နတ်ဘုရားကျောက်တုံး
Vol. 77 Ch. 1079
နတ်ဘုရားစစ်မြေပြင်မြို့ကိုးမြို့ကို လှည့်ပတ်ပြီးနောက် လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးဆယ့်သုံးစုံကို ရရှိခဲ့တယ်။ သူတို့အထဲမှာ အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ့်နှစ်စုံနဲ့ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနှစ်ဆယ့်တစ်စုံပါဝင်တယ်။
အခြားသူတွေ မသိနိုင်ပေမယ့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံက အကြိုနတ်ဘုရားတစ်ယောက်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို အသိအမှတ်ပြုနိုင်တယ်ဆိုတာ လီဖူချန်းက ရှင်းရှင်းလင်းလင်းသိတယ်။ ဒါပေမယ့် ကြိုတင်သိထားရမှာကတော့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရွေးချယ်တဲ့အဆင့်က အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံထက် ပိုမမြင့်နိုင်ပါဘူး။
ဥပမာအားဖြင့် မင်းရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး မင်းရဲ့အကြိုနတ်ဘုရားစွမ်းအားက အထွတ်အထိပ်အကြိုနတ်ဘုရားစွမ်းအားဆိုရင် မင်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရဲ့အသိအမှတ်ပြုခြင်းကို လက်ခံရလိမ့်မှာမဟုတ်ဘူး။ မင်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရဲ့အသိအမှတ်ပြုခြင်းကိုသာ လက်ခံရလိမ့်မယ်။
ဒါပေမယ့် ကြိုတင်သိထားရမှာတော့ တစ်စုံက ပြီးပြည့်စုံရပါမယ်။
အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသုံးဆယ်သုံးစုံက ဓားဂိုဏ်းကို လက်နက်မျိုးစုံတပ်ဆင်ပေးဖို့ လုံလောက်တယ်။ ဒီလိုပြုလုပ်တာက ခွင်းဝူစကြာဝဠာနဲ့နတ်ဘုရားစစ်မြေပြင်တစ်ခုလုံးရဲ့ဟန်ချက်ကို ဖျက်ဆီးနိုင်ပေမယ့် လီဖူချန်းက စိတ်မဝင်စားပါဘူး။ သူ့မှာ စွမ်းရည်ရှိရင် သူ့ဘေးနားရှိလူတွေကိုပဲ ဦးစားပေးမှာပါ။
အရိုးသားဆုံးပြောရရင် လီဖူချန်းက နတ်ဘုရားမျိုးနွယ်ဘိုးဘေးကို မနှစ်သက်ပါဘူး။ နတ်ဘုရားမျိုးနွယ်ဘိုးဘေးက သူ့လိုပဲ တူညီတဲ့အတွေးရှိရမယ်။ နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် သူက သူ့သွေးမျိုးဆက်နဲ့ကလန်သားတွေကို ဂရုစိုက်ရမယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲကို ဘယ်သူ သိမှာလဲ။
