← Chapters

တုံ့ပြန်မှုများ

Vol. 23 Ch. 252

တုံ့ပြန်မှုများ

Vol. 23 Ch. 252

​ဝမ့်ယွဲ့လှိုဏ်ဂူတွင် ထန်ထျန်းက မြေကြီးစာရင်းဝင် ပါရမီရှင် နှစ်ဦးကို ဆက်တိုက်အနိုင်ယူလိုက်သည့် သတင်းမှာ နှင်းပွင့်များကဲ့သို့ပင် ထျန်းဖူနန်းတော်တစ်ခုလုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားတော့သည်။

​"ဘာ... ဖန်တာ့ကျီနဲ့ လီဖေးတို့ နှစ်ယောက်လုံး သူ့ကို ရှုံးသွားတယ် ဟုတ်လား"

​တစ်ယောက်က မယုံနိုင်သလို မေးလိုက်သည်။

​"ဟမ့်... ရှုံးတာတင် ဘယ်ကမလဲ၊ အပြတ်အသတ်ကို ရှုံး သွားတာ"

​"ဖန်တာ့ကျီဆိုရင် ထန်ထျန်းရဲ့ သိုင်းကွက်တစ်ကွက်ကိုတောင် မခံနိုင်ဘဲ တန်းလဲသွားတာ။"

​"လီဖေးဆို ပိုဆိုးသေး၊ လက်တောင် ပြန်မထုတ်နိုင်လိုက်ဘူး။ နှစ်ယောက်ကြားက ခွန်အားက အဆင့်ချင်းကို မတူတာ"

​လူတွေက ပို၍ အံ့သြသွားကြသည်။

​"အဆင့်တူချင်းဆိုရင် ထျန်းဖူနန်းတော် တပည့်တွေက ပြိုင်ဘက်ကင်းတယ်လို့ ပြောကြတာ မဟုတ်လား။ အဲ့ဒီ အပြင်ကလာတဲ့ လူသစ်ဘုရင်က ဒီလောက်တောင် တော်တာလား"

​"မယုံဘူးလား ဒါဆိုရင် ဖန်တာ့ကျီနဲ့ လီဖေးကို သွားမေးကြည့်လေ၊ အခုထိ ထန်ထျန်းရဲ့ လှိုဏ်ဂူအပြင်မှာ ဒူးထောက်နေတုန်းပဲ။ အရိုးတွေလည်း ကျိုးကုန်ပြီ၊ သနားစရာကြီး"

​"ဒါဆိုရင်တော့ ထန်ထျန်းကို မြေကြီးစာရင်း အဆင့် ၆၀၀ ကျော်မှာ ထားတာက ထိုက်တန်တယ်လို့ ပြောရမှာပေါ့"

​"သူ့ရဲ့ ကျင့်ကြံခြင်းက ဘယ်အဆင့်လဲ၊ ဘယ်လို ကျင့်စဉ် တွေ သုံးတာလဲ"

​တပည့်များမှာ သတင်းအချက်အလက် ပိုရလာလေ၊ ထန်ထျန်းအပေါ် ပို၍ စပ်စုချင်လာလေ ဖြစ်ကြသည်။

​မကြာမီမှာပင် အသေးစိတ်အချက်အလက်အချို့ ထွက်ပေါ်လာသည်။

​"ငါ အဲ့ဒီတုန်းက တိုက်ခိုက်တယ့် နေရာမှာ ရှိနေတာ။ ထန်ထျန်းက အစစ်အမှန်အင်မော်တယ် အဆင့်မှာပဲ ရှိသေးတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ အစစ်အမှန်အင်မော်တယ် နှောင်းပိုင်း အဆင့်လောက် ရှိမယ်။"

​"သူသုံးတဲ့ ကျင့်စဉ် က မြေကြီးသံလိုက်စက်ကွင်း စွမ်းအားနဲ့ ဆိုင်လိမ့်မယ်။ အဲ့ဒီစွမ်းအားကို သူထိန်းချုပ်တာက အရမ်းကျွမ်းကျင်ပြီး အစအနတောင် ရှာမရဘူး။"

​"လီဖေးက အဲ့ဒီကျင့်စဉ် နဲ့ပဲ အလဲထိုးခံလိုက်ရတာ"

