အဆင့်နိမ့်သားရဲတွေ
Vol. 77 Ch. 1083
နတ်ဘုရားကမ္ဘာထဲမှာ နတ်ဘုရားတွေကပဲ အစာမစားတာ။ နတ်ဘုရားနယ်ပယ်အောက်လူတိုင်းက အစာစားရတယ်။
ကြေးနီပုဆိန်ရွာက သူတို့ရဲ့ကိုယ်ပိုင်ဟင်းသီးဟင်းရွက်တွေကို စိုက်ပျိုးတယ်၊ ရံဖန်ရံခါမှာ ဟင်းသီးဟင်းရွက်အရိုင်းတွေအတွက် အပြင်မှာ ရှာဖွေတူးဖော်တယ်။ အသားအတွက် သူတို့က အမဲလိုက်ကြတယ်။
အသက်သုံးဆယ်ရောက်တာနဲ့ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာနိုင်တာကြောင့် ကြေးနီပုဆိန်ရွာမှာ အကြိုနတ်ဘုရားစစ်သည်တွေတစ်ထောင်ကျော်ရှိတယ်။ ရွာထဲရှိလူတိုင်းနီးပါးက အကြိုနတ်ဘုရားစစ်သည်တွေပဲ။
ဒါကြောင့ အမဲတစ်ခါလိုက်တိုင်း ကြေးနီပုဆိန်ရွာက အကြိုနတ်ဘုရားစစ်သည်တစ်ရာနဲ့အဆငိ့နိမ့်နတ်ဘုရားတစ်ယောက်ကို စေလွှတ်လေ့ရှိတယ်။
လီဖူချန်းက နတ်ဘုရားကမ္ဘာနဲ့ပတ်သက်ပြီး သိချင်တာကြောင့် အမဲလိုက်အဖွဲ့နဲ့ ပူးပေါင်းခဲ့တယ်။
…
သူတို့က ပြာဖြူမြေရိုင်းဆီ ဦးတည်လာတာကြောင့် ရာသီဥတုက ပိုအေးလာတယ်။ အကြိုနတ်ဘုရားတွေကတောင် ဒီနေရာရှိအအေးကို အံမတုနိုင်ဘူး။ သူတို့က သူတို့ရဲ့ခန္ဓာကိုယ်ကို အနွေးပေးဖို့ နှစ်နာရီနဲ့လေးနာရီပြည့်တိုင်း ဝိုင်တစ်ခွက်သောက်ပေးနေရတယ်။
ပြာဖြူမြေရိုင်းကို မရောက်ခင် သူတို့က အားကောင်းတဲ့အကြိုနတ်ဘုရားသားရဲတွေဖြစ်တဲ့မြားတောဝက်ရိုင်းအနည်းငယ်နဲ့ ထိပ်တိုက်တွေ့ခဲ့တယ်။
အကြိုနတ်ဘုရားတွေမှာ သန်မာတာ၊အားနည်းတာရှိသလို အကြိုနတ်ဘုရားသားရဲတွေမှာလဲ အတူတူပဲ။
ကြေးနီကျားသစ်နဲ့ကြေးနီးကျားသစ်တို့တွေ့ဆုံခဲ့တဲ့သွေးရိုင်းဝံပုလွေတွေက သာမန်အကြိုနတ်ဘုရာသားရဲတွေဖြစ်ပြီး အားကောင်းတဲ့အထဲမှာ မပါပါဘူး။
ဒါပေမယ့် မြားတောဝက်ရိုင်းတွေက မတူဘူး။ မြားတောဝက်ရိုင်းတစ်ကောင်က သွေးရိုင်းဝံပုလွေရှစ်ကောင်လောက်ကို အနည်းဆုံးသတ်ဖြတ်နိုင်တယ်။
"အားလုံးပဲ ဂရစိုက်ကြ၊ မင်းတို့ရဲ့ဒိုင်းတွေကို မြှောက်ထားကြ"
အမဲလိုက်အဖွဲ့ခေါင်းဆောင်က အဆင့်နိမ့်နတ်ဘုရားတစ်ယောက်မဟုတ်ပေမယ့် အားကောင်းတဲ့အကြိုနတ်ဘုရားစစ်သည်တစ်ယောက်ဖြစ်ကာ ကြေးနီခေါင်းလို့ခေါ်တယ်။