ဓားဂိုဏ်းက စကြာဝဠာတစ်ခုလုံးရဲ့ဘုံရန်သူဖြစ်လာရင် အဲဒါက ဓားဂိုဏ်းရဲ့ကံကြမ္မာပါပဲ၊ လီဖူချန်းရဲ့မူလရည်ရွယ်ချက်မဟုတ်ပါဘူး။
အခု ဓားဂိုဏ်းမှာ ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားသုံးဆယ့်သုံးယောက်ရှိလာပါပြီ။
ခွန်အားအရ ရန်ချင်းဟူက အသန်မာဆုံးဖြစ်နေတုန်းပဲ။
စကြာဝဠာစိတ်ဝိညာဉ်ဘောလုံးနဲ့ဆိုရင် ရန်ချင်းဟူရဲ့ဓားမော့တာအိုက နောက်ဆုံးမှာ အလုံးစုံတတ်သိနားလည်ခြင်းအဆင့်ကို ရောက်ရှိလာပါပြီ။ သူမရဲ့ခွန်အားက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ထက် အနည်းငယ်သာ နိမ့်ကျတယ်။ ဒါ့ပြင် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က နတ်ဘုရားစစ်မြေပြင်ရဲ့အကြီးအကဲတွေအကြားမှာ ထိပ်တန်းအဆင့်ရှိတယ်လို့ ဆိုနိုင်တယ်။
"အခုက နတ်ဘုရားသွေးပင်လယ်ကို နောက်ထပ်သွားလာဖို့အချိန်ပဲ"
ဒီတစ်ခါမှာတော့ လီဖူချန်းက ထိုနေရာကို တစ်ယောက်တည်းသွားဖို့ စီစဉ်ထားတယ်။ လူတွေပိုများခြင်းက သူ့အတွက် ဝန်ထုတ်ဝန်ပိုးတစ်ခုမျှပါပဲ။
…
နတ်ဘုရားသွေးပင်လယ်။
၎င်းက အဆုံးမဲ့ဖြစ်တယ်။
ကြက်သွေးရောင်အလင်းတန်းတစ်ခုက နတ်ဘုရားသွေးပင်လယ်အထက်မှာ လှုပ်ရှားနေတယ်။
အုန်း......
ကြိီးမားတဲ့ပုံရိပ်တစ်ခုက ပင်လယ်မှ ထွက်လာပြီး ကြက်သွေးရောင်အလင်းကို တိုက်ခိုက်လိုက်တယ်။
ကြီးမားတဲ့ပုံရိပ်က ချပ်ဝတ်နဂါးသားရဲဖြစ်တယ်။ ခံစစ်အရ ချပ်ဝတ်နဂါးသားရဲက နတ်ဘုရားသွေးပင်လယ်ရှိအကြိုနတ်ဘုရားသားရဲတွေထဲမှာ ထိပ်ဆုံးသုံးယောက်ထဲဝင်တယ်။
"အချိန်ကျပြီးပေါ့"
လီဖူချန်းက ပြုံးကာ ချပ်ဝတ်နဂါးသားရဲထံ လက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။
ဝုန်း......
ဒီလက်သီးက သာမန်ပါပဲ၊ မီးပွားအချို့သာ လက်သီးမှ ပျံသန်းထွက်လာတယ်။
ဒါပေမယ့် လက်သီးထိမှန်သွားတဲ့ချပ်ဝတ်နဂါးသားရဲကတော့ ထိမှန်တဲ့နေရာကနေ လျင်မြန်စွာ စတင်လောင်ကျွမ်းလာတယ်။ မဖျက်ဆီးနိုင်တဲ့ချပ်ဝတ်က လက်သီးစွမ်းအားရဲ့တိုက်စားမှုကို မရင်ဆိုင်နိုင်ခဲ့ဘူး။
ဟိန်းသံ......
.
