← Chapters

ကျန်းကျဲ့ ရောက်လာခြင်း

Vol. 23 Ch. 257

ကျန်းကျဲ့ ရောက်လာခြင်း

Vol. 23 Ch. 257

​တစ်ညတာ အနားယူပြီးနောက် နောက်တစ်နေ့ နံနက်တွင် ထန်ထျန်းက ကုရှောင်းရွှယ်အတွက် ဟင်းပွဲကောင်းများ ပြင်ဆင်ပေးကာ သူမ အင်မော်တယ်အဆင့်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ခြင်းအတွက် ဂုဏ်ပြုလိုက်သည်။

​တကယ်တော့ သူက "ပြင်ဆင်ပေး" ရုံသက်သက်သာ။

​ဟင်းတွေကိုတော့ ရှောင်းရွှယ်က ကိုယ်တိုင်ချက်တာဖြစ်ပြီး သူက ပန်းကန်ထဲ လှလှပပ ထည့်ပေးတဲ့ တာဝန်ပဲ ယူခဲ့တာပါ။

​ဒါလည်း ပြင်ဆင်ပေးတာပဲ မဟုတ်လား။

​ဟင်းလေးမျိုးနဲ့ စွပ်ပြုတ်တစ်ခွက်။ တစ်ခွန်းတည်းနဲ့ အကျဉ်းချုပ်ရရင်

ထင်းမီးနဲ့ချက်တဲ့ ထမင်းက တကယ်ပဲ မွှေးကြိုင်လှပေသည်။

​မနက်စာ စားပြီးနောက် လူတိုင်းက သူတို့ အလုပ်ကိစ္စများဖြင့် လုပ်ရန် ပြင်ဆင်ကြတော့သည်။

​သို့သော် အပြင်မထွက်ရသေးခင်မှာပင် အပြင်ဘက်၌ ဆူညံသံများ ထွက်ပေါ်လာပြီး လူအုပ်ကြီး ဝိုင်းအုံနေသည့်ပုံစံ ဖြစ်နေသည်။

​ခဏအကြာတွင် လီဟုန် အထဲသို့ ပြန်ဝင်လာသည်။

သူ၏ မျက်ခုံးနှစ်ခုကြားတွင် လေးနက်မှုများ အထင်အသား ပေါ်လွင်နေ၏။

​"သခင်လေး... နောက်ထပ် စိန်ခေါ်မယ့်သူ ရောက်လာပြန်ပြီ"

လီဟုန်က ပြောလိုက်သည်။

​ထန်ထျန်းက အေးအေးဆေးဆေးပင် "ဪ" ဟု ရေရွတ်ကာ "အေးအေးချမ်းချမ်း ရှိနေတာ ရက်အနည်းငယ် ကြာပြီဆိုတော့ တစ်ယောက်ယောက်က ပြင်ဆင်ပြီး လာတာလည်း ဖြစ်နိုင်တာပဲ။"

​"ဒီတစ်ခေါက်က ဘယ်လိုလဲ မြေကြီးစာရင်းရဲ့ ထိပ်တန်းလူလား၊ ဒါမှမဟုတ် ကောင်းကင်စာရင်းက လူလား"

​ပြီးခဲ့သည့်တစ်ခေါက် မြေကြီးစာရင်း အဆင့်တစ်ရာအတွင်းရှိ ကောင်းကင်အင်မော်တယ် တစ်ဦးကို သူ အနိုင်ယူခဲ့ပြီးနောက်ပိုင်း သူ့ကို လာရောက်စိန်ခေါ်သူများ ရက်အနည်းငယ်ကြာ တိတ်ဆိတ်သွားခဲ့သည်။

​ကောင်းကင်အင်မော်တယ် အဆင့်တောင်မှ အရှက်တကွဲ ရှုံးနိမ့်ပြီး ထန်ထျန်း၏ လှိုဏ်ဂူရှေ့မှာ သွေးတွေအန်ကာ ဒူးထောက်ခဲ့ရသည်ကို မြင်ပြီးနောက် အခြားသူများက သူတို့၏ ခွန်အားကို သေချာ ပြန်လည်တွက်ချက်နေကြခြင်း ဖြစ်ပေမည်။

​၎င်းအပြင် မြေကြီးစာရင်း ထိပ်တန်းလူများနှင့် ကောင်းကင်စာရင်းဝင် ပါရမီရှင်များက အလွန် နာမည်ကြီးသူများ ဖြစ်ကြသည်။

အကယ်၍ သူတို့ ရှုံးနိမ့်ခဲ့လျှင် သူတို့၏ ဂုဏ်သိက္ခာကို ကြီးမားစွာ ထိခိုက်စေနိုင်သည်။

