ကြီးမားသော ဘေးအန္တရာယ်၊ မဟာလမ်းစဉ် နတ်ဆိုးပုလင်း
Vol. 56 Ch. 737
ဝုန်း !!
အမှောင်ထုအတွင်းမှ အမတအလင်းများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
နံနက်ခင်းတွင် ကျဆင်းလာသော နေရောင်ခြည်ကဲ့သို့ နတ်အလင်းသည် အမှောင်ထုဖြင့်ဖုံးလွှမ်းနေသော ဤကမ္ဘာကြီးတွင် လျှပ်တပြက် ဝင်းလက်သွားသည်။
အမတအလင်းနှင့် အမှောင်ထု ဆူးနွယ်များတို့၏ ထိပ်တိုက်တွေ့ဆုံမှုသည် ပြင်းထန်သော ပေါက်ကွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။
ဝုန်း ဝုန်း !!
သို့သော် အမှောင်ထုကမ္ဘာ၏ ဖိနှိပ်မှုအောက်တွင် ၊ သူမတို့၏ခွန်အားသည် ရှစ်ထျန်းတိ့ထက် နိမ့်ကျသောကြောင့် ယောင်ကွမ်အမတဂိုဏ်းမှ ပါရမီရှင်များသည် ခုခံနိုင်စွမ်းမရှိဘဲ အဝေးသို့ လွင့်ထွက်သွားကြသည်။
“သေပေတော့”
လူတိုင်း လေထဲသို့ လွင့်ထွက်သွားသည့် အခိုက်အတန့်မှာပင် ၊ ရှစ်ထျန်းတိ့သည် တစ်ဖန် လှုပ်ရှားလိုက်သည်။
သူသည် လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ၊ လွင့်ထွက်သွားသော ထိုလူများရှိရာ ဦးတည်ရာဘက်သို့ ဖိချလိုက်သည်။
ဝုန်း !!
လူငါးဦး၏ ဦးခေါင်းပေါ်တွင် အမှောင်ဝဲဂယက် ငါးခု ပေါ်ထွက်လာပြီး သက်ဝင်လှုပ်ရှားနေသည်။ အဆိုပါ အမှောင်ထု ဝဲဂယက်များသည် ကမ္ဘာပေါ်ရှိ အရာအားလုံးကို ဝါးမြိုနိုင်စွမ်းရှိသကဲ့သို့ ဆက်လက် ကြီးထွားလာသည်။
“မဟာပရမ်းပတာ ကောင်းကင်လက်ဝါး။”
ထိုအချိန်တွင် အမျက်ဒေါသများ ပါဝင်သည့် အေးစက်သော လေသံကို ကြားလိုက်ရသည်။
ဘုန်း ! ဘုန်း !
အမတအလင်းများဖြင့် ပြည့်နှက်နေသော ပရမ်းပတာ လက်ဝါးပုံစံများစွာသည် ကောင်းကင်မှ ဆင်းသက်လာသော နတ်ဘုရား ရောင်ခြည်များကဲ့သို့ အာကာသကို ထိုးဖောက်ဝင်ရောက်လာပြီး အမှောင်ဝဲဂယက်များပေါ်သို့ ထိမှန်သွားခဲ့သည်။
ကျယ်လောင်သော ပေါက်ကွဲသံသည် လူ၏ နားစည်များကို ကွဲကြေလုနီးပါး ဖြစ်သွားစေသည်။ အမှောင်ထုထဲတွင် ဖြစ်စေ ၊ ဟင်းလင်းပြင်တွင် ဖြစ်စေ အဆိုပါ ပရမ်းပတာမုန်တိုင်းရှေ့တွင် ဖိနှိပ်ခံရပြီး ပြိုကွဲပျက်စီးသွားစေသည်။
ဝုန်း !!