ချပ်ဝတ်နဂါးသားရဲက ကောင်းကင်သို့ ဟိန်းဟောက်လိုက်တယ်။ သူ့ခန္ဓာကိုယ်တစ်ဝက်က ပြာကျသွားတယ်။ မီးပွားတွေက နတ်ဘုရားသွေးပင်လယ်အထက်ကောင်းကင်မှာ ကခုန်နေတော့တယ်။
"ပထမတန်းစားအဆင့်ကိုးပိုင်းတစ်စုံဆိုတဲ့အတိုင်းပဲ။ ဒါက အထွတ်အထိပ်အဆင့်ကိုးပိုင်းတစ်စုံဆိုရင် နတ်ဘုရားတစ်ယောက်နဲ့ တိုက်ခိုက်နိုင်လိမ့်မယ်"
အထွတ်အထိပ်အဆင့်ကိုးပိုင်းတစ်စုံရှိတာ အခြားတစ်ယောက်ဆိုရင် သူတို့က နတ်ဘုရားတစ်ယောက်အတွက် ပြိုင်ဘက်ဖြစ်လိမ့်မှာမဟုတ်ဘူး။ ဒါပေမယ့် လီဖူချန်းက မတူပါဘူး။
ကြက်သွေးရောင်မီးလျှံတစ်စုံနဲ့ နတ်ဘုရားသွေးပင်လယ်ထဲမှာ လီဖူချန်းကို ရပ်တန့်နိုင်သူမရှိပါဘူး။ တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲတွေက သူ့ရဲ့လက်သီးတစ်ချက်ကိုတောင် မရင်ဆိုင်နိုင်ပါဘူး။
စိတ်မကောင်းစွာနဲ့ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားထိမှန်ခဲ့တဲ့အကြိုနတ်ဘုရားသားရဲတွေအားလုံးက ပြာကျသွားခဲ့တာပဲ။ ဒါက တကယ်ကို နှမျောစရာပါပဲ။
အဝေးမှ လီဖူချန်းက ကျွန်းတစ်ကျွန်း၊ ဆန်းကြယ်တဲ့ကျွန်းတစ်ကျွန်းကို မြင်လိုက်ရတယ်။
လီဖူချန်းက မြို့တစ်မြို့ရဲ့အရိပ်အယောင်ကို ရေးတေးတေးမြင်နိုင်တယ်။
ထင်ထားသလိုပဲ၊ လီဖူချန်းက ကျွန်းကို ရောက်ရှိလာပြီး ကျွန်းရဲ့အနောက်မြောက်ပိုင်းမှာ မြို့တစ်မြို့ကို တွေ့ရှိခဲ့တယ်။
ဒါပေမယ့် ဒီမြို့က စွန့်ပစ်ထားတာပဲ။ မြို့နံရံတွေက ပျက်ဆီးနေတယ်၊ အစီအရင်တွေကလဲ သုံးမရဖြစ်နေတယ်။
လီဖူချန်းက မြို့ရဲ့အနောက်မြောက်ပိုင်းရှိကုန်းမြေတစ်ခုမှာ တည်နေရာရွှေ့ပြောင်းရေးစင်မြင့်တစ်ခုကို တွေ့လိုက်ရတယ်။
ဒီတည်နေရာရွှေ့ပြောင်းရေးစင်မြင့်က ထိခိုက်ပျက်ဆီးမှုမရှိဘဲ အလင်းတွေက မှိန်ဖျော့ဖျော့တောက်ပနေတယ်။
လီဖူချန်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေကို ထည့်သွင်းလိုက်တယ်။
အသက်ရှုချိန်အနည်းငယ်ကြာခဲ့တယ်၊ တည်နေရာရွှေ့ပြောင်းရေးစင််မြင့်က မတုံ့ပြန်ခဲ့ဘူး။
"စွမ်းအင်မလုံလောက်တာလား"
လီဖူချန်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးအားလုံးကို ပစ်ထည့်လိုက်တယ်။
ဒါပေမယ့် တည်နေရာရွှေ့ပြောင်းရေးစင်မြင့်က မတုံ့ပြန်လာသေးပါဘူး။
လီဖူချန်းက တစ်ခုခုကို တွေးမိပြီး ခါးသီးစွာ ပြုံးလိုက်ချေတယ်"နတ်ဘုရားစစ်မြေပြင်ရှိမြို့တွေက နတ်ဘုရားမြို့တွေပဲ။ ဒါက နတ်ဘုရားမျိုးဖြစ်တာကြောင့် အကြိုနတ်ဘုရားကျောက်တုံးတွေက အစီအရင်ကို ဘယ်အသက်သွင်းနိုင်ပါ့မလဲ။ ငါ နတ်ဘုရားကျောက်တုံးတွေ လိုအပ်တယ်"
