စူးချန်ကဲနဲ့ ဘယ်အဆင့်ထိ ရောက်ပြီလဲ
Vol. 56 Ch. 740
ထိုအတွေးများဖြင့် ၊
ရှစ်ထျန်းတိ့၏ စိတ်ထဲတွင် ထိတ်လန့်တုန်လှုပ်သော ခံစားချက်များ ဝင်ရောက်လာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မိမိသည် သတိကြီးစွာ ပြုမှုတတ်သော အလေ့အထရှိသည်။ သို့မဟုတ်ပါက ဤတစ်ကြိမ်တွင် အမှန်တကယ် ဒုက္ခရောက်သွားနိုင်သည်။
“ဒါပေမဲ့ စူးရွှမ် ဆိုတဲ့ကောင် နတ်ဘုရားလက်နက် အမတမျှော်စင်ကို ရောက်လာရတဲ့ ရည်ရွယ်ချက်က ဘာလဲ....”
ဤအချက်နှင့်ပတ်သတ်၍ ၊ ရှစ်ထျန်းတိ့သည် နားမလည်နိုင် ဖြစ်နေခဲ့သည်။
အနည်းဆုံး အမတဧကရာဇ် နယ်ပယ်အဆင့်သို့ ရောက်ရှိပြီးသော စွမ်းအားရှင်တစ်ဦးသည် နတ်ဘုရားလက်နက် အမတမျှော်စင်ရှိ အခွင့်အလမ်းများကြောင့် ဝင်ရောက်လာသည်ဟု ဆိုရလျှင်ဖြင့် ၊ အဓိပ္ပာယ်မဲ့လွန်းသည်။
“ဟွန့် ! စူးချန်ကဲ ဆိုတဲ့ကောင် နတ်ဘုရားလက်နက် အမတမျှော်စင်ကို လာတာ ထားပါတော့... စူးရွှမ် အဲ့သကောင့်သားပါ ရောက်ချလာသတဲ့လား”
“ မဖြစ်ဘူး ရှောင်ရမယ်!”
တိုက်လည်းမနိုင်မှတော့ ရှောင်ရုံပေါ့ ဟုတ်ဘူးလား?
သူသည် ဤအမှောင်ထုရုပ်သေးများကို မလိုအပ်ဘဲ နတ်ဘုရားလက်နက် အမတမျှော်စင်ထဲတွင် ထိန်းချုပ်သွားလာနေမည် မဟုတ်ပေ။
“ တိုက်လည်းမနိုင်မှတော့ အမှောင်ထဲကနေ စောင့်ကြည့်ရုံပေါ့ ဒီလောက်တော့ ဖြစ်နိုင်တယ် မဟုတ်လား”
“ငါကြည့်လိုက်ဦးမယ်၊ စူးရွှမ် ဒီကောင် နတ်ဘုရားလက်နက် အမတမျှော်စင်ကို လာတာ...တကယ်ပဲ ဘာရည်ရွယ်ချက်ရှိနေတာလဲ!?”
……….
