နတ်ဘုရားကမ္ဘာသို့ သွားရောက်ခြင်း
Vol. 77 Ch. 1081
"မယုံနိုင်စရာပဲ၊ သူထုတ်ပြခဲ့တဲ့ခွန်အားက ခေါင်းကိုးလုံးခရီးသွားကိုတောင် ယှဉ်နိုင်နေပြီပဲ" ဘရာမာက အလွန်အံ့အားသင့်သွားတယ်။ တိုက်ခိုက်ရေးစွမ်းအားအရ ခေါင်းကိုးလုံးခရီးသွားက နံပါတ်၁မဟုတ်ပေမယ့် အလုံးစုံခွန်အားအရ သူက သေချာပေါက် နံပါတ်၁ဖြစ်တယ်။ လက်ရှိမှာ သူက သူ့ရဲ့နံပါတ်၁နေရာကို မထိန်းထားနိုင်တော့မယ့်ပုံပဲ။
"အရိုင်းသွေးထာဝရခန္ဓာကိုယ်"
ဝေလငါးတစ်ကောင်က ပင်လယ်ကို ဝါးမျိုသလို အရိုင်းသွေးနတ်ဘုရားအရှင်သခင်ပတ်လည်ရှိအကြိုနတ်ဘုရားစွမ်းအားကို ချက်ချင်းရုတ်သိမ်းလိုက်တယ်။ နောက်ပိုင်းမှာ ကြီးမားတဲ့သွေးအင်းကွက်အရေအတွက်တစ်ခုက သူ့ရဲ့ခန္ဓာကိုယ်ပေါ်မှာ လိမ်ယှက်သွားပြီး သွေးအင်းကွက်အရေပြားအလွှာတစ်ခုနဲ့တူတယ်။
အရိုင်းသွေးစကြာဝဠာပေါက်ကွဲလက်သီး၊ အရိုင်းသွေးစကြာဝဠာဆုတ်ဖြဲလက်သီးနဲ့အရိုင်းသွေးထာဝရခန္ဓာကိုယ်တို့က အရိုင်းသွေးနတ်ဘုရားအရှင်သခင် နတ်ဘုရားစစ်မြေပြင်ကို လွှမ်းမိုးရာမှာ အသုံးပြုခဲ့တဲ့သတ်ဖြတ်ကွက်သုံးကွက်ပါပဲ။
အထူးသဖြင့် အရိုင်းသွေးထာဝရခန္ဓာကိုယ်ပေါ့။ ဒီအကွက်က နတ်ဘုရားကမ္ဘာရဲ့ထာဝရဥပဒေသအရိပ်အငွေ့တစ်ခုကို အသက်သွင်းထားပြီး အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို မဖျက်ဆီးနိုင်လုနီးပါးဖြစ်စေတယ်။ ရန်သူက သူ့ထက် ဆယ်ဆပိုသန်မာရင်တောင် သူတို့က သူ့ကို သတ်နိုင်လိမ့်မှာမဟုတ်ဘူး။
"မင်းရဲ့ထာဝရခန္ဓာကိုယ်ကို ငါ ဘယ်လိုချိုးဖြတ်မလဲ ကြည့်ရတာပေါ့"
အရိုင်းသွေးနတ်ဘုရားအရှင်သခင်မှာ ဘာသတ်ဖြတ်ကွက်တွေရှိမှန်း လီဖူချန်းက အလိုအလျောက်သိတယ်။ အရိုင်းသွေးထာတရခန္ဓာကိုယ်ကို ထုတ်ဖော်လိုက်တာနဲ့ လီဖူချန်းက နောက်ထပ်လက်သီးတစ်ချက်ကို ပစ်လွှတ်လိုက်တယ်။
ဝှစ် ကျွတ်.......
