← Chapters

အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်း

Vol. 77 Ch. 1087

အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်း

Vol. 77 Ch. 1087

"မင်းတို့ရဲ့နတ်ဘုရားစွမ်းအားက ငါ့ထက် ပိုသန်မာတော့ရော ဘာဖြစ်လဲ။ လှံထမ်းလာတာကိုပဲ မြင်ရတယ်၊ ကံထမ်းလာတာကို မမြင်ရဘူးဆိုတာ မင်းတို့ သိမှာပါလေ"

"နေအုံး၊ ငါ့ရဲ့ကြွယ်ဝမှုကို ထုတ်ပြဖို့ မသင့်ဘူး။ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဆယ်က သူတို့တွေ ငါ့ကို မကောင်းကြံဖို့ လုံလောက်တယ်"

ခါဖယ်ရိုရဲ့ပုံရိပ်က လျှပ်တစ်ပြက်လက်သွားပြီး သူက အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းဆီ ခုန်အုပ်လိုက်တော့တယ်။

အား.......

လေထဲမှာ သွေးအရိပ်တစ်ခုက လက်သွားတယ်၊ သွေးတွေက ကောင်းကင်တစ်လျှောက် ပက်ဖျန်းသွားတယ်။

ဒါက ခါဖယ်ရိုပဲ။

ထိုအချိန်မှာ သူက သနားစရာကောင်းလှတယ်။ သူ့ရဲ့နတ်ဘုရားခန္ဓာကိုယ်က ပျက်စီးတော့မတတ်ပဲ။

သူ့ကိုတိုက်ခိုက်လိုက်တာက သွေးနီရောင်လက်တံတွေဒါဇင်ကျော်နဲ့ဧရာမမွန်းစတားတစ်ကောင်ပါပဲ။

အဆင့်နိမ့်အသူတရာချောက်နက်နတ်ဆိုးသားရဲ-‌ သွေးနီရောင်ရောင်ရေဘဝဲလက်မွန်းစတား။

မြေရိုင်းနတ်ဆိုးသားရဲတွင်းရှိအသူတရာချောက်နက်နတ်ဆိုးသားရဲတွေက တကယ်တော့ အစစ်အမှန်အသူတရာချောက်နက်သက်ရှိတွေ မဟုတ်ပါဘူး။ သူတို့အားလုံးက နတ်ဆိုးသားရဲတွေမှ ပြောင်းလဲခဲ့တာပဲ။

ဥပမာအားဖြင့် ဒီသွေးနီရောင်ရေဘဝဲလက်မွန်းစတားက အဆင့်နိမ့်နတ်ဘုရားရေဘဝဲလက်မွန်းစတားတစ်ကောင်ဖြစ်ခဲ့တယ်။ ၎င်းရဲ့ခွန်အားက အလွန်လွှမ်းမိုးနိုင်ပြီး ပထမတန်းစားအဆင့်နိမ့်နတ်ဘုရားတစ်ယောက်နဲ့ ညီမျှတယ်။ အသူတရာချောက်နက်စွမ်းအားရဲ့တိုက်စားမှုကို ခံရပြီးနောက် ၎င်းက ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းကို အမြောက်အများဆုံးရှုံးခဲ့တယ်၊ တစ်ဖက်မှာလဲ ၎င်းရဲ့ခွန်အားက အများအပြားတိုးတက်လာတယ်။

ခါဖယ်ရိုက လက်ရွေးစင်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်မျှပဲ။ သူက ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ။

ဒိီနေရာရှိဖြစ်ရပ်က လီဖူချန်းနဲ့အခြားသူတွေရဲ့အာရုံကို ချက်ချင်းဆွဲဆောင်ခဲ့တယ်။

လီဖူချန်းနဲ့အခြားသူတွေ ပြေးလာနေတာကို မြင်ပြီး ခါဖယ်ရိုက စိုးရိမ်တကြီးပြောလိုက်တယ်" ငါ အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတစ်ပွင့်ကို တွေ့ခဲ့တယ်" သူ့အနေနဲ့ အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းနဲ့ပတ်သက်ပြီး ထိန်ချန်ထားဖို့က မဖြစ်နိုင်ဘူးလေ။ သူက အရင်ရှာတွေ့ခဲ့သူဖြစ်တာကြောင့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေအနည်းငယ်ပိုရဖို့ကိုပဲ မျှော်လင့်နိုင်တော့တယ်။

!"