တစ်ချိန်တည်းမှာပင်။
နတ်ဘုရားလက်နက် အမတမျှော်စင်ထဲတွင်။
စူးရွှမ်၏ ဝင်ရောက်စွက်ဖက်မှုကြောင့် ရှစ်ထျန်းတိ့ ဖွဲ့စည်းထားသော အမှောင်ထုနယ်ပယ်သည် လုံးဝပျောက်ကွယ်သွားပြီး ၊ ကောင်းကင်ကြီးသည် တစ်ဖန် ကြည်လင်လာခဲ့သည်။
လော့ရန်ယွီမှလွဲ၍ ယောင်ကွမ်အမတဂိုဏ်းမှ တပည့်များသည် ရှစ်ထျန်းတိ့၏ အမှောင်ထုစွမ်းအင်ကြောင့် လက်ရှိအချိန်အထိ သတိလစ်နေဆဲပင် ဖြစ်သည်။
အသက်ဘေးမှ လွတ်မြောက်လာပြီးနောက်၊ လော့ရန်ယွီသည် အရိုအသေတန်မဲ့ မပြုမှုဝံ့ဘဲ စူးရွှမ်ဆီသို့ မြန်မြန်ဆန်ဆန် ဦးညွှတ်လိုက်သည်။
“ရန်ယွီ၊ ကျန့်ထျန်း အမတဧကရာဇ်မင်းကို ဂါရဝပြုပါတယ်”
စူးရွှမ်သည် ခေါင်းအနည်းငယ် ညိတ်ပြလိုက်ပြီး ၊ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် ဝန်းရံနေသော ဓားစွမ်းအင်များကို ဖိနှိပ်လိုက်သည်။
လော့ရန်ယွီကို ခေါင်းမှခြေအဆုံး ကြည့်ရှုလိုက်ရင်း ၊ စူးရွှမ်သည် မနေနိုင်တော့ဘဲ ချီးကျူးလိုက်သည်။
“ကောင်းတယ်၊ ဟွိုင့်တွိုင့်ခန္ဓာကနေ ထူးခြားတဲ့ ခန္ဓာကိုယ် နိုးထလာတာကို အရင်မပြောခင်”
“ ဒီပုံစံအတိုင်းသာဆို နောက်ပိုင်းမှာ ယောင်ကွမ်အမတဂိုဏ်းရဲ့ မူလရင်းမြစ် ခန္ဓာ ၊ ယောင်ကွမ် စိတ်ကူးယဉ်မျက်ဝန်းပါ နိုးထလာနိုင်တယ်”
“ဒီလိုအရည်အချင်းမျိုးက အမတနယ်မြေ တစ်ခုလုံးမှာ ရှားပါးတယ်လို့တောင် ပြောလို့ရတယ်”
ထိုစကားများကို ကြားလိုက်ရသော လော့ရန်ယွီသည် အနည်းငယ် နေရခက်နေဟန်ရှိသည်။
“ကျန့်ထျန်း အမတဧကရာဇ်မင်းရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်... ရန်ယွီသာ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ခဲ့မယ်ဆိုရင်.. အမတဧကရာဇ် လူကြီးမင်းအပေါ် ခုလို သက်ရောက်မှုရှိစေမှာ မဟုတ်ဘူး”
လော့ရန်ယွီသည်လည်း အလွန် ဉာဏ်ရည်ထက်မြက်သော မိန်းကလေးတစ်ဦး ဖြစ်ပေသည်။ စူးရွှမ်၏ ထွက်ပေါ်မှုသည် သတိပေးချက်မရှိ ရုတ်တရက်ဆန်လွန်းသည်။
ထိုအရာကို ကြည့်ခြင်းအားဖြင့် ၊ စူးရွှမ်သည် တစ်ချိန်လုံး ရှစ်ထျန်းတိ့၏ နောက်သို့လိုက်နေခဲ့ကြောင်း သက်သေပြနေသည်။
အရေးယူ ဆောင်ရွက်ခြင်းမရှိဘဲ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့သည်မှာ သူသည် အလွန်အရေးကြီးသော ကိစ္စတစ်ခုကို စောင့်ကြည့်ခြေရာခံဖို့ ရွေးချယ်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် မိမိအတွက်ဖြင့် ကျန့်ထျန်း အမတဧကရာဇ်မင်းသည် သူ၏ တည်ရှိမှုကို ထုတ်ဖော်လိုက်ရသည်။
