← Chapters

ကြေးနီပုဆိန်ရွာ

Vol. 77 Ch. 1082

ကြေးနီပုဆိန်ရွာ

Vol. 77 Ch. 1082

ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက ဓားတာအိုနတ်ဘုရားစွမ်းအားအဖြစ် ပြောင်းလဲသွားပြီးနောက် လီဖူချန်းရဲ့ခွန်အားက ဆယ်ဆဒါမှမဟုတ်အဆဒါဇင်ကျော် ပိုသန်မာလာတယ်။

"ကွဲအက်စမ်း"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ ဓားချီတစ်ခုကို ထုတ်ဖော်လိုက်တယ်။ မီတာတစ်ရာရှည်တဲ့ဧရာမအက်ကြောင်းတစ်ခုက မြေပြင်ပေါ်မှာ ဖြစ်တည်လာတယ်။

နောက်တော့ လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့မီးတာအိုဥပဒေသနဲ့နေရာလပ်-အချိန်တာအိုဥပဒေသတို့ကို အသက်သွင်းကာ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားနဲ့နေရာလပ်-အချိန်တာအိုအကြိုနတ်ဘုရားစွမ်းအားတို့ကို အဆင့်မြှင့်တင်ဖို့ ကြိုးစားလိုက်တယ်။

ငါ့ရဲ့လက်ရှိခွန်အားက ဘယ်အဆင့်မှာ ရှိမလဲ"

လီဖူချန်းက နတ်ဘုရားနယ်ပယ်နဲ့ပတ်သက်ပြီး ဘာတစ်ခုမှ မသိဘူးလေ။

ထို့နောက် လီဖူချန်းက ကောင်းကင်သို့ ပျံဝဲတက်သွားတယ်။

နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် လီဖူချန်းလဲ နတ်ဘုရားကမ္ဘာမှာ ပျံသန်းလာနိုင်ပြီ။

…

ကောင်းကင်မှာ ပျံသန်းရင်း လီဖူချန်းရဲ့အမြင်အာရုံက ပိုကျယ်လာတယ်။ နောက်ထပ်တစ်နာရီကြာပြီးနောက် သူက ပုံရိပ်တစ်ခုကို နောက်ဆုံးမှာ မြင်လိုက်ရတယ်။

‌အဝေးရှိမိုင်ရာအနည်းငယ်အကွာမှာ ဝံပုလွေရိုင်းသုံးကောင်က လူရွယ်နှစ်ယောက်နောက်ကို လိုက်နေတယ်။

လူရွယ်နှစ်‌ယောက်ရဲ့လက်နက်က ပုဆိန်တွေပါပဲ။ ပုဆိန်တွေက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေ မဟုတ်သလိုပဲ၊ သူတို့က သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေလောက် အားနည်းပုံမပေါ်ဘူး။ ဝံပုလွေရိုင်းတွေနဲ့ အကြိမ်အနည်းငယ်ရင်ဆိုင်ပြီးနောက် ပုဆိန်ပေါ်မှာ ပွန်းပဲ့ရာအချို့ရှိလာတယ်၊ ဒါပေမယ့် ပျက်တော့မပျက်ဆီးသွားပါဘူး။

"ကြေးနီကျားသစ်၊ သူတို့နဲ့ အသေအကြေတိုက်ခိုက်ကြရအောင်"

လူရွယ်နှစ်ယောက်က အမာရွတ်တွေနဲ့ ဇကာပေါက်သ‌ဖွယ်ဖြစ်နေပြီး ပိုသတ္တိရှိပုံပေါ်တဲ့လူရွယ်က အော်ပြောလိုက်တယ်။

ဝှစ်......

ထိုအခိုက်မှာ ဝံပုလွေရိုင်းသုံးကောင်က ရုတ်တရက် ပေါက်ကွဲထွက်သွားပြီး သေဆုံးသွားတယ်။

"ဘယ်သူလဲ"

လူရွယ်နှစ်ယောက်က ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်၊ နောက်ဆုံးမှ ကောင်းကင်သို့ ကြည့်လိုက်တယ်။

ကောင်းကင်မှာ ပုံရိပ်တစ်ခုက လေထဲမှာ ရပ်နေပြီး အား‌ကောင်းတဲ့ချီတည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေတယ်။

"အဆင့်နိမ့်နတ်ဘုရားလား"

