← Chapters

ဘယ်သူက ပိုးစုန်းကြူးလဲ ၊ ဘယ်သူက လပြည့်ဝန်းလဲ

Vol. 56 Ch. 730

ဘယ်သူက ပိုးစုန်းကြူးလဲ ၊ ဘယ်သူက လပြည့်ဝန်းလဲ

Vol. 56 Ch. 730

“ဒါပေမဲ့.... ကြည့်ရတာ ကျိုးထျန်းမော့တော့ အရမ်းကို အရသာရှိတဲ့ သားကောင်တစ်ကောင်နဲ့ တွေ့နေပြီထင်တယ် “

“ ဒီလိုအခွင့်အရေးမျိုးကို လက်လွှတ်ခံလိုက်ရရင် နှမျောစရာကြီး~”

အမျိုးသမီး၏ လေသံသည် တိုးတိုးလေးဖြင့် ပိုးသားကဲ့သို့ နူးညံ့ပေသည်။

“အကယ်၍ ငါသာ သူ့ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ရင်၊ ကျွန်မရဲ့ မရဏကောင်းကင်အဆိပ်ခန္ဓာက နောက်တစ်ဆင့်ကို တက်သွားနိုင်လောက်တယ်~”

ထိုသို့ပြောဆိုရင်း ၊ ထျန်းယွီလော့ရုံသည် သူမ၏မျက်ခုံးများကို အနည်းငယ် ပင့်တင်လိုက်ရင်း ဆွဲဆောင်မှုရှိသော ဖီးနစ်မျက်ဝန်းများသည် တောက်ပနေခဲ့သည်။

သူမခြေထောက်၏ ဘေးတွင် ပါရမီရှင် အမြောက်အမြား လဲလျောင်းနေသည်ကို မြင်ရပေလိမ့်မည်။

သို့သော် ထူးဆန်းသည့်အချက်မှာ ဤသေဆုံးနေသော ပါရမီရှင်များ၏ မျက်နှာအရောင်သည် အတူတူဖြစ်နေခြင်းပင်။

သူတို့အားလုံး၏ မျက်လုံးများသည် ဗလာဖြစ်နေပြီး ၊ ထူးဆန်းသော ပုံစံဖြင့်‌ တွန့်လိမ်နေသော နှုတ်ခမ်းထောင့်တွင် စီးကျနေသော သွားရည်များ ရှိနေသည်။

၎င်းတို့၏ မှင်သက်နေသော အသွင်အပြင်ကို ကြည့်လျှင်ဖြင့် ၊ နူးညံ့သိမ်မွေ့သော အိပ်မက်ထဲတွင် အလွန်အမင်း ယစ်မူးကာ ထိုမှ ပြန်လည် ရုန်းထွက်လာနိုင်စွမ်း မရှိတော့ပုံရသည်။

သို့သော် ၊ ဤပါရမီရှင်များသည် အနိမ့်ဆုံးအားဖြင့် စစ်မှန်အမတနယ်ပယ် အဆင့်(၇)တွင် ရှိပြီး၊ သူတို့ထဲတွင် စစ်မှန်အမတနယ်ပယ် အဆင့်(၉) ရှိသူများပင် ရှိသေး၏ ။

သူတို့အားလုံး၏ အမူအရာများသည် ဆင်တူနေကြပြီး ၊ ဝိညာဉ်တစ်ခုလုံး အပြီးအပိုင် စုပ်ယူခံလိုက်ရသကဲ့သို့ အလွန်ပင် ထိတ်လန့်တုန်လှုပ်စရာကောင်းနေသည်။

ထိုပါရမီရှင်များကို ကြည့်ရင်း ထျန်းယွီလော့ရုံသည် ပျင်းရိစရာကောင်းသော လေသံဖြင့် ဆိုလိုက်သည်။

“ဟားးး~ ကျွန်တော်မျိုးမမှာ ပိုကောင်းတဲ့ ရွေးချယ်စရာ ရှိနေပြီ~”

“ဒါကြောင့် စိတ်မကောင်းပါဘူးကွယ်~”

“ ရှင်တို့တွေ ထွက်သွားမှရတော့မယ်~”

ထိုသို့ ပြောပြီးသည်နှင့်။

ဝုန်း !!