အသုံးမဝင်ဘူးပဲ။
အရိုင်းသွေးထာဝရခန္ဓာကိုယ်က လီဖူချန်းရဲ့အရှေ့မှာ ရေထဲရှိနှင်းနဲ့ မခြားဘူးပဲ။ အဲဒါက ချက်ချင်း အရည်ပျော်ကျသွားတယ်။
"အရိုင်းသွေးနတ်ဘုရားအရှင်သခင်၊ မင်း ရှုံးနိမ့်တာကို မဝန်ခံသေးဘူးလား။ မင်း မဝန်ခံဘူးဆိုရင် ငါ့ရဲ့ရက်စက်မှုအတွက် အပြစ်မတင်နဲ့" သူ့နေရာမှာ တစ်ယောက်မှမရှိရင် လီဖူချန်းက အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို သတ်ဖို့ ပြဿနာမရှိဘူး။ ဒါပေမယ့် ဒီလောက်အများကြီးစောင့်ကြည့်နေမှတော့ သူက သူ့ကိုယ်သူ ချုပ်တည်းထားတာ ပိုကောင်းပါတယ်။
" အရိုင်းသွေးနတ်ဘုရားအရှင်သခင်၊ အရှုံးကို ဝန်ခံလိုက်ပါ"
ခေါင်းကိုးလုံးခရီးသွားက လျှောက်လာပြီး အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို ပြောလိုက်တယ်။
"ဟုတ်တယ်၊ အရိုင်းသွေးနတ်ဘုရားအရှင်သခင်၊ မင်းက မူလအဆုံးစွန်းဓားနတ်ဘုရားအတွက် ပြိုင်ဘက်မဟုတ်ဘူး။ ဆက်တိုက်ခိုက်နေလို့လဲ ဘာအဓိပ္ပါယ်မှ မရှိဘူး"
"မူလအဆုံးစွန်းဓားနတ်ဘုရားက သနားညှာတာမှုကို ပြသထားပြီးသား။ မင်း ကျေးဇူးမကန်းနဲ့"
အခြားသာလွန်သူတွေက သူ့ကို ဖျောင်းဖျဖို့ ကြိုးစားခဲ့ကြတယ်။
"ဟမ့်၊ ငါ၊ အရိုင်းသွေးနတ်ဘုရားအရှင်သခင်၊ အရှုံးကို ဝန်ခံပါတယ်။ မင်း၊ မူလအဆုံးစွန်းဓားနတ်ဘုရားက မယုံနိုင်စရာပဲ" အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ရွေးချယ်စရာမရှိ၊ အရှုံးကို ဝန်ခံလိုက်ရတယ်။ အကြွင်းမဲ့ခွန်အားနဲ့ ရင်ဆိုင်ရတဲ့အခါ ဂုဏ်သိက္ခာဆိုတာ အရေးမကြီးတော့ဘူး။
"အနည်းဆုံး မင်းက စဉ်းစားတတ်သားပဲ"
လီဖူချန်းက ခေါင်းညိတ်ကာ အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို ထပ်ဂရုမစိုက်တော့ပါဘူး။
ဒီတိုက်ပွဲက လီဖူချန်းရဲ့အထူးအဆင့်အတန်းကို တည်ဆောက်ပေးခဲ့တယ်။
ဒါပေမယ့် ဒီလိုအဆင့်အတန်းမျိုးက လီဖူချန်းအတွက် အဓိပ္ပါယ်အများကြီးမရှိပါဘူး။ မကြာမီမှာပဲ၊ သူက နတ်ဘုရားကမ္ဘာကို ဦးတည်ရတော့မှာ၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ပြောင်းလဲခါနီးပြီလေ။
…
