← Chapters

အခန်း (၉၇၁-၉၇၂)

Vol. 58 Ch. 971-972

အခန်း (၉၇၁-၉၇၂)

Vol. 58 Ch. 971-972

အပိုင်း (၉၇၁)

နန်းတော်ထဲမှာတော့ ဘုရင်နင်ရှောင်က မိမိဘဝကိုပင် သံသယဝင်လုနီးပါး ဖြစ်ခဲ့၏။ သူ၏နားများကို မယုံကြည်နိုင်သလိုပင်။

“ရှုံးသွားခဲ့ပြီလား။ တစ်ရက်တောင် မပြည့်ခင် ရှုံးသွားခဲ့တာလား။ မင်းတို့ ဘာလုပ်နေကြတာလဲ။ လူလေးသိန်းကျော် ရှိတာတောင်မှ လူနှစ်သောင်းကို မနိုင်ခဲ့ဘူးလား။”

မင်းသမီးနင်လော့က ပြောလိုက်သည်။ “မှားတယ်။ ဒီကိစ္စက နေ့ဝက်ပဲ ကြာခဲ့တာ။ ပြီးတော့ လူနှစ်သောင်းကို မနိုင်ခဲ့တာ မဟုတ်ဘူး။ ကျွန်မတို့က ရှမ့်လန်ရဲ့ စစ်တပ်အနားကိုတောင် မသွားနိုင်ခဲ့ဘူး။ ဓားတစ်ချက်တောင် မခုတ်ရ၊ မြားတစ်စင်းတောင် မပစ်ရဘဲနဲ့ ရှုံးနိမ့်ခဲ့တာပဲ။”

နင်ရှောင်က ယိုင်နဲ့စွာဖြင့် နန်းပလ္လင်ပေါ်တွင် ပြန်ထိုင်လိုက်၏။

ဤအရာက သူသိသမျှ အရာအားလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်စေခဲ့၏။ ဤလောကကြီး ဘာဖြစ်နေသနည်း။ လူလေးသိန်းက လူတစ်သောင်း၊ နှစ်သောင်းကို မနိုင်သည့်အပြင် အနားကိုပင် မရောက်နိုင်ချေ။ ဤမျှ ကောင်းကင်ဘုံကို အန်တုနိုင်သည့် လူမျိုးက ဤလောကကြီးထဲတွင် မရှိသင့်ချေ။ သေသင့်တာ ကြာပြီဖြစ်သည်။

အခန်းထဲမှာတော့ နင်ယီ၊ နင်လော့နှင့် နင်ရှောင်တို့အားလုံးက တိတ်ဆိတ်နေခဲ့၏။ ထျန်းရွှဲ့မြို့၏ အဆုံးအဖြတ် တိုက်ပွဲက တောင်ဘက်ဒေသတစ်ခုလုံး၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်၏။ သူတို့က ထိုအရာကို ဂရုမစိုက်သော်လည်း အနည်းဆုံးတော့ သူတို့သုံးယောက်၏ ကံကြမ္မာကို အဆုံးအဖြတ် ပေးနိုင်၏။

ကြာမြင့်စွာ တိတ်ဆိတ်ခဲ့ပြီးနောက် ဘုရင်နင်ရှောင်က မေးသည်။ “ဆရာဦးလေး ခွန်ကျန့်... ကျုပ်တို့ နောက်ထပ် ဘာဆက်လုပ်ကြမလဲ။”

တုံ့ကျန်းဘုရားကျောင်းမှ ဆရာတော်ခွန်ကျန့်က ပြော၏။ “ကျုပ်တို့ ကျူးဟုန်ရွှဲ့ရဲ့ သွေးဝိညာဉ်တပ်ကိုပဲ လုံးလုံးလျားလျား အားကိုးရတော့မှာပဲ။”

နင်ရှောင်က ပြောသည်။ “တကယ်လို့ ကျူးဟုန်ရွှဲ့နဲ့ရှမ့်လန်သာ တိုက်ခိုက်ရင် ရလဒ်က ဘယ်လို ဖြစ်လာမလဲ။”

ဆရာတော်ခွန်ကျန့်က ပြော၏။ “တကယ်လို့ ရှမ့်လန်ဆီမှာ ဒီနေ့ထုတ်ပြခဲ့တဲ့ လျှို့ဝှက်လက်နက်တွေ လောက်ပဲ ရှိမယ်ဆိုရင် သေချာပေါက် ရှုံးလိမ့်မယ်။ သွေးဝိညာဉ်တပ်နဲ့ တိုက်ခိုက်မယ်ဆိုရင် သူက ပြန်လည် တိုက်ခိုက်နိုင်စွမ်း နည်းနည်းလေးတောင် ရှိမှာမဟုတ်ဘူး။”

နင်ရှောင်က မေးလိုက်သည်။ “သွေးဝိညာဉ်တပ်က အဲဒီလောက်တောင် စွမ်းအားကြီးတာလား။”

ဆရာတော်ခွန်ကျန့်က ပြော၏။ “ငါ ပြောတာထက်တောင် ပိုပြီး စွမ်းအားကြီးသေးတယ်။ ထိုးဖောက်မရနိုင်တဲ့ သံချပ်ကာတွေ ရှိတယ်။ ရှမ့်လန်ရဲ့ အမြှောက်တွေတောင် ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ကောင်းကင်ဘုံ ကို အန်တုနိုင်တဲ့ ရှေးဟောင်းလက်နက်တွေ ရှိတယ်။ တကယ်လို့ သွေးဝိညာဉ်တပ်ကသာ ပစ်ခတ်မယ်ဆိုရင် ရှမ့်လန်ရဲ့ စစ်သည်တွေ ၅ မိနစ်တောင် မခံဘဲ လုံးဝ မျိုးဖြုတ်သွားလိမ့်မယ်။ ဒါပေမဲ့ တကယ်လို့ ရှမ့်လန်ဆီမှာ တခြားဝှက်ဖဲ လက်နက်တွေ ရှိနေမယ်ဆိုရင်တော့ တစ်မျိုးပေါ့။

နောက်ဘာဆက်ဖြစ်မယ်ဆိုတာ လောလောဆယ် ငါတို့နဲ့ မဆိုင်တော့ဘူး။ စစ်မြေပြင်က ငါတို့ပိုင်တာ မဟုတ်တော့ဘူး။ ရှမ့်လန်နဲ့ ကျူးဟုန်ရွှဲ့တို့ ပိုင်သွားပြီ။ သူတို့နှစ်ယောက်ရဲ့တိုက်ပွဲက ထျန်းရွှဲ့မြို့ရဲ့ အဆုံးအဖြတ်ပဲ။ သူတို့က မရေတွက်နိုင်တဲ့ လူတွေရဲ့ ကံကြမ္မာကို အဆုံးအဖြတ် ပေးကြလိမ့်မယ်။”

......................

