← Chapters

အခန်း (၇၃၅)

Vol. 56 Ch. 735

အခန်း (၇၃၅)

Vol. 56 Ch. 735

မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်ပျက်သွားသော မိမိအိမ်က အကြီးတန်း အစ်ကိုအစ်မများ၏ အမူအရာများကို ကြည့်ရင်း ၊

ဝူကျီအောက်ထျန်းသည် မျက်ခုံးတစ်ဖက် ပင့်တင်လိုက်ရင်း လက်ပိုက်လိုက်သည်။ ပြီးနောက် သူ၏ အကြီးတန်းအစ်ကို ယွင်ချင်းဟုန်ကို အပျော်သဘော စနှောက်သည့် လေသံဖြင့် ဆိုလိုက်သည်။

“အစ်ကိုကြီး ၊ ဒီဓားချက်ကို ရင်ဆိုင်ဖို့ ဘယ်လောက်ယုံကြည်ချက်ရှိလဲ”

“ တောင့်ခံနိုင်သေးတယ်ဆိုလည်း အဆင်ပြေပါတယ်.. ဘာပဲဖြစ်ဖြစ် ဒါက စူးချန်ကဲရဲ့ အပြင်းထန်ဆုံး ထိုးနှက်ချက်မဟုတ်သေးဘူး”

“ ကျွန်တော် မှတ်မိသလောက် သူ့မှာ ဒီထက် ပိုအားကောင်းတဲ့ ထိုးနှက်ချက်တွေ အများကြီး ရှိသေးတယ် “

“စိတ်မပူနဲ့ ၊ သူ အစ်ကိုကြီးကို ကိုင်တွယ်ဖို့ လုံလောက်တယ် “

ဝူကျီအောက်ထျန်းသည် ယွင်ချင်းဟုန်၏ ပခုံးကို ပုတ်ကာ ရင်နာမိသော ဟန်ပန်ဖြင့် ‌ဆိုလိုက်သည်။

“နောက်နှစ်မှာ အစ်ကိုကြီးအတွက် ကျွန်တော် စက္ကူငွေတွေ အများကြီး မီးရှို့ပေးပါ့မယ်..အစ်ကိုကြီး စိတ်ချလက်ချသာ သွား!”

ထိုစကားကို ကြားပြီးနောက် ယွင်ချင်းဟုန်သည် အာရုံပျံ့လွင့်ရာမှ သတိပြန်ကပ်လာသည်။

“ဂလု...”

သူ့တံတွေးသူ မြိုချလိုက်သည်။ တုန်လှုပ်မှုသည် အလွန် ကြီးမားလွန်းသဖြင့် သူ့ရင်တစ်ခုလုံးကို လှုပ်ခါသွားစေသည်။

“ ညီလေး မင်းကလည်း ဘာတွေပြောနေတာလဲ... မင်းရဲ့စကားကြီးကလည်း ငါနဲ့ စူးချန်ကဲက ရန်သူတွေကြနေတာပဲ... အဟွတ် အဟွတ်..”

ယွင်ချင်းဟုန်သည် သူ့လည်ချောင်းကို ရှင်းထုတ်လိုက်ရင်း စိတ်ထဲက ကြောက်ရွံ့မှုကို ဖိနှိပ်ကာ ဆက်ပြောလိုက်သည်။

“လက်ရည်ချင်းယှဉ်ပြိုင်ချင်ရုံပါ “

“ဒါပေမဲ့ အနည်းဆုံးတော့ ငါတို့ တွေ စည်းမျဉ်းတွေ ချမှတ်ဖို့တော့ လိုလိမ့်မယ်! ပြီးတော့ ဒါက လက်ရည်ချင်းယှဉ်ပြိုင်ရုံပဲလေ အသေသတ်ဖို့မှ မလိုတာ မဟုတ်ဘူးလား”

ဒါ ဘယ်လိုဟာသမျိုးလဲ?

