်။

"နောက်ထပ်မစ်ရှင်က နောက်နှစ်နှစ်ထောင်ကျမှပဲ။ ဒီအချိန်အတောအတွင်း မင်းရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေကို ဖြေရှင်းထားသင့်တယ်" ပြောရင် ဘရာမာက လီဖူချန်းထံ တိုကင်တစ်ခုကို ပစ်ပေးကာ ပြောလိုက်တယ်"ဒီတိုကင်က ပထမတန်းစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်မှာပဲ တွေ့နိုင်တယ်"

နတ်ဘုရားစစ်မြေပြင်မှာ သာမန်ဆက်သွားရေးတိုကင်တွေက အသုံးမဝင်ဘူး။ အကြိုနတ်ဘုရားဆက်သွယ်ရေးတိုကင်တွေကပဲ အသုံးဝင်တယ်။

သူက ဘယ်တော့မှ မတည်ရှိတဲ့ပမာ ဘရာမာက နွားဦးခေါင်းမျက်နှာဖုံးတပ်လူနဲ့အတူ တိတ်တဆိတ် ထွက်ခွာသွားတယ်။

နတ်ဘုရားမျိုးနွယ်ခန်းမ။

ဓားချီရောင်ခြည်တစ်ခုက လင်းလက်သွားပြီး နတ်ဘုရားအလင်းလွှာတစ်ခုက နတ်ဘုရားခန်းမအပြင်ဘက်မှာ ထွက်ပေါ်လာကာ ဓားချီကို ပျက်ပြယ်စေလိုက်တယ်။

"ဒါ နတ်ဘုရားချန်ထားခဲ့တဲ့ဟာလား"

လီဖူချန်းက ဟင်းလင်းပြင်မှ ထွက်လာပြီး သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်နဲ့ စစ်ဆေးလိုက်တယ်။ နတ်ဘုရားခန်းမရဲ့အလယ်ဗဟိုမှာ ပုံဆောင်ခဲဘောလုံးတစ်လုံးရှိတာကို ချက်ချင်း သတိပြုမိသွားတယ်။ ပုံဆောင်ခဲဘောလုံးထဲမှာ အဆုံးမဲ့စွမ်းပကားထုတ်လွှတ်နေတဲ့သွေးတစ်စက်ရှိတယ်။

‌ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ကိုင်ဆွဲလျက် လီဖူချန်းက နတ်ဘုရားခန်းမကို ထပ်ခါတလဲလဲခုတ်ပိုင်းလိုက်တယ်။

တဖြည်းဖြည်းနဲ့ နတ်ဘုရားအလင်းက ပိုပိုမှိန်ဖျော့လာတယ်။

"မင်း ဒိီနေရာထိ ရောက်လာပုံထောက်ရင် ငါ့ရဲ့မျိုးဆက်တွေက ရှုံးနိမ့်သွားခဲ့ပြီးပေါ့ဒါမှမဟုတ်ပျောက်ကွယ်သွားပြီးပေါ့"

ပုံရိပ်တစ်ခုက ကောင်းကင်အထက်မှာ ထွက်ပေါ်လာတယ်။

"မဆိုးဘူးပဲ"

လီဖူချန်းက နတ်ဘုရားတစ်ယောက်ချန်ထားတယ်လို့သံသယရှိတဲ့ပုံရိပ်လောက်ကို မကြောက်ပါဘူး။

ဒါက ပုံရိပ်ယောင်တစ်ခုမျှပဲ။

"အရမ်းကောင်းတယ်၊ ငါ မင်းကို နတ်ဘုရားကမ္ဘာမှာ စောင့်နေမယ်"

ပုံရိပ်က ပျက်ဆီးသွားပြီး နတ်ဘုရားအလင်းက ပျောက်ကွယ်သွားတယ်။

နတ်ဘုရားမျိုးနွယ်ရဲ့အုတ်မြစ်က အလွန်ကြွယ်ဝတယ်၊ စိတ်ကူးနိုင်တာထက်ပိုတယ်။ ဒါပေမယ့် လီဖူချန်း မျှော်မှန်းထားသလိုပဲ၊ ဒီဟာတွေက အခြားသူတွေအတွက်ပဲ အသုံးဝင်တယ်။