အမတစွမ်းအင်မုန်တိုင်းတစ်ခုသည် သူမကို ဗဟိုပြုလျက် နေရာအနှံ့ လွင့်စဉ်ရိုက်ခတ်သွားသည်။ သို့သော် အဆိုပါ အမတစွမ်းအင်မုန်တိုင်းအတွင်း၌ ရပ်နေသော ထျန်းယွီလော့ရုံသည် သက်ရောက်မှုမခံရသကဲ့သို့ သူမ၏ အဝတ်အစားများပင် လှုပ်ခတ်မသွားချေ။

ထို့နောက် သူမ၏ နူးညံ့ပျော့ပျောင်းသော လက်ဖျားလေးကို ဆန့်ထုတ်ကာ တချက်တောက်လိုက်သည်နှင့် ၊

ဝီ...!!

ရုတ်တရက်၊ လျို့ဝှက်ဆန်းကြယ်သော စွမ်းအားများဖြင့် ပြည့်နှက်နေသော အလင်းလှိုင်းတံပိုးများသည် နေရာအနှံ့ ပြန့်ကျဲကာ သူမ၏ ခြေထောက်အောက်ရှိ ထိုပါရမီရှင်များကို အပြည့်အဝ ဖုံးလွှမ်းသွားလေ၏။

ဟူး...

ရုတ်တရက်၊ အမည်မသိ လေအေးတစ်ချက် တိုးဝှေ့တိုက်ခတ်လာသည်။ အဆိုပါ ပါရမီရှင်များ၏ ခန္ဓာကိုယ်များသည် သဲပွင့်များအဖြစ် လေနှင့်အတူ မိုးမြေကြားတွင် ပြန့်ကျဲလွင့်မျောသွားလေသည်။

တစ်စုံတစ်ဦးသာ ဤမြင်ကွင်းကို တွေ့မြင်ခဲ့မည်ဆိုပါက ၊ မိမိ၏ လောကအမြင်မှာ ပြောင်းလဲသွားနိုင်ပြီး ထိတ်လန့်ကြောက်ရွံ့နေမည်မှာ သေချာသည်။

ဤပါရမီရှင်များ၏ ခန္ဓာကိုယ်သည် ကြံ့ခိုင်သန်မာကြပြီး၊ သေဆုံးခဲ့သည့်တိုင်အောင် မြေကြီးအောက်တွင် မြှုပ်နှံခံထားရလျှင်ပင်၊ ခန္ဓာကိုယ်သည် နှစ်ပေါင်းထောင်ချီ မပုပ်မသိုးဘဲ ရှိနေလိမ့်မည်။

သို့သော်၊ ထျန်းယွီလော့ရုံသည် လက်တစ်ချက် တောက်ရုံဖြင့် ဤပါရမီရှင်များသည် သဲပွင့်များသဖွယ် လေနှင့်အတူ ပြန့်ကျဲသွားရလေသည်။

ထိုအချိန်တွင် ထျန်းယွီလော့ရုံသည် သူမ၏ အနီရောင်တောက်တောက် နှုတ်ခမ်းသားများကို ဖွင့်ဟလျက် စုပ်ယူလိုက်သည်။

ထိုပါရမီရှင်များမှ ဖြစ်ပေါ်လာသော အစိမ်းရင့်ရောင် အမှုန်များသည် ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမှုတစ်ခု၏ ဆွဲငင်မှုကို ခံလိုက်ရသကဲ့သို့ သူမ၏ ဝမ်းဗိုက်အတွင်းသို့ အကုန် စုပ်ယူခံလိုက်ရသည်။

စက္ကန့် အနည်းငယ်ကြာပြီးနောက်။

အားလုံးကို စုပ်ယူပြီးနောက် ၊

“ ဟမ်~”

ထျန်းယွီလော့ရုံ၏ ဆွဲဆောင်မှုရှိသော မျက်နှာသည် ရှက်သွေးဖြာသွားပြီး အနည်းငယ် ယစ်မူးနေသကဲ့သို့ ဖြစ်နေသည်။