"အားလုံးပဲ၊ သွားကြစို့"

ဒင်းက ဓားကို လက်နှစ်ဖက်နဲ့ကိုင်ဆွဲလျက် ရေဘဝဲလက်မွန်းစတားကို ခုတ်ပိုင်းလိုက်တယ်။

"သူက မကြာခဏလှည့်လည်သွားလာရဲတယ်ဆိုတာ အံ့ဩစရာမရှိဘူးပဲ။ သူ့လက်နက်က အဆင့်မြင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကိုး" လီဖူချန်းက တိတ်တဆိတ်ခေါင်းညိတ်လိုက်တယ်။

မကြာခဏလှည့်လည်သွားလာလေ့ရှိတဲ့အဆင့်နိမ့်နတ်ဘုရားတွေက ချမ်းသာရုံသာမက သူတို့မှာ လက်နက်တွေအတွက် ပိုမြင့်မားတဲ့လိုအပ်ချက်တွေရှိတယ်။ သူတို့တွေအနေနဲ့ ကြေးနီလှံလို သာမန်အကြိုနတ်ဘုရားလက်နက်တစ်ခုတောင် မရှိဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။

လီဖူချန်းက ဒါကို စဉ်းစားပြီး ခွန်အားကို လျှော့သုံးဖို့ ဆုံးဖြတ်ခဲ့တယ်။ သို့မဟုတ်ရင် သူက သွေးနီရောင်ရေဘဝဲလက်မွန်းစတားကို  ခုတ်သတ်လိုက်တယ်ဆိုရင် အခြားသူတွေ ဘယ်လိုမြင်မှာလဲ။

လူငါးယောက်ရဲ့ပူးပေါင်းအားထုတ်မှုအောက်မှာ သွေးနီရောင်ရေဘဝဲလက်မွန်းစတားက ဇီဝိန်ချုပ်သွားတော့တယ်။

တစ်ဦးချင်းစီဆောင်ရွက်ချက်အရ အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းကို ဆယ့်ငါးမှတ်အဖြစ် ခွဲခြမ်းဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ အမှတ်တစ်ခုစီက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးနှစ်တုံးနဲ့ ညီမျှတယ်။ လီဖူချန်းက အများဆုံးလုပ်ဆောင်ခဲ့ကာ အမှတ်ဆယ်မှတ်ရရှိခဲ့တယ်။ ကြယ်ပျံလွှားက ခြောက်မှတ်ရခဲ့တယ်။ ကျန်ရှိနေတဲ့ကိုးမှတ်ကို ဒင်း၊ ကျောက်ဖှေးအာနဲ့ ခါဖယ်ရိုတို့အား အညီအမျှခွဲဝေပေးခဲ့တယ်။

မသိလိုက်မသိဘာသာနဲ့ သူတို့ငါးယောက်က အထပ်သုံးဆယ်မြောက်ကိုတောင် ရောက်ရှိလာပြီးပေါ့။

ဒီနေရာရှိအသူတရာချောက်နက်စွမ်းအားက ထူးကဲစွာသိပ်သည်းလှပြီး အလားတူစွာ အသူတရာချောက်နက်နတ်ဆိုးပန်းတွေကလဲ ပိုများတယ်။

"မဟုတ်တော့ဘူး။ တစ်ခုခုမှားနေတယ်လို့ ငါ ခံစားမိတယ်" ကျောက်ဖှေးအာက သန့်စင်တဲ့သွေးမျိုးဆက်နဲ့သမန်းဝံပုလွေတစ်ယောက်မဟုတ်ပေမယ့် သူမရဲ့သမန်းဝံပုလွေသွေးမျိုးဆက်ကို အသက်သွင်းလိုက်တာနဲ့ အန္တရာယ်အပေါ် သူမက အလွန်ခံစားမိလာတယ်။

ဒါကို ကြားပြီး ခါဖယ်ရိုက မပျော်မရွှင်စွာ ပြောလိုက်တယ်"ဒါက မြေရိုင်းနတ်ဆိုးသားရဲတွင်ပဲ၊ အသူတရာချောက်နက်မဟုတ်ဘူး။ အသူတစ်ရာချောက်နက်ရဲ့ပထမအထပ်ဆိုရင်တောင် ငါတို့ငါးယောက်ပူးပေါင်းရင် အနာတရာမရှိဘဲ လွတ်မြောက်နိုင်မှာ သေချာတာပဲကိုး" အဓိကအကြောင်းပြချက်ကတော့ သူက အသူတရာချောက်နက်နတ်ဆိုးပန်းအနည်းနည်းလေးပဲ ရရှိသေးတာလေ၊ ဒီတော့ သူက သိပ်ဆန္ဒမရှိချင်ဘူးပေါ့။