မျက်စိတစ်မှိတ်အတွင်း နှစ်ငါးရာကုန်ဆုံးသွားတယ်။

အဆုံးမဲ့ပူဖောင်းတွေပြည့်နေတဲ့အနက်ရောင်အရည်ထဲမှာ ဓားချီတစ်ခုက မြင့်တက်လာတယ်။

"အနက်ရောင်အမြှေးက နတ်ဘုရားကမ္ဘာရဲ့ဥပဒေသကို ထိတွေ့ခြင်းမှ ငါ့ကို မတားဆီးနိုင်ပေမယ့် နတ်ဘုရားကမ္ဘာဥပဒေသရဲ့အသိအမှတ်ပြုခြင်းကိုလက်ခံတာကိုတော့ တားဆီးတယ်။ ငါ အနက်ရောင်အမြှေးကို ချိုးဖြတ်နိုင်ရင် သေချာပေါက် နတ်ဘုရားတစ်ယောက်ဖြစ်လာလိမ့်မယ်" နတ်ဘုရားစစ်မြေပြင်မှ နတ်ဘုရားကမ္ဘာသို့ သွားနိုင်သလားကို သူက မသိသေးပါဘူး။ သူရဲ့မျှော်လင့်ချက်အားလုံးကို အဲ့အရာပေါ်မှာပဲ ပုံအပ်မထားချင်ပါဘူး။

ဝုန်း.....

အရင်လိုပဲ၊ လီဖူချန်း ဘယ်လောက်ပဲ တိုက်ခိုက်နေပါစေထ အနက်ရောင်အမြှေးက လှုပ်ရှားမှုမရှိဘူး၊ လှိုင်းဂယက်တစ်ခုတောင် မရှိခဲ့ဘူး။

ဒါက အဓိပ္ပါယ်ရှိပါတယ်။ အနက်ရောင်အမြှေးက ချိုးဖြတ်ရတာ လွယ်နေရင် ဒီလောက်နှစ်တွေကြာတာတောင် နတ်ဘုရားတစ်ယောက်မှ မဖြစ်လာတာတွေ ရှိပါအုံးမလား။

လီဖူချန်းက အနက်ရောင်အမြှေးကို မချိုးဖြတ်နိုင်ပေမယ့် နတ်ဘုရားကမ္ဘာဥပဒေသနဲ့ အချိန်အကြာကြီးထိတွေ့ရတာက သူ့အတွက် အကျိုးရှိတယ်လေ။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲခြင်းလက္ခဏာတွေ ပြသနေတယ်ဆိုတာ လီဖူချန်းက ရေးတေးတေးခံစားမိတယ်။ လက်ရှိအချိန်မှာ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ခရမ်းနီရောင်ရှိတယ်။ နောက်တစ်ကြိမ်ဆင့်ကဲပြောင်းလဲသွားရင် အနီရောင်ဖြစ်လာမှာပေါ့။

နောက်ထပ်နှစ်ငါးရာကုန်ဆုံးသွားတယ်။ လီဖူချန်းက သေခြင်းကျောက်တုံးတွေကို အသုံးပြုခဲ့ပြီး နောက်ဆုံးမှာတော့ နံပါတ်၁စကြာဝဠာရတနာဖြစ်တဲ့စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးကို ‌သေမင်းလိုဏ်ဂူမှ ရရှိခဲ့တယ်။

