← Chapters

တော်တော်လေး ကြောက်စရာ ကောင်းတာပဲ

Vol. 17 Ch. 170

တော်တော်လေး ကြောက်စရာ ကောင်းတာပဲ

Vol. 17 Ch. 170

လူများအားလုံးသည် ခရီးဆက်ရန် အလုပ်များနေကြသဖြင့် နောက်သို့ပြန်လှည့်ကြည့်ရန် သို့မဟုတ် ရပ်တန့်ရန် အချိန်မရှိကြချေ။

ထို့ကြောင့် ဤကဲ့သို့ အချိန်မျိုးတွင် မည်သူမျှ ဤကိစ္စကို အဖြေပေးလိုစိတ် မရှိကြပေ။

ထိုအချိန်မှာပင် စိတ်သဘောထား နူးညံ့သိမ်မွေ့ပုံရသော လူငယ်က ဝင်ရောက်၍ပြောဆိုလိုက်သည်။

"ဂျူနီယာညီလေး... မင်း အရင်တုန်းက အကြီးအကဲနဲ့ ဂိုဏ်းချုပ် မှာကြားခဲ့တာတွေကို မေ့နေပုံရတယ်..."

"ဒီလေဖြူ ဆိုတာက ပိုင်ဖုန်းလွင်ပြင်မှာ အကြောက်ရဆုံး အန္တရာယ်ပဲ... ပြီးတော့ အဲ့ဒါက ပိုင်ဖုန်းလွင်ပြင်ဆိုတဲ့ နာမည်ရဲ့ မူလအစလည်း ဖြစ်တယ်..."

"အဲ့ဒါက ပိုင်ဖုန်းလွင်ပြင်မှာ တစ်နှစ်ပတ်လုံး တိုက်ခတ်နေတဲ့ ကြောက်မက်ဖွယ်နှင်းမုန်တိုင်း တစ်မျိုးပဲ..."

"အခု ငါတို့ရဲ့ခေါင်းပေါ်က နှင်းမုန်တိုင်းထက် အများကြီးပိုပြင်းထန်တယ်..."

"ဘာကြောင့်လဲဆိုတော့ လေပြင်းမုန်တိုင်းနဲ့ နှင်းမုန်တိုင်းက တသားတည်းနီးပါး ပေါင်းစပ်သွားပြီးတော့ ကောင်းကင်နဲ့မြေပြင် စွမ်းအားတစ်မျိုးအဖြစ် ပြောင်းလဲသွားလို့ပဲ..."

"အပြင်ကနေ ကြည့်ရင် အဖြူရောင် လေပြင်းမုန်တိုင်း တိုက်ခတ်နေသလိုမျိုး ဖြစ်နေတာကြောင့် ဒါကို လေဖြူ လို့ ခေါ်ကြတာ... ဒီလေဖြူမှာ မယုံကြည်နိုင်လောက်အောင် ပြင်းထန်တဲ့ လေတိုက်ခတ်မှုမျိုး ရှိရုံတင်မကဘူး..... ကြောက်ဖို့ကောင်းအောင် အေးစက်တဲ့ ချီစွမ်းအင်တွေလည်း ပါဝင်နေတာမလို့ သာမန် ကျင့်ကြံသူတွေအနေနဲ့ လုံးဝခံနိုင်ရည်ရှိမှာ မဟုတ်ဘူး..."

"ငါက ဒါကိုကြားဖူးရုံပဲ ရှိပေမယ့်... ငါတို့ အခု မြေပြင်နဲ့ ကပ်ပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်တာကို မင်း မြင်တယ် မဟုတ်လား..."

"ဒါပေမဲ့ ဒဏ္ဍာရီတွေအရ လေဖြူရဲ့ရှေ့မှာဆိုရင် ပေထောင်ချီ အကွာအဝေးမှာ နေရင်တောင် မင်း တည်ငြိမ်အောင် ရပ်နိုင်မှာ မဟုတ်ဘူး... တိုက်ရိုက် စုပ်ယူတာကို ခံရပြီးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ ဒါမှမဟုတ် လေထဲမှာတင် အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲခံရတာမျိုး ဖြစ်သွားနိုင်တယ်..."

ထိုအချိန်မှာပင် ဂိုဏ်းချုပ်က ဝင်ရောက်ပြောဆိုသည်။

"ဒါက အမှန်ပဲ...လေဖြူက မယုံကြည်နိုင်လောက်အောင် ကြောက်စရာကောင်းတယ်... ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ယောက်တောင်မှ လေဖြူရဲ့အတွင်းပိုင်းထဲကို ရောက်သွားရင် လှုပ်ရှားဖို့ အရမ်းခက်ခဲလိမ့်မယ်...ပြီးတော့ လေဖြူကို အမျိုးအစား နှစ်မျိုး ခွဲခြားထားတယ်..."

