← Chapters

ကောင်းကင်အင်မော်တယ်အဆင့်သို့ တက် ခြင်း

Vol. 23 Ch. 253

ကောင်းကင်အင်မော်တယ်အဆင့်သို့ တက် ခြင်း

Vol. 23 Ch. 253

ထျန်းဖူနန်းတော်၏ အလယ်ဗဟိုနယ်မြေရှိ မြင့်မားလှသော တောင်ထိပ်တစ်ခုပေါ်တွင်

လေးလံလှသော ကျောက်တံခါးကြီးက ဖြည်းညှင်းစွာ ပွင့်ဟလာပြီး အနက်ရောင် ဝတ်စုံရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး အထဲမှ ဖြည်းဖြည်းချင်း လမ်းလျှောက် ထွက်လာခဲ့သည်။

အပြင်ဘက်တွင်တော့ လူငယ်တစ်ဦးက သူမကို စောင့်ကြိုနေသည်မှာ ကြာပြီဖြစ်သည်။

"ရှောင်းရှောင်း... မင်း ဘာလို့ ဒီလောက်အစောကြီး ကျင့်ကြံခြင်းကနေ ထွက်လာရတာလဲ"

လူငယ်က လှမ်းမေးလိုက်သည်။

အကယ်၍ ထန်ထျန်းသာ ဒီနေရာမှာ ရှိနေလျှင် သူက မိုရှောင်းရှောင်း၏ အစ်ကိုဖြစ်သူ မိုကျွင်း ဖြစ်ကြောင်း ချက်ချင်း သိလိမ့်မည်။

"မိသားစုက မင်းအတွက် ပြင်ဆင်ပေးထားတဲ့ အရာတွေက မင်းကို အနည်းဆုံးတော့ ရွှေအင်မော်တယ် အဆင့်အထိ ရောက်အောင် ကျင့်ကြံပေးနိုင်မှာ မဟုတ်လား"

"ဘာလို့ ဒီလောက် လောနေရတာလဲ"

မိုကျွင်းက ပြောသည်။

မိုရှောင်းရှောင်းက ခေါင်းခါလိုက်ပြီး "ကျွန်မရဲ့ အဆင့်က ရပ်တန့်နေခဲ့တာ ကြာပြီ၊ မြန်မြန်ဆန်ဆန် အဆင့်တက် တာက ကောင်းတဲ့အရာ ဖြစ်ချင်မှ ဖြစ်မှာပါ။"

"လောလောဆယ်တော့ ဆန်းကြယ်အင်မော်တယ် အဆင့်က လုံလောက်ပါပြီ။"

"ဒါနဲ့ ရက်တွက်ကြည့်ရင်တော့ ချင်းယွဲ့ဂိုဏ်းက တက်လာမယ့်သူတွေ ရောက်နေလောက်ပြီ မဟုတ်လား"

မိုကျွင်းက ခါးသီးစွာ ပြုံးလိုက်ပြီး "မင်းက ထန်ထျန်းအကြောင်းကို စိတ်ထဲ ထည့်နေတုန်းလား"

"အဲ့ဒီကိစ္စတွေကို အောက်ကလူတွေကို လွှဲပေးလိုက်ရင် ရတာပဲ။"

"အခု မင်းအတွက် အရေးကြီးဆုံးက ကျင့်ကြံခြင်းအဆင့်ကို အမြန်မြှင့်ဖို့ပဲ၊ ဒါမှ မိသားစုက မင်းအတွက် သင့်တော်တဲ့ နေရာတစ်ခု စီစဉ်ပေးလို့ရမှာ"

မိုရှောင်းရှောင်း မျက်မှောင်ကြုတ်လိုက်ကာ "အဲ့ဒီလို ဘယ်ဖြစ်မလဲ"

"ကျွန်မ ထန်ထျန်းကို ကတိပေးထားတာ၊ သူ ထျန်းဖူနန်းတော်ကို ရောက်လာရင် သေချာ စီစဉ်ပေးမယ်လို့။ ကျွန်မ ကတိကို ဘယ်တော့မှ မဖျက်ဘူး။"

"ဒါက ကျွန်မရဲ့ ကတိပဲ"

သူ့ကိုယ်သူ ယုံကြည်ချက် ခိုင်မာလှသော ညီမ ဖြစ် သူကို ကြည့်ပြီး မိုကျွင်း သက်ပြင်းချလိုက်သည်။

