← Chapters

နတ်ဘုရားစွမ်းအားအညွှန်းကိန်း

Vol. 77 Ch. 1085

နတ်ဘုရားစွမ်းအားအညွှန်းကိန်း

Vol. 77 Ch. 1085

မြေရိုင်းမြို့က အဆင့်၁နတ်ဘုရားမြို့တစ်မြို့ဖြစ်ပြီး ၎င်းရဲ့ခမ်းနားမှုက လီဖူချန်းနားလည်ထားတာထက် ပိုတယ်။

ဒီနေရာမှာ စိတ်လှုပ်ရှားစရာကောင်းပြီးသွေးသံရဲရဲနဲ့တိရစ္ဆာန်တိုက်ပွဲပြိုင်ကွင်းတစ်ခုရှိတယ်။

နာမည်အတိုင်းပဲ၊ တိရစ္ဆာန်တိုက်ပွဲပြိုင်ကွင်းက လူသားနဲ့သားရဲတွေ တိုက်ခိုက်ဖို့နေရာတစ်ခုဖြစ်တယ်။ ပရိသတ်တွေက လောင်းကစားနိုင်တယ်။

လူအချို့က တစ်ညနဲ့ ချမ်းသာသွားပြီး အချို့က တစ်ညနဲ့ မွဲပြာကျသွားတယ်။

ဒီနေရာမှာ ပိုတောင်‌သွေးသံရဲရဲဖြစ်တဲ့သွေးတိုက်ခိုက်ရေးပြိုင်ကွင်းဆိုတာ ရှိတယ်။

တိရစ္ဆာန်တိုက်ပွဲပြိုင်ကွင်းနဲ့ မတူညီဘဲ သွေးတိုက်ခိုက်ရေးပြိုင်ကွင်းက အကြိုနတ်ဘုရားစစ်သည်တွေကိုပဲ ပါဝင်ခွင့်ပြုပြီး ဆုလဒ်က အလွန်များပြားတယ်။

စည်းမျဉ်းတွေအရ သွေးတိုက်ခိုက်ရေးပြိုင်ကွင်းမှာ တစ်ပွဲနိုင်ရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးပေးတယ်၊ နှစ်ပွဲဆက်တိုင်းနိုင်ရင် နှစ်တုံး၊ သုံးပွဲဆက်တိုက်နိုင်ရင် လေးတုံး........

ဒါ ဟုတ်တယ်၊ ဆက်တိုက်အောင်မြင်မှုတိုင်းမှာ ဆုလာဒ်က နှစ်ဆဖြစ်လာလိမ့်မယ်။ ဆယ်ပွဲဆက်တိုက်အနိုင်ရရင် ဆုလာဒ်က အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၅၁၂တုံး ရရှိပေလိမ့်မယ်။

ဒါတွေအပြင် မြေရိုင်းမြို့မှာ လောင်းကစားရုံတွေ၊ ကုန်သွယ်ရေးနေရာတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ........

သံသယရှိစရာမလိုပါဘူး၊ ဒီဝန်ဆောင်မှုလုပ်ငန်းတွေက သာမန်လူတွေကို ဝန်ဆောင်မှုပေးတာမဟုတ်ပါဘူး၊ ဒါပေမယ့် သူတို့က အဆင့်နိမ့်နတ်ဘုရားတွေကိုပဲ အဓိကပစ်မှတ်ထားတာပါ။

တကယ်တော့ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့ကြွယ်ဝမှုက သာမန်လူတစ်ယောက်ထက် အဆတစ်ထောင်ပိုတယ်လေ။

မြေရိုင်းမြို့မှာ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်အတွက် သာမန်အစားအစာတစ်ခုက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးများစွာကျသင့်တယ်လေ။ ဒါ့ပြင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးက သာမန်လူတွေအတွက် ကြီးမား‌တဲ့ပမာဏတစ်ခုပါပဲ။ သူတို့က ကုန်သွယ်ဖို့အတွက် နတ်ဘုရားဒင်္ဂါတွေကိုပဲ ပုံမှန်အားဖြင့် အသုံးပြုတယ်။ ယေဘုယျအားဖြင့် နတ်ဘုရားဒင်္ဂါတစ်သောင်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးနဲ့ ညီမျှတယ်။ ဒါပေမယ့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေကို ကျင့်ကြံဖို့အတွက် အသုံးပြုနိုင်ပြီး နတ်ဘုရားဒင်္ဂါးကို ငွေကြေးစနစ်အတွက်ပဲ အသုံးပြုတယ်။ နတ်ဘုရားဒင်္ဂါးနဲ့မဝယ်နိုင်တဲ့တန်ဖိုးရှိတဲ့အရာတွေများစွာရှိတယ်။

