← Chapters

လအင်မော်တယ်၏ ဒဏ္ဍာရီ

Vol. 23 Ch. 255

လအင်မော်တယ်၏ ဒဏ္ဍာရီ

Vol. 23 Ch. 255

​လော့ရှီး၏ ရှင်းပြချက်ကြောင့် ထန်ထျန်းက "လပြည့်ည" နှင့် "လအင်မော်တယ်" တို့မှာ ဘာကိုဆိုလိုသနည်းဆိုသည်ကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။

​လပြည့်ည ဆိုသည်မှာ ဝမ့်ယွဲ့လှိုဏ်ဂူ ဖွင့်လှစ်ထားသည့် နှစ်လတာ ကာလအတွင်း လစွမ်းအား အတောက်ပဆုံးနှင့် အနှစ်သာရ အရှိဆုံးနေ့ကို ခေါ်ခြင်းဖြစ်သည်။

​ထိုညတွင် လမင်းကြီးမှာ အပြည့်အဝ ဝန်းစက်နေပြီး ဝမ့်ယွဲ့လှိုဏ်ဂူတစ်ခုလုံးမှာလည်း အဆုံးမဲ့သော လစွမ်းအားများအောက်တွင် လွှမ်းခြုံခြင်း ခံရလိမ့်မည်။

​အရေးကြီးဆုံးအချက်မှာ ထိုည၏ လစွမ်းအားများက အလွန်ပင် နူးညံ့သိမ်မွေ့သွားပြီး မည်သည့် ကောင်းကင်နှင့်မြေကြီး ဖိအားမျှ ရှိတော့မည်မဟုတ်ဘဲ စင်ကြယ်သော စွမ်းအားအနှစ်သာရများသာ ကျန်ရှိတော့မည်ဖြစ်သည်။

​တပည့်တိုင်းက မည်သည့်နေရာတွင် ရှိနေပါစေ၊ ဤလစွမ်းအား ဆေးကြောသန့်စင်မှုကို ခံယူနိုင်ပြီး သူတို့၏ ကံကြမ္မာအလိုက် အမြင့်ဆုံးသော အကျိုးကျေးဇူးများကို ရရှိနိုင်မည်ဖြစ်သည်။

​ထိုအချိန်ရောက်လျှင် ဝမ့်ယွဲ့တောင်ထိပ်၌ ပုံရိပ်ယောင် နန်းတော်တစ်ခု ပေါ်လာလိမ့်မည်။

​ထိုနန်းတော်အတွင်း၌ မကုန်ခမ်းနိုင်သော ကံကောင်းမှု များ ရှိနေပြီး မမျှော်လင့်ထားသည့် ရလဒ်ကောင်းများစွာကိုလည်း ရရှိနိုင်ပေသည်။

​သို့သော် နန်းတော်အတွင်းသို့ ဝင်ရောက်ရန်မှာ သတ်မှတ်ချက် ရှိသည်။

​တောင်ထိပ်ပေါ်တွင် အချိန်အတော်ကြာအောင် ကျင့်ကြံနေသည့် တပည့်များကိုသာ နန်းတော်က ရွေးချယ်လိမ့်မည် ဖြစ်သည်။

​အခြားသူများမှာမူ ထိုနန်းတော် တည်ရှိနေခြင်းကိုပင် အာရုံခံနိုင်ကြမည် မဟုတ်ပေ၊ အလွန်ပင် ထူးဆန်းလှပေသည်။

​"နင်သာ တောင်ထိပ်ပေါ်မှာ ဆက်ပြီး ကျင့်ကြံနေမယ်ဆိုရင် လပြည့်ည ရောက်တဲ့အခါ နင်လည်း နန်းတော်ရဲ့ ရွေးချယ်ခြင်းကို ခံရလိမ့်မယ်။"

​"အဲ့ဒါက တကယ့်ကို အံ့သြဖို့ကောင်းတဲ့ နေရာပဲ၊ နင် ဒီအခွင့်အရေးကို လက်လွတ်မခံနဲ့"

​ထန်ထျန်းက ခေါင်းငြိမ့်ပြလိုက်ပြီးနောက် ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဒီလောက်အထိ အစွမ်းထက်တဲ့ နေရာမျိုး ရှိနေတာကို ဘာလို့ လူခုနစ်ယောက်ပဲ လာကြတာလဲ။"