"ငါ ပြန်မရောက်လာရင် ငါ နတ်ဘုရားကမ္ဘာကို ဝင်ရောက်သွားခဲ့တယ်ဒါမှမဟုတ်မတော်တဆတစ်ခုခုဖြစ်သွားခဲ့တယ်လို့ ဆိုလိုတာပဲ။ ခွင်းဝူစကြာဝဠာအပါအဝင် အရာအားလုံးက မင်းအပေါ်မှာပဲ မူတည်တယ်" ခွင်းဝူစကြာဝဠာထဲမှာ လီဖူချန်းနဲ့ရန်ချင်းဟူက ဘေးချင်းယှဉ်ကာ ရပ်နေတယ်။
သူ့ရဲ့နတ်ဘုရားကမ္ဘာခရီးနဲ့ပတ်သက်ပြီး သမန်းဝံပုလွေလူဝင်စားနဲ့ရန်ချင်းဟူတို့ပဲ သိတယ်။ သူက အခြားဘယ်သူ့ကိုမှ မပြောခဲ့ဘူး။
"ကောင်းပြီလေ"
ရန်ချင်းဟူက ခေါင်းညိတ်လိုက်တယ်။
"ဒါဆိုလဲ ငါ သွားတောမ့ယ်"
သူတို့နှစ်ယောက်အကြားမှာ အဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောဖို့ မလိုအပ်ပါဘူး။
လီဖူချန်းက မီးလျှံတစ်ခုအဖြစ်သို့ ပြောင်းကာ ကောင်းကင်သို့ တစ်ဟုန်ထိုးပြေးတက်သွားတယ်။
"ငါတို့တွေ နတ်ဘုရားကမ္ဘာမှာ ထပ်တွေ့အခါ မင်းနဲ့ငါက အကြင်လင်မယားတွေ ဖြစ်လာလိမ့်မယ်" အသံတစ်ခုက လေထဲမှာ ထွက်ပေါ်လာတယ်။
ဒါကို ကြားပြီး အပြုံးတစ်ခုက ရန်ချင်းဟူရဲ့မျက်နှာမှာ ထွက်ပေါ်လာတယ်။
မကြာမီမှာပဲ မီးလျှံက ခွင်းဝူစကြာဝဠာမှ ထွက်ပြီး စကြာဝဠာတွေအကြားအနက်ရောင်အရည်ဆီ ရောက်ရှိလာတယ်။
အရင်တုန်းက လီဖူချန်းရဲ့ခန္ဓာကိုယ်က အနက်ရောင်အရည်ထဲသို့ မဝင်ရောက်နိုင်ခဲ့ဘူး။
ဒါပေမယ့် လီဖူချန်းရဲ့မီးတာအိုအဆင့်က တဖြည်းဖြည်းတိုးလာသလို ကြက်သွေးရောင်မီးလျှံတစ်စုံလုံးအပါအဝင်နဲ့အတူ လီဖူချန်းက အနက်ရောင်အရည်အထဲမှာ အချိန်တစ်ခုအထိ နေနိုင်ခဲ့တယ်။
ဒီအချိန်ကာလက နတ်ဘုရားကမ္ဘာကို ဝင်ရောက်ဖို့ လီဖူချန်းအတွက် အရေးကြီးတဲ့အချိန်ပါပဲ။ ဒီလိုမဟုတ်ရင် သူ့ခန္ဓာကိုယ်က နတ်ဘုရားကမ္ဘာဥပဒေသရဲ့အသိအမှတ်ပြုခြင်းကို လက်မခံနိုင်ရင် အရာအားလုံးက အချည်းနှီးပါပဲ။
ဒါပေမယ့် ကြက်သွေးရောင်မီးလျှံတစ်စုံမရှိရင်တောင် သူက နတ်ဘုရားကမ္ဘာရဲ့ဥပဒေသရဲ့အသိအမှတ်ပြုခြင်းကို လက်ခံနိုင်မယ်လို့ လီဖူချန်းက ယုံကြည်တယ်။ ဒါပေမယ့် အဲဒါက ပိုအန္တရာယ်များတယ်၊ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ပေါ်မှာပဲ မှီခိုရလိမ့်မယ်။