"မင်းက ကတိတည်တဲ့သူဆိုတာ ငါသိပါတယ်။"

"ဒါပေမဲ့ ထန်ထျန်းရဲ့ ကိစ္စကတော့ မင်း တကယ်ပဲ စီစဉ်ပေးနိုင်ပါ့မလား မသိဘူး"

မိုရှောင်းရှောင်း ကြောင်သွားပြီး "ဘာလို့လဲ" ဟု မေးလိုက်သည်။

မိုကျွင်းက ခေါင်းခါလျက် ထန်ထျန်း ထျန်းဖူနန်းတော်သို့ ရောက်လာပြီးကတည်းက လုပ်ခဲ့သမျှ ကိစ္စအားလုံးကို ပြောပြလိုက်တော့သည်။

မိုရှောင်းရှောင်းမှာ မှင်တက်သွားပြီး မိုကျွင်း၏ မျက်လုံးများကို စိုက်ကြည့်ကာ မယုံနိုင်စရာ ကောင်းလောက်အောင် ဖြစ်နေသည်။

"သူက... တကယ်ပဲ ဒီလောက်တောင် ခွန်အားကြီးတာလား"

မိုကျွင်းက အင်းဟု အသံပြုကာ "ဟုတ်တယ်"

"ငါတောင် သူ့ကို ဝမ့်ယွဲ့လှိုဏ်ဂူမှာ သွားရှာဖို့ လူတွေ ပြင်ထားတာ၊ ဘယ်သူက ထင်မှာလဲ... သူက ရုတ်တရက်ကြီး ဒီလို ပွဲကြမ်းလိုက်လိမ့်မယ်လို့။"

"အခု ထျန်းဖူနန်းတော် တစ်ခုလုံးက သူ ရှုံးနိမ့်သွားမှာကိုပဲ စောင့်ကြည့်နေကြတာ၊ ငါတို့ အခုဝင်ပါဖို့က အချိန်ကောင်း မဟုတ်သေးဘူး"

မိုရှောင်းရှောင်း ခဏမျှ တိတ်ဆိတ်သွားသည်။ ထိုအချိန်အတွင်း သူမ၏ စိတ်ထဲတွင် အကြောင်းအရာများစွာ ပေါ်လာသည်။

ချင်းယွဲ့ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သည့် ပုံမှန်မဟုတ်သော ကိစ္စရပ်အချို့အတွက် သဲလွန်စအချို့ကိုလည်း ရှာတွေ့သွားပုံရသည်။

အချိန်အတော်ကြာမှ သူမက ပြောလိုက်သည်။ "ဒီလို အခြေအနေမျိုးဖြစ်လေလေ ကျွန်မ ဘေးကနေ ကြည့်မနေနိုင်လေပဲ။"

"ထန်ထျန်းက ဒီလောက်အထိ ထင်ပေါ်အောင် လုပ်နေမှတော့ တချို့လူတွေ ငြိမ်နေတော့မှာ မဟုတ်ဘူး။"

"သူ့ရဲ့ ခွန်အားက ထင်ထားတာထက် ပိုသန်မာတယ်ဆိုပေမဲ့ အဲ့ဒီလို အင်အားစုကြီးတွေနဲ့ ရင်ဆိုင်ရရင်တော့ သူလည်း ဘာမှတတ်နိုင်မှာ မဟုတ်ဘူး။"

"သူ ကျွန်မကို ကူညီခဲ့ဖူးတယ်၊ ဒီတစ်ခါတော့ ကျွန်မ သူ့ကို ပြန်ကူညီရမယ်"

ပြောပြီးသည်နှင့် မိုရှောင်းရှောင်းက တောင်အောက်သို့ ဆင်းသွားတော့သည်။

မိုကျွင်းမှာလည်း သူမကို တားမရတော့သဖြင့် သက်ပြင်းချကာ နောက်ကနေ အမြန်လိုက်သွားရတော့သည်။

.....