ပိုသတ္တိရှိတဲ့လူရွယ်က တံတွေးမြိုချလိုက်ရတယ်။

သူတို့ရဲ့ကြေးနီပုဆိန်ရွာမှာ အဆင့်နိမ့်နတ်ဘုရားသုံးယောက်သာရှိတယ်။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့က ကြေးနီပုဆိန်ရွာရှိလူရွယ်လူငယ်အားလုံးရဲ့အိမ်မက်ပါပဲ။

"ဒီနေရာက ဘယ်နေရာလဲမသိ" လီဖူချန်းက မြေပြင်ပေါ် ဆင်းသက်လိုက်တယ်။

ကြေးနီကျားသစ်လို့ခေါ်တဲ့လူငယ်က ပြန်ဖြေလိုက်တယ်"ဒါက မြေရိုင်းမြို့ရဲ့ပိုင်နက်ပဲ။ ငါတို့က  ကြေးနီပုဆိန်ရွာအနီးနားမှာ ရောက်ရှိနေတာ"

မြေရိုင်းမြို့လား။ ကြေးနီပုဆိန်ရွာလား။

လီဖူချန်းက ဆက်မေးလိုက်တယ်"ဒီ‌မြေရိုင်းမြို့ရဲ့အသန်မာဆုံးနတ်ဘုရားက ဘယ်အဆင့်မှာ ရှိလဲ" စောနလေးတင် သူက သတ္တိရှိတဲ့လူရွယ်ရဲ့ပါးစပ်မှ အဆင့်နိမ့်နတ်ဘုရားဆိုတာကို ကြားခဲ့တယ်။  အဆင့်နိမ့်နတ်ဘုရားဆိုတာ နတ်ဘုရားတွေရဲ့အဆင့်တစ်ခုဖြစ်မှန်း သိသာတယ်။

ကြေးနီကျားသစ်က ဖြေလိုက်တယ်"မြေရိုင်းမြို့က အဆင့်၁နတ်ဘုရားမြို့ဖြစ်ပြီး အလယ်ဆင့်နတ်ဘုရား ဆယ်ယောက်အောက်ရှိတယ်"

နတ်ဘုရားမြို့လား။

လီဖူချန်းက နတ်ဘုရားကမ္ဘာနဲ့ပတ်သက်ပြီး ပိုသိလာတယ်။

" မြေရိုင်းမြို့ကို ရောက်လာတာ ငါ့ရဲ့ပထမဆုံးအကြိမ်ပဲ၊ ဒါကြောင့် ဒီနေရာနဲ့ ပတ်သက်ပြီး ငါ အများကြီး မသိဘူး။ မင်းတို့တွေ ငါ့ကို မင်းတို့ရဲ့ကြေးနီပုဆိန်ရွာကို ခေါ်သွားနိုင်မလား။ ငါ မင်းတို့ရဲ့အလုပ်ဘာတစ်ခုမှ မနှောင့်ယှက်ဘူးလို့ အာမခံပါတယ်" လီဖူချန်းက သာမန်ပုဆိန်အမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ယူထုတ်ကာ ပစ်ပေးလိုက်တယ်။ သူတို့ ဘယ်လိုခွဲမလဲဆိုတာက သူ့အလုပ်မဟုတ်ပါဘူး။

"အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလား"

ကြေးနီကျားသစ်နဲ့သတ္တိရှိတဲ့လူရွယ်တို့နှစ်ယောက်စလုံးက လျှာသပ်လိုက်ကြတယ်။

ကြေးပုဆိန်ရွာမှာ အကြိုနတ်ဘုရားလက်နက်တွေဆယ်ခုသာရှိတယ်။ ရွာရဲ့အသန်မာဆုံးပန်းပဲဆရာကတောင် အကြိုနတ်ဘုရားလက်နက်တွေ မထုလုပ်နိုင်ဘူး။ ပုံမှန်အားဖြင့် အဆင့်၃ရွာတွေမှာပဲ အကြိုနတ်ဘုရားပန်းပဲပညာရှင်တွေရှိတယ်။

ကြေးပုဆိန်ရွာသို့သွားရာလမ်းတစ်လျှောက်မှာ လီဖူချန်းရဲ့ညွှန်ကြားမှုအောက်မှာ ထိုနှစ်ယောက်က နတ်ဘုရားကမ္ဘာနဲ့ပတ်သက်ပြီး အချက်အလက်အမြောက်အများမျှဝေပေးခဲ့တယ်။