မီးလျှံက ပိုပိုမြန်လာပြီး အဝေးကနေ သူက နတ်ဘုရားအဆင့်အင်းဆက်ရဲ့အရိပ်ကို မြင်နိုင်သလို လီဖူချန်းက ခံစားမိတယ်။
ဒါက လီဖူချန်းကို အတော်လေးထိတ်လန့်သွားစေတယ်။
ကံကောင်းစွာနဲ့ နတ်ဘုရားအင်းဆက်က သူ့ကို အာရုံမစိုက်ခဲ့ဘူးပဲ ဒါမှမဟုတ် ၎င်းက ဆောင်းခိုတဲ့အခြေအနေမှာ ရှိနေပြီး ဘာလှုပ်ရှားမှမပြုနိုင်ခဲ့ဘူးပေါ့။
အချိန်ဘယ်လောက်ရှိသွားသလဲကို မသိဘူး၊ လီဖူချန်းက အနက်ရောင်အမြှေးရဲ့အောက်ခြေသို့ ရောက်ရှိလာခဲ့တယ်။
"အောင်မြင်မှာလား ဒါမှမဟုတ် ကျရှုံးမှာလား ဒီနေရာမှာပဲ ဆုံးဖြတ်ရမှာပဲ"
အသက်ကို နက်ရှိုင်းစွာ ရှုသွင်းပြီးနောက် လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့မီးတာအိုဥပဒေသကို အာရုံခံဖို့ အကောင်းဆုံးကြိုးစားခဲ့တယ်။
ဒီနေရာရှိနတ်ဘုရားကမ္ဘာမီးတာအိုဥပဒေသက နတ်ဘုရားကမ္ဘာရဲ့မီးတာအိုဥပဒေသရဲ့အစွန်းလောက်ပါပဲ။ ကံကောင်းစွာနဲ့ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲဖို့ သေးသေးလေးပဲလိုတော့တာ။
မသန့်စင်မှုတွေကို ဆေးကြောသန့်စင်လိုက်သလိုပါပဲ။ နတ်ဘုရားကမ္ဘာရဲ့မီးတာအိုဥပဒေသရဲ့ဖြာထွက်အလင်းအောက်မှာ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ရှိခရမ်းရောင်က ပိုပိုနည်းလာ၊ ပိုပိုမှေးမှိန်လာပြီး လုံးဝပျောက်ကွယ်သွားတော့တယ်။
ခရမ်းရောင်ပျောက်သွားတာနဲ့ လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ဖျော့ဖျော့အလင်းတစ်ခု ပေါက်ကွဲထွက်လာတယ်။
ထိုအခိုက်မှာ သူက အရာအားလုံးကိုသိရှိပြီးအရာရာကိုစွမ်းဆောင်နိုင်တဲ့နတ်ဘုရားတစ်ယောက်အလား လီဖူချန်းက ခံစားရတယ်။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အရူးအမူးကြီးမားလာပြီး စကြာဝဠာများစွာကို သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဝန်းရံသွားခဲ့တယ်။ တကယ်တော့ သူသာ ဆန္ဒရှိရင် သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို သုံးပြီး ဒီစကြာဝဠာတွေကို ဖြည်းဖြည်းချင်း ကျူးကျော်နိုင်တယ်။
နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက နတ်ဘုရားအဆင့်အင်းဆက်ကို ဖြတ်သွားတယ်......