သွေးလအရက်ဆိုင်။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးကျသင့်တဲ့ဝိုင်တစ်ခွက်ကို မှာယူပြီးနောက် လီဖူချန်းက ထိုင်ခုံတစ်ခုကို ရှာကာ ထိုင်ချလိုက်တယ်။

"ညီအကို၊ ရေခဲမြစ်ချပ်ဝတ်ကြံ့အမဲလိုက်တဲ့မစ်ရှင်းကို မင်း လုပ်ဆောင်ချင်လား။ လူတစ်ယောက်လျှင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်" မျက်နှာမှာ ကျားအစင်းကြောင်းတွေနဲ့ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က လျှောက်လာတယ်။

နတ်ဘုရားကမ္ဘာမှာ မျိုးနွယ်စုတွေအများကြီးရှိပြီး လူသားတွေက တစ်ခါအပါအဝင်ဖြစ်တယ်။ နတ်ဆိုးမျိုးနွယ်၊ တိုင်တန်မျိုးနွယ်၊ သွေးမျိုးနွယ်၊ ဝံပုလွေမျိုးနွယ်တို့လဲရှိတယ်။ အခြေခံအားဖြင့် စကြာဝဠာမှာတည်ရှိတဲ့မျိုးနွယ်တွေအားလုံးက နတ်ဘုရားကမ္ဘာမှာ ရှိတယ်။ သူ့ရှေ့ကဒီအဆင့်နိမ့်နတ်ဘုရားမှာ နတ်ဆိုးမျိုးနွယ်ရဲ့သွေးမျိုးဆက်ရှိတယ်။

"အခြားတစ်ယောက်ယောက်ကို ရှာလိုက်" လီဖူချန်းက ခေါင်းခါလိုက်တယ်။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်လောက်က သူ့မှာ ကင်းမဲ့နေတာမဟုတ်ဘူး။

"ဟန်ဆောင်နေတာရပ်စမ်းပါ"

ကျားစင်းကြောင်းနတ်ဘုရားက ရေရွတ်ကာ ထွက်သွားတယ်။

"လူငါးယောက်တစ်ဖွဲ့က မြေရိုင်းနတ်ဆိုးသားရဲတွင်းကို ရှာဖွေမယ်။ ငါတို့က တစ်ယောက်လိုနေသေးတယ်။ ဘယ်သူပူးပေါင်းချင်လဲ"

အချိန်အကြာကြီးစောင့်ဆိုင်းပြီးနောက် လီဖူချန်းက သူစိတ်ဝင်စားတဲ့ဖိတ်ခေါ်မှုတစ်ခုကို ရရှိလာခဲ့တယ်။

"ငါ့ကို ထည့်လိုက်"

"မင်းရဲ့အကြိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဘာလဲ။ ငါးဆယ်ထက် နိမ့်လို့မရဘူး"

တတိယစားပွဲမှာ အဆင့်နိမ့်နတ်ဘုရားလေး‌ယောက်က ထိုင်နေတယ်။ ပြောလိုက်တဲ့သူက ခေါင်းမှာနွားဥိီးချိုနဲ့ လူတစ်ယောက်ဖြစ်တယ်။ သူက ပုံဆောင်ခဲဘောလုံးတစ်လုံးကို ယူထုတ်ကာ လီဖူချန်းကို ပြောလိုက်တယ်။

"နတ်ဘုရားစွမ်းအားအညွှန်းကိန်းလား"

လီဖူချန်းက နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ဘယ်တော့မှ မကြားဖူးပေမယ့် လက်ရှိအနေအထားအရ အကြိုနတ်ဘုရားစွမ်းအားကို ပုံဆောင်ခဲဘောလုံးထဲသို့ ထည့်သွင်းရမယ့်ပုံပဲ၊ ပုံဆောင်ခဲဘောလုံးက နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို တိုင်းတာလိမ့်မယ်။

"ကောင်းပြီ၊ ကြိုးစားကြည့်ကြတာပေါ့"

လီဖူချန်းက လျှောက်လာပြီး သူ့လက်ကို ပုံဆောင်ခဲဘောလုံးပေါ်မှာ ထားလိုက်တယ်၊ သူက ဓားတာအိုနတ်ဘုရားစွမ်းအားကို စတင်ထည့်သွင်းလိုက်တယ်။

တစ်ဆယ်၊ နှစ်ဆယ်၊ငါးဆယ်......