ဥပမာအားဖြင့် နတ်ဘုရားကမ္ဘာရှိနေထိုင်ရာတွေကို နတ်ဘုရားရွာနဲ့နတ်ဘုရားမြို့ဆိုပြီး ခွဲခြားထားတယ်။

နှစ်ခုလုံးကို အဆင့်သုံးဆင့်ခွဲခြားထားတယ်၊ အဆင့်၁က အနိမ့်ဆုံးဖြစ်ပြီး အဆင့်၃က အမြင့်ဆုံးဖြစ်တယ်။

အဆငိ့နိမ့်နတ်ဘုရား၊ အလယ်ဆင့်နတ်ဘုရားနဲ့ အဆင့်မြင့်နတ်ဘုရားတွေအပြင် အစစ်အမှန်နတ်ဘုရားဆိုတာ ရှိသေးတယ်။ အစစ်အမှန်နတ်ဘုရားအထက်မှာ ထပ်ရှိသေးသလားကိုတော့ သူတို့နှစ်ယောက်က မသိပါဘူး။

ထပ်ပြောရရင် နတ်ဘုရားအောက်မှာလဲ အဆင့်အမျိုးမျိုးရှိတယ်။ အဆင့်နိမ့်စစ်သည်၊ အလယ်ဆင့်စစ်သည်၊ အဆင့်မြင့်စစ်သည်၊အကြိုနတ်ဘုရား။

ယေဘုယျပြောရရင် နတ်ဘုရားကမ္ဘာရဲ့နေထိုင်သူတွေက အသက်၂၀မှာ အဆင့်မြင့်စစ်သည်တွေ ဖြစ်လာပြီး အသက်၃၀မှာ အကြိုနတ်ဘုရားတွေ ဖြစ်လာတယ်။

နတ်ဘုရားကမ္ဘာနေထိုင်သူတွေရဲ့ပျမ်းမျှသက်တမ်းက နှစ်၂၀၀ပတ်လည်ရှိတယ်။ နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးမှသာ လူတစ်ယောက်ရဲ့သက်တမ်းက အကြီးအကျယ်တိုးလာလိမ့်မယ်။

ဒါပေမယ့် နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက အဆုံးမဲ့မဟုတ်ပါဘူး။ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့သက်တမ်းက နှစ်ထောင်အနည်းငယ်ပတ်လည်ရှိတယ်၊ အလယ်ဆင့်နတ်ဘုရားတွေက နှစ်တစ်သောင်းရှိပြီး အဆင့်မြင့်နတ်ဘုရားတွေက နှစ်သောင်းအနည်းငယ်ရှိတယ်။

"နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက အားကောင်းလွန်းတယ်။ အဆုံးမဲ့သက်တမ်းတစ်ခုရှိလာဖို့က လွယ်ကူတဲ့အလုပ်တစ်ခုမဟုတ်ဘူး"

လီဖူချနိးက သူ့ရာသူ တွေးလိုက်တယ်။

"ငါ ရွာခေါင်းဆောင်ကနေ ကြားခဲ့ဖူးတယ်၊ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့အခွင့်အရေးက လက်ရှိထက် ဆယ်ဆပိုမြင့်တယ်လို့ ပြောတယ်။ အဆင့်၁ရွာတစ်ရွာမှာ အဆင့်နိမ့်နတ်ဘုရားတွေဒါဇင်အနည်းငယ်ရှိခဲ့တယ်၊ လက်ရှိအချိန်မှာတော့ အဆင့်၃ရွာတွေမှာတောင် အဆင့်နိမ့်နတ်ဘုရားတွေဒါဇင်အနည်းငယ်တောင် ရှိမနေဘူး" ကြေးနီကျားသစ်က ငြီးတွားလိုက်တယ်။

"နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေက ပြောင်းလဲသွားတာပဲဖြစ်မယ်" လီဖူချန်းက သူ့ရဲ့အမြင်ကို ပြောလိုက်တယ်။

သတ္တိရှိတဲ့လူငယ်ကို ကြေးနီကျားလို့ခေါ်တယ်။ သူက ခေါင်းညိတ်လိုက်တယ်"လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက နတ်ဘုရားကမ္ဘာမှာ ကြိုတင်မမြင်ရတဲ့အဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့တယ်။ အဲဒါက ဒါနဲ့ ဆက်စပ်လောက်မယ်"