“စိတ်မလှုပ်ရှားကြနဲ့။ ဆူဆူညံညံ မလုပ်ကြနဲ့။ စကားလည်း မပြောကြနဲ့။”

နင်ချီ၏ စစ်သည်တစ်သိန်းက ထွက်ပြေးလာခဲ့ပြီးနောက် အခြေအနေ ကောင်းမွန်နေဆဲပင်။ နင်ချီနှင့် တပ်မှူး ဒါဇင်ပေါင်းများစွာတို့၏ ဦးဆောင်မှုအောက်တွင် သူတို့က တပ်မပျက်ဘဲ စစ်စခန်းဆီသို့ ပြန်လာကြသည်။

ဟုတ်ပေ၏။ တောင်ဘက်သို့ အလန့်တကြားဖြင့် ထွက်ပြေးသွားခဲ့သော လူနှစ်သောင်းကျော်တော့ ရှိနေသေး၏။ သူတို့ ဘယ်အချိန်ပြန်လာမည်ဆိုသည်ကို မည်သူမှ မသိနိုင်ကြပေ။

ဤလူရှစ်သောင်းက စစ်စခန်းသို့ ပြန်လည်ရောက်ရှိခဲ့ပြီးနောက် စိတ်လှုပ်ရှားနေဆဲ ဖြစ်သည်။ မျက်လုံးများက မျှော်လင့်ချက်များနှင့် ပြည့်နှက်နေ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က စောစောစီးစီး ထွက်ပြေးလာခဲ့ သောကြောင့် တိုက်ပွဲ၏ အခြေအနေ မည်သို့ရှိမည်ကို မသိကြသောကြောင့်ပင်။

“ဟိုဘက်မှာ တိုက်ပွဲအခြေအနေ ဘယ်လိုရှိလဲ မသိဘူး။ ရွှဲ့ပြည်နယ်ရဲ့ စစ်တပ်က ရှုံးလား၊ နိုင်လား မသိဘူး။”

လူတိုင်းက ကျယ်လောင်သည့် ပေါက်ကွဲသံကြီးကို နားစွင့်နေ၏။ သို့သော်ငြား စစ်စခန်းသို့ ပြန်ရောက်သည့် အချိန်မှာတော့ ပေါက်ကွဲသံများက ရပ်တန့်သွားခဲ့သည်ကို သတိပြုလိုက်မိ၏။ ထို့ကြောင့် မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။ ကျယ်လောင်သည့် အသံကြီးက ဤမျှမြန်မြန် ပြီးသွားခဲ့သည်လား။ ဘာသဘောနည်း။

အရှင်ရှမ့်လန် နိုင်သွားခဲ့သည်လား။ သို့မဟုတ် ရှုံးသွားခဲ့သည်လား။

သို့သော်ငြား ကျူးကျွင်းက ကျန်ရှိနေသည့် စစ်သည်များကို ဦးဆောင်ပြီး နန်းမြို့တော်သို့ ပြန်လာသည့်အ ချိန်မှာတော့ ရလဒ်ကို သူတို့က သိရှိလိုက်ရ၏။ အရှင်ရှမ့်လန် နိုင်သွားချေ၏။ မည်သူကမှ အသံထွက်၍ မဟစ်ကြွေးကြသော်လည်း သူတို့က စိတ်လှုပ်ရှားနေသည့် အကြည့်များဖြင့် အချင်းချင်း ဖလှယ်နေ၏။

နင်ချီက သူတို့၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အော်ဟစ်လိုက်သည်။ “လောလောဆယ် လူတိုင်း ကိုယ့်ရဲ့ တန်းလျားဆီကို ကိုယ်ပြန်ကြ။ အပြင်မထွက်နဲ့။ စစ်ရေးလေ့ကျင့်မှု အားလုံးကို ရပ်ဆိုင်းထားမယ်။”

ထိုသို့ပြောပြီးနောက် နင်ချီက ခေတ္တတွန့်ဆုတ်နေ၏။ ပြီးနောက် စစ်စခန်းမှ ထွက်ခွာကာဖြင့် သူ၏ အိမ်တော်သို့ ပြန်သွား၏။

အိမ်သို့ပြန်ရောက်သည်နှင့် ရင့်ကျက်ပြီး လှပသည့် အမျိုးသမီးတစ်ဦးက အပြေးရောက်လာ၏။ ပြီးနောက် တုန်ယင်နေသည့် အသံဖြင့် ပြောသည်။ “နင်ချီ... ဘယ်လိုလဲ။ ရှမ့်လန် နိုင်သွားပြီလား”

သူမက မိဖုရားကြီးကျုံး ဖြစ်၏။ အသက် ၅၀ အရွယ် ရှိပြီဖြစ်သော်လည်း အလွန်နုပျိုနေဆဲပင်။ အသက် ၃၀ ကျော်မျှသာ ထင်ရပြီး ထူးခြားစွာဖြင့် လှပနေသေး၏။

“အမေ... ဒီလိုအရေးကြီးတဲ့အချိန်မှာ စိတ်ရှည်ရှည်နေသင့်တယ်။ ခြံဝင်းငယ်ထဲကနေ ထွက်မလာနဲ့”

နင်ချီက တီးတိုးပြောသည်။ “ဒီအချိန်မှာ အခြေအနေက ကျုပ်တို့အတွက် ပိုပြီး အန္တရာယ်များတယ်။ သတိထားရမယ်။”

မိဖုရားကြီးကျုံးက ဒေါသတကြီးဖြင့် ပြော၏။ “ငါ သည်းခံနေတာ ကြာလှပြီ။ နင်ရှောင်က ငါ့ကို သတ်ရဲမယ်လို့ မင်း ထင်လား။”

မိဖုရားကြီးကျုံး နန်းတော်ထဲတွင် ရှိစဉ်က နင်ရှောင်ကို အကြိမ်ကြိမ် ဆန့်ကျင်ပြီး ဆဲဆိုဖူးခဲ့သောကြောင့် တကယ်ပင် အန္တရာယ်များခဲ့၏။ နင်ချီက ဤဆိုးသွမ်းသည့် မိခင်ကို နန်းတော်ထဲမှ ကယ်ထုတ်ရန် အားသွန်ခွန်စိုက် နှင့် ကြိုးပမ်းခဲ့ရပြီး ခြံဝင်းငယ်လေးတစ်ခုထဲတွင် ပိတ်လှောင်ထားရ၏။ ခြေတစ်လှမ်းမှပင် အပြင်ဘက်သို့ ထွက်ခွင့်မပေးချေ။ တစ်နည်းအားဖြင့်ဆိုလျှင် အကျဉ်းချထားရခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ နှစ်တာအတွင်း နင်ချီက အနည်းဆုံး အပေါ်ယံအားဖြင့် နင်ရှောင်၏ အမိန့်ကို နာခံခဲ့၏။ အထူးသဖြင့် နင်ရှောင်နှင့် ကျုံးမိသားစုတို့ အဆင်မပြေ ဖြစ်နေသည့်အချိန်မျိုးတွင် သူက နင်ရှောင်၏ ဘက်မှရပ်ပြီး မိမိ၏မိသားစုကို ကာကွယ်၏။ ထိုသို့မဟုတ်ပါက သူ၏မိခင် ပါးစပ်နှင့်ဆိုလျှင် ပြဿနာ တက်မှာ သေချာ၏။ မိဖုရားကြီးပျံ့ကိုကြည့်၊ သူမလည်း အကျဉ်းချ ခံထားရ၏။

နင်ချီက ပြောလိုက်သည်။ “ဒါဆိုရင် ကျုပ်ရဲ့မျက်နှာနဲ့ အမေ့မြေးတွေရဲ့ မျက်နှာကိုထောက်ပြီး စကားကို နည်းနည်းပဲ ပြောလို့ရမလား။ ဒီလိုအရေးကြီးတဲ့ အခြေအနေမျိုးမှာ အမေ ခြံဝန်းငယ်ထဲက မထွက်တာ အကောင်းဆုံး ဖြစ်လိမ့်မယ်။”

“သူရဲဘောကြောင်တဲ့ကောင်...”

