← Chapters

မြေရိုင်းနတ်ဆိုးသားရဲတွင်း

Vol. 77 Ch. 1086

မြေရိုင်းနတ်ဆိုးသားရဲတွင်း

Vol. 77 Ch. 1086

ထို့နောက် လီဖူချန်းက ဓားတာအိုနတ်ဘုရားစွမ်းအားကို ချက်ချင်း စမ်းသပ်လိုက်တယ်။

ငါးရာ၊ တစ်ထောင်......

ဓားတာအိုနတ်ဘုရားစွမ်းအားက အလွန်ထိတ်လန့်စရာပါပဲလား၊ အညွှန်းကိန်းတစ်ထောင်ကို ချိုးဖြတ်သွားတာပဲ။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက ပုံမှန်ဆိုရင် ငါးရာအတွင်းမှာပဲ၊ ငါးရာကိုကျော်သွားတယ်ဆိုတာ မရှိသလောက်ပဲ။

အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက တစ်ထောင်နဲ့ငါးထောင်အတွင်းမှာ။

လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားက အသစ်ဖြစ်လာတဲ့အလယ်ဆင့်နတ်ဘုရားတွေကိုတောင် ယှဉ်နိုင်တယ်လို့ ဆိုလိုတာပေါ့။

နောက်ဆုံးမှာ လီဖူချန်းရဲ့ဓားတာအိုနတ်ဘုရားစွမ်းအားအညွှန်းကိန်းက ၁၂၅၀မှာ ငြိမ်နေလေရဲ့။

"အဆင့်နိမ့်နတ်ဘုရားတွေထဲမှာ ငါ့အတွက် ပြိုင်ဘက်ဆိုတာ မရှိဘူး။ အဆင့်မြင့်နတ်ဘုရားအဆင့်အထိရောက်အောင် ငါ ဘယ်လိုလုပ်ရမလဲ"  အရာအားလုံးကို ဘေးဖယ်ထားကြည့်၊ သူ့ရဲ့နတ်ဘုရားစွမ်းအားနဲ့ပဲ လီဖူချန်းက ဘယ်လိုအဆင့်နိမ့်နတ်ဘုရားကိုမဆို ရိုက်နှက်နိုင်တယ်။ သူက အထွတ်အထိပ်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းနဲ့ကျင့်ကြံခြင်းနယ်ပယ်အားသာချက်ကို အသုံးပြုလိုက်မယ်ဆိုရင် လူတစ်အုပ်ကြီးကိုတောင် ရိတ်သိမ်းနိုင်မှာပါ။

နောက်ဆုံးစမ်းသပ်ချက်က ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားပါပဲ။

ဖြောက်......

"ဘာဖြစ်နေတာလဲ"

လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက နတ်ဘုရားစွမ်းအားဘောလုံးနဲ့ ထိတွေ့မိတာနဲ့ နတ်ဘုရားစွမ်းအားဘောလုံးက ကြေမွကာ ပြာဖြစ်သွားတယ်။

ဒါက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့နတ်ဘုရားစွမ်းအားဘောလုံးလေ.......

"ဒါ နတ်ဘုရားစွမ်းအားရဲ့ခွန်အားပြဿနာတော့ မဟုတ်လောက်ဘူး၊ နတ်ဘုရားစွမ်းအားရဲ့သဘာဝပဲ ဖြစ်ရမယ်"

သူ့ရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက အလယ်ဆင့်နတ်ဘုရားတစ်ယောက်ရဲ့စွမ်းအားထက် ပိုသန်မာမယ်လို့ လီဖူချန်း မယုံဘူး။

ဟုတ်တယ်၊ မဖြစ်နိုင်ဘူး။

ပြဿနာက ဖျက်ဆီးနတ်ဘုရားစွမ်းအားရဲ့သဘာဝပဲ ဖြစ်မှာပါ။

ပျက်သုန်းခြင်းဆိုတာဘာလဲ။ ပျက်သုန်းခြင်းဆိုတာ အရာအားလုံး သူတို့ရဲ့အဆုံးသတ်ကို ရောက်ရှိတဲ့အခါ ထုတ်ဖော်တဲ့ စွမ်းအားပဲ။