ဒင်းက ပြောလိုက်တယ်"ငါလဲပဲ တစ်ခုခုမှားနေတယ်လို့ ခံစားမိတယ်။ လမ်းတစ်လျှောက်မှာ အသူတရာချောက်နက်အကြိုနတ်ဘုရားတွေ၊ အသူတရာချောက်နက်နတ်ဘုရားတွေ အရမ်းနည်းလွန်းနေတယ်"

မြေရိုင်းနတ်ဆိုးသားရဲတွင်းရှိအထပ်တိုင်းရဲ့နေရာလပ်-အချိန်က အလွန်မတည်ငြိမ်ဘူး။ အကြိုနတ်ဘုရားသားရဲတွေနဲ့နတ်ဘုရားသားရဲတွေက နားလည်ရခက်စွာနဲ့ မြေရိုင်းနတ်ဆိုးသားရဲတွင်းကို မကြာခဏလာရောက်ကြပြီး အသူတရာချောက်နက်စွမ်းအားက ညစ်ညမ်းစေခဲ့တယ်။ အချိန်နဲ့အမျှ အကြိုနတ်ဘုရားသရဲနဲ့နတ်ဘုရားသားရဲတွေရဲ့အရေအတွက်က တိုးတိုးလာတယ်။ ဒါက တစ်ယောက်မှ မြေရိုင်းနတ်ဆိုးသားရဲတွင်းကို မလာချင်တဲ့အဓိကအကြောင်းပြချက်ပဲ။

"ခါဖယ်ရို၊ အနာဂတ်မှာ အခွင့်အရေးတွေ အများကြီးရှိလာမှာပါ။ အရမ်းကြီးစွန့်စားစရာမလိုပါဘူး" ခါဖယ်ရိုနဲ့ ဆက်ဆံရေးအကောင်းဆုံးရှိတဲ့ ကြယ်ပျံလွှာက ခေါင်းခါယမ်းလိုက်တယ်။

ခါဖယ်ရိုက အကူညီမဲ့စွာ ပြောလိုက်လေတယ်"ဒါဆိုလဲ ပြီးရော၊ ငါတို့ အခု အထပ်သုံးဆယ်‌မြောက်ကို ရောက်ရှိနေပြီးပဲ၊ တစ်ချက်လောက် ကြည့်လိုက်ကြရအောင်၊ ဘယ်လိုလဲ"

လက်ရှိမြေရိုင်းနတ်ဆိုးသားရဲတွင်းမှာ အထပ်သုံးဆယ်ကျော်ရှိတယ်။ အထပ်သုံးဆယ်မြောက်က အန္တရာယ်အများဆုံးလို့ မဆိုနိုင်ပါဘူး။

"ကောင်းပြီလေ"

"အထပ်သုံးဆယ်မြောက်ကို ရှာဖွေပြီးမှ ထွက်ခွာကြတာပေါ့"

လီဖူချန်းကလွဲပြီး အခြားသူတွေက သဘောတူခေါင်းညိတ်လိုက်ကြတယ်။

"ငါ ငြင်းစရာအကြောင်းမရှိဘူး" လီဖူချန်းက ပြဿနာမရှိပါဘူး။

သူ့အတွက် အထပ်သုံးဆယ်မြောက်လောက်က အန္တရာယ်မပေးနိုင်ဘူးလေ။

မြေရိုင်းနတ်ဆိုးသားရဲတွင်းရဲ့အထပ်က ပိုကြီးလေလေ၊ အကွာအဝေးက ပိုကျယ်လေလေပဲ။ ပထမအထပ်ကို ရှာဖွေဖို့ သူတို့က ဆယ့်ငါးမိနစ်ပဲ အချိန်ယူခဲ့ရတယ်။ သူတို့ အထပ်သုံးဆယ်မြောက်ကို ရောက်လာတာ လဝက်ရှိပြီ၊ ဒါပေမယ့် နေရာလပ်နယ်နိမိတ်ကို ရှာမတွေ့သေးပါဘူး။

"ဒီနေရာမှာ လိုဏ်ဂူတစ်ခုရှိတယ်"