မိဖုရားကြီးကျုံးက ဆဲဆို၏။ ပြီးနောက် သူမက မေးလိုက်၏။ “ငါ့ အစ်ကိုကြီးက ရှမ့်လန်ဆီမှာ လက်နက်ချလိုက်ပြီလား။”

“အင်း” နင်ချီက ပြော၏။ ပြီးနောက် သူက ခြံဝင်းထဲတွင် ငူငူငေါင်ငေါင် ထိုင်ကာဖြင့် ရေနွေးခွက်ကို လှည့်ပတ်ပြီး ဆော့ကစားနေမိသည်။

“ဘာလုပ်နေတာလဲ။” မိဖုရားကြီးကျုံးက မေး၏။

နင်ချီက ပြောလိုက်သည်။ “အနာဂတ်မှာ ကျုပ် ဘယ်ကို သွားသင့်လဲဆိုတာ စဉ်းစားနေတာ။”

မိဖုရားကြီးကျုံးက ပြော၏။ “ဘာစဉ်းစားစရာ ရှိလို့လဲ။ ရှမ့်လန်နိုင်ရင် ငါတို့ စိုးရိမ်စရာ ဘာမှမရှိတော့ဘူး။ ငါတို့ ရွှဲ့ပြည်နယ်က အမြဲတမ်း တော်ဝင်ချန်အင်ပါယာနဲ့ အတူရှိနေခဲ့တာပဲ။”

နင်ချီက ပြောလိုက်သည်။ “အမေ... ဒီလောကမှာ ကြောက်စရာ အကောင်းဆုံးအရာက မျှော်လင့်ချက် ကင်းမဲ့နေတာ မဟုတ်ဘူး။ မျှော်လင့်ချက်တွေ ပြည့်နှက်နေပြီးတော့မှ မျှော်လင့်ချက် ကင်းမဲ့သွားတာပဲ။ ကောင်းကင်ဘုံကနေ ငရဲကို ပြုတ်ကျသွားခဲ့တာက ကြောက်စရာ အကောင်းဆုံးပဲ။”

မိဖုရားကြီးကျုံးက ပြော၏။ “လူစကားကို လူလိုနားလည်အောင် ပြောစမ်း။”

နင်ချီက ပြောသည်။ “ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်က အရမ်းကို စွမ်းအား ကြီးမားတယ်။ နောက်ထပ်တိုက်ပွဲအတွက် ကျုပ် မျှော်လင့်ချက် သိပ်မထားရဲဘူး။ မျှော်လင့်ချက် သိပ် မထားမှသာ စိတ်ပျက်လက်ပျက် မဖြစ်မှာလေ။”

မိဖုရားကြီးကျုံးက ပြော၏။ “နင်ချီ... မင်း နင်ကျန်းကို ဘာလို့မယှဉ်နိုင်လဲ သိလား။”

“ဘာလို့လဲ။” နင်ချီက ပြန်လည်ကာ မေးသည်။

မိဖုရားကြီးကျုံးက ပြော၏။ “မင်းက အတွေးတွေများပြီး ချိန်ဆလွန်းနေတယ်။ နင်ကျန်းကို ကြည့်လိုက်။ ပန်းတိုင်တစ်ခုကို တွေ့တာနဲ့ သူက မတုံ့ဆိုင်းဘဲ ရှေ့ဆက်တိုးတယ်။ ဘယ်တော့မှ ကျန်တာတွေကို မစဉ်းစားဘူး။ အကျိုးအပြစ်တွေကို မချိန်ဆဘူး။ ဒါကြောင့် သူက ရွှဲ့ဘုရင်ဖြစ်ဖို့ သင့်တော်ခဲ့တာ။ မင်းက မဖြစ်နိုင်ဘူး။”

နင်ချီ စကားအနည်းငယ် ပြောချင်သော်လည်း စဉ်းစားပြီးနောက် လက်လျော့လိုက်၏။ သူ၏ရှေ့မှ ဤအမျိုးသမီးက တခြားသူများနှင့် ငြင်းခုန်လျှင် နိုင်မှပြီးသူပင်။ မရှုံးနိုင်ပေ။ အဆိုးဆုံးက ငြင်းခုန်ရာတွင် အရှုံးမပေးသောကြောင့် သူ၏ဖခင်နှင့်ပင် ဆယ်နှစ်ကျော်ကြာ ရန်သူများ ဖြစ်ခဲ့ကြ၏။ တစ်ယောက်ကို တစ်ယောက် လျစ်လျူရှူခဲ့ကြ၏။ သားဖြစ်သူဆိုလျှင် ဆိုဖွယ်ရာ ရှိမည်မထင်ပေ။

…………

နန်းတော်ထဲမှာတော့ နင်ရှောင်က လက်ထဲရှိ ထမင်းချိုင့်တစ်လုံးကို ကိုင်ဆောင်ပြီး ခန်းမထဲသို့ ဝင်လာ၏။ သူ၏ပုံရိပ်ကို မြင်ချိန်မှာတော့ စုဖေးက သရဲတစ္ဆေကို မြင်သကဲ့သို့ပင် ဘေးသို့အလျင်အမြန် ပုန်းကွယ်၏။ အသက်ပင် ပြင်းပြင်းမရှူရဲချေ။

နင်ယီနှင့် တွေ့လျှင် သူမက ဤမျှ ကြောက်ရွံ့လိမ့်မည် မဟုတ်ချေ။ နင်ယီက နင်ယွမ်ရှန်းကို သစ္စာဖောက်ပြီး စုဖေးကို နှိပ်စက်မည်ဟု အကြိမ်ကြိမ် ပြောခဲ့သော်လည်း သရဲဘောကြောင်သူ တစ်ယောက်ဖြစ်ပြီး အပြောသာ ရှိ၏။ သို့သော်ငြား နင်ရှောင်ကမူ အောက်ခြေစည်းမျဉ်းဟူ၍ မရှိချေ။ လုပ်ချင်ရာကို လုပ်တတ်သည်။

နင်ရှောင်က နင်ယွမ်ရှန်း၏နားသို့ ရောက်ရှိလာပြီး တီးတိုးပြော၏။ “အဖေ... သတင်းကောင်းတစ်ခု ပြောပြမယ်။ ရှမ့်လန် နိုင်သွားပြီ။ သူ့ရဲ့လူနှစ်သောင်းက ကျုပ်တို့ရဲ့ လူလေးသိန်းကို အနိုင်ယူလိုက်ပြီ။ မကြာခင် မြို့တော်ထဲကို ဝင်လာပြီး အဖေ့ကို ကယ်တင်တော့မယ်။ အဖေ လွတ်မြောက်တော့မယ်။”

နင်ယွမ်ရှန်း၏ မျက်လုံးများက အာရုံစူးစိုက်မှု မရှိဘဲ စကားများကို အဆက်မပြတ် ပြောနေသည်။

“၄၀... ၄၁... ၄၂...”

ရွှဲ့ဘုရင် နင်ရှောင်က မဲ့ပြုံးပြုံး၏။ “အဖေ... အဖေ ဒီအချိန်ရောက်တာတောင် ရူးချင်ယောင် ဆောင်နေတုန်းပဲလား။ မကြားဘူးလား။ ရှမ့်လန် နိုင်သွားပြီ။ သူ မကြာခင် နန်းတော်ထဲကို ဝင်လာပြီး အဖေ့ကို ကယ်တင်တော့မယ်။ အဲဒီအချိန်ကျရင် အဖေက လက်ကျန်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းလို့ ရပြီ။ သူနဲ့ အဖေက သားအဖတွေ မဟုတ်ပေမဲ့ သားအဖနဲ့ ပိုတူကြတယ်။”

“၄၇... ၄၈...”

နင်ယွမ်ရှန်းက စကားများကို ဆက်ပြောနေဆဲပင်။

နင်ရှောင်က နင်ယွမ်ရှန်း၏ မျက်လုံးကို လက်တစ်ဖက်ဖြင့် ဖြဲကြည့်၏။ ပြီးနောက် မျက်လုံးကို သေသေချာချာ စူးစိုက်ကာ ကြည့်၏။ ရူးချင်ယောင် ဆောင်နေသည်လား သို့မဟုတ် တကယ်ပဲ ရူးသွပ်သွားလေသည်လား ကြည့်သကဲ့သို့ပင်။ မိနစ်အနည်းငယ် ကြာပြီးနောက် သူက မည်သည့် သဲလွန်စကိုမျှ ရှာမတွေ့ချေ။

“ထမင်းစားရအောင်။” နင်ရှောင်က ထမင်းချိုင့်ကို ဖွင့်၏။ ဇွန်းဖြင့်ခပ်ကာဖြင့် နင်ယွမ်ရှန်းကို ကျွေး၏။

နင်ယွမ်ရှန်းက ပါးစပ်ကို ဟပြီး အရသာရှိစွာ စား၏။ ဘေးတစ်ဖက်တွင် ရှိနေသည့် စုဖေးက မည်သို့မှ မနေနိုင်ဘဲ အန်ချမိလေ၏။

နင်ရှောင်က မယုံကြည်နိုင်စွာ ပြောလိုက်သည်။ “အဖေ... တကယ်ပဲ ရူးသွားပြီလား။ ဒါ သန်ကောင်တွေလေ။ ရွံစရာကောင်းတဲ့ သန်ကောင်တွေလေ။ ဘယ်လိုဖြစ်ပြီးတော့ အရသာရှိရှိနဲ့ စားနေနိုင်ရတာလဲ။”

“အရသာရှိတယ်။ အရသာရှိလိုက်တာ။”

နင်ယွမ်ရှန်းက ပါးစပ်ကိုဟပြီး တဟီးဟီး ရယ်မောနေ၏။ ပြီးနောက် ဝါးရင်း ဆက်လက် ရေရွတ်လျက် ရှိ၏။

“၅၁... ၅၂... ၅၃...”