ကောင်းမွန်သော အရသာကို ပြန်လည်ခံစားနေသကဲ့သို့ သူမ၏နှုတ်ခမ်းသားကို လျှာဖြင့်သပ်ကာ ရေရွတ်လိုက်သည်။

“ ထင်ထားသလိုပဲ ~ ဒီလို သဘာဝအရသာက ပိုပြီး စားအကောင်းဆုံးပဲ~”

ဆွဲဆောင်မှုရှိပြီး ပန်းရောင်သန်းနေသော မျက်နှာအသွင်အပြင်နှင့် ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော လေသံဖြင့် ပြောဆိုနေသော သူမကို တွေ့မြင်သူတိုင်း ကျောချမ်းသွားစေနိုင်သည်။

“ အဲ့လူကလည်း ငါ့ရဲ့ အလိုဆန္ဒတွေကို ကောင်းကောင်းကြီး ဖြည့်ဆည်းပေးနိုင်မယ်လို့ မျှော်လင့်မိတယ်~”

ထိုသို့ပြောပြီးသည်နှင့်၊ ထျန်းယွီလော့ရုံသည် အေးစက်သော အလင်းတန်းတစ်ခုအဖြစ် အသွင်ပြောင်းလဲကာ ကျိုးထျန်းမော့ရှိရာ နေရာဆီသို့ ဦးတည်ကာ ထွက်ခွာသွားလေသည်။

………

တစ်ချိန်တည်းမှာပင် ။

ယင်နှင့်ယန် ထိုက်ကျိစက်ဝန်းစွမ်းအား၏ အားဖြည့်မှုကြောင့် ကျိုးထျန်းမော့၏ ခွန်အားသည် အထွတ်အထိပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။

သူ၏နောက်ကွယ်ရှိ ယင်ယန် ထိုက်ကျိပုံစံသည် အကန့်အသတ်မရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

အလင်းနှင့်အမှောင်၊ ယင်နှင့်ယန် ၊ ကောင်းကင်နှင့် မြေကြီး ၊ ရေ နှင့်မီး စသည့်အရာအားလုံးကို ပြောင်းလဲဖော်ပြသနေဟန် ရှိသည်။

ထိုကဲ့သို့သော စွမ်းအား၏ ကောင်းချီးဖြင့် ကျိုးထျန်းမော့သည် ယခင်ကအတိုင်း မာန်မာနနှင့် လွှမ်းမိုးနိုင်စွမ်းရှိသော ယုံကြည်မှုတို့ကို ပြန်လည်ရရှိခဲ့သည်။

“ကြည့်ရတာ ဒီတိုက်ပွဲရဲ့ နောက်ဆုံးအောင်နိုင်သူက ငါပဲဖြစ်ရမယ်!”

“ပိုးစုန်းကြူးလေးတစ်ကောင်ရဲ့ တောက်ပမှုက လပြည့်ဝန်းရဲ့ တောက်ပမှုကို ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ?!”

သူ၏ မျက်ဝန်းတစ်စုံတွင် မိုးမြေကို လှုပ်ခါနိုင်စွမ်းရှိသော ယင်ယန်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

“ငါ့ရဲ့ သွေးရင်းညီအစ်ကိုတွေကို သတ်ခဲ့တဲ့အပြင် ငါ့ကိုပါ အရှက်ရစေခဲ့တယ်..ဒီအတွက် ငါ မင်းကို အ‌ဆတစ်သောင်း ပြန်ပေးဆပ်စေရမယ်!”

ထိုသို့ပြောပြီးသည်နှင့်။

ကျိုးထျန်းမော့သည် ဒူးကိုကွေးကာ အားနှင့်တွန်းထုတ်လိုက်သည်။

ဝုန်း !!

