← Chapters

စည်းမျဉ်းတွေကို ချိုးဖျက်နိုင်ပြီး ကြောက်စရာကောင်းတဲ့ အမျိုးသား

Vol. 56 Ch. 732

စည်းမျဉ်းတွေကို ချိုးဖျက်နိုင်ပြီး ကြောက်စရာကောင်းတဲ့ အမျိုးသား

Vol. 56 Ch. 732

စူးချန်ကဲသည် ခေါင်းခါလိုက်ပြီး ဆက်မတွေးတော့ချေ။ ယင်ယန်စွမ်းအားသည် သူ့အတွက်တော့ အပေါ်ယံမျှသာပင် ။

“သွားကြစို့၊ အားရှင်း.. ဟွရှင်းအပိုင်းအစကို သွားရှာကြမယ်”

ထိုသို့ပြောပြီးနောက် စူးချန်ကဲသည် အားရှင်းကို ခေါ်ကာ ရှေ့က ကြီးမားသော နန်းဆောင်ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

စူးချန်ကဲ၏ ပုံရိပ်သည် ပျောက်ကွယ်သွားပြီး သိပ်မကြာမီ စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသော ကျင့်ကြံသူအနည်းငယ်သည် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။

ထိုသူများသည် ထျန်းဟိုင်ဓားဂိုဏ်းမှ ပါရမီရှင်များဖြစ်ကြသည့် ယွင်ချင်းဟုန်နှင့် ဝူကျီအောက်ထျန်းတို့အဖွဲ့သာပင်။

ဤနေရာတွင် တိုက်ခိုက်ထားသော လက်ရာများ ကျန်ရစ်နေပြီး ၊ တိုက်ပွဲသည် မည်မျှကြာကြာ ဆင်နွှဲခဲ့သည်ကို မသိနိုင်သော်လည်း သို့သော် ဤနေရာကို ဗဟိုပြုလျက် မိုင်ရာနှင့်ချီသော အချင်းဝက်အတွင်း လူ၏စိတ်ကို တုန်လှုပ်စေနိုင်သော မဟာလမ်းစဉ်၏ တာအိုစည်းချက်များ ကျန်ရှိနေသေးသည်။

ခေါင်းဆောင်ဖြစ်သူ ယွင်ချင်းဟုန်သည် မျက်မှောင်ကြုတ်သွားကာ ဆိုလိုက်သည်။

“ ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ တာအိုစည်းချက်... ဘယ်သူကျန်ခဲ့တာလဲမသိဘူး...”

“အစ်ကိုကြီး ဒီမှာ ကြည့်ပါဦး!”

ရုတ်တရက် ထျန်းဟိုင်ဓားဂိုဏ်းရှိ တပည့်တစ်ယောက်၏ အော်သံသည် လူတိုင်း၏ အာရုံကို ဆွဲဆောင်လိုက်သည် ။

အပျက်အစီးများကြား လဲလျောင်းနေသော လူတစ်ယောက်ကို မြင်လိုက်ရသည်။ မျက်လုံးများက ပြူးကျယ်စွာဖြင့် ရှိနေပြီး ၊ ထိုသူမှာ သေသည်အထိ မျက်စိမမှိတ်သွားနိုင်ပုံရသော ကျိုးထျန်းမော့သာပင်။

“ဒါ... ဒါက... ထျန်းချန်လမ်းစဉ်ဂိုဏ်းက ထိပ်တန်းပါရမီရှင်၊ ကျိုးထျန်းမော့ပဲ!”

ထျန်းဟိုင်ဓားဂိုဏ်းမှ တပည့်သည် ချွေးစီးများပြန်ကာ ကြောက်လန့်တကြား ဆိုလိုက်သည်။

“ဟင်... သူက ဒီမှာ ဘယ်လိုလုပ်သေနေတာလဲ!?”

“ကျိုးထျန်းမော့ကို ဘယ်သူက သတ်နိုင်မှာလဲ...!?”

