← Chapters

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း (၁၃၈၄-၁၃၈၆)

Vol. 93 Ch. 1384-1386

အခန်း( ၁၃၈၄)

လူကယ်ထုတ်ရန် အခွင့်အရေး

လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ချူးယွမ်ကျိ အားငယ်နေခဲ့သည်။ တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို အသုံးပြုလျှင်တောင် ရှန်ယွဲ့နိုင်ငံသို့ လုချန်း ရောက်ရှိရန် လပေါင်းများစွာ ကြာမြင့်လိမ့်မည်ဟု သူမက အစက ထင်မှတ်ထားခဲ့သည်။ သို့သော် သိပ်မကြာမီခင်ပင် ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်ကြယ်သို့ လုချန်း တကယ် ရောက်ရှိလာခဲ့သည်။

သို့သော်လည်း...

ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်ကြယ်သို့ ရောက်ရှိလာခြင်းက သူမကို ကယ်တင်ရန် ပထမခြေလှမ်းမျှသာ ရှိသေးသည်။ အခက်အခဲ အစစ်များက ယခုမှ စတင်မည် ဖြစ်သည်။

လုချန်း အနေနှင့် နန်းတော်အတွင်းသို့ ဝင်ရောက်ရန် မလွယ်ကူသလို ထိုမှတစ်ဆင့် ကြင်ယာတော်များရှိရာ အတွင်းဆောင်သို့ သွားရန်မှာလည်း ပို၍ပင် မလွယ်ကူပေ။ ထို့ပြင် ရှန်ဝူဧကရာဇ် ကိုယ်တိုင် ချမှတ်ထားသော စိတ်ဝိညာဉ်တားမြစ် နည်းဗျူဟာပုံစံကို ဖျက်ဆီးရန်က မဖြစ်နိုင်သလောက်ပင်။

အမှားအယွင်း အနည်းငယ် ဖြစ်သွားသည်နှင့် ရှန်ဝူဧကရာဇ် သိသွားပေလိမ့်မည်။ ပထမအကြိမ်တွင် မအောင်မြင်ခဲ့လျှင် ရှန်ဝူဧကရာဇ် ဧကန်မုချ သတိထားမိသွားမှာ ဖြစ်သည်။ ထိုအခါကျလျှင် ချူးယွမ်ကျိကို ကယ်ထုတ်ရန် ပို၍ပင် ခက်ခဲသွားပေလိမ့်မည်။

ရင်သွေးကမ္ဘာအတွင်း၌ ချူးယွမ်ကျိက လုချန်းကို စိုးရိမ်တကြီး ပြောလိုက်သည်။

“မဆင်မခြင် မလုပ်ပါနဲ့ဦး။ သူ့ရဲ့ အာရုံစိုက်မှုကို မခံရအောင် ကြိုးစားပါ။”

လုချန်းကလည်း

“စိတ်မပူပါနဲ့။ ကိုယ် သိပါတယ်”

ချူးယွမ်ကျိ အနည်းငယ် သက်ပြင်းချလိုက်ပြီး

“အကယ်၍ ရှင် တစ်ခုခု အန္တရာယ် ကြုံလာရင် ချက်ချင်း ထွက်ပြေးပါ။ ယုချင်က ရှင့်ဘေးမှာ ရှိနေတာပဲ။ သူ ရှိနေရင် ကျွန်မ ရှိနေသလိုပါပဲ။ အဲဒါနဲ့တင် ကျွန်မ ကျေနပ်ပါတယ်။”

ချူးယွမ်ကျိသည် လုချန်းအပေါ် ချစ်ခြင်း မုန်းခြင်းတို့ဖြင့် ရှုပ်ထွေးသော ခံစားချက် ရှိခဲ့သော်လည်း ယခုတော့ သူ့ကို ကောင်းမွန်စွာ ရှင်သန်စေချင်ရုံသာ ရှိတော့သည်။ သူမ၏ ကိုယ်ပိုင် ကံကြမ္မာကိုတော့ သူမ ဂရုမစိုက်တော့ပေ။

သူမ၏ အမြင်တွင် သူမ၏ ဆန္ဒများမှာ ပြည့်ဝခဲ့ပြီ ဖြစ်သည်။ သူမသည် လုချန်းနှင့် လက်ထပ်ချင်ခဲ့သည်။ သူ၏ ကြင်ယာတော် ဖြစ်ချင်ခဲ့သည်။ ဖြစ်နိုင်လျှင် သူ့အတွက် ရင်သွေး တစ်ယောက် နှစ်ယောက်လောက် ဖွားမြင်ပေးချင်ခဲ့သည်။

ဤဆန္ဒများကို သူမ၏ ပင်မခန္ဓာက မဖြည့်ဆည်းနိုင်ခဲ့သော်လည်း သူမ၏ ကိုယ်ပွားများက ဖြည့်ဆည်းပေးနိုင်ခဲ့သည်။ သူမသည်လည်း ထိုမှတစ်ဆင့် မကြုံဖူးသော ပျော်ရွှင်မှုများကို ခံစားခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် သေခြင်းတရားက သူမအတွက် ကြောက်စရာ မဟုတ်တော့ပေ။

ချူးယွမ်ကျိ၏ စကားကို ကြားလျှင် လုချန်းက ခပ်ဖွဖွပြုံးလိုက်ပြီး

“မင်း ပြောပုံအရဆိုရင် ကိုယ် မင်းကို ကယ်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်ကို စွန့်လွှတ်လိုက်ပြီပေါ့... ဟုတ်လား။”

ချူးယွမ်ကျိ တိတ်ဆိတ်သွားသည်။ ရှန်ဝူဧကရာဇ် မည်မျှ အစွမ်းထက်ကြောင်း အားလုံးသိကြသည်။ သူသည် သတ်ဖြတ်ခြင်း စွမ်းအားကို ပိုင်ဆိုင်ထားသည့် အဆင့်ကိုး ဧကရာဇ် ဖြစ်သည်။ ရှန်ဝူဧကရာဇ် အကြောင်းအမျိုးမျိုးကြောင့် ဒဏ်ရာရနေသည် ဆိုလျှင်ပင် လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားက သူ့ကို အနိုင်ယူနိုင်မည့်သူ မဟုတ်သေးပေ။

လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားသာ အစစ်ဆေးခံရပြီး ပေါ်သွားလျှင် သေဆုံးရမှာမလွဲမသွေပင်။ ထို့ပြင် လုချန်း အသက်ရှင်နေသေးကြောင်း ပေါ်သွားလျှင် ရှန်ဝူဧကရာဇ်က ရှနိုင်ငံကို တိုက်ရိုက် တိုက်ခိုက်လာလိမ့်မည်။

ချူးယွမ်ကျိ တိတ်ဆိတ်နေသည်ကို မြင်သောအခါ လုချန်းက

“မင်း အေးအေးဆေးဆေးပဲ စောင့်နေပါ”

ထို့နောက် လုချန်း၏ စိတ်အာရုံ ရင်သွေးကမ္ဘာမှ ထွက်ခွာသွားခဲ့သည်။

ယခင်ဘဝက သူနေထိုင်ခဲ့သည့် အိမ်တော်သို့ ပြန်ရောက်ပြီးနောက် ရှန်ယွဲ့နိုင်ငံ၏ လတ်တလော အခြေအနေများကို စုံစမ်းရန် ယခင်က သူ့ကို ခစားခဲ့သူများကို လုချန်း ချက်ချင်း ခေါ်ယူလိုက်သည်။ စုံစမ်းကြည့်ပြီးနောက် ရှန်ဝူဧကရာဇ်သည် လတ်တလောတွင် ရှန်ယွဲ့နိုင်ငံ၌ မရှိပဲ တစ်နေရာသို့ သွားနေကြောင်း သိလိုက်ရသဖြင့် လုချန်း အလွန် ဝမ်းသာသွားသည်။ ရှန်ဝူဧကရာဇ် မရှိခြင်းက သူ၏ အခွင့်အရေး ရောက်လာခြင်းပင် ဖြစ်သည်။

