နတ်ဘုရားအဆင့်အင်းဆက်
Vol. 77 Ch. 1077
အပြာရင့်ရောင်သွေးတွေက နေရာတိုင်းကို ပက်ဖျန်းသွားတယ်။ ချပ်ဝတ်နဂါးသားရဲရဲ့ကြီးမားတဲ့ခန္ဓာကိုယ်က သွေးပင်လယ်ထဲသို့ ထိုးဆင်းသွားပြီး နောက်တစ်ကြိမ်မထွက်ပေါ်လာတော့ဘူး။
"ပြေးတာ မြန်လိုက်တာ"
သာလွန်သူတစ်ယောက်က နှာခေါင်းရှုံ့လိုက်တယ်။
"ဓားတာအိုက တိုက်ခိုက်ရေးစွမ်းအားအရ တကယ်ကို အံ့မခန်းပဲ။ ဓားတစ်ချက်က ချပ်ဝတ်နဂါးသားရဲရဲ့ခံစစ်ကို ချိုးဖြတ်နိုင်ခဲ့တာပဲ"
"မူလအဆုံးစွန်းဓားနတ်ဘုရားနဲ့ဆိုရင် ငါတို့တွေ နတ်ဘုရားသွေးပင်လယ်ထဲကို ပိုပြီးတော့ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နိုင်မှာပဲ"
ချပ်ဝတ်နဂါးသားရဲကို အဝေးသို့ မောင်းထုတ်ပြီးနောက် လူတိုင်းက အရမ်းကျေးဇူးတင်သွားတယ်။ အတိတ်မှာ သူတို့က ချပ်ဝတ်နဂါးသားရဲကို မောင်းထုတ်နိုင်ပေမယ့် သူတို့သုံးစွဲရတဲ့အချိန်က ဒီနေ့ထက် အဆများစွာပိုပါတယ်လေ။
"ဘရာမာ၊ မင်းရဲ့ခွင်းဝူစကြာဝဠာက ပါရမီရှင်တွေနဲ့ တကယ်ကို ပြည့်နေတာပဲ။ အရင်တုန်းက မင်း၊ အခု မူလအဆုံးစွန်းဓားနတ်ဘုရားပေါ့" အဖြူရောင်ဝတ်ရုံပေါ်မှာ ဦးခေါင်းခွံပုံပန်းထိုးထားတဲ့ခေါင်းဖြူအကြီးအကဲတစ်ယောက်က ဝိုင်တစ်ခွက်ငှဲ့လိုက်တယ်။ တစ်ငုံသောက်ပြီးနောက် သူက ဘရာမာကို ပြောလိုက်တယ်။
ဘရာမာက ပြောလိုက်တယ်"အရိုးသားဆုံးပြောရရင် မူလအဆုံးစွန်းဓားနတ်ဘုရားထွက်ပေါ်လာတာက မူမမှန်သလိုပဲ။ သူက အားကောင်းတဲ့နတ်ဘုရားတစ်ယောက်လားလို့တောင် ငါ သံသယရှိတယ်"
သန့်စင်ခြင်းတစ်ရာငွေလိပ်၊ သွေးရွှေငှက်၊ အသူတရာချောက်နက်ပင်လယ်မြွေ.......