ကောလဟာလအတိုင်းပါပဲ၊ စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးမှာ မဟာတာအိုအသင်္ချေပါဝင်တယ်။ ဒါက ခွင်းဝူစကြာဝဠာရဲ့ရင်းမြစ်ရဲ့အသန်မာဆုံးစွမ်းအားနဲ့ ဖြစ်တည်လာတာပဲ။ ဒါနဲ့ဆိုရင် လီဖူချန်းက သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို လျင်မြန်စွာ တိုးလာစေနိုင်ရုံသာမက သူ့အနေနဲ့ ခွင်းဝူစကြာဝဠာရဲ့အကန့်အသတ်ကို ချိုးဖြတ်ဖို့ရော နတ်ဘုရားကမ္ဘာဥပဒေသနဲ့ ထိတွေ့ဖို့ရော ပိုလွယ်ကူလာစေ‌တာပေ့ါ။

စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးရဲ့အကူအညီနဲ့အတူ လီဖူချန်းရဲ့နေရလပ်-အချိန်တာအိုနဲ့မီးတာအိုက အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ထိ ချိုးဖြတ်လာခဲ့တယ်။ သူက နတ်ဘုရားကမ္ဘာရဲ့နေရာလပ်-အချိန်တာအိုကိုလဲ ထိတွေ့နိုင်ခဲ့တယ်။

ဒါ့ပြင် ကပ်ဘေးလက်ကလဲ အလုံးစုံတတ်သိနားခည်ခြင်းအဆင့်ကို ချိုးဖြတ်ပြီး နတ်ဘုရားကမ္ဘာရဲ့ဖျက်ဆီးခြင်းဥပဒေသနဲ့ ထိတွေ့ခဲ့ပြန်တယ်။

ရွှမ်း.......

လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက စကြာဝဠာချောက်နက်သို့ ချက်ချင်းရောက်ရှိလာတယ်။ နောက်ထပ်လျှပ်တစ်ပြက်လက်သွားပြီး အကြိုနတ်ဘုရားနယ်မြေကို ရောက်ရှိသွားတယ်။

"ငါ့ရဲ့နေရာလပ်-အချိန်တာအိုက စီနီယာဘရာမာရဲ့နေရာလပ်-အချိန်တာအိုနံ့ ယှဉ်နိုင်သလား ငါ သိချင်လှတယ်"

ဘရာမာက နေရာလပ်-အချိန်တာအိုကို လျှောက်လှမ်းနေတာကို လီဖူချန်းက မမြင်နိုင်စရာလား။

လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဖျက်ဆီးခြင်းဥပဒေသနဲ့ ထိတွေ့ခဲ့ပြီးဆိုတော့ စကြာဝ‌ဠာစိတ်ဝိညာဉ်က သူ့အတွက် အသုံးမဝင်တော့ဘူး။ သူက နောက်ထပ်တာအိုတွေကို နားလည်လောက်တဲ့အထိ လောဘမကြီးတော့ဘူး။ လူတစ်ယောက်ရဲ့စွမ်းအင်က အကန့်အသတ်ရှိတယ်။ သူ့မှာ ရွှေရောင်အဆောင်ရှိရင်တောင် သူ့ရဲ့စွမ်းအားကို အခုလိုမဖြုန်းသင့်ဘူးလေ။

အသက်သစ်ပင်နဲ့ပလိန်းနှလုံးသားလိုပဲ၊ လီဖူချန်းက စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးကို ရန်ချင်းဟူထံ ပေးလိုက်တယ်။

သူမက အသန်မာဆုံး၊ ပစ္စည်းတွေက သူမဆီမှာဆိုရင် ပိုအာမခံချက်ရှိနိုင်မှာလေ။

…

မကြာမီမှာပဲ နှစ်နှစ်ထောင်ကုန်ဆုံးသွားပြန်တယ်။ လီဖူချန်းက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆက်သွယ်ရေးတိုကင်ကို ယူထုတ်ကာ ဘရာမာနဲ့ စတင်ဆက်သွယ်လိုက်တယ်။

တအောင့်အကြာမှာတော့ ဘရာမာက လီဖူချန်းထံ တည်နေရာတစ်ခုကို ပို့ပေးလိုက်တယ်။

"ဒီနေရာရဲ့အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တော့တယ်"