ယခု ပြဿနာက ရှန်ဝူဧကရာဇ်၏ အတွင်းဆောင်ထဲသို့ ဝင်ရောက်ရန် မည်သည့် အကြောင်းပြချက်ကို သုံးရမလဲ ဆိုသည့် မေးခွန်းဖြစ်သည်။

တိတ်တဆိတ် ခိုးဝင်ရမှာလား။

ထိုသို့လုပ်ရန် မလွယ်ကူပေ။

ရှန်ဝူဧကရာဇ် မရှိသော်လည်း တော်ဝင်နန်းတော်တွင် လျှို့ဝှက် အစောင့်အရှောက် အမြောက်အမြား ရှိနေ၏။ ဧကရာဇ်အဆင့် အစောင့်များလည်း ရှိသည်။ အကယ်၍ ခိုးဝင်ရင်း အဖမ်းခံရပါက ရန်သူကို သတိပေးလိုက်သလို ဖြစ်သွားလိမ့်မည်။

ထိုအရာက လုချန်းကို အနည်းငယ် အကျပ်ရိုက်စေသည်။ ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်ကြယ်သို့ ရောက်ရှိလာခဲ့သော်လည်း နန်းတော်ထဲသို့ ဝင်ရန် လမ်းစ မရှိသေးပေ။

လုချန်းသည် သူ၏ အိမ်တော်တွင် ရက်အနည်းငယ် ကြာအောင် နေထိုင်ခဲ့သော်လည်း နန်းတော်ထဲသို့ ခိုးဝင်ရန် နည်းလမ်း ရှာမတွေ့ခဲ့ပေ။ ထိုရက်များအတွင်း သူသည် နန်းတော်ထဲသို့ ဝင်ရန် ကြိုးစားခဲ့သော်လည်း အစောင့်များက သူ့ကို တားဆီးခဲ့ကြသည်။

………

ရှန်ယွဲ့နိုင်ငံ။

ဧကရာဇ်ကြယ်။

လုချန်း၏ အိမ်တော်။

လုချန်းသည် ခြံဝင်းအတွင်း ထိုင်နေရင်း နန်းတော်ရှိရာ အရပ်သို့ ညှိုးငယ်သော မျက်နှာနှင့် ငေးကြည့်နေသည်။ ထိုစဉ် အဝေးမှ လျှပ်စီးတန်းတစ်ခု လက်ခနဲ ဖြစ်သွားပြီး မကြာမီ မိုးကြိုးဧကရာဇ် လုချန်း၏ ခြံဝင်းအတွင်းသို့ ဆင်းသက်လာ၏။

မိုးကြိုးဧကရာဇ် ဖြစ်နေသည်ကို မြင်လျှင် လုချန်းက

“ဘာကိစ္စရှိလို့လဲဗျ”

မိုးကြိုးဧကရာဇ်ကလည်း

“မင်းသား... လတ်တလောမှာ ပိုင်ချန်းနိုင်ငံရဲ့ အကြွင်းအကျန်တွေက ရှန်ယွဲ့နိုင်ငံထဲကို ခိုးဝင်လာကြပြီး လက်စားချေဖို့ စီစဉ်နေကြပုံ ရတယ်။ မင်းသား သတိထားသင့်ပါတယ်။”

ထိုစကားကို ကြားလိုက်ရလျှင် လုချန်း၏ မျက်လုံးများ တောက်ပသွားသည်။ အိပ်ချင်နေသူကို ခေါင်းအုံး လာပေးသကဲ့သို့ပင်။

ဒါက သူ၏ အခွင့်အရေးပင်။

နန်းတော်ထဲကို ဘယ်လိုဝင်ရမလဲဆိုတာကို သူ စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ ပိုင်ချန်းနိုင်ငံ၏ အကြွင်းအကျန်များသာ နန်းတော်ကို တိုက်ခိုက်လာလျှင် လူကယ်ထုတ်ရန် အကြောင်းပြချက်နှင့် သူ နန်းတော်ထဲသို့ ဝင်သွားနိုင်သည်။

သို့သော်လည်း...

ပိုင်ချန်းနိုင်ငံ၏ အကြွင်းအကျန်များက နန်းတော်ကို တကယ် တိုက်ခိုက်လာမလား ဆိုတာကိုတော့ သူ မသိပေ။

လုချန်း သတိပြန်ဝင်လာပြီး တည်ကြည်သော အမူအရာနှင့်

“ကောင်းပြီလေ... နားလည်ပါပြီ”

ထို့နောက် သူက

“ဒါနဲ့... မင်းကြီးက ဘယ်ကို သွားတာလဲ။ ဘာလို့ အခုထိ ပြန်မလာသေးတာလဲ”

ဟု ဆက်မေးလိုက်သည်။

လုချန်း၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ရှန်ဝူဧကရာဇ် ရှန်ယွဲ့နိုင်ငံသို့ ရုတ်တရက် ပြန်ရောက်လာခြင်း ဖြစ်သည်။ ရှန်ဝူဧကရာဇ်အကြောင်း လုချန်းက မေးမြန်းသည်ကို မြင်လျှင် ရှန်ဝူဧကရာဇ် မရှိသဖြင့် အိမ်ရှေ့မင်းသား ရာထူးအတွက် လုချန်း စိုးရိမ်နေသည်ဟု မိုးကြိုးဧကရာဇ် ထင်မှတ်သွားသည်။

ထို့ကြောင့် သူက နှစ်သိမ့်လိုက်၏။

“မင်းသား စိုးရိမ်စရာ မလိုပါဘူး။ မင်းကြီးက ပိုင်ချန်းဧကရာဇ်ကို လိုက်ဖမ်းနေတာပါ။ မင်းကြီးရဲ့ အစွမ်းနဲ့ဆိုရင် သူ့ကို သုတ်သင်ဖို့ သိပ်ကြာမှာ မဟုတ်ပါဘူး။”

လုချန်းက စိတ်သက်သာရာ ရသွားသည့် ပုံစံနှင့်

“ဒါဆိုရင်တော့ ကျုပ် စိတ်အေးသွားပါပြီ”

“ကောင်းပြီလေ... ခင်ဗျားရဲ့ အလုပ်တွေကို သွားလုပ်ပါတော့။ မင်းကြီး မရှိခိုက်မှာ ပိုင်ချန်းနိုင်ငံ အကြွင်းအကျန်တွေကို အခွင့်ကောင်း မပေးလိုက်နဲ့ဦး။”

မိုးကြိုးဧကရာဇ်က

“ဟုတ်ကဲ့ပါ မင်းသား”

ဟု ပြောကာ လုချန်း၏ အိမ်တော်မှ ထွက်ခွာသွားသည်။

မိုးကြိုးဧကရာဇ် ထွက်သွားပြီးနောက် လုချန်း စိတ်ထဲ ရေရွတ်လိုက်၏။

“ပိုင်ချန်းဧကရာဇ်ရေ ကြံ့ကြံ့ခံထားဦး။ ငါသာ ချူးယွမ်ကျိကို ကယ်နိုင်ခဲ့ရင် မင်းတို့အတွက် အမွှေးတိုင် နည်းနည်း ထွန်းပေးပါ့မယ်။”