အကယ်၍ ဝူကျီအောက်ထျန်း၏ စကားများက အမှန်ပင်ဆိုပါက ၊ သူတို့ထဲက မည်သူမှ စူးချန်ကဲကို အနိုင်ယူရန်မဖြစ်နိုင်ချေ။

သူ့ကို စိန်ခေါ်တာ ၊ ဒါ သွားအသေခံတာပဲ မဟုတ်လား ?

ယွင်ချင်းဟုန်၏ စကားများကြောင့် ဝူကျီအောက်ထျန်းသည် ရယ်လိုက်မိသည်။

ရှင်းနေတာပဲ ၊ ဒီတစ်ခါတော့ သူ့ရဲ့ အစ်ကိုကြီးက “နှလုံးသားစေရာအတိုင်း နာခံ” သွားတာပဲ!

“ ကျွတ် .. ကျွတ်... ထိပ်ဆုံးမှာ ရပ်တည်နေတယ်‌ဆိုတဲ့ ပါရမီရှင်‌တွေ စူးချန်ကဲကို မြင်ရင် ရူးတောင်သွားဦးမယ်!”

……

အခြားတစ်ဖက်တွင်။

ထျန်းဟိုင်ဓားဂိုဏ်းပြီးနောက် ဝင်ရောက်လာသော ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များသည် နေရာတွင် ရပ်တန့်နေကြသည်။

ကမ္ဘာပေါ်ရှိ ကြောက်စရာ အကောင်းဆုံးမြင်ကွင်းကို မြင်လိုက်နေရသကဲ့သို့ လူတိုင်း၏ မျက်လုံးအိမ်များသည် အပ်ပေါက် အရွယ်အစားအထိ ကျုံ့ဝင်သွားကြသည်။

လောကကြီးတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ၊ ကျယ်လောင်သော ဓားဟောက်သံမှလွဲ၍ အခြားမည်သည့်အသံမှ သူတို့၏စိတ်ထဲသို့ ဝင်ရောက်မလာနိုင်ပေ။

ဤမျှကြီးမားသော ဓားစွမ်းအားကို အသုံးပြုခဲ့သူမှာ အမှန်တကယ်ပင် စစ်မှန်အမတ နယ်ပယ်အဆင့်သာ ရှိသေး‌သလော။

မဖြစ်နိုင်ဘူး! ဒါ “လူသား” တစ်ယောက်က ထုတ်လွှတ်လိုက်တဲ့ ဓားစွမ်းအင် မဖြစ်နိုင်ဘူး!!

လူအုပ်ကြားတွင် ပုံစံဖျက်ထားသော ထျန်းယွီလော့ရုံ၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာနေသည်။

သူမကိုယ်သူမ ပြန်မေးခွန်းထုတ်နေမိသည်။ ဤဓားစွမ်းအင်သည် သူမ၏စိတ်ကူးထားသည်ထက် များစွာ ကျော်လွန်နေသည်။

သူမသည် ထိုအရာကို အားအပြည့်ထုတ်သုံးကာ တားဆီးနိုင်ခဲ့လျှင်ပင် ၊ သို့သော် တတိယ သို့မဟုတ် စတုတ္ထမြောက် ဓားချက်ကို သူမ တားဆီးနိုင်မည်လော။

………

အချိန်အတော်တန် ကြာပြီးနောက်၊ ကြမ်းတမ်းစွာ ရိုက်ခတ်နေခဲ့သော ဓားစွမ်းအင်သည် ဖြည်းညှင်းစွာ ပျောက်ကွယ်သွားပြီး မိုးကောင်းကင်တစ်ခုလုံးသည် ပြန်လည် ကြည်လင်လာခဲ့သည်။

သို့သော် လူတိုင်း၏နှလုံးသားထဲက ကြောက်ရွံ့တုန်လှုပ်မှုများက ပျောက်ကွယ်မသွားဘဲ ကျန်ရစ်နေဆဲပင် ဖြစ်သည်။

“ဟူး...”