​"တခြားလူတွေက ဒါကို အထင်မကြီးကြဘူးလား"

​လော့ရှီးက ပြုံးလျက် ခေါင်းငြိမ့်ပြသည်။

​ထန်ထျန်း မှင်တက်သွားမိသည်။

အ​ပြင်တပည့်များနှင့် ထျန်းဖူနန်းတော် တပည့်များအကြားက ကွာဟချက်ကို သူ နောက်တစ်ကြိမ် ထပ်မံ ခံစားလိုက်ရပြန်သည်။

​နှိုင်းယှဉ်လို့တောင် မရပါလား

​ဝမ့်ယွဲ့လှိုဏ်ဂူကဲ့သို့သော ကျင့်ကြံရာ နယ်မြေကောင်းမျိုးက အပြင်လောကတွင် ရှိနေမည်ဆိုလျှင် အောက်ဆုံးအထပ် လေးမှာပင် ကြီးမားသော တုန်လှုပ်မှုများကို ဖြစ်ပေါ်စေနိုင်သည်။

​ဤနေရာကို လုယူရန်အတွက် သွေးချောင်းစီး တိုက်ပွဲများ ဖြစ်လာကြမည်မှာ သေချာသည်။

​ဝမ့်ယွဲ့တောင်ထိပ်က ကျင့်ကြံခြင်း ပတ်ဝန်းကျင်ဆိုလျှင်တော့ သူတို့အတွက် လက်လှမ်းမမီနိုင်သော အိပ်မက်နယ်မြေပင် ဖြစ်သည်။

​လော့ရှီး ပြောသည့် လနန်းတော် ဆိုလျှင်တော့ စိတ်ကူးထဲတောင် ထည့်လို့ရသည့် အရာမဟုတ်ပေ

​သို့သော်လည်း ထျန်းဖူနန်းတော်၏ ထိပ်တန်းတပည့်များက ဤနေရာကို အဖက်မလုပ်ကြဘူးဆိုတော့...

​ဒါက တကယ်ကို...

​ထန်ထျန်း ဘာပြောရမှန်း မသိတော့ပေ။ ထျန်းဖူနန်းတော်မှာ ဘာကြောင့် ပါရမီရှင်တွေ စုဝေးနေရသလဲဆိုတာ မဆန်းတော့ပေ ၊ ဒီလောက် ကောင်းမွန်တဲ့ ပတ်ဝန်းကျင်မျိုး ရှိနေမှတော့ ပါရမီ သိပ်မထူးချွန်ရင်တောင် အလိုအလျောက် တိုးတက်လာမှာပဲ။

​"ငါတို့ လအင်မော်တယ် အကြောင်းပဲ ဆက်ပြောရအောင်။"

​ထန်ထျန်းက ဤစိတ်ဓာတ်ကျစရာ ကောင်းသော အကြောင်းအရာကို ကျော်သွားရန် ဆုံးဖြတ်လိုက်သည်။

​လော့ရှီးက အင်းဟု အသံပြုကာ ဆက်ပြောသည်။ "လအင်မော်တယ်... အဲ့ဒါက ဒဏ္ဍာရီထဲက တည်ရှိမှုတစ်ခုပါ။"

​"တချို့က ပြောကြတာတော့ အကယ်၍ လအင်မော်တယ်ရဲ့ လမ်းညွှန်မှုကိုသာ ရခဲ့ရင် အနာဂတ် ကျင့်ကြံခြင်းလမ်းကြောင်း က ဖြောင့်ဖြူး သွားလိမ့်မယ်တဲ့။"

​"အင်မော်တယ်ဧကရာဇ် အဆင့်ကိုတောင် ကျော်လွန်သွားနိုင်တယ်လို့ ပြောကြတယ်"

​ထန်ထျန်းမှာ ကြားရသည်မှာပင် ထုံထိုင်းသွားသလို ခံစားလိုက်ရသည်။

​အင်မော်တယ်ဧကရာဇ် ဆိုသည်မှာ ထျန်းဖူနန်းတော်၏ ခေါင်းဆောင် ၏ အဆင့် ဖြစ်နေပြီ။

​အင်မော်တယ်ဧကရာဇ်ကို ကျော်လွန်တာလား အဲ့ဒါက ဘာကြီးလဲ

​ဒီလောက်အထိ အဓိပ္ပာယ်မရှိတာမျိုး ရှိနိုင်လို့လား

​သို့သော် ဤကဲ့သို့ဆိုလျှင်လည်း အစောက ဇဝေဇဝါ ဖြစ်ခဲ့သည့်အတိုင်း မေးစရာ ရှိလာပြန်သည်။

