← Chapters

မြေရိုင်းမြို့

Vol. 77 Ch. 1084

မြေရိုင်းမြို့

Vol. 77 Ch. 1084

ဧရာမသစ်သားလှည်းတွေက လွင်ပြင်ပေါ်မှာ ခရီးနှင်နေတယ်။

သစ်သားလှည်းတွေက ဧရာမအသားတုံးတွေနဲ့ပြည့်နေကာ တောင်ကလေးတစ်လုံးစာလောက်ရှိတယ်။

ဒီသစ်သားလှည်းတွေကို ကြေးနီပုဆိန်ရွာရဲ့အကြိုနတ်ဘုရားစစ်သားတွေက ပြုလုပ်ထားတာပဲ။ ကုန်ကြမ်းပစ္စည်းက ‌ပြာ‌ဖြူ‌မြေရိုင်းရှိ နှင်းခဲသံသစ်သားလို့ခေါ်တဲ့မာကျောတဲ့သစ်သားတစ်မျိုးနဲ့ ပြုလုပ်ထားတယ်။

သစ်သားလှည်းတွေထဲရှိရေခဲမြစ်နတ်ဆိုးဝံပုလွေရဲ့အသားကို ကြည့်ရင်း ကြေးနီကျားက လျှာသပ်လိုက်မိတယ်၊ သူက သူ့ဘေးနားရှိသက်လတ်ပိုင်းအရွယ်အကြိုနတ်ဘုရားစစ်သည်တစ်ယောက်ကို ပြောလိုက်တယ်"ဦးလေး၊ ဒီရေခဲမြစ်နတ်ဆိုးဝံပုလွေက ငါတို့ကြေးနီပုဆိန်တစ်ရွာလုံးစားဖို့ တစ်နှစ်နဲ့နှစ်ဝက်လောက်အထိ လုံလောက်တယ်မလား"

"တစ်နှစ်နဲ့နှစ်ဝက်လား။ မင်းက နတ်ဘုရားသားရဲအသားကို အထင်သေးနေတာပဲ။ လက်သည်းအရွယ်အစားနတ်ဘုရားသားရဲအသားအပိုင်းအစတစ်ခုက အဆင့်မြင့်စစ်သည်တစ်‌ယောက်ကို တစ်နေ့လုံးအတွက် စွမ်းအားပေးဖို့ လုံလောက်တယ်။ အဆင့်မြင့်စစ်သည်အဆင့်အောက်သူတွေက အဲဒါကို မစားနိုင်ဘူး သို့မဟုတ်ရင် သူတို့ရဲ့ဒွာရခုနှစ်ပေါက်မှ သွေး‌တွေထွက်ပြီး ပေါက်ကွဲထွက်သွားနိုင်တယ်။ ငါတို့ရွာမှာ အဆင့်နိမ့်နတ်ဘုရားသုံးယောက်ပဲရှိတာ။ ဒီရေခဲမြစ်နတ်ဆိုးဝံပုလွေက ငါတို့တွေစားဖို့ နှစ်နှစ်ကနေသုံးနှစ်အထိ လုံလောက်တယ်"

"ဒီလိုအားကောင်းတဲ့ရေခဲမြစ်နတ်ဆိုးဝံပုလွေက အရှင်လီရဲ့ဓားတစ်ချက်ကိုတောင် မရင်ဆိုင်နိုင်ဘူးပဲ" ‌ကြေးနီကျားက လီဖူချန်းကို ကြည့်လိုက်မိပြန်တယ်။

လွန်ခဲ့တဲ့ရက်အနည်းငယ်က လီဖူချန်းရဲ့ဓားစွမ်းပကားက လူတိုင်းကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီး လူတိုင်းရဲ့နှလုံးသားထဲမှာ ပြိုင်ဘက်ကင်းဓားနတ်ဘုရားတစ်ယောက်ရဲ့ပုံရိပ်ကို ချန်ထားရစ်ခဲ့တယ်။