ရိုက်ခတ်သွားသော ဟင်းလင်းပြင်မုန်တိုင်းနှင့်အတူ ၊ ရှစ်ထျန်းတိ့၏ အမှောင်ထုစွမ်းအားသည် အမှုန်အမွှားမျှပင် မကျန်ဘဲ ချေမှုန်းခံလိုက်ရသည်။
မိမိ၏ မှော်စွမ်းအားများ ချေဖျက်ခံလိုက်ရသဖြင့် ရှစ်ထျန်းတိ့သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။
အမတဧကရာဇ်မင်း အဆင့်သို့ ရောက်ရှိထားသော သူသည် အမှောင်ထုမဟာလမ်းစဉ်အပေါ်တွင် နက်နဲသော ထိုးထွင်းသိမြင်မှု ရှိသည်။
ဤခန္ဓာကိုယ်သည် စစ်မှန်အမတနယ်ပယ် အဆင့် (၈) သာဖြစ်သော်လည်း ၊ သို့သော် သူ၏ တိုက်ခိုက်မှုသည် စစ်မှန်အမတနယ်ပယ် အဆင့် (၉) ရှိသူကိုပင် သတ်နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သာမန် ကောင်းကင်အမတ နယ်ပယ်အဆင့် ရှိသူကိုပင် သတ်နိုင်ပေလိမ့်မည်။
သို့သော် စစ်မှန်အမတနယ်ပယ် အဆင့် (၆) ရှိသော လော့ရန်ယွီသည် သူ၏တိုက်ခိုက်မှုကို ဖြိုခွင်းပစ်ခဲ့သည်။
“တကယ်ကို စိတ်ဝင်စားစရာကောင်းတာပဲ”
ရှစ်ထျန်းတိ့၏ နှုတ်ခမ်းထောင့်ရှိ အေးစက်စက် အပြုံးသည် ပို၍ ထင်ရှားလာသည်။
“စူးချန်ကဲ ဆိုတဲ့ကောင်က ငါ့ကို အံ့အားသင့်စေရုံတင်မကဘူး ...သူရဲ့ မိန်းကလေးကလည်း ငါ့ကို အံ့အားသင့်အောင် လုပ်နိုင်မယ်လို့ ထင်မထားဘူး”
“ မင်းမှာက ရှေးဦး ပရမ်းပတာခန္ဓာ ရှိနေတယ်ဆိုမှတော့ ...မင်းဟာ ...အမှောင်ထုထဲကို ကျရောက်ဖို့ သင့်တော်တယ်”
ဂျိန်း----!!
မိုးကြိုးပစ်သံကဲ့သို့သော ကျယ်လောင်သော ဆူညံသံသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အမှောင်ထုလှိုင်းတံပိုးသည် ရှစ်ထျန်းတိ့ကို ဗဟိုပြုကာ အရပ်ရပ်သို့ ပျံ့နှံ့သွားသည်။
အမှောင်ထုလှိုင်းတံပိုးများ စုဝေးလာသည်နှင့် အမျှ ၊ ရှစ်ထျန်းတိ့၏ ခေါင်းပေါ်တွင် အနက်ရောင် နတ်ဆိုးပုလင်းတစ်လုံးအဖြစ် ဖြည်းညှင်းစွာ ငွေ့ရည်ဖွဲ့လျက် ရှိသည်။
ပုလင်းဝသည် မိုးနှင့်မြေကို ဝါးမြိုကာ နေနှင့်လတို့ကို အရည်ပျော်စေနိုင်သော အဆုံးမဲ့ငရဲသို့ ဦးတည်နေပုံရသည်။
ချက်ချင်းဆိုသလို လူကို မွန်းကြပ်စေသောဖိအားတစ်ခု ကျရောက်လာခဲ့ရာ ၊ ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ လူကို ရေခဲတမျှ အေးစက်သွားစေသည်။
ဤသည်မှာ ရှစ်ထျန်းတိ့၏ မူလရင်းမြစ် အမတလက်နက်ဖြစ်သော မဟာလမ်းစဉ် နတ်ဆိုးပုလင်းသာ ဖြစသည်။