​ထို့ကြောင့် ထန်ထျန်းကို အနိုင်ယူနိုင်မည့် ခိုင်မာသော ယုံကြည်ချက် မရှိဘဲနှင့်တော့ သူတို့ ဇွတ်အတင်း ထွက်လာကြလိမ့်မည် မဟုတ်ပေ။

ယနေ့ တစ်ယောက်ယောက် ရောက်လာသည်ဆိုလျှင်တော့ သေချာပေါက် ပြင်ဆင်လာခြင်း ဖြစ်ရမည်။

​"ကောင်းကင်စာရင်းက လူပါပဲ။"

​"ဒါ့အပြင် အဆင့်ကလည်း အရမ်းမြင့်တယ်၊ အခု လောလောဆယ် အဆင့် (၁၁) မှာ ရှိနေတဲ့သူပါ"

​လီဟုန်က ဆက်ပြောသည်။ "သူ့နာမည်က ဟွမ်ရှစ်ယွီ တဲ့၊ အပြင်လောကမှာတော့ သူ့ကို သခင်လေးယွီ လို့ ခေါ်ကြတယ်။"

​"သူ့ရဲ့ ခွန်အားက ဆန်းကြယ်အင်မော်တယ် အဆင့်ကို ကျော်ဖြတ်ထားပြီးပြီ၊ အခုဆိုရင် ဆန်းကြယ်အင်မော်တယ် အလယ်အလတ်အဆင့် လောက် ရှိနေပြီ။ တာအိုကျင့်စဉ် တွေနဲ့ အင်မော်တယ် စွမ်းရည်တွေမှာလည်း အထွတ်အထိပ် ရောက်နေတဲ့သူပါ။"

​"ဒါ့အပြင် သူက အဆင့်မနိမ့်တဲ့ ထူးခြားတဲ့ ခန္ဓာ တစ်ခုကိုလည်း ပိုင်ဆိုင်ထားပုံရတယ်၊ သူနဲ့ တိုက်ခိုက်ဖူးတဲ့သူတိုင်းက အဲ့ဒါကို တော်တော်လေး လက်ပေါက်ကပ်တယ်လို့ ပြောကြတယ်"

​ထန်ထျန်း ချက်ချင်း စိတ်ဝင်စားသွားသည်။

​အားနည်းသူ တွေကို နှိပ်ကွပ်ရတာ ပျော်ဖို့ကောင်းပေမဲ့ များလာရင်တော့ ပျင်းစရာကောင်းလာသည်။

​ဆန်းကြယ်အင်မော်တယ် အလယ်အလတ်အဆင့်၊ နက်နဲတဲ့ တာအိုကျင့်စဉ် ၊ နောက်ပြီး ထူးခြားတဲ့ ခန္ဓာ။

ဒီလို ပြိုင်ဘက်မျိုးဆိုရင်တော့ တစ်ဖက်သတ်တော့ ဖြစ်မနေတော့ဘူးပေါ့။

​သို့သော် လီဟုန်ကတော့ အနည်းငယ် စိုးရိမ်နေသည့် ပုံစံရှိသည်။

​"ဘာဖြစ်လို့လဲ"

ထန်ထျန်းက မေးလိုက်သည်။

​လီဟုန်က မျက်မှောင်ကြုတ်ကာ "ကျွန်တော် အတွေးလွန်နေတာလားတော့ မသိဘူး။"

​"ဒီ သခင်လေးယွီ ဆိုတဲ့သူက ထျန်းဖူနန်းတော်ထဲက အရမ်း အင်အားကြီးတဲ့ အင်အားစု တစ်ခုကနေ လာတာပါ။"

​"တိုက်ပွဲသူတော်စင်မျှော်စင်"

​ထန်ထျန်း မျက်ခုံးပင့်လိုက်မိသည်။

​ဒီနာမည်ကို သူ မှတ်မိနေသည်။

ပိုင်တိမြို့ မှာတုန်းက ထျန်းဖူနန်းတော်က လူ တစ်ယောက်နဲ့ သူ အဆင်မပြေ ဖြစ်ခဲ့ဖူးသည်။ ထိုသူ ရှိသည့် အင်အားစု မှာ တိုက်ပွဲသူတော်စင်မျှော်စင် ပင် ဖြစ်သည်။

​ထို့ပြင် ထျန်းဖူနန်းတော်ကို ရောက်လာပြီးနောက် ပိုင်နိုယီကလည်း သူ့ကို သတိပေးခဲ့ဖူးသည်။ ကျန်းကျဲ့ ဆိုသူက သူ့ကို ပညာပေးရန် နည်းလမ်းရှာနေနိုင်ကြောင်း ပြောခဲ့သည်။

