← Chapters

အရိုင်းသွေးနတ်ဘုရားအရှင်သခင်

Vol. 77 Ch. 1080

အရိုင်းသွေးနတ်ဘုရားအရှင်သခင်

Vol. 77 Ch. 1080

အသံမထွက်ဘဲ တည်‌နေရာရွှေ့ပြောင်းရေးစင်မြင့်ရဲ့အစီအရင်အင်းကွက်က လင်းလက်လာတယ်။ တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ရဲ့ထောင့်ခြောက်ထောင့်ရှိကျောက်တိုင်တွေထဲကတစ်ခုကလဲ လင်းလက်လာတယ်။

"နတ်ဘုရားကျောက်တုံးခြောက်တုံးကို လိုချင်တာလား"

လီဖူချန်းက နောက်ထပ်နတ်ဘုရာကျောက်တုံးငါးတုံးကို ပစ်ထည့်လိုက်တယ်။

ဝှစ်.......

နောက်အခိုက်အတန့်မှာ အခြားကျောက်တိုင်ငါးတိုင်းကပါ လင်းလက်လာတယ်။ တစ်ချိန်တည်းမှာ အလင်းတိုင်တစ်ခုက ကောင်းကင်သို့ ပေါက်ကွဲထွက်သွားတယ်။

"ဒီလိုသိပ်သည်းတဲ့နတ်ဘုရားကမ္ဘာရဲ့နေရာလပ်ဥပဒေသ"

လီဖူချန်းရဲ့မျက်လုံးတွေက လင်းလက်သွားတယ်။  အလင်းတိုင်တွေက နတ်ဘုရားကမ္ဘာရဲ့နေရာလပ်ဥပဒေသတွေကို ထုတ်လွှတ်နေပြီး သူအရင်ရင်ဆိုင်ရတုန်းကထက် အဆဒါဇင်ကျော်ပိုရှင်းလင်းတယ်။ တစ်ခုပါပဲ၊ နတ်ဘုရားကမ္ဘာရဲ့နေရာလပ်ဥပဒေသတွေက လုံလုံလောက်လောက်မသန့်စင်ဘူး၊ လူတစ်ယောက်ရဲ့အမှတ်အသားတစ်ခုပါဝင်နေတယ်။ သို့မဟုတ်ရင် ၎င်းအပေါ်မှာ ရပ်ပြီး လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့နေရာလပ်-အချိန်ဥပဒေသတွေရဲ့အသိအမှတ်ပြုမှုကို လက်ခံပြီး နေရာလပ်-အချိန်တာအိုနတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တယ်။

‌ဖြောက်........

ရုတ်တရက်၊ တည်နေရာရွှေ့ပြောင်းရေးစင်မြင့်က တုန်ခါသွားတယ်။ အလင်းတိုင်က တစ်ခုခုကို ထိမိသွားပုံရတယ်၊ ရုတ်တရက် ပျက်ဆီးသွားတယ်။ ထို့နောက် အလင်းတိုင်တွေထဲကတစ်ခုက အက်ကြောင်းတစ်ခုဖြစ်လာပြီး အပေါ်တစ်ပိုင်းက ပြုတ်ကျသွားတယ်။

တည်နေရာရွှေ့ပြောင်းရေးအစီအရင် ပျက်ဆီးသွားတာလား...........

"ဘာဖြစ်နေတာလဲ"

လီဖူချန်းရဲ့အမူအရာက မကျေမနပ်ဖြစ်နေတယ်။

ဒီတည်နေရာရွှေ့ပြောင်းရေးအစီအရင်က နတ်ဘုရားကမ္ဘာနဲ့ သေချာပေါက် ချိတ်ဆက်ထားမှန်း သူက ကြိုတင်သိနေတယ်။ ပြဿနာကတော့ နတ်ဘုရားကမ္ဘာနဲ့နတ်ဘုရားစစ်မြေပြင်ကို မကျော်လွှားနိုင်တဲ့အတားအဆီးတစ်ခုက ခွဲခြားထားတာပဲ။ တည်နေရာရွှေပြောင်းခြင်းကို ပြုလုပ်ရင်တောင် တည်နေရာရွှေ့ပြောင်းရေးစင်မြင့်ကပဲ ပျက်ဆီးသွားရလိမ့်မယ်။