ဖျက်ဆီးခြင်းက နဂိုအတိုင်းပြန်မဖြစ်နိုင်ဘူး၊ မထိန်းချုပ်နိုင်ဘူး။

လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက စစ်မှန်တဲ့ဖျက်ဆီးခြင်းစွမ်းအားလို့ မဆိုနိုင်ဘူး။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်တဲ့လီဖူချန်းမဆိုနဲ့၊ အလယ်ဆင့်နတ်ဘုရား၊ အဆင့်မြင့်နတ်ဘုရား ဒါမှမဟုတ် အစစ်အမှန်နတ်ဘုရားတစ်ယောက်ကတောင် အစစ်အမှန်ဖျက်ဆီးခြင်းစွမ်းအားနဲ့ ထိ‌တွေ့မိရင် ပြာကျသွားမှာပဲ။

"ဝမ်းနည်းစရာပဲ"

လီဖူချန်းက အနည်းငယ်ခေါင်းကိုက်လာသလိုပဲ။

ဒါက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးဆယ်တုံးတောင်နော်။

သူ့မှာ အဆင့်နိမ့်နတ်ဘုရား‌ကျောက်တုံးလေးဆယ်အောက်ပဲ ရှိတော့တာ။

ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ဒီလောက်ကြမ်းတမ်းပြီးနိုင်လိုမင်းထက်ပြုမူတတ်တာကို သိရင် ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအညွှန်းကိန်းကို ဘယ်လိုပဲဖြစ်ဖြစ် မစမ်းသပ်တော့ဘူး။

တစ်ခုဖျက်ဆီးလိုက်ပြီးဆိုမှတော့ နောက်တစ်ခုကို ထပ်ဝယ်ရမှာပဲ။ ဒါက နာကျင်စရာဆိုပေမယ့် လိုအပ်တယ်လေ။ အနာဂတ်မှာ သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းကို အချိန်မရွေးစမ်းသပ်ရအုံးမှာ။

ဒီလိုနဲ့ ပထမတန်းစားအဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေဒါမှမဟုတ်အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတွေကို မရောင်းဘူးဆိုရင် နတ်ဘုရားကျောက်တုံးရဖို့က လီဖူချန်းအတွက် အသည်းအသန်ဖြစ်လာရတာပေါ့။

…

မြေရိုင်းနတ်ဆိုးသားရဲတွင်းက မှောင်မိုက်တဲ့အ‌ရောင်ရှိတယ်။ အရာအားလုံးက နက်မှောင်နေတာပဲ။ မြေပြင်ကလဲ နက်မှောင်တယ်၊ ကောင်းကင်ကလဲ နက်မှောင်တယ်၊ တိမ်ကလဲ နက်မှောင်တယ်၊ အပင်တွေကလဲ နက်မှောင်တယ်၊ လေကတောင် နက်မှောင်နေပြန်ရော။

"ဂရုစိုက်ကြ၊ ဒါက မြေရိုင်းနတ်ဆိုးသားရဲတွင်းရဲ့သတ္တမအဆင့်။ အသူတရာချောက်နက်စွမ်းအားက ပိုပိုသန်မာလာတာပဲ"

ဒင်းက သတိပေးလိုက်တယ်။

အသူတရာချောက်နက်ရဲ့စွမ်းအားအကုန်လုံးက မကောင်းတဲ့စွမ်းအင်တွေပဲ။ အလွန်ဆိုးညစ်တယ်၊ ညစ်ညမ်းတယ်။ တစ်ယောက်ယောက်က ၎င်းကြောင့် ညစ်ညမ်းသွားတာနဲ့ သူတို့က ညစ်ညမ်းမှုတွေပါရှိတဲ့နတ်ဘုရားစွမ်းအားမူလအစိတ်အပိုင်းကိုပဲ ပျံနှံ့စေနိုင်တော့မယ်။

ဒါမျိုးက တုန့်ဆိုင်းနေလို့ရတဲ့အရာမဟုတ်ဘူး။ ကြာလွန်းသွားရင် အနှီလူက လုံးဝဖောက်ပြန်သွားပြီး အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားဖြသွားလိမ့်မယ်။

"ဒါ အသူတရာချောက်နက်စွမ်းအားလား"