.....................

ကျူးမိသားစုရဲ့ အိမ်တော်ထဲမှာတော့ ကျူးဟုန်ကျူး၊ ကျူးကျွင်းနှင့် ကျူးဟုန်ရွှဲ့တို့က စာကြည့်ခန်းထဲတွင် ထိုင်နေသည်။

ကျူးဟုန်ရွှဲ့က ရေခဲတမျှ အေးစက်နေဆဲပင်။ သူက အခြေခံအားဖြင့် စကားစတင်၍ မပြောပေ။ ဤအချိန်တွင် ကျူးမိသားစုကသာ သူ့ကို အားကိုးနေရပြီး သူက ကျူးမိသားစုကို လုံးဝ အားကိုးစရာ မလိုတော့ပေ။

ကျူးကျွင်းက ကျူးဟုန်ရွှဲ့အား ယနေ့တိုက်ပွဲအကြောင်းကို အသေးစိတ် ပြောပြ၏။ အထူးသဖြင့် ရှမ့်လန်၏ အမြှောက်များ အကြောင်းပင်။ တိုက်ခိုက်မှု အကွာအဝေး၊ ထိခိုက်ပျက်စီးမှု အတိုင်းအတာ၊ ဗုံးစ၊ ပေါက်ကွဲမှု စသဖြင့် အချက်အလက် အားလုံးကို အသေးစိတ် ပြောပြ၏။

“ဘယ်လိုလဲ။” ကျူးကျွင်းက မေးလိုက်သည်။

ကျူးဟုန်ရွှဲ့က ပြော၏။ “လက်နက်တွေက ပြောပလောက်အောင် အရေးမပါ,ပါဘူး။

ကျူးကျွင်းက စကားလုံးများကို စီစဉ်ကာဖြင့် ပြောသည်။ “ဟုန်ရွှဲ့... ကောင်းကင်ပင်လယ်နန်းဆောင်ရဲ့ သွေးဝိညာဉ်တပ်က အရမ်းကို စွမ်းအားကြီးမားတယ်ဆိုတာ အဖေသိတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် သိပြီး ရန်သူကို သိခြင်းက စစ်ပွဲတိုင်းကို နိုင်တယ်။ နည်းဗျူဟာအရ ရန်သူကို ဂရုပြုရမယ်။”

ကျူးဟုန်ရွှဲ့က စကားမဆုံးခင်မှာပဲ ကျူးဟုန်ရွှဲ့က မတ်တပ်ရပ်ပြီး အပြင်ဘက်သို့ ထွက်သွား၏။ ရုတ်တရက် ကျူးကျွင်း၏ မျက်နှာက ပျက်သွား၏။ မည်သို့ပင် ဆိုစေကာမူ သူက ဖခင်ဖြစ်နေဆဲပင်။

‘မင်း... ကျူးဟုန်ရွှဲ့က ဘယ်လောက်ပဲ စွမ်းအားကြီးနေပါစေ။ ရာထူးကြီးမားနေပါစေ။ မင်းက ငါ့ရဲ့ သားပဲ။’

သို့သော်ငြား ကျူးဟုန်ရွှဲ့က ဟိတ်ဟန်ထုတ်နေခြင်း မဟုတ်သလို မာန်တက်နေခြင်းလည်း မဟုတ်ပေ။ သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ပြောဆိုသည့် နေရာတွင် မကျွမ်းကျင်သော်လည်း အချက်အလက်များဖြင့် ပြောဆိုလေ့ ရှိလေ၏။

ကျူးမိသားစု၏ အိမ်တော်က မြို့ပြင်တွင် ရှိ၏။ အလွန်ကြီးမား ကျယ်ပြန့်ပြီး သွေးဝိညာဉ်တပ် နှစ်သောင်းက ဤနေရာတွင် စခန်းချထား၏။ ကျူးဟုန်ရွှဲ့က စစ်ရေးလေ့ကျင့်ရေးကွင်းဆီသို့ တိုက်ရိုက်သွားကာ မေးသည်။ “ဒါတွေ အကုန်လုံးက ရှမ့်လန်ရဲ့ အမြောက်ဆံတွေ မဟုတ်လား”

ဟောင်ဝစ်ဇာ အမြောက်ဆံ ၁၀ လုံးကျော် ရှိပြီး တစ်လုံးကို ကီလိုဂရမ် ၂၀ ခန့်လေး၏။ ရှမ့်လန်၏ အမြောက်ဆံများ အခိုးခံရခြင်း မဟုတ်ချေ။ အကုန်လုံးက မပေါက်ကွဲသေးသော အရာများ ဖြစ်၏။ ဤတစ်ကြိမ်မှာတော့ ရှမ့်လန်က ဟောင်ဝစ်ဇာ ထောင်ပေါင်းများစွာကို ပစ်ခတ်ခဲ့ရာ မပေါက်ကွဲသည့်ကျည် ဆယ်လုံးကျော်မျှ ရှိခဲ့၏။ သို့သော်ငြား မပေါက်ကွဲသည့် အမြောက်ဆံအများစုက နောက်မှ ပေါက်ကွဲခြင်းကို ခံရမည့် အရာများပင်။ ကျူးမိသားစု၏ စစ်တပ်က ဤအမြှောက်ဆံများကို ကြီးမားသည့် ကြိုးစား အားထုတ်မှုဖြင့် ရရှိခဲ့ခြင်း ဖြစ်၏။

“အမြှောက်ဆံ တစ်ခုချင်းစီတိုင်းမှာ ဖောက်ခွဲနိုင်တဲ့ ဧရိယာ စတုရန်းကီလိုမီတာ ၆၀၀ ရှိတယ် မဟုတ်လား။” ကျူးဟုန်ရွှဲ့က မေးသည်။

ကျူးကျွင်းက ခေါင်းညိတ်လိုက်၏။

ကျူးဟုန်ရွှဲ့က ပြောလိုက်သည်။ “လာကြ။ ဒီအမြောက်ဆံ ၁၃ လုံးကို သပ်သပ်ရပ်ရပ် စီလိုက်။”

ကျူးဟုန်ရွှဲ့၏ အမိန့်အတိုင်း တစ်ခုနှင့်တစ်ခု ၁၅ မီတာခန့် အကွာအဝေးတွင် ထားကာဖြင့် ဖြန့်ခင်းလိုက်၏။

“သွေးဝိညာဉ်တပ် တပ်ဖွဲ့ဝင်တွေ...”