ခမ်းနားထည်ဝါသော အဆောက်အဦးတစ်ခုအတွင်း

လူငယ်တစ်ဦးက သူ့လက်ထဲရှိ ပုတီးစေ့များကို ကစားရင်း ပါးစပ်ဖျားတွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လွင်နေသည်။

အကယ်၍ ထန်ထျန်းသာ ဒီနေရာမှာ ရှိနေလျှင် သူသည် ယခင်က ပိုင်တိမြို့ တွင် တွေ့ခဲ့သည့် တိုက်ပွဲသူတော်စင်မျှော်စင် မှ ကျန်းကျဲ့ ဖြစ်ကြောင်း မှတ်မိလိမ့်မည်။

"မသေချင်လို့ ရုန်းထွက်တာက သေကြောင်းရှာတာ ဖြစ်နေပြီပဲ။"

"ငါက မင်းကို ဘယ်လို အကြောင်းပြချက်နဲ့ အပြတ်ရှင်းရမလဲ စဉ်းစားနေတာ၊ မင်းကိုယ်တိုင်ပဲ ထွက်လာလိမ့်မယ်လို့ မထင်ထားဘူး။"

"ဟုတ်တာပေါ့... မင်းက အမြဲတမ်း မောက်မာတတ်တာပဲ။"

"ဒါပေမဲ့ ဒီတစ်ခါတော့ မင်းကိုယ်မင်း သေတွင်းထဲ တွန်းပို့လိုက်တာပဲ"

ကျန်းကျဲ့၏ မျက်နှာတွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာကာ "တကယ့်ကို ရူးတာပဲ၊ တခြားလူတွေရဲ့ စည်းရုံးမှုကို ငြင်းဆိုပြီး တစ်ယောက်တည်း နန်းတော်ထဲ ဝင်ဖို့ ရွေးချယ်ခဲ့တယ်ပေါ့။"

"ငါ မင်းကို သိအောင် လုပ်ပေးမယ်၊ ငါတို့ တိုက်ပွဲသူတော်စင်မျှော်စင် ရှေ့မှာ မင်းရဲ့ မာနတွေ က ဘာမှတန်ဖိုးမရှိဘူးဆိုတာကို။"

ခဏအကြာတွင် ကျန်းကျဲ့က သတင်းပို့ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။

"သခင်လေး ယွီ... ကျွန်တော့်မှာ ဆွေးနွေးစရာ ကိစ္စတစ်ခု ရှိလို့ပါ။"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့... အဲ့ဒီ ကောင်းကင်နဲ့ မြေကြီးကို နားမလည်တဲ့ ကောင်အကြောင်းပါပဲ။"

"ကောင်းပါပြီ၊ ဒါဆို သခင်လေး ပြန်လာမှာကို ကျွန်တော် စောင့်နေပါ့မယ်"

စကားပြောပြီးနောက် ကျန်းကျဲ့၏ မျက်နှာတွင် အပြုံးများ ပိုမို ထင်ဟပ်လာသော်လည်း ပတ်ဝန်းကျင်ရှိ လေထုမှာမူ ပို၍ အေးစက်သွားတော့သည်။

"ထန်ထျန်း... စောင့်နေလိုက်ဦးပေါ့ကွာ ။"

"အရင်က မင်း ငါ့အပေါ် လုပ်ခဲ့တဲ့ အရှက်ခွဲမှုတွေကို အဆပေါင်းများစွာ ပြန်ပေးဆပ်ခိုင်းရမယ်"

.....

ဝမ့်ယွဲ့လှိုဏ်ဂူ

ထန်ထျန်း၏ နာမည်မှာ အပြင်ဘက်တွင် ပွက်လောရိုက်နေသော်လည်း ဇာတ်လိုက်ဖြစ်သူ ထန်ထျန်းကတော့ ဘာမှ မခံစားရပေ ။

နေ့ဘက်တွင် အေးအေးဆေးဆေး ကျင့်ကြံပြီး ညဘက်တွင် ဝမ့်ယွဲ့တောင်ထိပ်၌ လစွမ်းအား အနှစ်သာရ ကို စုပ်ယူနေဆဲပင်။

သို့သော် ပြောင်းလဲမှုအချို့တော့ ရှိလာသည်။

သူ၏ လှိုဏ်ဂူအပြင်ဘက်မှာ ဈေးတန်းတစ်ခုလို ဖြစ်နေပြီး နေ့တိုင်း တပည့်အများအပြား ဤနေရာတွင် လာရောက် ဝိုင်းအုံနေကြသည်။ ဇာတ်လမ်းကြီးကြီးမားမား တစ်ခုကို စောင့်ကြည့်နေကြသလိုပင်။

ဇာတ်လမ်းကြီးကလည်း တကယ်ရှိခဲ့သည်။

ထန်ထျန်းက ဖန်တာ့ကျီနှင့် လီဖေးကို အနိုင်ယူပြီး နောက်တစ်နေ့မှာပင် အခြား မြေကြီးစာရင်းဝင် ပါရမီရှင် အချို့က လာရောက် စိန်ခေါ်ခဲ့ကြသည်။