ထို့သို့ဖြင့် နောက်ထပ် နှစ်ရက်ကြာအောင် လုချန်း စောင့်ဆိုင်းခဲ့သည်။ ထိုရက်ပိုင်းအတွင်း ရှန်ယွဲ့နိုင်ငံသည် ၎င်း၏ ဧကရာဇ်ကြယ် တစ်ခုလုံးကို ပိတ်ဆို့ထားပြီး ရှန်ယွဲ့နိုင်ငံ၏ ဧကရာဇ်အဆင့် အမြောက်အမြားသည် ပိုင်ချန်းနိုင်ငံ အကြွင်းအကျန်များ၏ ခြိမ်းခြောက်မှုကို ကာကွယ်ရန် ဧကရာဇ်ကြယ်သို့ ပြန်လာခဲ့ကြသည်။ လုချန်းလည်း မည်သည့်လှုပ်ရှားမှုမှ မလုပ်ပဲ ပိုင်ချန်းနိုင်ငံ အကြွင်းအကျန်များ ရှန်ယွဲ့နိုင်ငံကို အမြန်ဆုံး လာရောက် လက်စားချေရန်သာ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့သည်။

တတိယမြောက် ညတွင်...

ပိုင်ချန်းနိုင်ငံ အကြွင်းအကျန်များ၏ တိုက်ခိုက်မှု လက္ခဏာကို မတွေ့ရသဖြင့် လုချန်း သူတို့ကို အတော်လေး စိတ်ပျက်သွားသည်။ ရှန်ဝူဧကရာဇ်တောင် မရှိတာကို သူတို့က အသေးအမွှား ကျူးကျော်မှုတစ်ခုအတွက် ဤမျှ အချိန်ယူ ပြင်ဆင်နေကြရသလား။

ရှန်ဝူဧကရာဇ်သာ ပြန်လာလျှင် သူတို့ ဘယ်လို တိုက်ခိုက်နိုင်တော့မလဲ။

နန်းတော်ထဲဝင်ရန် အခြားနည်းလမ်း သုံးရမလားဟု လုချန်း တွေးတောနေစဉ်မှာပင် ဧကရာဇ်ကြယ်၏ မြေပြင်တစ်ခုလုံး တုန်ခါသွားသည်ကို ရုတ်တရက် ခံစားလိုက်သည်။ မကြာမီမှာပင် အသံတစ်ခု ဧကရာဇ်ကြယ်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

“ရှန်ယွဲ့နိုင်ငံက ပိုးမွှားတွေ... သေဖို့ ပြင်ထားကြတော့”

အစပိုင်းတွင် လုချန်း မှင်တက်သွားသော်လည်း နောက်ပိုင်းတွင် စိတ်လှုပ်ရှားလာသည်။

“လာကြပြီ... နောက်ဆုံးတော့ ရောက်လာကြပြီပဲ။ ငါ ဒီလောက် ကြာအောင် စောင့်နေခဲ့ရတာ... သူတို့ ငါကို စိတ်မပျက်စေဘူးပဲ”

ဟု သူ့ဘာသူ ရေရွတ်လိုက်၏။

အသံလာရာ အရပ်သို့ လုချန်း ချက်ချင်း ကြည့်လိုက်ရာ နန်းတော်၏ အထက်တွင် အားကောင်းသော စွမ်းအားလှိုင်း သုံးခုကို တွေ့လိုက်ရသည်။ လုချန်း အနည်းငယ် အံ့အားသင့်သွားသည်။ ပိုင်ချန်းနိုင်ငံတွင် ဧကရာဇ်အဆင့် သုံးဦး အသက်ရှင်ကျန်နေသေးပြီး ဧကရာဇ်ကြယ်ထဲသို့ပင် ခိုးဝင်လာနိုင်ကြတာလား။

တစ်ခုခု မှားယွင်းနေသည်ဟု လုချန်း ခံစားလိုက်ရ၏။

ထိုဧကရာဇ်အဆင့် သုံးဦးက တကယ်ပဲ ပိုင်ချန်းနိုင်ငံရဲ့ အကြွင်းအကျန်တွေလား။

တစ်ခုခုကြောင့် ပုံမှန် မဟုတ်သလို လုချန်း ခံစားနေရသည်။ လုချန်း တွေးတောနေစဉ်မှာပင် ဧကရာဇ်အဆင့် သုံးဦးစလုံးက နန်းတော်ကို တစ်ပြိုင်နက်တည်း တိုက်ခိုက်လိုက်ရာ အဖျက် စွမ်းအားလှိုင်း သုံးလှိုင်းက နန်းတော်ဆီသို့ တဟုန်ထိုး ဝင်ရောက်လာတော့သည်။

ဧကရာဇ်အဆင့် သုံးဦး တိုက်ခိုက်လာသည်နှင့် နန်းတော် အစောင့်များက တုံ့ပြန်လိုက်ကြပြီး နန်းတော်ရှိ ဧကရာဇ်အဆင့်များလည်း လှုပ်ရှားလာကြသည်။ နန်းတော်ရှိ ဧကရာဇ်အဆင့်များ လှုပ်ရှားလာသည်ကို မြင်လျှင် လုချန်းသည်လည်း ‌တွေဝေမနေတော့ပဲ နန်းတော်ရှိရာသို့ တိုက်ရိုက် ပြေးဝင်သွားလိုက်သည်။

လုချန်း နန်းတော်ထဲသို့ ဝင်ရောက်သွားချိန်တွင် စစ်သည်များ၏ အာရုံစိုက်မှုက ကောင်းကင်ပေါ်ရှိ ဧကရာဇ်အဆင့် သုံးဦးထံမှာသာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် သူ ပို၍ပင် ဝမ်းသာသွားတော့သည်။

……………

အခန်း (၁၃၈၅ )

ရှန်ယွဲ့အင်ပါယာမှ ထွက်ပြေးခြင်း

လုချန်း မိဖုရားဆောင်အတွင်းသို့ ဝင်ရောက်ရန် ပြင်ဆင်နေစဉ် ဧကရာဇ်လောင်း ကိုယ်ရံတော်တစ်ဦးက သူ၏လမ်းကို ရုတ်တရက် ပိတ်ဆို့လိုက်သည်။

“မင်းသား... ဒီနေရာက မိဖုရားဆောင်ရဲ့ တားမြစ်နယ်မြေပါ။ မင်းကြီးရဲ့ အမိန့်မပါပဲ ဘယ်သူမှ ဝင်ခွင့်မရှိပါဘူး။”

ဒါက...