​"ဖြစ်နိုင်ခြေ အများဆုံးကတော့ သူပဲပေါ့။"

ထန်ထျန်းက ပြောလိုက်သည်။

​မဟုတ်လျှင်တော့ လက်ရှိ အခြေအနေအရ ကောင်းကင်စာရင်း အဆင့် (၁၁) ရှိသူက သူ့ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်စိန်ခေါ်ရန် အကြောင်းမရှိပေ။

​ဘာလို့လဲဆိုတော့ ထန်ထျန်းက မြေကြီးစာရင်း အဆင့် ၁၀၀ ထဲက လူတစ်ယောက်ကိုပဲ အနိုင်ယူထားသေးတာ ဖြစ်လို့ သူ့ကို အနိုင်ယူလိုက်ရုံနဲ့ နာမည်ကြီးလာမှာ မဟုတ်ပေ။

အကယ်၍ မတော်တဆ ရှုံးနိမ့်သွားခဲ့ရင်တော့ တစ်ခါတည်း အနက်ဆုံးချောက်ထဲကို ပြုတ်ကျသွားနိုင်တာလေ။

​"ရပါတယ်၊ လာတာ အချိန်ကိုက်ပဲ။"

​"တကယ်လို့ ကျန်းကျဲ့ ဆိုတဲ့ ကောင်သာ ဖြစ်ခဲ့ရင် အဲ့ဒီတုန်းက ရန်ကြွေးကို တစ်ခါတည်း ရှင်းပစ်လို့ရတာပေါ့။"

​"သူက ငါ့ကိုကြည့်ပြီး မကျေနပ်ဘူးဆိုတော့ ငါကရော သူ့ကိုကြည့်ပြီး ကျေနပ်နေမယ်လို့ သူ ထင်နေတာလား"

ထန်ထျန်းက ဂရုမစိုက်သလို ပြောလိုက်သည်။

​လီဟုန်က သက်ပြင်းအသာချကာ "သူက ဒီအခွင့်အရေးကိုသုံးပြီး တခြား လှည့်ကွက်တွေ ထပ်လုပ်လာမှာကို ကျွန်တော် စိုးရိမ်တာပါ။"

​"ထျန်းဖူနန်းတော်က ယေဘုယျအားဖြင့် စည်းကမ်းလိုက်နာကြပေမဲ့ စည်းကမ်းကို ချိုးဖောက်မယ့်သူတွေ အမြဲရှိတာပဲ။"

​"အင်အားစု က ပိုပြီး အင်အားကြီးလေ၊ ဒီလိုလူတွေ ရှိဖို့ ပိုသေချာလေပဲ"

​ထန်ထျန်းက ခေါင်းခါလျက် မတ်တပ်ထရပ်လိုက်သည်။

​"ငါတို့ ဒီလမ်းကို ရွေးချယ်ပြီးကတည်းက ဒီလိုကိစ္စတွေနဲ့ ကြုံတွေ့ရမှာပဲ။"

​"အခု မကြုံရရင်လည်း နောက်ပိုင်း ကြုံရမှာပဲလေ။"

​"စစ်သည်လာရင် စစ်သူကြီးနဲ့ တားမယ်၊ ရေလာရင် မြေကြီးနဲ့ ပိတ်မယ်။" (ဘာပဲလာလာ ရင်ဆိုင်မယ်)

​"သွားကြစို့... ဒီဒဏ္ဍာရီ သခင်လေးယွီ ဆိုတဲ့သူကို သွားတွေ့ကြည့်ရအောင်"

​ပြောပြီးနောက် ထန်ထျန်းက အပြင်သို့ ထွက်လာခဲ့သည်။

​တစ်ချိန်တည်းမှာပင် ထန်ထျန်း၏ လှိုဏ်ဂူအပြင်ဘက်၌

​အနီရောင်ရင့်ရင့် ဝတ်စုံများ ဝတ်ဆင်ထားသည့် လူတစ်စုက ထန်ထျန်း၏ လှိုဏ်ဂူတံခါးရှေ့တွင် ရပ်နေကြသည်။

သူတို့၏ အော်ရာ မှာ အလွန်ပင် ခန့်ညားထည်ဝါပြီး ဖိအားပေးနိုင်စွမ်း အပြည့်ရှိလှသည်။

​အခြားတစ်ဖက်တွင်မူ ဝမ့်ယွဲ့လှိုဏ်ဂူမှ တပည့်များစွာ ဝိုင်းအုံကြည့်နေကြသည်။

ထန်ထျန်းကို လာရောက်စိန်ခေါ်သည်ကို ကြည့်ရခြင်းမှာ သူတို့အတွက် ဤနေရာတွင် အကြီးမားဆုံး ဖျော်ဖြေရေး ဖြစ်နေသည်။