နတ်ဘုရားသွေးပင်လယ်ရဲ့နက်ရှိုင်းမှုက လီဖူချန်းစိတ်ကူးထားတာထက် အဆများစွာပိုအန္တရာယ်ရှိတယ်။ ချပ်ဝတ်နဂါးသားရဲက ပြောင်မြောက်ပေမယ့် အမြဲတမ်း တစ်ကိုယ်တော်ပဲ လှုပ်ရှားတာ။ သန့်စင်ခြင်းတစ်ရာငွေလိပ်၊ သွေးရွှေငှက်နဲ့ အသူတရာချောက်နက်ပင်လယ်မြွေတို့က အုပ်စုဖွဲ့နေထိုင်တဲ့အကြိုနတ်ဘုရားသားရဲတွေ၊ ချပ်ဝတ်နဂါးသားရဲထက်တောင် အများကြီးပိုအန္တရာယ်ရှိတယ်။
"ဘယ်လိုလဲ။ မင်း ထိန်းထားနိုင်သေးလား" ဘရာမာက လီဖူချန်းထံ သတင်းပို့လိုက်တယ်။
လီဖူချန်းရဲ့တိုက်ခိုက်ရေးခွန်အားက ပြောင်မြောက်တယ်၊ ဒါပေမယ့် သွေးပင်လယ်နတ်ဘုရားက အလုံးစုံခွန်အားကို စမ်းသပ်တာ၊ တိုက်ခိုက်ရေးခွန်အားတစ်ခုတည်းမဟုတ်ပါဘူးလေ။
"အဆင်ပြေပါသေးတယ်"
လက်ရှိအချိန်မှာ လီဖူချန်းမှာ သူ့ရဲ့ဓားတာအိုခွန်အားကလွဲပြီး အခြားခွန်အားတွေကို မထုတ်ပြရသေးပါဘူး။
သာလွန်သူသုံးယောက်ပဲ အသက်ရှင်နိုင်မယ်ဆိုရင် သူလဲ တစ်ယောက်အပါအဝင်ဖြစ်မယ်ဆိုတာ လီဖူချန်းက ယုံကြည်တယ်။
တစ်ယောက်ပဲ အသက်ရှင်နိုင်မယ်ဆိုရင်လဲ သူပါပဲ။
ဒါပေမယ့် လက်ရှိအချိန်မှာ ခွန်အားတွေအများကြီးထုတ်ပြဖို့ မလိုပါဘူး။
"ကောင်းတယ်"
ဘရာမာက လီဖူချန်းကို ကြည့်တယ်၊ လီဖူချန်းက ခွန်အားတွေ အများကြီးမသုံးရသေးမှန်း သိလိုက်တယ်။ လီဖူချန်းမှာ အရန်ခွန်အားတွေ ရှိသေးမှန်း သိသာလှတယ်။
အဝေးမှ လူတိုင်းက ဧရာမကျွန်းတစ်ကျွန်းကို မြင်နိုင်တယ်။
"အားလုံးပဲ၊ ဂရုစိုက်ကြ" ခေါင်းကိုးလုံးခရီးသွားရဲ့သတိအပြည့်အမူအရာက ပျော်ရွှင်မှုအရိပ်အယောင်ဖြစ်ပေါ်လာတယ်။ အတိတ်မှာ ကျွန်းတစ်ကျွန်းကို တွေ့တိုင်း သူတို့က အကျိုးအမြတ်တစ်ချို့ရရှိခဲ့တယ်။ သူတို့က ဒီတစ်ခါမှာ နတ်ဘုရားကမ္ဘာသို့ သွားရာ လမ်းကြောင်းကို ရှာဖွေနိုင်ပါလိမ့်မယ်။
ကျွန်းကို နီးကပ်လာတယ်ထင်ရပေမယ့် တကယ်တော့ အဝေးကြီးဝေးပါသေးတယ်။ ရက်အနည်းငယ်အကြာပျံသန်းပြီးနောက် လူတိုင်းက ကျွန်းကို ရောက်ရှိလာတယ်။
ကျွန်းပေါ်မှာ အဆောက်အအုံတွေ အမြောက်အများရှိပြီး အဆောက်အအုံတွေရဲ့ပုံစံက နတ်ဘုရားစစ်မြေပြင်နဲ့ အလားသဏ္ဍာန်တူတယ်။
"မြန်မြန်လာကြ"
ရုတ်တရက် ဦးချိုရှစ်ခုနတ်ဘုရားရဲ့အသံက ထွက်ပေါ်လာတယ်။
ဒါကို ကြားပြီး လူတိုင်းက ဦးချိုရှစ်ခုနတ်ဘုရားရှိရာသို့ စုဝေးလာကြတယ်။