လုချန်း ခဏခန့် ဇဝေဇဝါဖြစ်သွား၏။ သတိပြန်ဝင်လာပြီးနောက် သူသည် တစ်ခုခုလုပ်ရန် ပြင်ဆင်လိုက်သော်လည်း ရန်သူကို သတိမပေးမိစေရန် စိတ်ကိုထိန်းချုပ်လိုက်သည်။ ထို့နောက် လေသံမာမာဖြင့် တုံ့ပြန်လိုက်၏။

“နန်းတော်ထဲကို ရန်သူတွေ ကျူးကျော်နေတာ ခင်ဗျား မမြင်ဘူးလား”

“ရန်သူတွေက မိဖုရားဆောင်ထဲဝင်ပြီး ဖခင်ရဲ့ မိန်းမတွေကို သတ်လိုက်ရင် ဖခင်အပြစ်ရှာတဲ့အခါ ဘယ်သူက တာဝန်ယူမှာလဲ။”

ထိုအချိန်တွင် လုချန်း တစ်ခုခုကို ရုတ်တရက် တွေးမိသွားပြီး ဆက်လက်၍

“ဖခင်က အခုတလော ဧကရီကို အထူး မျက်နှာသာပေးနေတယ်လို့ ကျုပ် ကြားထားတယ်။ နန်းတော်ကို တိုက်ခိုက်နေတဲ့ ပိုင်ချန်းမင်းဆက်ရဲ့ အကြွင်းအကျန်တွေက ဧကရီကို ပစ်မှတ်ထားနေတာ သိသာနေတာပဲ။ အကယ်၍ ဧကရီ တစ်ခုခုဖြစ်သွားရင် ခင်‌ဗျားတို့တစ်မျိုးလုံးရဲ့ အသက်နဲ့ပေးရင်တောင် မလုံလောက်ဘူးနော်။”

လုချန်း၏ စကားများကို ကြားလျှင် ဧကရာဇ်လောင်း ကိုယ်ရံတော်လည်း ချွေးစေးများ ထွက်လာပြီး လုချန်း၏ စကား အဓိပ္ပာယ်ရှိသည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။

ရှန်ယွဲ့နန်းတော်ထဲတွင် ဧကရီမှလွဲ၍ အခြား အရေးပါသော ပုဂ္ဂိုလ် မရှိပေ။ ပိုင်ချန်းမင်းဆက် အကြွင်းအကျန်များက ယခုအချိန်တွင် နန်းတော်ကို တိုက်ခိုက်ခြင်းက ဧကရီကို ရည်ရွယ်ခြင်းသာ ဖြစ်နိုင်သည်။

ထို့ပြင် ရှန်ဝူဧကရာဇ်သည် ရှန်ဝူဧကရီကို အလွန် နှစ်သက်သဘောကျ၏။ သူ တံခါးပိတ်ကျင့်စဉ် ဝင်နေစဉ်အတွင်း တစ်နိုင်ငံလုံးကို စီမံခန့်ခွဲရန် သူမအား လွှဲအပ်ထားသည်ဟု ကောလာဟလများ ရှိနေသည်။ ဤအချက်ကပင် ရှန်ဝူဧကရာဇ်၏ သူမအပေါ် ထားရှိသည့် ချစ်ခြင်းနှင့် ယုံကြည်မှုကို သက်သေပြနေခြင်း ဖြစ်၏။

အကယ်၍ ရှန်ဝူဧကရီကို ပိုင်ချန်းအကြွင်းအကျန်များက သတ်လိုက်ပါက ရှန်ဝူဧကရာဇ် အလွန် အမျက်ထွက်မည် ဖြစ်ပြီး မိဖုရားဆောင်ရှိ ကိုယ်ရံတော်အားလုံး သေဘေးနှင့်ကြုံရပေလိမ့်မည်။

ထိုသို့ တွေးမိပြီးလျှင် ဧကရာဇ်လောင်း ကိုယ်ရံတော်လည်း လမ်းအမြန်ဖယ်ပေးကာ လုချန်းကို ဖြတ်သန်းသွားခွင့် ပြုလိုက်သည်။

လုချန်းက မိဖုရားဆောင်အတွင်းသို့ ချက်ချင်းမဝင်သေးပဲ

“ဧကရီ ဘယ်မှာလဲ။ ကျုပ်ကို သူ့ဆီ အခုချက်ချင်း ခေါ်သွားပေး။”

ဧကရာဇ်လောင်း ကိုယ်ရံတော်က

“မင်းသား... ကျွန်တော့်နောက် လိုက်ခဲ့ပါ”

ဟု အလျင်အမြန် တုံ့ပြန်လိုက်သည်။

ဧကရာဇ်လောင်း ကိုယ်ရံတော်၏ လမ်းပြမှုဖြင့် ချူးယွမ်ကျိကို ချုပ်နှောင်ထားသော အဆောင်သို့ လုချန်း လျင်မြန်စွာ ရောက်ရှိသွားသည်။

သို့သော် အဆောင်အပြင်ဘက်ရှိ ဝိညာဉ်တားမြစ် နည်းဗျူဟာ ပုံစံ ကို မြင်လိုက်ရလျှင် လုချန်း အတွေးထဲ နစ်မြောသွား၏။ ဤပုံစံကို ဖျက်ဆီးရန် မလွယ်ကူသလို ယခုအချိန်တွင် ဖျက်ဆီးလိုက်ပါက နန်းတွင်း ကိုယ်ရံတော်များ၏ အာရုံစိုက်မှုကို ဧကန်မုချ ရရှိမည် ဖြစ်သည်။

ခဏခန့် စဉ်းစားပြီးလျှင် လုချန်းက ကိုယ်ရံတော်များအား

“ဒီဝိညာဉ်တားမြစ် ပုံစံမှာ တစ်ခုခုမှားနေတယ်။ ဧကရီ အန္တရာယ်ရှိနေနိုင်တယ်။”

ထိုအရာကို ကြားလျှင် ကိုယ်ရံတော်များ၏ မျက်နှာများ အကြီးအကျယ် ပျက်သွားကြသည်။ သူတို့သည် မိဖုရားဆောင်ကို တစ်ချိန်လုံး စောင့်ကြပ်နေခြင်း ဖြစ်၏။ ဝိညာဉ်တားမြစ် ပုံစံက ဘယ်လိုဖြစ်ပြီး ပြဿနာရှိနိုင်မည်နည်း။

အစောပိုင်းက ဧကရာဇ်လောင်း ကိုယ်ရံတော်က

“တစ်ခုခု မှားနေတာလား ....မင်းသား”

လုချန်းက ဘာမှထပ်မပြောပဲ ဝိညာဉ်တားမြစ် နည်းဗျုဟာ ပုံစံ၏ အစွန်းသို့ လျှောက်သွားကာ စစ်ဆေးဟန်ဆောင်လိုက်၏။ ခဏအကြာတွင် သူ ထပ်ပြောလိုက်သည်။

“တစ်ခုခု မှားနေတာ တကယ်ပဲ”

“ခင်ဗျားတို့မယုံရင် အထဲမှာ ဧကရီရှိသေးလားဆိုတာ ဖွင့်ကြည့်လိုက်။ သူ ဒီနေရာကနေ ထွက်သွားတာ ကြာပြီလို့ ကျွန်တော် သံသယရှိတယ်။”

ထိုသို့ပြောပြီးလျှင် လုချန်းက ထွက်သွားမည့်ဟန် ပြလိုက်သည်။ သူ၏ ကျောပြင်ကို ကြည့်ကာ ကိုယ်ရံတော်များ အချင်းချင်း ကြည့်လိုက်ကြ၏။

ထိုစဉ် ကိုယ်ရံတော်တစ်ဦးက

“မင်းသား လုချန်း ပြောတာ အမှန်လား”

ဟု သတိကြီးစွာ မေးမြန်းလိုက်သည်။

“ဒါပေမဲ့ ကျွန်တော်တို့ ဘယ်မှမသွားခဲ့ပါဘူး။ ဝိညာဉ်တားမြစ် ပုံစံမှာ ဘယ်လိုပြဿနာ ရှိနိုင်မှာလဲ။”

ဧကရာဇ်လောင်း ကိုယ်ရံတော်တစ်ဦးက “အထဲမှာ ဘာရှိလဲဆိုတာ သိရအောင် ဝိညာဉ်တားမြစ် ပုံစံကို အတူတူ ဖွင့်ကြည့်ကြစို့။”

“အဲ့ဒါမှ ဧကရီ အထဲမှာ ရှိနေသေးရင် ရန်သူတွေ တိုက်ခိုက်လာတဲ့အခါ သူ ထွက်ပြေးနိုင်မှာ။”