ဆယ်စက္ကန့်ကြာ အသက်ရှုသွင်းရှုထုတ် ပြုလုပ်ပြီးနောက် ၊

ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ လူတိုင်း တုန်လှုပ်ချောက်ချားမှုမှ ပြန်လည်ကောင်းမွန်လာခဲ့သည်။

“အစ် ... အစ်ကိုကြီး... မင်း ပြောကြည့် ဒီလူက...”

ရုတ်တရက် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ တပည့်တစ်ယောက်သည် တုန်ရီနေသော လေသံဖြင့် ဆိုလိုက်သည်။

“ အစ်ကိုကြီး ကျိုးထျန်းမော့ကို ထိခိုက်အောင် လုပ်ခဲ့တာက သူများလား...”

ထိုစကားများ ထွက်လာသည်နှင့်၊ လူတိုင်း၏ နှလုံးသားထဲတွင် ငြိမ်သက်လက်စ လှိုင်းလုံးကြီးများသည် ပြန်လည် ထကြွလာပြီး နှလုံးသားသည် ထိန်းမနိုင်သိမ်းမရ တင်းကျပ်လာခဲ့သည်။

လူတိုင်း ဤဖြစ်နိုင်ခြေကို စဉ်းစားခဲ့ကြသည်။ ကျိုးထျန်းမော့ သေဆုံးသွားပြီး သိပ်မကြာမီ ခန်းမဆောင်ထဲတွင် ဤကဲ့သို့ ကြောက်စရာကောင်းသော ဓားစွမ်းအင်တစ်ခု ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

ဤသည်မှာ ကျိုးထျန်းမော့ကို သတ်ဖြတ်ခဲ့သော ထိုလူသတ်သမားကလွဲ၍ မည်သူဖြစ်နိုင်ဦးမည်နည်း။

“မဖြစ်နိုင်ဘူး! လုံးဝမဖြစ်နိုင်ဘူး!”

ထိုအချိန်တွင် ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ထိပ်တန်းပါရမီရှင် ဖြစ်သော ကျန်းယွီ့ကျင်းက ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သည်။

“အပြင်ဘက်က တိုက်ပွဲမှာတုန်းက ဓားစွမ်းအင် လှိုင်းကို နည်းနည်းမှ မတွေ့ခဲ့ရဘူး !”

“ဟုတ်တယ်...ငါ စစ်ဆေးကြည့်သလောက် ကျိုးထျန်းမော့ရဲ့ ခန္ဓာကိုယ်မှာ ဓားစွမ်းအင်ကြောင့် ဖြစ်တဲ့ ဒဏ်ရာတွေ မကျန်ခဲ့ဘူး”

နောက်ထပ် ထိပ်တန်းပါရမီရှင်တစ်ဦး ဖြစ်သော ချူးရှောင်က ဝင်ပြောလိုက်သည်။

“ဒီအချက်တစ်ခုတည်းကနေ ကျိုးထျန်းမော့က ဓားသမားရဲ့ လက်ချက်ကြောင့် သေတာမဟုတ်မှန်း သိနိုင်တယ်”

“ ထျန်းဟိုင်ဓားဂိုဏ်းက ကောင်းကင်ဓားအမွေခံ လူသားဓားကိုင်ဆောင်သူ လင်းဟန်လည်း ဒီနေရာကို ရောက်လာတယ်လို့ ကြားတယ်”

“ ဒီလောက်ကြီးမားတဲ့ ဓားစွမ်းအားက ...လင်းဟန် အဲ့ကောင်ရဲ့ လက်ချက် ဖြစ်နေမလား “

တစ်ချိန်က ထိပ်တန်းအမတဂိုဏ်းကြီးတစ်ခု ဖြစ်ခဲ့ပြီး လက်ရှိတွင် သာလွန်အင်အားစု (၁၈)ဖွဲ့အနက် တစ်ခုဖြစ်သည့် ထျန်းဟိုင်ဓားဂိုဏ်းသည် ပါရမီရှင်ဓားသမားများစွာကို ပိုင်ဆိုင်ထားသည်။