လီဖူချန်းရဲ့နတ်ဘုရားစိတ်ဝိညာဉ်အာရုံက အလွန်စူးရှတယ်။ မှိန်မှိန်လေး-မမြင်နိုင်လုနီးပါးပဲ-အနီရင့်ရောင်မီးခိုးလိုစွမ်းအင်တစ်ခုက ပတ်ရံနေတာကို လီဖူချန်းက မြင်ရတယ်။ အခြားစွမ်းအင်သာဆိုရင် လီဖူချန်းနဲ့အခြားသူတွေရဲ့နတ်ဘုရားစွမ်းအားနဲ့ ထိတွေ့လိုက်တာနဲ့ ချက်ချင်းပျက်ဆီးသွားမှာပဲ။ ဒါပေမယ့် ဒီအနီရင့်ရောင်မီးခိုးလိုစွမ်းအင်က လောက်‌တွေပမာ လူတိုင်းရဲ့နတ်ဘုရားစွမ်းအားနဲ့ ဖြည်းဖြည်းချင်းပေါင်းစပ်သွားတယ်၊ပျက်စီးခြင်းမရှိ‌။

ဒါပေမယ့် အနီရင့်ရောင်မီးခိုးလိုစွမ်းအင်က ပါးလွှာလွန်းတယ်။ ဒိီလိုအချိန်တစ်ခုကြာပြီးနောက် လူတိုင်းရဲ့နတ်ဘုရားစွမ်းအားကို မမြင်နိုင်တဲ့အလွှာတစ်ခုသာ ကာထားတယ်။ ဒီနတ်ဘုရားစွမ်းအားအလွှာက အဆက်မပြတ်အသုံးပြုနေပြိီး ခန္ဓာကိုယ်ထဲကို ထပ်မဝင်ရောက်လာစေတော့ဘူး။

ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ ပြောဖို့ခက်တယ်။

လီဖူချန်းက အရင်က ကြိုးစားခဲ့ဖူးတယ်။ နေရာလပ်-အချိန်နတ်ဘုရားစွမ်းအားဖြစ်စေ၊ မီးတာအိုနတ်ဘုရားစွမ်းအားဖြစ်စေ၊ ဓားတာအိုနတ်ဘုရားစွမ်းအားဖြစ်စေ၊ တစ်‌ခုမှ အသူတရာချောက်နက်စွမ်းအားရဲ့ညစ်ညမ်းစေခြင်းကို မခုခံနိုင်ခဲ့ဘူး။

"ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားကို စမ်းကြည့်မယ်"

လီဖူချန်းက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအင်တစ်မျှင်ကို ထုတ်လွှတ်လိုက်တယ်။

ဝှစ်........

ဘယ်နတ်ဘုရားစွမ်းအင်ကမှမဖျက်ဆီးနိုင်တဲ့အသူတရာချောက်နက်စွမ်းအင်က ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအင်နဲ့ ရင်ဆိုင်မိလိုက်ရော၊ ဗလာနတ္ထိအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့တယ်။ ၎င်းက ၎င်းရဲ့ပြေးမလွတ်တဲ့အကုသိုလ်ဝိပါက်နဲ့ တွေ့ဆုံလိုက်ရသလိုပဲ။

"ထင်ထားသလိုပဲ၊ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအင်က အသူတရာချောက်နက်စွမ်းအားကိုတောင် ဖျက်ဆီးနိုင်တာပဲ"

လီဖူချန်းက ပြုံးလိုက်တယ်။

ဒါပေမယ့် လီဖူချန်းရှင်းရှင်းလင်းလင်းသိထားတယ်၊ ဒီနေရာရဲ့အသူတရာချောက်နက်စွမ်းအားက အသူတရာချောက်နက်ရဲ့တိုက်စားမှုကြောင့် ဖြစ်လာတာပဲ၊ အဆများစွာပိုအားနည်းတယ်။ ဒါက အစစ်အမှန်အသူတရာချောက်နက်စွမ်းအားဆိုရင် လီဖူချန်းရဲ့ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက မလုံလောက်ဘူး၊ အနည်းဆုံးသူ့ရဲ့အဆင့်နိမ့်ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားက ဒါကို မရင်ဆိုင်နိုင်ဘူးပဲ။

ရှစ်ထပ်မြောက်၊ ကိုးထပ်မြောက်.....