မကြာမီမှာပဲ လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားက ငါးဆယ်အထိ လိမ့်တက်လာပြီး တိုး‌မြင့်နေ‌တုန်းပဲ။

ရှစ်ဆယ်၊ တစ်ရာ၊ နှစ်ရာ။

နွားဦးချိုခေါင်းနဲ့လူရဲ့အမူအရာက အနည်းငယ်ပြောင်းလဲသွားတယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့ခွန်အားကို အပြည့်အဝမထင်ဟပ်နိုင်ပေမယ့် အရေးကြီးတဲ့စံနှုန်းတစ်ခုအဖြစ် ရှိနေပါသေးတယ်။

နတ်ဘုရားစွမ်းအားကို နတ်ဘုရားစိတ်ဝိညာဉ်၊နတ်ဘုရားလိပ်ပြာ၊နတ်ဘုရားခန္ဓာကိုယ်၊ ကျင့်ကြံခြင်းအဆင့်တို့လို ကဏ္ဍမျိုးစုံနဲ့ သက်ရောက်မှုတွေ ရှိတယ်။

ယေဘုယျပြောရရင် အသစ်ဖြစ်လာတဲ့အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က နတ်ဘုရားစွမ်းအားအညွှန်းကိန်းတစ်ဆယ်ပတ်လည်ပဲ ရှိတယ်။ ဒီလိုအဆင့်နိမ့်နတ်ဘုရားတွေက အလွန်အားနည်းတယ်။

ဒါပေမယ့် ချွင်းချက်တွေရှိတယ်။ အချို့အဆင့်နိမ့်နတ်ဘုရားတွေက နတ်ဘုရားစွမ်းအားအညွှန်းကိန်းအားနည်းပေမယ့် သူတို့ရဲ့ကျင့်ကြံခြင်းအဆင့်က အလွန်မြင့်တယ်။ သူတို့က မြင့်တက်လာတာနဲ့ အဆင့်နိမ့်နတ်ဘုရားရဲ့အထွတ်အထိပ်အခြေအနေကို ရောက်ရှိလာကြတယ်။ ဒီလိုအဆင့်နိမ့်နတ်ဘုရားတွေက သူတို့ထက် နတ်ဘုရားစွမ်းအားအညွန်းကိန်းအဆအနည်းငယ်ပိုတဲ့အဆင့်နိမ့်နတ်ဘုရားတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းငါးဆယ်ရှိတဲ့သူတွေကို သာမန်အဆင့်နိမ့်နတ်ဘုရားတွေလို့ သတ်မှတ်နိုင်တယ်။

နတ်ဘုရားစွမ်းအားအညွှန်းတစ်ရာရှိရင် လက်ရွေးစင်အဆင့်နိမ့်နတ်ဘုရား။

နှစ်ရာရှိရင် ပထမတန်းစားအဆင့်နိမ့်နတ်ဘုရား။

သုံးရာနဲ့အထက်ဆိုရင် အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရား။

"နှစ်ရာ့လေးဆယ်"

လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နောက်ဆုံးမှာ နှစ်ရာ့လေးဆယ်အထိ ရောက်ရှိလာတယ်။

ဒိအညွှန်းကိန်းက သေချာပေါက် အလွန်မြင့်မားတယ်။ အဆင့်နိမ့်နတ်ဘုရားတွေကြားမှာ အနည်းငယ်ပဲ ဒီလိုမြင့်မားတဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းရှိတာ။

"ကြယ်ပျံလွှား၊ မင်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကရော ဘယ်လောက်လဲ" နွားဦးချိုနဲ့လူက ပိန်ခြောက်ခြောက်သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ကို ကြည့်လိုက်တယ်။

ပိန်ခြောက်ခြောက်သက်လတ်ပိုင်းအရွယ်လူက အထင်ကြီးစရာကောင်းတဲ့ပုံမပေါ်ဘူး။

ဒါပေမယ့် သူ့ရဲ့မူလခန္ဓာကိုယ်က နက္ခတ်တာရာဧရာမသားရဲဖြစ်တယ်။

နက္ခတ်တာရာဧရာမသားရဲရဲ့စွမ်းအားက အမြဲတမ်းကြောက်စရာကောင်းတယ်။ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် သူ့ရဲ့နတ်ဘုရားစွမ်းအားက အခြားအဆင့်နိမ့်နတ်ဘုရားတွေထက် အဆများစွာပိုသန်မာတယ်။

