← Chapters

စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော မြေအောက်ကမ္ဘာ

Vol. 56 Ch. 741

စိတ်လှုပ်ရှားဖွယ်ရာ ကောင်းသော မြေအောက်ကမ္ဘာ

Vol. 56 Ch. 741

ထိုစကားများကို ကြားလိုက်ရသည်နှင့် ။

လော့ရန်ယွီသည် ကျောက်သေတ္တာကို ပွေ့ဖက်ကာ နေရာတွင် ကြောင်အမ်းစွာဖြင့် ရပ်နေမိသည်။

သူမ၏ ခန္ဓာကိုယ်သည် အနည်းငယ် ပူလောင်လာသည်ဟုပင် ခံစားလိုက်ရပြီး ၊ မျက်နှာပေါ်ရှိ နီမြန်းမှုသည် ပို၍ပင် အရောင်တောက်လာသည်။

သူမ၏စိတ်ထဲတွင် ဤသို့တွေးနေမိသည်။

အမတနယ်မြေရဲ့ ဒဏ္ဍာရီပုဂ္ဂိုလ်အဖြစ် ချီးကျူးခံရတဲ့ ကျန့်ထျန်း အမတဧကရာဇ်မင်းရဲ့ စရိုက်က ဒီလောက်တောင် ပွင့်လင်းရသလား?

“ကဲ ..ကိစ္စကတော့ ဒီအထိပဲ “

စူးရွှမ်သည် ပြုံးကာ ဆိုလိုက်သည်။

“ဦးလေးမှာ လုပ်ရမယ့် အရေးကြီးကိစ္စတွေ ရှိနေသေးလို့ သွားလိုက်ဦးမယ်”

“ဦးလေး.... ချန်ကဲကို မတွေ့တော့ဘူးလား”

မှင်သက်နေရာမှ ပြန်သတိကပ်လာသော လော့ရန်ယွီသည် မသိစိတ်မှ မေးလိုက်သည်။

“ချန်ကဲလည်း ဦးလေးကို အများကြီး တွေ့ချင်နေမယ် ထင်တယ်......”

ထိုစကားကို ကြားလိုက်ရသော စူးရွှမ်သည် သူ၏ ခြေလှမ်းများ ရပ်တန့်လိုက်ပြီး ညင်သာစွာ ခေါင်းခါလိုက်သည်။

“အခုက အချိန်မကျသေးဘူး”

“တွေ့ဆုံသင့်တဲ့ အချိန်အခါရောက်ရင် တွေ့ကြမှာပါ “

ထိုသို့ပြောပြီးနောက် ၊ စူးရွှမ်သည် ဂူအတွင်းပိုင်းသို့ လျှောက်လှမ်း ဝင်ရောက်သွားသည်။

ဖြူစင်သော ပုံရိပ်သည် သိပ်သည်းသော အမှောင်ထုနှင့် သိသာထင်ရှားစွာ ဆန့်ကျင်ဘက်ဖြစ်နေသည်။

ရှေ့တွင် မှောင်မိုက်ပြီး အကန့်အသတ်မဲ့ ချောက်ကမ်းပါးတစ်ခု ရှိနေလျှင်ပင် ၊ စုရွှမ်သည် တွန့်ဆုတ်ခြင်းမရှိ ရှေ့ဆက်သွားမည်ဟူသော ခံစားချက်သည် လော့ရန်ယွီ၏စိတ်ထဲသို့ ဝင်ရောက်လာခဲ့သည်။

သူသည် အမှောင်ထဲတွင် လေးလံသော ဝန်ထုပ်ဝန်ပိုးကို ထမ်းပိုးထားပြီး စူးချန်ကဲအတွက် စစ်မှန်သော အလင်းကမ္ဘာတစ်ခုကို ဖွင့်လှစ်ပေးမည့်ဟန် ရှိသည်။

စူးရွှမ်၏ပုံရိပ် လုံးဝ ပျောက်ကွယ်သွားချိန်တွင် ၊

လော့ရန်ယွီသည် ပြန်လည် သတိကပ်လာခဲ့သည်။

သူမသည် ယွင်ရွှမ်းရုံ၏ စကားများကို ပြန်သတိရသွားသည်။ ဤနှစ်ကာလတစ်လျှောက် သူတို့သည် ထိုဖြူဖပ်ဖြူရော်မျက်နှာနှင့် ပတ်သတ်သော အမှန်တရားကို ရှာဖွေနေခဲ့သည်။

ထိုအရာကို စဉ်းစားမိရင်း လော့ရန်ယွီသည် သူမ၏ လက်သီးကို ခပ်တင်းတင်း ဆုပ်ကိုင်ပြီး တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“သူတို့အားလုံးက ချန်ကဲအတွက် ကြိုးစားနေကြတာ... “