အဆင့်နိမ့်နတ်ဘုရားနှစ်ယောက်ရဲ့အကာအကွယ်နဲ့အတူ အပြန်လမ်းမှာ ဘာအနှောင့်အယှက်မှ မဆုံတွေ့ခဲ့ရဘူး။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ်နှစ်ပတ်ကုန်ဆုံးသွားပြန်တယ်၊ လီဖူချန်းက နတ်ဘုရားကမ္ဘာရဲ့ဥပဒေသတွေကို အပြည့်အဝအသုံးပြုနိုင်ခဲ့ပါပြီ။

အလားတူ လီဖူချန်းရဲ့နတ်ဘုရားလက်က ကပ်ဘေးလက်ကို ချိုးဖြတ်သွားပြီး ထာဝရနတ်ဘုရားတောင် မရောက်ရှိခဲ့တဲ့နတ်ဘုရားလက်ရဲ့အဆင့်၇ကို ရောက်ရှိလာခဲ့တယ်။

နတ်ဘုရားလက်ရဲ့အဆင့်၇က ကပ်ဘေးစွမ်းအားကို မကျင့်ကြံဘူး၊ ဒါပေမယ့် နတ်ဘုရားစွမ်းအား၊ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကိုပေါ့။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားနဲ့အတူ လီဖူချန်းရဲ့ကပ်ဘေးမသေမျိုးခန္ဓာကိုယ်က ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်အဖြစ် အလိုအလျောက်ပြောင်းလဲသွားခဲ့တယ်။

ကပ်ဘေးမသေမျိုးခန္ဓာကိုယ်နဲ့နှိုင်းယှဉ်ရင် ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်က ပိုနက်နဲတယ်။

လီဖူချန်းက ရပ်နေရင်တောင် သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားခန္ဓာကိုယ်ကို ချိုးဖြတ်နိုင်တဲ့အဆင့်နိမ့်နတ်ဘုရားတွေအများကြီးမရှိဘူး။

သူ့မှာ တိုက်ခိုက်ဖို့အတွက် ဓားတာအိုနတ်ဘုရားစွမ်းအားရှိတယ်၊ မီးတာအိုနတ်ဘုရားစွမ်းအားရှိတယ်။ ရှောင်တိမ်းဖို့အတွက် နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားရှိပြီး ခုခံဖို့အတွက်  ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားရှိတယ်။ အဆင့်နိမ့်နတ်ဘုရားတွေကြားမှာ လီဖူချန်းက သေချာပေါက်မွန်းစတားတစ်ကောင်ပဲ၊ ဘာချို့ယွင်းချက်တစ်ခုမှ မရှိဘူး။ လီဖူချန်းရဲ့ခွန်အားအကန့်အသတ်ကို စစ်ဆေးချင်ရင် အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကပဲ ပြုလုပ်နိုင်မယ်။

"လီဖူချန်း၊ နောက်သုံးရက်မှာ၊ ကြေးနီပုဆိန်ရွာက လူတစ်စုဖွဲ့ပြီး မြေရိုင်းမြို့ကို ဦးတည်လိမ့်မယ်။ မင်းလဲ သွားသင့်တယ်" ဒီနေ့မှာ ကြေးနီလှံက လီဖူချန်းထံ အကြောင်းကြားလာတယ်။

"သုံးရက်လား။ ကောင်းပြီလေ"

နှစ်အနည်းငယ်တိုင်း ကြေးနီပုဆိန်ရွာက အရောင်းအဝယ်လုပ်ဖို့ အရင်းအမြစ်အချို့ကို မြေရိုင်းမြို့သို့ သယ်ဆောင်မှန်း လီဖူချန်းက သိခဲ့တယ်။ ရေခဲမြစ်နတ်ဆိုးဝံပုလွေအသားကို ဈေးကောင်းကောင်းနဲ့ ရောင်းနိုင်မှာပါ။ ဒါပေမယ့် ကြေးနီပုဆိန်ရွာက လီဖူချန်းကို အခွင့်ကောင်းမယူခဲ့ဘူး၊ သူ့ကို နတ်ဘုရားအဆင့်ပစ္စည်းများစွာ ပေးခဲ့တယ်။