သူ့ရဲ့အမိန့်အောက်မှာ အမဲလိုက်အဖွဲ့က မြားတောဝက်ရိုင်းကို စနစ်တကျဝိုင်းလိုက်တယ်။ မြားတောဝက်ရိုင်းက သူ့ရဲ့မြားသဏ္ဍာန်ဆူးချွန်တွေပစ်လွှတ်တဲ့အခါတိုင်း ကြေးနီခေါင်းနဲ့အတွေ့အကြုံရှိတဲ့အကြိုနတ်ဘုရားစစ်သည်အချို့က ရှေ့သို့တက်စေပြီး ဒိုင်းကို မြှောက်ကာ တိုက်ခိုက်မှုကို ကာကွယ်စေတယ်။
ကောင်းကင်မှာ ကြေးနီလှံနဲ့လီဖူချန်းတို့က လေထဲမှာ ရပ်နေတယ်။
သူတို့နှစ်ယောက်က ဘာမှမလှုပ်ရှားပါဘူး။
ဒီလိုတိုက်ပွဲအဆင့်က အကြိုနတ်ဘုရားစစ်သည်တွေအတွက် လေ့ကျင့်ခြင်းတစ်မျိုးပါပဲ။ လေ့ကျင့်ခြင်းမရှိဘဲနဲ့ သူတို့က နတ်ဘုရားတွေ မဖြစ်လာနိုင်ပါဘူး။
အဖွဲ့က သေရေးရှင်ရေးအခြေအနေမှာ မရှိရင် သူတို့က နတ်ဘုရားသားရဲတွေကို ရင်ဆိုင်ဖို့အတွက်ပဲ တာဝန်ရှိတယ်။
ဖြောက်......
ထူထပ်တဲ့သတ္တုဒိုင်းကို ထိုးဖောက်လာတယ်၊ ကြေးနီကျားသစ်က ကြောင်သွားတယ်။
ဒါက အမဲလိုက်အဖွဲ့နဲ့ပူးပေါင်းတဲ့သူ့ရဲ့ပထမဆုံးအကြိမ်လေ၊ လူများရင် ပိုဘေးကင်းမယ်လို့ သူ တွေးထားခဲ့တာ။ ဒီလိုဖြစ်လာမယ်လို့ ဘယ်သူက သိမှာလဲ။
မြားအရိုင်းတောဝက်တွေက ပြောင်မြောက်ပေမယ့် ကြေးနီပုဆိန်ရွာရဲ့အကြိုနတ်ဘုရားစစ်သည်တွေကလဲ အားမနည်းပါဘူး။ မင်းက ငါ့ကို ဆူးနဲ့ပစ်ရင် ငါကလဲ မင်းကို လှံနံ့ ပြန်ပစ်မှာပေါ့။
တိုက်ခိုက်မှုအနည်းငယ်ရှိပြီးနောက် အပြောင်မြောက်ဆုံးမြားတောဝက်ရိုင်းတွေကလွဲပြီး ကျန်တဲ့မြားတောဝက်ရိုင်းတွေအကုန်လုံး မြေပြင်ပေါ်သို့ လဲကျသွားကုန်တယ်။
"သေစမ်း"
လှံတစ်ခုက နောက်ဆုံးမြားတောဝက်ရိုင်းရဲ့မျက်လုံးကို ထိုးဖောက်သွားတယ်။ ဒါကိုပြုလုပ်ခဲ့တဲ့သူက စတုရန်းမျက်နှာနဲ့လူငယ်ပါပဲ။ သူ့ခွန်အားက အမဲလိုက်အဖွဲ့အထဲမှာဆိုရင် အားမနည်းပါဘုး။
"မင်းတို့တစ်ချို့တစ်လေ ရှေ့ကို သွားပြီး ပစ္စည်းတွေ ကောက်လိုက်။ မင်းတို့အားလုံးက ကောင်းကောင်းမွန်မွန်လုပ်ဆောင်ခဲ့ကြတာပဲ"
ကြေးနီခေါင်းက ပြုံးလိုက်တယ်။