သူတို့က လီဖေးထက် အနည်းငယ် ပိုသန်မာသော်လည်း ကံမကောင်းစွာဖြင့် သိသိသာသာကြီး သန်မာနေခြင်း မဟုတ်ပေ။

ဒါကြောင့် သူတို့၏ ရလဒ်မှာလည်း လီဖေးနှင့် ထပ်တူပင် ဖြစ်ကာ ထန်ထျန်း၏ လှိုဏ်ဂူရှေ့တွင် ဒူးထောက်ခဲ့ရသည်။

ထို့နောက် ရက်ဆက် ဆိုသလို ပါရမီရှင် မျိုးစုံ လာရောက် စိန်ခေါ်ကြသည်။ သူတို့က မြေကြီးသံလိုက်စက်ကွင်း စွမ်းအားကို တားဆီးရန် နည်းလမ်းများကိုပင် ကြိုတင် လေ့လာလာကြသည်။

အသုံးမဝင်ဘူးလို့ ပြောလို့မရပေမဲ့ ဘာမှ ထူးခြားမလာဘူးလို့ပဲ ပြောရမည်။

ထန်ထျန်းက ကျင့်စဉ် ပေါင်းစုံကို ကျွမ်းကျင်သူဖြစ်ရာ မြေကြီးသံလိုက်စက်ကွင်း တစ်ခုတည်းကိုပဲ သုံးတတ်လိမ့်မည်ဟု ထင်နေကြသလား

ထို့အပြင် သူ၏ တာအိုကျင့်စဉ် ကျွမ်းကျင်မှုက အဆင့်တူ ကျင့်ကြံသူများထက် အများကြီး သာလွန်လွန်းသည်။

သူတို့က မြေကြီးသံလိုက်စက်ကွင်းကို တားဆီးနိုင်လျှင်ပင် ဖြိုခွဲနိုင်စွမ်း မရှိကြပေ။

ခြွင်းချက်မရှိ အားလုံး ရှုံးနိမ့်သွားကြသည်။

တစ်ရက်မှာဆိုလျှင် လှိုဏ်ဂူရှေ့မှာ လူပေါင်း ၂၀ ကျော် ဒူးထောက်နေရသည်။

ဒါက ထန်ထျန်းကို တစ်ခု သတိရစေသည်၊ ထျန်းဖူနန်းတော်က တပည့်တွေက တော်တော်တော့ စိတ်ဓာတ်ပြင်းပြကြသားပဲ။

အနည်းဆုံးတော့ သူတို့ရဲ့ မဆုတ်မနစ် ကြိုးစားမှုက ချီးကျူးဖို့ ကောင်းသည်။

ရက်အနည်းငယ် ကြာပြီးနောက် နောက်ဆုံးတွင် ပို၍ သန်မာသော ပြိုင်ဘက်တစ်ဦး ရောက်လာခဲ့သည်။

ထိုသူမှာ ဝမ်ရှို့ ခေါ်လာသောသူဖြစ်ပြီး မြေကြီးစာရင်း၏ ထိပ်တန်း အယောက် ၁၀၀ အတွင်းဝင်ကာ ကျင့်ကြံခြင်းက ကောင်းကင်အင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"ငါက မင်းကို အနိုင်ကျင့်ဖို့ ဆန္ဒမရှိပေမဲ့ မင်းက အရမ်းကို မောက်မာလွန်းတယ်။"

"ထျန်းဖူနန်းတော် တပည့်တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အမြဲတမ်း နှိမ့်ချတဲ့ အမူအရာနဲ့ ကြောက်ရွံ့ရိုသေစိတ် ရှိရမယ်ဆိုတာကို ငါ မင်းကို သင်ပေးမယ်"

ထို ကောင်းကင်အင်မော်တယ် တပည့်မှာ အလွန်ပင် မာန်ကြီးနေပြီး ထန်ထျန်းကို လုံးဝ ထည့်မတွက်ပေ။

ဘေးတွင် ရပ်နေသော ဝမ်ရှို့ကတော့ ထန်ထျန်း အရှုံးပေးရမည့် ပုံစံကို မြင်ရတော့မည်ဟု ထင်ကာ တဟီးဟီး ရယ်နေသည်။