လီဖူချန်းက ရန်ချင်းဟူကို ပြောလိုက်တယ်။

အောင်မြင်ခြင်းဝတ်စုံအစိတ်အပိုင်းလေးခုနဲ့ဆိုရင် ရန်ချင်းဟူရဲ့ခွန်အားက  မြို့တစ်မြို့ရဲ့သာမန်အကြီးအကဲတစ်ယောက်နဲ့ ယှဉ်နိုင်နေပြီ။ သူမက စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးကို အသုံးပြုလာနိုင်ပြီး သူမရဲ့နယ်ပယ်ကို တိုး‌တက်စေနိုင်ခဲ့ရင် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်နဲ့ယှဉ်ပြိုင်နိုင်လောက်တဲ့အထိ အားကောင်းလာမှာပါ။

"မစိုးရိမ်ပါနဲ့" ရန်ချင်းဟူက ခေါင်းညိတ်လိုက်တယ်။

လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့နေရာလပ်-အချိန်ဥပဒေသနဲ့ မထိတွေ့ခဲ့ရင် သာလွန်သူသူတွေရှိတဲ့နေရာကို ရောက်ရှိဖို့ အနည်းဆုံးနှစ်ဒါဇင်အနည်းငယ်ယူရမှာပါ။ အခု လီဖူချန်းက ရောက်ရှိဖို့ သုံးနှစ်ကျော်ပဲ သုံးစွဲခဲ့ရတယ်။

"စီနီယာဘရာမာ"

အဆုံးမဲ့သွေးပင်လယ်ရဲ့အလယ်မှာ သီးခြားတည်ရှိနေတဲ့ကျွန်းတစ်ကျွန်းရှိတယ်။ သူက ကျွန်းပေါ်ကို ရောက်ရှိနေတာ ကြာလှပြီ၊ လူတစ်စုက သူ့ရဲ့တစ်ဖက်တစ်ချက်မှာ ရံနေလျက်ပေါ့။

သာလွန်သူတွေကြားမှာ အဖြူရောင်ဝတ်စုံနဲ့သူက အနည်းငယ်ပဲ ရှိတယ်၊ အများစုက မီးခိုးရောင်ဝတ်စုံကို ဆင်မြန်းထားတယ်။

သာလွန်သူတွေကြားမှာ အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့သူတွေက တရားဝင်သာလွန်သူသူတွေဖြစ်ကြပြီး မီးခိုရောင်ဝတ်စုံကို ဝတ်ဆင်ထားတဲ့သူတွေက တစ်ဝက်တစ်ပျက်သာလွန်သူတွေဖြစ်တယ်။

လက်ရှိမှာ လီဖူချန်းက အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူဘယ်သူလဲဆိုတာ ခွဲခြားဖို့ အဖြူရောင်ဝတ်စုံပေါ်မှာ ဓားပုံပန်းထိုးထားတယ်။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မင်းရောက်လာပြီးပေါ့"

ဘရာမာက ပြုံးကာ လူတိုင်းကို ပြောလိုက်တယ်"အားလုံးပဲ၊ ငါ လူတိုင်းနဲ့ မိတ်ဆက်ပေးပါရစေ။ ဒါက ငါတို့ခွင်းဝူစကြာဝဠာရဲ့မူလအဆုံးစွန်းဓားနတ်ဘုရားပဲ။ သူက နတ်ဘုရားကမ္ဘာရဲ့ဓားတာအိုဥပဒေသနဲဲ့ ထိတွေ့ထားပြီးပြီ"

"ဓားတာအိုက တိုက်စစ်ကို အသားပေးတယ်။ ချပ်ဝတ်နဂါးသားရဲနဲ့ ရင်ဆိုင်တဲ့အခါ ငါတို့တွေ မင်းကိုပဲ အားကိုးမှာနော်"

"သန့်စင်ခြင်းတစ်ရာငွေလိပ်ကလဲ ရင်ဆိုင်ရတာမလွယ်ဘူး"