တကယ်တော့ သူတို့အထဲရှိအားအကောင်းဆုံးပုံရိပ်တွေက မလှုပ်ရှားခဲ့ဘူးလေ။ သူတို့က လူငယ်မျိုးဆက်ကို သူတို့ကိုယ်သူတို့ လေ့ကျင့်ဖို့ အခွင့်အရေးတွေ ပေးရမှာပါ။
သူတို့တွေ ပြာဖြူမြေရိုင်းကိုရောက်ရှိနေတဲ့အချိန်မှာ မှောင်နေပါပြီ။ လူတိုင်းက စတည်းချကာ အသားတွေ စတင်ကင်လိုက်ကြတယ်။
"ဆရာတို့၊ မင်းတို့ရဲ့အသားတွေ"
လီဖူချန်းနဲ့ကြေးနီလှံက ရပ်နေတုန်းပါပဲ၊ တစ်ယောက်ယောက်က သူတို့ထံ အသားတွေ ယူလာပေးတယ်။
နတ်ဘုရားကမ္ဘာရဲ့အကြိုနတ်ဘုရားသားရဲအရသားက နတ်ဘုရားစစ်မြေပြင်ကထက် ပိုကောင်းတာ ဝန်ခံရမှာပဲ။ လီဖူချန်းက မြားတောဝက်ရိုင်းရဲ့ခြေထောက်တစ်ချောင်းလုံးကို တစ်ယောက်တည်း စားခဲ့တယ်။
လမ်းတစ်လျှောက် အဖွဲ့က စားရင်း ရှေ့ဆက်နေခဲ့တယ်။
ကြောက်စရာကောင်းတဲ့နှင်းမုန်တိုင်းက ကောင်းကင်ကို ဖုံးလွှမ်းသွားပြီး ဆယ်မီတာပတ်လည်ရှိအရာရာတိုင်းကို မြင်တွေ့ဖို့က မဖြစ်နိုင်ဘူး။
မြေရိုင်းရှိတောင်ကုန်းတစ်ခုရဲ့အနောက်မှာ ကြေးနီပုဆိန်ရွာရဲ့အကြိုနတ်ဘုရားစစ်သည်တွေက ပုန်းနေတယ်။ ဒိီနေရာက နှင်းမုန်တိုင်းမှ ပုန်းကွယ်နိုင်ပြိး မြေရိုင်းရှိအကြိုနတ်ဘုရားသားရဲတွေရဲ့မြင်ကွင်းမှလဲ ဖုံးကွယ်နိုင်တယ်။
"အားလုံး၊ သေချာမှတ်ထားကြ။ အနီးနားမှာ ဧရာမတောင်နွားတွေ ကျက်စားနေတယ်။ သူတို့က ငါတို့ရဲ့ပစ်မှတ်ပဲ" ကြေးနီခေါင်းက အလွန်မြန်ပြီး မျက်စိတစ်မှတ်အတွင်း တောင်ကုန်းထိပ်မှ အောက်ခြေသို့ ခုန်ချခဲ့တယ်။
ဧရာမတောင်နွားက အလွန်ကြီးမားတဲ့အကြိုနတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။ ၎င်းရဲ့အသားက အလွန်မာကျောပြီး ဧရာမတောင်နွားတစ်ကောင်က အဆင့်၁ရွာတစ်ရွာလုံး တစ်လတိတိ စားသောက်ဖို့ လုံလောက်တယ်။
ဒါပေမယ့် ဧရာမတောင်နွားတစ်ကောင်ရဲ့ခွန်အားက အလွန်ကြောက်စရာကောင်းတယ်။ ၎င်း ဒေါသထွက်တဲ့အခါ သွေးရိုင်းဝံပုလွေလိုအကြိုနတ်ဘုရားသားရဲတစ်ကောင်ကတောင် အသက်မရှင်နိုင်ဘူး။ မြားတောဝက်ရိုင်းရဲ့ဆူးတွေက ဧရာမတောင်နွားကို ဒဏ်ရာအပြင်းအထန်မရစေနိုင်ဘူး။