ကောင်းကင်ဓားအမွေခံ ၊ ဤသည်မှာ ထျန်းဟိုင်ဓားဂိုဏ်း၏ ဆက်ခံသူအတွက် အမြင့်ဆုံးဘွဲ့ ဖြစ်သည်။

‘ ကောင်းကင်ဓားသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည်နှင့် လောကတစ်ခုလုံးကို ဇောက်ထိုးလှန်ပစ်မည် ‘ ဟူသော စကားစုသည် ထျန်းဟိုင်ဓားဂိုဏ်း၏ ကောင်းကင်ဓားအမွေခံကို ရည်ညွှန်းခြင်း ဖြစ်ပေသည်။

ထိုသို့ ကောက်ချက်ချပြီးနောက် ၊ ထျန်းချန်လမ်းစဉ်ဂိုဏ်းမှ ပါရမီရှင်များသည် ဤသည်က ဖြစ်နိုင်ခြေပိုရှိသည်ဟု ယုံကြည်ခဲ့ကြသည်။

စိတ်နှလုံးသားထဲက စိုးရိမ်ပူပန်မှုများသည်လည်း တဖြည်းဖြည်း လျော့ပါးသွားခဲ့သည်။

ထို့နောက် ချက်ချင်းပင် ကျန်းယွီ့ကျင်းက ညွှန်ကြားလိုက်သည်။

“ဒါပေမဲ့ အဲ့ဒီဓားသမားက ဘယ်သူပဲဖြစ်ဖြစ်၊ ငါတို့ သူ့ကို လုံးဝ မနှောင့်ယှက်မိစေနဲ့ ! လုံးဝ မစော်ကားမိစေနဲ့ နားလည်ကြလား”

ထိပ်တန်း ပါရမီရှင်များ၏ ပါးစပ်ထဲက ထွက်လာသော “ လုံးဝ “ ဆိုသော စကားနှစ်လုံးသည် သူတို့၏နှလုံးသားထဲက ဤဓားသမား၏ အရေးပါမှုကို ရှင်းပြရန် လုံလောက်ပေသည်။

တစ်ချိန်တည်းမှာပင် ထိပ်တန်း ပါရမီရှင်နှစ်ယောက်သည် စိတ်ထဲကနေ စူးချန်ကဲအား ကျိန်ဆဲနေလေ၏။

“အဲ့ကောင်ကြောင့်သာ မဟုတ်ရင် ငါတို့ ဒီကို လုံးဝ မလာဘူး!”

“အဲ့လူ့ဘီလူး ဓားသမားနဲ့ ကြုံတွေ့ဖို့ဆိုတာ ဝေးရောပဲ !”

“ သကောင့်သားတော့ ...ဒင်းကို ရှာတွေ့တာနဲ့ ကောင်းကောင်းကြီး သင်ခန်းစာပေးရမယ်!”

………

တစ်ချိန်တည်းမှာပင်။

နဂါးငွေ့တန်းတစ်ခုသဖွယ် တောက်ပသော ဓားစွမ်းအင်သည် အရပ်ရှစ်မျက်နှာတစ်ခွင် ပျံ့နှံ့သွားလေရာ ၊ ဟွရှင်း ရှေးဟောင်းမြို့တင်မက နေရာအသီးသီးတွင် ရောက်ရှိနေကြသော ပါရမီရှင်တိုင်း ထိုမြင်ကွင်းကို သတိထားမိခဲ့ကြသည်။

လူတိုင်း အံ့အားသင့်စွာဖြင့် သက်ပြင်းချမိကြသည်။

“ဟူး... ဒီလောက်ထိ ကြောက်စရာကောင်းတဲ့ ဓားစွမ်းအင်... ထျန်းဟိုင်ဓားဂိုဏ်းက ကောင်းကင်ဓားအမွေခံ လင်းဟန်ရဲ့ လက်ချက်များလား”