ကြောက်မက်ဖွယ်ရာ အင်အားသည် သူ့ခြေထောက်အောက်ရှိ မြေကြီးကိုပင် အလွှာလိုက် ကွဲအက်သွားစေသည်။

ကျိုးထျန်းမော့သည် ယင်ယန်စွမ်းအားများကို သယ်ဆောင်ထားသော သူ၏လက်သီးကို ဝှေ့ယမ်းလိုက်သည်နှင့် မရေမတွက်နိုင်သော လက်သီးအရိပ်များ ဖြစ်ပေါ်လာကာ စူးချန်ကဲဆီသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့သည်။

မိမိထုတ်လွှတ်သော စွမ်းအားများသည် လွဲချော်မှုမရှိဘဲ စူးချန်ကဲအား အပြည့်အဝ ထိမှန်စေရန်အတွက် တစ်ချိန်တည်းမှာပင် ကျိုးထျန်းမော့သည် ယင်ယန် ထိုက်ကျိစက်ဝန်းကို အသုံးပြုကာ စူးချန်ကဲ၏ ဦးခေါင်းထက်တွင် ဖိအားပေးချုပ်ကိုင်လိုက်သည်။

ကြောက်မက်ဖွယ်ရာ ကောင်းသော ယင်ယန်စွမ်းအားသည် စူးချန်ကဲအား ရှောင်တိမ်းခွင့်မရအောင် ထိုနေရာတစ်ခုလုံးကို တင်းကျပ်စွာ ပိတ်ဆို့ထားခဲ့သည်။

ကျိုးထျန်းမော့၏ ရည်ရွယ်ချက်ကို သိမြင်ပုံရသော စူးချန်ကဲသည် ခပ်ဖျော့ဖျော့ ပြုံးလိုက်ရင်း။

“ပိုးစုန်းကြူးလေးတစ်ကောင်ရဲ့ တောက်ပမှုက လပြည့်ဝန်းရဲ့ တောက်ပမှုကို ဘယ်လိုလုပ် ယှဉ်နိုင်မတဲ့လား”

“အမတနတ်ဘုရားနတ်ဆိုး စုပေါင်းနှလုံးသား၊ ဖွင့်!”

ဝုန်း !!

ရုတ်တရက်၊ လျို့ဝှက်ဆန်းကြယ်သော မိုးမြေစွမ်းအားသည် စူးချန်ကဲကို ဗဟိုပြုလျက်၊ အရပ်ရှစ်မျက်နှာတစ်ခွင် လွင့်စဉ်ရိုက်ခတ်သွားသည်။

ဝီ !!

အဆုံးမရှိသော အလင်းစီးကြောင်းများသည် အရပ်မျက်နှာအားလုံးမှ စုဝေးလာပြီး ၊ တောက်ပသော ရေတံခွန်အလား ကျဆင်းလာသည်။

စူးချန်ကဲကို ‌ဗဟိုပြုလျက်၊ အမတနတ်ဘုရားနတ်ဆိုး စုပေါင်းစွမ်းအားများဖြင့် ဖွဲ့စည်းထားသော လောကကြီးတစ်ခု သက်ဆင်းလာပုံရသည်။

တစ်ချိန်တည်းမှာပင် ၊ မဟာလမ်းစဉ်၏ စည်းချက်သံများသည် နေရာအနှံ့ ပဲ့တင်ထပ်သွားပြီး ဟွရှင်းရှေးဟောင်းမြို့တစ်ခုလုံးကိုပင် တုန်ခါသွားစေသည်။

အဆိုပါအင်အား၏ သက်ရောက်မှုကြောင့်၊ မူလက ရှိနေခဲ့သော ယင်ယန်စွမ်းအားများသည် တဖြည်းဖြည်း ဖိနှိပ်ခံရပြီး၊ တစ်ဖန် ပျောက်ကွယ်သွားလုနီးပါး ဖြစ်နေသည်။

ကျိုးထျန်းမော့သည် ကောင်းကင်ဘုံမှ မမြင်ရသော လက်တစ်စုံ၏ ဖိနှိပ်မှုကို ခံစားလိုက်ရသကဲ့သို့ သူ့တစ်ကိုယ်လုံးကို မထိန်းချုပ်နိုင်တော့ဘဲ မြေကြီးပေါ်သို့ ထိုးကျသွားလေသည်။

ဝုန်း !!