ကျောက်ဖှေးအာရဲ့နတ်ဘုရားစွမ်းအားက လိုဏ်ဂူတစ်ဂူကို ရှာတွေ့ခဲ့တယ်။

တုံ့ပြန်တဲ့အနေနဲ့ လူတိုင်းက အပြေးလာကြတယ်။

အရွယ်အစားအားဖြင့် မိုင်အနည်းငယ်ပတ်လည်ရှိတဲ့အနက်ရောင်လိုဏ်ဂူတစ်ဂူ ရှိနေတာပဲ။

နေရာလပ်-အချိန်ကိုတွန့်လိမ်‌စေတဲ့အသူတရာချောက်နက်စွမ်းအားက လိမ့်တက်နေလျက်ရှိတယ်။

"ဒီလောက်များတဲ့အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတွေ......."

ဒင်းက ထုတ်လွှတ်ထားတဲ့နတ်ဘုရားစွမ်းအားကို ဖြတ်တောက်လိုက်တယ်၊ သူ့မျက်လုံးတွေမှာ အံ့အားသင့်မှုတွေ၊ ပီတိတွေအပြည့်ဖြစ်နေလျက်ပါပဲ။

စောစောက သူ့ရဲ့နတ်ဘုရားစွမ်းအားကို အသူတရာချောက်နက်စွမ်းအားက နှောင့်ယှက်ခဲ့တယ်။ သူက တစ်ချက်ပဲ ကြည့်ခဲ့ရပြီး အနည်းဆုံးအလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတွေခုနှစ်ပွင့်ဒါမှမဟုတ်ရှစ်ပွင့်ကို တွေ့ရှိခဲ့တယ်။

"ဟားဟား၊ ငါတို့တွေ ချမ်းသာပြီး" ခါဖယ်ရိုက အားပါတရရယ်လိုက်လေတယ်။

အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းတစ်ပွင့်က အဆင့်နိမ့်နတ်ဘုရားကျောက်တုံးငါးဆယ်ထိုက်တန်တယ်၊ ရှစ်ပွင့်ဆိုရင် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးလေးရာရှိတယ်။ ဒါ့အပြင် ဂူထဲမှာ အသူတရာချောက်နက်နတ်ဆိုးပန်းအနည်းဆုံးနှစ်ဆယ်လောက် ရှိနေမှာ။

ဒင်းက သူ့ရဲ့စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ မေးလိုက်တယ်"အန်တိုနီက ဒီလောက်များတဲ့အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတွေ ‌ပေးနိုင်ပါ့မလား"

အန်တိုနီက အထွတ်အထိပ်အဆင့်နိမ့်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး အလွန်အမင်းချမ်းသာပေမယ့် အဆင့်နိမ့်နတ်ဘုရားကျောက်တုံးရာအနည်းငယ်က သေးငယ်တဲ့ပမာဏတစ်ခုမဟုတ်ဘူး‌။ ဒါ့ပြင် အခုကြည့်ရသလောက် အန်တိုနီက သူတို့ကို အဆင့်နိမ့်နတ်ဘုရားကျောက်တူံးတစ်ထောင်ကျော်ပေးဖို့ လိုအပ်လောက်တယ်။

ခါဖယ်ရိုက ပြောလိုက်တယ်"မစိုးရိမ်နဲ့၊ မင်းတို့က အန်တိုနီကို ကောင်းကောင်းနားမလည်ဘူးပဲ။ အန်တိုနီက အရှင်မက်ဖက်ရဲ့အသက်ကို တစ်ကြိမ် ကယ်ဖူးတယ်"

"သူ့မှာ တစ်ထောင်နှစ်ထောင်လောက်တော့ ရှိမှာပါ"

"သူက အရှင်မက်ဖယ်ကို ကယ်ခဲ့တာကိုး"

ဒင်းက ခေါင်းညိတ်လိုက်တယ်။

မက်ဖက်က အလယ်ဆင့်နတ်ဘုရားတစ်ယောက်ဖြစ်ပြီး မြေရိုင်းနတ်ဆိုးမြို့မှာ အလယ်ဆင့်နတ်ဘုရားစုစု‌ပေါင်းကိုးယောက်ပဲရှိတာလေ။ သူတို့ထဲကဘယ်သူကများ အရမ်းမကြွယ်ဝလို့လဲ။

"ကြွယ်ဝမှုကို အန္တရာယ်မှာပဲ ‌တွေ့နိုင်တာ။ အားလုံးပဲ ဝင်ကြစို့"