​"ထျန်းဖူနန်းတော် တပည့်တွေက အင်မော်တယ်ဧကရာဇ် အထက်အဆင့်က အရာကိုတောင် စိတ်မဝင်စားကြဘူးလား"

ထန်ထျန်းက မေးလိုက်သည်။

​လော့ရှီးက ပြုံးပြီး ခေါင်းခါပြသည်။ "အဲ့ဒါတော့ မဟုတ်ပါဘူး။"

​"အင်မော်တယ်ဧကရာဇ် အထက်အဆင့်ဆိုတာ လူတိုင်းရဲ့ အိပ်မက်ပဲ၊ ဘယ်သူကမှ ဒီလို အခွင့်အရေးမျိုးကို လက်လွှတ်မခံချင်ကြဘူး။"

​"ဒါပေမဲ့ ငါပြောခဲ့သလိုပဲ လအင်မော်တယ်ရဲ့ လမ်းညွှန်မှုဆိုတာက ဒဏ္ဍာရီတစ်ခုသက်သက်ပဲ။"

​"သူမ တကယ်ရှိတယ်ဆိုတဲ့ ခိုင်မာတဲ့ သက်သေအထောက်အထား မရှိဘူး။"

​"တချို့ကလည်း ဒါက စိတ်ကူးယဉ် အိပ်မက်တစ်ခုပဲလို့ ပြောကြတယ်။"

​"ဒါကြောင့် တပည့်အများစုကတော့ သေချာတဲ့ လမ်းစဉ်ကိုပဲ ရွေးချယ်ကြပြီး ငါတို့ ခုနစ်ယောက်ပဲ ဒီလှပတဲ့ အိပ်မက်ကို လိုက်ရှာဖို့ ဆုံးဖြတ်ခဲ့ကြတာ။"

​"မင်းပါ ပေါင်းလိုက်ရင်တော့ ရှစ်ယောက်ပေါ့"

​ထန်ထျန်း ခုမှ နားလည်သွားတော့သည်၊ ဒါက ဒဏ္ဍာရီတစ်ခုပဲကိုး။

​ဟုတ်ပါသည်၊ အင်မော်တယ်ဧကရာဇ် အထက်အဆင့်ကအရာကိုတောင် အထင်မကြီးဘူးဆိုရင် ဒီလူတွေရဲ့ အမြင်က ဘယ်လောက်တောင် မြင့်နေမှာလဲလို့ စဉ်းစားနေမိသေးသည်။

​ဒါပေမဲ့ လော့ရှီးတို့ရဲ့ ဇွဲကိုလည်း သူ နားမလည်နိုင်သေးပေ။

​"ထျန်းဖူနန်းတော် တည်ထောင်ခဲ့တာ နှစ်ပေါင်း ထောင်ချီနေပြီ မဟုတ်လား။"

​"ဒီလောက် နှစ်တွေအကြာကြီး လအင်မော်တယ်က တစ်ခါမှ ပေါ်မလာခဲ့ဘူးဆိုရင် ဒါက သူမ တကယ်မရှိဘူးဆိုတာ ပြနေတာ မဟုတ်ဘူးလား။"

​"မရှိတဲ့ ဒဏ္ဍာရီတစ်ခုအတွက် ဒီမှာ စောင့်နေတာကလည်း ရတာထက် ရှုံးတာ ပိုများမနေဘူးလား"

ထန်ထျန်းက လော့ရှီး ပြောခဲ့သည့် စကားကိုပင် ပြန်သုံးကာ မေးလိုက်သည်။

​သို့သော် လော့ရှီးက ခဏမျှ ဝေခွဲမရဖြစ်သွားပြီးမှ ပြောသည်။ "လုံးဝ ပေါ်မလာဖူးတာတော့ မဟုတ်ပါဘူး။"

​"လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာကျော်လောက်တုန်းက လနန်းတော် ဆင်းသက်လာပြီးတဲ့နောက်မှာ တစ်စုံတစ်ယောက်က အလွန် ထူးခြားတဲ့ အော်ရာ တစ်ခုကို ခံစားမိခဲ့တယ်။"