လူတိုင်းက အဖွဲ့ဝင်တစ်ယောက်တိုးလာတဲ့အပေါ် ကြိုဆိုလိုက်ကြတယ်။

"ငါ အကောင်းဆုံးလုပ်မှာပါ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။ ဒီလူတွေထဲမှာ ပုံမှန်မဟုတ်ဘဲလွှမ်းမိုးဖိနှိပ်နိုင်တဲ့အကြိုနတ်ဘုရားစွမ်းအားရှိတဲ့သူအနည်းငယ်ရှိတယ်။ သူတို့က အခြားစကြာဝဠာတွေမှနတ်ဘုရားမျိုးနွယ်တင်တွေဖြစ်မယ်လို့ လီဖူချန်းက ခန့်မှန်းထားတယ်။

လက်ရှိအချိန်မှာတော့ နတ်ဘုရားမျိုးနွယ်က နတ်ဘုရားတစ်ယောက်ရဲ့သွေးမျိုးဆက်ရှိပြီး နတ်ဘုရားအမှတ်ဝါးမျိုခြင်းစွမ်းရည်နိုးထဖို့အခွင့်အရေးတစ်ခုရှိတယ်ဆိုတာ လီဖူချန်းက သိလာပါပြီ။ သူတို့က အချိန်အလုံအလောက်ရှိသရွေ့ သူတော်စင်လိပ်ပြာက နတ်ဘုရားလိပ်ပြာတစ်ခုသို့ ပြောင်းလဲသွားတဲ့အထိ အဆုံးမရှိပိုသန်မာလာပါလိမ့်မယ်။

နတ်ဘုရားလိပ်ပြာအဖြစ်ပြောင်းလဲပြီးနောက် သူတော်စင်လိပ်ပြာက နတ်ဘုရားတစ်ယောက်အဖြစ် မြင့်တက်နိုင်မလားဆိုတာကိုတော့ လီဖူချန်းက မသိပါဘူး။

ဘရာမာရဲ့မိတ်ဆက်မှုနဲ့အတူ လီဖူချန်းက ကျန်ရှိနေတဲ့သာလွန်သူတွေနဲ့ပတ်သက်ပြီး သိလာတယ်။

သာလွန်သူတွေထဲမှာ ဘရာမာထက်တောင် ပိုကြောက်စရာကောင်းတဲ့သူတွေရှိတယ်။ အထူးသဖြင့် အဖြူရောင်ဝတ်စုံမှာ ခေါင်းကိုးလုံးမြွေပန်းထိုးထားတဲ့ထိပ်ပြောင်လူရွယ်နဲ့ အဖြူရောင်ဝတ်စုံမှာ သွေးကြာပန်းတစ်ပွင့်ပန်းထိုးထားတဲ့အေးစက်ပြီးလှပသိမ်မွေ့တဲ့အမျိုးသမီးတို့ပါပဲ။

တစ်ဝက်တစ်ပျက်သာလွန်သူတွေကိုတော့ ဘရာမာက မိတ်ဆက်မပေးတာကြောင့် လီဖူချန်းက မသိခဲ့ပါဘူး။

အချိန်တွေ ကုန်ဆုံးနေတယ်၊ နောက်ထပ်နှစ်အနည်းငယ်ကို ဖြတ်သန်းသွားပါပြိီ။

"လူစုံပြီးဆိုတော့ ထွက်ခွာကြစို့" ပြောလိုက်တဲ့သူက အဖြူရောင်ဦးချိုရှိချောင်းရှိတဲ့ဦးချိုရှစ်ခုနတ်ဘုရားပါပဲ။

"ကောင်းပြီ၊ ထွက်ခွာကြမယ်ဟေ့"

အဖြူရောင်ဝတ်စုံမှာ ခေါင်းကိုးလုံးမြွေပန်းထိုးထားတဲ့ ထိပ်ပြောင်လူရွယ်ကို နဂါးကိုးကောင်ခရီးသွားသူလို့ခေါ်တယ်။ သူက ထရပ်ကာ ကောင်းကင်သို့ ပျံသန်းသွားတယ်။