မတော်တဆ စူးရွှမ်၏ အစီအစဉ်ကို နှောက်ယှက်မိခဲ့သည်။ ဤကိစ္စအတွက် သူမကိုယ်သူမ အပြစ်ရှိသည်ဟု ခံစားနေမိသည်။
ထိုစကားများကို ကြားလိုက်ရသော စူးရွှမ်သည် အနည်းငယ် အံ့အားသင့်သွားပုံရသည်။
လော့ရန်ယွီသည် သူ၏ အစီအစဉ်ကို ဤမျှ သေးငယ်သော အချက်အလက်များမှ တဆင့် ခန့်မှန်းနိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ပေ။
ဤအချက်ကို ကြည့်ခြင်းအားဖြင့် လော့ရန်ယွီသည် မည်မျှထူးချွန်သည်ကို ပြသနေသည်။
စူးရွှမ်သည် လက်ဝှေ့ယမ်းပြကာ ပြုံးရွှင်စွာဖြင့် ဆိုလိုက်သည်။
“ပြဿနာမရှိပါဘူး၊ ခုနက အနက်ရောင် ပုလင်းက ရှစ်ထျန်းတိ့ရဲ့ မူလအမတဧကရာဇ် လက်နက်၊ မဟာလမ်းစဉ် နတ်ဆိုးပုလင်းပဲ”
“အမတဧကရာဇ် လက်နက်ရဲ့ ပုံပွားတစ်ခုဆိုပေမယ့် စစ်မှန်အမတ နယ်ပယ်အဆင့်ပဲ ရှိသေးတဲ့ မင်းအတွက် ရင်ဆိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူး”
“ကောင်းကင်အမတ နယ်ပယ်အဆင့်ရှိတဲ့ စွမ်းအားရှင်တွေတောင် အမှောင်ထုစွမ်းအင်ကို ကန့်သတ်နိုင်တဲ့ မှော်အတတ်မရှိရင် အမှောင်ထုထဲကို လုံးဝ ကျရောက်သွားမှာပဲ”
ထိုစကားများကို ကြားလိုက်ရချိန်တွင် လော့ရန်ယွီသည် တစ်ဖန် တုန်လှုပ်သွားပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်သည်။
“ရှစ်ထျန်းတိ့..... အမတဧကရာဇ်မင်း လက်နက်..... အမှောင်ထု....?”
သူမသည် အဓိက စကားလုံးများကို ချက်ချင်းပင် ဖမ်းယူနိုင်ခဲ့သည်။
စောနက သူမတွေ့ကြုံခဲ့ရသော အမှောင်ထုစွမ်းအင်များမှတစ်ဆင့် ဤအရာသည် အမတနယ်မြေရှိ ရှေးဟောင်းကျမ်းစာထဲတွင် မှတ်တမ်းတင်ထားသော အမှောင်ထုဖြစ်နိုင်သည်ဟု သံသယဖြစ်ခဲ့ဖူးသည်။
သို့သော် အမှောင်ထု ခေတ်ကာလနှင့် ကမ္ဘာ့ကပ်ဘေး စစ်ပွဲကြီးသည် လက်ရှိအချိန်နှင့် အလွန်ဝေးကွာသော ခေတ်ကာလတွင် ဖြစ်ပွားခဲ့သည်။
ထိုကြောင့် ရှစ်ထျန်းတိ့သည် ရှေးဟောင်းအမွေအနှစ်တစ်ခုကြောင့် အမှောင်ထုထဲသို့ ကျရောက်သွားသော လူငယ်ပါရမီရှင်တစ်ဦး ဖြစ်ရမည်ဟု ထင်မြင်ခဲ့သည်။
သို့သော် ယခု စူးရွှမ်၏ စကားများကို ကြားပြီးနောက် ဤကိစ္စသည် သူမ ထင်ထားသည်ထက် မရိုးရှင်းကြောင်း သိရှိလာခဲ့သည်။
ထိုအနက်ရောင်ပုလင်းသည် အမတဧကရာဇ်အဆင့်ရှိ လက်နက်တစ်ခု ဖြစ်ပါက ၊ ဤရှစ်ထျန်းတိ့သည် ဒဏ္ဍာရီထဲက အမတနယ်မြေကို ဖြုတ်ချရန် ကြံရွယ်နေခဲ့သည် အမှောင်ထု အမတဧကရာဇ်မင်းပင် မဟုတ်လော။