မြေကြီးများ ကွဲအက်ကာ၊ ကျောက်ခဲအပိုင်းအစများသည် နေရာအနှံ့ လွင့်စဉ်သွား၏။

“ဒါ တကယ်ပဲ....”

သူ၏ အံအားသင့်သံ မပြီး‌ဆုံးခင် ၊ မယုံနိုင်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်ထွက်လာခဲ့သည်။

ထူထပ်သော မြူခိုးမြူမှုန်များက တလိပ်လိပ် မြင့်တတ်လာပြီး မူလက ကြည်လင်သန့်ရှင်းနေသော ကောင်းကင်ကြီးကို အပြည့်အဝ ဖုံးလွှမ်းသွားခဲ့သည်။

ယင်း၌ ၊ မရေမတွက်နိုင်သော မဟာလမ်းစဉ် အမှတ်အသားများစွာသည် အရပ်မျက်နှာအားလုံးတွင် ပျံဝဲနေသော နဂါးများကဲ့သို့ ‌ ဖြည်းညှင်းစွာ ထွက်ပေါ်လာကြသည်။

လျှို့ဝှက်ဆန်းကြယ်သော အမတ အတတ်ပညာများကဲ့သို့ ၊ ကောင်းကင်ဘုံမှ ထွက်ပေါ်လာသော နတ်ဘုရားအတတ်များကဲ့သို့ ၊ တစ်ဖန် နတ်ဆိုးလမ်းစဉ်အတတ်များကဲ့သို့ စကားလုံးဖြင့် ဖော်ပြရန်ခက်ခဲသော စွမ်းအားသုံးမျိုးသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်သွားပြီး မယုံနိုင်စရာကောင်းသော လောကတစ်ခုကို ဖန်တီးခဲ့သည်။

ကျိုးထျန်းမော့၏ စိတ်ကို တုန်လှုပ်သွားစေသည်မှာ ၊

မည်းမှောင်နေသော မိုးကုပ်စက်ဝိုင်းအထက်တွင် ကြီးမားသော နေမင်းသုံးစင်းသည် ထိန်လင်းတောက်ပစွာ ထွက်ပေါ်လာခြင်းပင်။

ဘယ်ဘက်ခြမ်းတွင် အနက်ရောင် နေမင်း ၊ အလယ်တွင် ရွှေရောင်နေမင်း နှင့် ညာဘက်ခြမ်းတွင် အဖြူရောင်နေမင်းတို့ ရှိနေသည်။

ထိုတောက်ပလွန်းသော နေသုံးစင်းအတွင်း၌၊ ကျိုးထျန်းမော့ စိတ်ကူးထားသည်ထက် ကျော်လွန်သော ခမ်းနားထည်ဝါသော ပုံရိပ်သုံးခု ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုတောက်ပလွန်းသော နေသုံးစင်း အလယ်တွင် ၊ တောက်ပလွန်းသော နတ်အလင်းမီးလျှံဖြင့် ဝန်းရံထားသော ပုံရိပ်တစ်ခု ရှိနေခဲ့သည်။

သူသည် လက်နှစ်ဖက်ကို ကျောနောက်သို့ အေးအေးလူလူ ပစ်ထားပြီး ၊ သူ၏ ချောမောလှပသော ခန္ဓာကိုယ်သည် နတ်အလင်းများဖြင့် ဖုံးလွှမ်းနေသည်မှာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသော နတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

မှန်၏။ ထိုသူမှာ စူးချန်ကဲသာပင်။

သူ၏ နှုတ်ခမ်းထောင့်တွင် ယခင်ကကဲ့သို့ပင် ရိုးရှင်းသော အပြုံးတစ်ခု ရှိနေပြီး ၊ အကန့်အသတ်မရှိသော ယုံကြည်မှုကို ဖော်ပြနေသကဲ့သို့ ပြုံးကာ ပြောလိုက်သည်။

“ အခု ဘယ်သူကပိုးစုန်းကြူးလဲ”

“ ဘယ်သူက လပြည့်ဝန်းလဲ”

All Chapters