← Chapters

စုဆောင်းခြင်း

Vol. 77 Ch. 1078

စုဆောင်းခြင်း

Vol. 77 Ch. 1078

"နောက်ဆုံးတော့ ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့ပဉ္စမပိုင်းကို ရှာတွေ့ပြီးပေါ့လေ"

နတ်ဘုရားစစ်မြေပြင်ရဲ့အနက်ပိုင်းထဲမှာ လီဖူချန်းက ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့ပဉ္စမအပိုင်းကို ရှာတွေ့ခဲ့တယ်။

သူထင်ထားသလိုပဲ၊ ငါးပိုင်းတောင် ကြက်သွေးရောင်မီးလျှံတစ်စုံမပြည့်သေးပါဘူး။

…

"ဆဌမအပိုင်း"

ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့အစိတ်အပိုင်းတစ်ခုပိုလာတာနဲ့အတူ ကျန်ရှိတဲ့အပိုင်းတွေကိုအာရုံခံနိုင်စွမ်းက အဆများစွာအားကောင်းလာတယ်။ နှစ်တစ်ရာကြာပြီးနောက် လီဖူချန်းက ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့ဆဌမအပိုင်းကို ရှာတွေ့ခဲ့တယ်။

ထို့နောက် သတ္တမအပိုင်း၊ အဠမအပိုင်း။

ကြက်သွေးရောင်မီးလျှံတစ်စုံ‌ခြောက်ပိုင်းက အောင်မြင်ခြင်းဝတ်စုံလေးပိုင်းထက် မနောက်ကျပါဘူး။ ကြက်သွေးရောင်မီးလျှံတစ်စုံ‌ခုနှစ်ပိုင်းက ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ကြယ်ဖျက်ဆီးခြင်းတစ်စုံနဲ့ ယှဉ်နိုင်တယ်။

ဒါ့ပြင် ကြက်သွေးရောင်မီးလျှံတစ်စုံရှစ်ပိုင်းကတောင် မပြည့်စုံသေးပါဘူး။

ပြည့်စုံတဲ့ကြက်သွေးရောင်မီးလျှံတစ်စုံက အစစ်အမှန်နတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် မနိမ့်ကျပါဘူး။

…

"နဝမအပိုင်း"

နောက်ဆုံးမှာ သူ့ရဲ့အာရုံခံခြင်းအတိုင်းအတာက တိုးလာတာနဲ့အတူ လီဖူချန်းက ကြက်သွေးရောင်မီးလျှံတစ်စုံရဲ့နဝမအပိုင်းကို ရှာတွေ့ခဲ့တယ်။

ကြက်သွေးရောင်မီးလျှံတစ်စုံလုံးကို သန့်စင်ပြီးနောက် ကြောက်စရာကောင်းတဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက လီဖူချန်းရဲ့ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာတယ်။ ၎င်းက ကောင်းကင်နဲ့မြေကြီးနဲ့ချိတ်ဆက်ထားတဲ့မီးတိုင်တစ်ခုကို ဖြစ်ပေါ်စေတယ်။ ကြောက်စရာကောင်းတဲ့စွမ်းပကားက အနီးနားရှိအကြိုနတ်ဘုရားသားရဲများစွာကို ဦးတည်ဘက်တိုင်းသို့ ထွက်ပြေးစေခဲ့ရတယ်။

"ကြက်သွေးရောင်မီးလျှံတစ်စုံက နောက်ဆုံးတော့ ပြီးပြည့်စုံလာပြီပေါ့။ ဘယ်လိုတောင်အားကောင်းတဲ့ခံစားချက်လဲ........"