ထျန်းဟိုင်ဓားဂိုဏ်းမှ တပည့်များမှာ အသက်ပြင်းပြင်း ရှုရှိုက်လိုက်ကြပြီး စိတ်ထဲတွင် တုန်လှုပ်နေကြသည်။

ကျိုးထျန်းမော့သည် အမတနယ်မြေတွင် နာမည်ကြီးသော ပါရမီရှင်တစ်ဦး ဖြစ်ပြီး ၊ ဤတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင် ခရီးစဉ်တွင် ပါဝင်လာသော ထိပ်တန်းပါရမီရှင်တစ်ယောက်လည်း ဖြစ်သည်။

ထို့အပြင် ဤနတ်ဘုရားလက်နက် အမတမျှော်စင်အတွင်း သူတိုသည် ကျိုးထျန်းမော့၏ သတင်း တော်တော်များများကို ကြားသိခဲ့ရသည်။

ဒဏ္ဍာရီဆန်ကာ ၊ အာဏာရှင်ဆန်သည်ဟု ဆိုကြသည်။ အစောပိုင်းက သူတို့သည်လည်း ယင်ယန်ပုံရိပ်ကို မြင်တွေ့ခဲ့ရသည်။

ကျိုးထျန်းမော့သည် အမည်မသိ ပါရမီရှင်တစ်ယောက်နှင့် တိုက်ပွဲဆင်နွှဲနေသည်ကို သူတို့လည်း မှန်းဆမိကြသည်။ တိုက်ပွဲသည် လျင်မြန်စွာ ပြီးဆုံးသွားသောကြောင့် နှစ်ဦးနှစ်ဖက် သရေကျသွားသည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ဤတိုက်ပွဲတွင် ကျိုးထျန်းမော့ သေဆုံးသွားမည်ဟု မျှော်လင့်မထားခဲ့ပေ။

“နေစမ်းပါဦး... ငါ ရင်းနှီးတဲ့ အငွေ့အသက်တစ်ခုကို ခံစားမိသလိုပဲ”

ဘေးနားတွင် ရှိနေသော ဝူကျီအောက်ထျန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။

သို့သော် ကျင့်ကြံမှုမြင့်မားသော ယွင်ချင်းဟုန်သည် ထိုစကားကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

“ဘယ်လို? ရင်းနှီးတဲ့ အငွေ့အသက် ?”

ယွင်ချင်းဟုန်သည် ဝူကျီအောက်ထျန်းကို မရည်ရွယ်ဘဲ မေးမြန်းလိုက်သည်။

“ ညီလေးအောက်ထျန်း ၊ ကျိုးထျန်းမော့ကို သတ်တဲ့သူက ဘယ်သူလဲဆိုတာ မင်း သိတာလား”

ထိုစကားများ ထွက်လာသည်နှင့် ၊ ထျန်းဟိုင်ဓားဂိုဏ်းမှ တပည့်များ၏ အကြည့်များက ဝူကျီအောက်ထျန်းအပေါ်သို့ စုပြုံကျရောက်သွားသည်။ သူ့အဖြေကို စောင့်စားနေသကဲ့သို့ပင်။

ဝူကျီအောက်ထျန်းသည် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး လေးနက်သော အမူအရာဖြင့် စကားလုံးတစ်လုံးချင်းစီ သေချာပြောဆိုလိုက်သည်။

“ငါပြောမယ့်အရာကို မင်းတို့ ကြောက်လန့်သွားလို့ မဖြစ်ဘူးနော် “

“ငါတို့က ထျန်းဟိုင်ဓားဂိုဏ်းက ဓားသမားတွေပဲ... ငါတို့ မကြောက်ဘူး အောက်ထျန်းညီလေး မင်းပြောသာပြောလိုက်”

“ဟူး....”

ဝူကျီအောက်ထျန်းသည် သက်ပြင်းတစ်ခါ ချလိုက်ပြန်ရင်း ‌ဆိုလိုက်သည်။

“ ပရိုကျတဲ့ ကစားသမား ၊ စည်းမျဉ်းတွေကို ချိုးဖျက်နိုင်ပြီး စည်းကမ်းတွေကို မလိုက်နာတဲ့ အမျိုးသား တစ်ယောက်ပဲ!”