​လူတွေက အမျိုးမျိုး ဆွေးနွေးနေကြသည်။

​အစောပိုင်းက ထန်ထျန်းကို မြေကြီးစာရင်းထဲ ထည့်ထားစဉ်က လူတွေက သိပ်အရေးမလုပ်ခဲ့ကြသော်လည်း ယခုအခါ လက်တွေ့စွမ်းဆောင်ရည်ကို မြင်လိုက်ရသဖြင့် အလေးအနက် ပြန်လည်သုံးသပ်ရတော့မည် ဖြစ်သည်။

​ဤအပြင်လောကမှလာသော လူသစ်ဘုရင်မှာ ယခင်လူများနှင့် တကယ်ပင် မတူညီပေ။

​သို့သော် နောက်ဆက်တွဲ ဆွေးနွေးမှုများတွင် ထန်ထျန်း၏ ထိုစဉ်က အမူအရာနှင့် ပြောခဲ့သည့် စကားအချို့ကို "ရည်ရွယ်ချက်ရှိရှိ" လူတစ်ချို့က ဖြန့်လိုက်ကြသည်။

​အထူးသဖြင့် "ထျန်းဖူနန်းတော် တပည့်တွေထဲမှာ... ငါ့ကို တိုက်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး" ဆိုသည့် စကားမှာ ထျန်းဖူနန်းတော်တစ်ခုလုံးကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေသည်။

​"ဟာ... သောက်ကျိုးနည်း၊ ဒီလောက်တောင် မောက်မာတာလား"

​"သူက ဘယ်လိုစိတ်နဲ့ အဲ့ဒီလို ပြောရဲတာလဲ"

​"ဟမ့်... အပြင်ကလာတဲ့ တောသားဆိုတော့လည်း အဆင့်နိမ့်တဲ့ မြေကြီးစာရင်းဝင် နှစ်ယောက်ကို အနိုင်ယူလိုက်တာနဲ့ပဲ ကမ္ဘာပေါ်မှာ သူ အတော်ဆုံးလို့ ထင်နေတာပေါ့။"

​"ဒါတော့ သွားပြီ၊ ဒီစကားကြောင့် ထိပ်တန်းပါရမီရှင်တွေ မကျေမနပ် ဖြစ်ကုန်တော့မှာ။ အဆုံးမသတ်ခံရတာက အချိန်တစ်ခုပဲ လိုတော့တယ်။"

​"အချိန်တောင် စောင့်စရာမလိုတော့ပါဘူး၊ မြေကြီးစာရင်းရဲ့ ထိပ်တန်းက တပည့်တချို့ သူ့ကို လူလိုနားလည်အောင် သွားသင်ပေးဖို့ ပြင်နေကြပြီ"

​လူအုပ်ကြီးက ပျော်ပျော်ပါးပါး ပွဲကြည့်ရန် ပြင်ဆင်နေကြသည်။

​သို့သော် နောက်ထပ် ထွက်ပေါ်လာသည့် သတင်းများက လူတိုင်းကို ပို၍ပင် ပေါက်ကွဲသွားစေသည်။

​"စည်းစိမ်ထဲမှာ နေသားကျနေတာလား မောက်မာနေတာလား အကျင့်ဆိုးတွေပဲ ရှိတာလား"

​"တကယ့် တိုက်ပွဲဆိုတာ ဘာလဲဆိုတာ လုံးဝ မသိကြဘူးလား"

​"ထျန်းဖူနန်းတော် တပည့်တွေက ပျော့ညံ့တယ်လား"

​အစောပိုင်း စကားက သူတို့ကို လက်သီးနဲ့ ထိုးလိုက်သလိုဆိုလျှင် ယခု စကားများကတော့ ဝက်အုပ်ကြီးကို သူတို့ပေါ်ကနေ ဖြတ်နင်းခိုင်းလိုက်သလိုပင် ခံစားရစေသည်။

​"သောက်ကျိုးနည်း... ဒါကတော့ အစွန်းကုန် ရူးနေတာပဲ"

​"သူက ဘယ်လို ယုံကြည်ချက်မျိုးနဲ့ ထျန်းဖူနန်းတော် တပည့်တွေကို ဒီလောက်အထိ နှိမ့်ချပြောရဲတာလဲ"