အတိတ်မှာ ကြေးနီခေါင်းက ဧရာမတောင်နွားတွေကို အကြိမ်များစွာ အမဲလိုက်ခဲ့တယ်၊ ဒါကြောင့် သူက ယခုလဲ ပစ်မှတ်ထားရဲနေတာပေါ့။
ဒါပေမယ့် အဓိကအကြောင်းကတော့ ဧရာမတောင်နွားရဲ့အရွယ်အစားက ကြေးနီပုဆိန်ရွာအတွက် အချိန်အတိုင်းအတာတစ်ခုအထိ စားသောက်ဖို့လုံလောက်လို့ပါပဲ။
အမဲလိုက်မှုက လျင်မြန်စွာ စတင်ခဲ့တယ်။ အကြိုနတ်ဘုရားစစ်သည်တွေကို အဆင့်ခွဲရင် ကြေးနီခေါင်းနဲ့အခြားအကြိုနတ်ဘုရားစစ်သည်အနည်းငယ်က ပထမတန်းစားအကြိုနတ်ဘုရားစစ်သည်တွေပဲ။ သူတို့အောက်မှာ အဆင့်မြင့်အကြိုနတ်ဘုရားစစ်သည်တွေဖြစ်ပြီး သူတို့ရဲ့အောက်မှာတော့ သာမန်အကြိုနတ်ဘုရားစစ်သည်တွေဖြစ်တယ်။
တကယ်တော့ လီဖူချန်းရဲ့အမြင်အရ နတ်ဘုရားစစ်မြေပြင်ရဲ့အကြိုနတ်ဘုရားအဆင့်ခွဲခြားတာနဲ့ တူပါတယ်။
ဒါပေမယ့် အထွတ်အထိပ်နဲ့ပြိုင်ဘက်ကင်းအကြိုနတ်ဘုရားတွေတော့ ပျောက်ဆုံးနေတာပေါ့။
နတ်ဘုရားကမ္ဘာရဲ့အကြိုနတ်ဘုရားတွေက နတ်ဘုရားစစ်မြေပြင်ရဲ့အကြိုနတ်ဘုရားတွေထက် နိမ့်ကျတယ်လို့ မဆိုလိုပါဘူး။ အဓိကအားဖြင့် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကွာခြားချက်ကြောင့်ပဲ။ နတ်ဘုရားကမ္ဘာရှိအကြိုနတ်ဘုရားတွေမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှတောင် မရှိဘူး၊ ဘယ်လိုလုပ်ပြီး သူတို့က နတ်ဘုရားစစ်မြေပြင်ရဲ့အကြိုနတ်ဘုရားတွေကို ယှဉ်နိုင်မှာလဲ။
နတ်ဘုရားကမ္ဘာနဲ့နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ကွာခြားချက်တစ်ခုရှိတယ်။
နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုရဲ့အသိအမှတ်ပြုခြင်းကို လက်ခံဖို့ လိုအပ်တယ်။
နတ်ဘုရားကမ္ဘာမှာ အကြိုနတ်ဘုရားတစ်ယောက်ဖြစ်လာဖို့ ကြိုးစားကျင့်ကြံပြီး သွေးမျိုးဆက်ကို နိုးဆဖို့ပဲ လိုအပ်တယ်။
ဝှစ်.....
ကြေးနီခေါင်းရဲ့လက်နက်က ဓားကြီးတစ်လက်ဖြစ်တယ်။ ဓားကြီးကို ဝှေ့ယမ်းလိုက်ရာ အေးစက်တဲ့အဖြူရောင်ဓားမော့အလင်းက ရေတံခွန်ပမာ ဧရာမတောင်နွားရဲ့ခန္ဓာကိုယ်ပေါ်မှာ ကြီးမားတဲ့ဒဏ်ရာတစ်ခုကို ဖြစ်စေခဲ့တယ်။
ဘွတ်အဲ.....