သိပ်မကြာမီမှာပဲ သူတို့ငါးယောက်က မြေရိုင်းနတ်ဆိုးသားရဲတွင်းရဲ့ဆယ့်တစ်ထပ်ကို ရောက်ရှိလာတယ်။

မြေရိုင်းနတ်ဆိုးသားရဲတွင်းမှာ အထပ်ဘယ်လောက်ရှိလဲ တစ်ယောက်မှ မသိဘူး။ လက်ရှိမှာ အထပ်သုံးဆယ်ပတ်လည်ရှ်ိတယ်လို့ပဲ သိထားကြတာ။

ခုနှစ်ထပ်နဲ့ယှဉ်ရင် ဆယ့်တစ်ထပ်ရဲ့အသူတရာချောက်နက်စွမ်းအားက အများကြီးပိုသိပ်သည်းတယ်။ ဂရုစိုက်တာ ပိုကောင်းတယ်၊ အသူတရာချောက်နက်စွမ်းအားရဲ့တိုက်စားခြင်းကို ကာကွယ်ဖို့ သူတို့ရဲ့နတ်ဘုရားစွမ်းအားကို အချိန်နဲ့အမျှ စစ်ဆေးရလိမ့်မယ်။

"အမှောင်နတ်ဆိုးဝါး......"

နတ်ဘုရား‌တွေအနေနဲ့ ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ နည်းလမ်းအနည်းငယ်ရှိတယ်။ အသုံးများဆုံးနည်းလမ်းနှစ်ခုရှိတယ်။

ပထမနည်းလမ်းက နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားနဲ့ စစ်ဆေးဖို့။ ဒါပေမယ့် နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားက အ‌သေးစိတ်စစ်ဆေးနိုင်ပေမယ့် အကွာအဝေးက တိုလွန်းတယ်။ လူတိုင်းက လီဖူချန်းလိုအဆင့်မြင့်မားတဲ့နတ်ဘုရားစိတ်ဝိညာဉ်တစ်ခုမရှိဘူးလေ။

ဒုတိယနည်းလမ်းက နတ်ဘုရားစွမ်းအားနဲ့ စစ်ဆေးဖို့။

အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်လာပြီးနောက် သူတော်စင်လိပ်ပြာက နတ်ဘုရားလိပ်ပြာအဖြစ် ပြောင်းသွားသလို အကြိုနတ်ဘုရားစွမ်းအားက နတ်ဘုရားစွမ်းအားအဖြစ် ပြောင်းသွားတယ်။ ထိုအခိုက်မှာ နတ်ဘုရားလိပ်ပြာနဲ့နတ်ဘုရားစွမ်းအားက ပေါင်းစပ်တဲ့လက္ခဏာတွေ ပြခဲ့တယ်။ ပတ်ဝန်းကျင်ကိုစစ်ဆေးဖို့ နတ်ဘုရားစွမ်းအားကိုသုံးတာက ပတ်ဝန်းကျင်ကိုစစ်ဆေးဖို့ လိပ်ပြာအသိစိတ်အာရုံကို အသုံးပြုတာနဲ့ အတူတူပါပဲ။ ဒါ့ပြင် အကွာအဝေးက ပိုကျယ်တယ်။

ဒါ့အပြင် တစ်စုံတစ်ယောက်က နတ်ဘုရားအဆင့်မျက်လုံးနည်းစနစ်တစ်ခုဒါမှမဟုတ်ကင်းထောက်ခြင်းအမျိုးအစားနတ်ဘုရားအဆင့်သိုင်းပညာတစ်ခုကို ကျင့်ကြံထားရင်လဲ ပတ်ဝန်းကျင်ကို ကင်းထောက်စစ်ဆေးနိုင်ပါလိမ့်မယ်။ ဒါပေမယ့် ဒီအရာတွေက အတော်လေးရှားတယ်၊ သာမန်နတ်ဘုရားတွေက ဒါတွေကို မရရှိနိုင်ပါဘူးလေ။

လီဖူချန်းက ပတ်ဝန်းကျင်ကို စစ်ဆေးဖို့ နတ်ဘုရားစိတ်ဝိညာဉ်စွမ်းအားကို အသုံးမပြုခဲ့ပါဘူး။   သူက နတ်ဘုရားစွမ်းအားကို ရွေးချယ်လိုက်တယ်။