​"သည်းမခံနိုင်တော့ဘူး၊ တစ်ယောက်ယောက်က သူ့ကို မြေကြီးပေါ်မှာ ဖိနှိပ်လိုက်တာကို မြင်ဖို့ ငါ မစောင့်နိုင်တော့ဘူး"

​"ငါ့အိမ်ဘေးက ကောင်းကင်စာရင်းဝင် ပါရမီရှင် တောင် ဒေါသထွက်နေပြီ၊ ထန်ထျန်းတော့ ကောင်းကင်ကို တုတ်နဲ့ ထိုးလိုက်တာပဲ"

​ထျန်းဖူနန်းတော် တပည့်များ ပွက်လောရိုက်သွားကြသည်။

​မောက်မာတဲ့သူ တွေ့ဖူးပေမဲ့ ဒီလောက်အထိ မောက်မာတာမျိုးတော့ မတွေ့ဖူးကြဘူး

​အပြင်က ခုမှဝင်လာတဲ့ တပည့်တစ်ယောက်က ထျန်းဖူနန်းတော် တပည့်အားလုံးကို စိန်ခေါ်စကား ပြောရဲတယ်လား။

​သူ ဘယ်လောက်ပဲ သန်မာပါစေ အသုံးမဝင်ဘူး။ ထျန်းဖူနန်းတော်မှာ "အသန်မာဆုံး" ဆိုတာ မရှိဘူး၊ "ပိုသန်မာတဲ့သူ" ပဲ ရှိတာ

​သူတို့အားလုံး ထန်ထျန်း အရှက်တကွဲ ရှုံးနိမ့်မည့် မြင်ကွင်းကို ကြိုတင်မြင်ယောင်နေကြသည်။

​သို့သော် အချို့သော လူနည်းစုကတော့ အလွန်စိတ်လှုပ်ရှားနေကြသည်။

​"ဝိုး... မိုက်လှချည်လား၊ သူ့ကို ငါတို့မျိုးဆက်ရဲ့ စံပြလို့ပဲ ခေါ်ချင်တော့တယ်။"

​"တကယ်ကို လေးစားတယ်၊ ငါ့ကို သတ္တိ အဆတစ်ရာ ပေးရင်တောင် လူအားလုံးကို ပေါ်ပေါ်ထင်ထင် စိန်ခေါ်ရဲမှာ မဟုတ်ဘူး။"

​"ထန်ထျန်း ပြောတာလည်း တစ်ဖက်က ကြည့်ရင် မှန်သင့်သလောက် မှန်တယ်၊ ငါတို့ တပည့်တချို့က စည်းစိမ်ထဲမှာ နေသားကျနေတာ။ ပြီးခဲ့တဲ့ အခေါက်က ရန်ဖြစ်တော့ တစ်ယောက်က ငါ့ရှေ့မှာ အလှပြကွက်တွေ လာထုတ်ပြနေလို့ မြောင်းထဲရောက်အောင် ကန်ထုတ်လိုက်ရသေးတယ်။"

​"သူ မြန်မြန်ကြီး မရှုံးသွားဖို့ပဲ ဆုတောင်းရမယ်၊ မဟုတ်ရင် ကြည့်စရာ ပျော်စရာတွေ နည်းသွားလိမ့်မယ်"

​ဤလူစုထဲတွင် ပွဲကြည့်ရသည်ကို ဝါသနာပါသူများ နှင့် ထန်ထျန်းကဲ့သို့ပင် မာန်တက်'တတ်သည့် လူငယ်အချို့ ပါဝင်ပြီး ထန်ထျန်း၏ သတ္တိကို ချီးကျူးနေကြခြင်း ဖြစ်သည်။

​မည်သို့ပင်ဖြစ်စေ ဤကိစ္စမှာ ပေါက်ကွဲထွက်သွားပြီး လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာတော့သည်။

​ထန်ထျန်း၏ ဤမောက်မာသော အမူအရာမှာ မည်မျှကြာရှည် ခံမည်နည်းဆိုသည်ကို လူတိုင်း သိချင်နေကြသည်။