ဦးချိုရှစ်ခုနတ်ဘုရားရဲ့အရှေ့မှာ ဆဠဂံကျောက်တုံးစင်မြင့်တစ်ခုရှိတယ်။ ကျောက်တုံးစင်မြင့်ရဲ့ခြောက်ထောင့်စီမှာ ကျောက်တိုင်တစ်ခုရှိတယ်။ ကျောက်တိုင်းတွေကို တစ်ယောက်မှအဓိပ္ပါယ်မဖော်နိုင်တဲ့ဆန်းကြယ်တဲ့အင်းကွက်တွေနဲ့ထွင်းထုထားတယ်။ သူတို့မှာ နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေ ပါဝင်နေတာပဲ။
"ဒါ တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ပဲ" တစ်ဝက်တစ်ပျက်သာလွန်သူက အံ့အားသင့်စွာပြောလိုက်တယ်။
"ဒါက တည်နေရာရွှေ့ပြောင်းရေးစင်မြင့်တစ်ခုပဲ။ ကံဆိုးစွာနဲ့ ဒါက ပြီးပြည့်စုံခြင်းမရှိတာပဲ" ဘရာမာက ပူဆွေးဝမ်းနည်းတဲ့အမူအရာနဲ့ ပြောလိုက်တယ်။
ဆဠဂံကျောက်တုံးစင်မြင့်က ထောင့်တစ်ခု ပျောက်ဆုံးနေတယ်။ အလားတူစွာ၊ ကျောက်တိုင်တစ်ခုလဲ ပျောက်ဆုံးနေတာ။ အသက်မသွင်းနိုင်တော့ဘူးပေါ့။
အသက်ကို နက်ရှိုင်းစွာ တစ်ချက် ရှုရှိုက်ပြီးနောက် ခေါင်းကိုးလုံးခရီးသွားက ပြောလိုက်တယ်"အနည်းဆုံး ငါတို့က တစ်ခုခုကို ရှာတွေ့ခဲ့တာပဲလေ။ ဖြစ်နိုင်တာ ငါတို့တွေ နောက်ကျွန်းပေါ်မှာ ပြီးပြည့်စုံတဲ့တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ကို ရှာတွေ့နိုင်လောက်တယ်"
"ခေါင်းကိုးလုံးခရီးသွားပြောတာ မှန်တယ်။ အချိန်ဖြုန်းစရာမလိုဘူး၊ နောက်တစ်ကျွန်းကို ရှာကြရအောင်"
သာလွန်သူတွေထဲကတစ်ယောက်က စိတ်မရှည်စွာ ပြောလိုက်တယ်။
နတ်ဘုရားသွေးပင်လယ်က အဆုံးမဲ့ပြီး ဒုတိယမြောက်ကျွန်းကို ရှာဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဒါ့ပြင် သူတို့က နတ်ဘုရားသွေးပင်လယ်ထဲကို ဖြည်းဖြည်းချင်းပဲ ခရီးနှင်တယ်လေ၊ သေကြေပျက်ဆီးမှုတွေကို ရှောင်လွှဲလို့မရဘူးပေါ့။ နှစ်ရှစ်ရာကြာပြီးနောက် သာလွန်သူနဲ့တစ်ဝက်တစ်ပျက်သာလွန်သူဆယ်ယောက်ကျော်က ပျောက်ကွယ်သွားရတယ်။ သေကြေပျက်ဆီးမှုတွေ ဒီလောက်များတဲ့အကြောင်းရင်းကတော့ အရင်ဘယ်တုန်းကမှ မမြင်ခဲ့ဖူးတဲ့ တောင်ပံခြောက်ခုနဂါးမြွေနဲ့ ရင်ဆိုင်ခဲ့ရလို့ပဲ။
တောင်ပံခြောက်ခုနဂါးမြွေရဲ့ခွန်အားက ချပ်ဝတ်နဂါးသားရဲထက် အများကြီးပိုသန်မာတယ်။ တစ်ဝက်တစ်ပျက်သာလွန်သူတွေက အနီးကပ်သွားရင် အခြေခံအားဖြင့် သေဆုံးသွားရပါလိမ့်မယ်။ သာလွန်သူတစ်ယောက်တောင် တိုက်ခိုက်မှုအနည်းငယ်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ အားလုံးထဲမှာ ဘရာမာရဲ့အရှိန်ကသာ တောင်ပံခြောက်ခုနဂါးမြွေထက် ပိုမြန်တယ်။ ဒါပေမယ့် လီဖူချန်းက သူ့ရဲ့နေရာလပ်တာအိုကို ထုတ်ပြလိုက်ရင်တော့ တောင်ပံခြောက်ခုနဂါးမြွေထက် သာလွန်ပါတယ်၊ သို့ပေသိ ထုတ်ပြစရာမလိုဘူးလေ။