ဘရာမာထံမှ ခေါင်းကိုးလုံးခရီးသွားမှာ နတ်ဘုရားကျောက်တုံးတစ်တုံးရှိတာကို လီဖူချန်းက သိခဲ့တယ်၊ ဒါပေမယ့် တစ်တုံးလောက်က တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ကို အသက်သွင်းဖို့ လုံလောက်မနေဘူး။
နတ်ဘုရားကျောက်တုံးတွေရရှိဖို့ဆိုရင် နည်းလမ်းတစ်ခုသာ ရှိတယ်။ နတ်ဘုရားအလောင်းရဲ့စွမ်းပကားကို ခုခံဖို့နဲ့ နတ်ဘုရားရဲ့လက်ချောင်းမှ နေရာလပ်လက်စွပ်ကို ယူဖို့။ နတ်ဘုရားအလောင်းရဲ့နေရလပ်လက်စွပ်ထဲမှာတော့ နတ်ဘုရားကျောက်တုံးတွေ ကျိန်းသေပေါက်ရှိမှာပဲလေ။
ဒါပေမယ့် နတ်ဘုရားအလောင်းရဲ့စွမ်းပကားကို ခုခံဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး။
တကယ်တော့ ကောင်းကင်ဘုံတက်ရတာထက်တောင် ပိုခက်ခဲတယ်။
နတ်ဘုရားတစ်ယောက်က နှစ်ပေါင်းမရေမတွက်များစွာ သေဆုံးခဲ့ရင်တောင် အရိုးထဲမှာ နတ်ဘုရားစွမ်းအားအရိပ်အငွေ့တစ်ခု ကျန်ရှိနေသေးတယ်။ ဒီနတ်ဘုရားစွမ်းအားအရိပ်အငွေ့ကထုတ်လွှတ်တဲ့စွမ်းပကားက ဘယ်လိုအကြိုနတ်ဘုရားကိုမဆို ရိုက်နှက်ဖို့ လုံလောက်တယ်။
"အရင်စမ်းကြည့်လိုက်အုံးမယ်လေ"
ဒီကျွန်းပေါ်မှာ နေရာလပ်-အချိန်အမှတ်အသားတစ်ခုကို ချန်ထားပြီးနောက် ပြန်လှည့်လာခဲ့တယ်။
…
နတ်ဘုရားစစ်မြေပြင်ရဲ့ကျွန်းတစ်ကျွန်းပေါ်မှာ နတ်ဘုရားအလောင်းတစ်ပိုင်းက လေထဲမှာ ထွက်ပေါ်နေတယ်။ လီဖူချန်းက အလေးအနက်ထားလျက် ဖြည်းဖြည်းချင်း ချဉ်းကပ်သွားတယ်။
နတ်ဘုရားအလောင်းရဲ့စွမ်းပကားက လီဖူချန်းစိတ်ကူးထားတာထက် ပိုကြောက်စရာကောင်းတယ်။ သူက ချဉ်းကပ်လာရင်း လီဖူချန်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက လျင်မြန်စွာ လျော့ကျလာတယ်။
ဒီအရှိန်နှုန်းနဲ့ဆိုရင် နတ်ဘုရားလက်ချောင်းအရိုးမှနေရာလပ်လက်စွပ်ကို ရဖို့မပြောနဲ့၊ နတ်ဘုရားအလောင်းကိုတောင် ရရှိမှာမဟုတ်ဘူး။
"ဒီလိုလုပ်လို့မရဘူး၊ ဒီနတ်ဘုရားအလောင်းရဲ့စွမ်းပကားက အားကောင်းလွန်းတယ်"
လီဖူချန်းက သူ့ပစ်မှတ်ကို လက်လျော့လိုက်တယ်။
ထပ်ခါတလဲလဲကြိုးပမ်းပြီးနောက် နတ်ဘုရားတွေရဲ့အဆင့်က အလွန်တင်းကြပ်တယ်ဆိုတာ လီဖူချန်းက တဖြည်းဖြည်းနားလည်လာတယ်။