“ဒုတပ်မှူးဝမ် ပြောတာ မှန်တယ်။ ဧကရီ အထဲမှာ ရှိနေရင် ဝိညာဉ်တားမြစ် ပုံစံ ရှိနေ တော့ ရန်သူတွေ တိုက်ခိုက်လာရင် သူ့ကို ကျွန်တော်တို့ ဘယ်လို ကာကွယ်မှာလဲ။”

ထို့နောက် မိဖုရားဆောင် ကိုယ်ရံတော်များသည် ဝိညာဉ်တားမြစ် ပုံစံအနီးသို့ အလျင်အမြန် သွားကာ ၎င်းကို အတူတကွ ဖျက်ဆီးလိုက်ကြသည်။

ထိုဝိညာဉ်တားမြစ် ပုံစံကို ရှန်ဝူဧကရာဇ် ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ပုံစံ၏ တည်နေရာကို ရှာတွေ့ပါက အပြင်ဘက်မှ ဖျက်ဆီးရန် မခက်ခဲပေ။

ဝိညာဉ်တားမြစ် နည်းဗျူဂာ ပုံစံ ဤမျှလွယ်ကူစွာ ပျက်စီးသွားလိမ့်မည်ဟု လုချန်း မမျှော်လင့်ထားပေ။ ၎င်း၏ ကြောက်မက်ဖွယ် စွမ်းအားကို သူ ခံစားခဲ့ရပြီး ဖြေရှင်းရန် ခက်ခဲလိမ့်မည်ဟု ထင်ခဲ့ခြင်း ဖြစ်၏။

ဝိညာဉ်တားမြစ် ပုံစံ ပျက်စီးသွားသည်နှင့် ကိုယ်ရံတော်များ တုံ့ပြန်ချိန် မရမီမှာပင် လုချန်းသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဆောင်အတွင်းသို့ ဝင်ရောက်သွားတော့သည်။

အတွင်းသို့ ရောက်လျှင် ကုတင်ပေါ်တွင် မျက်နှာနီမြန်းစွာ ထိုင်နေသည့် တင့်တယ်လှပသော အမျိုးသမီးတစ်ဦးကို လုချန်း တွေ့လိုက်ရ၏။

သူမသည် သူမ၏ ခန္ဓာကိုယ်အလှကို ပေါ်လွင်စေသည့် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားပြီး ရင့်ကျက်၍ ဆွဲဆောင်မှုရှိသော အရှိန်အဝါကို ထုတ်ဖော်နေသည်။

လုချန်းကို မြင်သောအခါ သူမ၏ နှလုံးသား မယုံကြည်နိုင်စွာ တုန်လှုပ်သွား၏။

“လု... လုချန်း...”

“ဒါက တကယ်ပဲလား...”

ချူးယွမ်ကျိလည်း ဝမ်းသာလွန်းသဖြင့် ငိုကြွေးလိုက်မိသည်။ လုချန်းကို နောက်တစ်ကြိမ် ပြန်တွေ့ရလိမ့်မည်ဟု သူမ လုံးဝ မထင်ထားခဲ့ပေ။

အပြင်ဘက်မှ တိုက်ပွဲ ပိုပြင်းထန်လာသည်ကို ခံစားမိသဖြင့် ယခုအချိန်သည် အလွမ်းသယ်ရမည့် အချိန်မဟုတ်ကြောင်း လုချန်း သိလိုက်သည်။ ထို့နောက် ကုတင်ပေါ်သို့ ခုန်တက်ကာ ချူးယွမ်ကျိကို တစ်ချက်တည်းနှင့် ပွေ့ချီလိုက်၏။

ချူးယွမ်ကျိ ခဏခန့် ဇဝေဇဝါဖြစ်သွားသော်လည်း ဘာမှမတုံ့ပြန်ပေ။ နောက်တစ်ခဏတွင် လုချန်းသည် အလင်းအရိပ်ကို အသုံးပြုကာ သူ၏ နေအိမ်သို့ ပြန်သွားလိုက်သည်။

သူသည် ယနေ့ အစီအစဉ်အတွက် နေအိမ်၏ လျှို့ဝှက်ခန်းထဲတွင် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို လွန်ခဲ့သော ရက်အနည်းငယ်ကပင် ပြင်ဆင်ထားခဲ့၏။

ထွက်ခွာသွားစဉ် မိုးကြိုးဧကရာဇ်ထံသို့ လုချန်းက အသံလှိုင်းဖြင့် သတင်းစကား ပါးလိုက်၏။

“ကျွန်တော် သွားပြီ။ မိုးကြိုးဧကရာဇ်... ဂရုစိုက်ပါ။ ခင်ဗျားမှာ သွားစရာ နေရာမရှိရင် ကျွန်တော့်ဆီ လာပူးပေါင်းလို့ ရတယ်။”

ပိုင်ချန်းမင်းဆက် အကြွင်းအကျန်များကို တိုက်ခိုက်နေသော မိုးကြိုးဧကရာဇ်လည်း ဤသတင်းပို့ချက်ကို ကြားလျှင် အံ့အားသင့်သွား၏။

မင်းသား လုချန်းက ဘာကို ဆိုလိုတာလဲ။

ထွက်သွားမယ် ဟုတ်လား။

ဘယ်ကိုလဲ။

သူက အိမ်ရှေ့မင်းသား ဖြစ်တော့မှာ မဟုတ်လား။

ဘာကြောင့် အခု ပြေးရတာလဲ။

အိမ်ရှေ့မင်းသား ရာထူးကို သူက မလိုချင်တာလား။

မိုးကြိုးဧကရာဇ် တုံ့ပြန်ချိန် မရမီမှာပင် ဧကရာဇ်လောင်း ကိုယ်ရံတော်တစ်ဦးက ပြာပြာသလဲနှင့် သူ၏ထံသို့ ပြေးလာပြီး

“ဗိုလ်ချုပ်... အခြေအနေ မကောင်းတော့ဘူး။ မင်းသား လုချန်းက ဧကရီကို ခေါ်သွားပြီ။”

ထိုအရာကို ကြားလိုက်ရလျှင် မိုးကြိုးဧကရာဇ်၏ အတွေးများ ဗလာဖြစ်သွား၏။

လုချန်း သူ့ကို ဘာကြောင့် ဂရုစိုက်ရန် ပြောခဲ့သည်ကို သူ နောက်ဆုံးတွင် နားလည်သွားသည်။

လုချန်းသည် အိမ်ရှေ့မင်းသား ရာထူးအတွက် ပြန်လာခြင်းမဟုတ်ပဲ ရှန်ဝူဧကရီနှင့် အတူ ထွက်ပြေးရန် ပြန်လာခြင်း ဖြစ် နေသည်။

မိုးကြိုးဧကရာဇ်သည် လုချန်း၏ အသိုင်းအဝိုင်းထဲကလူ ဖြစ်သဖြင့် လုချန်းနှင့် ရှန်ဝူဧကရီတို့၏ အတိတ်အကြောင်းကို အနည်းငယ် သိထားသည်။

သို့သော် လုချန်း အမျိုးသမီးများအပေါ် စိတ်ဝင်စားမှု မရှိဟု သူ အမြဲ ယုံကြည်ထားခဲ့၏။ ထို့ကြောင့် ရှန်ဝူဧရာဇ်က ရှန်ဝူဧကရီကို အတင်းအဓမ္မ လက်ထပ်ယူခဲ့စဉ်ကပင် လုချန်းအတွက် ဘာမှမထူးခြားဟု ထင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခု လုချန်း ပြန်လာပြီးနောက် ပထမဆုံး လုပ်ရပ်က သူမကို ခိုးယူသွားခြင်း ဖြစ်၏။

မိုးကြိုးဧကရာဇ် အကူအညီမဲ့သလို ခံစားလိုက်ရသည်။

လုချန်းကို ပြန်ခေါ်လာသူမှာ သူဖြစ်ပြီး ယခုမူ လုချန်းသည် ရှန်ဝူဧကရီနှင့်အတူ ထွက်ပြေးသွားလေပြီ။

ရှန်ဝူဧကရာဇ် သူ့ကို ဧကန်မုချ အပြစ်ရှာမည် ဖြစ်သည်။

သို့သော်ငြားလည်း...