သို့သော် အမှောင်ထု ပြန်လည်နိုးထမည့် ခေတ်ကာလသည် နှစ်ပေါင်း ရာနှင့်ချီ ကျန်ရှိနေသေးသည်။ သူသည် အမတနယ်မြေထဲသို့ မည်သို့ဝင်ရောက်ကာ နတ်ဘုရားလက်နက် အမတမျှော်စင်သို့ ရောက်ရှိလာခဲ့သနည်း။
အကယ်၍ ဤအမှောင်ထု အင်အားစုများသည် အမတနယ်မြေထဲသို့ ဝင်ရောက်လာနိုင်ပါက ၊
အခြားသော အမှောင်ထု စွမ်းအားရှင်များသည်လည်း ဝင်ရောက်လာကြမည် မဟုတ်လော။
ထိုအတိုင်းသာဆိုလျှင်ဖြင့် ၊ လက်ရှိ အမတနယ်မြေသည် အမှောင်ထု၏ ကျူးကျော်ဝင်ရောက်မှုကို ခံနေရပြီမဟုတ်လော။
အမူအရာ ပြောင်းလဲသွားသော လော့ရန်ယွီကို ကြည့်ရင်း ၊ စူးရွှမ်သည် သူမ၏ စိတ်ထဲက အတွေးများကို တွေ့မြင်နေရသကဲ့သို့ အေးဆေးတည်ငြိမ်စွာ ပြုံးရယ်လျက် ဆိုလိုက်သည်။
“စိတ်မပူပါနဲ့၊ ကိစ္စက မင်းထင်သလောက် မဆိုးသေးပါဘူး “
“အမှောင်မူလရင်းမြစ် ကမ္ဘာမှာ ရှစ်ထျန်းတိ့ အဲ့ကောင်ကလွဲပြီး တခြားအမှောင်ထု အမတဧကရာဇ်မင်းတွေမှာ အမတနယ်မြေထဲကို ဝင်ရောက်နိုင်တဲ့ စွမ်းအားမျိုး မရှိဘူး”
“သူက အမှောင်ထုထဲကနေ နေပြီး အမတနယ်မြေကို သက်ရောက်မှုရှိအောင် လုပ်နိုင်ပေမယ့် အများဆုံး လူကို စိတ်အနှောင့်အယှက် ဖြစ်အောင် လုပ်နိုင်ရုံပဲ...ခေတ်ရဲ့ ရေစီးကြောင်းကို ထိန်းချုပ်နိုင်တဲ့အထိ မဟုတ်သေးဘူး”
“ပြီးတော့လည်း အမတနယ်မြေက အင်အားစုတွေကလည်း ဒီအခြေအနေကို အပြည့်အဝ သိရှိထားပြီး ကြိုတင်ကာကွယ်မယ့် နည်းလမ်းတွေ ရှိနှင့်ပြီးသား”
“လက်ရှိအမတနယ်မြေရဲ့ မျိုးဆက်သစ်ပါရမီရှင်တစ်ယောက်အနေနဲ့ ရန်ယွီ မင်းကတော့ စိတ်ချလက်ချသာ သွား ... အမှောင်ထဲက ကိစ္စတွေကို ငါတို့ ဖြေရှင်းပေးမယ်”
စူးရွှမ်၏ စကားများသည် လော့ရန်ယွီ၏ စိုးရိမ်ပူပန်နေသော စိတ်ကို ငြိမ်သက်သွားစေခဲ့ပြီး ၊ သူမ၏ စိတ်ထဲတွင် ထူးဆန်းသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရသည်။
သူမသည် ကျန့်ထျန်း အမတဧကရာဇ်မင်းထံမှ ရင်းနှီးသော ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသလိုပင်။
ထိုအချိန်တွင် စူးရွှမ်က ဆက်ဆိုလိုက်သည်။
“ဒီကိစ္စတွေထက် ရန်ယွီ ...မင်းနဲ့ ချန်ကဲ က ဘယ်အဆင့်ထိ ရောက်ပြီးပြီလဲ”
“အတူတူ အိပ်ပြီးပြီလား”
ထိုစကားများ ထွက်ပေါ်လာချိန်တွင် လော့ရန်ယွီ၏ ရှုပ်ထွေးနေသော အတွေးများသည် ရုတ်တရက် ဆွဲခေါ်ခံလိုက်ရသည်။
အတူတူ အိပ်ပြီးပြီလား...စူးချန်ကဲနဲ့လား?