ဧရာမတောင်နွားက သူ့ရဲ့ရှေ့ခွာနဲ့ တက်နင်းလိုက်တယ်၊ တုန်ခါမှုလှိုင်းတစ်ခုက ဖြစ်ပေါ်လာတယ်။ ပိုအားနည်းတဲ့အကြိုနတ်ဘုရားအချို့က လွင့်ထွက်ကာ သွေးပွက်ပွက်အန်သွားတယ်။
လေနဲ့နှင်းထဲမှာ လီဖူချန်းနဲ့ကြေးနီလှံတို့က ဒီမြင်ကွင်းကို ကြည့်ရင်စ တည်ငြိမ်နေလျက်ပါပဲ။
"ငါ သူတို့ကို မြင်တဲ့အခါ ငါ့ရဲ့ငယ်ဘဝကို သတိရမိတယ်" ကြေးနီလှံက ရေရွတ်လိုက်တယ်။
နတ်ဘုရားတစ်ယောက်ဖြစ်လာဖို့က လူတိုင်းရဲ့အိမ်မက်ပဲလေ။ နတ်ဘုရားတစ်ယောက်မဖြစ်လာခင် သူတို့က နှစ်နှစ်ရာပဲ အသက်ရှင်နိုင်တယ်။ နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးမှ သူတို့က နှစ်ထောင်အနည်းငယ်အထိ အသက်ရှင်နိုင်မယ်လေ။
"မင်းရဲ့အသက်က နှစ်တစ်ထောင်ကျော်ပဲ ရှိသေးတာပဲ။ ကြိုးစားမယ်ဆိုရင် အလယ်ဆင့်နတ်ဘုရားနယ်ပယ်ကို ချိူးဖြတ်နိုင်မှာပါ" လီဖူချန်းက ရယ်လိုက်တယ်။
ကြေးနီလှံက ပြောလိုက်တယ်"အလယ်နတ်ဘုရား၊ မင်း အိမ်မက်မက်နေတာလား။ နတ်ဘုရားကမ္ဘာမှာ ပြောင်းလဲမှုတွေ မဖြစ်ခင်ထိတော့ ငါက မျှော်လင့်ချက်တွေ ရှိနိုင်သေးတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ လုံးဝမျှော်လင့်ချက်မရှိဘူး"
မြေရိုင်းမြို့တစ်ခုလုံးမှာ လူဦးရေသန်းအနည်းငယ်ရှိပြီး အလယ်ဆင့်နတ်ဘုရားက ဆယ်ယောက်အောက်ပဲ ရှိတယ်။ အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်ဖို့ ဘယ်လောက်တောင် ခက်ခဲသလဲကို စိတ်ကူးယဉ်နိုင်တယ်။
"ဒါဆိုလဲ ဒါပေါ့လေ၊ ရည်မှန်းချက်တော့ ထားရမှာပေါ့။ ငါ အောင်မြင်သွားနိုင်တာပဲလေ" လီဖူချန်းက ရယ်လိုက်တယ်။ သူက ကြေးနီခေါင်းနဲ့ မတူဘူး၊ သူ့အနေနဲ့ အဆင့်နိမ့်နတ်ဘုရားနယ်ပယ်မှာ ရပ်တန့်ဖို့ ဆန္ဒမရှိဘူး။ အလယ်ဆင့်နတ်ဘုရား၊ အဆင့်မြင့်နတ်ဘုရား၊ အစစ်အမှန်နတ်ဘုရား၊ အားလုံးက သူ့ရဲ့ပန်းတိုင်တွေပဲ။
"ဝူး"
ကြောက်စရာကောင်းတဲ့ဝံပုလွေအူသံက လေနဲ့နှင်းကို ရပ်တန့်စေခဲ့တယ်။
"ဒါ အဆင့်နိမ့်နတ်ဘုရားသားရဲဖြစ်တဲ့ရေခဲမြစ်နတ်ဆိုးဝံပုလွေပဲ" ကြေးနီလှံရဲ့အမူအရာက ပြောင်းလဲသွားတယ်။