"သွားကြစို့"

တုံ့ပြန်တဲ့အနေနဲ့ လူတိုင်းက ကောင်းကင်သို့ ပျံဝံတက်သွားခဲ့ကြတယ်။

နတ်ဘုရားသွေးပင်လယ်က နတ်ဘုရားစစ်မြေပြင်ရဲ့ဗဟိုချက်နယ်မြေဖြစ်တယ်။ ၎င်းက အဆုံးမဲ့ပြီး ကျွန်းတွေ မရေမတွက်များစွာရှိတယ်။ သူတို့က ပင်လယ်ရဲ့လက်မတိုင်းကို ရှာဖွေဖို့ဆိုရင် သူတို့တစ်သက်လုံးတောင် မဖြစ်နိုင်ပါဘူး။ လူတိုင်းက ကံကို ပုံအပ်ပြီး ဦးတည်ဘက်တစ်ခုကို ရွေးချယ်ကာ ခရီးနှင်နိုင်မယ်။ ဒါက နှစ်ပေါင်းများစွာကြတာတောင် နတ်ဘုရားကမ္ဘာသို့သွားရာလမ်းကြောင်းကို မရှာတွေ့နိုင်တဲ့အကြောင်းပြချက်ဖြစ်တယ်။

အဆုံးမဲ့နတ်ဘုရားသွေးပင်လယ်က ပျော်စရာကောင်းတဲ့‌နေရာတစ်ခုမဟုတ်ပါဘူး။ ထိုနေရာမှာ အကြိုနတ်ဘုရားသားရဲတွေအဆုံးမဲ့ရှိပြီး အချို့ပြောင်မြောက်တဲ့အကြိုနတ်ဘုရားသားရဲတွေဆိုရင်  သူတို့အနေနဲ့ တစ်ယောက်ချင်းစီ‌တောင် မယှဉ်ပြိုင်နိုင်ပါဘူး။

အခြားသူတွေပြောတာအရ ဒီအကြိုနတ်ဘုရားသားရဲတွေက နတ်ဘုရားကမ္ဘာဥပဒေသရဲ့အသိအမှတ်ပြုခြင်းကို ရရှိတာနဲ့ နတ်ဘုရားသားရဲတွေ ချက်ချင်းဖြစ်လာမယ်ပေါ့။ သူတို့ကို သာမန်အကြိုနတ်ဘုရားသားရဲတွေက မယှဉ်နိုင်ပါဘူး။

"အားလုံးပဲ၊ ဂရုစိုက်ကြ။ ချပ်ဝတ်နဂါးသားရဲက ဒီနေရာမှာပဲ ရှိတာ"

ဘရာမာက ပြောပြီးချင်း သွေးရောင်ပင်လယ်ရေက ဖောင်းကြွလာပြီး ဧရာမနဂါးခေါင်းတစ်ခုက ထွက်ပေါ်လာတယ်။

ချပ်ဝတ်နဂါးသားရဲ၊ အသန်မာဆုံးအကြိုနတ်ဘုရားသားရဲတွေကတစ်ကောင်၊ သူ့ရဲ့နဂါးလက်သည်းတွေက တစ်ဝက်တစ်ပျက်သာလွန်သူတွေကို ချက်ချင်းသတ်ဖြတ်နိုင်ပြီး သူ့ရဲ့ချပ်ဝတ်ခံစစ်က တိုက်ခိုက်မှုအမျိုးမျိုးကို ခုခံနိုင်တယ်။ သူတို့အထဲမှာ အနည်းငယ်ကပဲ ခံစစ်ကို တစ်ကွက်တည်းနဲ့ ချိုးဖြတ်နိုင်တယ်၊ ဒါပေမယ့် ခံစစ်ကို ချိူးဖြတ်နိုင်ရုံမျှပဲနော်။

All Chapters