သူက မိုင်တစ်ရာအကွာမှာရှိရင်တောင် လီဖူချန်းက အသန်မာဆုံးနတ်ဘုရားအလောင်းထံ ကပ်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုနတ်ဘုရားအလောင်းက နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းထဲမှာဒါမှမဟုတ်အလွန်အမင်းအန္တရာယ်များတဲ့နေရာတွေမှာပဲ ပုံမှန်အားဖြင့် တည်ရှိတယ်။
သူက ဆယ်မိုင်အကွာမှာ ရှိရင်တောင် လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားအလောင်းနားကို ကပ်နိုင်မှာမဟုတ်ဘူး။
နောက်တစ်ခါမှာ လီဖူချန်းက ကပ်နိုင်ရုံမျှပဲ။
လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားအလောင်းရဲ့ဆယ်မီတာဒါမှမဟုတ်မီတာအနည်းငယ်အတွင်း ရောက်ရှိလာနိုင်မယ်။
လီဖူချန်းရဲ့ပစ်မှတ်က အဆင့်နိမ့်နတ်ဘုရားအလောင်းဖြစ်တယ်။
ဒါပေမယ့် အဆင့်နိမ့်နတ်ဘုရားအလောင်းက အရှားပါးဆုံးဖြစ်တယ်။ လီဖူချန်းက ရံဖန်ရံခါမှာ ထိတွေ့တော့မလို ဖြစ်ပေမယ့် သူက ထိတွေ့ဖို့ ခြေတစ်လှမ်းအမြဲကွာဟနေတယ်။
ဆယ်မီတာ။
ရှစ်မီတာ။
ငါးမီတာ။
သုံးမီတာ။
ပိုနီးကပ်လာတယ်၊ ပိုနီးကပ်လာတယ်.......
လီဖူချန်းက ပျော်ရွှင်ခြင်းအရိပ်အငွေ့တစ်ခုကို ထုတ်ပြလိုက်တယ်။ လက်ရှိမှာ သူက နတ်ဘုရားအလောင်းနဲ့ ခြေတစ်လှမ်းပဲ ကွာဝေးတော့တယ်။ သူ့ရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက တစ်ဆယ်ရာခိုင်နှုန်းအောက်သာ ကျန်တော့တယ်။
နတ်ဘုရားအလောင်းက ကြီးမားပြီး လက်ဝါးက လီဖူချန်းရဲ့ခန္ဓာကိုယ်ထက် အဆများစွာပိုကြီးမားတယ်။
လက်ချောင်းအရိုးတစ်ခုအပေါ်မှာ ဧရာမနေရာလပ်လက်စွပ်တစ်ကွင်းရှိတယ်။
"လာစမ်း"
မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို အကန့်အသတ်အထိ တွန်းပို့လျက် လီဖူချန်းက နေရာလပ်လက်စွပ်ကို ရုတ်တရက် ဆွဲလိုက်တယ်။
နတ်ဘုရားအလောင်းမှ ထုတ်လွှတ်နေတဲ့ ပိုသန်မာတဲ့စွမ်းပကားကြောင့် ဖြစ်နိုင်တယ်၊ လီဖူချန်းရဲ့မီးတာအိုအကြိနတ်ဘုရားစွမ်းအားကို အဆများစွာ လျော့ကျလာစေတယ်။
လီဖူချန်းက သေချာတဲ့အကွာအဝေးတစ်ခုအထိ ပြန်ဆုတ်ထားတာ ကံကောင်းသွားတယ်။
"ဒါ နတ်ဘုရားတစ်ယောက်ရဲ့နေရာလပ်လက်စွပ်လား"
လီဖူချန်းက နေရာလက်လပ်စွပ်ကို မသန့်စင်ရသေးဘူး၊ ဒါကြောင့် လက်စွပ်က ၎င်းရဲ့မူလအရွယ်အစားတည်ရှိနေလျက်ပါပဲ။
ပထမ၊ လီဖူချန်းက မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို နေရာလပ်လက်စွပ်ထဲသို့ ထည့်သွင်းလိုက်တယ်။
နေရာလက်လက်စွပ်မှ တုံ့ပြန်လာခြင်းမရှိဘူး။
နောက်အခိုက်မှာ လီဖူချန်းက သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို ထည့်သွင်းလိုက်တယ်။
ဝှစ်.....