“ရန်ယွီ.... နင်က ချန်ကဲအတွက် အတားအဆီးဖြစ်လို့ ဘယ်ဖြစ်မလဲ”

ပို၍ သန်မာလာစေရမည်ဟူသော ဆုံးဖြတ်ချက်သည် ဤအခိုက်အတန့်တွင် ခိုင်မာသွားခဲ့သည်။

သူမသည်လည်း မြန်မြန်ဆန်ဆန် အားကောင်းလာပြီး ၊ နောက်ပိုင်းတွင် မိမိချစ်မြတ်နိုးရသူအတွက် ကြိုးပမ်းတိုက်ခိုက်မည် ဖြစ်သည်။

………..

တစ်ချိန်တည်းမှာပင်။

ဟွရှင်းရှေးဟောင်းမြို့၏ ပင်မခန်းမဆောင်ထဲတွင်။

စိန်ကျောက်ဖြင့် ပြုလုပ်ထားသော ကြမ်းပြင်သည် အလွှာလိုက် ပြိုကျသွားပြီး ၊ ခန်းမဆောင်ထဲတွင် အောက်ခြေကိုမမြင်နိုင်သော တွင်းပေါက်ကြီးတစ်ခု ရှိနေခဲ့သည်။

စူးချန်ကဲ၏ ဓားဖြင့် ခုတ်ပိုင်းခံလိုက်ရသောကြောင့် ဓားစွမ်းအင်လှိုင်းတံပိုးများသည် ယခုထိတိုင် အတွင်းပိုင်းထဲတွင် ရိုက်ခတ်လှုပ်ရှားနေဆဲ ဖြစ်သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော အားရှင်းမှာ မေးရိုးပြုတ်လုမတတ် ပါးစပ်အဟောင်းသား ဖြစ်နေလေ၏။

စိန်ကျောက်သည် အမတနယ်မြေ တစ်ခုလုံးတွင် အခိုင်မာဆုံးသော အမတသတ္တုများထဲမှ တစ်ခုဖြစ်သည်။

ထို့အပြင် ‌၎င်းသည် ပေတစ်ရာ အထူရှိသော်လည်း ၊ သို့သော် စူးချန်ကဲသည် တစ်ချက်တည်းဖြင့် ခွဲပစ်ခဲ့သည်။

ရှေးဟောင်းခေတ်ကို ကြုံတွေ့ခဲ့ဖူးသော အားရှင်း၏ မှတ်ဉာဏ်ထဲတွင်ပင် ဤမျှ ကြောက်မက်ဖွယ် ကောင်းသော စစ်မှန်အမတ စွမ်းအားရှင်ကို မတွေ့မြင်ဖူးခဲ့ချေ။

“ကောင်းပြီ၊ လမ်းကြောင်း ဖောက်ပြီးပြီ”

စူးချန်ကဲသည် အားရှင်းအား ညွှန်ကြားလိုက်သည်။

“အချိန်မဆွဲသင့်တော့ဘူး၊ အထဲကို ဝင်ကြစို့”

မိမိ၏ ဓားတစ်ချက်သည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။ နတ်ဘုရားလက်နက် အမတမျှော်စင်တွင် ရောက်ရှိနေကြသော ပါရမီရှင်များစွာ၏ အာရုံကို ဆွဲဆောင်ခဲ့မည်မှာ သေချာသည်။

သို့သော် စူးချန်ကဲသည် ဂရုမစိုက်ချေ။

မိမိကို အနှောင့်အယှက်မပေးသရွေ့ သူသည် အပိုအလုပ်များလုပ်မည် မဟုတ်။

အကယ်၍ သေမည်ကို မကြောက်ဘဲ သူ့ကို အတင်းအကျပ် စိန်ခေါ်ဝံ့ပါက ၊ ဒါဆို သူသည် ကျိုးထျန်းမော့ကဲ့သို့ပင် ပြန်လည်အကျိုးပြုသွားမည် ဖြစ်သည်။

ထို့နောက် စူးချန်ကဲသည် အားရှင်းကို ခေါ်ဆောင်ကာ မြေအောက်ထဲသို့ ခုန်ဆင်းလိုက်သည်။

စူးချန်ကဲနှင့် အားရှင်းတို့သည် အလွန်မြန်ဆန်သော အမြန်နှုန်းဖြင့် ဆင်းသက်ခဲ့ကြသည်။

အာကာသအတွင်း တိုက်ခတ်လာသော လေအေးများသည် သူတို့ကို ဖြတ်သန်းသွားတိုင်း ၊ သူတို့၏ ဘေးနံဘက်တွင် နားစည်ကွဲမတတ် တရွှီးရွှီးဖြင့် ဆူညံသံများ ထွက်လာတတ်သည်။