…

မြေရိုင်းမြို့၊ အဆင့်၁နတ်ဘုရားမြို့၊ လူဦးရေတစ်သန်းနီးပါးရှိတယ်။

လမ်းပေါ်မှာ အကြိုနတ်ဘုရားတွေသွားလာနေတာကို ကြည့်ပြီး ကြေးနီပုဆိန်ရွာရဲ့စစ်သည်တွေက သိချင်‌စိတ်ရောထိတ်လန့်စိတ်ရော နှစ်ခုစလုံးဖြစ်နေတယ်။

မြေရိုင်းမြို့သို့ရောက်ရှိပြီးနောက် လီဖူချန်းက ကြေးနီလှံတို့နဲ့ခွဲထွက်လာခဲ့တယ်၊ သူ့မှာ သူ့ကိုယ်ပိုင်လုပ်စရာတွေရှိတယ်လေ။

"တန်ဖိုးတွေက တကယ်ကို မတူဘူးပဲ။ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၅၀၀မှ၁၀၀၀ပတ်လည်ရှိတယ်။ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၃၀၀၀မှ၁၀၀၀၀ပတ်လည်ထိုက်တန်တယ်"

လှည့်ပတ်ကြည့်ရှုပြီးနောက် လီဖူချန်းက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့တန်ဖိုးကို ကောင်းကောင်းနားလည်လာတယ်။

နတ်ဘုရားကမ္ဘာမှာ အကြိုနတ်ဘုရားကျောက်တုံးဆိုတဲ့အသုံးအနှုန်းမရှိဘူး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနဲ့နတ်ဘုရားကျောက်တုံးတွေပဲရှိတယ်။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက တကယ်တော့ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေပါပဲ။ ဆိုလိုတာကတော့ နတ်ဘုရားကမ္ဘာမှာ သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံး၅၀၀နဲ့ အလွယ်တကူရောင်းချနိုင်တယ်ဆိုတာပဲ။ ဒါကို နတ်ဘုရားစစ်မြေပြင်မှာ စိတ်ကူးကြည့်လို့တောင်မရဘူး။

ဒါပေမယ့် ဒါကလဲ အလွန်နားလည်လွယ်ပါတယ်။ နတ်ဘုရားစစ်မြေပြင်မှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပိုများပြီး အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေပိုနည်းတယ်။ ဒါပေမယ့် နတ်ဘုရားကမ္ဘာမှာ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေပိုနည်းပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေပိုများတယ်။ ဒါကြောင့် ဒါက ပုံမှန်ပါပဲ။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအတွက်ကတော့ သူတို့က ပိုဈေးကြီးပြီး နတ်ဘုရားကျောက်တုံးနှစ်ဆယ်အနည်းဆုံးထိုက်တန်တယ်။

နတ်ဘုရားကျောက်တုံးတစ်တုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်သောင်းနဲ့ ညီမျှတယ်။

အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုက နတ်ဘုရားကျောက်တုံးတစ်ရာအနည်းဆုံး ထိုက်တန်တယ်။

ဒါပေမယ့် တစ်စုံရဲ့တန်ဖိုးက လီဖူချန်းထင်တာထက် ပိုနိမ့်တယ်။ အဆင့်တူတစ်စုံဆိုရင် တန်ဖိုးက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုထက် ဆယ်ဆသာပိုတယ်။ နတ်ဘုရားစစ်မြေပြင်မှာဆိုရင် တန်ဖိုးက အဆဒါဇင်အနည်းငယ်ရှိပေလိမ့်မယ်။

ဒါကို စဉ်းစားပြီးနောက် လီဖူချန်းကို ပြဿနာရဲ့အခရာကို တွေ့ခဲ့တယ်။

နတ်ဘုရားစစ်မြေပြင်မှာ တစ်စုံက အကြိုနတ်ဘုရားစွမ်းအားကို အားကောင်းလာစေနိုင်ပေမယ့်  နတ်ဘုရားကမ္ဘာမှာ ဒီလိုသက်ရောက်မှုမရှိဘူး။

