← Chapters

သေခြင်းရှင်ခြင်း

Vol. 28 Ch. 391

သေခြင်းရှင်ခြင်း

Vol. 28 Ch. 391

အခန်း (၃၉၁) သေခြင်းရှင်ခြင်း

ရန်ကျောက်ကဲက လင်ကျိုးကို မျက်ခုံးတစ်ချက်ပင့်ကာ ကြည့်ရင်း...

“ဒီ ငွေရောင်လျှပ်စီးက...”

လင်ကျိုးကတော့ ရန်ကျောက်ကဲ ညာဘက်မျက်လုံးဆီမှ မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို စူးစိုက်ကြည့်နေသည်။ ပကတိမိုးကြိုးစွမ်းအား အသုံးပြုလိုက်သဖြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းက ရောင်ဝါများ မှေးမှိန်းလျှက်ရှိသည်။

“အထွတ်ထိပ်မှော်ဝင်ပစ္စည်းအပိုင်းအစက တကယ်အစွမ်းထက်တာပဲ ၊ အပိုင်းအစနှစ်ခု ပေါင်းစပ်ထားတာဆိုပေမယ့် စွမ်းအားမြင့်မားတဲ့တိုက်ခိုက်မှုတွေကို ထုတ်လွှတ်ပေးနိုင်ဆဲပဲ ၊ ဟုတ်တယ်မလား”

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို အသုံးပြုပြီး ရန်ကျောက်ကဲ အောင်ပွဲရသည့်သတင်းများကိုကြားရတိုင်း လင်ကျိုးမှာ သွေးအန်လုမတတ် ခံစားရသည်။

ယနေ့လည်း ကြိုတင်ပြင်ဆင်မှုများကိုသာ ပြုလုပ်မထားပါက လင်ကျိုးအနေဖြင့် မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစကို ရင်ဆိုင်ရဲမည် မဟုတ်ပေ။ ထို့အတူ ရန်ကျောက်ကဲသည်လည်း သူ့ကိုဝိုင်းရံခံထားရခြင်းကို ချိုးဖျက်ပြီး လွတ်မြောက်သွားမည်သာပင်။

ယခုတော့ လင်ကျိုးက ရန်ကျောက်ကဲသွားမည့်လမ်းကို ကောင်းကင်မိုးကြိုးစိမ်းအရံအတား အသုံးပြုကာ ပိတ်ဆို့ထားသည်။ ထိုအရံအတားကို ဖိအားပေးချိုးဖျက်ရန် ကြိုးစားမည်ဆိုပါက အချိန်လိုအပ်မည်ဖြစ်ပြီး သူ့နောက်မှ မီးတောက်မိစ္ဆာများကလည်း နီးကပ်လာနေပေပြီ။

မိုးကြိုးဧကရာဇ်မျက်လုံးအပိုင်းအစ ငြိမ်သက်သွားသည်နှင့် ခြေထောက်လေးချောင်းနှင့် လက်ရှစ်ဖက်ရှိသော မဟာမီးတောက်မိစ္ဆာကြီးက ရန်ကျောက်ကဲကို ဆက်လက်တိုက်ခိုက်ရန် ဦးတည်ဝင်ရောက်လာသည်။

သူတို့ဦးခေါင်းအပေါ်ဘက်တွင် ကောင်းကင်မိုးကြိုးစိမ်းအရံအတားက ပိတ်ဆို့ထားလေရာ ရန်ကျောက်ကဲက အားဟူနှင့် ပန်ပန်ကို အောက်ဘက်သို့ တွန်းထုတ်လိုက်ပြီး သူကတော့ မဟာမီးတောက်မိစ္ဆာကြီး၏ တိုက်ခိုက်မှုကို ခုခံလိုက်သည်။

စောစောက ရန်ကျောက်ကဲ၏ ပကတိမိုးကြိုးစွမ်းအားဖြင့် ရိုက်ခတ်ခံရမှုကြောင့် သူတို့အောက်ဘက်ရှိ ရေအောက်ကျောက်တောင်တန်း အစိတ်အပိုင်းများ ပြိုကျနေပြီး ကျောက်တုံးကျောက်ခဲများ ကျိုးပဲ့လွင့်ပျံလျှက် ရှိသည်။ ရေအောက်ကြမ်းပြင်အက်ကွဲကြောင်းများမှ မီးတောက်များထွက်ပေါ်လာပြီး အခြေအနေများက ရှုတ်ထွေးကာ မြင်ကွင်းများလည်း ဝေဝါးလျှက် ရှိသည်။