တောင်ပံခြောက်ခုနဂါးမြွေရဲ့ခံစစ်က ချပ်ဝတ်နဂါးသားရဲထက် နိမ့်ကျတာ ကံကောင်းသွားတယ်။ သို့မဟုတ်ရင် သေစေပျက်ဆီးမှုက အနည်းဆုံးနှစ်ဆဖြစ်လာလိမ့်မယ်။
"ခေါင်းကိုးလုံးခရီးသွား၊ ငါတို့ ဘာလို့ နောက်ပြန်မဆုတ်တာလဲ။ နောက်ပြန်ဆုတ်ကြရအောင်"
လူဆယ့်နှစ်ယောက်သေတယ်။ ကျန်ရှိနေတဲ့လူတွေအကြားမှာ အချို့က စတင်လက်လျှော့လာကြတယ်။
သာလွန်သူအဖွဲ့အစည်းထဲရှိလူတိုင်းက နတ်ဘုရားကမ္ဘာလမ်းကြောင်းကို ရှာတွေ့ဖို့အတွက် အလျင်မလိုပါဘူး။ နှစ်ပေါင်းမရေမတွက်များစွာအသက်ရှင်သန်လာတဲ့ခေါင်းကိုးလုံးနဂါးနဲ့ဘရာမာက နတ်ဘုရားကမ္ဘာကို ဦးတည်ဖို့ အလျင်လိုနေတာ။
ခေါင်းကိုးလုံးခရီးသွားရဲ့မျက်လုံးတွေက အေးစက်သွားတယ်"မင်းတို့ကောင်တွေ လမ်းတစ်ဝက်ရောက်ပြီးဆိုရင် အမြဲတမ်း အရှုံးပေးလိုက်တာပဲ၊ အဲဒါ အချိန်ဖြုန်းတာကွ။ ငါတို့တွေ နည်းနည်းလေးဆက်သွားလိုက်ရင် နတ်ဘုရားကမ္ဘာလမ်းကြောင်းကို ရှာတွေ့နိုင်မယ်လို့ မင်းတို့တွေ မတွေးထားခဲ့ကြဘူးလား"
သူ ရှင်သန်ရတာကြာလွန်းလို့ မောပန်းနေပါပြီ။ သူက ဘဝအသစ်ကို အမြန်စချင်နေမိတယ်။
"ဒါပေမယ့် ငါတို့ရဲ့အသက်ကိုလဲ မစွန့်စားနိုင်ဘူး။ ငါတို့အသက်မရှိတော့ရင် နတ်ဘုရားကမ္ဘာလမ်းကြောင်းကို ရှာတွေ့တော့ရော ဘာထူးမှာလဲ"
"ဟုတ်တယ်၊ မင်းက အသက်ရှင်လာတာ ကြာပြီလေ ၊ ဒါပေမယ့် ငါတို့က မဟုတ်ဘူး"
သူတို့ရဲ့အဖိုးတန်အသက်လေးတွေပါဝင်နေမှတော့ လူများစွာက ခေါင်းကိုးလုံးခရီးသွားကို ဆန့်ကျင်လာပြီးပေါ့။
"ခေါင်းကိုးလုံးခရီးသွား၊ ထားလိုက်တော့။ နတ်ဘုရားသွေးပင်လယ်က ကြီးလွန်းတယ်၊ အလျင်လိုစရာမလိုဘူး" နတ်ဘုရားသွေးပင်လယ်ကို ဆက်လက်ခရီးနှင်ဖို့ ဘရာမာက လက်မခံပါဘူး။ သူ့ရဲ့အသက်ကိုတော့ မစိုးရိမ်ပေမယ့် လူအများကြီးသေသွားမှာကိုတော့ စိုးရိမ်မိတယ်၊ အဲလိုဆိုရင် သူတို့ရဲ့အရေအတွက်ကို ပြန်ဖြည့်ဖို့ နှစ်များစွာစောင့်နေရအုံးမယ်။
အဆုံးမှာ ခေါင်းကိုးလုံးခရီးသွားက အလျှော့ပေးလိုက်တယ်။ သူတို့က နတ်ဘုရားသွေးပင်လယ်မှ ပြန်လည်ထွက်ခွာသွားတော့တယ်။
…
အချိန်တွေ ကုန်ဆုံးလာနေတယ်၊ နတ်ဘုရားကမ္ဘာဥပဒေသရဲ့အလင်းအောက်မှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ပြောင်းလဲလာနေတယ်။