ပြာဖြူမြေရိုင်းက နှင်းခဲနတ်ဆိုးဝံပုလွေ၊ သွေးဆုတ်လက်သည်းဝံပုလွေ၊ ရေခဲမြစ်ဝံပုလွေတို့လိုဝံပုလွေအမျိုးအစားနတ်ဘုရားသားရဲတွေနဲ့ပြည့်နေတာပဲ။
သူ့ခွန်အားက ရွာခေါင်းဆောင်ကြေးနီပုဆိန်နဲ့ မယှဉ်နိုင်ဘူး၊ အဆင့်နိမ့်အကြိုနတ်ဘုရားသားရဲတစ်ကောင်ကိုပဲ ရင်ဆိုင်နိုင်တယ်။ ရေခဲမြစ်နတ်ဆိုးဝံပုလွေက သူမရင်ဆိုင်ချင်တဲ့အထဲမှာပါတယ်။
မကြာမီမှာပဲ တောင်သေးတစ်လုံးအရွယ်အစားရှိပြီးထူထပ်တဲ့ပြာဖြူနှင်းပုံဆောင်ခဲတွေဖုံးအုပ်ထားတဲ့ဧရာမဝံပုလွေတစ်ကောင်က လျှောက်လာတယ်။
ရေခဲမြစ်နတ်ဆိုးဝံပုလွေက အလွန်မာကျောတဲ့ခုခံမှုရှိတဲ့အဆင့်နိမ့်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တယ်။
ဝံပုလွေခန္ဓာကိုယ်ပေါ်ရှိရေခဲပုံဆောင်ခဲတွေက အေးခဲနတ်ဘုရားစွမ်းအားနဲ့အေးခဲအရာဝတ္ထုတွေပေါင်းစပ်ထားခြင်းတစ်ခုပဲ။ သာမန်အဆင့်နိမ့်အကြိုနတ်ဘုရားတွေက ရေခဲပုံဆောင်ခဲတွေကို ချိုးဖြတ်နိုင်မှာမဟုတ်ဘူး။
"လီဖူချန်း၊ ငါ အရင် သွားပြီးရင်ဆိုင်လိုက်မယ်"
ကြေးနီလှံက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံကို ကိုင်ဆွဲကာ ရေခဲမြစ်နတ်ဆိုးဝံပုလွေနဲ့ ရင်ဆိုင်လိုက်တယ်။
ဝုန်း ဝုန်း ဝုန်း.......
နှစ်ယောက်ကြားတိုက်ပွဲက ဧရာမတောင်နွားကို အမဲလိုက်တာထက် ပိုကြီးမားတယ်။ ကြောက်စရကောင်းတဲ့လေနဲ့နှင်းက သူတို့နှစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအနားကို မကပ်နိုင်ဘူး။ ကြီးမားတဲ့ရေခဲအစအနတွေက ဦးတည်ဘက်တိုင်းကို ပြန့်ကျဲသွားတယ်။
လီဖူချန်းရဲ့လျှို့ဝှက်ကာကွယ်မှုကြောင့်သာမဟုတ်ရင် ကြေးနီပုဆိန်ရွာရဲ့အကြိုနတ်ဘုရားစစ်သည်တွေကို ပြင်းပြင်းထန်ထန်သက်ရောက်သွားလောက်ပြီ။
"ကြယ်ပစ်ထိုးဖောက်လ...."
ကြေးနီလှံက သူ့ရဲ့သတ်ဖြတ်ကွက်ကို ထုတ်လွှတ်လိုက်တယ်။ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းလှံက အလင်းစီးကြောင်းတစ်ခုအဖြစ် ပြောင်းသွားပြီး ရေခဲမြစ်နတ်ဘုရားဝံပုလွေရဲ့အားနည်းတဲ့နေရာတွေဆီ ထိုးစိုက်သွားတယ်။
အား.....