ရန်ကျောက်ကဲက ရေအောက်ကြမ်းပြင်အက်ကွဲကြောင်းများမှ ထွက်ပေါ်လာသည့် မီးတောက်များကို ရှောင်တိမ်းရင်း လွင့်စင်လာသော ရွှံနွံနှင့် ကျောက်တုံးအပိုင်းအစများကို ဖြတ်ကျော်ကာ အောက်ဘက်သို့ ထိုးဆင်းသွားသည်။

ခြေလေးချောင်း လက်ရှစ်ဖက်ရှိသည့် မဟာမီးတောက်မိစ္ဆာကြီးက သူ့နောက်သို့ တောက်လျှောက်လိုက်လာကာ ပြင်းထန်သော မီးလျှံများထုတ်လွှဝ်လျှက် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေသည်။

လင်ကျိုး အောက်သို့ ငုံ့ကြည့်လိုက်သော်လည်း မည်သည့်အရာကိုမှ ရှင်းရှင်းလင်းလင်း မတွေ့မြင်ရပေ။

သို့သော် သူက တည်ငြိမ်စွာဖြင့်...

“ဒီကျောက်တောင်တန်းတွေကလွဲပြီး နေရာတိုင်းက ရေအောက်ပကတိမီးသွေးကြောတွေအားလုံး ပေါက်ကွဲထွက်နေကြတယ် ၊ ဆိုတော့... မြေအောက်ထဲဝင်လို့ရတဲ့ မင်းရဲ့ ဟိုရတနာပစ္စည်းကိုလည်း သုံးလို့ရမှာ မဟုတ်ဘူး”

သူက ဆက်ပြောသည်။

“ဒီ ရေအောက်ကျောက်တောင်တန်းတွေတလျောက် ထွက်ပြေးဖို့ ကြိုးစားမယ်ဆိုရင်တော့ မင်း နေ့ခင်းကြောင်တောင် အိပ်မက်မက်နေတာပဲ”

ရန်ကျောက်ကဲက ပြိုကျနေသည့် ကျောက်တောင်တန်းများအတိုင်း ပင်လယ်ရေနက်ထဲသို့ ဆင်းသက်လာသည်။ သို့သော် ကောင်းကင်မိုးကြိုးစိမ်းအရံအတားက သူတို့ ဦးခေါင်းထက်တွင်သာမက သူတို့ ခြေထောက်အောက်ရှိ ကျောက်သားမြေပြင်ကိုပါ လွှမ်းခြုံထားကြောင့် လျှင်မြန်စွာ သိရှိလိုက်သည်။

ကျောက်တောင်တန်းများကို ချိုးဖျက်လိုက်သည်နှင့် များပြားလှစွာသော အစိမ်းရောင်မိုးကြိုးအလွှာများပေါ်လာပြီး ရှေ့ဆက်သွားမည့်လမ်းကို ပိတ်ဆို့ထားလိုက်သည်။

သာမန်ဆိုလျှင် ထိုအရံအတားက ဘာမှမရှိသလို ထင်မှတ်ရသော်လည်း တစ်စုံတစ်ယောက် အနားရောက်လာသည်နှင့် စတင်အသက်ဝင်လာသည်ပင်။

များပြားလှစွာသော အစိမ်းရောင်လျှပ်စီးများက အပေါ်ဘက်ရော အောက်ဘက်တွင်ပါ လွင့်ပျံလျှက် ရှိသည်။ ရန်ကျောက်ကဲက သွေးမိစ္ဆာချပ်ပြားအသုံးပြုကာ အရံအတားကို ချိုးဖျက်ရန် ကြိုးစားလိုက်သည်။ သို့သော် အရံအတားထဲတွင် လင်ကျိုးက ‘ယင်ယန်ကွင်းဆက်အတားအဆီး’ အား ပေါင်းစပ်ထည့်သွင်းထားသဖြင့် အဆုံးမရှိသော လျှပ်စီးကြောင်းများပမာ လှည့်ပတ်နေပြီး ချိုးဖျက်မရနိုင်ခဲ့ပေ။