ထိုအချိန်မှာ အမြဲလိုလိုခံစားချက်မဲ့တဲ့ကြယ်ပျံလွှားကလဲ နည်းနည်းရူးသွပ်ချင်သလိုဖြစ်လာတယ်။

ဒီနေရာရှိအသူတရာချောက်နက်နတ်ဆိုးပန်းတွေက အဆင့်နိမ့်နတ်ဘုရားကျောက်တုံးတစ်ထောင်ကျော်ထိုက်တန်တာ။

သူ အများကြီးမလိုချင်ဘူး၊ အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာက လုံလောက်တယ်။

အဆင့်နိမ့်နတ်ဘုရားကျောက်တုံးသုံးရာက အထွတ်အထိပ်အဆင့်အကြိုနတ်ဘုရားအသုံးအဆောင်ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ လုံလောက်တယ်။

"အားလုံးဝင်ကြစို့"

ပြုံးလိုက်တာကြောင့် လီဖူချန်းရဲ့မျက်လုံးတွေက ထူးဆန်းတဲ့အလင်းတစ်ခုလက်သွားတယ်၊ အပြုံးနဲ့တော့ တူမနေဘူးပဲ။

လိုဏ်ဂူထဲမှာ အသူတရာချောက်နက်နတ်ဆိုးပန်းတွေ တကယ်ကိုအမြောက်အများရှိတယ်။ စုစုပေါင်း၂၄ပွင့်ရှိပြီး အဆင့်နိမ့်နတ်ဘုရားကျောက်တုံး၁၂၀၀လောက် ရှိလိမ့်မယ်။

ခါဖယ်ရိုနဲ့အခြားသူတွေကိုအသာထား၊ လီဖူချန်းကတောင် အတော်လေးလောဘတက်နေမိတယ်။

ဒါပေမယ့် ဒီအလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းနှစ်ဆယ့်လေးပွင့်ကိုရဖို့က မလွယ်ဘူး။

အလယ်ဆင့်အသူတရာချောက်နက်နတ်ဆိုးပန်းပတ်ပတ်လည်မှာ အသူတရာချောက်နက်အကြိုနတ်ဘုရားသားရဲတွေထောင်ကျော်စုဝေးနေတယ်။ အသူတရာချောက်နက်နတ်ဘုရားသားရဲနဲ့အသူတရာချောက်နက်နတ်ဆိုးနတ်ဘုရားတွေလဲ များစွာရှိနေတယ်။

သူတို့က အပြင်ကမ္ဘာမှာဆိုရင် အသူတရာချောက်နက်စွမ်းအားရဲ့တိုက်စားမှုမရှိတာကြောင့် အဆင်ပြေပါလိမ့်မယ်။

အသူတရာချောက်နက်စွမ်းအားပတ်ရံထားတာကြောင့် သူတို့လေးယောက်က ခွန်အားတွေ ဘယ်လောက်ထုတ်ဖော်ပြသရမလဲကို မသိသေးဘူး။

ဒါပေမယ့် လီဖူချန်းအနေနဲ့ သူတို့လေးယောက်ကို ကြိုတင်သတိပေးဖို့က မဖြစ်နိုင်ဘူး။

သူက အသူတရာချောက်နက်စွမ်းအားကို လစ်လျူရှုနိုင်တယ်၊ လိုဏ်ဂူထဲရှိအနေအထားကို ရှာတွေ့နိုင်တယ်၊ ဘာကြောင့်လဲ၊ သူ့မှာ ဖျက်ဆီးခြင်းနတ်ဘုရားစွမ်းအားနဲ့အနီရောင်ဖျော့ဖျော့နတ်ဘုရားစိတ်ဝိညာဉ်ရှိလို့လေ။ သူက သူတို့ကို ကြိုတင်သတိပေးရင် သူက အသူတရာချောက်နက်စွမ်းအားကို မကြောက်ဘူးလို့ သူတို့ကို ပြောပြတာနဲ့ အတူတူပဲဖြစ်လာမှာ။

ဒါ့ပြင် သူက ကြိုတင်အသိပေးရင်တောင် သူတို့လေးယောက်စွန့်စားတာကိုပပျောက်စေဖို့ဆိုတာ ခက်ခဲတယ်။

စွန့်စားမှုက ပိုကြီးမားလေလေ၊ ဆုလာဒ်က ပိုကြီးမားလေပဲ။ ဘယ်သူက ဒီသဘောတရားကို နားမလည်လို့လဲ။

All Chapters