ကျူးဟုန်ရွှဲ့၏ အမိန့်အရပင် သွေးဝိညာဉ်စစ်သည် ထောင်ကျော်က စစ်လေ့ကျင့်ရေးကွင်းဆီသို့ ဝင်ရောက် လာကြ၏။ သွေးဝိညာဉ်စစ်သည် တစ်ထောင်က အမြှောက်ဆံ ၁၃ လုံး၏ ဘေးတွင် ရပ်၏။ အနီးဆုံး အကွာအဝေးက တစ်မီတာဖြစ်ပြီး အဝေးဆုံးက ၁၅ မီတာ ဖြစ်သည်။

“ဖောက်ခွဲလိုက်။” ကျူးဟုန်ကျူးက အမိန့်ပေးလိုက်၏။

အပိုင်း (၉၇၂)

ထိုစကားထွက်ပေါ်လာသည်နှင့် ကျူးကျွင်း၏ မျက်နှာက ပြောင်းလဲသွားလေ၏။ ကျူးဟုန်ကျူး၏ မျက်ဝန်းများကလည်း လှုပ်ခပ်သွားခဲ့မိသည်။

ရှမ့်လန်၏ အမြှောက်ဆံများ အား မည်မျှ ပြင်းထန်သည်ကို ကျူးကျွင်း ကောင်းစွာသိ၏။ ဖျက်ဆီးနိုင်စွမ်းအား တည်နေရာက စတုရန်းကီလိုမီတာ ၆၀၀ သာ ရှိသော်လည်း ပြင်းထန်သည့် တုန်ခါလှိုင်းများ ရှိနေ၏။

ယခု သူ၏ ဖခင ကျူးဟုန်ကျူးက မီတာ ၁၀၀ အကွာအဝေးတွင် ရှိနေ၏။ ဤအကွာအဝေးက တကယ့်ကို အန္တရာယ်များ၏။ အထူးသဖြင့် အမြှောက်ဆံ ၁၃ လုံး ဖြစ်နေသောကြောင့်ပင်။

ကျူးဟုန်ရွှဲ့က ပြောသည်။ “အဘိုး... နောက်ဖေးခြံဝင်းထဲကို သွားနေပါလား။”

“မလိုပါဘူး။ မြေးရှိနေတာပဲ။ ဒီအမြှောက်ဆံတွေက ဘာလုပ်နိုင်မှာမို့လို့လဲ။”

ပြီးနောက် အိုမင်းရင့်ရော် နေသည့် ကျူးဟုန်ကျူးက လုံးဝ မလှုပ်ရှားဘဲ မတ်တပ်ရပ်နေ၏။

“ဖောက်ခွဲလိုက်...” ကျူးဟုန်ရွှဲ့က ထပ်မံကာ အမိန့်ပေးသည်။

သွေးဝိညာဉ်စစ်သည် ၁၃ ယောက်တို့က မီးကဲ့သို့ ရဲရဲနီနေသည့် ဓားကြီးများကို ဆွဲထုတ်ရင်း မပေါက်ကွဲသေး သည့် အမြှောက်ဆံများကို တိုက်ရိုက်ခုတ်ပိုင်း၏။ မျက်စိတမှိတ်အတွင်း အမြှောက်ဆံများက တိုက်ရိုက် ကွဲထွက်သွား၏။

“ဘုန်း... ဘုန်း...”

လောကကို တုန်လှုပ်စေနိုင်သည့် ပေါက်ကွဲသံကြီးက ကျူးအိမ်တော်တစ်ခုလုံးကို တုန်ခါသွားစေသည်။ အံ့မခမ်း မီးတောက်ကြီး ၁၃ ခုက ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး မရေတွက်နိုင်သည့် ဗုံးဆံများက သည်းထန်စွာ ရွာသွန်းနေသည့် မိုးများကဲ့သို့ပင် လွင့်စင်လာခဲ့လေ၏။ ပြင်းထန်သည့် တုန်ခါမှု လှိုင်းများက ရိုက်ခတ်လွင့်စင်သည်။

မီတာတစ်ထောင် အကွာအဝေးတွင်ပင်လျှင် ဟာရီကိန်းမုန်တိုင်း တိုက်ခိုက်သွား သကဲ့သို့ပင် ခံစားရ၏။

ဤသည်က ကျူးအိမ်တော် ဖြစ်၏။ ဤကဲ့သို့ ဖောက်ခွဲမှုမျိုးကို တောထဲတွင်သာ ပြုလုပ်သင့်သော်လည်း ကျူးဟုန်ရွှဲ့က ဂရုမစိုက်ခဲ့ပေ။ ဤစည်းစိမ်ဥစ္စာများက ကျူးမိသားစု၏ ပိုင်ဆိုင်မှု ဖြစ်နေသော်လည်း သူ၏ မျက်လုံးထဲတွင် ပြောပလောက်အောင် အရေးမပါကြောင်း ထင်ရှားလွန်းလှသည်။

အိမ်တော်ရှိ လူများက ကြောက်လန့်ကုန်ကြမည်ကိုလည်း သူ ဂရုမစိုက်ချေ။ ထိုသူတို့က သူ့အတွက်တော့ ပုရွက်ဆိတ်လေးများသာ ဖြစ်၏။ မှန်ပေ၏။ ဤအရာအားလုံးက အရေးမကြီးချေ။ အရေးကြီးသည်က သွေးဝိညာဉ်တပ်သာ ဖြစ်၏။

ရှမ့်လန်၏ အမြှောက်ဆံက မည်မျှ တုန်လှုပ်ဖွယ်ရာ ကောင်းနေသနည်း။ ထို့အပြင် ထိုအရာအားလုံးက အလွန် စွမ်းအားပြင်းသည့် ပေါက်ကွဲပစ္စည်းများသာလျှင်။ အမြှောက်ဆံတစ်လုံး ပေါက်ကွဲလျှင် မီတာ နှစ်ဆယ်၊ သုံးဆယ်အတွင်း မြက်တစ်ပင်မှ ရှင်သန်နိုင်လိမ့်မည် မဟုတ်ချေ။ လူတိုင်းက သေဆုံးခြင်း သို့မဟုတ် ဒုက္ခိတ အဖြစ်သို့ ရောက်သွားမည်။

ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးတပ်က ထူထဲသည့် သံချပ်ကာများ ဝတ်ဆင်ထားသော်လည်း ခံနိုင်ရည် မရှိခဲ့ချေ။ တုံ့ကျန်းဘုရားကျောင်းမှ ဘုန်းကြီးစစ်သည်များကလည်း ခံနိုင်ရည် မရှိဘဲ အများအပြား သေဆုံးခဲ့ကြ၏။

ပေါက်ကွဲမှုဗဟိုချက်မှ မီတာအနည်းငယ်အတွင်းရှိ လူတိုင်းမှာ တိုက်ရိုက် အပိုင်းပိုင်းအစစ ဖြစ်ကုန်၏။ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းက အကောင်းပကတိပင် မရှိတော့ချေ။ သို့သော်လည်း ပေါက်ကွဲမှုကြီး ပြီးနောက် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

မီးတောက်များနှင့် မီးခိုးများ ကွယ်ပျောက်သွားပြီးနောက် သွေးဝိညာဉ်စစ်သည် တစ်ထောင်တို့မှာ သပ်ရပ်ညီညာစွာဖြင့် သံမှိုများကို ရိုက်ထားသကဲ့သို့ မတ်မတ်ရပ်နေကြဆဲ ဖြစ်သည်။ ထိုသူတို့မှာ ထိခိုက်ဒဏ်ရာ မရှိရုံသာမက တပ်ဖွဲ့စည်းပုံပင် လုံးဝ ပျက်ယွင်းခြင်း မရှိချေ။ သံချပ်ကာပေါ်တွင် ခြစ်ရာ အနည်းငယ် ရှိသော်လည်း ပုံပျက်သွားခြင်းမျိုး လုံးဝမရှိပေ။

ကျူးကျွင်းနှင့် ကျူးဟုန်ကျူးတို့မှာ ပေါက်ကွဲမှု၏ မီတာ ၁၀၀ ခန့်သာ ကွာဝေးပြီး သူတို့မှာ တုန်ခါမှုလှိုင်း၏ ရိုက်ခတ်မှုကို ခံနိုင်ရရုံသာမက ဗုံးဆံများ ပျံသန်းရောက်ရှိလာနိုင်သော်လည်း သူတို့မှာ ဘာမှမခံစားရချေ။ ကျူးဟုန်ရွှဲ့၏ နောက်ကွယ်တွင်ရပ်နေခြင်းမှာ မြို့ရိုးကြီးတစ်ခု၏ နောက်တွင် ရပ်နေရသကဲ့သို့ ဖြစ်သည်။ တုန်ခါမှုလှိုင်းအားလုံးက ကျူးဟုန်ရွှဲ့၏အရှေ့တွင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့၏။။ ဗုံးဆံ အားလုံးမှာလည်း အနောက်သို့ ပြန်ကန်ထွက်သွားသည်။