သူ့ရဲ့နတ်ဘုရားစိတ်တိညာဉ်က အပြည့်အဝနီသွားတာနဲ့ ကိစ္စတွေကို ပြောင်းလဲဖို့ အခွင့်အရေးတစ်ခုရှိလာမယ်လို့ လီဖူချန်းက ကြိုတင်သိနေတယ်။
ငြိမ်းချမ်းတဲ့နေ့ရက်တွေက မကြာခဲ့ပါဘူး။ ခွင်းဝူစကြာဝဠာရှိ နံပါတ်၁အန္တရာယ်နယ်မြေဖြစ်တဲ့အင်းဆက်နတ်ဘုရားစစ်မြေပြင်မှ အင်းဆက်တွေက ထွက်လာတယ်။ သူတို့အထဲမှာ အကြိုနတ်ဘုရားအင်းဆက်တွေများစွာရှိတယ်။
အလွန်ကြမ်းတမ်းရက်စက်တဲ့အင်းဆက်တွေနဲ့ရင်ဆိုင်ရတဲ့အခါ မျိုးနွယ်စုတွေက အဆက်မပြတ်ပြန်ဆုတ်နေရပြီး တွန်လှန်ဖို့ ခွန်အားတစ်ခုတစ်လေတောင် မရှိဘူး။
…
ထာဝရအလင်းကြယ်ပိုင်နက်မှာ ကြယ်တွေက ပေါက်ကွဲထွက်နေတယ်။ ကြယ်ကောင်းကင်မှာ သတ်ဖြတ်ခြင်းပြကွက်တွေက နေရာတိုင်းမှာရှိနေလေရဲ့။
ဒီအင်းဆက်တွေက ကြောက်စရာကောင်းလွန်းတယ်။ သူတို့မှာ အလွန်မာကျောတဲ့ခန္ဓာကိုယ်ရှိသလို ဖျက်ဆီးခြင်းအက်စစ်တွေကိုလဲ လျှို့ဝှက်ထားတယ်။
"ပြန်ဆုတ်"
အကြိုနတ်ဘုရားအင်းဆက်ခြောက်ကောင်နဲ့တိုက်ခိုက်နေတဲ့ရန်ချင်းဟူက အံ့ကြိတ်ကာ ပြန်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။
အင်းဆက်နတ်ဘုရားစစ်မြေပြင်မှာ အန္တိမအင်းဆက်အသိုက်တစ်ခုရှိမယ်လို့ သူမက သံသယရှိတယ်။ သို့မဟုတ်ရင် အကြိုနတ်ဘုရားအင်းဆက်တွေ ဒီလောက်များနေမှာမဟုတ်ဘူး။
မျိုးနွယ်စုတွေ နောက်ဆုတ်နေစဉ်မှာပဲ ဓားအလင်းတန်းတစ်ခုက ဟင်းလင်းပြင်မှ ထွက်ပေါ်လာတယ်။ ၎င်းဖြတ်သန်းသွားတဲ့အခါတိုင်း အကြိုနတ်ဘုရားအဆင့်အင်းဆက်တွေကို ထက်ဝက်ပိုင်းသွားတယ်။ မျက်စိတစ်မှိတ်အတွင်း အင်းဆက်နတ်ဘုရားစစ်မြေပြင်မှထွက်ပေါ်လာတဲ့အကြိုနတ်ဘုရားအဆင့်အင်းဆက်တွေအားလုံးကို သတ်ဖြတ်သွားတော့တယ်။
"ဒါ မူလအဆုံးစွန်းဓားနတ်ဘုရားပဲ"
"မူလအဆုံးစွန်းဓားနတ်ဘုရားရှိနေမှတော့ အင်းဆက်ဆိုတာ ဘာအရေးလဲ"
လူတိုင်းက ပျော်ရွှင်သွားကြတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း သူတို့ကို အင်းဆက်တွေက ဖိနှိပ်ထားခဲ့ပေမယ့် သူတို့က လုံးဝမစိုးရိမ်တော့ဘူး။ မူမအဆုံးစွန်းဓားနတ်ဘုရားရှိမှတော့ ဘာပူစရာရှိလို့လဲ။
"ဒီအင်းဆက်နတ်ဘုရားစစ်မြေပြင်က မရိုးရှင်းဘူး" ရန်ချင်းဟူက လီဖူချန်းရဲ့ဘေးနားသို့ ပျံသန်းလာတယ်။
လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"အခုက အင်းဆက်နတ်ဘုရားစစ်မြေပြင်ကို ရှာဖွေဖော်ထုတ်ဖို့အချိန်ပဲ"