​"ဒီတစ်ခေါက် လာတာ ဘယ်သူလဲဟ၊ ကြည့်ရတာ အတော်လေး ဟိတ်ဟန် ကြီးမားပုံပဲ"

အသစ်ရောက်လာသည့် တပည့်အချို့က မေးလိုက်ကြသည်။

​သို့သော် သူ မေးလိုက်သည့်လူက မျက်နှာပျက်သွားပြီး အသံကျယ်ကျယ် မပြောရန် အချက်ပြလိုက်သည်။

​"မင်း ရူးနေတာလား"

​"သူတို့ ဝတ်စုံနဲ့ ခါးက တံဆိပ်ပြားတွေကို ကြည့်ဦး"

​ထိုတပည့် သေချာ ကြည့်လိုက်ရာ ချက်ချင်း မှင်တက်သွားမိသည်။

​"ဟာ... တိုက်ပွဲသူတော်စင်မျှော်စင် လား"

​"သူတို့က ထန်ထျန်းကို ဒီလောက်တောင် မကြည့်ရ ဖြစ်နေကြတာလား၊ အုပ်လိုက်ကြီး လာကြတာပဲ။"

​"ဒါဆို ထန်ထျန်းကို စိန်ခေါ်မယ့်သူက ဘယ်သူလဲ... ငါ ကြည့်ဦးမယ်။"

​"ဘုရားရေ... သခင်လေးယွီ ပါလား"

​သူက ထိတ်လန့်တကြား အော်ဟစ်မိသွားပြီး သူ၏ မျက်နှာမှာ မယုံနိုင်စရာ ဖြစ်နေသည်။

အခြားတပည့်များ၏ တုံ့ပြန်မှုမှာလည်း ထိုနည်းတူပင် ဖြစ်သည်။

​"သခင်လေးယွီ က ထန်ထျန်းကို လာစိန်ခေါ်တယ် ဟုတ်လား ဒါ ဘာတွေ ဖြစ်နေတာလဲ"

​"သူက ကောင်းကင်စာရင်း အဆင့် (၁၁) မှာ ရှိတဲ့ ပါရမီရှင်လေ"

​"ဒါက စောလွန်းနေပြီ မဟုတ်ဘူးလား ငါ ထင်ထားတာကတော့ ထန်ထျန်းအနေနဲ့ ကောင်းကင်စာရင်းက လူအချို့ကို အရင် အနိုင်ယူပြီးမှ သူ ထွက်လာလိမ့်မယ်လို့ ထင်ထားတာ။"

​"ဘယ်သူသိမှာလဲ၊ ထန်ထျန်း ပြောလိုက်တဲ့ စကားတစ်ခွန်းက သူ့ကို ဒေါသထွက်သွားစေလို့လည်း ဖြစ်မှာပေါ့။"

​"ဒီတစ်ခါတော့ သွားပါပြီ၊ နောက်ဆို ကြည့်စရာ ဖျော်ဖြေရေး ရှိတော့မှာ မဟုတ်ဘူး။"

​"ထန်ထျန်း ဘယ်လောက်ပဲ သန်မာပါစေ၊ သခင်လေးယွီ ရဲ့ ပြိုင်ဘက်တော့ မဖြစ်နိုင်ဘူးလေ"

​လူအများမှာ အမျိုးမျိုး ဝေဖန်ပြောဆိုနေကြသော်လည်း အသံကျယ်ကျယ်တော့ မပြောရဲကြသဖြင့် တီးတိုးတီးတိုးဖြင့်သာ ပြောနေကြသည်။

သခင်လေးယွီ ရောက်လာခြင်းကို သူတို့ အလွန် အံ့သြနေကြသော်လည်း ထန်ထျန်း ဆက်လက် အနိုင်ရလိမ့်မည်ဟု ယူဆသူ တစ်ဦးမျှ မရှိပေ။

​လူအုပ်ကြားထဲတွင် ဝမ်ရှို့လည်း ရောက်နေသည်။

တိုက်ပွဲသူတော်စင်မျှော်စင် က လူတွေကို ကြည့်ရင်း သူ၏ နှုတ်ခမ်းထောင့်တွင် အာဃာတ ပြေပျောက်သွားသည့် အပြုံးတစ်ခု ပေါ်လာသည်။