​ထျန်းဖူနန်းတော်၏ အထက်ပိုင်း ပုဂ္ဂိုလ်များပင် ဤကိစ္စကို သတိထားမိသွားကြသည်။

​သို့သော် ကွမ်းယို ပြောခဲ့သည့်အတိုင်းပင်၊ အထက်ပိုင်း၏ အမြင်မှာ သာမန်တပည့်များနှင့် ကွဲပြားသည်။

​သူတို့သည် မည်သည့်ဘက်ကိုမျှ ဘက်မလိုက်သည့်အပြင် ထန်ထျန်း၏ လုပ်ရပ်အပေါ် ချီးကျူးစကားပင် ဆိုခဲ့ကြသည်။

​ထျန်းဖူနန်းတော်မှာ အလွန်ကြီးမားလွန်းသဖြင့် ပတ်ဝန်းကျင်မှာ ငြိမ်သက်အေးစက်နေတတ်ရာ ထန်ထျန်း ပေါ်လာခြင်းက ရေအိုင်သေထဲသို့ ကျောက်တုံးကြီး တစ်တုံး ပစ်ချလိုက်သလိုပင် အင်အားသစ်များကို တိုးပွားစေသည်။

​ဒါပေမဲ့ အထက်ပိုင်းကလည်း ပြောထားသည်မှာ "မောက်မာချင်လျှင် လုံလောက်သော အရည်အချင်းရှိရမည်၊ မဟုတ်လျှင် လှောင်စရာသာ ဖြစ်လိမ့်မည်" ဟူ၍ ဖြစ်သည်။

​ဤသို့ဖြင့် ရက်အနည်းငယ်အတွင်းမှာပင် "ထန်ထျန်း" ဆိုသည့် နာမည်မှာ ထျန်းဖူနန်းတော် တစ်ခုလုံးတွင် ကျော်ကြားသွားတော့သည်။

​ထန်ထျန်းနှင့် ရင်းနှီးဖူးသည့်သူများလည်း မလွဲမသွေ ဤသတင်းကို သိသွားကြသည်။

​လှပတင့်တယ်သော ပန်းခြံတစ်ခုအတွင်း

​နတ်သမီးလင်းလျို့က ဇရပ်တစ်ခုအောက်တွင် ထိုင်နေပြီး သူမအနားတွင်တော့ ထန်ထျန်းနှင့် ခဏမျှ စကားပြောဖူးသည့် ကျင်းဝမ်ရှင်း ရှိနေသည်။

​"ထန်ထျန်းက... တကယ်ပဲ အဲ့ဒီလို ပြောလိုက်တာလား"

​နတ်သမီးလင်းလျို့က သူမ၏ နှုတ်ခမ်းအစုံကို အသာဟကာ မေးလိုက်သည်။

​ကျင်းဝမ်ရှင်းက ခေါင်းငြိမ့်ပြပြီး "ဟုတ်ပါတယ်၊ အစွန်းကုန် ရူးနေတာပဲ။"

​"ငါတို့ အဲ့ဒီတုန်းက သူ့ကို မစည်းရုံးခဲ့မိတာ တော်သေးတယ်၊ မဟုတ်ရင် သူ့လို ဘာမှနားမလည်ဘဲ မောက်မာတဲ့သူက ငါတို့အတွက် ဘယ်လောက်တောင် ပြဿနာရှာပေးမလဲ မသိဘူး"

​ယခင်က ဖိတ်ခေါ်မှုကို အငြင်းခံရကတည်းက ကျင်းဝမ်ရှင်းသည် ထန်ထျန်းအပေါ် အငြိုးထားနေခဲ့ခြင်း ဖြစ်သည်။

​ပိုပြီး အရေးကြီးသည်မှာ သူပြန်ရောက်လာသောအခါ နတ်သမီးလင်းလျို့က ထိုကိစ္စအတွက် သူ့ကို ဆူပူခဲ့သဖြင့် ပို၍ပင် မကျေမနပ် ဖြစ်နေခဲ့ခြင်းပင်။

ယခုကဲ့သို့ သတင်းမျိုး ကြားရသည်မှာ သူ့အတွက်တော့ စိတ်ထဲတွင် အတော်လေး ကျေနပ်စရာ ကောင်းနေသည်။

​နတ်သမီးလင်းလျို့ မျက်မှောင်ကြုတ်လိုက်ကာ "ယွင်ခုံးက ငါ့ကိုပေးတဲ့ သတင်းထဲမှာတော့ သူက ဒီလိုပုံစံ မဟုတ်ပါဘူး။"