အတိတ်မှာ သူက အင်းဆက်နတ်ဘုရားစစ်မြေပြင်ကို မရှာဖွေခဲ့ဘူး၊ အဲနေရာက အလွန်အန္တရာယ်များပြီး နတ်ဘုရားမျိုးနွယ်ထက်တောင် ပိုတယ်လို့ သူ့ရဲ့မသိစိတ်က သူ့ကို ပြောပြနေခဲ့တယ်လေ။ လက်ရှိမှာ သူ့ခွန်အားက အကြိုနတ်ဘုရားနယ်ပယ်ရဲ့အဆုံးစွန်းကို ရောက်ရှိထားပြီ။ အင်းဆက်နတ်ဘုရားစစ်မြေပြင်မှာ နတ်ဘုရားအဆင့်အင်းဆက်တွေမရှိရင် အန္တရာယ်သိပ်မများပါဘူး။
"ဂရုစိုက်"
"ငါ သိတယ်"
လျှပ်တစ်ပြက်လက်သွားပြီး လီဖူချန်းက အင်းဆက်နတ်ဘုရားစစ်မြေပြင်ကို ရောက်ရှိလာတယ်။
အင်းဆက်နတ်ဘုရားစစ်မြေပြင်မှာ အင်းဆက်တွေက ကျိုင်းကောင်တွေပမာ အဆုံးမဲ့တည်ရှိနေတယ်။ အင်းဆက်နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းထဲမှာ ကြီးမားတဲ့အင်းဆက်အသိုက်တစ်ခုက လွင့်မျောနေတယ်။ အင်းဆက်မရေမတွက်များစွာကို မွေးမြူနေပြီး အကြိုနတ်ဘုရားအင်းဆက်တွေ ကင်းမဲ့နေခြင်းမရှိဘူး။
ဒါက အန္တိမအဆင့်အင်းဆက်အုံ၊ ခွင်းဝူစကြာဝဠာမှာ ထွက်ပေါ်လာတဲ့အဆင့်မြင့်ဆုံးအင်းဆက်အုံလို့ လီဖူချန်းက ခန့်မှန်းခဲ့တယ်။
"သတ်"
လီဖူချန်းထွက်ပေါ်လာမှုက အကြိုနတ်ဘုရားအင်းဆက်အနည်းငယ်ကို ဆွဲဆောင်ခဲ့တယ်။
ဝှစ်........
ဓားအလင်းတစ်ခုလက်သွားတယ်။ အန္တိမအင်းဆက်အုံအပါအဝင် အင်းဆက်တွေအကုန်လုံးက ပြာအဖြစ်ပြောင်းသွားကာ လုံးဝသုတ်သင်ခံလိုက်ရတော့တယ်။
"အင်းဆက်နတ်ဘုရားစစ်မြေပြင်နဲ့ပတ်သက်ပြီး ဘယ်လောက်တောင် ဆန်းကြယ်သလဲ ငါ မြင်ချင်တယ်"
လီဖူချန်းက အင်းဆက်နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းထဲသို့ ဝင်ရောက်ခဲ့တယ်။
"ဒါက"
မကြာမီမှာပဲ လီဖူချန်းက အင်းဆက်နတ်ဘုရားစစ်မြေပြင်ရဲ့အဆုံးကို ရောက်ရှိလာခဲ့တယ်။
နတ်ဘုရားစစ်မြေပြင်ရဲ့အဆုံးမှာ ပလိန်းထက်တောင်ကြီးမားတဲ့အပေါက်တစ်ခုရှိတယ်။ ကြောက်စရာကောင်းတဲ့ဥပဒေသတွေက အပေါက်မှ ဖြာထွက်လာနေတယ်။
"အပေါက်က စကြာဝဠာရဲ့အပြင်ဘက်နဲ့ ချိတ်ဆက်ထားတာလား"
လီဖူချန်းက မျက်လုံးကျုံ့လိုက်တယ်။
အသက်တစ်ချက်ရှုသွင်းပြီးနောက် လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဥ်စွမ်းအားကို ထုတ်လွှတ်လိုက်တယ်။
အပေါက်ကိုထိန်းသိမ်းထားတဲ့ဥပဒေသစွမ်းအားက အလွန်အားကောင်းတယ်။ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနက်ရောင်ကို ပြောင်းခါနီးပေမယ့် အနည်းငယ်ရုန်းကန်နေရပါသေးတယ်။
အချိန်ဘယ်လောက်ကြာသလဲတောင် မသိဘူး၊ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အပေါက်ကို နောက်ဆုံးမှာ ကျော်ဖြတ်သွားခဲ့ပြီး အပေါက်ရဲ့အခြားတစ်ဖက်အစွန်းကို ရောက်ရှိလာတယ်။