"နှစ်ရာ့ခြောက်ဆယ်" ကြယ်ပျံလွှားက လေးနက်စွာ ပြောလိုက်တယ်။

သူ အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာကာစတုန်းက  သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ရာကျော်နေပြီ။

"ဒီအညွှန်းကိန်းက လုံလောက်သင့်တယ်" လီဖူချန်းက သူ့ရဲ့ခွန်အားအပြည့်ကို အသုံးမပြုခဲ့ပါဘူး။ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အလွန်အမင်းမြင့်မားမယ်လို့ ရေးတေးတေးခံစားမိတယ်။ သူက ခွန်အားအပြည့်သုံးရင် အကျိုးဆက်က စိတ်ကူးမယဉ်နိုင်လောက်အောင်ဖြစ်ပေလိမ့်မယ်။

"အခွင့်အရေးတစ်ခုရှိရင် ပုံဆောင်ခဲဘောလုံးတစ်လုံးကို ဝယ်ပြီး နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို စမ်းသပ်ရမယ်" လီဖူချန်းက သူ့ရာသူတွေးလိုက်တယ်။

"သူက တကယ်ကို ပထမတန်းစားအဆင့်နိမ့်နတ်ဘုရားတစ်ယောက်ပဲ။ မယုံနိုင်စရာပဲ"

ပတ်ဝန်းကျင်ရှိလူတွေက လီဖူချန်းကို မတူညီတဲ့အမူအရာတွေနဲ့ ကြည့်လိုက်ကြတယ်။

ပထမတန်းစားအဆင့်နိမ့်နတ်ဘုရားတစ်ယောက်က ဘယ်နေရာကိုပဲသွားသွား လစ်လျူရှုလို့မရတဲ့တည်ရှိမှုတစ်ခုလေ။

"အရမ်းကောင်းတယ်၊ မင်း ငါတို့နဲ့ ပူးပေါင်းဖို့ အရည်အချင်းမှီတယ်" ရွှေရောင်ဆံပင်နဲ့နောက်ထပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်က ထရပ်ကာ ပြုံးလိုက်တယ်။

လီဖူချန်းက အဆင့်နိမ့်နတ်ဘုရားလေးယောက်ရဲ့နာမည်တွေကို သိလိုက်တယ်။ နွားဦးချိုနဲ့လူကို ခါဖယ်ရိုလို့ခေါ်တယ်၊ ပိန်ခြောက်ခြောက်သက်လတ်ပိုင်းလူကို ကြယ်ပျံလွှားလို့ခေါ်တယ်၊ ရွှေရောင်ဆံပင်နဲ့လူကို ဒင်းလို့ခေါ်ပြီး အနက်ရောင်ဆံပင်နဲ့အမျိုးသမီးကို ကျောက်ဖေးအာလို့ခေါ်တယ်။ သူမက လူသားတစ်ယောက်မဟုတ်၊ သမန်းဝံပုလွေမျိုးနွယ်ဝင်ဆိုတာ လီဖူချန်းက မြင်နိုင်တယ်။

သူတိူ့လေးယောက်က နတ်ဘုရားစွမ်းအားအညွှန်းကိန်းအတော်လေးမြင့်တယ်။ ခါဖယ်ရိုရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၂၀၊ ကြယ်ပျံလွှားက ၂၆၀၊ ဒင်းက ၁၈၀၊ ကျောက်ဖေးအာက ၁၅၀။

ငါးယောက်မြောက်အဖွဲ့ဝင်က နတ်ဘုရားစွမ်းအားအညွှန်းကိန်းငါးဆယ်ပဲ ရှိဖို့လိုတဲ့အကြောင်းပြချက်က‌တော့ သူတို့တွေက တိုက်ခိုက်ဖို့သွားတာမဟုတ်ဘူးလေ၊ ရှာဖွေဖော်ထုတ်ဖို့အတွက်ပဲ။ တိုက်ခိုက်ဖို့အတွက်ဆိုရင် သူတို့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ရာအထက် လိုအပ်မှာပေါ့။