ပြည့်စုံတဲ့ကြက်သွေးရောင်မီးလျှံတစ်စုံက အကြိုနတ်ဘုရားစွမ်းအားကို အလွန်အမင်းတိုးမြင့်လာစေတယ်။ လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့မီးတာအိုဥပဒေသနဲ့ ထိတွေ့ပြီးတာကို အသာထား၊ သူက မထိတွေ့ရသေးရင်တောင် သာလွန်သူတစ်ယောက်နဲ့ ယှဉ်ပြိုင်နိုင်တယ်လို့ လီဖူချန်းက ယုံကြည်ချက်ရှိတယ်။

အခုလား။ သူက သာလွန်သူအဖွဲ့အစည်းတစ်ခုလုံးကို အလွယ်တကူဖယ်ရှားနိုင်တယ်လို့ လီဖူချန်းက ခံစားမိတယ်။

"ကြက်သွေးရောင်မီးလျှံတောင်ပံ"

ဧရာမမီးလျှံတောင်ပံတစ်စုံကို ဆန့်ထုတ်လျက် လီဖူချန်းရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး အလွန်အမင်းဝေးကွာတဲ့နယ်မြေတစ်ခုမှာ ရုတ်ချည်းထွက်ပေါ်လာတယ်။

"နေရာလပ်-အချိန်အကြိုနတ်ဘုရားစွမ်းအားထက် အဆများစွာပိုမြန်တာပဲ"

လီဖူချန်းက ကျေနပ်အားရစွာ ပြုံးလိုက်တယ်။

ပုံမှန်အနေအထားအောက်မှာ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက နေရာလပ်-အချိန်အကြိုနတ်ဘုရားစွမ်းအားကို မြန်နှုန်းအရ ဖြတ်ကျော်ချင်တယ်ဆိုရင် နေရာလပ်-အချိန်အကြိုနတ်ဘုရားစွမ်းအားထက် ဆယ်ဆပိုသန်မာဖို့လိုအပ်တယ်။  လက်ရှိသူ့ရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက နေရာလပ်-အချိန်အကြိုနတ်ဘုရားစွမ်းအားထက် အနည်းဆုံးအဆတစ်ရာပိုသန်မာနေပြီးလို့ ပြောနိုင်တယ်။

"မီးလျှံနီနတ်ဘုရားပိုင်နက်"

ကြက်သွေးရောင်မီးလျှံတစ်စုံကို တပ်ဆင်ပြီးနောက် လီဖူချန်းက ဒုတိယမြောက်စွမ်းပကားကို အသက်သွင်းလိုက်တယ်။

ဒီစွမ်းပကားက နတ်ဘုရားမျိုးနွယ်ရဲ့နတ်ဘုရားပိုင်နက်နဲ့ အလားသဏ္ဍာန်တူတယ်။ ဒါပေမယ့် ၎င်းက အဆတစ်ထောင်ပိုသန်မာတယ်။

မီးလျှံနီနတ်ဘုရားပိုင်နက်ထဲမှာ လီဖူချန်းက ပိုတောင်နက်နဲသိမ်မွေ့တဲ့နတ်ဘုရားကမ္ဘာရဲ့မီးတာအိုဥပဒေသကို ခံစားနိုင်တယ်။

"ပထမ၊ ငါ အကြိုနတ်ဘုရားချပ်ဝတ်အချို့ကို စုဆောင်းရမယ်၊ ပြီးရင်တော့ နတ်ဘုရားသွေးပင်လယ်ကို တစ်ချက်သွားကြည့်ရမယ်"

လီဖူချန်းက ကောင်းကင်ချိတ်ဆက်မြို့ရှိရာ ဦးတည်ဘက်သို့ ကြည့်ကာ နှာခေါင်းရှုံ့လိုက်တယ်။

နတ်ဆိုးနတ်ဘုရားမရွှယ်မေက လက်ရှိအချိန်မှာ အလွန်သက်သောင့်သက်သာရှိ‌နေတယ်။ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ကူညီမှုနဲ့အတူ သူမက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားပစ္စည်းတစ်စုံကို ရရှိခဲ့တယ်။

ဒီပထမတန်းစားအဆင့်အကြိုနတ်ဘုရားပစ္စည်းဝတ်စုံကို ရရှိဖို့အတွက် နှစ်ပေါင်းသုံးရာကြာ ပြင်ဆင်ထားခဲ့တယ်။ သူက အထွတ်အထိပ်အကြိုနတ်ဘုရားသုံးယောက်နဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်ကို သတ်ဖြတ်ခဲ့တယ်။ ဒါက သူက သူမကို ဘယ်လောက်တောင် တန်ဖိုးထားသလဲကို ပြသခဲ့တယ်။