"အမ်၊ ဒါ ဘယ်အစစ်အမှန်နတ်ဘုရားလဲ"
နတ်ဘုရားအဆင့်အင်းဆက်ရဲ့မျက်လုံးတွေက သံသယအရိပ်အယောင်တွေ လင်းလက်သွားတယ်။ သူက ဒီစကြာဝဠာအမျိုးမျိုးကို သူ့ရဲ့ဆန္ဒအလျောက် ဝင်ရောက်ခဲ့တာမဟုတ်ဘူး။ သူက တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်နေတဲ့အချိန်မှာ အထိတ်တလန့်နဲ့ မှားယွင်းဝင်ရောက်ခဲ့မိတာ။
သူ့ရဲ့ပြင်းထန်တဲ့ဒဏ်ရာကြောင့် သူက လက်ရှိခွန်အားနဲ့ ဒီစကြာဝဠာအမျိုးမျိုးကနေ မထွက်ခွာနိုင်ခဲ့ဘူး။ သူက ပြန်ကောင်းလာဖို့ စကြာဝဠာအမျိုးမျိုးရဲ့ရင်းမြစ်စွမ်းအားကိုပဲ ဖြည်းဖြည်းချင်းစီ စုပ်ယူနိုင်ခဲ့တယ်။
"ထားလိုက်တော့၊ သူ ငါ့ကို မနှောင့်ယှက်သရွေ့ပေါ့"
နတ်ဘုရားအဆင့်အင်းဆက်ရဲ့မျက်လုံးတွေက အေးစက်သွားတယ်။ သူက ဒဏ်ရာပြင်းပြင်းထန်ထန်ရထားပေမယ့် အစစ်အမှန်နတ်ဘုရားတစ်ယောက်ဖြစ်နေပါသေးတယ်။ အခြားတစ်ဖက်က အကြောင်းပြချက်မရှိဘဲ အစစ်အမှန်နတ်ဘုရားတစ်ယောက်ကို ရန်မစရဲဘူးလို့ သူက ယုံကြည်တယ်။
နတ်ဘုရားအဆင့်အင်းဆက်က သူ့မျက်လုံးတွေကို ပြန်မှိတ်လိုက်တယ်။
ထိုအခိုက်မှာ လီဖူချန်းက နတ်ဘုရားအဆင့်အင်းဆက်နဲ့ပတ်သက်ပြီး ဂရုမစိုက်ပါဘူး။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်က ဆင့်ကဲပြောင်းလဲလာတာကြောင့် လီဖူချန်းက အနက်ရောင်အမြှေးပေါ်ရှိ အားနည်းတဲ့အစက်ကို မြင်လိုက်ရတယ်။
"ချိုးဖြတ်စမ်း"
မီးလျှံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလျက် လီဖူချန်းက အားနည်းတဲ့နေရာသို့ ရိုက်နှက်လိုက်တယ်။
"အခွင့်အရေးတစ်ခုရှိတယ်"
လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။
အတိတ်မှာ သူက အနက်ရောင်အမြှေးကို ရိုက်လိုက်တဲ့အခါ အနက်ရောင်အမြှေးက မရွေ့လျားခဲ့ဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ အနက်ရောင်အမြှေးရဲ့တွန်းကန်မှုက အဆတစ်ရာဒါမှမဟုတ်အဆတစ်ထောင် ပိုအားနည်းလာတယ်။
"နတ်ဘုရားစိတ်ဝိညာဉ်က တကယ်ကို သော့ချက်တစ်ခုပဲ"
လီဖူချန်းက အနက်ရောင်အမြှေးကို ဆက်လက်ရိုက်နှက်လိုက်တယ်။
ဖြောက်......
အက်ကြောင်းတစ်ခုက အနက်ရောင်အမြှေးပေါ်မှာ ထွက်ပေါ်လာတယ်။
အလွန်အမင်းသိပ်သည်းတဲ့နတ်ဘုရားကမ္ဘာဥပဒေသက တလက်လက်တောက်ပနေတဲ့နေရောင်ပမာ လျှံထွက်လာတယ်။