သူ့ရဲ့နတ်ဘုရားစွမ်းအားက အလွန်သန့်စင်တယ်၊ ကျယ်ပြောတယ်။ သူက ကောင်းကင်ဘုံမျက်လုံးတစ်စုံကို ဖွင့်လိုက်သလိုပဲ။ နတ်ဘုရားစွမ်းအားရောက်ရှိတဲ့နေရာတိုင်းက သူ့မျက်လုံးပါပဲ။

မိုင်ဒါဇင်ကျော်အကွာမှာ လီဖူချန်းက အမှောင်နတ်ဆိုးဝါးတစ်ပင်ကို ရှာတွေ့ခဲ့တယ်။

ဒီအမှောင်နတ်ဆိုးဝါးက အနက်ရောင်ကျောက်စိမ်းတုံးတစ်တုံးနဲ့တူပြီး အလွန်ထူးခြားတယ်။

"လီဖူချန်း၊ မင်းရဲ့ကံက တကယ်ကောင်းတာပဲ။ ဒီအမှောင်နတ်ဆိုးဝါးတစ်ပင်က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးအနည်းငယ်ထိုက်တန်တယ်" ခါဖယ်ရိုနဲ့အခြားသူတွေက အလွန်အားကျမိတယ်။

အမှောင်နတ်ဆိုးဝါးက အတော်လေးရှားပါးတဲ့နတ်ဘုရားအဆင့်ပစ္စည်းတစ်ခုဖြစ်ပြီး နတ်ဘုရားအဆင့်ဆေးတော်တော်များများက အမှောင်နတ်ဆိုးဝါးကို အသုံးပြုကြတာလေ။

လီဖူချန်းက ပြုံးတယ်၊ အမှောင်နတ်ဆိုးဝါးဘေးနားရှိမြေပြင်ကို ရုတ်တရက်ခုတ်ပိုင်းလိုက်တယ်။

ဖြောက်......

ကြီးမားတဲ့အက်ကြောင်းတစ်ခုက မြေပြင်ပေါ်မှာ ဖွင့်ဟလာတယ်၊ သွေးတွေက ပန်းထွက်လာတယ်။

လူတိုင်းက အနီးကပ်ကြည့်လိုက်တယ်၊ တီကောင်တစ်ကောင်နဲ့တူတဲ့အသူတရာချောက်နက်နတ်ဘုရားသားရဲတစ်ကောင်ဖြစ်တဲ့သွေးရောင်မြွေတစ်ကောင်က ဓားချီကြောင့် အပိုင်းပိုင်းပြတ်နေတာကို မြင်လိုက်ရတယ်။

"အသူတရာချောက်နက်နတ်ဘုရားသားရဲ၊ မြေအောက်သွေးမြွေ....."

အားလုံးရဲ့အမူအရာက ပြောင်းသွားတယ်။

မြေအောက်သွေးမြွေရဲ့အသက်အားက အလွန်ခိုင်မာတယ်၊ ဒါပေမယ့် လီဖူချန်းရဲ့ခုတ်ချက်တစ်ချက်ကို‌‌တောင် မရင်ဆိုင်နိုင်ခဲ့ပါလား။

ဆယ့်နှစ်ထပ်၊ ဆယ့်ငါးထပ်၊ ဆယ့်ရှစ်ထပ်.........

လမ်းတစ်လျှောက်မှာ လူတိုင်းရဲ့ကံက တော်ရုံပါပဲ။ သူတို့က စုစုပေါင်းအသူတရာချောက်နက်နတ်ဆိုးပန်းခြောက်ပွင့်ကို ရရှိခဲ့တယ်၊ လီဖူချန်းက သူတို့ထဲမှ သုံးပွင့်ကို ရရှိခဲ့တယ်။ သူတို့လေးယောက်က အလွန်စိတ်ရှုပ်ထွေးနေမိတယ်၊ ပစ္စည်းကောင်းအားလုံးကို လီဖူချန်းကပဲ ဘာလို့ရရှိနေခဲတာလဲ။ သူတို့ရဲ့နတ်ဘုရားစွမ်းအားကွာဟချက်တွေကြောင့်လား။

ကွာဟချက်က တကယ်ကြီးတာကို ကြယ်ပျံလွှာကပဲ သိတယ်။

သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက လီဖူချန်းနဲ့ ယှဉ်နိုင်တယ်ဆိုပေမယ့် သူ့ရဲ့ကင်းထောက်ခြင်းအရှိန်က လီဖူချန်းလောက် မမြန်ဘူး၊ အမြဲခြေတစ်လှမ်း ပိုနှေးကွေးနေလေတယ်။