တကယ်တော့ နတ်ဘုရားကမ္ဘာရှိလူတွေက အဆက်မပြတ်တိုးတက်ဖို့ အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေရဲ့အသိအမှတ်ပြုခြင်းကို မလိုအပ်ပါဘူး။ သူတို့က သူတို့ရဲ့ကိုယ်ပိုင်ခွန်အားပေါ်မှာပဲ မှီခိုကြပြီး အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေနဲ့တစ်စုံက အထောက်အပံ့သာဖြစ်တယ်။

ဒါပေမယ့် ဒီလိုဆိုရင်တောင် တစ်စုံရဲ့တန်ဖိုးက အလွန်ထိတ်လန့်စရာကောင်းနေတုန်းပဲ။ အလွန်ကျော်ကြားတဲ့အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုင်တစ်ခုမှာ ‌ပထမတန်းစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းခြောက်ပိုင်းတစ်စုံက နတ်ဘုရားကျောက်တုံးသုံးရာရှိတာကို လီဖူချန်းက မြင်ခဲ့တယ်။

"ငါဝတ်ဆင်‌နေတဲ့ကြက်သွေးရောင်မီးလျှံတစ်စုံဆိုရင် နတ်ဘုရားကျောက်တုံးတစ်ထောင်အနည်းဆုံးရှိမယ်........"

လီဖူချန်းက ခန့်မှန်းလိုက်တယ်။

ဥပဒေသ‌တွေတွေပြောင်းလဲမှုကြောင့် အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားကျောက်တုံးတွေနဲ့အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးတွေကလွဲပြီး လီဖူချန်းရဲ့နေရာလပ်ကျောက်တုံးထဲရှိအခြားအကြိုနတ်ဘုရားကျောက်တုံးတွေအားလုံးက နတ်ဘုရားကမ္ဘာရဲ့ချီအဖြစ် အရည်ပျော်ကျသွားခဲ့တယ်။ လက်ရှိလီဖူချန်းမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသောင်းအနည်းငယ်ပဲ ကျန်ရှိတော့တယ်။

ဒါကို စဉ်းစားမိပြီးနောက် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို ရောင်းချဖို့ လီဖူချန်းက ဆုံးဖြတ်ခဲ့တယ်။

"အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်သိန်းကိုးသောင်းရှစ်ထောင်"

အသုံးမဝင်တဲ့သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့နဲ့အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းအချို့ကို ရောင်းချပြီးနောက် လီဖူချန်းရဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေက နှစ်သိန်းကိုးသောင်းရှစ်ထောင်အထိ တိုးလာတယ်။

လီဖူချန်းက ကျန်ရှိနေတဲ့သာမန်နဲ့အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ရောင်းချဖို့ အစီအစဉ်မရှိပါဘူး။ သူ့ရဲ့လက်ရှိအနေအထားနဲ့ဆိုရင် အနာဂတ်မှာ သူက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကင်းမဲ့မှာမဟုတ်တော့ဘူးလေ။ ဒီအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အခြားသူတွေကို လက်ဆောင်ပေးဖို့အတွက် အသုံးပြုနိုင်တယ် ဒါမှမဟုတ် အခြားရည်ရွယ်ချက်တွေအတွက် အသုံးပြုနိုင်တယ်။

ပထမတန်းစားအဆင့်နဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကိုတော့ လီဖူချန်းက မရောင်းခဲ့ပါဘူး။

ပထမ၊ သူတို့က သာသာပေါ်လွင်လွန်းတယ်။

မြေရိုင်းမြို့မှာ အလယ်ဆင့်နတ်ဘုရားတွေကပဲ ပထမတန်းစားအဆင့်နဲ့အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို တပ်ဆင်နိုင်တာလေ။ လီဖူချန်းက လှုပ်ရှားမှုတစ်ခု ပြုခဲ့ရင် သူက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ကို ဆွဲဆောင်မိသွားပါလိမ့်မယ်။