ဒါပေမယ့် ထိုအချိန်မှာ လီဖူချန်းက အက်ကြောင်းထဲကို ဝင်ရောက်ခဲ့ပြီး နတ်ဘုရားကမ္ဘာထဲသို့ ဝင်ရောက်ခဲ့တယ်။
နတ်ဘုရားအဆင့်အင်းဆက်က သူ့မျက်လုံးတွေဖွင့်လိုက်ပြီး တဖြည်းဖြည်းပိတ်လာနေတဲ့အက်ကြောင်းကို ကြည့်လိုက်တယ်။ သူက ပြောလိုက်တယ်"ဒီနေရာက စကြာဝဠာသက်ရှိတွေကိုပဲ ဝင်ရောက်ဖို့ ခွင့်ပြုတာ သနားစရာတစ်ခုပဲ။ ငါ့လို နတ်ဘုရားဟင်းလင်းပြင်သက်ရှိတစ်ကောင်က မဝင်ရောက်နိုင်ပါလား" ပြောပြီးနောက် သူက သူ့မျက်လုံးတွေကို မှိတ်ကာ အိမ်မောကျသွားခဲ့တယ်။
…
"ဒါ နတ်ဘုရားကမ္ဘာလား"
လီဖူချန်းက နတ်ဘုရားကမ္ဘာကို ဘယ်တော့မှ မဝင်ရောက်ခဲ့ဖူးဘူး၊ အစစ်အမှန်နတ်ဘုရားကမ္ဘာက ဘယ်လိုလဲဆိုတာ မသိဘူး။ သူက လက်ရှိ ဆန်းကြယ်တဲ့နေရာတစ်ခုမှာ ရှိနေတာကိုသာ သိတယ်။
ပထမ၊ သူ့ခန္ဓာကိုယ်ရဲ့ခံစားချက်ပဲ။
လီဖူချန်းက ခွင်းဝူစကြာဝဠာဒါမှမဟုတ်နတ်ဘုရားစစ်မြေပြင်မှာ ပြိုင်ဘက်ကင်းဖြစ်ခဲ့တယ်။ ဒါပေမယ့် ဒီနေရာမှာ သူက ထူးခြားတဲ့ခွန်အားနဲ့သန်မာတဲ့သာမန်လူတစ်ယောက်ပါပဲ။
ဒါ ဟုတ်တယ်၊ သန်မာတဲ့သာမန်လူတစ်ယောက်ပဲ။
မြန်နှုန်းအရ သူက သာမန်လူတစ်ယောက်ထက် အဆအနည်းငယ်ပိုသန်မာပြိး သူ့ခွန်အားက သာမန်လူတစ်ယောက်ထက် အဆအနည်းငယ်ပိုသန်မာတယ်။ ဒါ့အပြင် သူက မီးလျှံနဲ့ဓားချီကို ထုတ်လွှတ်နိုင်တယ်၊ ဒါပေမယ့် အဖျက်အဆီးစွမ်းအားနဲ့အကွာအဝေးက အလွန်သေးငယ်တယ်။
နတ်ဘုရားကမ္ဘာကို ရောက်ရှိပြီးနောက် လီဖူချန်းရဲ့ခွန်အားက အဆမရေမတွက်များစွာ ပိုအားနည်းလာတယ်။ သူက သုညမှ စတင်နေသလိုပါပဲ။
ကင်းထောက်ဖို့အတွက် လီဖူချန်းက သူ့ရဲ့လိပ်ပြာအသိစိတ်အာရုံကို လုံးဝမထုတ်လွှတ်နိုင်ခဲ့ဘူး။ သူ့ရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကိုပဲ ထုတ်လွှတ်နိုင်ပြီး အကွာအဝေးက အတော်လေးကြီးတယ်၊ ကြီးမားတဲ့နယ်မြေတစ်ခုကို ဝန်းရံနိုင်တယ်။ ဒါပေမယ့် စကြာဝဠာရာအနည်းငယ်ကို ဝန်းရံနိုင်တဲ့အနက်ရောင်အရည်နဲ့ နှိုင်းယှဉ်ရင် အများကြီးနိမ့်ကျတယ်။
လီဖူချန်းက ခုန်လိုက်တယ်၊ ဒါပေမယ့် မီတာအနည်းငယ်ထိပဲ ခုန်နိုင်ခဲ့တယ်။
အသက်တစ်ချက်ရှုထုတ်ပြီးနောက် လီဖူချန်းက ပတ်ဝန်းကျင်ကို စတင်အကဲဖြတ်လိုက်တယ်။