"တစ်မျိုးက ပိုင်ဖုန်းလွင်ပြင်ကို အမြဲတမ်း လွှမ်းခြုံထားတဲ့ အဆက်မပြတ်တိုက်ခတ်နေတဲ့ လေပြင်းမုန်တိုင်းပဲ..."

"ဒါက တစ်နှစ်မှာ အချိန်ကာလအစိတ်အပိုင်း တစ်ခုလောက်ပဲ ရပ်တန့်တတ်တယ်... အဲ့ဒီလို အချိန်မျိုးမှာ ပိုင်ဖုန်းလွင်ပြင်ထဲကို ဝင်ရောက်ဖို့ အလုံခြုံဆုံးပဲ..."

"နောက်တစ်မျိုးကတော့ ပိုင်ဖုန်းလွင်ပြင်ကို ရံဖန်ရံခါမှ ရုတ်တရက်ကြီး ဖြတ်သန်းတိုက်ခတ်လာတတ်တဲ့ လေဖြူပဲ..."

"ဒါက ရုတ်တရက် သတိပေးချက် မရှိဘဲနဲ့ ရောက်လာတတ်လို့ သရဲလေဖြူလို့ ခေါ်ကြတယ်..."

"ဒီလို လေဖြူအမျိုးအစားက ကြောက်စရာအကောင်းဆုံးပဲ... ဘာကြောင့်လဲဆိုတော့ ဒီအရာ မဖြစ်ပွားခင်မှာ ဘာသတိပေးချက်မှ မပြတတ်တာကြောင့် ကာကွယ်ဖို့ အရမ်းခက်ခဲလို့ပဲ..."

"ပြီးတော့ ဘာကြိုတင်ပြင်ဆင်မှုမှ မရှိရင် ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတွေကို မပြောနဲ့.. ယင်သုံးပါးနယ်ပယ် အစောပိုင်းအဆင့်မှာရှိတဲ့ ဒီဂိုဏ်းချုပ်တောင်မှ အငိုက်မိသွားရင် လွင့်ပါသွားနိုင်တယ်..."

ပထမဆုံးမေးမြန်းသော လူငယ်က ထပ်မံ၍ ပြောဆိုသည်။

"အော်... ဒါကြောင့်ကိုး... တကယ်ကို ကြောက်စရာ ကောင်းတာပဲ... ဒါပေမဲ့ ဒီသရဲလေဖြူက နည်းနည်းထူးဆန်းနေတယ်... ဘယ်လိုလုပ်ပြီးတော့ ဒီလို လေပြင်းမုန်တိုင်းမျိုးက ရုတ်တရက်ကြီး ဖြစ်ပွားလာရတာလဲ..."

အပြာရောင်ဝတ်ရုံဝတ် လူငယ်က ခေါင်းခါယမ်းပြီး ပြောဆိုသည်။

"ဂျူနီယာညီလေး... မင်း တကယ်ကို မေ့နေတာပဲ...ငါတို့ အရင်တုန်းက ပြောခဲ့ကြတယ်လေ... လေဖြူအပြင် ပိုင်ဖုန်းလွင်ပြင်မှာ ကြောက်ဖို့အကောင်းဆုံး အရာတွေက ရှေးဟောင်းခေတ်က ကျန်ရစ်ခဲ့တဲ့ ဝင်္ကပါတွေဆိုတာပဲ..."

"ဒီဝင်္ကပါတွေ တည်ရှိခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲဆိုတာ မသိနိုင်ဘူး... ဝင်္ကပါအများစုက ပျက်စီးယိုယွင်းနေပြီ ဆိုပေမယ့် အန္တရာယ် ရှိနေတုန်းပဲ... ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ်နဲ့ ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတွေတောင် အဲ့ဒီထဲမှာ ပိတ်မိသွားနိုင်တယ်..."

"ပိုင်ဖုန်းလွင်ပြင်က ရှေးဟောင်းခေတ်တုန်းက စွမ်းအားကြီးမားတဲ့ ဂိုဏ်းတစ်ဂိုဏ်း တည်ရှိခဲ့တဲ့ နေရာလို့ ဆိုကြတယ်..."

"ပြီးတော့ အဲ့ဒီဝင်္ကပါတွေ အများကြီးထဲမှာ တစ်စိတ်တစ်ပိုင်းကို အဲ့ဒီဂိုဏ်းက လေဖြူကို လွှမ်းမိုးဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ အသုံးပြုခဲ့ကြတယ်..."