‘သွေးမိစ္ဆာချပ်ပြား’ ဆိုသည်က အတားအဆီးများကိုချိုးဖျက်ရာတွင် အသုံးပြုရန် အထူးပြုလုပ်ထားသည့် ပစ္စည်းတစ်ခု ဖြစ်၏။ သို့ပေသိ ဤအရံအတားကို ချိုးဖျက်ရန်ကတော့ အတော်လေး အချိန်ယူရပေမည်။

စိတ်မကောင်းစရာမှာ သူ့နောက်မှ မီးတောက်မိစ္ဆာကြီးလိုက်လာကြသဖြင့် ရန်ကျောက်ကဲအတွက် အချိန်မလုံလောက်တော့ပေ။

ခြေထောက်လေးချောင်း ၊ လက်ရှစ်ဖက်ရှိသော မဟာမီးတောက်မိစ္ဆာကြီးက ရန်ကျောက်ကဲကို လိုက်မီလာပြန်သည်။ သူက လက်ရှစ်ဖက်ကို ဝှေ့ယမ်းရင်း မီးလျှံလှံရှည်ရှည်များ အဆက်မပြတ်ထုတ်လွှတ်လျှက် ရန်ကျောက်ကဲကို မီးပိုက်ကွန်ထဲသို့ ကျရောက်စေရန် ကြိုးစားနေသည်။

ထို မဟာမီးတောက်မိစ္ဆာကြီးနောက်မှ အခြားမီးတောက်မိစ္ဆာများစွာလည်း လိုက်ပါလာလေ၏။

လင်ကျိုးနှင့် အခြားသူများမှာလည်း လူသားသိုင်းကျင့်ကြံသူများ ဖြစ်ကြသည့်တိုင် မီးတောက်မိစ္ဆာများက ရန်ကျောက်ကဲကို ပိုပြီး အငြိုးထားကြသည်။ အဘယ်ကြောင့်ဆိုသော် ရန်ကျောက်ကဲတွင် မီးတောက်မိစ္ဆာဧကရာဇ်ချန်ထားခဲ့သော လက်စွပ် ရှိနေသောကြောင့်ပင်။

မီးတောက်မိစ္ဆာဘုရင် ‘ချန်ဟွမ်’ သေဆုံးသွားပြီဖြစ်သော်လည်း ရန်ကျောက်ကဲ၏ အသွင်အပြင်နှင့် အငွေ့အသက် ၊ သိုင်းပညာများအားလုံးကို အခြားမီးတောက်မိစ္ဆာများထံ သတင်းပို့ထားပြီးသားဖြစ်သည်။ ထို့ကြောင့် ရန်ကျောက်ကဲက သူတို့ကို ပိုပြီးဆွဲဆောင်နိုင်နေခြင်း ဖြစ်၏။

သို့သော်...

ထိုအချိန်တွင် ထိုအချိန်မှာပင် ရေအောက်ကျောက်တောင်တန်းများအလယ်ဗဟိုရှိ ချောက်နက်ကြီးဆီမှ မီးတောက်များ တဟုန်းဟုန်းတောက်လောင်လာသည်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင် ထိုချောက်နက်ကြီးအတွင်းသို့ဆင်းသွားသော မီးငှက်သဏ္ဌန် မဟာမီးတောက်မိစ္ဆာကြီးထံမှ စူးစူးဝါးဝါး အော်ဟစ်သံတစ်ချက် ထွက်ပေါ်လာသည်။

ထိုအော်ဟစ်သံထဲတွင် ဒေါသနှင့် ထိတ်လန့်အခြင်းအပြင် အကြောက်တရားများကိုလည်း ရှင်းရှင်းလင်းလင်း ခံစားရသည်။

ရန်ကျောက်ကဲနှင့် အခြားသူများက မီးတောက်မိစ္ဆာဘာသာစကားကို နားမလည်ကြသော်လည်း ချောက်နက်ကြီးအပြင်ဘက်တွင်ရှိနေသော မီးတောက်မိစ္ဆာများအားလုံးက ထိုမီးတောက်မိစ္ဆာကြီး၏ အော်ဟစ်သံကို ကောင်းကောင်းနားလည်ကြသည်။