အနက်ရောင်တိမ်တွေရှိတယ်၊ ကောင်းကင်က အနည်းငယ်ခပ်မှောင်မှောင်ဖြစ်နေပြီး လေအေးတွေက တိုက်ခတ်နေတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တဲ့အခါ တိတ်ဆိတ်ခြောက်ကပ်နေတယ်။ အတိတ်တုန်းက အနက်ရောင်အမြှေးအောက်မှ သူမြင်ခဲ့တာနဲ့ လုံးဝခြားနားတယ်။
လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အနက်ရောင်အရည်ကို စစ်ဆေးကြည့်လိုက်တဲ့အခါ သူက ဘာတစ်ခုမှ မခံစားရနိုင်ဘူး၊ သာမန်အနက်ရောင်အရည်မျှပဲ။
"နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ငါ နောက်ထပ်ရက်အနည်းငယ်လိုတယ်။ ဟိုဟိုသည်သည်တစ်ချက်လိုက်ကြည့်ရမယ်"
နတ်ဘုရားကမ္ဘာထဲမှာ လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့သူတော်စင်စိတ်ဝိညာဉ်က နတ်ဘုရားကမ္ဘာဥပဒေသရဲ့အသိအမှတ်ပြုခြင်းကို ချက်ချင်း လက်ခံနေတယ်။ အသိအမှတ်ပြုခြင်းပြီးမြောက်သွားတာနဲ့ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ သဟဇတဖြစ်လာပြီး နတ်ဘုရားတစ်ယောက်ချက်ချင်းဖြစ်လာလိမ့်မယ်။
နေ့တစ်ဝက်ကြာပြီးနောက် လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေနဲ့လိုက်လျောညီထွေဖြစ်လာခဲ့တယ်။
နတ်ဘုရားကမ္ဘာက တကယ်ကို နတ်ဘုရားကမ္ဘာပဲ။ လီဖူချန်းက ဒီနေရာမှာ သတိမဲ့လို့မရဘူး။
စောစောက သူက မြင်ခင်းတစ်ခုကို ဖြတ်သန်းနေတဲ့အချိန်မှာ အစိမ်းရောင်မြွေတစ်ကောင်က သူ့ကို ရုတ်တရက် တိုက်ခိုက်လာတယ်။ ဥပဒေသပြောင်းလဲမှုကြောင့် လီဖူချန်းက အစိမ်းရောင်မြွေရဲ့ခွန်အားကို မမြင်နိုင်ခဲ့ဘူး။ သူက အစိမ်းရောင်မြွေကို ခုတ်ပိုင်းဖို့ သာမန်ကာလျှံကာဓားချီတစ်ခုကို ထုတ်လွှတ်ခဲ့တယ်။ ဒါက နတ်ဘုရားစစ်မြေပြင်မှာ ဆိုရင် ဒီဓားချီက ဘယ်ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားကိုမဆို သတ်ဖြတ်ဖို့ လုံလောက်တယ်။ ဒါပေမယ့် ဒီနေရာမှာ အစိမ်းရောင်မြွေရဲ့အကြေးခွံကိုတောင် မကျော်လွှားနိုင်ဘဲ ၎င်းကို လွှင့်ထွက်စေရုံသာ တတ်နိုင်ခဲ့တယ်။
အနည်းငယ်အလေးအနက်ထားပြီးနောက် လီဖူချန်းက ဓားတစ်ချက်ကို အသုံးပြုကာ အစိမ်းရောင်မြွေကို ခုတ်ပိုင်းလိုက်တယ်။
နတ်ဘုရားကမ္ဘာမှာ ငါ အကုန်လုံးနဲ့ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမယ်။ နတ်ဘုရားကမ္ဘာရဲ့သတ္တဝါတွေအားလုံးက ခမ်းနားမယ်လို့ ငါ ထင်တယ်"