တွင်းကြောင်းထဲရှိနတ်ဘုရားကျောက်တုံးခြောက်တုံးက နတ်ဘုရားစွမ်းအားတစ်စိတ်တစ်ပိုင်းကိုပဲ သုံးစွဲခဲ့တယ်၊ ဒါကြောင့် လီဖူချန်းက ပြန်သိမ်းလိုက်တယ်။

"နတ်ဘုရားကမ္ဘာကို သွားဖို့ ငါ့ကိုယ်ငါပဲ မှီခိုရမယ့်ပုံပဲ" လီဖူချန်းက သူ့ရာသူ ရေရွတ်လိုက်တယ်။

…

နှစ်တစ်သောင်းကျော်ကြာပြီးနောက် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်က အနီရောင်ဖျော့ဖျော့ဖြစ်လာတယ်။ ခရမ်းရောင်ဆိုတာ ရှာမတွေ့နိုင်လောက်နီးပါးပဲ။

"အနီရောင်နတ်ဘုရားစိတ်ဝိညာဉ်။ ဒီနတ်ဘုရားစိတ်ဝိညာဉ်က ဘယ်အဆင့်မှာ ရှိမလဲ"

နတ်ဘုရားတွေကို အဆင့်အမျိုးမျိုးခွဲခြားထားတယ်။ ခရမ်းရောင်နတ်ဘုရားစိတ်ဝိညာဉ်က အသစ်ဖြစ်လာတဲ့နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ဖြစ်ပြီး အနီရောင်နတ်ဘုရားစိတ်ဝိညာဉ်က အဆင့်၂နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစိတ်ဝိညာဉ်ဖြစ်လောက်တယ်။

စကြာဝဠာအမျိုးမျိုးပေါ်မှာ မွေးမြူစားသောက်နေတဲ့ ထိုနတ်ဘုရားအဆင့်အင်းဆက်က အဆင့်၂နတ်ဘုရားပဲဖြစ်ရမယ်။ သို့မဟုတ်ရင် လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်ကို အကြည့်တစ်ချက်တည်းနဲ့ ဒဏ်ရာရစေနိုင်မှာမဟုတ်ဘူး။

ဒီဒဏ်ရာမရှိရင် လီဖူချန်းရဲ့စိတ်ဝိညာဉ်က ပြောင်းလဲလာတာကြာပေါ့။

သာလွန်သူတွေရဲ့အစီအစဉ်က ရပ်တန့်နေတုန်းပဲ။ သူတို့က လူအများကြီးဆုံးရှုံးထားရတာ၊ ဆုံးရှုံးသွားတဲ့အရေအတွက်ကို ပြန်ဖြည့်ဖို့ အချိန်အချို့လိုအပ်တယ်လေ။ ဒါပေမယ့် သာလွန်သူနဲ့တစ်ဝက်တစ်ပျက်သာလွန်သူတွေကို စုဆောင်းဖို့က မလွယ်လှဘူး‌။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ မင်း အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို ရန်စခဲ့တယ်ဆို။ ဂရုစိုက်။ သူ့ရဲ့ကျင့်ကြံခြင်းက မမြင့်မားပေမယ့် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အလွန်ထူးခြားတယ်။ သူ့ကို သေအောင် မသတ်နိုင်ဘူးလို့ ပြောနိုင်တယ်"

သံသွေးမြို့မှာ လွင့်မျောနေတဲ့ကျွန်းတစ်ကျွန်းရှိတယ်၊ ငှက်သံတွေ၊ ပန်းရနံ့တွေနဲ့ ပြည့်နေတယ်။ ဒီကျွန်းက သံသွေးမြို့ရဲ့အကြီးအကဲတွေ စုဝေးရာနေရာဖြစ်တယ်၊ ဒါပေမယ့် အခု လီဖူချန်းနဲ့ဘရာမာတို့ လက်ဖက်ရည်သောက်ရာနေရာဖြစ်တယ်။

l

လီဖူချန်းက ပြုံးလိုက်တယ်"အရိုင်းသွေးနတ်ဘုရားအရှင်သခင်လား။ ငါလဲ မတိုက်ခိုက်ရတာ ပျင်းနေတာနဲ့ အတော်ပဲပေါ့"

"မင်း သတိမမဲ့နဲ့"

ဘရာမာက သူ့ခေါင်းကို အကူအညီမဲ့စွာ ခါယမ်းလိုက်တယ်။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ထွက်လာစမ်း"