နောက်ထပ်နှစ်နာရီကြာပြီးနောက် သူတို့က ကြေးနီပုဆိန်ရွာကို ရောက်ရှိလာတယ်။

ကြေးနီပုဆိန်ရွာက အဆင့်၁နတ်ဘုရားရွာတစ်ခုဖြစ်ပြီး အိမ်ထောင်စုသုံးရာခန့်၊ နေထိုင်သူတစ်ထောင်ခန့်ရှိတယ်။

"ကြေးနီကျား၊ ကြေးနီကျားသစ်၊ မင်းတို့နှစ်ယောက်ပြန်လာပြီးလား။ ဘယ်လိုလဲ။ ဒီနေ့ ဘာတွေရခဲ့လဲ"

ရွာရဲ့ဝင်ပေါက်မှာ ကြေးနီကျားနဲ့ကြေးနီကျားသစ်တို့ထက်ပိုသန်မာပုံပေါ်တဲ့စတုရန်းမျက်နှာနဲ့လူရွယ်တစ်ယောက်က မေးလိုက်တယ်။

ကြေးနီကျားသစ်က ပြောလိုက်တယ်"မပြောချင်တော့ပါဘူးကွ။ ငါတို့တွေ သွေးရိုင်းဝံပုလွေသုံးကောင်နဲ့ ‌တွေ့ဆုံခဲ့တယ်၊ အရှင်လီက ငါတို့ကို ကယ်လိုက်လို့။ ဪ ဒါနဲ့၊ အရှင်လီက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ပဲ"

"အဆင့်နိမ်နတ်ဘုရားလား"

လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဆိုတာ ကြားပြီး စတုရန်းမျက်နှာနဲ့လူရွယ်က ထိတ်လန့်သွားတယ်။

သူက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကို အပြစ်ပြုလို့မရဘူး၊ ကြေးနီပုဆိန်ရွာမှာတောင် အဆင့်နိမ့်နတ်ဘုရားသုံးယောက်ပဲ ရှိတာ။

"ဧည့်သည် ရောက်လာတာပဲ။ မင်းကို ထွက်မကြိုဆိုမိတဲ့အတွက် တောင်းပန်ပါတယ်"

လီဖူချန်းက သူ့ရဲ့နတ်ဘုရားစွမ်းအားကို မဖုံးကွယ်ထားခဲ့ဘူး။ အဝေးကနေတောင် ကြေးနီပုဆိန်ရွာရဲ့နတ်ဘုရားသုံးယောက်က ဒါကို အာရုံခံမိနိုင်တယ်။ မီးခိုးရောင်ဆံပင်နဲ့အကြီးအကဲတစ်ယောက်က ပြေးထွက်လာတယ်၊ သူ့ကို ကြည့်ရတာ ကြေးနီပုဆိန်ရွာခေါင်းဆောင်ဖြစ်ပုံပဲ။

"ဆရာလီ၊ ဒါက ရွာခေါင်းဆောင်ပဲ" ကြေးနီကျားသစ်က မိတ်ဆက်ပေးလိုက်တယ်။

"နှုတ်ဆက်ပါတယ် ရွာခေါင်းဆောင်" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

မီးခိုးရောင်ဆံပင်နဲ့လူအိုကြီးက ပြုံးလိုက်တယ်"ဒီလူအိုကြီးကို ကြေးနီပုဆိန်လို့ခေါ်တယ်။ လာ၊ ညီအကိုလီ၊ ရွာထဲကို ဝင်လာ"

ကြေးနီပုဆိန်ရဲ့အိမ်က အလွန်ကြီးပြီး ကျယ်ပြန့်တယ်။ အထဲရှိအလှဆင်ယင်မှုတွေအားလုံးကို ကြေးနီနဲ့ ပြုလုပ်ထားပြီး အလွန်မာကျောတယ်။