နေရာလပ်လက်စွပ်မှ ထွန်းတောက်တဲ့အလင်းတစ်ခုကို ထုတ်လွှတ်နေပြီး ပုံရိပ်ယောင်နေရာလပ်ဇုန်တစ်ခုက လီဖူချန်းရဲ့မြင်ကွင်းထဲမှာ ထွက်ပေါ်လာတယ်။
"နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားရှိတဲ့သူတွေကပဲ နတ်ဘုရားရဲ့နေရာလပ်လက်စွပ်ကို ဖွင့်နိုင်ပုံပဲ"
ပုံရိပ်ယောင်နေရာလပ်ဇုန်က မကြီးမားပေမယ့် အလွန်ခိုင်မာတယ်။ အဲဒါက လီဖူချန်းရဲ့နေရာလပ်လက်စွပ်ထက် အဆများစွာပိုခိုင်မာတယ်။
ပုံရိပ်ယောင်နေရာလပ်ဇုန်ထဲမှာ ပစ္စည်းတွေ အများကြီးမရှိဘူး ဒါပေမယ့် သူတို့တစ်ခုစီက ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းလှအောင် တန်ဖိုးရှိတယ်။
လီဖူချန်းရဲ့အမြင်အာရုံထံဝင်ရောက်လာတဲ့ပထမဆုံးပစ္စည်းက လက်ဝါးအရွယ်အစားအနီရောင်သတ္တုတစ်ခုဖြစ်တယ်။
"နတ်ဘုရားအဆင့်သတ္တုလား"
ဒီအနီရောင်သတ္တုမှ လီဖူချန်းက သိပ်သည်းတဲ့နတ်ဘုရားကမ္ဘာဥပဒေသကို အာရုံခံနိုင်တယ်။ ဒီအနီရောင်သတ္တုနဲ့ နှိုင်းယှဉ်ရင် ခွင်းဝူစကြာဝဠာရဲ့နတ်ဘုရားသတ္တုက ဖော်ပြဖို့ မထိုက်တန်လှဘူး။
"သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို နတ်ဘုရားအဆင့်သတ္တုဒါမှမဟုတ်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထားပုံမရဘူး။ ပထမတန်းစားနဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကိုပဲ နတ်ဘုရားအဆင့်သတ္တုဒါမှမဟုတ်ပစ္စည်းတွေနဲ့ ပေါင်းစပ်ထားလောက်တယ်" အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေမဖျက်ဆီးနိုင်တဲ့အကြောင်းရင်းကတော့ သတ္တုတွေဒါမှမဟုတ်ပစ္စည်းတွေကြောင့်မဟုတ်ဘူး၊ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းသန့်စင်သူတွေမှာ အံ့မခန်းနည်းလမ်းတွေရှိလို့ပဲ။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို နတ်ဘုရအဆင့်အင်းကွက်တွေနဲ့ ထွင်းထုထားတာပဲ"
နတ်ဘုရားအဆင့်အင်းကွက်တွေကို မချိုးဖြတ်နိုင်ရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ချိုးဖြတ်ဖို့မဖြစ်နိုင်ဘူး။
အနီရောင်သတ္တုဘေးနားမှာ ပန်းအိုးတစ်ခုရှိတယ်။ ပန်းအိုးထဲမှာ ခရမ်းရောင်သဲအချို့ရှိတယ်။ ခရမ်းရောင်သဲထဲမှာ သိပ်သည်းတဲ့အသက်စွမ်းအားတစ်ခုကို ဖုန်းကွယ်ထားတယ်။ လီဖူချန်းမှာ နတ်ဘုရားစိတ်ဝိညာဉ်မရှိရင် အဲဒါကို ရှာတွေ့နိုင်လိမ့်မှာမဟုတ်ဘူး။