ကြောက်စရာကောင်းတဲ့အသံလှိုင်းတွေက အတားအဆီးအစီအရင်ရှိနေတာတောင် သံသွေးမြို့ထဲသို့ လွှင့်လာတယ်။

"နောက်ထပ်သာလွန်သူတစ်ယောက်"

သံသွေးမြို့အကြီးအကဲတွေရဲ့အမူအရာက ခါးသီး‌ဖွယ်ဖြစ်နေတယ်။

ဒီသာလွန်သူတွေက မထွက်ပေါ်လာရင် သူတို့က သံသွေးမြို့ရဲ့ဘုရင်ပါပဲ၊ နတ်ဘုရားစစ်မြေပြင်ရဲ့အကြွင်းမဲ့ကျွမ်းကျင်သူတွေပါပဲ။ ဒါပေမယ့် အခု သာလွန်သူတွေက ထွက်ပေါ်လာတာကြောင့် သူတို့က ဘာမှမဟုတ်တော့ပါဘူး။

"သူတို့က တကယ်မြန်တာပဲ"

ဘရာမာက သူ့ရဲ့လက်ဖက်ရည်ခွက်ကို ယူကာ တစ်ငုံသောက်လိုက်တယ်။ ဒါလဲ ကောင်းသားပဲ၊ သူလဲ လီဖူချန်းရဲ့အစစ်အမှန်ခွန်အားကို မြင်ချင်နေခဲ့တာ။

"အရိုင်းသွေးနတ်ဘုရားအရှင်သခင်၊ မင်း ဘာလို့ အရှက်တကွဲဖြစ်ချင်နေရတာလဲ"

လီဖူချန်းက မြို့ဂိတ်ပေါက်မှ ထွက်လာပြီး ‌အရိုင်းသွေးနတ်ဘုရားအရှင်သခင်ထံ ကြည့်လိုက်တယ်။

"အရှက်တကွဲဖြစ်ချင်တယ်ဟုတ်လား" အရိုင်းသွေးနတ်ဘုရားအရှင်သခင်ရဲ့အမူအရာက အေးစက်သွားတယ်"သာလွန်သူတွေအထဲမှာ ခေါင်းကိုးလုံးခရီးသွားကလွဲပြီး တစ်‌‌ယောက်မှ ငါ့ကို အဲလိုမပြောရဲဘူး။ မင်းက ပထမဆုံးနဲ့ နောက်ဆုံးပဲ"

"ဟုတ်လား၊ ဒါဆိုလဲ စမ်းကြည့်‌လိုက်လေ"

လီဖူချန်းက ကောင်းကင်သို့ ပျံသန်းလာပြီး လက်နောက်ပစ်လျက် ရပ်နေတယ်။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ ဒီနေ့ ကောင်းကင်ဘုံနဲ့မြေကြီးက ဘယ်လောက်ကြီးမားသလဲကို ငါ မင်းကို သိခွင့်ပေးမယ်" အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ဟိန်းဟောက်ကာ ကောင်းကင်သို့ ကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားစွမ်းအားနဲ့အတူ ပြေးတက်သွားတယ်။ အလွန်သိပ်သည်းတဲ့အကြိုနတ်ဘုရားစွမ်းအားကြောင့် ပတ်ဝန်းကျင်နေရာလပ်နဲ့အချိန်က တွန့်လိမ်ရှုံ့တွသွားတယ်။

အုန်း........

မှင်တက်စရာအကြိုနတ်ဘုရားစွမ်းအားကို သယ်ဆောင်လျက် အရိုင်းသွေးနတ်ဘုရားအရှင်သခင်က လီဖူချန်းထံ လက်သီးတစ်လုံးပစ်သွင်းလိုက်တယ်။

"သူက သာလွန်သူတစ်ယောက်ဆိုတာ အံ့ဩစရာမရှိပဲ"

လီဖူချန်းက တိတ်တဆိတ်ချီးကျူးလိုက်တယ်။

အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့နှိုင်းယှဉ်ရင် အရိုင်းသွေးနတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားက အဆဒါဇင်ကျော်ပိုသန်မာတယ်။ သူက နတ်ဘုရားအမှတ်တွေ ဘယ်လောက်တောင် ဝါးမျိုထားသလဲကို စိတ်ကူးယဉ်ကြည့်ဖို့ ခက်ခဲတယ်။

အကြိုနတ်ဘုရားစွမ်းအားက လှိုင်းတစ်ခုပမာ လိမ့်တက်လာနေတယ်။ လီဖူချန်းက ဘယ်အချိန်မဆို တိမ်းမှောက်မယ့်လှေငယ်ကလေးတစ်ခုပမာပါပဲ။

ချွမ်း.....