ကျူးကျွင်းမှာ ကြောင်အသွားခဲ့၏။ သူက ဤမြင်ကွင်းကို မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည်။ သွေးဝိညာဉ်တပ်က အလွန်စွမ်းအားကြီးကြောင်း သူ သိရှိထားသော်လည်း ဤမျှလောက်အထိ စွမ်းအားကြီး လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။ ယုံနိုင်စရာပင် မရှိချေ။

ရှမ့်လန်၏ အမြောက်ဆံစွမ်းအားက တကယ်ကို တုန်လှုပ်ဖွယ်ရာပင် ဖြစ်သည်။ တစ်မီတာ အကွာအဝေး အတွင်း သွေးဝိညာဉ်တပ်မှာ လုံးဝမလှုပ်ရှားချေ။ သို့သော်ငြား ဆံခြည်တစ်မျှင် မထိခိုက်အောင် နေထိုင်နိုင်ခဲ့၏။ အဘယ်သို့ လုပ်လိုက်သနည်း။ သွေးဝိညာဉ်တပ်၏ လျှို့ဝှက်သတ္တုစပ် သံချပ်ကာမှာ တကယ်ကို ခိုင်ခံ့ပြီး ထိုးဖောက်၍ မရနိုင်ပေဘူးလား။ ထို့ကြောင့် အမြောက်ဆံများက သူတို့ကို ဒဏ်ရာ မရစေခြင်း ဖြစ်ပေလိမ့်မည်။

ကြီးမားသည့် ပေါက်ကွဲတုန်ခါမှုလှိုင်းများတွင် ဒဏ်ရာ မရရှိနိုင်သည်ကို နားလည်ပေးနိုင်၏။ သို့ပေမည့် ပေါက်ကွဲမှုကြောင့် ဖြစ်ပေါ်လာသည့် တုန်ခါမှုလှိုင်းများက ပြင်းထန်လွန်းသောကြောင့် သွေးဝိညာဉ်တပ်က လွှင့်စင်သွား ရပေမည်။ မီတာဒါဇင်ပေါင်းများစွာ လွှင့်စင်သွားနိုင်၏။ သို့ပေမည့် အဘယ်ကြောင့် သွေးဝိညာဉ် စစ်သည် တစ်ယောက်မှ မလှုပ်ရှားရသနည်း။

ပေါက်ကွဲမှုဖြစ်ပွားစဉ်တွင် သွေးဝိညာဉ်တပ်က ဆန့်ကျင်ဘက် ဦးတည်ချက်သို့ စွမ်းအားတစ်ခု ပြန်လည် ထုတ်လွှတ်နိုင်ပြီး ထိုစွမ်းအားမှာ ပေါက်ကွဲမှုစွမ်းအားနှင့် အတိအကျ တူညီနေမှသာ ဖြစ်နိုင်ပေမည်။ သို့ပေမည့် ထိုအရာမှာလည်း ယုံနိုင်စရာ မရှိပေ။ တကယ်တော့ အသင့်တော်ဆုံးနည်းလမ်းမှာ ဤသို့မဟုတ်ဘဲ ဆရာတော်ခွန်ကျန့်ကဲ့သို့ ပေါက်ကွဲမှုလှိုင်းများအတိုင်း လိုက်ပါပြီး အားကို အားဖြင့် ချေဖျက်သည့် နည်းလမ်းကို အသုံးပြုသင့်သည်။ သို့သော်လည်း ထိုကဲ့သို့ လုပ်ခဲ့သည့်ပုံလည်း မပေါ်ချေ။

“ဓား” ကျူးဟုန်ရွှဲ့က အမိန့်ပေးလိုက်၏။ ချက်ချင်းပဲ တစ်စုံတစ်ယောက်က ကီလိုဂရမ် ၁၈၀ ခန့် လေးလံသည့် အလွန်ရှည်လျားသော ဓားတစ်လက်ကို ကျူးကျွင်းထံသို့ ပေး၏။

ကျူးကျွင်းက ထိုဓားကို ဆွဲယူပြီး သွေးဝိညာဉ်စစ်သည် တစ်ဦး၏ ရှေ့သို့ လျှောက်သွားသည်။ သူက အားကို စုစည်းပြီး ဓားရှည်ဖြင့် သွေးဝိညာဉ်စစ်သည်၏ ရင်ဘတ်ကို ခုတ်ချလိုက်သည်။

“ဒေါင်”

ကျယ်လောင်သည့် အသံကြီးနှင့်အတူ မီးပွားများမှာ နေရာအနှံ့သို့ လွင့်ပျံ့သွား၏။ ကျူးကျွင်း၏ လက်မောင်း တစ်ခုလုံးက ထုံကျင်သွားပြီး ဓားရှည်ကြီးမှာလည်း လုံးဝအပိုင်းပိုင်းအစစ ဖြစ်သွားခဲ့သည်။ သို့သော်ငြား သွေးဝိညာဉ်စစ်သည်၏ ရင်ဘတ်ပေါ်တွင် ခပ်တိမ်တိမ် အခြစ်ရာလေးတစ်ခုသာ ထင်ကျန်ခဲ့၏။

ထိုအချိန်မှာတော့ ကျူးဟုန်ရွှဲ့အနေနှင့် ကျူးကျွင်း၏စစ်တပ်၊ ပျံ့ရှောင်း၏ စစ်တပ်၊ သဲကန္တာရမှ လူရိုင်းမျိုးနွယ်စု၏ စစ်တပ်၊ တုံ့ကျန်းဘုရားကျောင်းနှင့် အနောက်ပိုင်းဒေသရှိ စစ်တပ် အစရှိသည့် စစ်သည်ပေါင်း သန်းပေါင်းများစွာကို မည်သို့ချေမှုန်းခဲ့သည်ဆိုသည့်အကြောင်းကို ကျူးကျွင်း နောက်ဆုံး နားလည်လိုက်ရသည်။

ဤစစ်တပ်မှာ ရိုးရှင်းစွာပင် တကယ်ကို စွမ်းအားကြီးမားလွန်းသည်။ ထိုးဖောက်၍ မရနိုင်သည့် သံချပ်ကာများ က လူတို့ကို မျှော်လင့်ချက်မဲ့စေသည်။ ထိုသူတို့ကို ထိခိုက်အောင် လုပ်နိုင်သည့် လက်နက်ဟူ၍ မရှိသလောက်ပင်။

ရှမ့်လန်၏ အမြောက်ဆံများပင်လျှင် ထိုသူတို့ကို ပေါက်ကွဲစေနိုင်ခြင်း မရှိခဲ့ချေ။ ဤသည်မှာ ရိုးရှင်းစွာပင် သဘာဝလွန် ဖြစ်ရပ်ဆန်းတစ်ခုပင် ဖြစ်၏။

“သူတို့ကို ခေါ်ခဲ့လိုက်။”

ကျူးဟုန်ရွှဲ့၏ အမိန့်အရ သွေးဝိညာဉ်စစ်သည် နှစ်ဦးက သုံ့ပန်းအချို့ကို ခေါ်ဆောင် လာ၏။ အနီးကပ်ကြည့်ရှုလိုက်သည့်အခါတွင် ဤသုံ့ပန်းများမှာ ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေး စစ်သည်များ ဖြစ်နေသည်ကို မြင်ရ၏။ ထိုသူတို့က ခိုင်ခံ့သည့် သံချပ်ကာများကို ဝတ်ဆင်ထားကြသည်။

“ရပ်ကြ”

ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးသုံ့ပန်းများက မီတာ ၆၀၀ အကွာအဝေးတွင် ရပ်လိုက်ကြသည်။ “ပစ်” ကျူးဟုန်ရွှဲ့၏ အမိန့်အရ သွေးဝိညာဉ်စစ်သည် အချို့က လေးများကို တင်၍ ပစ်ခတ်ကြ၏။ အားလုံးက ရှေးဟောင်းလေးများပင် ဖြစ်၏။

မီတာ ၁၀၀ ခန့် ပျံသန်းပြီးနောက် မြားများက ချက်ချင်း အပြာရောင် မီးတောက်များကို ထုတ်လွှတ်၏။ မြားများ၏ အရှိန်က မြင့်တက်လာပြီး မျဉ်းဖြောင့်အတိုင်း တိုးဝင်သွားသည်။

၂ စက္ကန့်အောက် အချိန်အတွင်းမှာပဲ “ဖောက်၊ ဖောက်၊ ဖောက်”

ယင်ယွမ်အဖွဲ့အစည်း၏ သံမဏိသွေးသုံ့ပန်း အားလုံးသည် မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြ၏။

သူတို့က မီတာ ၆၀၀ အကွာအဝေးတွင် ရပ်နေပြီး ခိုင်ခံ့သည့် သံချပ်ကာများကို ဝတ်ဆင်ထားသော်လည်း ဦးခေါင်းများ ပေါက်ကွဲကာ သေဆုံးခဲ့ရခြင်း ဖြစ်သည်။ အားလုံးက မြားတစ်စင်းတည်းဖြင့် အသတ်ခံလိုက် ရခြင်းပင်။ ထိခိုက်မှုနှုန်းမှာ ၅၀ ရာခိုင်နှုန်းခန့် ရှိသည်။

“သူတို့ကို ခေါ်လာခဲ့။”

ကျူးဟုန်ရွှဲ့၏ အမိန့်အရ နောက်ထပ် သုံ့ပန်းအချို့ကို ထပ်မံခေါ်ဆောင်လာပြန်သည်။ ထိုသူတို့က မီတာ ၁၀၀၀ အကွာအဝေးတွင် ရှိနေကြ၏။

“ပစ်”

“ရွှီ၊ ရွှီ”

သွေးဝိညာဉ်စစ်သည်များက ရှေးဟောင်းမြားများကို ပစ်ခတ်၏။ ၃ စက္ကန့်အတွင်း ဤသုံ့ပန်းများက မြေပြင်ပေါ်သို့ လဲကျသေဆုံးသွားကြသည်။

မီတာ ၁၀၀၀ အကွာအဝေးတွင် ထိမှန်မှုနှုန်းမှာ ၂၅ ရာခိုင်နှုန်းပင်။ ဤရှေးဟောင်းလေးများတွင် အလွန်ထူးခြားသည့် ချိန်ရွယ်သည့် ကိရိယာများ ပါရှိနေရပေမည်။ မဟုတ်ပါက အဘယ်သို့ ဤမျှ တိကျနိုင်မည်နည်း။

“အဖေ... ဘယ်လိုနေလဲ” ကျူးဟုန်ရွှဲ့က မေး၏။

ကျူးကျွင်းက အချိန်အတော်ကြာသည်အထိ စကားမပြောနိုင်သလို ဖြစ်နေ၏။ ခဏအကြာမှာ သူက ပြောလိုက်သည်။ “လောကကြီးက ပြောင်းလဲသွားခဲ့ပြီပဲ။ လောကကြီးက ပြောင်းလဲသွားခဲ့ပြီ။”

ရှေးဟောင်းယဉ်ကျေးမှု၏ စွမ်းအားကို ဆုပ်ကိုင်ခဲ့ပြီးနောက် သဘာဝလွန်အင်အားစုများမှ လေ့ကျင့် ပေးထားသည့် ဤအထူးစစ်တပ်များသည် လောကကြီးတစ်ခုလုံးကို လွှမ်းမိုးသွားပေသည်။ သာမန်စစ်တပ်များမှာ အခွင့်အရေးဟူ၍ မရှိသလောက်ပင်။

ခဏအကြာမှာတော့ ကျူးကျွင်းက မေး၏။ “ဒီလို ရှေးဟောင်းလေးတွေ ဘယ်နှစ်လက်လောက် တပ်ဆင်ထားလဲ။”

“လေးပေါင်း ၃၀၀၀ နဲ့ မြားပေါင်း ၁ သိန်း။ ပြီးတော့ ရှေးဟောင်း ဧရာမဒူးလေး ၅၀ လည်း ရှိသေးတယ်။ ဒါတွေကို မပြတော့ဘူး။ ဒါတွေက ရှမ့်လန်ရဲ့ အမြှောက်တွေထက် ပိုပြီးဝေးဝေး၊ ပိုပြီးတော့ တိတိကျကျ ပစ်နိုင်တယ်။ ရှမ့်လန် အမြှောက်တွေအားလုံးကို လွယ်လွယ်ကူကူ ဖျက်ဆီးပစ်နိုင်တယ်။ အဖေ ဘယ်လိုထင်လဲ။” ကျူးဟုန်ရွှဲ့က ထပ်မေးသည်။

ကျူးကျွင်းက ပြောလိုက်၏။ “ငါတို့ သေချာပေါက် နိုင်မှာပေါ့။”

ကျူးဟုန်ရွှဲ့က ပြောသည်။ “ကျုပ်တို့ တစ်နာရီအတွင်း တိုက်ပွဲကို အဆုံးသတ်ပြီး ရှမ့်လန်ရဲ့ စစ်တပ်ကို မျိုးဖြုတ်ပစ်မယ်။ ပြီးရင် ကျုပ် ဒီမှာ မနေတော့ဘူး။ အနောက်ပိုင်းဒေသကို တန်းပြန်ပြီး လုပ်စရာရှိတာ လုပ်မယ်။”

ကျူးဟုန်ရွှဲ့၏ စိတ်ထဲတွင်တော့ မိုင်တစ်သောင်း သဲကန္တာရလမ်းကြောင်းကို ဖွင့်လှစ်ခြင်းက အရေးအကြီးဆုံး အရာ ဖြစ်သည်။ ရှမ့်လန်၏စစ်တပ်က အချိန် ပေးရလောက်သည်အထိ မထိုက်တန်ပေ။ သူက မိုင်သောင်းချီ ခရီးနှင်ရန် ရှမ့်လန်၏စစ်တပ်ကို တစ်နာရီအတွင်း မျိုးဖြုတ်ပစ်ရမည်။ ပြီးလျှင် အနောက်ပိုင်းဒေသသို့ ပြန်လည်ခရီးနှင်ရပေမည်။

“မနက်ဖြန် မနက် တိုက်ပွဲစမယ်။ ပြီးရင် ကျုပ် သွားတော့မယ်။ အဘိုးနဲ့ အဖေကို သေသေချာချာ နှုတ်ဆက်မနေတော့ဘူး။”

ကျူးဟုန်ရွှဲ့က ပြော၏။ “ဪ... ဒါနဲ့ ရှမ့်လန်ကို အသေလိုချင်တာလား။ အရှင်လိုချင်တာလား။”

ကျူးဟုန်ကျူးက ပြောသည်။ “အင်ပါယာဆီက ဘာအမိန့်မှ မရှိဘူး။ ဒါကြောင့် သူသေရလိမ့်မယ်။”

“နားလည်ပါပြီ။”

ကျူးဟုန်ရွှဲ့က ခေါင်းညိတ်လိုက်သည်။ “ဒါဆိုရင် ကျုပ်သွားပြီး တရားမှတ်လိုက်အုံးမယ်။”