စိန်ကျောက်များဖြင့် ဖွဲ့စည်းထားသော “မြေကြီးအပေါ်ယံလွှာ” ကို ဖြတ်သန်းပြီးနောက်။

စူးချန်ကဲသည် အောက်ဘက်တွင် အဖြူရောင်အလင်းများ သက်ဝင်လှုပ်ရှားနေသည်ကို ခံစားမိသည်။

အဆိုပါ အလင်းအကာနံရံကို ဖြတ်သန်းပြီးနောက် ၊ ရှေ့က မြင်ကွင်းကို ကျယ်ပြန့်စွာ မြင်တွေ့လိုက်ရသည်။

သူတို့သည် အခြားကမ္ဘာလောကတစ်ခုသို့ ရောက်ရှိသွားသကဲ့သို့ပင် ၊ ဤသည်မှာ စိတ်ကူးယဉ်ဆန်မှုထက် ကျော်လွန်သော မြေအောက်ကမ္ဘာတစ်ခု ဟု ဆိုရမည်။

ရှေ့က မြင်ကွင်းသည် အလွန်တရာမျှ ကြီးကျယ်ခမ်းနားလွန်းသောကြောင့် စူးချန်ကဲသည်ပင် သူ၏အမတစွမ်းအားများကို မသိစိတ်မှ အသက်သွင်းကာ လေဟာနယ်ထဲတွင် သူ့ကိုယ်သူ ရပ်တန့်ထားမိသည်။

သူတို့ရှေ့က မြေအောက်ကမ္ဘာကို စိတ်ဝင်တစား ငေးကြည့်နေမိသည်။ ဤသည်မှာ သူ စိတ်ကူးယဉ်ခဲ့ဖူးသော မှောင်မိုက်‌ပြီး တိတ်ဆိတ်နေသော မြေအောက်ကမ္ဘာနှင့် လုံးဝမတူခဲ့ချေ။

တောင်တန်းများနှင့် မြစ်များသည် ကောင်းကင်အောက်တွင် ချိတ်ဆွဲထားသလို ဖြစ်နေပြီး ၊ ၎င်းတို့၏ အစွန်းအဖျားများသည် မက်စောက်စွာ ထိုးထွက်နေသည်။

ကောင်းကင်သည် ကျောက်စက်ပန်းဆွဲများဖြင့် တည်ဆောက်ထားပြီး ဖန်မီးခွက်များကဲ့သို့ ပုံသဏ္ဍာန်ရှိကာ တောက်ပလင်းလက်သော ကြယ်ရောင်ခြည်များကို ရောင်ပြန်ဟပ်လျက်ရှိသည်။

မရေမတွက်နိုင်သော ကြယ်ပွင့်လေးများကဲ့သို့သော အလင်းမှုန်လေးများသည် မိုးမြေတစ်ခွင်တွင် လွင့်မျောနေသည်။

၎င်းတို့သည် ပျော်မြူးနေကြသော နတ်သူငယ်လေးများကဲ့သို့ ပျော်ရွှင်စွာ ကခုန်နေကြဟန် ရှိသည်။

ထို့အပြင် ဤမြေအောက်ကမ္ဘာတွင် ယခင်က မမြင်ဖူးသော ရှေးဟောင်းအပင်များစွာ ပေါက်ရောက်လျက်ရှိသည်။

ကြယ်ရောင်ဂျယ်လီငါးတစ်ကောင်ကဲ့သို့ တလက်လက်တောက်ပနေသော မိုးထိအောင်မြင့်သော မှိုများသည် အစုလိုက်အပုံလိုက် ကြီးထွားနေကြသည်။

လီလီပန်းများလို ပွင့်လန်းနေသော အမတသစ်ပင်များလည်း ရှိပြီး ၊ စိမ်းလန်းစိုပြေသော အကိုင်းအခက်များသည် တလက်လက်တောက်ပနေကြသည်။

မရေမတွက်နိုင်သော အရာများသည် မိုးမြေနှင့်အတူ စည်းချက်ညီစွာ လှုပ်ရှားနေပြီး ၊ အဖိုးတန် ဆေးဖက်ဝင်အပင်များနှင့် အမတပန်းများသည် မှိတ်တုတ်မှိတ်တုတ် တောက်ပနေကာ မြေပြင်ပေါ်တွင် အဆုံးမရှိ ပွင့်လန်းနေကြသည်။