"ညီအကိုလီက မြေရိုင်းမြို့ကို ပြာဖြူမြေရိုင်းမှ လာတာပဲ။ ညီအကိုလီရဲ့ကံက တကယ်ကောင်းတယ်လို့ ငါ ပြောရမှာပဲ။ ငါ ငယ်ငယ်တုန်းက ပြာဖြူမြေရိုင်းကို အဆင့်နိမ့်နတ်ဘုရားလေးယောက်နဲ့အတူ တစ်ခါရောက်ခဲ့ဖူးတယ်။ လအနည်းငယ်ကြာပြီးနောက် ငါတို့ထဲက ငါတစ်ယောက်ပဲ အသက်ရှင်လျက် ပြန်လာနိုင်ခဲ့တယ်။ ငါ သိထားသလောက် ပြာဖြူမြေရိုင်းမှာ အဆင့်နိမ့်နတ်ဘုရားသားရဲထောင်ကျော်၊ အလယ်ဆင့်နတ်ဘုရားသားရဲဒါဇင်ကျော်ရှိတယ်။ အသန်မာဆုံးက ပြာဖြူဘုရင်ပဲ။ သူ့ရဲ့လက်သည်းအောက်မှာ အလယ်ဆင့်နတ်ဘုရားဆယ်ယောက်အထိ သေဆုံးခဲ့ဖူးတယ်"

ကြေးနီပု‌ဆိန်က ပြောရင်း လီဖူချန်းအတွက် နို့လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်တယ်။

နို့လက်ဖက်ရည်က အထိအတွေ့အရမ်းကောင်းပြီး ပါးစပ်ထဲဝင်လာတဲ့အခါ ပူနွေးနေတယ်။ လီဖူချန်းက တစ်ဝက်လောက်ပဲ သောက်ခဲ့တယ်။

"မင်းရဲ့ကံက အရမ်းကောင်းပေမယ့် ခွန်အားမရှိရင် မင်းက ဘယ်တော့မှ ပြာဖြူမြေရိုင်းကို ဖြတ်သန်းနိုင်မှာ မဟုတ်ဘူး"

မြေရိုင်းမြို့က သီးခြားတည်ရှိနေတဲ့မြို့တစ်မြို့ဆိုတာ လီဖူချန်းက နားလည်ခဲ့တယ်။ သုံးဘက်သုံးတန်ကနေ ‌တောင်တွေနဲ့ ဝန်းရံထားပြီး တစ်ဘက်မှာ ပြာဖြူမြေရိုင်းက တားဆီးထားတယ်။

တောင်တွေက သာမန်တောင်တွေမဟုတ်ဘူး၊ သူတို့က အလွန်အမင်းကြောက်စရာကောင်းတဲ့ မြူခိုးတောင်တွေဖြစ်တယ်။ မကပ်နိုင်ခင် မြူတွေက ဝါးမျိုပြီး လုံးဝအသက်ပျောက်သွားရလိမ့်မယ်။

"ဒါ ဟုတ်ပါတယ်လေ၊ ကံရှိပြီး ခွန်အားမရှိရင် အသုံးမဝင်ဘူး"

ကြေးနီပုဆိန်က ခေါင်းညိတ်လိုက်တယ်။ လီဖူချန်းက ပြာဖြူမြေရိုင်းကို ဖြတ်ကျော်နိုင်ခဲ့တာပဲ။ ကံက အရေးကြီးပေမယ့် ခွန်အားက ပိုအရေးကြီးတယ်။ သို့မဟုတ်ရင် ကြုံရာအကြိုနတ်ဘုရားသားရဲတစ်ကောင်က လီဖူချန်းကို သတ်ဖြတ်ခဲ့မှာပေါ့။ ကြေးနီပုဆိန်က အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာတာ နှစ်ပေါင်းနှစ်ထောင်ရှိပြီ၊ သူက တစ်ချိန်တည်းမှာ အဆင့်နိမ့်နတ်ဘုရားသားရဲအများဆုံးသုံးကောင်ထိပဲ ရင်ဆိုင်နိုင်တယ်။

မကြာမီမှာပဲ ကြေးနီပုဆိန်ရွာမှ အခြားနတ်ဘုရားကလဲ ရောက်ရှိလာတယ်။ တစ်ယောက်က ဆံပင်ကွေးကွေးကောက်ကောက်နဲ့လူလတ်ပိုင်းတစ်ယောက်ဖြစ်ပြီး အခြားတစ်ယောက်က အနက်ရောင်အသားအရေနဲ့မိန်းမပျိုတစ်ယောက်ဖြစ်တယ်။