အဆိုပါလက်နက်၏ အဆင့်အတန်းကို စစ်မှန်နယ်ပယ် အမတလက်နက်အဆင့်သို့ ဖိနှိပ်ထားသော်လည်း၊ သို့သော် မိုးမြေကို ဝါးမြိုနိုင်သည့် ၎င်း၏ ကြောက်ခမန်းလိလိ စွမ်းအားကြောင့် ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိသူများကိုပင် လွယ်လင့်တကူ ဖြေရှင်းနိုင်သည်။
ရှစ်ထျန်းတိ့သည် ယခင်က စူးချန်ကဲ၏လက်ချက်ဖြင့် သင်ခန်းစာရထားပြီး ဖြစ်သည်။
အကယ်၍ စူးချန်ကဲ ကဲ့သို့သော လူ့ဘီလူးများနှင့် ဆုံတွေ့ပါက ၊
ဤမဟာလမ်းစဉ် နတ်ဆိုးပုလင်းကို အသုံးပြု၍ နှိပ်ကွပ်နိုင်မည်ဟု သူ ယုံကြည်ထားသည်။
ထိုစဉ် ၊ လူတိုင်း၏ စိတ်နှလုံးများကို အလွန်ပင် မငြိမ်မသက် ဖြစ်စေသော အင်အားတစ်ခု ကျရောက်လာခဲ့သည်။
ယခင်က တိုက်ခိုက်ခံခဲ့ရသော ယောင်ကွမ်အမတဂိုဏ်းမှ တပည့်များသည် ဤကြောက်မက်ဖွယ်ရာ ကောင်းသော ဖိအားအောက်တွင် စိတ်နှလုံးများ တုန်လှုပ်နေပြီး မည်သည့် ခုခံမှုမျိုးမှ မပြုလုပ်နိုင်ခဲ့ချေ။
“ဒီပစ္စည်းက ဘာလဲ....”
ရှစ်ထျန်းတိ့၏ ခေါင်းပေါ်တွင် မျောလွင့်နေသော မဟာလမ်းစဉ် နတ်ဆိုးပုလင်းကို ကြည့်ရှုရင်း ၊ လော့ရန်ယွီ၏ စိတ်နှလုံးမှာ တုန်လှုပ်နေခဲ့သည်။
“ ငါ့ရဲ့ အမတစွမ်းအားတွေကို ဘယ်လိုလုပ်ပြီး ပုံသဏ္ဍာန်မရှိဘဲ စုပ်ယူနိုင်ရတာလဲ....”
သူမသည် ယခင်က ရှစ်ထျန်းတိ့ကို ရင်ဆိုင်နိုင်မည်ဟု ၉၀% ယုံကြည်ချက်ရှိခဲ့သော်လည်း ၊ ယခု မဟာလမ်းစဉ် နတ်ဆိုးပုလင်း ထွက်ပေါ်လာချိန်တွင် ၃၀%သာ ယုံကြည်ချက်ရှိတော့သည်။
လော့ရန်ယွီသည် သူမ၏ခန္ဓာကိုယ်အတွင်းရှိ အမတစွမ်းအားများကို စုစည်းလိုက်ပြီး ၊ ရှစ်ထျန်းတိ့ကို အသက်ရင်းပြီး တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။
အနိုင်ရပါက ကောင်းမည်ဆိုသော်လည်း ၊ သို့သော် ရှုံးနိမ့်ခဲ့မည်ဆိုပါက သူမသည် မိမိကိုယ်ကိုယ် အဆုံးစီရင်ရန်သာ ဆန္ဒရှိပြီး စူးချန်ကဲကို ခြိမ်းခြောက်ရန် အသုံးချခံရမည့် ပစ္စည်းတစ်ခု ဖြစ်လာမည်ကို မလိုလားပေ။
……
“ဟားး.... မင်းနဲ့ စူးချန်ကဲက အတော်လေး တူတယ် “
“ကံဆိုးတာက မင်းက သူ့လောက်ထိ မသန်မာဘူး”
“ဒီနေရာကို ငါ လုံးဝ ပိတ်ဆို့ထားလိုက်ပြီ၊ ဘယ်သူမှ လာမနှောက်ယှက်နိုင်ဘူး...ဒီနေ့ မင်းကို အမှောင်ထုထဲကို ကျရောက်စေရမယ် ...ဒါဟာ မင်းရဲ့ တစ်ခုတည်းသော ကံကြမ္မာပဲ”
လော့ရန်ယွီကို ကြည့်နေသော ရှစ်ထျန်းတိ့၏ မျက်လုံးထဲတွင် တပ်မက်မောမှုများဖြင့် ပြည့်နှက်နေသည်။