“ မမှားနိုင်ဘူး သူကလွဲပြီး ဘယ်သူကများ ဒီဓားစွမ်းအင်ရဲ့ ရက်စက်ကြမ်းကြုတ်မှုကို ယှဉ်နိုင်မှာလဲ”

“ဒါပေမဲ့ လင်းဟန်ရဲ့ ဒီဓားစွမ်းအင်က ပိုပြီးအစွမ်းထက်လာသလိုပဲ ... သူနဲ့ အကြိမ်အနည်းငယ် ပညာဖလှယ်ကြည့်ချင်သေးတယ်”

“ဟွန်း! မင်းလို ပေါက်စက သူနဲ့ ပညာဖလှယ်နိုင်မယ်လို့ ထင်နေတာလား ....ဟိုက တစ်ချက်တည်းနဲ့ မင်းကို အဝေးကို လွင့်ထွက်သွားအောင် လုပ်နိုင်တယ်”

“ဟူး... ဒီတစ်ခေါက် နတ်ဘုရားလက်နက် အမတမျှော်စင်ကို ရောက်လာတဲ့ အင်အားစုတွေက သိပ်မများပေမယ့် ကြောက်စရာကောင်းတဲ့ ပါရမီရှင်တွေ အများကြီး ပေါ်လာတာပဲ...”

“ ဒေဝလောက ပြန်လည်စတင်ရာခေတ်ကြီးမှာ ငါတို့အတွက် မြည်းစမ်းခွင့်တောင် ရှိမယ်မထင်ဘူး “

“…………”

လူတိုင်း၏ ဆွေးနွေးမှုများနှင့် ယှဉ်လျှင် ၊

နတ်ဘုရားလက်နက် အမတမျှော်စင်၏ တစ်နေရာရာတွင် ၊

အပြာရောင်ဝတ်ရုံကို ဝတ်ဆင်လျက် အေးစက်ပြီး ခက်ထန်သော မျက်နှာထားရှိသည့် အမျိုးသားတစ်ဦးသည် ကျောက်ဆောင်ထိပ်တွင် ရပ်နေပြီး အဝေးမှ ရှုခင်းများကို ငေးကြည့်နေသည်။

နေရာတွင် ရပ်နေရုံဖြင့် ဓားအိမ်မှ ဆွဲထုတ်လိုက်သော နတ်ဘုရားဓားကဲ့သို့ ထူးခြားပြီး တုနှိုင်းမယှဉ်နိုင်သော အရှိန်အဝါကို ထုတ်ဖော်ပြသနေပြီး မြင်သူတိုင်းကို အံ့အားသင့်စေသည်။

သူသည် လူတိုင်းပြောနေကြသည့် ထျန်းဟိုင်ဓားဂိုဏ်းမှ ကောင်းကင်ဓားအမွေခံ လင်းဟန်မှလွဲ၍ အခြားသူမဟုတ်ပေ။

လက်ရှိတွင် သူ၏စိတ်ထဲတွင် ရှုပ်ထွေးနေပြီး မေးခွန်းများစွာ ရှိနေခဲ့သည်။

သူသည်လည်း အဆိုပါဓားစွမ်းအင်ကို မြင်တွေ့ခဲ့ရသည်။

သို့သော် လူတိုင်းက ထိုအရာကို ထုတ်လွှတ်ခဲ့သူမှာ သူ ဖြစ်သည်ဟု အထင်မှားနေကြသည်။

သို့သော် သူသည် ဤနေရာတွင် ဓားရေးလေ့ကျင့်နေခဲ့ပြီး မောပန်းမှုကြောင့် တရေးတမော အိပ်နေခဲ့သည်။

ဒါနဲ့ နေစမ်းပါဦး ! သူက ဓားကို ဘယ်တုန်းကများ ဆွဲထုတ်လိုက်လို့တုန်း ?

သူလည်း ဘာမှမလုပ်လိုက်ရဘူး ရုတ်တရက်ကြီး နာမည်ထကြီးလာတာ ၊ ဒါ ဘာတွေလဲ?

All Chapters