ထိုစကားများကို ကြားလိုက်ရချိန်တွင် ထျန်းဟိုင်ဓားဂိုဏ်းမှ တပည့်များသည် နားမလည်နိုင်စွာဖြင့် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။

ယွင်ချင်းဟုန်က သံသယဖြင့် ထပ်မေးလိုက်သည်။

“ ပရိုကျတဲ့ ကစားသမား ၊ စည်းမျဉ်းတွေကို ချိုးဖျက်နိုင်ပြီး စည်းကမ်းတွေကို မလိုက်နာတဲ့ အမျိုးသား တစ်ယောက်ဆိုတာ ဘယ်သူ့ကို ဆိုလိုတာလဲ”

“ ဘယ်သူမှမဟုတ်ဘူး”

ဝူကျီအောက်ထျန်းသည် အံကြိတ်ပြီး ဆက်ပြောလိုက်သည်။

“အမတနယ်မြေမှာ မကြာခင်ကမှ နာမည်ကြီးသွားတဲ့ မဟာလမ်းစဉ် စာရင်းထဲ ပထမ‌ဆုံးဝင်ရောက်ခဲ့သူ ...ကိုယ်ထည်ခြောက်မျိုးတောင် ပိုင်ဆိုင်ထားတဲ့သူပဲ”

ထိုစကားသံအဆုံးတွင် ထျန်းဟိုင်ဓားဂိုဏ်းမှ တပည့်များသည် နားလည်သဘောပေါက်သွားသော အမူအရာများကို ပြသခဲ့သည်။

“အိုး~ ညီလေး အောက်ထျန်း ငါသိပြီ”

“မင်းပြောတာက ကွေးယွမ်အမတဂိုဏ်းရဲ့ ဆက်ခံသူ၊ တားမြစ်စူးမိသားစုရဲ့ သခင်ငယ်၊ သံသရာစက်ဝန်းအမတမင်းဆက်ရဲ့ မင်းသား စူးချန်ကဲဆိုတာလား”

“ အမတနယ်မြေမှာ စူးချန်ကဲရဲ့ နောက်ခံက အင်အားကြီးမားလွန်းတယ်ဆိုပေမယ့်..ဒါပေမဲ့ သူ ပိုင်ဆိုင်ထားတဲ့ ကိုယ်ထည်တွေက အရမ်းများလွန်းလို့ မဟာလမ်းစဉ်ရဲ့ တန်ပြန်သက်ရောက်မှုကြောင့် သိပ်အခြေအနေမကောင်းဘူးလို့ ပြောနေကြတယ်”

“ပြီးတော့၊ ကျိုးထျန်းမော့က စစ်မှန်အမတနယ်ပယ် အဆင့်(၉)မှာ ရှိတယ် ဒါတင်မကဘူး မျဲ့ရှန်းယင်ယန်မျက်လုံးကိုလည်း ပိုင်ဆိုင်ထားတယ် ... စူးချန်ကဲမှာ ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်တဲ့ စွမ်းအားမျိုးရှိရင်တောင်... ဒီလောက် တိုတောင်းတဲ့အချိန်အတွင်းမှာ ဖြေရှင်းနိုင်မယ် မထင်ဘူး”

“ ညီလေးအောက်ထျန်း...မင်းရဲ့ ခံစားနိုင်စွမ်းက မှားနေပြီထင်တယ် ၊ ဒီကိစ္စက လုံးဝ မဖြစ်နိုင်ဘူး”

အကြီးတန်း အစ်ကိုအစ်မများ၏ မယုံကြည်ကြသော အမူအရာများကြောင့် ဝူကျီအောက်ထျန်းသည် အလျင်စလို ဖြေရှင်းလိုက်သည်။

“ သူက ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာ မင်းတို့ မသိကြဘူး!”