ချက်ချင်းဆိုသလိုပင် မီးတောက်မိစ္ဆာများအားလုံး မျက်နှာပျက်သွားကြသည်။

ထို့နောက် ချောက်နက်ကြီးက ပြင်းထန်စွာ လှုပ်ခတ်လာ၏။

မြေအောက်နက်ရှိုင်းရာမှ ‘ပကတိမီးသွေးကြော’ လှုပ်ခတ်လာပြီး နဂိုက ငြိမ်သက်နေသော ရေအောက်ကျောက်တောင်တန်းများက ပေါက်ကွဲထွက်တော့မည့်အလား ထင်မှတ်ရသည်။

ထူးခြားသည်မှာ ချောက်နက်ကြီးတုန်လှုပ်လားသည်နှင့် ပတ်ဝန်းကျင်မီးတောက်ပင်လယ်ကြီးက ရုတ်တရက် အားပျော့သွားခြင်းပင်။

ရေအောက်ကြမ်းပြင်ထက်စီးဆင်းနေသည့် ချော်ရည်ပူများ ရပ်တန့်သွားပြီး မြေပြင်အက်ကြောင်းများမှ ထွက်ပေါ်နေသည့် မီးတောက်များသည်လည်း တဖြည်းဖြည်း ငြိမ်သက်စပြုလာသည်။

အရှေ့ပင်လယ်တစ်ခုလုံး မီးလျှံများ ဖုံးလွှမ်းနေဆဲ ဖြစ်သည့်တိုင် ရေအောက်ကျောက်တောင်တန်းပတ်ဝန်းကျင်တွင် ပေါက်ကွဲထွက်နေသည့် ‘ပကတိမီးသွေးကြော’ များက စတင်တည်ငြိမ်လာသည်။

ရေအောက်ကျောက်တောင်တန်းတစ်ခုလုံးက တည်ငြိမ်နေဆဲ ဖြစ်သော်လည်း အလယ်ဗဟိုတွင်ရှိသော နက်ရှိုင်းသည့်ချောက်နက်ကြီးကတော့ ပြင်းထန်စွာ တုန်လှုပ်နေပေ၏။

အလွန်တရာ ထိတ်လန့်တုန်လှုပ်နေသော မဟာမီးတောက်မိစ္ဆာ မီးငှက်ကြီးက ချောက်နက်ကြီးအတွင်းမှ ပြေးထွက်လာရန် ကြိုးစားနေသည်။

သို့သော် ရုန်းမထွက်နိုင်ခင်မှာပင် ချောက်နက်ကြီးအတွင်းမှ ပြင်းထန်သောစုပ်ယူစွမ်းအားတစ်ခု ထွက်ပေါ်လာပြီး မီးငှက်ကြီးကို အောက်သို့ဆွဲချသွားသည်။

မီးငှက် မဟာမီးတောက်မိစ္ဆာကြီးက မရပ်မနားအော်ဟစ်ကြုံးဝါးနေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပေ။

အခြားမီးတောက်မိစ္ဆာများက မြင်ကွင်းကို တုန်လှုပ်စွာကြည့်နေကြစဉ် ချောက်နက်ကြီးအတွင်းမှ ကြောက်မက်ဖွယ်ရာ ရေဝဲဂယက်ကြီးတစ်ခု ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။

ထိုရေဝဲဂယက်ကြီးက အထက်သို့မြင့်တက်လာပြီး ပတ်ဝန်းကျင်မှအရာအားလုံးကို ချောက်နက်ကြီးအတွင်းသို့ စုပ်ယူဆွဲသွင်းသွားသည်။

အထဲတွင်ပိတ်မိနေသည့် မဟာမီးတောက်မိစ္ဆာကြီးက မရပ်မနား ရုန်းကန်နေသော်လည်း သူကြိုးစားသမျှ အရာမထင်ဘဲ ကူရယ်ကယ်ရာမဲ့စွာဖြင့်ပင် ရေဝဲဂယက်ကြီးထဲ နစ်မြုပ်သွားတော့၏။