နတ်ဘုရားနတ်ဘုရားမရွှယ်မေက အောင်မြင်ခြင်းလည်ပတ်ကို ရုတ်တရက် သတိရလိုက်မိတယ်။

ဒါက သူမရဲ့နှလုံးသားထဲရှိဆူးတစ်ချောင်းပါပဲ။

"ဟမ့်၊ ငါ ဒင်းကို ဘယ်တော့မှ ထပ်မမြင်ချင်ဘူး"

ရွှယ်မေက မုန်းတီးစွာ ပြောလိုက်တယ်။

အုန်း.....

ရုတ်တရက် ကြယ်ဖျက်ဆီးခြင်းရဲတိုက်က ပြင်းပြင်းထန်ထန်တုန်ခါသွားတယ်။

"ကြယ်ဖျက်ဆီးခြင်းရဲတိုက်ထဲမှာ ဘယ်သူက ဒီလောက်တောင် ရဲတင်းရဲတာလဲ" နတ်ဆိုးနတ်ဘုရားမရွှယ်မေက အတော်လေးအံ့အားသင့်သွားပြီး သူမရဲ့ရဲတိုက်မှ လျင်မြန်စွာ ပျံသန်းထွက်လာယ်။

အဝေးမှ နတ်ဆိုးနတ်ဘုရားမရွှယ်မေက ကြယ်ဖျက်ဆီးခြင်းရဲတိုက်အထက်ကောင်းကင်မှာ ရပ်တန့်နေတဲ့ပုံရိပ်တစ်ခုကို မြင်လိုက်ရတယ်။

"ဒါ သူပဲ"

နတ်ဆိုးနတ်ဘုရားရွှယ်မေက လီဖူချန်းကို ချက်ချင်း မှတ်မိလိုက်တယ်။

"နင်က သေချင်နေတာပဲ။ ကြယ်ဖျက်ဆီးခြင်းရဲတိုက်ကို‌တောင် လာရဲတာပေါ့လေ" နတ်ဆိုးနတ်ဘုရားမရွှယ်မေက ဒေါသနဲ့ ရယ်လိုက်တယ်။ သူမက လီဖူချန်းဆီ ပျံသန်းလာတယ်။

ပထမတန်းစားအဆင့်အကြိုနတ်ဘုရားဝတ်စုံနဲ့ဆိုရင် သူမက လီဖူချန်းနဲ့ အကွက်အနည်းငယ်ယှဉ်ပြိုင်နိုင်မယ်လို့ ယုံကြည်တယ်။

နတ်ဆိုးနတ်ဘုရားမရွှယ်မေတစ်ယောက်ပဲ လီဖူချန်းဆီ ပြေးလာတာမဟုတ်ဘူး၊ ကြယ်ဖျက်ဆီးခြင်းရဲတိုက်မှ အခြားကျွမ်းကျင်သူတွေလဲပါတယ်။

ဒီကျွမ်းကျင်သူတွေအားလုံးက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေပါပဲ။

သူတို့က လီဖူချန်းအနားတောင် မကပ်နိုင်ဘဲ ပြာဖြစ်သွားတာ စိတ်မကောင်းစရာပါပဲ။

"မင်း သေချင်နေတာလား"

ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က ထွက်ပေါ်လာတယ်။

သူအချစ်ရဆုံးမိန်းမက သူ့ရှေ့မှာ သေသွားတာကို မြင်ပြီး ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအကြိုနတ်ဘုရားစွမ်းအားက ပေါက်ကွဲထွက်လာပြီး လီဖူချန်းထံ အနက်ရောင်ဥက္ကာပျံတစ်ခုပမာ တိုက်ခိုက်လာတယ်။

"ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်၊ ဘယ်လိုလဲ"