"လေဖြူက ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအားကနေ မွေးဖွားလာတာ ဆိုပေမယ့် စွမ်းအားကြီးမားတဲ့ ဝင်္ကပါဆရာသခင်တွေ တည်ဆောက်ထားတဲ့ ဝင်္ကပါတွေက ကောင်းကင်နဲ့မြေပြင်ရဲ့ စွမ်းအားကို ပြောင်းလဲအသုံးပြုနိုင်တယ်လေ..."

"ဒါကြောင့် အဲ့ဒီအချိန်တုန်းက ဒီလေဖြူကို အဲ့ဒီဂိုဏ်းက ထိန်းချုပ်ထားနိုင်ခြေ အရမ်းများတယ်... သူတို့ အလိုရှိသလို ပေါ်လာလိုက် ပျောက်သွားလိုက် ထိန်းချုပ်လို့ရတာကြောင့် ဂိုဏ်းကို ကာကွယ်ဖို့အတွက် အကောင်းဆုံးပဲ..."

"ဒါပေမဲ့ အဲ့ဒီဂိုဏ်း ပျက်စီးသွားပြီးတဲ့နောက် နှစ်ပေါင်းများစွာ ကြာလာတဲ့အချိန်မှာ အဲ့ဒီဝင်္ကပါ တွေထဲက အများစုကလည်း ပျက်စီးယိုယွင်းလာခဲ့တယ်..."

"ဒါကြောင့် ဒီပျက်စီးနေတဲ့ ဝင်္ကပါတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ပုံမှန်မဟုတ်ဘဲ ရံဖန်ရံခါ တိုက်ခတ်တတ်တဲ့ သရဲလေဖြူ ထွက်ပေါ်လာတာပဲ..."

"ဒီတစ်ကြိမ် ပိုင်ဖုန်းလွင်ပြင်ထဲကို ဝင်တဲ့အချိန်မှာ သရဲလေဖြူကို ငါတို့က အထူးဂရုစိုက်ဖို့ လိုတယ်..."

"ဒါပေမဲ့ ငါတို့ဘိုးဘေးတွေရဲ့ စုံစမ်းစစ်ဆေးချက်အရ တစ်နှစ်တာရဲ့ ဒီလိုအချိန်... အထူးသဖြင့် လေဖြူ ရပ်တန့်သွားပြီးကာစ အချိန်မျိုးမှာ သရဲလေဖြူ ထွက်ပေါ်လာတာမျိုး မရှိဘူး... ဒါကြောင့် အလုံခြုံဆုံး အချိန်ပဲ..."

"ဒါက ရာနှုန်းပြည့် သေချာတယ်လို့ အာမမခံနိုင်ပေမယ့် အကောင်းဆုံး အခွင့်အရေး ဖြစ်နေပြီ..."

ထိုအချိန်တွင် မေးခွန်းထုတ်သံက တတိယအကြိမ်မြောက် ထွက်ပေါ်လာသည်။

"ငါ သဘောပေါက်ပြီ... ဒါဆိုရင် ဒီတစ်ကြိမ် ငါတို့သွားမယ့် လျှို့ဝှက်နယ်မြေက ပိုင်ဖုန်းလွင်ပြင်ရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့နေရာမှာ ရှိနေတာပေါ့... ဟုတ်လား..."

ဤအဆင့်သို့ ရောက်ရှိချိန်၌ အပြာရောင်ဝတ်စုံဝတ်လူငယ်သည် နောက်ဆုံးတွင် မျက်မှောင်ကြုတ်လိုက်၏။

စကားပြောဆိုနေသော ဤဂျူနီယာညီလေးသည် အလွန်ပျင်းရိခဲ့သည် မဟုတ်လော....

သူတို့ ထွက်ခွာလာစဉ်က ဂိုဏ်း၏မှာကြားချက်များကို လုံးလုံးလျားလျား မေ့လျော့နေခဲ့သည်။

ကျန်းယွဲ့ဂိုဏ်း၏ စီနီယာအစ်ကို တစ်ယောက်အနေဖြင့် ဂျူနီယာညီလေးတစ်ယောက်က ဤမျှထိ ပျင်းရိနေသဖြင့် သူသည် သဘောကောင်းသော်လည်း စီနီယာအစ်ကို၏အာဏာကို ပြသပြီး အနည်းငယ်ဆုံးမသင့်သည်။

"ဂျူနီယာညီလေး... ငါတို့ ထွက်လာတုန်းက မင်း ဘယ်လို နားထောင်ခဲ့တာလဲ..."