​"ယွင်ခုံး ပြောတာက ထန်ထျန်းက အရမ်း တည်ငြိမ်တဲ့သူပါတဲ့၊ သူနဲ့ မိတ်ဆွေဖွဲ့နိုင်ရင် အကျိုးအများကြီး ရှိလိမ့်မယ်တဲ့"

​ကျင်းဝမ်ရှင်းက ခေါင်းခါလိုက်ပြီး "လူဆိုတာ ပြောင်းလဲတတ်တာပဲ။"

​"ကျွန်တော့် အထင်တော့ ထန်ထျန်းက ဝင်ခွင့်ပွဲမှာ ထျန်းဖူနန်းတော် တပည့်အများကြီးကို အနိုင်ယူလိုက်ပြီးနောက်မှာ ဘဝင်မြင့်သွားတာ ဖြစ်ရမယ်။"

​"သူက အသက် ၁၇ နှစ်ပဲ ရှိသေးတာလေ၊ လူငယ်တွေမှာ ရှိတတ်တဲ့ အားနည်းချက်တွေ သူ့မှာလည်း ရှိမှာပေါ့"

​နတ်သမီးလင်းလျို့ ဘာမှပြန်မပြောပေ။ သူမက ယွင်ခုံးကို သိသည်ဖြစ်ရာ ယွင်ခုံးက ဤကဲ့သို့သော ကိစ္စမျိုးကို ပေါ့ပေါ့တန်တန် နောက်ပြောင်ပြောမည့်သူ မဟုတ်မှန်း သိသည်။

​သို့သော် လက်ရှိ အခြေအနေအရ ကြည့်လျှင်တော့ တကယ်ပင် ကွဲပြားနေပုံရသည်။

​ရင့်ကျက်တည်ငြိမ်သောသူက ဘာကြောင့် ထျန်းဖူနန်းတော် တပည့်အားလုံးကို ရန်စမည့် လုပ်ရပ်မျိုး လုပ်ရမည်နည်း။

ဒါက တကယ့်ကို ဉာဏ်မရှိတဲ့ လုပ်ရပ်ပဲ။

​နောက်ဆုံးတွင် သူမက အသာလေး သက်ပြင်းချလိုက်သည်။

​"ထားလိုက်ပါတော့။"

​"မင်း အရင်ဆုံး ငါတို့ ချင်းယွဲ့ဂိုဏ်းကနေ အသစ်ဝင်လာတဲ့ တပည့်တွေကို သေချာနေရာချပေးလိုက်ဦး၊ ဟွမ်တောက်စန်း တို့ဘက်က နှောင့်ယှက်တာမျိုး မခံရစေနဲ့။"

​"ထန်ထျန်း ဘက်ကိုတော့ သူက ငါတို့ဆီ မဝင်ချင်ဘူးဆိုမှတော့ သူ့သဘောအတိုင်းပဲ ထားလိုက်ပါ။"

​"ငါတို့လည်း သွားပြီး မပတ်သက်ပါနဲ့တော့၊ လူတိုင်းမှာ ကိုယ့်ကံကြမ္မာနဲ့ကိုယ် ရှိကြတာပဲ"

​ကျင်းဝမ်ရှင်းက လေးနက်စွာ ခေါင်းငြိမ့်ပြပြီးနောက် ထွက်ခွာသွားတော့သည်။

​နတ်သမီးလင်းလျို့က ခဏမျှ ငြိမ်သက်စွာ ထိုင်နေမိသည်။

​ရုတ်တရက် သူမ၏ သတင်းပို့ကျောက်စိမ်းပြား မှာ တုန်ခါလာသည်။

​ဖွင့်ကြည့်လိုက်သောအခါ ချောမောသော လူငယ်တစ်ဦး၏ ပုံရိပ်ယောင်မှာ သူမရှေ့တွင် ပေါ်လာတော့သည်။

​နတ်သမီးလင်းလျို့က ထိုသူကိုကြည့်ကာ အေးဆေးစွာ မေးလိုက်သည်။ "ဘာကိစ္စရှိလို့လဲ..."

"တာအိုမိတ်ဆွေ ကျိယွီ "

All Chapters