နောက်ဆုံးမှာ ပန်းအိုးဘေးနားမှာ နတ်ဘုရားကျောက်တုံးခြောက်တုံးရှိတယ်။
နတ်ဘုရားကျောက်တုံးလို့သိနိုင်တဲ့အကြောင်းကတော့ အတွင်းမှာပါဝင်တဲ့စွမ်းအင်က အဆုံးမဲ့ကာ သန့်စင်တယ်။ အထွတ်အထိပ်အကြိုနတ်ဘုရားကျောက်တုံးတွေနဲ့ နှိုင်းယှဉ်ရင် ညစ်ပတ်နေတဲ့ရေကန်တစ်ကန်ကို မြစ်ကြီးတစ်စင်းနဲ့ နှိုင်းယှဉ်သလိုပါပဲ။
"နတ်ဘုရားကျောက်တုံးခြောက်တုံးပဲလား။ ကြည့်ရတာ နတ်ဘုရားကျောက်တုံးတွေက နတ်ဘုရားကမ္ဘာမှာလဲ အလွန်တန်ဖိုးရှိပုံပဲ"
လီဖူချန်းက အခြားပစ္စည်းတွေကို မကြည့်ခဲ့ဘူး၊ သူတို့ကို ပုံရိပ်ယောင်နေရာလပ်ဇုန်ရဲ့ထောင့်မှာ စွန့်ပစ်ထားလို့ပါပဲ။ သူတိူ့က တန်ဖိုးမရှိဘူးလို့ သူက ယူဆထားတယ်၊ နောက်ကျမှ သူက ယူထုတ်ကြည့်နိုင်တယ်လေ။
နတ်ဘုရားကျောက်တုံးခြောက်တုံးက မလုံလောက်မှာကို လီဖူချန်းက ကြောက်တယ်၊ ဒါကြောင့် သူက အဆင့်အနိမ့်ဆုံးနတ်ဘုရားအလောင်းတွေကို ဆက်လက်ရှာဖွေခဲ့တယ်။
ဒီအတောအတွင်း လီဖူချန်းရဲ့ကံက အတော်လေးကောင်းတယ်၊ ဒါကြောင့် သူက အဆင့်၁အထွတ်အထိပ်အဆင့်နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ရှာတွေ့ခဲ့တယ်။
တန်ဖိုးအရ အဆင့်၁အထွတ်အထိပ်အဆင့်နေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံနဲ့ မယှဉ်နိုင်ပေမယ့် ရှားပါးမှုအရ ပိုမြင့်တယ်။
ဒီနေရာလပ်-အချိန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ဆိုရင် လီဖူချန်းရဲ့နေရာလပ်-အချိန်တာအိုခွန်အားက ဘရာမာထက် မနိမ့်ကျတော့ဘူး။
နတ်ဘုရားကျောက်တုံးဆယ်တုံး၊ နတ်ဘုရားကျောက်တုံးနှစ်ဆယ်၊ နတ်ဘုရားကျောက်တုံးသုံးဆယ်......
နှစ်တစ်သောင်းသုံးစွဲပြီးနောက် လီဖူချန်းက နတ်ဘုရားကျောက်တုံးငါးဆယ်နီးပါးသာ ရှာတွေ့ခဲ့တယ်။
အကြောင်းကတော့ အဆင့်အနိမ့်ဆုံးနတ်ဘုရားအလောင်းတွေကို ရှာရတာ ခက်ခဲလွန်းလို့ပဲ။
လီဖူချန်းက နေရာလပ်-အချိန်အမှတ်အသားမှတစ်ဆင့် ကျွန်းကို ရောက်ရှိလာတယ်။
"ဒီတစ်ခါရော ငါ အောင်မြင်မလား"
လီဖူချန်းက နတ်ဘုရားကျောက်တုံးကို တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ရဲ့တွင်းကြောင်းထဲသို့ ပစ်ထည့်လိုက်တယ်။