သို့သော်ငြားလည်း ရှန်ဝူဧကရာဇ်ကို သူ သစ္စာမဖောက်နိုင်ပေ။ ရှန်ဝူဧကရာဇ် မည်ကဲ့သို့သော လူစားမျိုးဖြစ်သည်ကို သူ ကောင်းစွာသိထား၏။ သစ္စာဖောက်ခြင်းက ကောင်းကျိုးပေးမည် မဟုတ်ကြောင်း မိုးကြိုးဧကရာဇ် နားလည်ထားသည်။

ထို့နောက် မိုးကြိုးဧကရာဇ်ကအမိန့်ပေးလိုက်၏။

“မင်းသား လုချန်းနဲ့ ဧကရီကို ရှာဖို့ လူတွေကို ချက်ချင်းလွှတ်။ သူတို့ကို ပြန်ခေါ်လာဖို့အတွက် ဘာပဲလုပ်ရလုပ်ရ။”

ထိုသို့ ပြောပြီးလျှင် မိုးကြိုးဧကရာဇ်၏ အကြည့်သည် ပိုင်ချန်းမင်းဆက် အကြွင်းအကျန်များထံသို့ ပြန်ရောက်သွား၏။ ထိုသူများ တစ်ခုခု မှားနေသည်ဟုလည်း ခံစားမိနေသည်။

ဤဧကရာဇ် သုံးဦး၏ ကျင့်စဉ်များသည် ပိုင်ချန်းမင်းဆက် တော်ဝင်မိသားစု၏ ကျင့်စဉ်များနှင့် လုံးဝ မတူပေ။ တနည်းအားဖြင့် သူတို့သည် ပိုင်ချန်းမင်းဆက် အကြွင်းအကျန်များနှင့် လုံးဝ မတူကြပေ။

မိုးကြိုးဧကရာဇ်က ဧကရာဇ်တစ်ဦးအား မိုးကြိုးများဖြင့် တိုက်ခိုက်ရင်း မေးမြန်းလိုက်၏။

“ခင်ဗျား တို့က ပိုင်ချန်းမင်းဆက်က မဟုတ်ဘူး။ ဘယ်က လာကြတာလဲ။”

“ရှန်ယွဲ့နန်းတော်ကို တိုက်ခိုက်ရင် ဖြစ်လာမယ့် နောက်ဆက်တွဲ အကျိုးဆက်တွေကို ခင်ဗျားတို့ စဉ်းစားပြီးပြီလား။”

…………..

အခန်း (၁၃၈၆)

မိုးကြိုးဧကရာဇ်၏ ဆင်ခြေ

ရှန်ယွဲ့နန်းတော်၏ အထက်ကောင်းကင်၌ ရှိနေကြသော ဧကရာဇ်အဆင့် သုံးပါးသည် မိုးကြိုးဧကရာဇ်က ၎င်းတို့အား ပိုင်ချန်းမင်းဆက်မှ အကြွင်းအကျန်များ မဟုတ်ကြောင်း ရိပ်မိသွားကြောင်း သိလိုက်သောအခါ ဆက်လက်၍ တိုက်ခိုက်ခြင်း မပြုကြတော့ပေ။

ထိုအချိန်တွင် ဧကရာဇ်အဆင့် သုံးပါး တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး ကြီးမားသော ယင်ယန်နည်းဗျူဟာပုံစံတစ်ခုဖြင့် မိုးကြိုးဧကရာဇ်နှင့် ရှန်ယွဲ့နန်းတော်မှ ဧကရာဇ်အဆင့် အမြောက်အမြားကို ချက်ချင်း ပိတ်လှောင်လိုက်ကြ၏။

ဤလှောင်အိမ်အတွင်းမှ ဖိအားကို ခံစားမိလိုက်လျှင် ရှန်ယွဲ့နန်းတော်မှ ဧကရာဇ်အဆင့်တစ်ဦးက

“မကောင်းတော့ဘူး။ ဒါက ယင်ယန်စွမ်းအားပဲ။ သူတို့က ထျန်းကျိရဲတိုက်က လူတွေပဲ”

ဟု အော်ဟစ်လိုက်သည်။

သူတို့သည် မိုးကြိုးဧကရာဇ်နှင့် ရှန်ယွဲ့နိုင်ငံမှ ဧကရာဇ်အဆင့်များကို ပိတ်လှောင်ထားသော်လည်း ထပ်မံ၍ တိုက်ခိုက်ခြင်း မပြုကြတော့ပဲ လုချန်း၏ စံအိမ်ဆီသို့သာ အပြေးအလွှား ထွက်သွားကြ၏။

မိုးကြိုးဧကရာဇ်လည်း ၎င်းတို့၏ ရည်ရွယ်ချက်ကို ချက်ချင်းပင် သတိပြုမိသွားပြီး

“အဲဒီ ဧကရာဇ်သုံးပါးက မင်းသားလုချန်းကို ပစ်မှတ်ထားနေတာပဲ။”

ထိုအခိုက်အတန့်၌ ရှန်ဝူဧကရာဇ်ကို အကြောင်းပြရန် အကြံရတစ်ခု မိုးကြိုးဧကရာဇ် အတွေးထဲ ဝင်ရောက်လာသည်။

ထို့နောက် မိုးကြိုးဧကရာဇ်က သရုပ်ဆောင်တစ်ဦးကဲ့သို့

“မင်းသားလုချန်း။ အမြန် ထွက်ပြေးပါတော့”

ဟု အော်ဟစ်လိုက်သည်။

ထိုသို့ ပြောကြားပြီးနောက် မိုးကြိုးဧကရာဇ်က အနီးရှိ ဧကရာဇ်အဆင့်များကိုလည်း

“မြန်မြန်... နည်းဗျူဟာကို ဖျက်ဆီးဖို့ နည်းလမ်းရှာကြ။ မင်းသားလုချန်းကို သူတို့ အန္တရာယ်ပြုခွင့် မပေးနိုင်ဘူး။”

ထို့နောက် ဧကရာဇ်အဆင့် အမြောက်အမြားသည် နည်းဗျူဟာပုံစံကို ဖျက်ဆီးရန်အတွက် အင်အား စုပေါင်းလိုက်ကြသည်။

တစ်ချိန်တည်းမှာပင် လုချန်း၏ စံအိမ်သို့ ရောက်ရှိလာသော ဧကရာဇ်အဆင့် သုံးပါးသည် လုချန်းကို မတွေ့ခဲ့ကြပေ။ သူတို့ လုချန်း၏ ကျင့်စဉ်ခန်းမအတွင်းသို့ ဝင်ရောက်သွားကြလျှင် ပျက်စီးနေသော နည်းဗျူဟာတံခါးတစ်ခုကိုသာ တွေ့လိုက်ကြရ၏။

သူတို့သုံးဦးလည်း အရှုံးကို လက်မခံနိုင်ကြပဲ ဒေါသပေါက်ကွဲကာ လုချန်း၏ စံအိမ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ကြတော့သည်။