ရေခဲပုံဆောင်ခဲတွေ အက်ကွဲသွားပြီး သွေးတွေ တလဟောစီးထွက်လာတယ်။ ရေခဲမြစ်နတ်ဆိုးဝံပုလွေက ဒဏ်ရာရသွားတယ်။ ၎င်းက ဧရာမပါးစပ်ကို ဟကာ ကြေးနီလှံကို ကိုက်လိုက်တယ်။ အကြိမ်အနည်းငယ်လွှဲယမ်းပြီးနောက် လှံကို အဝေးသို့ ပစ်ထုတ်လိုက်တယ်။
"ဟဲ၊ ဟဲ၊ ဟဲ " အဝေးမှ ကြေးနီလှံက ထဖို့ ရုန်းကန်နေရတယ်၊ သူ့ခန္ဓာကိုယ်က သွေးတွေနဲ့ ရွှဲရွှဲစိုနေတယ်။
သူက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းချပ်ဝတ်ကို မဝတ်ဆင်ထားရင် စောစောကကိုက်ဖြတ်မှုက သူ့ကို နှစ်ပိုင်းပြတ်သွားစေလောက်ပြီ။
ဒီရေခဲမြစ်နတ်ဆိုးဝံပုလွေက ကြမ်းတမ်းလွန်းပါတယ်။
သူ့ရဲ့နတ်ဘုရားစွမ်းအားကို အသက်သွင်းပြီး ဒဏ်ရာအချို့သက်သာသွားပြီးနောက် ကြေးနီလှံက ရေခဲမြစ်နတ်ဆိုးဝံပုလွေထံ တစ်ဟုန်ထိုးတိုက်ခိုက်လိုက်တယ်။
ခွန်အားကွာခြားချက်က မကြိီးမားရင် အဆင့်နိမ့်နတ်ဘုရားတစ်ယောက်နဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ကြားတိုက်ပွဲတစ်ခုက ဘယ်တော့မှ လျင်မြန်စွာ အဆုံးမသတ်ဘူး။
အခြားတစ်ဖက်မှာ အမဲလိုက်တာက ပြီးတော့မှာပဲ။
အကြိုနတ်ဘုရားစစ်သည်တစ်ရာကျော်က ဝန်းရံထားပြီးနောက် ဧရာမတောင်နွားခုနှစ်ကောင်ထဲကနှစ်ကောင်က လွတ်မြောက်သွားပြီး ငါးကောင်ကို သတ်ဖြတ်နိုင်ခဲ့တယ်။ ဒါကို ကြီးမားတဲ့ရိတ်သိမ်းခြင်းတစ်ခုလို့ သတ်မှတ်နိုင်တယ်။
အခုဆိုရင် လူတိုင်းက ဧရာမတောင်နွားကို အမဲဖျက်ရင်း တိုက်ပွဲကို ကြည့်ရှုနေတယ်။
"ဦးလေး၊ အရှင်ကြေးနီလှံက အန္တရာယ်ရှိနေတာလား"
ကြေးနီကျားသစ်က သက်လတ်ပိုင်းအရွယ်အကြိုနတ်ဘုရားစစ်သည်တစ်ယောက်ကို စိုးရိမ်တကြီး မေးလိုက်တယ်။
သက်လတ်ပိုင်းအရွယ်အကြိုနတ်ဘုရားစစ်သည်က ပြောလိုက်တယ်"မစိုးရိမ်ပါနဲ့၊ အရှင်ကြေးနီလှံက တိုက်ပွဲရာကျော်တိုက်ခိုက်ခဲ့တာ၊ အဆင့်နိမ့်အကြိုနတ်ဘုရားတစ်ယောက်ဖြစ်တဲ့နှင်းခဲနတ်ဆိုးဝံပုလွေကိုတောင် သတ်ဖြတ်ခဲ့တာ။ သူ့အနေနဲ့ ရေခဲမြစ်နတ်ဆိုးဝံပုလွေရင်ဆိုင်ရတာ ပြဿနာတစ်ခုမဟုတ်ဘူး။ ဒါ့ပြင် အရှင်လီက ဘေးကနေ စောင့်ကြည့်နေတယ်မလား"
လူတိုင်းက လီဖူချန်းရဲ့ခွန်အားနဲ့ပတ်သက်ပြီး မရှင်းလင်းပေမယ့် အဆင့်နိမ့်နတ်ဘုရားတွေဖြစ်လာနိုင်သူတွေအားလုံးက အလွန်အားကောင်းပြီး အားနည်းချက်တွေမရှိပါဘူး။