လီဖူချန်းက သူ့ရဲ့ညာလက်ကို ဆန့်ကာ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့လက်သီးကို အလွယ်တကူဆုတ်ကိုင်လိုက်တယ်။

"ဘာလဲဟ"

ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က သူ့ရဲ့ကြယ်ဖျက်ဆီးခြင်းအကြိုနတ်ဘုရားစွမ်းအားကို အရူးအမူးပေါက်ကွဲထွက်စေခဲ့ပေမယ့် လီဖူချန်းရဲ့ထိန်းချုပ်မှုအောက်မှာ သူ့ရဲ့ကြယ်ဖျက်ဆီးခြင်းအကြိုနတ်ဘုရားစွမ်းအားက ပိုးပျံကောင်ပမာ လီဖူချန်းကို မတုန်ခါစေနိုင်ခဲ့ဘူး။

"ဒါက ကောင်းကင်ချိတ်ဆက်မြို့နော်၊ မင်း တရားမလွန်နဲ့"

ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က ရုတ်တရက် သတိရလာတယ်။

လီဖူချန်းက ကောင်းကင်ချိတ်ဆက်မြို့ရဲ့ဗိုလ်ချုပ်လဲမဟုတ်သလို အကြီးအကဲတစ်ယောက်လဲ မဟုတ်ဘူးလေ။ လီဖူချန်းက ကောင်းကင်ချိတ်ဆက်မြို့ရဲ့ကောင်းကင်ထဲမှာ ဘယ်လိုလုပ်ပြီး ရပ်နေနိုင်တာလဲ။

နတ်ဆိုးနတ်ဘုရားမရွှယ်မေမှာ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားဝတ်စုံတစ်စုံရှိတယ်။ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ကတောင် သူမကို တစ်ချက်တည်းနဲ့ မသတ်ဖြတ်နိုင်ပေမယ့် လီဖူချန်းက အသာလေးလုပ်ဆောင်ခဲ့တယ်။

"မစိုးရိမ်ပါနဲ့၊ ငါ ကြမ်းကြမ်းတမ်းတမ်းမလုပ်ပါဘူး။ ငါ အကြွေးပြန်ပေးချင်ရုံပါပဲ" မီးပွားတွေက လီဖူချန်းရဲ့လက်ဝါးမှ ပေါက်ကွဲထွက်လာတယ်။

ထို့နောက် ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ခန္ဓာကိုယ်ကို ကြောက်စရာကောင်းတဲ့မီးလျှံ‌တွေ လောင်ကျွမ်းသွားတော့တယ်။

"မလုပ်နဲ့"

ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ရဲ့ခန္ဓာကိုယ်က မီးသွေးပမာ ချက်ချင်းမဲနက်သွားတယ်။

"မဖြစ်နိုင်ဘူး"

"သူက ကြယ်ဖျက်ဆီးခြင်းတစ်စုံရဲ့ခံစစ်ကို ချိုးဖြတ်နိုင်ခဲ့တာပဲ။ ဒဏ္ဍာရီလာသာလွန်သူတွေတောင် အဲလိုမလုပ်နိုင်ဘူး"

ပုံရိပ်တွေက ကြယ်ဖျက်ဆီးခြင်းရဲတိုက်ပတ်လည်မှာ ထွက်ပေါ်လာတယ်။ ဒီပုံရိပ်တွေက လီဖူချန်းလိုပဲ ကောင်းကင်မှာ ရပ်နေကြတယ်။ ကောင်းကင်ချိတ်ဆက်မြို့ထဲမှာ အကြီးအကဲတွေနဲ့ဗိုလ်ချုပ်တွေကပဲ လေထဲမှာ ရပ်နိုင်တာ။

ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်ကို လီဖူချန်း အလွယ်တကူသတ်ဖြတ်ခဲ့တာကို မြင်ပြီးနောက် အကြီးအကဲတွေနဲ့ဗိုလ်ချုပ်တွေက သရဲတစ်ကောင်ကို မြင်လိုက်ရတဲ့အလား သေမတတ်ကြောက်ရွံ့သွားကြတယ်။