လီဖူချန်းရဲ့နတ်ဘုရားလိပ်ပြာက သူ့ထက် ပိုသန်မာတယ်လို့ ဆိုလိုတယ်၊ ဒါကြောင့် လီဖူချန်းက နတ်ဘုရားစွမ်းအားကို အလွယ်တကူထိန်းချုပ်နိုင်နေတာပေါ့။

ဒါပေမယ့် လီဖူချန်းရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက သူ့ထက်အဆများစွာပိုသန်မာတာကို ကြယ်ပျံလွှားက သိမနေခဲ့ဘူးလေ။ သူ့အနေနဲ့ လီဖူချန်းရဲ့ကင်းထောက်ခြင်းအရှိန်အနောက်ကို လိုက်မီဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

"တစ်ချက်စောင့်၊ ငါ့ရဲ့နတ်ဘုရားစွမ်းအားကို ပြန်ဖြည့်လိုက်အုံးမယ်"

ဒင်းက သူ့ရဲ့နေရာလပ်လက်စွပ်မှ အနီရင့်ရောင်ပန်းတစ်ပွင့်ကို ထုတ်လိုက်တယ်၊ ပြီးနောက် သူ့ရဲ့နတ်ဘုရားစွမ်းအားကို နတ်ဘုရားစွမ်းအားအတားအဆီးထဲသို့ ထည့်သွင်းလိုက်တယ်။

ဒီအနီရင့်ရောင်ပန်းက အသူတရာချောက်နက်နတ်ဆိုးပန်းပါပဲ။

အသူတရာချောက်နက်နတ်ဆိုးပန်းမှာပါဝင်တဲ့အသူတရာချောက်နက်စွမ်းအားက အတော်လေးသိပ်သည်းပြီး ဒင်းက တိုက်ရိုက်မထိတွေ့ရဲဘူး။ ၎င်းကို သီးခြားဖို့ နတ်ဘုရားစွမ်းအားအတားအဆီးကိုပဲ အသုံးပြုနိုင်တယ်။ ဒီနတ်ဘုရားစွမ်းအားအတားအဆီးကိုလဲ သူ့ရဲ့ကိုယ်ပိုင်နတ်ဘုရားစွမ်းအားနဲ့ ခွဲခြားထားတယ်၊ လုံးဝချိတ်ဆက်မနေခဲ့ဘူး။

ဒါပေမယ့် ဒီလိုဆိုရင် ဒင်းက တစ်ကြိမ်တိုင်းမှာ တစ်ခဏပဲ ပြန်ဖြည့်ရလိမ့်မယ်။ သို့မဟုတ်ရင် နတ်ဘုရားစွမ်းအားအတားအဆီးက အချိန်အကြာကြီးခံမှာမဟုတ်ဘူး၊ အသူတရာချောက်နက်နတ်ဆိုးပန်းရဲ့အတူတရာ‌ချောက်နက်စွမ်းအားက တိုက်စားသွားမှာပဲ။

"ငါတို့လဲ ပြန်ဖြည့်ကြမယ်"

ကြယ်ပျံလွှာနဲ့ကျောက်‌ဖှေးအာတို့က သူတို့ရဲ့နတ်ဘုရားစွမ်းအားကို အသူတရာချောက်နက်နတ်ဆိုးပန်းပတ်လည်ရှိအတားအဆီးထဲသို့ ထည့်သွင်းလိုက်တယ်။

သူတို့ငါးယောက်ထဲမှာ လေးယောက်က အသူတရာချောက်နက်နတ်ဆိုးပန်းကို ရရှိခဲ့တယ်။ မရတာဆိုလို ခါဖယ်ရိုပဲ ရှိတာ။ မရဆို သူ့ရဲ့နတ်ဘုရားစွမ်းအားအညွှန်းကိန်းက အနိမ့်ဆုံးဖြစ်ပြီး တစ်ရာ့နှစ်ဆယ်ပဲရှိတာလေ။

"လီဖူချန်း၊ မင်းရော မင်းရဲ့နတ်ဘုရားစွမ်းအားကို ပြန်မဖြည့်ဘူးလား" ခါဖယ်ရိုက လီဖူချန်းကို ကြည့်လိုက်တယ်။