လုချန်း၏ စံအိမ်ကို ဖျက်ဆီးပြီးနောက် ရှန်ယွဲ့နိုင်ငံမှ သူတို့ ထွက်ခွာသွားကြ၏။ ထိုအချိန်၌ မိုးကြိုးဧကရာဇ်တို့လည်း ယင်ယန်နည်းဗျူဟာပုံစံကို ဖျက်ဆီးနိုင်ခဲ့ကြသည်။

မိုးကြိုးဧကရာဇ်သည် လုချန်း၏ စံအိမ်သို့ ချက်ချင်း ရောက်ရှိလာပြီး

“မင်းသားလုချန်းကို ရှာဖို့ ငါတို့ အမြန်လုပ်ရမယ်။ ထျန်းကျိရဲတိုက်က မင်းသားကို အရင်တွေ့သွားရင် သူ့အတွက် အန္တရာယ်ကြီးသွားလိမ့်မယ်။”

ဟု အစောင့်များကို ညွှန်ကြားလိုက်သည်။

ထို့နောက် မိုးကြိုးဧကရာဇ်သည် လုချန်းကို ရှာဖွေရန် စစ်သည်များကို ကိုယ်တိုင် ဦးဆောင်ခဲ့၏။ ထိုသို့ဖြင့် ထျန်းကျိရဲတိုက်က ရှန်ယွဲ့နိုင်ငံ၏ မင်းသားကို လုပ်ကြံရန် ဧကရာဇ်အဆင့်များကို စေလွှတ်ခဲ့ကြောင်း သတင်းကို အထူးတလည် ပျံ့နှံ့စေခဲ့သည်။

ချူးယွမ်ကျိကို ခေါ်ဆောင်လာသော လုချန်း၏ ဧကရာဇ်အဆင့် ကိုယ်ပွားသည် သူတော်စင်အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံ၏ အစွမ်းဖြင့် ထျန်းချန်ကမ္ဘာသို့ တိုက်ရိုက် ပြန်လည်ရောက်ရှိလာခဲ့၏။

……..

အဝေးရှိ ကြီးမားလှသော ကမ္ဘာ့သစ်ပင်ကြီးကို ကြည့်ရှုရင်း ချူးယွမ်ကျိတစ်ယောက် အချိန်အတော်ကြာအောင် မှင်တက်နေခဲ့၏။ ရှန်ယွဲ့နိုင်ငံမှ သူမ တကယ် လွတ်မြောက်လာခဲ့သည်ကိုလည်း မယုံကြည်နိုင် ဖြစ်နေသည်။

ခဏအကြာတွင် လုချန်းက သူမကို ဖက်ထားဆဲ ဖြစ်သည်ကို သတိပြုမိသွားပြီး

“ကောင်းပါပြီ။ ရှင် ကျွန်မကို အခု ချပေးလို့ ရပြီ။”

သူမသည် ရှန်ယွဲ့နိုင်ငံမှ ထွက်လာခါစ ဖြစ်သဖြင့် စိတ်နေစိတ်ထားက မပြောင်းလဲသေးပေ။ စကားပြောဟန်မှာလည်း အနည်းငယ် အေးစက်နေဆဲ ဖြစ်သည်။

“ကိုယ့်ကို အမိန့်‌ပေးတာလား”

ဟု လုချန်းက မေးခွန်းထုတ်သည့် လေသံဖြင့် တုံ့ပြန်လိုက်သည်။

“ဒါက ရှန်ယွဲ့နိုင်ငံ မဟုတ်တော့ဘူး။ ရှန်ယွဲ့နိုင်ငံရဲ့ ပြင်ပမှာဆိုရင် မင်းက ရှန်ဝူဧကရီ မဟုတ်တော့ဘူး။ မင်းရဲ့ အဆင့်အတန်းကို မင်း နားလည်ဖို့ လိုတယ်။”

ချူးယွမ်ကျိ နှလုံးတုန်သွား၏။

ဤအကြောင်းကို သူမသည် မည်သို့များ မေ့သွားရသနည်း။

အတိတ်တုန်းက သူမသည် အချစ်ကြောင့် အမုန်းပွားခဲ့ပြီးလျှင် ကလဲ့စားချေရန် လုချန်းအပေါ် မကောင်းမှုများစွာ ပြုလုပ်ခဲ့၏။ သူမကို တစ်နေ့တွင် လက်ရဖမ်းမိပါက အစေခံအဖြစ် ထားရှိပြီး ပြင်းထန်စွာ နှိပ်စက်မည်ဟု လုချန်းက ကြိုတင် ပြောထားခဲ့ဖူးသည်။

ခဏခန့် ချီတုံချတုံ ဖြစ်ပြီးနောက်

“ကျွန်မ ရှင့်လက်ထဲ ရောက်နေပြီဆိုတော့ ကျွန်မ ကံကြမ္မာကို လက်ခံပါတယ်။ ရှင် စိတ်ကြိုက်သာ စီရင်ပါတော့”

ဟု ချူးယွမ်ကျိက တိုးညှင်းစွာ ပြောလိုက်သည်။

လုချန်းက ပြုံးလိုက်ပြီး

“မင်း ပြောစရာ မလိုပါဘူး။ မင်းကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ ကိုယ် အစောကတည်းက စဉ်းစားထားပြီးသား။”

ထိုသို့ ပြောပြီးနောက် လုချန်းက အာကာသ အလွှာကို ကွေးညွတ်လိုက်ပြီး ရန်ခရိုင် နန်းတော်သို့ တိုက်ရိုက် ဆင်းသက်လိုက်သည်။

လုချန်း ရန်ခရိုင် နန်းတော်သို့ ဝင်လိုက်သည်နှင့် တစ်ပြိုင်နက် ပင်မခန္ဓာ၏ အငွေ့အသက်ကို ချူးယုချင် ခံစားမိသွားသည်။

ချူးယုချင် အလွန် ဝမ်းသာသွား၏။ ထျန်းချန်ကမ္ဘာတွင် ပင်မခန္ဓာ၏ အငွေ့အသက်ကို ခံစားရခြင်းမှာ လုချန်းက ချူးယွမ်ကျိကို အောင်မြင်စွာ ကယ်တင်နိုင်ခဲ့ပြီဟု အဓိပ္ပာယ်ရပေသည်။

ချူးယုချင်လည်း စိတ်အာရုံ ချိတ်ဆက်မှုရှိရာ ချူးယွမ်ကျိ ရှိသည့်နေရာသို့ အမြန် လိုက်သွားခဲ့သည်။

သူမ ရောက်ရှိသွားသည်နှင့် ချူးယွမ်ကျိ၏ အခန်းထဲမှ ထွက်ပေါ်လာသော လုချန်း၏ ပြင်းထန်သော အသံကို ကြားလိုက်ရ၏။

“အဆိပ်ပြင်းတဲ့ မိန်းမ။ မင်း ကိုယ့်ကို အကြိမ်ကြိမ် ဒုက္ခပေးခဲ့တယ်။ ဒီနေ့တော့ ကိုယ့်ကို ဒုက္ခပေးတဲ့ အကျိုးဆက်ကို မင်း သိစေရမယ်”

“အား...”