"လာ၊ မင်းတို့ကို မိတ်ဆက်ပေးရမယ်။ ဒါက ညီအကိုလီပဲ။ သူက ကြေးနီကျားသစ်နဲ့ကြေးနီကျားတို့နှစ်ယောက်ကို သွေးရိုင်းဝံပုလွေတွေရဲ့လက်ထဲမှ ကယ်ဆယ်ပေးခဲ့တယ်။ ဒီနှစ်ယောက်က ကြေးနီလှံနဲ့ကြေးနီလတို့ပဲ" ကြေးနီပုဆိန်က မိတ်ဆက်ပေးလိုက်တယ်။

ကြေးနီလှံက လီဖူချန်းကို ကြည့်ကာ စိတ်အားထက်သန်စွာ ပြောလိုက်တယ်"ကြေးနီကျားသစ်နဲ့ကြေးနီလတို့ကို ပုဆိန်အမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်း မင်း ပေးခဲ့တယ်လို့ ငါ ကြားခဲ့တယ်။ မင်းမှာ လှံအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုခုရော ရှိမလား။ မစိုးရိမ်ပါနဲ့၊ ငါ မျှတတဲ့ဖလှယ်မှုကို ပြုလုပ်မှာပါ"

ကြေးနီလှံက လှံပညာရပ်တွေမှာ ကျွမ်းကျင်တယ်၊  ဒါပေမယ့် ကြေးနီပုဆိန်ရွာမှာ လှံအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှ ရှိမနေဘူး။

"ဒါက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမျှပဲ။ မင်းကို လက်ဆောင်ပေးဖို့ ပြဿနာမရှိပါဘူး" လီဖူချန်းက သာမန်လှံအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ထုတ်ကာ ကြေးနီလှံထံ ပစ်ပေးလိုက်တယ်။

"ဒီလိုလုပ်လို့ ဘယ်ရမှာလဲ"

ရွာခေါင်းဆောင်ကြေးနီပုဆိန်က ခေါင်းခါလိုက်တယ်။ လီဖူချန်းက ကြေးနီကျားသစ်နဲ့ကြေးနီကျားတို့ကို အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပေးခဲ့မှန်း သူ မသိဘူး။ သူ သိရင် သူက သေချာပေါက် ငြင်းပယ်မှာပေါ့။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက တန်ဖိုးရှိလွန်းတယ်။ နှစ်ထောင်ပေါင်းများစွာစုဆောင်းပြီးမှ ကြေးနီပုဆိန်ရွာက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆယ်ခုပဲ ရရှိထားခဲ့တာ။ သူတို့က ဘယ်လိုလုပ်ပြီး တစ်စုံတစ်ယောက်ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အလွယ်တကူလက်ခံနိုင်မှာလဲ။

"ဒါ ဟုတ်တယ်၊ ငါတို့တွေ မျှတတဲ့ဖလှယ်မှုတစ်ခုကို ပြုလုပ်ရမယ်" ကြေးနီလှံရဲ့မျက်လုံးတွေက စိတ်ထက်သန်ပြင်းပြနေတယ်။ သူက လီဖူချန်းထုတ်လိုက်တဲ့လှံအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ချက်ချင်းကြည့်လိုက်တယ်။ ဒါပေမယ့် တစ်ခုခုကို မပေးဘဲ ဒါကို မယူချင်ပါဘူး။

ကြေးနီလှံက သူ့ရဲ့နေရာလပ်လက်စွပ်မှ ပစ္စည်းအစုအပုံတစ်ခုကို ယူထုတ်ကာ တစ်ခုပြီးတစ်ခု မိတ်ဆက်ပေးလိုက်တယ်"ဒါတွေက အဆင့်နိမ့်နတ်ဘုရားသားရဲဖြစ်တဲ့နှင်းခဲနတ်ဆိုးဝံပုလွေရဲ့မျက်ဆန်တွေပဲ။ သူတို့က ရေခဲစွမ်းပကားနတ်ဘုရားအဆင့်ပစ္စည်းတွေပဲ။ ဒါတွေက သွေးဆုတ်လက်သည်းဝံပုလွေရဲ့လက်သည်းတွေပဲ၊ သူတို့လဲပဲ နတ်ဘုရားအဆင့်ပစ္စည်းတွေဖြစ်တယ်......."