"ငါ ဖြည့်ထားတာ မကြာသေးဘူး" လီဖူချန်းက သူ့ရဲ့နတ်ဘုရားစွမ်းအားကို ပြန်ဖြည့်ဖို့ မလိုပါဘူး။ အသူတရာချောက်နက်နတ်ဆိုးပန်းကိုသီးခြားဖို့အတွက် သူအသုံးပြုခဲ့တဲ့နတ်ဘုရားစွမ်းအားအတားအဆီးက ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားအတားအဆီးပါပဲ။ အသူတရာချောက်နက်နတ်ဆိုးပန်းမှအသူတရာချောက်နက်စွမ်းအားက အဲဒါကို မတိုက်စားနိုင်ဘူးလေ၊ ဒါပေမယ့် သူက သဏ္ဍာန်လုပ်သရုပ်ဆောင်ပြရသေး‌တာပေါ့။

"ဒါဆိုလဲ ကောင်းပြီလေ......မင်းတို့ကောင်တွေ ဖြည်းဖြည်းချင်း ပြန်ဖြည့်ကြ......ငါ လိုက်ကြည့်လိုက်အုံးမယ်"

ခါဖယ်ရိုရဲ့အသက်ရှုသံက နောက်ကျိနေတယ်၊ သူက မိုင်အနည်းငယ်အကွာကို ပျံသန်းပြီးနောက် သူ့ရဲ့နတ်ဘုရားစွမ်းအားကို ထုတ်လိုက်တယ်။

အားလုံးထဲမှာ သူတစ်ယောက်ပဲ အသူတရာချောက်နက်နတ်ဆိုးပန်းကို မရတာ၊ ဒါက သူ့ကို အတော်လေးစိတ်ဓာတ်ကျစေတာပေါ့။

"အသူတရာချောက်နက်နတ်ဆိုးပန်းလား"

ရုတ်တရက် ခါဖယ်ရိုရဲ့မျက်လုံးတွေက လင်းလက်သွားတယ်၊ သူ့အမူအရာက ကျေနပ်ပီတိဖျာနေလျက်။

"တစ်ခုခုမူမှန်ဘူး၊ ဘာလို့ ငွေရောင်စင်းကြောင်းတွေ ရှိနေရတာလဲ"

ခါဖယ်ရိုရဲ့အပြုံးပျောက်သွားတယ်၊ သူက တစ်ခုခုကို တွေးမိပြီး ပီတိတွေ ပြန်ပွင့်လာတော့တယ်"ဒါ အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းပဲ။ ဟားဟား၊ ဒါ အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းပဲကွ"

အသူတရာချောက်နက်နတ်ဆိုးပန်းမှာလဲ အဆင့်တွေရှိတယ်။ အဆင့်နိမ့်သူတရာချောက်နက်နတ်ဆိုးပန်းက အနီရင့်ရောင်ရှိတယ်၊ အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းက ‌ငွေရောင်စင်းကြောင်းတွေရှိပြီး အဆင့်မြင့်အသူတရာချောက်နက်နတ်ဆိုးပန်းက ရွှေရောင်စင်းကြောင်းတွေရှိတယ်လေ။

အန်တိုနီနဲ့သဘောတူညီချက်အရ အဆင့်နိမ့်အသူတရာချောက်နက်နတ်ဆိုးပန်းက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်တုံးရမယ်၊ အလယ်ဆင့်ဆိုရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဆယ်ရမယ်တဲ့လေ။

ဒါက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဆယ်တန်တဲ့ပစ္စည်းပဲ။

ယေဘုယျပြောရရင် အဆင့်နိမ့်နတ်ဘုရားတွေမှာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးအနည်းငယ်ပဲရှိတယ်။ မကြာခဏစွန့်စားထွက်လေ့ရှိတဲ့သူတွေမှာသာ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်ဆယ်ပတ်လည်ရှိတာာ။ အန်တိုနီလိုအထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတွေမှာပဲ အဆင့်နိမ့်နတ်ဘုရားငါးဆယ်ကျော်ရှိတာလေ။

အလယ်ဆင့်နတ်ဘုရားတွေမှာတော့ အနည်းဆုံးအဆင့်နိမ့်နတ်ဘုရားကျောက်တုံးရာအနည်းငယ်ရှိတယ်။

All Chapters