သူမ၏ မျက်နှာပြင်သည် ချက်ချင်းပင် နီမြန်းသွားပြီး ၊ နွေဦးလေပြေတွင် ယိမ်းနွဲ့နေသော နူးညံ့သော ရေကြာပန်းလေး တစ်ပွင့်ကဲ့သို့ သူမ၏အကြည့်များကို မသိမသာ ရှောင်လွဲလိုက်သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော စူးရွှမ်သည် သူ့အလိုလို ရယ်မောမိလိုက်သည်။
ဤပုံစံအရ အဖြေကို တန်းသိနိုင်သည်။
“အိုင်း! ငါ မြေးလေးတစ်ယောက်ကို ပွေ့ဖက်ချင်နေပြီ “
စူးရွှမ်သည် ရည်ရွယ်ချက်ရှိရှိ ပြောခြင်းလား မသိနိုင်သော်လည်း ၊ ထိုသို့ပြောနေစဉ်မှာပင် သူသည် လော့ရန်ယွီကို တစ်ချက်ကြည့်လိုက်သည်။
“ကြည့်ရတာ ငါ အရမ်းလောသွားတဲ့ပုံပဲ “
ထိုစကားများသည် လော့ရန်ယွီအား ကြွက်တွင်းထဲ ဝင်အောင်းချင်လုနီးပါး ရှက်ရွံ့သွားစေသည်။
သို့သော်လည်း စူးရွှမ်၏ စကားများကို ကြားပြီးနောက် ၊ လော့ရန်ယွီသည်လည်း ထိုသို့ စဉ်းစားနေမိသည်။
မိမိသည် စူးချန်ကဲနှင့် ထိုကဲ့သို့သော အရာမျိုးကို ပြုလုပ်၍ ဆက်ဆံရေးကို တိုးတက်အောင် လုပ်သင့်သလော။
ထို့အပြင် သူတို့သည် ဗုဒ္ဓ၏လမ်းညွှန်မှုများကို ကျင့်သုံးနေသူများ မဟုတ်သည့်အတွက် ဤအရာနှင့်ပတ်သတ်၍ တားမြစ်ချက်များ မရှိပေ။
စူးရွှမ်သည် လော့ရန်ယွီ၏ သေးငယ်သော မျက်နှာအမူအရာများမှ တစ်ဆင့် သူမ၏ စိတ်ထဲရှိ အတွေးများကို မြင်လိုက်ရသည်။
“ကဲပါလေ ... ဘယ်လိုလုပ်ရမယ်ဆိုတာ မင်းတို့ လူငယ်တွေရဲ့ ကိစ္စပဲ”
“ မဟာလမ်းစဉ် ကျင့်ကြံခြင်းမှာ အရေးအကြီးဆုံးက နောင်တမရခြင်းပဲ”
“မင်းရဲ့ အဒေါ်ရွှမ်းရုံကလည်း ပြောပြမယ် ထင်တယ်”
“မင်းဟာ ချန်ကဲနဲ့အတူ ဆက်သွားဖို့ ဆုံးဖြတ်လိုက်ပြီ ဆိုမှတော့ ဒါဆို ဦးလေးကလည်း မင်းတို့ကို ထောက်ခံပေးနေမယ် “
ထိုသို့ပြောရင်း ၊ စူးရွှမ်သည် သူ၏ ရင်ဘက်ထဲမှ မဟာလမ်းစဉ် အမှတ်အသားများဖြင့် ထွင်းထုထားသော ကျောက်သေတ္တာတစ်ခုကို ထုတ်ယူကာ လော့ရန်ယွီကို ပေးလိုက်သည်။
“ဒါက ထျန်းရွှမ် ကျောက်သေတ္တာပဲ... ဦးလေးရဲ့ တွေ့ဆုံလက်ဆောင်အဖြစ် ယူဆလိုက် “
“ဒီထဲမှာ မှော်ကျောက်တုံးတွေ အများကြီး ရှိရုံတင်မကဘူး ၊ အမတအတတ် ကျမ်းစာအုပ်တွေနဲ့ အမတဆေးတွေလည်း ရှိတယ်... မင်းအတွက် အကူအညီဖြစ်မယ်လို့ ထင်တယ်”
“အရေးအကြီးဆုံးက ဦးလေး ကနဦးအမွေအနှစ်တစ်ခုကနေ ရလာခဲ့တဲ့ စုံတွဲကျင့်ကြံနည်းပဲ ...အနာဂတ်မှာ မင်း ချန်ကဲနဲ့အတူ ကျင့်ကြံနိုင်တယ် “