နတ်ဘုရားအဆင့်ပစ္စည်း၊ နာမည်အတိုင်းပဲ ဒီပစ္စည်း‌တွေကို နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်ရာမှာ အသုံးပြုတယ်။ ယေဘုယျပြောရရင် အဆင့်နိမ့်နတ်ဘုရားအဆင့်ပစ္စည်းတွေကို အဆင့်နိမ့်နတ်ဘုရားအဆင့်အသုံးအဆောင်ပစ္စည်းတွေ ထုလုပ်ရာမှာ အသုံးပြုတယ်၊ အလယ်ဆင့်နတ်ဘုရားအဆင့်ပစ္စည်းတွေက အလယ်ဆင့်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ထုလုပ်နိုင်တယ်။

စိတ်မကောင်းစရာတစ်ခုကတော့ နတ်ဘုရားအဆင့်ပစ္စည်းတွေက ရဖို့ခက်တယ်၊ နတ်ဘုရားအဆင့်အသုံးအဆောင်ပစ္စည်းထုလုပ်သူတွေ ရောက်လာဖို့က ပိုခက်ခဲတယ်။

ပြောင်မြောက်တဲ့နတ်ဘုရားအသုံးအဆောင်ပစ္စည်းထုလုပ်သူတွေက နတ်ဘုရားအဆင့်အသုံးအဆောင်ပစ္စည်းတွေထုလုပ်ဖို့ နတ်ဘုရားအဆင့်ပစ္စည်းတွေ မလိုအပ်ပါဘူး။

ဒါပေမယ့် နတ်ဘုရားအဆင့်ပစ္စည်းတွေရှိရင် ပိုကောင်းလေ၊ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့အရည်အသွေးက ပိုကောင်းလေပေါ့။ ဒါက သံသယရှိစရာမလိုတဲ့အချက်တစ်ခုပါပဲ။

ဒီနတ်ဘုရားအဆင့်ပစ္စည်းတွေက တန်ဖိုးရှိပုံပေါ်ပေမယ့် သူတို့က နည်းလွန်းတယ်။ နတ်ဘုရားအဆင့်အသုံးအဆောင်ပစ္စည်းထုလုပ်သူတစ်ယောက် ဒီနေရာမှာရှိရင်တောင် ဒီနတ်ဘုရားအဆင့်ပစ္စည်းတွေနဲ့ နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုတောင် မထုလုပ်နိုင်ဘူး။

ဒါပေမယ့် ကြေးနီလှံက နတ်ဘုရားအဆင့်ပစ္စည်းတွေ ထပ်ယူထုတ်ဖို့အတွက် လီဖူချန်းရဲ့လှံအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက မလုံလောက်ပါဘူး။ တကယ်တော့ ဒါက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပြီး ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုတောင် မဟုတ်ဘူးလေ။

အဆုံးမှာ လီဖူချန်းက နှင်းခဲနတ်ဆိုးဝံပုလွေရဲ့မျက်ဆန်နှစ်လုံးကို ရွေးချယ်ခဲ့တယ်။ အကြောင်းကတော့ မျက်ဆံတွေက လှပပြီး အေးစက်တဲ့ချီကို ထုတ်လွှတ်နေတဲ့ကျောက်မျက်ရတနာတွေနဲ့ တူတယ်။ သူက အခြားပစ္စည်းတွေကိုတော့ မယူချင်ပါဘူး။

"ညီအကိုလီ၊ ငါ မင်းကို ထပ်မနှောင့်ယှက်တော့ဘူးနော်"

ကြေးနီလှံက လှံအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းကို ယူကာ စိတ်လှုပ်ရှားစွာနဲ့ ထွက်ခွာသွားတယ်။

ကြေးနီပုဆိန်က ခေါင်းကို ခါယမ်းလိုက်တယ်"မင်းက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာတာ နှစ်ပေါင်းများစွာရှိပေမယ့် ကမူးရှုးထိုးပြုလုပ်နေတုန်းပဲ"

သူက ဘာမှလုပ်စရာမရှိတာကြောင့် လီဖူချန်းက ကြေးနီပုဆိန်ရွာမှာပဲ ရက်အနည်းငယ်ကြာ နေခဲ့ပြီး ရွာသားတွေရဲ့အကြောင်းကို သိလာခဲ့တယ်။

သူက နတ်ဘုရားကမ္ဘာနဲ့ မြေရိုင်းမြို့နဲ့ပတ်သတ်ပြီး အများကြီးသိလာခဲ့တယ်။

All Chapters