"အန်တိုနီက အသူတရာချောက်နက်နတ်ဆိုးပန်းကို လိုချင်တယ်။ သူက အသူတရာချောက်နက်နတ်ဆိုးပန်းတစ်ပွင့်အတွက် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးပေးချေလိမ့်မယ်။ အသူတရာချောက်နက်နတ်ဆိုးပန်းတွေက မြေရိုင်းနတ်ဆိုးသားရဲတွင်းရဲ့ဆယ်ထပ်အောက်မှာပဲ ပေါက်လေ့ရှိတယ်။ အဲနေရာမှာ အသူတရာချောက်နက်နတ်ဘုရားသားရဲတွေထွက်ပေါ်လာဖို့အခွင့်အရေးမြင့်မားတယ်။ ငါတို့တွေ တိုက်ပွဲအတွက် ပြင်ဆင်ထားရမယ်"

ခါဖယ်ရိုပြောတဲ့အန်တိုနီဆိုတာ အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်‌ပဲ။ အသူတရာချောက်နက်နတ်ဆိုးပန်းကတော့ လူအများစုအတွက် အသုံးမဝင်ပါဘူး။ သူတို့က အဲဒါကို မြေရိုင်းနတ်ဆိုးသားရဲတွင်းမှာမြင်ရင်တောင် တစ်ယောက်မှ ကောက်မှာမဟုတ်ဘူး။ အကြောင်းကတော့ အသူတရာချောက်နက်နတ်ဆိုးပန်းရဲ့မသန့်စင်မှုက အားကောင်းလွန်းပြီး သူတို့က မတော်တဆအဆိပ်မိသွားနိုင်တယ်လေ။ ဘာလို့ အန်တိုနီက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးပေးပြီး ဝယ်နေသလဲကို‌တော့ လူတိုင်းက နားမလည်နိုင်ဘူး။

"ငါတို့ဘယ်လိုခွဲမှာလဲ" လီဖူချန်းက မေးလိုက်တယ်။

အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးတစ်တုံးနှစ်တုံးလောက်က ပြဿနာမရှိပေမယ့် ဒီထက်ပိုများလာရင် ဆွေးနွေးထားတာ ပိုကောင်းတယ်။

ဒင်းက ပြောလိုက်တယ်"ကိုယ်တွေ့တာ ကိုယ်ယူကွာ။ အားလုံးပေါင်းပြီးရလာတာဆိုရင်တော့ ပူးပေါင်းပါဝင်မှုအရ ခွဲကြတာပေါ့"

"ကောင်းပြီ" လီဖူချန်းက ခေါင်းညိတ်လိုက်တယ်။

သူတို့က ချက်ချင်း မလှုပ်ရှားခဲ့ဘူး၊ နောက်နေ့မနက်မှ ထွက်ခွာဖို့ လူတိုင်းက သဘောတူခဲ့ကြတယ်။

စောသေးတာကြောင့် လီဖူချန်းက နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို စမ်းသပ်ဖို့ ပုံဆောင်ခဲဘောလုံးတစ်လုံးကို ဝယ်ခဲ့တယ်။

ဒီပုံဆောင်ခဲဘောလုံးကို နတ်ဘုရားစွမ်းအားဘောလုံးလို့ခေါ်ပြီး နတ်ဘုရားစွမ်းအားကို စမ်းသပ်ဖို့ အထူးအသုံးပြုတယ်။

အရည်အသွေးကိုလိုက်ပြီး တန်ဖိုးက မတူပါဘူး။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကိုစမ်းသပ်တဲ့နတ်ဘုရားစွမ်းအားဘောလုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးထိုက်တန်တယ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းအကန့်အသတ်က ငါးရာဖြစ်တယ်။

အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကိုစမ်းသပ်တဲ့နတ်ဘုရားစွမ်းအားဘောလုံးက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်တုံးထိုက်တန်တယ်၊ နတ်ဘုရားစွမ်းအားအညွှန်းကိန်းအကန့်အသတ်က ငါးထောင်ဖြစ်တယ်။

နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကိုစမ်းသပ်တဲ့နတ်ဘုရားစွမ်းအားဘောလုံးကတော့ မြေရိုင်းမြို့မှာ မရှိပါဘူး။

လီဖူချန်းက အံကြိတ်လိုက်တယ်၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်တုံးကို သုံးစွဲကာ အလယ်ဆင့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားကို စမ်းသပ်တဲ့နတ်ဘုရားစွမ်းအားဘောလုံးတစ်လုံးကို ဝယ်ခဲ့တယ်။