ကောင်းကင်ဘုံအသူတရာချောက်နက်ဓားကို ဓားအိမ်မှ ချွတ်ကာ လီဖူချန်းက ခုတ်ပိုင်းလိုက်တယ်။

ဝှစ် ကျွတ်.......

လိမ့်တက်လာတဲ့အကြိုနတ်ဘုရားစွမ်းအားကို ပိုင်းဖြတ်သွားတယ်။ ဓားတာအိုက တိုက်စစ်ကို အလေးထားပြီး ထိပ်တိုက်ရင်ဆိုင်တဲ့အခါ လီဖူချန်းက သာလွန်သူတွေအကြားမှာ အနည်းဆုံးထိပ်ဆုံး‌သုံးယောက်ဝင်တယ်။ အကြောင်းကတော့ သူ့ရဲ့သန္ဓေသားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းက အနည်းငယ်နိမ့်ကျပြီး အဆင့်၁အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်တဲ့ကောင်းကင်ဘုံအသူတရာချောက်နက်ဓားသာဖြစ်တယ်။ သာလွန်အဆင့်၁အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုရင် လီဖူချန်းရဲ့တိုက်ခိုက်ရေးစွမ်းအားက ပိုတောင် သန်မာပါလိမ့်မယ်။

"မင်းဘယ်လောက်ထိ ခံနိုင်မလဲ ကြည့်ရတာပေါ့"

လီဖူချန်းကို အချိန်တိုအတွင်း ဖိနှိပ်ဖို့ အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ‌မမျှော်လင့်ထားပါဘူး။ သူက လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားကို အဆက်မပြတ်ကုန်ဆုံးစေချင်ခဲ့တယ်။

တစ်စက္ကန့်အတွင်း အရိုင်းသွေးနတ်ဘုရားအရှင်သခင်က လက်သီးအချက်တစ်ရာကျော် ထုတ်ဖော်ခဲ့တယ်။ လက်သီးတစ်ချက်စီက အကြိုနတ်ဘုရားစွမ်းအားကို အဆုံးစွန်းထိ တွန်းပို့ထားပြီး သူက လုံးဝမထိန်ချန်ထားပါဘူး။

စောစောက အကြိုနတ်ဘုရားစွမ်းအားက လိမ့်တက်လာတဲ့လှိုင်းတစ်ခုဆိုရင် ယခုက ကမ္ဘာကို အဆုံးမဲ့ဝဲကတော့တွေနဲ့အတူတကွဝါးမျိုထားတဲ့ကမ္ဘာပျက်ဒီရေတစ်ခုနဲ့ တူတယ်။

ဒီကြောက်စရာကောင်းတဲ့အကြိုနတ်ဘုရားစွမ်းအားနဲ့ဆိုရင် ခုခံဖို့အသာထား၊ အသက်ရှင်ဖို့ကတောင် ပြဿနာတစ်ခုဖြစ်ပေတယ်။ အချိန်တိုင်းမှာ လီဖူချန်းက ဝဲကတော‌တွေနဲ့ဒီရေရဲ့ထပ်ခါတလဲလဲတိုက်ခိုက်မှုတွေကို ရင်ဆိုင်ရလိမ့်မယ်။

"အရိုင်းသွေးနတ်ဘုရားအရှင်သခင်နဲ့ရင်ဆိုင်ရရင် သာမန်သာလွန်သူတွေက အကူအညီမဲ့နေရမှာပဲ"

လီဖူချန်းက ခေါင်းကို ခါယမ်းလိုက်တယ်။

အရိုင်းသွေးနတ်ဘုရားအရှင်သခင်ရဲ့အတွေးက အလွန်ရိုးရှင်းတယ်။ သူက အကြိုနတ်ဘုရားစွမ်းအားဆယ်ပိုင်းလောက်ကို အသုံးပြုပြီး လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ပိုင်းနဲ့ ဖလှယ်ချင်ခဲ့တယ်။

အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို အလင်းအမှောင်နတ်ဘုရားအရှင်သခင်နဲ့ အစားထိုးရင် မဖြစ်နိုင်ဘူး။ အကြိုနတ်ဘုရားစွမ်းအားအစိတ်အပိုင်းထောင်သောင်းဆိုရင်တောင် လီဖူချန်းရဲ့အကြိုနတ်ဘုရားစွမ်းအားတစ်ပိုင်းနဲ့ မဖလှယ်နိုင်ဘူး။

ဒါပေမယ့် အရိုင်းသွေးနတ်ဘုရားအရှင်သခင်က မတူဘူး။ သူ့ရဲ့ကျင့်ကြံခြင်းအဆင့်က နိမ့်ကျပေမယ့် သူက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထက် အများကြီးပိုသန်မာတယ်။ ဒါ့အပြင် သူ့ရဲ့အကြိုနတ်ဘုရားစွမ်းအားက အလင်းအမှောင်နတ်ဘုရားအရှင်သခင်ထက် အဆများစွာ ပိုသန်မာတယ်။ နှစ်ခုပေါင်းစပ်လိုက်ရင် လီဖူချန်းက အရိုင်းသွေးနတ်ဘုရားအရှင်သခင်ကို သူ့ရဲ့ဓားတာအိုမျှလောက်နဲ့ ဘာမှမလုပ်နိုင်ဘူး။

လီဖူချန်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားက တဖြည်းဖြည်းလျော့ကျလာတာကို မြင်ပြီး အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ရက်စက်စွာ ပြုံးလိုက်တယ်၊ သူက လီဖူချန်းရဲ့ရှုံးနိမ့်မှုကို မြင်ရ‌တော့မယ်လေ။

"မူလအဆုံးစွန်းဓားနတ်ဘုရား၊ အရှုံးကို ဝန်ခံစမ်း။ မင်းက ငါ့အတွက် ပြိုင်ဘက်မဟုတ်ဘူး"

အရိုင်းသွေးနတ်ဘုရားအရှင်သခင်က လီဖူချန်းနဲ့ ပတ်သက်ပြီး ဘာမှမလုပ်ချင်ခဲ့ဘူး။

လီဖူချန်းကလဲ အရူးမဟုတ်ဘူး၊ သူက အရိုင်းသွေးနတ်ဘုရားအရှင်သခင်နဲ့ သေတဲ့အထိ တိုက်ခိုက်မှာမဟုတ်ဘူး။

လီဖူချန်းက ထွက်သွားချင်ရင် အရိုင်းသွေးနတ်ဘုရားအရှင်သခင်က သူ့ကို ဘယ်လိုမှ ရပ်တန့်နိုင်မှာမဟုတ်ဘူး။

"အရိုင်းသွေးနတ်ဘုရားအရှင်သခင်၊ မင်းမှာ စွမ်းရည်အချို့ရှိတာ ငါ ဝန်ခံတယ်။ စိတ်မကောင်းစွာနဲ့ ဒါက ဒီလောက်ပါပဲ" လီဖူချန်းက ပြုံးလိုက်တယ်။ သူက ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားကို ရုပ်သိမ်းကာ မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို ပေါက်ကွဲထွက်စေလိုက်တယ်။

"မီးတာအိုအကြိုနတ်ဘုရားစွမ်းအားလား။ မင်းရဲ့မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက မင်းရဲ့ဓားတာအိုအကြိုနတ်ဘုရားစွမ်းအားထက် ပိုသန်မာတယ်လို့ မင်းထင်နေတာလား" အရိုင်းသွေးနတ်ဘုရားအရှင်သခင်က နှာခေါင်းရှုံ့လိုက်တယ်။ လီဖူချန်းရဲ့ဓားတာအိုက နတ်ဘုရားနယ်ပယ်အောက် အဆုံးစွန်းမှာ ရှိနေပြီ။ လီဖူချန်းရဲ့မီးတာအိုက သူ့ရဲ့ဓားတာအိုထက် ပိုသန်မာမယ်လို့ သူ မယုံကြည်ဘူး။ ဒါ့ပြင် ပိုသန်မာတော့ရော ဘာဖြစ်လဲ။ သုံးဆကနေငါးဆလောက်ပဲ ပိုသန်မာမှာပါ။

"မင်း သိမှာပါ"

ကြက်သွေးရောင်မီးတာအိုအကြိုနတ်ဘုရားစွမ်းအားကို လီဖူချန်းကို ကာကွယ်ခဲ့တယ်၊ နေရာတိုင်းမှာရှိတဲ့အကြိုနတ်ဘုရားစွမ်းအားကို အလွယ်တကူခုခံခဲ့တယ်။

"ချိုးဖြတ်စမ်း၊ အရိုင်းသွေးစကြာဝဠာပေါက်ကွဲလက်သီး......"