​နောက်ဆုံးတော့ ဒီမောက်မာတဲ့ ကောင်ကို နှိမ်နင်းပေးမယ့်သူ ပေါ်လာပြီ။

​ဆူညံနေသော အသံများကြားတွင် လှိုဏ်ဂူတံခါးမှာ ဖြည်းညှင်းစွာ ပွင့်လာပြီး ထန်ထျန်း၏ ပုံရိပ်က အပြင်ဘက်သို့ ထွက်ပေါ်လာသည်။

​သူ အပြင်သို့ လှမ်းထွက်လိုက်သည်နှင့် တစ်ဖက်တွင် ရှိနေသော ခန့်ညားထည်ဝါလှသည့် လူအုပ်ကြီးကို မြင်လိုက်ရသည်။

ထို့ပြင် လူအုပ်၏ အရှေ့ဆုံးတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုကိုလည်း တွေ့လိုက်ရသည်။

​ထိုသူကား ကျန်းကျဲ့ ပင် ဖြစ်သည်။

သူ တကယ်ပဲ ရောက်လာခဲ့သည်။

​"ထန်ထျန်း... မတွေ့တာ ကြာပြီနော်"

ကျန်းကျဲ့က စတင် စကားပြောလိုက်သည်။

​လူအုပ်ထဲတွင် ရှိနေသော လုရှီမှာ ခဏမျှ ကြောင်အသွားပြီးနောက် မျက်နှာပျက်ပျက်ဖြင့် ပြုံးလိုက်မိသည်။

​ကောင်းပါပြီ... ဒီဆရာကတော့ ထျန်းဖူနန်းတော်ထဲမှာ ဘယ်သွားသွား ရင်းနှီးတဲ့သူတွေနဲ့ပဲ တွေ့နေပါလား။

တိုက်ပွဲသူတော်စင်မျှော်စင် က လူတွေကိုတောင် သိနေတာပဲ။

​"ဪ... အရှင် ကျန်း ပါလား။"

​"ခင်ဗျားက တကယ်ကို ယဉ်ကျေးလွန်းတာပဲ။"

​"ငါတို့ ဆက်ဆံရေးက အဲ့ဒီလောက်ကြီး မကောင်းပါဘူး၊ ဒါပေမဲ့ ခင်ဗျားက ငါ့ကို ကြိုဆိုဖို့ ဒီလောက် လူအင်အားကြီးနဲ့ လာလိမ့်မယ်လို့ မထင်ထားဘူး။"

​"တကယ်ကိုပဲ ငါ့ကို အားနာစရာကြီး ဖြစ်အောင် လုပ်နေတာပဲ"

​ထန်ထျန်းက အနည်းငယ်မျှ စိုးရိမ်ထိတ်လန့်ခြင်း မရှိဘဲ ပြုံးလျက် ပြောလိုက်သည်။

​ကျန်းကျဲ့က အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး "ထန်ထျန်း... မင်းက ဂုဏ်တက်ပြီး မောက်မာနေတာပဲလို့ ငါ အရင်က ထင်ခဲ့တာ။"

​"ဒါပေမဲ့ မင်းက တကယ့်ကို အသိတရားမရှိဘဲ ကြောက်ရွံ့မှု ကင်းမဲ့နေတာပဲ"

​"ထျန်းဖူနန်းတော်ကို ရောက်လာတာတောင် ဒီလောက်အထိ မောက်မာရဲသေးတယ်လား"

​"ဘယ်သူက မင်းကို ဒီလောက် သတ္တိတွေ ပေးထားတာလဲ"

​ထန်ထျန်းက သဘောကျစွာ ပြုံး လိုက်သည်။

​"ငါလည်း အေးအေးဆေးဆေး နေချင်တာပဲ၊ ဒါပေမဲ့ ငါ့ရဲ့ ခွန်အားက ခွင့်မပြုလို့ပါ။"

​"ဒါနဲ့ ပြောရဦးမယ်... အဲ့ဒီတုန်းက ရှောင်းရွှယ်ကို ခင်ဗျားတို့ တိုက်ပွဲသူတော်စင်မျှော်စင် ဆီ ကြိုပြီး မထည့်လိုက်တာ ငါ တကယ်ပဲ ဝမ်းသာမိတယ်။"

​"ခင်ဗျားတို့ရဲ့ စီစဉ်မှုတွေက ကြည့်ရတာ သိပ်ပြီးတော့ အထင်ကြီးစရာ မရှိဘူးပဲ"

​ကျန်းကျဲ့၏ မျက်နှာမှာ ချက်ချင်းပင် မည်းမှောင်သွားတော့သည်။

All Chapters