လူကို ပို၍ အံ့အားသင့်စေသည်မှာ ဤလှပသော မြေအောက်ကမ္ဘာထဲတွင် မရေမတွက်နိုင်သော သံမဏိစက်ရုပ်များ လှည့်လည်သွားလာနေခြင်းပင် ဖြစ်သည်။

သံမဏိသင်္ချိုင်းမြေတွင် စွန့်ပစ်ခံထားရသော သံမဏိစက်ရုပ်များနှင့် လုံးဝမတူချေ။

ဤသံမဏိစက်ရုပ်များသည် “အသက်စွမ်းအား” များဖြင့် ပြည့်နှက်နေသည်ဟု ခံစားရသည်။

လျို့ဝှက်ဆန်းကြယ်သော မဟာလမ်းစဉ် အမှတ်အသားများသည် အနည်းငယ်မျှ မပျက်စီးဘဲ သတ္တုကိုယ်ထည်နှင့် တွဲဖက်ထားသည်မှာ အဆုံးစွန်အားကောင်းမှုကို ထုတ်ဖော်ပြသနေသည်။

သို့သော် လူကို ထူးဆန်းစေသည်မှာ။

ဤသံမဏိစက်ရုပ်များ၏ ကိုယ်ထည်များပေါ်တွင် ထူးဆန်းသော ခရမ်းနက်ရောင် စွမ်းအင်များ ဝန်းရံနေခြင်းပင် ဖြစ်သည်။

ထိုအရာကို ဖော်ပြရန်မဖြစ်နိုင်အောင်ပင်။

အမှောင်ထုစွမ်းအင်နှင့် မတူဘဲ ဤလောကတွင် မတည်ရှိသော ထူးဆန်းသော အရာတစ်ခုကဲ့သို့ အကြမ်းဖက်တတ်ပြီး ဖျက်စီးနိုင်စွမ်းရှိသော စွမ်းအားများဖြင့် ပြည့်နှက်နေသည်။

ထိုအချိန်တွင် ဘေးတစ်ဖက်ရှိ အားရှင်းသည် ရုတ်တရက် အော်ဟစ်လိုက်သည်။

“ဒီစွမ်းအင်က.... ဘယ်လိုလုပ်ပြီး သူတို့ရဲ့ ခန္ဓာကိုယ်မှာ ကျန်ရစ်နေခဲ့တာလဲ.... ဒါက တစ်ချိန်က ငါ့နတ်ဘုရားလက်နက် အမတမျှော်စင်ကို တိုက်ခိုက်ခဲ့တဲ့ လူဆိုးတွေရဲ့ဟာ မဟုတ်လား.....”

“နတ်ဘုရားလက်နက် အမတမျှော်စင်ကို တိုက်ခိုက်ခဲ့တဲ့.... လူဆိုးတွေ?”

စူးချန်ကဲသည် ထိုစကားကို ကြားလိုက်ရချိန်တွင် အနည်းငယ် ထိတ်လန့်သွားပြီး စိတ်ထဲတွင် ရေရွတ်လိုက်သည်။

“ မဟုတ်မှလွဲရော..ဒါက အမတနယ်မြေက ကောင်းကင်လမ်းစဉ်တွေရဲ့ စွမ်းအင်လက်ကျန်တွေလား “

“ဒါပေမဲ့.... အမတနယ်မြေရဲ့ ကောင်းကင်လမ်းစဉ်ဆိုတာ အမတနယ်မြေရဲ့ မူလဝိညာဉ်ဖြစ်ပြီး မိုးမြေရဲ့အနှစ်သာရကို ကိုယ်စားပြုတဲ့အရာပဲ ...သူကနေ ဖြန့်ဝေလိုက်တဲ့ စွမ်းအင်တွေက သက်ရှိအားလုံးအတွက် ကောင်းချီးမင်္ဂလာတွေ ယူဆောင်လာပေးသင့်တယ် မဟုတ်လား”

“ဘာကြောင့် ဒီလို ထူးဆန်းပြီး ရက်စက်တဲ့ အဖျက်စွမ်းအားတွေ ဖြစ်နေရတာလဲ”

ဝုန်း!

ဝေါင်း!

ထိုစဉ် ရုတ်တရက် အပြောင်းအလဲတစ်ခုကို ကြုံတွေ့လိုက်ရသည်။

မိုးကောင်းကင် တစ်ခုလုံး ပြိုကျကာ မြေပြိုမတတ် ကြောက်မက်ဖွယ်ရာ ကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

စူးချန်ကဲသည် အသံလားရာဘက်သို့ လှည့်ကြည့်လိုက်ရာ ထိတ်လန့်ဖွယ်ရာကောင်းသော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။

All Chapters