“အမှန်တိုင်းပြောရရင်၊ ကျိုးထျန်းမော့က စူးချန်ကဲရဲ့ လက်ထဲမှာ အများဆုံး ကစားစရာတစ်ခုထက် မပိုဘူး ...သူ့ရဲ့ပြိုင်ဘက် လုံးဝ မဖြစ်နိုင်ဘူး “

“အရင်က သူက ဘယ်လောက်တောင် ကြောက်စရာကောင်းတယ်ဆိုတာ မင်းတို့ သိကြလား....ကျင့်ကြံအဆင့်ချင်းတူတူ သူ့လက်ထဲမှာ ပါရမီရှင်တွေ ထောင်နဲ့ချီ သေဆုံးခဲ့ရတာ..ဒါ ချဲ့ကားပြောနေတာ မဟုတ်ဘူး!”

“ပြီးတော့ တစ်ကြိမ်တည်းတင် မဟုတ်ဘူး...အကြိမ်ပေါင်းများစွာပဲ “

“ အထူးသဖြင့် သူ့ရဲ့ ဓားလမ်းစဉ်က ‌ကောင်းကင်ဘုံကို ဆန့်ကျင်ရဲတဲ့အထိ အားကောင်းလွန်းတယ်...သူ ဓားထုတ်လိုက်တာနဲ့ တစ်စုံတစ်ယောက် မုချသေရတယ်! ထိပ်တန်းပါရမီရှင်တွေကို သတ်ဖြတ်ပစ်တာများ ဟင်းသီးဟင်းရွက်ကို ဓားနဲ့ တောက်တောက် လှီးဖြတ်နေသလိုပဲ!”

“ ကျွန်တော်လည်း အရင်ကတည်းက ကုံလမ်းစဉ်ကို မကျင့်သုံးခဲ့ရင် သူ့လက်ချက်နဲ့ သေပြီးနေပြီ ပြီးတော့....”

“ဟားး...”

ဝူကျီအောက်ထျန်း၏ စကားမဆုံးခင် ၊ ရုတ်တရက် ရယ်သံတစ်ခုက ကြားဖြတ်လိုက်သည်။

“အစ်ကိုကြီး ဘာလို့ရယ်တာလဲ...”

“ငါလား ... ပျော်စရာကောင်းတဲ့ အကြောင်းတစ်ခုကို သတိရမိလို့ပါ...”

ယွင်ချင်းဟုန်က ရယ်မောကာ ပြောလိုက်သည်။

“ ဘာမို့လို့လဲ “

“နှစ်ရာနဲ့ချီ မွေးထားတဲ့ အမတသားရဲက သားပေါက်လာလို့...”

“ခ်ခ်...”

နောက်ထပ် အမျိုးသမီးတစ်ယောက်ကလည်း ဆက်မထိန်းနိုင်တော့ဘဲ ရယ်မိလိုက်သည်။

“ အကြီးတန်းအစ်မ မင်းကရော ဘာလို့ ရယ်ပြန်တာတုန်း”

“ငါ့မွေးထားတဲ့ အမတသားရဲကလည်း သားပေါက်လာလို့လေ...”

ထိုသို့ပြောပြီးနောက် ၊ အမျိုးသမီးသည် အကြောင်းအရာကို ပြောင်းလဲလိုက်သည်။

“ မောင်လေး ၊ ငါတို့က သေသေချာချာ လေ့ကျင့်ထားတဲ့သူတွေပဲ...ဘယ်လောက်ပဲ ရယ်စရာကောင်းကောင်း ငါတို့ မရယ်ဘဲနေနိုင်တယ် ... ဒါပေမဲ့ မထိန်းနိုင်ခဲ့ရင်ပေါ့ “

“ကောင်းပြီ၊ အဓိကလိုရင်းကို သွားရအောင်... မင်းပြောတဲ့ စူးချန်ကဲက စည်းမျဉ်းတွေကို ချိုးဖျက်နိုင်တဲ့အထိ အားကောင်းလွန်းတယ်ပေါ့လေ “

“အခု ပြဿနာက ဒါမဟုတ်တော့ဘူး!”

“စူးချန်ကဲက တကယ်ကို ထူးခြားလွန်းတယ်၊ မွေးရာပါ ရွေးချယ်ခံရသူလို့ ပြောလို့ရတယ်၊ ကမ္ဘာကြီးကတောင် သူ့အတွက် လည်ပတ်နေသလိုပဲ ငါ ခံစားမိတယ်!”