"ပြေးကြတော့ဟေ့"

တုံဆိုင်းမနေဘဲ လူတိုင်းက ဦးတည်ဘက်တိုင်းကို ထွက်ပြေးသွားကြတယ်။

"မင်းတို့ ရောက်လာပြီဆိုမှတော့ ဘာလို့ ထွက်သွားဖို့ အလျင်လိုနေတာလဲ"

ကြက်သွေးရောင်အတားအဆီးတစ်ခုက ကြယ်ဖျက်ဆီးခြင်းနန်းတော်နဲ့ပတ်ဝန်းကျင်နယ်မြေကို ဝန်းရံလိုက်တယ်။ ဗိုလ်ချုပ်နဲ့အကြီးအကဲတွေက အတားအဆီးနဲ့တိုက်မိပြီး နောက်ပြန်ကန်ထွက်လာကြတယ်။

"သာလွန်သူအရှင်၊ ကြယ်ဖျက်ဆီးခြင်းနတ်ဆိုးအရှင်က သင့်ကို ဆန့်ကျင်ခဲ့မှန်း ကျွန်တော်တို့မသိခဲ့ဘူး။ သိလို့ရှိရင် သင်တောင် လှုပ်ရှားစရာမလိုပါဘူး၊ ကျွန်တော်တို့တွေ သူ့ကို သတ်လိုက်တာ ကြာရောပေါ့"

သူတို့က လီဖူချန်းကို သာလွန်သူတစ်ယောက်လို့ ယူဆထားတယ်၊ သူပ အထွတ်အထိပ်သာလွန်သူတွေထဲကတစ်ယောက်ဖြစ်တယ်ပေါ့လေ။

လီဖူချန်းက လူတိုင်းကို တစ်ချက်ကြည့်ကာ ပြောလိုက်တယ်"ဒါ ဟုတ်တယ်။ မင်းတို့လေးယောက်က အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအစုံတွေကို ပိုင်ဆိုင်ထားတယ်မလား။ ငါ့မှာ တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲအလောင်းလေးခုရှိတယ်။ မင်းတို့အားလုံး အဲဒါတွေနဲ့ ဖလှယ်နိုင်တယ်"

သာလွန်သူတွေက အကြိုနတ်ဘုရားသားရဲတွေကို သာမန်၊ လက်ရွေးစင်၊ တပ်မှုးနဲ့ အရှင်သခင်ဆိုပြီး အဆင့်လေးဆင့်ခွဲခြားထားတယ်။

သာမန်အကြိုနတ်ဘုရားသားရဲတွေက အထွတ်အထိပ်အကြိုနတ်ဘုရားသားရဲတွေနဲ့ ညီမျှတယ်။

လက်ရွေးစင်အကြိုနတ်ဘုရားသားရဲတွေက ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေနဲ့ ညီမျှတယ်။

တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲတွေက တစ်ဝက်တစ်ပျက်သာလွန်သူတွေဒါမှမဟုတ်သာလွန်သူတွေနဲ့ ညီမျှတယ်။

အရှင်သခင်အဆင့်အကြိုနတ်ဘုရားသားရဲတွေက သာလွန်သူတွေထက် ပိုမြင့်တယ်။

ပြောရင်း လီဖူချန်းက တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲအလောင်းလေးခုကို ယူထုတ်လိုက်တယ်။

တုန်လှုပ်စရာစွမ်းပကားတစ်ခုက ထွက်လာတယ်။

"ဒါတွေက တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲအလောင်းတွေလား"

ကောင်းကင်ချိတ်ဆက်မြို့ရဲ့ဗိုလ်ချုပ်တွေက အလွန်စိတ်ဝင်စားသွားကြတယ်။ သူတို့ရဲ့အမူအရာတွေမှာလဲ ရှုပ်ထွေးနေလျက်ရှိတယ်။

တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲအလောင်းရဲ့တန်ဖိုးကို လီဖူချန်းက ရှင်းပြစရာမလိုပါဘူး၊ အရမ်းမြင့်မယ်ဆိုတာ သူတို့က သိပြီးသားပဲ။ သူတို့ရဲ့အဆင့်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေက သူတို့ရဲ့ပြင်ပခွန်အားကိုပဲ တိုးစေနိုင်တယ်၊ သူတို့ရဲ့အတွင်းခွန်အားကို တိုးစေဖို့ သူတို့ကိုယ်သူတို့သာ မှီခိုနိုင်တယ်။ အကြိုနတ်ဘုရားသားရဲတွေရဲ့သွေးမျိုးဆက်စွမ်းအားကို လေ့လာခြင်းက သေချာပေါက် အလွန်လက်တွေ့ကျတဲ့နည်းလမ်းတစ်ခုပါပဲ။

"ငါ ဖလှယ်မယ်"

ဗိုလ်ချုပ်တွေထဲကတစ်ယောက်က လျှောက်လာပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ပေးလိုက်တယ်။ သူ့ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံသာဖြစ်တယ်။

"ငါလဲ ဖလှယ်မယ်"

နောက်ထပ်ဗိုလ်ချုပ်တစ်ယောက်ကလဲ သူ့ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံကို ကမ်းပေးလာတယ်။ သူ့ရဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အစိတ်အပိုင်းလေးခုပါတဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံ ဖြစ်တယ်။

လီဖူချန်းရဲ့စွမ်းပကားနဲ့တပ်မှုးအဆင့်အကြိုနတ်ဘုရားသားရဲအလောင်းတွေရဲ့ဆွဲ‌ဆောင်မှုအောက်မှာ သူတို့‌လေးယောက်လုံးက ရွေးချယ်ဖို့ လက်ခံလိုက်တယ်။

…

စိတ်ဝိညာဉ်ခွဲဖြာခြင်းမြို့........

အရိုးစိမ်းနတ်ဘုရားအရှင်သခင်က စားသောက်နေတယ်။

စားပွဲပေါ်မှာ အရသာရှိတဲ့အသားဟင်းလျာတွေ ပြည့်‌နှက်နေတယ်။

ဒီအသားတွေအားလုံးက အကြိုနတ်ဘုရားသားရဲအသားတွေပါပဲ။

စိတ်ဝိညာဉ်ခွဲဖြာခြင်းမြို့မှာ သူတို့လိုဗိုလ်ချုပ်တွေကပဲ အကြိုနတ်ဘုရားသားရဲအသားတွေကို နေ့တိုင်း သုံးဆောင်နိုင်တယ်။ တကယ်တော့ အားအနည်းဆုံးအကြိုနတ်ဘုရားသားရဲက အထွတ်အထိပ်အကြိုနတ်ဘုရားတစ်ယောက်ရဲ့ခွန်အားရှိတယ်။ သူတို့ကို အမဲလိုက်ဖို့ဆိုရင် အထွတ်အထိပ်အကြိုနတ်ဘုရားအနည်းငယ်က ပူးပေါင်းအလုပ်လုပ်ဖို့ လိုအပ်တယ်။

"ဗိုလ်ချုပ်တို့၊ အလွန်အားကောင်းတဲ့အကြိုနတ်ဘုရားတစ်ယောက်က စိတ်ဝိညာဉ်ခွဲဖြာခြင်းမြို့ကို ရောက်ရှိလာပြီး ဗိုလ်ချုပ်တို့အားလုံးကို စုဝေးစေချင်တယ်"

ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတစ်ယောက်က သတင်းပို့လာတယ်။

"ဘယ်သူက ဒီလောက်တောင် ရဲတင်းနေတာလဲ" အရိုးစိမ်းနတ်ဘုရားအရှင်သခင်က သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ အစီအရင်စွမ်းအားက မှန်တစ်ချပ်ကို ဖြစ်ပေါ်စေခဲ့တယ်။ မှန်ထဲမှာ ပုံရိပ်တစ်ခုက ထွက်ပေါ်လာတယ်။

"ဒါ သူလား"