ဒုတိယ၊ သူက လက်ရှိမှာ နတ်ဘုရားကျောက်တုံးတွေ ကင်းမဲ့‌မနေပါဘူး။

တတိယ၊ နတ်ဘုရားကျောက်တုံးတွေရဖို့ဆိုရင် အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ရောင်းချဖို့ မလိုအပ်ပါဘူး။

ကောင်းကင်မှာ တန်ဖိုးကြီးစစ်သ‌င်္ဘောတစ်စင်းက ပျံသန်းလာတယ်။

စစ်သင်္ဘောရဲ့ပိုင်ရှင်က အလယ်ဆင့်နတ်ဘုရားတစ်ယောက်မှန်း လီဖူချန်းက သိတယ်။

မြေရိုင်းမြို့မှာ အလယ်ဆင့်နတ်ဘုရားတွေကပဲ ပျံသန်းနိုင်တယ်၊ အလယ်ဆင့်နတ်ဘုရားတွေကပဲ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို ပိုင်ဆိုင်တယ်။

လီဖူချန်းက ပြုံးလိုက်တယ်၊ မနာလိုဖြစ်ခြင်းတော့ မရှိပါဘူး။ သူမှာ သင်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအနည်းငယ်ရှိပြီးသားပဲလေ။

ဖြတ်ကျော်သွားတဲ့ တန်ဖိုးကြီးစစ်သ‌င်္ဘောကို ကြည့်ရင်း အောက်ဘက်ရှိအဆင့်နိမ့်နတ်ဘုရားများစွာက မနာလိုအားကျနေလေတယ်။

သူတို့က အလယ်ဆင့်နတ်ဘုရားဖြစ်လာရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။

သူတို့အထဲမှာ အများစုက သာမန်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို အသုံးပြုနေရတုန်းပဲ။ အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းရှိတဲ့သူတွေတောင် အများကြီးမရှိဘူး။ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းဆိုတာ လွန်ကဲတဲ့မျှော်လင့်ချက်တစ်ခုမျှပဲ။ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေအတွက်ကိုတော့ စဉ်းစားဖို့တောင် မလိုအပ်ပါဘူး။

"ဒါ အရှင်မက်ဖက်ရဲ့တိမ်ဖောက်သင်္ဘောပဲ။ အဲဒါက ပထမတန်းစားအဆင့်သ‌င်္ဘောအမျိုးအစားအကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုပဲ၊ နတ်ဘုရားကျောက်တုံးရာအနည်းငယ်ထိုက်တန်တယ်" ကြေးနီလှံက လီဖူချန်းဘေးနားကို ဘယ်အချိန်ကတည်းက ရောက်ရှိလာမှန်း မသိခဲ့ဘူး။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဒါမှမဟုတ်နတ်ဘုရားကျောက်တုံးဖြစ်စေ၊ ရရှိဖို့က မလွယ်ပါဘူး။ လီဖူချန်းမှာ နတ်ဘုရားကျောက်တုံးအနည်းငယ်ရှိပေမယ့် သူ့မှာ ကျင့်ကြံဖို့အချိန်အလုံအလောက်မရှိတာကြောင့် သူတို့ကို အရောင်းအဝယ်အတွက် အသုံးပြုမှာမဟုတ်ဘူး။ နတ်ဘုရားကျောက်တုံးမှာပါဝင်တဲ့နတ်ဘုရားစွမ်းအားက ဒုတိယဖြစ်တယ်၊ သိပ်သည်းတဲ့နတ်ဘုရားကမ္ဘာဥပဒေသက နတ်ဘုရား‌ကျောက်တုံးတွေရဲ့အစစ်အမှန်တန်ဖိုးဖြစ်တယ်။

"သွားကြစို့၊ ငါ မင်းကို ကောင်းကောင်းပြုစုမယ်"

လီဖူချန်းက ကြေးနီလှံရဲ့စိတ်ကူးတွေကို စိတ်မဝင်စားခဲ့ပါဘူး၊ သူက အနီးနားရှိတန်ဖိုးကြီးစားသောက်ဆိုင်တစ်ခုထဲသို့ ခေါ်သွားလိုက်တယ်။