ထိုမြင်ကွင်းကိုကြည့်ရင်း မီးတောက်မိစ္ဆာများအားလုံး အလွန်အမင်း ထိတ်လန့်သွားကြသည်။ အချို့က မဟာမီးတောက်မိစ္ဆာကြီးကို ကူညီချင်ကြပြီး ၊ အချို့ကတော့ ထွက်ပြေးချင်ကြသည်။ အချို့က ရေဝဲဂယက်ကြီးကို ထိုးနှက်တိုက်ခိုက်ရန်ကြိုးစားကြပြီး အချို့ကတော့ ဒေါသအမျက်များပြင်းထန်လာပြီး ရန်ကျောက်ကဲနှင့် လင်ကျိုးတို့ကို ကမူးရှူးထိုးဖြင့် ဝင်ရောက်တိုက်ခိုက်ကြသည်။

ရေအောက်ကျောက်တောင်တန်းအနီးပတ်ဝန်းကျင်တစ်ခုလုံး အခြေအနေက ပရမ်းပတာဖြစ်လျှက်ရှိသည်။

ခြေလေးချောင်းနှင့် လက်ရှစ်ဖက်ပါရှိသော မဟာမီးတောက်မိစ္ဆာကြီးက ရန်ကျောက်ကဲကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ သူက အခြားကိစ္စများကို အရေးမစိုက်ဘဲ ရန်ကျောက်ကဲကိုသာ အာရုံစိုက်နေသည်။ သူ့မျက်ဝန်းများက ဒေါသကြောင့်မီးဝင်းဝင်းတောက်နေပြီး သတ်ဖြတ်လိုသောအငွေ့အသက်များက ပိုမိုပြင်းထန်လျှက် ရှိ၏။

ထိုအချိန် ရေအောက်ကျောက်တောင်တန်းကြီးက တဖြည်းဖြည်းအက်ကွဲလာပြီး မြေအောက်မီးတောက်များ စတင်လောင်ကျွမ်းလာသည်။

ရေဝဲဂယက်ကြီးက တဖြည်းဖြည်းအပေါ်သို့မြင့်တက်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးသို့ မရပ်မနားလှည့်ပတ် ပျံ့နှံ့သွးသည်။

ပင်လယ်ပြင်တစ်ခုလုံးတွင် အန္တရယ်အကင်းဆုံးနေရာဖြစ်ခဲ့လေသော ရေအောက်ကျောက်တောင်တန်းကြီးသည် ယခုတော့ ကမ္ဘာပေါ်တွင် ကြောက်မက်ဖွယ်ရာအကောင်းဆုံး ငရဲပမာ ပြောင်းလဲသွားသည်။

လင်ကျိုးက သူ၏တစ်ဖက်တည်းသောညာဘက်မျက်လုံးကိုပြူးလျှက် အောက်ဘက်သို့ စူးစိုက်ကြည့်ရင်း ရန်ကျောက်ကဲကို ရှာဖွေနေသည်။

မီးလျှံများနှင့် ပင်လယ်ရေများ ရောနှောနေသဖြင့် ရန်ကျောက်ကဲကို တွေ့မြင်ရခြင်းမရှိပေ။ သို့သော် သူ့နောက်လိုက်နေသည့် မဟာမီးတောက်မိစ္ဆာကြီးကိုတော့ ထင်ရှားစွာတွေ့မြင်နေရသည်။

ထိုအချိန် အစိမ်းရောင်အလံရှည်ကြီးတစ်ခုအောက်တွင် မတ်တတ်ရပ်နေသော ‘လော့’ မျိုးနွယ် သိုင်းကျင့်ကြံသူက ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

“ဂိုဏ်းတူညီလေး’လင်ကျိုး’ ၊ ပြန်ဆုတ်ကြရအောင် ၊ အဲဒီရေဝဲဂယက်ကြီးက အရမ်းကြောက်ကစရာကောင်းတယ် ၊ အချိန်မီပြန်မဆုတ်နိုင်ရင် ငါတို့ အဲဒီထဲ စုပ်ယူခံရလိမ့်မယ်”

လင်ကျိုးက လေးလံစွာဖြင့် ကြုံးဝါးသံတစ်ချက်ပြုရင်း...