အရိုးစိမ်းနတ်ဘုရားအရှင်သခင်က လီဖူချန်းကို သိလိုက်တယ်။

လီဖူချန်းက လက်တစ်ချက်ဝှေ့ယမ်းရုံနဲ့ ဗိုလ်ချုပ်အနည်းငယ်နဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေကို ပြာဖြစ်သွားစေတာကို မြင်ပြီး အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက ကျုံ့သွားတယ်။ သူက ဆက်သွယ်ရေးတိုကင်တစ်ခုကို လျင်မြန်စွာ ယူထုတ်ပြီး သတင်းပို့လိုက်တယ်။

အရာအားလုံးကို ပြုလုပ်ပြီးနောက် အရိုးစိမ်းနတ်ဘုရားအရှင်သခင်က မြို့ဂိတ်ဆီ တစ်ဟုန်ထိုးပြေးသွားတယ်။

ဒါပေမယ့် သူ့ရဲ့အရှိန်က ပိုနှေးနှေးလာပြီး လေထဲမှာ တံ့သွားတယ်။

"ဟဲဟဲ၊ မင်း ဘယ်ပြေးမလို့လဲ"

"မူလအဆုံးစွန်းအရှင်၊ ဒီကမ္ဘာကြီးက မင်းထင်သလောက် မရိုးရှင်းဘူး။ မင်း ငါ့ကို သတ်ရင် မင်းလဲ အကြာကြီးအသက်ရှင်နိုင်လိမ့်မှာမဟုတ်ဘူး" လက်ရှိအချိန်မှာ လီဖူချန်းက သာလွန်သူတစ်ယောက်ဆိုတာ သူမသိသေးပါဘူး။ အလင်းအမှောင်နတ်ဘုရားအရှင်သခင်က ရှုံးနိမ့်သွားခဲ့တာကိုသာ သူ သိတယ်။

"စကားအရမ်းများတာပဲ"

လီဖူချန်းက လက်ကို ဝှေ့ယမ်းကာ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထံ ပို့လွှတ်လိုက်တယ်။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ကျေးဇူးပြုပြီး ငါ့ကို မျက်နှာသာပေးပါ"

မီးတာအိုအကြိုနတ်ဘုရားစွမ်းအားရဲ့ဖိနှိပ်မှုကို ခံရပြီးနောက် အရိုးစိမ်းနတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်ပေါ်ရှိတစ်စုံတစ်ခုက ကြေမွသွားတယ်။ အကြိုနတ်ဘုရားစွမ်းအားနဲ့ ဖွဲ့စည်းထားတဲ့ ကိုယ်ပွားတစ်ခုက ထွက်ပေါ်လာတယ်။ ကိုယ်ပွားက နတ်ဘုရားမျိုးနွယ်ရဲ့သာလွန်သူမှန်း လီဖူချန်းရ သိတယ်။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်နဲ့အလင်းအမှောင်နတ်ဘုရားအရှင်သခင်တို့လိုပဲ၊ သူက နတ်ဘုရားအမှတ်များစွာကို ဝါးမျိုထားခဲ့တယ်။ သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အလွန်အားကောင်းပေမယ့် သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က အလွန်နိမ့်တယ်။

ဒါပေမယ့် ဒိီကိုယ်ပွားက အပြည့်အဝမဖွဲ့စည်းခင် ၎င်းကို မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက ပြာချခဲ့တယ်။ အရိုးစိမ်းနတ်ဘုရားအရှင်သခင်ကိုလဲ ပြာချခဲ့တယ်။

စိတ်ဝိညာဉ်ခွဲဖြာမြို့မှ အလွန်အမင်းကွာဝေးတဲ့နယ်မြေတစ်ခုမှာ သွေးလူရိုင်းနတ်ဘုရားအရှင်သခင်ရဲ့အမူအရာက ဆိုးဝါးနေတယ်"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မင်း ငါ့ကိုတောင် မျက်နှာသာမပေးဘူးပဲ။ မင်း စောင့်နေပါ၊ ဒီကိစ္စက ဒီလောက်နဲ့ မပြီးဘူးကွ"

All Chapters