"အိုး၊ ဒါက ဈေးကြီးလွန်းတယ်။ ဒါလဲပဲ နတ်ဘုရားအသားပဲ ဒါပေမယ့် ဒီနေရာမှာ အဆဒါဇင်အနည်းငယ်ပိုဈေးကြီးတာပဲ" ကြေးနီလှံက နတ်ဘုရားသားရဲအသားကို စားနေရင်း ဒေါသတကြီး ပြောလိုက်တယ်။

လီဖူချန်းက ပြောလိုက်တယ်"ဒီစားသောက်ဆိုင်က သူ့ရဲ့အရသာကို ရောင်းတာ။ မင်း ဒီလောက်အပြစ်မြင်စရာမလိုပါဘူး"

စားသောက်ဆိုင်မှာချက်ပြုတ်တဲ့နတ်ဘုရားသားရဲအသားက ကြေးနီပုဆိန်ရွာမှာ ချက်ပြုတ်တဲ့နတ်ဘုရားသားရဲအသားထက် အဆများစွာပိုကောင်းတယ်။

ဒီအသားအတွက် လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဒါဇင်ကျော်သုံးစွဲခဲ့ရတယ်။ ကြေးနီလှံက ပေးသူမဟုတ်ပေမယ့် သူက စိတ်ဒုက္ခရောက်နေတုန်းပဲ။

"လီဖူချန်း၊ မင်း ငါတို့နဲ့ ပြန်မလိုက်သွားတော့ဘူးလား" မြို့ဂိတ်မှာ ကြေးနီလှံက မေးလိုက်တယ်။

လီဖူချန်းက ခေါင်းညိတ်လိုက်တယ်"ငါ့ကိုယ်ငါလေ့ကျင့်ဖို့ ခရီးထွက်လာတာ။ ငါ တစ်နေရာမှာပဲ နေနေရင် ဘယ်လိုလုပ်ပြီးလေ့ကျင်လို့ရမှာလဲ"

"ဒါဆိုလဲဂရုစိုက်ပါ။ အနာဂတ်မှာ ငါတို့တွေထပ်တွေ့ဖို့ အခွင့်အရေးရှိလာမှာပါ"

ကြေးနီလှံက လီဖူချန်းရဲ့ပခုံးကို ပုတ်ကာ ထွက်ခွာသွားတယ်။

အခြေအနေကို မြင်ပြီး ကြေးနီပုဆိန်ရွာရဲ့အကြိုနတ်ဘုရားစစ်သည်တွေက လျင်မြန်စွာလိုက်သွားတယ်။

"ကြေးနီပုဆိန်ရွာက အဆုံးတော့ ရွာတစ်ရွာပါပဲ။ သူတို့က မြေရိုင်းမြို့လောက် ဘယ်စုံလင်ပါ့မလဲ။ ကဲ၊ အခုလောလောဆယ် ငါ ‌မြေရိုင်းမြို့ကို အရင်နားလည်အောင်လုပ်ရမယ်"

လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးအသုံးချကာ ကလေးတစ်ယောက်ထံမှ မြေရိုင်းမြို့နဲ့ပတ်သက်ပြီး ယေဘုယျသတင်းအချက်အလက်ကို ရရှိခဲ့တယ်။

မြေရိုင်းမြို့မှာ အလယ်ဆင့်နတ်ဘုရားကိုးယောက်ရှိတယ်။ အသန်မာဆုံးက ချမ်ရှစ်ဖြစ်တယ်၊ သူက မြေရိုင်းမြို့ရဲ့မြို့အရှင်လေ။ သူမှာ ဂုဏ်အဆင့်အတန်းတစ်ခုရှိပြီး မြေရိုင်းမြို့ရှိတစ်ယောက်ကမှ သူနဲ့ မယှဉ်နိုင်ဘူး။ သူတို့က ပူပေါင်းခဲ့ရင်‌တောင် အခြားအလယ်ဆင့်နတ်ဘုရားရှစ်ယောက်က သူ့အတွက် ပြိုင်ဘက်တစ်ယောက်မဟုတ်ဘူးလို့ ပြောကြတယ်။ ဒါက မှန်သလားကိုတော့ မသိပါဘူး။