အစိမ်းရောင်မြွေက အကြိုနတ်ဘုရားသားရဲတစ်ကောင်ဆိုတာ သေချာတယ်၊ ဒါက သံသယရှိစရာမလိုဘူး။ ဒါပေမယ့် နတ်ဘုရားစစ်မြေပြင်ရှိအကြိုနတ်ဘုရားသားရဲတွေနဲ့ နှိုင်းယှဉ်ရင် အစိမ်းရောင်မြွေကို ကြည့်ရတာ အလွန်သာမန်ဆန်ပြီး သာမန်မြွေတစ်ကောင်နဲ့ မခြားပါဘူး။ ဒါက လီဖူချန်းလို အသစ်ရောက်လာသူတစ်ယောက်အတွက် အလွန်ရှုပ်ထွေးစရာပဲ။
ရက်အနည်းငယ်က လျင်မြန်စွာ ဖြတ်သန်းသွားပြီး လီဖူချန်းရဲ့ခန္ဓာကိုယ်နဲ့သူတော်စင်စိတ်ဝိညာဉ်က အသိအမှတ်ပြုခြင်းကို နောက်ဆုံးမှာ ပြီးမြောက်ခဲ့တယ်။
လက်ရှိသူ့ရဲ့ခန္ဓာကိုယ်က နတ်ဘုရားခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပြီ၊ သူတော်စင်စိတ်ဝိညာဉ်ကလဲ နတ်ဘုရားစိတ်ဝိညာဉ်အဖြစ် ပြောင်းလဲသွားပြီ။
ခန္ဓာကိုယ်နဲ့နတ်ဘုရားစိတ်ဝိညာဉ်ကပဲ အစစ်အမှန်နတ်ဘုရားစွမ်းအားကို ရင်ဆိုင်နိုင်တာ။ သို့မဟုတ်ရင် နတ်ဘုရားစွမ်းအားက သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လာရင် လီဖူချန်းရဲ့ခန္ဓာကိုယ်က သေချာပေါက် ပေါက်ကွဲသွားလိမ့်မယ်။
အရာအားလုံးကို အသက်သွင်းပြီးနောက် လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဓားတာအိုဥပဒေသကို စတင်အသက်သွင်းလိုက်တယ်။
နတ်ဘုရားကမ္ဘာရဲ့ဓားတာအိုဥပဒေသကို အရင်အသက်သွင်းပြီး မီးတာအိုဥပဒေသဒါမှမဟုတ်နေရာလပ်-အချိန်တာအိုဥပဒေသကို အသက်မသွင်းရတဲ့အဓိကအကြောင်းရင်းကတော့ လီဖူချန်းရဲ့ဓားတာအိုအဆင့်က အမြင့်ဆုံးဖြစ်ပြီး တိုးတက်ဖို့ အလွယ်ကူဆုံးပါပဲ။
လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဓားတာအိုဥပဒေသကို အသက်သွင်းလိုက်တာကြောင့် ပုံရိပ်ယောင်ဓားအလင်းတစ်ခုက ကောင်းကင်မှ ဆင်းသက်လာပြီး လီဖူချန်းကို ဝန်းရံသွားတယ်။ နောက်အခိုက်အတန့်မှာ အဆုံးမဲ့နတ်ဘုရားကမ္ဘာစွမ်းအင်က ပုံရိပ်ယောင်ဓားအလင်းထဲသို့ ဝင်လာတယ်။
"ဒီလိုရှင်းလင်းတဲ့နတ်ဘုရားကမ္ဘာရဲ့ဓားတာအိုဥပဒေသ"
သူ့ခန္ဓာကိုယ်ထဲဝင်လာတာက နတ်ဘုရားကမ္ဘာစွမ်းအင်ပဲ မဟုတ်ဘူး နတ်ဘုရားကမ္ဘာဓားတာအိုဥပဒေသရဲ့ကြီးမားတဲ့ပမာဏတစ်ခုလဲ ပါဝင်တယ်။
အစကတည်းက သူ့ရဲ့ဓားတာအိုနယ်ပယ်က နတ်ဘုရားအဆင့်ရဲ့လက်တစ်ကမ်းကို ရောက်ရှိထားပြီ။ ဓားတာအိုဥပဒေသကို အသက်သွင်းသရွေ့ သူက ဘယ်အချိန်မဆို နတ်ဘုရားအဆင့်ကို ဆက်ရောက်နိုင်တယ်လေ။