လော့ရန်ယွီသည် ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းကို ပိုင်ဆိုင်ထားသည်။ အကယ်၍ သူမကို အမှောင်ထုထဲသို့ ကျရောက်စေပြီး အမှောင်ထုကို သန့်စင်ပေးနိုင်သော စွမ်းအားကို ဖြိုခွင်းပေးမည်ဆိုပါက ၊
သူ၏ အမှောင်မူလရင်းမြစ် ကမ္ဘာသည် ဤခေတ်ကာလအတွင်း ကျန်ရှိနေသေးသော အမတနယ်မြေများကို သိမ်းပိုက်နိုင်မည့် အခွင့်အရေး ရှိလာပေလိမ့်မည်။
“ရှစ်ထျန်းတိ့၊ မင်းရဲ့ စိတ်ကူးတွေက အရင်ကအတိုင်းပဲ ညစ်ပတ်ပြီး ရွံစရာကောင်းတယ် “
ရုတ်တရက် အေးစက်သော အသံတစ်ခုသည် ကောင်းကင်တစ်ခွင်လုံးတွင် ပဲ့တင်ထပ်သွားသည်။
“မဟာလမ်းစဉ် နတ်ဆိုးပုလင်းကို အသုံးပြုပြီး ငါ့အမတနယ်မြေက လူငယ်လေးတွေကို ရန်ရှာနေတယ်ပေါ့လေ “
“မင်းရဲ့ ကျင့်ကြံမှုတွေက ခွေးအဆင့်ကို ရောက်သွားတယ်လို့ ပြောရင်တောင် ခွေးတွေကို စော်ကားရာရောက်ဦးမယ် “
ထိုစကားများ ထွက်လာသည်နှင့် ၊
လော့ရန်ယွီကို လှည့်စားရန် အသင့်ပြင်ဆင်နေသော ရှစ်ထျန်းတိ့သည် ရုတ်တရက် ရပ်တန့်သွားသည်။
သူ၏မျက်လုံးအိမ်များသည် ရုတ်တရက် ကျုံ့ဝင်သွားပြီး ၊ စိတ်နှလုံးထဲ၌ ထိန်းမရနိုင်သော နက်ရှိုင်းသည့် ကြောက်ရွံ့မှုများသည် ဒီရေအလား တိုးဝင်လာသည်။
“ဒီအသံက....”
“ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!?”
အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်မှုအောက်တွင် ၊ ရှစ်ထျန်းတိ့သည် အသံလားရာဘက်သို့ လှည့်ကြည့်လိုက်သည်။
ဤအသံသည် ရုတ်တရက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး ၊ လော့ရန်ယွီသည်လည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။
သို့သော် ရှစ်ထျန်းတိ့၏ မျက်နှာသည် မူလက ရေခဲအလား အေးစက်နေရာမှ ထိုအသံကို ကြားပြီးနောက် အပြောင်းအလဲဖြစ်သွားသည်ကို သူမ မြင်တွေ့လိုက်ရပြီး ၊ ဤကိစ္စသည် ရိုးရှင်းမည် မဟုတ်မှန်း သူမ သိလိုက်သည်။
“ဒါပေမဲ့..... ငါ့ရဲ့ အာရုံခံစားမှုကသာ မမှားရင် ၊ ဒီနေရာတစ်ခုလုံးကို ဒီထူးဆန်းတဲ့ စွမ်းအားက လွှမ်းခြုံထားတယ် “
“အပြင်ဘက်ကနေ လုံးဝ ပိတ်ဆို့ထားသလို ဖြစ်နေတာကို ....ဘယ်သူကများ အသံတစက်မှ မထွက်ဘဲ ခုလို ဝင်ရောက်လာနိုင်တာလဲ “
ခြေလျှောက်သံသည် အဝေးတစ်နေရာမှ နီးကပ်လာပြီး ၊ လော့ရန်ယွီ၏ ရှုပ်ထွေးနေသော အတွေးများကို ဖြတ်တောက်ပစ်လိုက်သည်။