ဒီအချက်အလက်က မှန်ဖို့များတယ်လို့ လီဖူချန်းက ခံစားမိတယ်။

ချမ်ရှစ်မှာ အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်စုံရှိရင် အလယ်ဆင့်နတ်ဘုရားရှစ်ယောက်ကတောင် သူ့အတွက် ပြိုင်ဘက်မဟုတ်ဘူး။

အလယ်ဆင့်နတ်ဘုရားတွေအထဲမှာ နံပါတ်၂က သွေးလဖြစ်တယ်။ မြေရိုင်းမြို့ထဲမှာ သူက သွေးလလို့ခေါ်တဲ့အရက်ဆိုင်တစ်ခုကို ပိုင်ဆိုင်ထားတယ်။

‌သွေးလအရက်ဆိုင်က တကယ်တော့ အဆင့်နိမ့်နတ်ဘုရားတွေကိုပဲဝန်ဆောင်မှုပေးတဲ့မှောင်ခိုဈေးတစ်ခုဖြစ်တယ်။

နံပါတ်၃ကို လုံခွင်းလို့ခေါ်ပြိး သူ့လက်အောက်မှာ ကြေးစားအဖွဲ့တစ်ခုရှိတယ်။

မြေရိုင်းမြို့ရဲ့အပြင်ဘက်မှာ အန္တရာယ်နယ်မြေသုံးခုရှိတယ်။ သူတို့က သိပ်သည်းမြူခိုးတောင်တန်း၊ ပြာဖြူမြေရိုင်းနဲ့ မြေရိုင်းနတ်ဆိုးသားရဲတွင်းတို့ပါပဲ။

သိပ်သည်းမြူခိုးတောင်တန်းနဲ့ပြာဖြူမြေရိုင်းကို အရင်ဘေးဖယ်ထားလိုက်ရအောင်၊ မြေရိုင်းနတ်ဆိုးသားရဲတွင်းက အသူတရာချောက်နက်နဲ့ ချိတ်ဆက်ထားတယ်လို့ ကောလဟာလရှိတယ်။

အသူတရာချောက်နက်က အလွန်အမင်းကြောက်စရာကောင်းတဲ့နေရာတစ်ခုဖြစ်ပြီး ၎င်းနဲ့ချိတ်ဆက်တဲ့ဘယ်အရာမဆို အလွန်ကြီးမားတဲ့ဆိုးညစ်ခြင်းတစ်ခု ဖြစ်လာလိမ့်မယ်။

လွန်ခဲ့တဲ့နှစ်‌ပေါင်းမရေမတွက်များစွာက မြေရိုင်းနတ်ဆိုးသားရဲတွင်းက တွင်းတစ်ခုသာဖြစ်တယ်လို့ ဒဏ္ဍာရီမှတ်တမ်းတွေက ဆိုတယ်။ အသူတရာချောက်နက်စွမ်းအားရဲ့တိုက်စားမှုနဲ့ဆိုးညစ်မှုအောက်မှာ  မြေရိုင်းနတ်ဆိုးသားရဲတွင်းရဲ့နေရာလပ်-အချိန်ကို အလွှာများစွာအဖြစ် တိုက်စားသွားခဲ့တယ်၊ အလွှာတစ်ခုစီမှာ အကြိုနတ်ဘုရားသားရဲနဲ့နတ်ဘုရားသားရဲမြောက်များစွာပါဝင်ပြီး ဒီအကြိုနတ်ဘုရားသားရဲနဲ့နတ်ဘုရားသားရဲတွေကို အသူတရာချောက်နက်စွမ်းအားက ဆိုးညစ်စေခဲ့တယ်။ တကယ်တော့ သာမန်အကြိုနတ်ဘုရားသားရဲနဲ့နတ်ဘုရားသားရဲဆိုတာ မဟုတ်ဘူး၊ အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲနဲ့နတ်ဘုရားသားရဲတွေလို့သာ ဆိုနိုင်တယ်။

All Chapters