လူတိုင်းက ကြေးနီလှံကို အထင်ကြီးလွန်းပြီး ရေခဲမြစ်နတ်ဆိုးဝံပုလွေကို အထင်သေးလွန်းတယ်လို့ပဲ ပြောရမှာပဲ။ တစ်နာရီကြာပြီးနောက် ကြေးနီလှံက ရေခဲမြစ်နတ်ဆိုးဝံပုလွေအတွက် ပြိုင်ဘက်မဟုတ်တာကို မြင်လာကြတယ်။
"ကြေးနီလှံ၊ ငါနဲ့ပဲ လွှဲထားလိုက်တော့။ မင်းရဲ့ဒဏ်ရာတွေက တော်တော်ပြင်းထန်နေပြီ"
ကြေးနီလှံရဲ့ဒဏ်ရာတွေက အေးခဲနေပြီး အေးခဲနတ်ဘုရားစွမ်းအားကျူးကျော်ဝင်ရောက်နေတဲ့လက္ခဏာတစ်ခုဆိုတာ လီဖူချန်းက မြင်ခဲ့တယ်။
"အတူတူတိုက်ခိုက်ကြရအောင်" ကြေးနီလှံက တိုက်တွန်းလိုက်တယ်။
"မလိုဘူး၊ ငါ ဓားတစ်ချက်ပဲ လိုတယ်" ပြောရင်း လီဖူချန်းက ကြုံရာအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဓားရှည်တစ်လက်ကို ထုတ်လိုက်တယ်။ ခုတ်ပိုင်းချက်တစ်ခုနဲ့အတူ ဓားချီက နှင်းကို ဖြတ်ကာ ရေခဲမြစ်နတ်ဆိုးဝံပုလွေကို ဟက်တက်ခွဲလိုက်တယ်။
ဖြောက်.......
ရေခဲမြစ်နတ်ဆိုးဝံပုလွေရဲ့ခန္ဓာကိုယ်ပေါ်ရှိရေခဲပုံဆောင်ခဲတွေက ချက်ချင်း အက်ကွဲလာတယ်။ ဓားချီက ကြယ်ပျံတစ်ခုပမာ ခန္ဓာကိုယ်ကို ထိုးဖောက်သွားခဲ့တယ်။
ကြီးမားတဲ့အသံတစ်ခုထွက်လာတယ်၊ ရေခဲမြစ်နတ်ဆိုးဝံပုလွေရဲ့ခန္ဓာကိုယ်က နှစ်ပိုင်းကွဲသွားတယ်။ ၎င်းက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး နှင်းလှိုင်းတစ်ခုကို ဖန်တီးခဲ့တယ်။
"သူက ရေခဲမြစ်နတ်ဆိုးဝံပုလွေကို အခုလိုပဲ သတ်ဖြတ်ခဲ့တာလား" ကြေးနီလှံက အသက်ကို နက်ရှိင်းစွာ ရှုသွင်းလိုက်မိတယ်။
ရွာခေါင်းဆောင်ကတောင် ရေခဲမြစ်နတ်ဆိုးဝံပုလွေရဲ့ခန္ဓာကိုယ်ကို တစ်ချက်တည်းနဲ့ မပိုင်းဖြတ်နိုင်လောက်ဘူး။ ဆယ်ချက်ရှစ်ချက်လောက်မှပဲ ဖြစ်နိုင်မှာပါ။
လီဖူချန်းက ပြာဖြူမြေရိုင်းကို ဖြတ်သန်းနိုင်ခဲ့တာ အံ့ဩစရာမရှိဘူးပဲ။ လီဖူချန်းက ခရီးလှည့်လည်သွားလာနေတဲ့ပြောင်မြောက်တဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်လို့ ကြေးနီလှံက ယူဆခဲ့တယ်။
အဲဒီလိုခရီးလှည့်လည်သွားလာနေတဲ့အကြိုနတ်ဘုရားတွေအားလုံးက တူညီတဲ့နယ်ပယ်မှာ အားကောင်းတဲ့တည်ရှိမှုတွေလို့ လူတွေပြောတာ ကြေးနီလှံ ကြားဖူးတယ်။