နတ်ဘုရားစွမ်းအားအညွှန်းကိန်းက နတ်ဘုရားစိတ်ဝိညာဉ်၊ နတ်ဘုရားလိပ်ပြာ၊ နတ်ဘုရားခန္ဓာကိုယ်၊ ကျင့်ကြံခြင်းအဆင့်နဲ့အခြားကဏ္ဍတွေနဲ့ ဆက်စပ်တယ်။ ငါ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ဒိီလောက်မြင့်တာ အံ့ဩစရာမရှိဘူးပဲ" နတ်ဘုရားစွမ်းအားဘောလုံးကို ဝယ်ယူပြီးနောက် လီဖူချန်းက နတ်ဘုရားစွမ်းအားအညွှန်းကိန်းနဲ့ပတ်သက်တဲ့အချက်အလက်အချို့ကို သိလိုက်တယ်။

အခြားသူတွေက ကျင့်ကြံခြင်းအဆင့်သာ မြင့်ပေမယ့် လီဖူချန်းက ကဏ္ဍအားလုံးမှာ မြင့်မားတယ်၊ အထူးသဖြင့် နတ်ဘုရားစိတ်ဝိညာဉ်ပဲ။

နတ်ဘုရားစိတ်ဝိညာဉ်က နတ်ဘုရားတစ်ယောက်ရဲ့အခရာဖြစ်ပြီး အဓိကရင်းမြစ်ဖြစ်တယ်။

သူ့နေထိုင်ရာသို့ ပြန်ရောက်ပြီးနောက် လီဖူချန်းက အလယ်ဆင့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားဘောလုံးကို ယူထုတ်ကာ သူ့ရဲ့နတ်ဘုရားစွမ်းအားကို စတင်စမ်းသပ်လိုက်တယ်။

ပထမ၊ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအား။

သူ့ရဲ့နတ်ဘုရားစွမ်းအားတွေထဲမှာ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားက အားအနည်းဆုံးပဲ။

တစ်ရာ၊ နှစ်ရာ၊ သုံးရာ......

"တကယ်ကို ငါးရာကျော်တာပဲ။ အဆင့်နိမ့်နတ်ဘုရားရဲ့နတ်ဘုရားစွမ်းအားဘောလုံးစမ်းသပ်ချက်အကန့်အသတ်ကို ကျော်လွန်သွားတာပဲ" နေရာလပ်-အချန်နတ်ဘုရားစွမ်းအားက အများဆုံးသုံးရာကနေငါးရာအထိပဲရှိမယ်လို့ သူ ထင်ထားခဲ့တာကြောင့် လီဖူချန်းက အတော်လေးအံ့အားသင့်သွားတယ်။

နောက်တစ်လှည့်က မီးတာအိုနတ်ဘုရားစွမ်းအားပေါ့။

သုံးရာ၊ ငါးရာ၊ ရှစ်ရာ။

မီးတာအိုနတ်ဘုရားစွမ်းအားက ရှစ်ရာကျော်သွားတယ်။

အဆင့်နိမ့်နတ်ဘုရားနယ်ပယ်ကို မြင့်တက်ပြီးနောက် လီဖူချန်းရဲ့အသန်မာဆုံးတာအိုက မီးတာအိုမဟုတ်ဘူး၊ ဓားတာအိုဖြစ်တယ်။

အဆင့်နိမ့်နတ်ဘုရားနယ်ပယ်ကို မမြင့်တက်ခင် သူ့ရဲ့မီးတာအိုစွမ်းအားက ကြက်‌သွေးရောင်မီးလျှံတစ်စုံမှလာတယ်။ မြင့်တက်ပြီးနောက် ၎င်းက သူကိုယ်တိုင်မှ လာတယ်။

လက်ရှိကြက်သွေးရောင်မီးလျှံတစ်စုံက မမြင့်တက်ခင်တုန်းကထက်စာရင် သူ့အတွက် အရေးပါမှုအများကြီးပိုနည်းလာတယ်။

တကယ်တော့ မီးတာအိုဖြစ်စေ၊ နေရာလပ်-အချိန်တာအိုဖြစ်စေ၊ ဓားတာအိုဖြစ်စေ၊ မြင့်တက်ပြီးနောက် ရင်းမြစ်စွမ်းအားက ပြောင်းလဲသွားပြီးလေ။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားက အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုမှ လာတယ်ဆိုတာ သူ ဘယ်တုန်းကမှ မကြားခဲ့ပါဘူး။

All Chapters