သူ ဆူပူကြိမ်းမောင်းရန် နောက်လှည့်လိုက်စဉ်မှာပင် ထိုလူ၏အသံ ထပ်မံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရကာ ရွှင်မြူးသောအရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

"ငါ့ရဲ့ သံသယတွေကို ရှင်းလင်းပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ စိတ်မကောင်းပါဘူး... ငါက မင်းရဲ့ ဂျူနီယာညီလေး မဟုတ်ပါဘူး..."

အပြာရောင်ဝတ်စုံဝတ် လူငယ်သည် ထိုစကားများကြောင့် ကြက်သေသေသွားပေ၏။ သူ နောက်သို့လှည့်ကြည့်လိုက်ရာ စကားပြောဆိုသူကို မြင်တွေ့လိုက်ရသည်။

ဤှသည်မှာ သူ တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသော လူငယ်တစ်ဦး ဖြစ်ပြီး ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားကာ လောကီနှင့်ကင်းကွာသော အမူအယာရှိပြီး သူ့ကို အပြုံးနှင့် ကြည့်နေသည်။

ထိုလူငယ်၏နံဘေးတွင် မျက်နှာကို မမြင်ရသော်လည်း အေးစက်ပြီး တည်ငြိမ်သော အရှိန်အဝါကို ထုတ်လွှတ်ထားသည့် အနက်ရောင်ဝတ်ရုံဝတ်လူတစ်ဦး ရှိနေပေ၏။

အပြာရောင်ဝတ်စုံဝတ်လူငယ်၏ ခန္ဓာကိုယ် တုန်ရီသွားပြီး သူ ချက်ချင်းရပ်တန့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။

"မင်းတို့ ဘယ်သူတွေလဲ..."

သူ၏လုပ်ရပ်ကြောင့် အဖွဲ့တစ်ခုလုံး ရပ်တန့်သွားပြီး တစ်ချိန်တည်းမှာပင် သူတို့သည်လည်း ဤသူစိမ်းနှစ်ယောက်ကို နောက်ဆုံးတွင် ရှာဖွေတွေ့ရှိသွားကြသည်။

အချိန်တခဏအတွင်းတွင် လူများအားလုံး ထိတ်လန့်သွားကြသည်။ ဤလူနှစ်ယောက်သည် မည်သည့်အချိန်ကတည်းက သူတို့နောက်သို့ လိုက်ပါလာသည် မည်မျှထိ ဝေးဝေး လိုက်ပါလာသည်ကို သူတို့ သတိမထားမိခဲ့ကြပေ။ ထိုလူနှစ်ယောက်သည် လမ်းလျှောက်ရင်း မေးခွန်းများပင် မေးမြန်းခဲ့ပေ၏။

သူတို့က သရဲတစ္ဆေတွေလား...

အဖွဲ့ကို ဦးဆောင်နေသော လူလတ်ပိုင်းအရွယ် ဂိုဏ်းချုပ်သည်လည်း မျက်လုံးများကို မှေးစင်ပြီး ထိုလူနှစ်ဦးကို ကြည့်ကာ အသံနက်ကြီးဖြင့် ပြောဆိုလိုက်သည်။

"မင်းတို့ နှစ်ယောက်က ဘယ်သူတွေလဲ... ဘာလို့ ငါ့ရဲ့ ကျန်းယွဲ့ဂိုဏ်းအဖွဲ့ထဲကို ရောက်နေတာလဲ..."

ထိုစကားကိုပြောဆိုရင်း သူ၏ချီစွမ်းအင်များ တလိမ့်လိမ့်ထလာပြီး သူသည် အချိန်မရွေး လှုပ်ရှားရန် အသင့်အနေအထားဖြင့် သတိထားနေလိုက်သည်။

သူသည် ခရီးနှင်ရန် အလုပ်များနေပြီး သူ၏ အာရုံစိုက်မှုသည် နောက်ဘက်ရှိ အဖွဲ့အပေါ်တွင် မရှိခဲ့သော်လည်း...