“အားလုံး တည်ငြိမ်ကြပါ ၊ ကောင်းကင်မိုးကြိုးစိမ်းအရံအတားကြောင့် အချိန်အလုံအလောက် ရနိုင်ပါတယ်”

ထိုအချိန် ပြိုကျနေသော ကျောက်တောင်တန်းများကြားမှ လူတစ်ယောက်ထွက်လာပြီး ‘အစိမ်းရောင်အလံရှည်အနားသို့ တိုးကပ်လာသည်။ ထိုသူက စောစောက ရန်ကျောက်ကဲ၏ ပကတိမိုးကြိုးစွမ်းအားဖြင့် ထိမှန်ခံခဲ့ရသော ‘ကျန်’ မျိုးနွယ် ပိန်ပိန်ပါးပါး လူရွယ်ဖြစ်ပြီး ကောင်းကင်မိုးကြိုးခန်းမမှ သိုင်းဆရာသခင်တစ်ယောက်လည်း ဖြစ်သည်။

သူက ကျယ်လောင်စွာဖြင့်...

“ဂိုဏ်းတူအစ်ကို’လော့’ ၊ ဂိုဏ်းတူညီလေး ‘လင်’ ၊ ဘာတွေ ဖြစ်နေကြတာလဲ”

ဂိုဏ်းတူအစ်ကို’လော့’ က သူ့ကို ချက်ချင်းပင် အသာတွဲကူလိုက်ရင်း...

“မင်း ဘာမှမဖြစ်ဘူးနော် ဂိုဏ်းတူညီလေး’ကျန်’”

ဂိုဏ်းတူညီလေး’ကျန်’ က သုန်သုန်မှုံမှုံမျက်နှာထားဖြင့်...

“ငါ့ကို မိုးကြိုးက တိုက်ရိုက်မထိဘူးလေ ၊ အလံပဲပျက်ဆီးသွားတာ”

ထို့နောက်သူက ချောက်နက်ကြီးအတွင်းမှ ထွက်ပေါ်လာသော ရေဝဲဂယက်ကြီးကို လှမ်းကြည့်ရင်း...

“ငါတို့ ပြန်ဆုတ်ကြရအောင်”

လင်ကျိုးက အံတင်းတင်းကြိတ်ရင်း...

“ခဏစောင့်ကြ... ရန်ကျောက်ကဲကို ငါပိတ်ဆို့ထားနိုင်သရွေ့ မဟာမီးတောက်မိစ္ဆာကြီးက သူ့ကို သတ်ပစ်နိုင်လိမ့်မယ်”

သူက ဆက်ပြောသည်။

“မဟာမီးတောက်မိစ္ဆာကြီးက သူ့ကို မသတ်နိုင်ဘူးဆိုရင်တောင်မှ သူက ငါတို့ထက်အရင် အဲဒီရေဝဲဂယက် စုပ်ယူတာကို ခံရမှာ သေချာတယ်”

သူ လှမ်းကြည့်လိုက်သည့်အခါ ခြေလေးချောင်း ၊ လက်ရှစ်ဖက်ရှိသော မဟာမီးတောက်မိစ္ဆာကြီးက အပေါ်သို့ ပြန်တက်လာသည်ကို တွေ့ရသည်။

သူ့ရှေ့တွင်တော့ ခန္ဓာကိုယ် သေးငယ်အောင်ကျုံ့ထားသော ‘ပန်ပန်’ အသေးလေးကို ရင်ခွင်ထဲပွေ့ရင်း အပေါ်ဘက်သို့ အပြေးအလွှားပြန်တက်လာသည့် ရန်ကျောက်ကဲကို တွေ့ရသည်။

ရန်ကျောက်ကဲ၏ တောက်ပသည့်မျက်ဝန်းများက လင်ကျိုး၏ တစ်ဖက်တည်းသောမျက်လုံးဖြင့် အကြည့်ချင်းဆုံသွားသည်။

ရန်ကျောက်ကဲနောက်တွင် မဟာမီးတောက်မိစ္ဆာကြီးက အနီးကပ်လိုက်ပါလာပြီး မဟာမီးတောက်မိစ္ဆာကြီး၏နောက်တွင်တော့ မရပ်မနားလှည့်ပတ်နေသည့် ရေဝဲဂယက်ကြီး လိုက်ပါလာသည်ကို တွေ့ရလေ၏။

All Chapters