“သူ ဘယ်ကိုသွားသွား၊ အဲ့မှာ ကြီးမားတဲ့ တိုက်ပွဲ ဖြစ်ခဲ့ပြီး ပြီးတော့ သူ့ကို ဆန့်ကျင်တဲ့သူတိုင်း သေကုန်ကြပြီ ၊ ခုဆို သူတို့သချိုင်းက မြက်ပင်တွေတောင် အတော်လေး ရှည်နေလောက်ပြီ!”

“အစ်ကိုကြီး အစ်မကြီး ! ကျွန်တော်တို့ ဆက်ပြီး မသွားသင့်တော့ဘူး... ကျွန်တော် အာမခံတယ်၊ ဒါက စူးချန်ကဲကျန်ခဲ့တဲ့ ရောင်ဝါပဲ!”

“ ကျွန်တော်တို့ သူ့နောက်ကို လိုက်သွားရင် အခွင့်အရေး နည်းနည်းလေးမှ ရမှာမဟုတ်ဘူး၊ ဖုန်ပဲ စားရလိမ့်မယ်!”

ဝူကျီအောက်ထျန်းသည် အတိတ်က ကိစ္စကို ပြန်လည်အောက်မေ့ရင်း ‌ဆက်ဆိုလိုက်သည်။

“ဒါပေမယ့်၊ ကျွန်တော် နဲ့သူက အရင်ကတည်းက သိကျွမ်းခဲ့တာဆိုတော့... သူက ကရုဏာထားပြီး ဟင်းရည်လောက်တော့ တိုက်မယ်ထင်တယ် “

“ဟားးဟား...”

“မင်းတို့တွေ လူကို အရမ်းနှိမ်တာပဲ! ကျွန်တော် သည်းခံနေတာကြာပြီနော်!”

“ငါ့အိမ်က အမတသားရဲကလည်း သားပေါက်လာလို့ပါ...”

“ခင်ဗျားတို့တွေ ကျွန်တော့်ကို ကြည့်ပြီး ရယ်နေတာ သိသိရက်သားနဲ့! ခုထိ ရယ်နေကြတုန်းလား!”

ဝူကျီအောက်ထျန်းသည် အတော်လေး စိုးရိမ်နေပုံရပေသည်။

“စူးချန်ကဲက မင်းတို့တွေးထားတာထက် ပိုကြောက်စရာကောင်းတယ်! ဒီလို လူမျိုးကို ငါတို့ ရှောင်တာက ပိုကောင်းမယ်!”

“ကဲ ညီလေး အောက်ထျန်း ၊ အတွေ့အကြုံယူရင်း လေ့ကျင့်ကြတာပေါ့”

ယွင်ချင်းဟုန်သည် ရယ်ချင်စိတ်ကို ဖိနှိပ်လိုက်ပြီး၊ ဝူကျီအောက်ထျန်း၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။

“ မင်းပြောတဲ့ စူးချန်ကဲဟာ မင်းလိုပဲ အောက်ကမ္ဘာကနေ တက်လှမ်းလာတဲ့သူပဲ ..အရင်က အားကောင်းတယ်ဆိုပေမယ့် အခုအချိန်မှာ အားနည်းသွားနိုင်တယ်”

“ပြီးတော့ မင်းရဲ့ အရင်က စိတ်စွဲလမ်းမှုလည်း ဖြစ်နိုင်တယ် .. ဒီနေရာမှာ ကျန်ရစ်ခဲ့တဲ့ ရောင်ဝါက ဘယ်လိုလုပ်ပြီး သူ့ဟာ ဖြစ်နိုင်မှာလဲ”

“စိတ်မပူနဲ့ ! အစ်ကိုကြီး ရှိတယ်၊ မင်း ဘာကြောက်နေတာလဲ”

“ အေးဆေးသာနေ ..ဒီကအစ်ကိုကြီး ကိုယ်တိုင်ထွက်ပြီး ဖြေရှင်းမယ်”

All Chapters