သူသည် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးပင်။ သို့သော် ဤလူနှစ်ဦးသည် သူ သတိမထားမိဘဲ အဖွဲ့ထဲသို့ တိတ်တဆိတ် စိမ့်ဝင်လာခဲ့သည်။

ဤသည်က အမှန်တကယ်ကို ထိတ်လန့်ဖွယ် ကောင်းနေလေပြီ။

အကယ်၍ ဤလူနှစ်ဦးသာ အစောပိုင်းက တိုက်ခိုက်ခဲ့လျှင် သူတို့သည် မည်သို့မျှ တုံ့ပြန်နိုင်မည် မဟုတ်ချေ။

သူ၏ကျင့်ကြံဆင့်စွမ်းအား ကြီးမားသည်ဟု ယူဆထားပြီး ခိုးကြောင်ခိုးဝှက်တိုက်ခိုက်မှုများကို မကြောက်သော်လည်း ဂိုဏ်းမှ တခြားသူများကမူ ကံကောင်းချင်မှ ကောင်းပေလိမ့်မည်။

ထို့ပြင် သူသည် ပထမဆုံးတွေ့ဆုံသည့် အချိန်အခိုက်အတန့်၌ပင် စုံစမ်းစစ်ဆေးရန် သူ၏ နတ်ဘုရားစိတ်အာရုံခံစားမှုကို ဖြန့်ကျက်ထားပြီး ဖြစ်သော်လည်း လူငယ်နှင့် အနက်ရောင်ဝတ်ရုံဝတ်လူတို့၏ ကျင့်ကြံဆင့်နယ်ပယ်များကို သူ ထွင်းဖောက်တွေ့မြင်နိုင်ခြင်း မရှိချေ။

ဤအချက်ကလည်း သူ့ကို အလွန်အမင်း သတိထားမိသွားစေသည်။ ဤလူနှစ်ဦးသည် သူ အာရုံမခံနိုင်အောင် သူတို့၏အရှိန်အဝါကို ဖုံးကွယ်ထားနိုင်သည့် အလွန်စွမ်းအားကြီးသော နည်းလမ်းတစ်မျိုးမျိုးကို ပိုင်ဆိုင်ထားခြင်း သို့မဟုတ် သူတို့၏ကျင့်ကြံဆင့်သည် အလွန်စွမ်းအားကြီးမားနေခြင်း ဖြစ်နိုင်သည်။

ထိုသို့မဟုတ်ပါက သူတို့သည် ထိုထင်မြင်ချက်နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားသည်လည်း

ဖြစ်နိုင်ပေ၏။

ဤလူနှစ်ဦး၏ ကျင့်ကြံဆင့်နယ်ပယ်သည် သူ့ထက် မြင့်မားသည်ဟု သူ မထင်သော်လည်း သူတိုကို လုံးလုံးလျားလျား လျှော့တွက်၍ မရနိုင်ချေ။

"အထင်မလွဲပါနဲ့..."

ဓားများနှင့် လေးများကို ထုတ်ကာ သူ့ကို ချိန်ရွယ်ထားသော ကျန်းယွဲဂိုဏ်းဝင်များကို ကြည့်ရင်း ကျုံးချင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"ငါ့မှာ မကောင်းတဲ့ ရည်ရွယ်ချက် မရှိပါဘူး... လမ်းကြုံနေလိုပါ... ငါလည်း ဒီတောင်ကြားလမ်းဘက်ကို သွားနေတာပါ... ပြီးတော့ မင်းတို့ ပိုင်ဖုန်းလွင်ပြင်အကြောင်း ပြောနေတာကို ငါ ကြားမိတာကြောင့် စူးစမ်းလိုစိတ်နဲ့ ဝင်မေးကြည့်တာပါ..."

သူသည် ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်သော်လည်း မည်သူက သူ့ကို ယုံကြည်မည်နည်း။

ဆံဖြူအကြီးအကဲက ခက်ထန်တင်းမာစွာ အော်ဟစ်လိုက်၏။

"အဓိပ္ပာယ်မရှိတာ... မင်းက ငါတိုနဲ့ လမ်းတူတူ သွားနေတယ်လို ပြောတယ်ပေါ့... ဒါဆို စောစောက ငါတို့က ဘာလို မင်းတို့ကို မမြင်ရတာလဲ..."

ကျုံးချင်က ပြုံးလိုက်သည်။

"ဘာလိုလဲဆိုတော့ ငါက မင်းတိုရဲ့အပေါ်မှာ ရှိနေလိုလေ... မင်းတို့က ဘယ်တုန်းကမှ မော့မကြည့်ခဲ့တော့ ငါ့ကို မမြင်နိုင်ဘူးပေါ့..."

ကျန်းယွဲဂိုဏ်းဝင်များ ပထမဆုံး ကြက်သေသေသွားကြပြီးနောက် အံ့အားသင့်သွားကြသည်။

သူတို၏အပေါ်၌ ရှိနေသည်ဟု ပြောခဲ့သဖြင့် ဆိုလိုသည်မှာ...ဤှလူနှစ်ယောက်သည် တလျှောက်လုံး သူတို့၏အပေါ်တွင် ပျံသန်းနေခဲ့သလော...

Thank For Reading.

All Chapters