​"အဲ့ဒီတုန်းက တပည့်တွေ ပြောပြချက်အရဆိုရင် အဲ့ဒါက တစ်ကမ္ဘာလုံးကို လွှမ်းမိုးထားတဲ့ မြင့်မြတ်တဲ့ အော်ရာ မျိုးတဲ့၊ တိုက်ရိုက်တောင် စိုက်မကြည့်ရဲဘဲ အရိုအသေပေးပြီး နာခံနေရရုံပဲ ရှိသတဲ့။"

​"ပြီးတော့ အဲ့ဒီလို နာခံချင်စိတ်က ဝိညာဉ်ရဲ့ နက်ရှိုင်းတဲ့ နေရာကနေ အလိုလို ပေါ်လာတာမျိုးဖြစ်ပြီး ကိုယ့်ရဲ့ ဆန္ဒနဲ့ မဆိုင်ဘူး။"

​"အဲ့ဒီလောက် ဖိအားမျိုးကို ပေးနိုင်တာဆိုလို့ ဒဏ္ဍာရီထဲက လအင်မော်တယ်ပဲ ရှိနိုင်မယ်။"

​ထန်ထျန်း မျက်မှောင်ကြုတ်လိုက်ကာ "ဒါကလည်း လအင်မော်တယ် တကယ်ရှိတယ်လို့ သက်သေမပြနိုင်သေးပါဘူး။"

​လော့ရှီးက ခေါင်းခါလျက် "ဒါပေမဲ့ တစ်ယောက်ကတော့ လမ်းညွှန်မှု ရခဲ့တယ်။"

​"အဲ့ဒီတုန်းက ကောင်းကင်ယံက အမည်မသိ အင်အားက ခဏတာ ပေါ်လာပြီး ကံကောင်းတဲ့ တပည့်တစ်ယောက်ကို ရွေးချယ်ခဲ့တယ်။"

​"ပြီးတော့ သူမက အဲ့ဒီတပည့်ကို နတ်ဘုရားလက်နက် တစ်ခု ချီးမြှင့်ခဲ့တယ်။"

​"အဲ့ဒီလက်နက်ကို ရပြီးတဲ့နောက်မှာ အဲ့ဒီတပည့်က တစ်ရှိန်ထိုး တိုးတက်လာပြီး ပါရမီရှင်အားလုံးကို ကျော်လွန်ကာ ငါးနှစ်အတွင်းမှာပဲ မြင့်မြတ် သားတော် ဖြစ်လာတဲ့ အံ့ဖွယ်သမိုင်းကို ရေးထိုးနိုင်ခဲ့တယ်။"

​"ထျန်းဖူနန်းတော်ရဲ့ သမိုင်းတစ်လျှောက်မှာတောင် သူက အသန်မာဆုံး မြင့်မြတ် သားတော်တွေထဲက တစ်ယောက်ပဲ။"

​ပြောရင်းနှင့် လော့ရှီးက ပြုံးလိုက်ကာ "အဲ့ဒီနှစ်ကစပြီး ဝမ့်ယွဲ့လှိုဏ်ဂူက အရမ်း စည်ကားသွားခဲ့တယ်။ နှစ်တိုင်း ဝမ့်ယွဲ့တောင်ထိပ်ကို တက်နိုင်တဲ့ တပည့်တိုင်းလိုလို ဒီမှာလာပြီး ကျင့်ကြံဖို့ ရွေးချယ်ကြတော့တာပဲ။"

​"အားလုံးက အဲ့ဒီလူလိုမျိုး ကံကောင်း ချင်ကြတာလေ။"

​"ဒါပေမဲ့ ကံမကောင်းတာက လအင်မော်တယ်ဟာ နောက်တစ်ကြိမ် ထပ်ပေါ်မလာတော့ဘူး။"

​"လူတွေရဲ့ စိတ်အားထက်သန်မှုကလည်း တဖြည်းဖြည်း လျော့နည်းသွားပြီး အခုဆိုရင် လူအများစုက လအင်မော်တယ်ကို ဒဏ္ဍာရီတစ်ခုလိုပဲ ပြန်သတ်မှတ်လိုက်ကြပြီ"

​ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်။

​နှစ်ပေါင်း ထောင်ချီမှာ တစ်ခါပဲ ပေါ်ဖူးတာဆိုတော့ လူတွေက သံသယဝင်ကြမှာ အမှန်ပင်။

​"အဲ့ဒီ လအင်မော်တယ်ရဲ့ လမ်းညွှန်မှုကို ရခဲ့တဲ့ တပည့်က ဘယ်သူလဲ။"

​"သူက ဘယ်လို ကံကောင်း မှုမျိုး ရခဲ့တာလဲ"

ထန်ထျန်းက မေးလိုက်သည်။

​လော့ရှီးက ခဏစဉ်းစားပြီး ထန်ထျန်းကို ကြည့်ကာ ပြုံးလိုက်သည်။ "တိုက်ဆိုင်လိုက်တာ၊ အဲ့ဒီလူကလည်း နင့်လိုပဲ အပြင်လောကကနေ ဝင်လာတဲ့သူလို့ ကြားတယ်။"

​"ဒါပေမဲ့ သူ့အခြေအနေက နည်းနည်း ထူးခြားတယ်၊ သူက ထျန်းဖူနန်းတော်မှာ နှစ်အနည်းငယ် နေပြီးမှ ဝမ့်ယွဲ့လှိုဏ်ဂူကို လာပြီး ကျင့်ကြံခဲ့တာ။"

​"သူ့နာမည်က လုမင် တဲ့။"

​"သူရခဲ့တဲ့ နတ်ဘုရားလက်နက်ကတော့ လရောင်တွေ ဖြာထွက်နေတဲ့ ယပ်တောင် တစ်ချောင်းလို့ ပြောကြတယ်"

​ထန်ထျန်းက "ဪ" ဟုသာ ရေရွတ်လိုက်သည်။

​ခဏတာ ပေါ်လာပြီး ယပ်တောင်တစ်ချောင်း ပေးလိုက်ရုံနဲ့ တပည့်တစ်ယောက်ကို သမိုင်းဝင် အသန်မာဆုံး မြင့်မြတ် သားတော် ဖြစ်လာစေတယ်ဆိုရင်တော့...

ဒီလအင်မော်တယ် တကယ်ရှိတယ်ဆိုလျှင် သူမက စိတ်ကူးလို့တောင် မရတဲ့ တည်ရှိမှုမျိုး ဖြစ်နေမှာ သေချာသည်။

​"အဲ့ဒီ လုမင် ဆိုတဲ့လူက အခု ဘယ်မှာလဲ"

ထန်ထျန်းက စပ်စုလိုက်သည်။

​လော့ရှီးက ခေါင်းခါလျက် "မသိတော့ဘူး။"

​"ကြားတာတော့ တစ်ခုခု ဖြစ်ပျက်ခဲ့ပြီး သူက လျှို့ဝှက်စွာ ပျောက်ကွယ်သွားတယ်တဲ့။"

​"ဒါပေမဲ့ ဒါက ထျန်းဖူနန်းတော်မှာရှိတဲ့ သူ့ရဲ့ ဂုဏ်သတင်းကိုတော့ မထိခိုက်စေပါဘူး။ အခုထိ လူအများကြီးက သူ့ကို စံပြပုဂ္ဂိုလ်တစ်ယောက်အနေနဲ့ သတ်မှတ်ထားကြတုန်းပဲ"

​ထန်ထျန်း ခေါင်းငြိမ့်လိုက်သည်။

​လုမင် ဆိုတဲ့လူက ဘယ်သူပဲဖြစ်ဖြစ် သူ သိပ်စိတ်မဝင်စားပေ။

​သူ စိတ်ဝင်စားသည်မှာ သူ့၏ ကျင့်ကြံခြင်းလမ်းခရီးက သူမျှော်လင့်ထားသည့် ထိပ်ဆုံးကို ရောက်နိုင်ပါ့မလား ဆိုသည်သာ ဖြစ်သည်။

​အင်မော်တယ်ဧကရာဇ် အထက်အဆင့်လား

​ထန်ထျန်း မော့ကြည့်လိုက်ရာ ကောင်းကင်ယံတွင် ကြည်လင်တောက်ပနေသော လမင်းကြီးကို မြင်လိုက်ရသည်။

​သူ့ရဲ့ ရည်မှန်းချက်က...

​အဲ့ဒီထက် အများကြီး ပိုဝေးသေးသည်။

All Chapters