သို့သော် ခဏအကြာတွင် ထို ကောင်းကင်အင်မော်တယ် တပည့်သည်လည်း ထန်ထျန်း၏ လှိုဏ်ဂူရှေ့တွင် ဒူးထောက်သွားရပြန်သည်။

ဟင်းလင်ပြင်ခန္ဓာ ပိုင်ရှင် ထန်ထျန်းအတွက် ရိုးရိုးနည်းလမ်းများကို သုံးလျှင်ပင် သာမန် ကောင်းကင်အင်မော်တယ်မှာ ပြိုင်ဘက် မဟုတ်ပေ။

သူ့အတွက်တော့ ဤကောင်းကင်အင်မော်တယ် တပည့်မှာ ဖန်တာ့ကျီနှင့် ဘာမှ သိပ်မကွာခြားလှပေ။

"တကယ်ကို စိတ်မကောင်းပါဘူး၊ မင်း ငါ့ရှေ့မှာ ဒူးထောက်နေတဲ့ ပုံစံက ငါ့ကို ကြောက်ရွံ့ရိုသေစိတ် ရှိလာအောင် လုပ်ဖို့ တော်တော် ခက်ခဲနေတယ်။"

"ငါတို့လို အပြင်တပည့်တွေကို နှိမ့်ချစေချင်ရင် မင်းမှာ လုံလောက်တဲ့ ခွန်အား ရှိမှဖြစ်မယ်။"

"မဟုတ်ရင်တော့ ဟာသတစ်ခုပဲ ဖြစ်နေလိမ့်မယ်။"

"တာဝန်ခံ ဝမ်ရှို့... ခင်ဗျားရော ဘယ်လို ထင်လဲ"

ထန်ထျန်းက အေးဆေးစွာ ပြောလိုက်သည်။

ဝမ်ရှို့ ဒေါသကြောင့် ပေါက်ကွဲမတတ် ဖြစ်ကာ ခြေဆောင့်ပြီး ထွက်သွားတော့သည်။

လူအုပ်ကြီး၏ ထန်ထျန်းအပေါ် ခန့်မှန်းချက်မှာ နောက်တစ်ဆင့်သို့ တက်လှမ်းသွားပြီး မြေကြီးစာရင်း၏ ထိပ်တန်း ၁၀၀ အတွင်းသို့ တိုက်ရိုက် သတ်မှတ်လိုက်ကြသည်။

ဤတိုက်ပွဲပြီးနောက် လှိုဏ်ဂူအပြင်ဘက်မှာ ရက်အနည်းငယ်ကြာ ငြိမ်သက်သွားသည်။

ကောင်းကင်အင်မော်တယ်ကို လက်တစ်ချက်တည်းနဲ့ အလဲထိုးနိုင်တာက နောက်ပြောင်စရာ မဟုတ်ပေ၊ လာချင်တဲ့သူတွေက ကိုယ့်ခွန်အားကိုယ် အရင် ပြန်ဆန်းစစ်ရတော့မည်။

ထို့ကြောင့် ထန်ထျန်းက ပုံမှန်အတိုင်း ကျင့်ကြံခြင်းကို ဆက် လုပ်ခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက်၊ ဝမ့်ယွဲ့တောင်ထိပ်တွင်

လရောင်ဝါများ ဝန်းရံနေသည့် ကြားတွင် ပြင်းထန်သော အော်ရာ တစ်ခု ထန်ထျန်း၏ ကိုယ်ပေါ်မှ ရုတ်တရက် ပွင့်ထွက်သွားပြီး လရောင် မုန်တိုင်းတစ်ခုပင် ဖြစ်ပေါ်သွားစေသည်။

ခဏအကြာတွင် သူ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လိုက်သည်။

ရက်ပေါင်း ၂၀ နီးပါး ကျင့်ကြံပြီးနောက် နောက်ဆုံးတွင် သူ အောင်မြင်စွာ အဆင့်တက်နိုင်ခဲ့ပြီး ကောင်းကင်အင်မော်တယ် အဆင့်သို့ တရားဝင် ရောက်ရှိသွားပြီ ဖြစ်သည်။

သို့သော် ထန်ထျန်း ခွန်အားတိုးလာမှုအပေါ် ပျော်ရွှင်နေစဉ်မှာပင် နောက်ကျောဘက်မှ အသံတစ်ခုက ထွက်ပေါ်လာသည်။

"နင်က ဘယ်သူလဲ"

All Chapters