အဆုံးမဲ့အမှောင်ထုကမ္ဘာက စီးဆင်းနေတဲ့အနက်ရောင်အရည်နဲ့တူတယ်။ အနက်ရောင်အရည်အထဲမှာ လှုပ်ရှားမှုကင်းမဲ့ပြီးကြည်လင်တဲ့ပူဖောင်းတွေရှိတယ်။
"ဒါ စကြာဝဠာတွေကြားနယ်မြေပဲ"
လီဖူချန်းက နားလည်ခဲ့တယ်။
ရုတ်တရက် အရိပ်တစ်ခုက သူ့ရှေ့မှာ လက်သွားတယ်။ လီဖူချန်းက နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ဆန့်ထုတ်လိုက်တယ်။
အရိပ်က အင်းဆက်တစ်ကောင်ရဲ့ခြေထောက်ဖြစ်တယ်။ သူက ကြည့်လိုက်ရာ လေပူဖောင်းသိန်းကျော်ထဲမှာပိတ်ဖုံးထားတဲ့အနက်ရောင်အင်းဆက်တစ်ကောင်ကို မြင်လိုက်ရတယ်။ ၎င်းက ပင့်ကူအိမ်တစ်ခုကို ရက်လုပ်နေပြီး ပင့်ကူအိမ်အမျှင်တွေထဲကတစ်ခုက ခွင်းဝူစကြာဝဠာကိုညကိုယ်စားပြုတဲ့ပူဖောင်းနဲ့ ချိတ်ဆက်ထားတယ်။ ထိုအပေါက်ကို ပင့်ကူအိမ်ဥပဒေသရဲ့တိုက်စားခြင်းစွမ်းအားက ဖြစ်ပေါ်စေခဲ့တာပဲ။
"ဒါ နတ်ဘုရားအဆင့်အင်းဆက်တစ်ကောင်ပဲ"
သူဘယ်လောက်ပဲ ရူးသွပ်နေပါစေ၊ ဒီအင်းဆက်က အစစ်အမှန်နတ်ဘုရားတစ်ယောက်ဆိုတာ လီဖူချန်းက သိတယ်။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက သိသာပေါ်လွင်ပြီး အနက်ရောင်အင်းဆက်က လီဖူချန်းကို ချက်ချင်းသတိပြုမိလိုက်တယ်။
အနက်ရောင်အင်းဆက်ရဲ့ဝမ်းဗိုက်ပေါ်ရှိမျက်လုံးတစ်ရာက ကြည့်လိုက်တဲ့အခါ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဆူပွက်နေတဲ့ရေထဲမှာ ကျသွားသလို ခံစားရပြီး လောင်ကျွမ်းနားကျင်နေတယ်။
"မကောင်းတော့ဘူး"
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ခွင်းဝူစကြာဝဠာထဲသို့ လျင်မြန်စွာ ပြန်ဆုတ်လာခဲ့တယ်။
"သေမျိုးကမ္ဘာမှာ နတ်ဘုရားတစ်ယောက်က ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာရတာလဲ"
အနက်ရောင်အင်းဆက်ရဲ့အသံက အမှောင်ထုထဲမှာ ပဲ့တင်ထပ်သွားတယ်။
"ထားလိုက်တော့၊ သေမျိုးကမ္ဘာမှာ နတ်ဘုရားတစ်ယောက်ရှိနေမှတော့ ငါ ဒီသေမျိုးကမ္ဘာကို လက်လျှော့လိုက်တော့မယ်"
ခွင်းဝူစကြာဝဠာနဲ့ချိတ်ဆက်ထားတဲ့ပင့်ကူအိမ်က ပျက်ဆီးသွားတယ်။ မကြာမီမှာ အပေါက်က ဖြည်းဖြည်းချင်း ပြန်ကောင်းလာတယ်။
"အပေါက်က ပိတ်သွားပြီးတဲ့လား။ ငါ့ကို နတ်ဘုရားတစ်ယောက်လို့ အထင်မှားသွားတာများလား" အင်းဆက်နတ်ဘုရားစစ်မြေပြင်ရဲ့အဆုံးမှာ အလွန်ထူးဆန်းတယ်လို့ လီဖူချန်းက ခံစားရတယ်။