အရိုင်းသွေးနတ်ဘုရားအရှင်သခင်က သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်ဖော်လိုက်တယ်။ ဒီသတ်ဖြတ်ကွက်က အခြားအကွက်တွေထက် အကြိုနတ်ဘုရားစွမ်းအားကို ဒါဇင်ကျော်ပိုအသုံးပြုပြီး ခုခံမှုတွေကို ချိုးဖြတ်ရာမှာ အထူးအသုံးပြုတယ်။

ဖြောက်......

နေရာလပ်ဇုန်က လက်သီးအားကြောင့် ကြေမွသွားသလို ခံစားရတယ်။ သွေးရောင်လက်သီးအားက လီဖူချန်းထံ တိုက်ခိုက်လာတယ်။

"အချိန်ကျပြီ"

လီဖူချန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်တယ်၊ သွေးရောင်လက်သီးအားကို ကြက်သွေးရောင်မီးတာအိုအကြိုနတ်ဘုရားစွမ်းအားက ဝန်းရံသွားတယ်။

ပယင်းထဲမှာ ပိတ်မိနေတဲ့ ဧရာမအင်းဆက်တစ်ကောင်ပမာ သွေးရောင်လက်သီးအားက အေးခဲသွားပြီး တစ်လက်မတောင် မရွေ့နိုင်ခဲ့ဘူး။

"ဘာ"

အရိုင်းသွေးနတ်ဘုရားအရှင်သခင်ရဲ့မျက်လုံးတွေက ကျဉ်းမြောင်းသွားတယ်။

အရိုင်းသွေးစကြာဝဠာပေါက်ကွဲလက်သီးအတွင်းမှာပါဝင်တဲ့အကြိုနတ်ဘုရားစွမ်းအားက အလွန်အမင်းတုန်ခါနေတယ်။ အဲဒါက အကြိုနတ်ဘုရားစွမ်းအားလက်သီးချက်ဒါဇင်ကျော်နဲ့ ညီမျှတယ်။

လီဖူချန်းက ဘယ်လိုလုပ်ခဲ့တာလဲ။

"အရိုင်းသွေးစကြာဝဠာဆုတ်ဖြဲလက်သီး......"

ပထမအကွက်က အလုပ်မလုပ်တော့ရင် အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ဒုတိယမြောက်သတ်ဖြတ်ကွက်ကို ထုတ်ဖော်ခဲ့တယ်။

ပထမအကွက်က နေရာလပ်နဲ့ ဆက်စပ်ရင် ဒီအကွက်က အချိန်နဲ့ ဆက်စပ်တယ်။

ဒါပေမယ့် အရိုင်းသွေးနတ်ဘုရားအရှင်သခင်က နတ်ဘုရားကမ္ဘာရဲ့နေရာလပ်ဥပဒေသတွေနဲ့ ထိတွေ့ထားတယ်လို့ မဆိုလိုပါဘူး။ အကြောင်းကတော့ သူ့မှာ နတ်ဘုရားသွေးမျိုးဆက်ရှိလို့ပဲ။ သူ့ရဲ့ကျင့်ကြံခြင်းနယ်ပယ်က လုံလုံလောက်လောက်မမြင့်မားတဲ့အခါ နတ်ဘုရားသွေးမျိုးဆက်က နတ်ဘုရားကမ္ဘာရဲ့နေရာလပ်ဥပဒေသအရိပ်အယောင်တစ်ခုကို အသက်သွင်းဖို့ သူ့ကို ကူညီပေးနိုင်လို့ပဲ။

သွေးရောင်လက်သီးအားက နေရာလပ်အက်ကြောင်းကိုဖြတ်ကာ လွန်းပြန်သွားနေတဲ့ ငါးတစ်ကောင်ပမာ ဖြစ်နေတယ်။ သာလွန်သူတွေကြားမှာ ဘရာမာကလွဲပြီး တစ်‌ယောက်မှ သူ့ရဲ့အရိုင်း‌သွေးစကြာဝဠာဆုတ်ဖြဲလက်သီးကို မချိုးဖြတ်နိုင်ဘူးလို့ အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ယုံကြည်တယ်။ ခေါင်းကိုးလုံးခရီးသွားကတောင် မချိုးဖြတ်နိုင်ဘူး။