ပြီးနောက် ကျူးဟုန်ရွှဲ့က ထွက်ခွာသွားသည်။ သူက တိုက်ပွဲဝင်ရန် သွားမည်ဟု မပြောခဲ့ချေ။ သူ၏အမြင်အရ ရှမ့်လန်၏ စစ်တပ်ကို တိုက်ခိုက်ရန် မည်သည့်ပြင်ဆင်မှုများ လိုအပ်နေသနည်း။ ပကတိစွမ်းအား၏ ရှေ့မှောက်တွင် နည်းပညာနှင့် ဝှက်ဖဲ လှည့်ကွက်အားလုံးမှာ အချည်းနှီးသာ ဖြစ်သည်။ ရှေ့သို့ တိုးဝင်ပြီး အကုန်လုံးကို သတ်ဖြတ်လိုက်ရုံသာ ရှိ၏။

ကျူးဟုန်ကျူးက ရုတ်တရက် ပြောသည်။ “နေအုံး။”

ကျူးဟုန်ရွှဲ့က ရပ်တန့်လိုက်၏။

ကျူးဟုန်ကျူးက လက်ကို ဝှေ့ယမ်းလိုက်တော့ ကျူးကျွင်းလည်း ထွက်ခွာ သွားသည်။ ကျူးဟုန်ကျူးက မေးသည်၊ “ဟုန်ရွှဲ့... မင်းသမီးနင်ဟန် ဘယ်မှာလဲ။”

ကျူးဟုန်ရွှဲ့က အချိန်အတော်ကြာ တိတ်ဆိတ်နေ၏။ “လျှို့ဝှက်ချက်ပဲ။ သူ လျှို့ဝှက်တာဝန်တစ်ခုနဲ့ သွားနေတယ်။”

ကျူးဟုန်ကျူးက မေးသည်။ “ရှမ့်လန်ကြောင့်လား။”

ကျူးဟုန်ရွှဲ့က ခေါင်းခါလိုက်၏။ “မဟုတ်ဘူး။ ရှမ့်လန်က အဲလောက် မထိုက်တန်ပါဘူး။”

ခဏမျှ တွန့်ဆုတ်နေပြီးမှ ကျူးဟုန်ရွှဲ့က ပြောသည်။ “စေတီတောင်ကြောင့်။”

ကောင်းကင်ပင်လယ်နန်းဆောင်၏ နှလုံးသားထဲတွင် စေတီတောင်က အကြီးမားဆုံးသော ခြိမ်းခြောက်မှု ဖြစ်၏။ ယခုတစ်ကြိမ်တွင် စေတီတောင်မှ ရှာဖွေတွေ့ရှိထားသည့် ရှေးဟောင်းအပျက်အစီးများမှာ တကယ်ကို တုန်လှုပ်ဖွယ်ရာ ကြီးမားလွန်းပြီး ရရှိသည့် အကျိုးကျေးဇူးများမှာ တုန်လှုပ်ဖွယ်ရာပင် ဖြစ်၏။

အကယ်၍ ကောင်းကင်ပင်လယ်နန်းဆောင်ကသာ တုံ့ပြန်မှု မပြုလုပ်ပါက လာမည့် ဆယ်နှစ်အတွင်း စေတီတောင်၏ အနောက်ဘက်တွင် ပြတ်ကျန်ရစ်ပေမည်။ ထို့အပြင် ရှေးဟောင်းအပျက်အစီးများက တောင်ပင်လယ်တွင် ရှိနေပြီး ကောင်းကင်ပင်လယ်နန်းဆောင်နှင့် မဝေးပေ။ တခြားသောသူများအား မိမိအိပ်ရာဘေးတွင် လာအိပ်ခွင့်ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။

နောက်တစ်နေ့... ကျူးဟုန်ရွှဲ့က သွေးဝိညာဉ်စစ်သည် ၂၀၀၀ ကို ဦးဆောင်ပြီး တောင်ဘက် ထျန်းရွှဲ့အမဲလိုက်ကွင်းဆီသို့ ချီတက်၏။ သူက မည်သူ့ကိုမှ လိုက်ပါခွင့် မပြုခဲ့ချေ။ ကျူးဟုန်ကျူး၊ ကျူးကျွင်း၊ နင်ရှောင်၊ ဆရာတော်ခွန်ကျန့် တခြားသောသူများ အားလုံးကို လိုက်ပါခွင့် မပြုခဲ့ချေ။

သေးငယ်ပြီး အရေးမပါသည့် တာဝန်တစ်ခုကိုသာ ထမ်းဆောင်နေရသည်ဟု ခံစားထား၏။ သူ့ကို ဆယ်မိုင်ခရီးထိ လိုက်ပို့ရမည်ဆိုလျှင် ဟာသတစ်ခု ဖြစ်ပေလိမ့်မည်။ ထို့အပြင် ရွှဲ့ပြည်နယ်တွင် မည်သူကမှ ကောင်းကင်ပင်လယ်နန်းဆောင်၏ စစ်တပ်ကို လိုက်ပို့ရန် အရည်အချင်း မပြည့်မီဟု သူ ခံစားမိ၏။

သဘာဝလွန် အင်အားစုများနှင့် သေမျိုးလောကတို့ ကြားတွင် လုံးဝကို ကွဲပြားခြားနားသည့် ကမ္ဘာနှစ်ခု ဖြစ်၏။ သူတို့က ပကတိ အကွာအဝေးတစ်ခုအဖြစ် ထားရှိရပေလိမ့်မည်။

ထို့အပြင် ကျူးဟုန်ရွှဲ့က သွေးဝိညာဉ်တပ်ကို ဦးဆောင်၍ မြို့တော်သို့ ဝင်ရောက်လာစဉ်က မည်သူ့ကိုမှ သွားရောက် တွေ့ဆုံခြင်း မပြုခဲ့ချေ။ ဘုရင်နင်ရှောင်က စစ်တပ်ကို ဆုချီးမြှင့်လိုသည်ဟု ပြောသော်လည်း သူက ငြင်းပယ်ခဲ့သည်။

သို့သော်ငြား မြို့ရိုးပေါ်တွင် သူ့ကို အကြည့်ဖြင့် လိုက်ပို့ရန် ပြင်နေသည့် လူပေါင်းများစွာ ရှိနေဆဲပင်။ ဆရာတော်ခွန်ကျန့်၊ နင်ရှောင်၊ နင်ယီ၊ နင်လော့နှင့် တခြားသောသူများ ပါဝင်၏။ ဤစစ်တပ်ကို ကြည့်ရင်း နင်ယီ၏ နှလုံးသားများက နာကျင်နေ၏။ အတိတ်က နင်ဟန်က သူ့ကို အလွန်ကောင်းမွန်စွာ ဆက်ဆံခဲ့၏။ ထို့အပြင် ကောင်းကင်ပင်လယ်နန်းဆောင်က သူ့ကို ကာကွယ်ရန် သိုင်းပညာရှင်များကို စေလွှတ်ခဲ့၏။

ထိုစဉ်က ကောင်းကင်ပင်လယ်နန်းဆောင်က ဤမျှ မောက်မာခြင်း မရှိချေ။ ရွှဲ့ဘုရင်၊ ချောင်ဘုရင်နှင့် စေတီတောင်တို့က တန်းတူညီမျှ ဆွေးနွေးမှုများ ပြုလုပ်ခဲ့၏။ ယခု ကောင်းကင်ပင်လယ်နန်းဆောင်နှင့် စေတီတောင်တို့က သူတို့၏ ပကတိသာလွန်မှုကို ပြသပြီး သေမျိုးလောကနှင့် နက်ရှိုင်းသည့် ချောက်ကမ်းပါးကြီး တစ်ခုအဖြစ် ခြားနားလိုက်ပြီ ဖြစ်၏။ သူတို့က မူလဟန်ဆောင်မှုနှင့် နှိမ့်ချသည့် မျက်နှာဖုံးကို ဆွဲခွာခဲ့သည်။

မည်သည့် အချိန်က စခဲ့သနည်း။ ရှမ့်လန်၏ ဝိသေသလက္ခဏာ ပေါ်ပေါက်လာခဲ့သည့် အခြေအနေတွင် သဘာဝလွန် အင်အားစုများက သူတို့၏ မူလသဘောထားကို ပြောင်းလဲလိုက်ကြခြင်းပင်။

All Chapters