"သတ်ဖြတ်ကွက်က မဆိုးဘူးပဲ"

လီဖူချန်းက လက်နှစ်ချောင်းကို အသုံးပြုကာ သွေးရောင်လက်သီးအားကို ဖမ်းညှပ်လိုက်တယ်။

"မဖြစ်နိုင်ဘူး"

အရိုင်းသွေးနတ်ဘုရားအရှင်သခင်က ထိတ်လန့်သွားတယ်။

လီဖူချန်းက သူ့ရဲ့အရိုင်းသွေးစကြာဝဠာပေါက်ကွဲလက်သီးကို ချိုးဖြတ်ခဲ့တာကို နားလည်နိုင်ပေမယ့် သူ့ရဲ့အရိုင်းသွေးစကြာဝဠာဆုတ်ဖြဲလက်သီးကို ချိုးဖြတ်နိုင်တာကို‌တော့ နားမလည်နိုင်ဘူး။

ဒီလက်သီးမှာ နတ်ဘုရားကမ္ဘာရဲ့အချိန်နက်နဲမှုပါဝင်တယ်။ နတ်ဘုရားကမ္ဘာရဲ့နေရာလပ်ဥပဒေသတွေနဲ့မ‌ထိတွေ့ထားဘဲနဲ့ ချိုးဖြတ်ဖို့က မဖြစ်နိုင်ဘူး။

"ငါ မင်းရဲ့သတ်ဖြတ်ကွက်နှစ်ကွက်ကို လက်ခံထားပြီးပြီ။ မင်းလဲ ငါ့ရဲ့လက်သီးတစ်ချက်ကို လက်ခံသင့်တယ်"

လီဖူချန်းက သူ့ရဲ့ညာလက်သီးကို ဆုပ်လိုက်တယ်၊ မီးပွားတွေက သူ့ရဲ့လက်သီးမှ ပေါက်ကွဲထွက်လာတယ်။

အသံဒါမှမဟုတ်ချီတည်ရှိမှုမရှိဘဲ လီဖူချန်းက သူ့ရဲ့လက်သီးကို ထုတ်ဖော်လိုက်တယ်။

ကြောက်စရာကောင်းတဲ့လက်သီးအားက အရိုင်းသွေးနတ်ဘုရားအရှင်သခင်ရဲ့အကြိုနတ်ဘုရားစွမ်းအားကို အရည်ပျော်စေခဲ့ပြီး နတ်ဘုရားစစ်မြေပြင်ရဲ့နေရာလပ်ဥပဒေသတွေကို အရည်ပျော်စေခဲ့တယ်။

"တောက်၊ မင်းရဲ့ခွန်အားက ဘယ်လိုလုပ်ပြီး ဒီအဆင့်အထိ ရောက်ရှိနိုင်တာလဲ"

အရိုင်းသွေးနတ်ဘုရားအရှင်သခင်ရဲ့ခန္ဓာကိုယ်တစ်ပိုင်းက ဖယောင်းတိုင်တစ်တိုင်ပမာ အရည်ပျော်ကျသွားတယ်။ သူဂုဏ်ယူရတဲ့အကြိုနတ်ဘုရားစွမ်းအားက ဒီလက်သီးချက်ကို လုံးဝမခုခံနိုင်ဘူး။ သူဝန်ခံမခံ ကိစ္စမရှိဘူး၊ လီဖူချန်းမှာ သူ့ကို သတ်နိုင်တဲ့ခွန်အားရှိတယ်။

"ဒီလိုစွမ်းအား"

ဘရာမာကပဲ တိုက်ခိုက်မှုကို စောင့်ကြည့်နေတာ မဟုတ်ဘူး၊ အခြားသူတွေလဲ ရှိတယ်။

သူတို့က အစက ပြပွဲကို စောင့်ကြည့်ချင်ခဲ့ပေမယ့် ဒီလိုထိတ်လန့်တုန်လှုပ်စရာမြင်ကွင်းတစ်ခုကို မြင်တွေ့ရမယ်လို့ ဘယ်သူက သိမှာလဲ။

"တိုက်ခိုက်ရေးစွမ်းအားအရ ငါက သူ့ထက် အများကြီးနိမ့်ကျတာပဲ"

ခေါင်းကိုးလုံးခရီးသွားက လေးနက်စွာ ပြောလိုက်တယ်။

All Chapters