ချူးယွမ်ကျိ၏ လက်ရှိ အခြေအနေကို လုချန်း ဂရုမစိုက်ပေ။ ချူးယွမ်ကျိကို ပြန်ခေါ်လာနိုင်ပြီးပါက သူမသည် သူ၏ အိမ်မွေးတိရစ္ဆာန်သာ ဖြစ်ရမည်ဟု သူ အစကတည်းက ပြောကြားခဲ့ဖူးသည်။

ယခုအခါ ချူးယွမ်ကျိကို ပြန်ခေါ်လာနိုင်ပြီ ဖြစ်သဖြင့် သခင်တစ်ဦး အနေနှင့် သူ၏ အခွင့်အရေးကို အသုံးချရန် အချိန်တန်ပြီ ဖြစ်သည်။

ယခု လုချန်း၏ ပင်မခန္ဓာကိုယ်တိုင် ထွက်လာခြင်းဖြစ်၏။ ယခု ပင်မခန္ဓာသည် ဧကရာဇ်အဆင့်သုံးတွင် ရှိနေသဖြင့် အဆိပ်ပြင်းသော ချူးယွမ်ကျိကို ကိုင်တွယ်ရန် လုံလောက်သည်ထက် ပိုနေသည်။

အခန်းထဲမှ ရုန်းရင်းဆန်ခတ် အသံများကို ကြားရလျှင် ချူးယုချင်၏ နှုတ်ခမ်းများ အနည်းငယ် ပြုံးယောင်သန်းသွား၏။ ယခုဆိုလျှင် သူမနှင့် လုချန်းတို့၏ ရည်ရွယ်ချက် အောင်မြင်သွားပြီ ဖြစ်သည်။

ပင်မခန္ဓာအတွက် ရှေ့လျှောက် ရက်များမှာ ခက်ခဲနိုင်သော်လည်း ၎င်းမှာ လုချန်းကို ဒုက္ခပေးခဲ့သည့်အတွက် သူမအတွက် ပေးဆပ်ရမည့် ပြစ်ဒဏ်ပင် ဖြစ်သည်။

ချူးယုချင်လည်း လုချန်းကို နှောင့်ယှက်ခြင်း မပြုတော့ပဲ ချူးယွမ်ကျိ၏ အဆောင်အတွင်းမှ လှည့်ထွက်သွားကာ ချူးယွမ်ကျိအား စိတ်ကြိုက် အပြစ်ပေးစေရန် ခွင့်ပြုလိုက်တော့သည်။

…….

ရှန်ယွဲ့နိုင်ငံ တိုက်ခိုက်ခံရသည့် သတင်းသည် ရှန်ဝူဧကရာဇ်၏ နားထဲသို့ လျင်မြန်စွာ ရောက်ရှိသွား၏။ ထိုသတင်းကို ကြားလျှင် ရှန်ဝူဧကရာဇ်သည် ပိုင်ချန်း ဧကရာဇ်ကို လိုက်လံဖမ်းဆီးသည့် အစီအစဉ်ကို ချက်ချင်း စွန့်လွှတ်လိုက်ပြီး ရှန်ယွဲ့နိုင်ငံသို့ အလျင်အမြန် ပြန်လာခဲ့၏။

ရှန်ဝူဧကရာဇ် ရှန်ယွဲ့နိုင်ငံသို့ ပြန်ရောက်လာသည့် အခိုက်အတန့်တွင် ချူးယွမ်ကျိ၏ အငွေ့အသက်များ ပျောက်ကွယ်သွားသည်ကို တွေ့ရှိသွားသဖြင့် အလွန် ဒေါသထွက်သွားတော့သည်။

ချူးယွမ်ကျိသည် သူဝိညာဉ် ကူးပြောင်းပြီးနောက် အင်အား ပြန်လည်ရရှိရန် ကျင့်ကြံဖို့အတွက် အလွန် အရေးကြီးသူဖြစ်သည်။ ယခုတော့ သူမ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ချူးယွမ်ကျိ မရှိလျှင် သူဝိညာဉ်ကူးပြောင်းပြီး အလျင်အမြန် ပြန်လည် အင်အားကြီးထွားရန်က မဖြစ်နိုင်သလောက်ပင် ဖြစ်၏။

မည်သူက ချူးယွမ်ကျိကို ခေါ်ဆောင်သွားသနည်း။

ရှန်ဝူဧကရာဇ်သည် နန်းတော်ကို စောင့်ကြပ်နေသော နန်‌တောင် ဧကရာဇ်ကို ချက်ချင်း ဆင့်ခေါ်လိုက်သည်။

ရှန်ဝူဧကရာဇ်ထံမှ ထွက်ပေါ်လာသော သတ်ဖြတ်ခြင်း စွမ်းအားကို မြင်လျှင် နန် တောင်ဧကရာဇ်လည်း ကြောက်ရွံ့လွန်း၍ တစ်ကိုယ်လုံး တုန်ရင်နေသည်။

ရှန်ဝူဧကရာဇ်က နန်‌တောင်ဧကရာဇ်ကို တစ်ချက်ပင် မကြည့်ပဲ တည်ငြိမ်စွာဖြင့်

“ကျုပ် မထွက်သွားခင် ခင်ဗျားကို ဘာမှာခဲ့လဲ”

နန်တောင်ဧကရာဇ်က အမြန် တုံ့ပြန်လိုက်သည်။

“မင်းကြီး ခွင့်လွှတ်ပေးပါ။ ထျန်းကျိရဲတိုက်က အခုလိုအချိန်မှာ ရှန်ယွဲ့နန်းတော်ကို ရုတ်တရက် လာတိုက်လိမ့်မယ်လို့ ကျွန်တော် မထင်ထားမိလို့ပါ။”

“ထျန်းကျိရဲတိုက်” ဟူသော အမည်ကို ကြားလျှင် ရှန်ဝူဧကရာဇ် နှာခေါင်းရှုံ့လိုက်ပြီး

“ထျန်းကျိရဲတိုက်က တကယ်ပဲ အရှုံးမခံနိုင်ဘူးပဲ”

“ကျုပ်က သူတို့ရဲ့ ရဲတိုက်ခွဲတစ်ခုကိုပဲ ဖျက်ဆီးခဲ့တာ။ သူတို့က ကျုပ်ရဲ့ ကျင့်စဉ်မီးဖိုကို တိုက်ရိုက် ပစ်မှတ်ထားတာပဲ။”

ထိုသို့ ပြောရင်း ရှန်ဝူဧကရာဇ်က နန် တောင်ဧကရာဇ်ကို စူးစိုက် ကြည့်လိုက်ပြီး သတ်ဖြတ်ခြင်း စွမ်းအားကို ချက်ချင်း ထုတ်လွှတ်လိုက်သည်။

တစ်ခဏချင်းမှာပင် ဧကရာဇ်ကြယ်တစ်ခုလုံးသည် ရှန်ဝူဧကရာဇ်၏ သတ်ဖြတ်ခြင်း စွမ်းအားများဖြင့် ဖုံးလွှမ်းသွားခဲ့၏။

နန်တောင်ဧကရာဇ်သည် ရှန်ဝူဧကရာဇ်နှင့် အလွန် နီးကပ်နေသဖြင့် သတ်ဖြတ်ခြင်း စွမ်းအား၏ ရိုက်ခတ်မှုကြောင့် လွင့်ထွက်သွားပြီး သွေးတစ်ပွက်အန်သွားခဲ့သည်။

“ခင်ဗျားအပြင် တခြား ဧကရာဇ်အဆင့်တွေလည်း အဲဒီအချိန်မှာ ရှိနေတယ်လို့ ကြားတယ်။ ဒါပေမဲ့ ခင်ဗျားတို့ အားလုံး ပေါင်းတာတောင် ဧကရာဇ်လောင်း တစ်ယောက်ကို မစောင့်ရှောက်နိုင်ဘူး။ ခင်ဗျားတို့ အသက်ရှင်နေတာ ဘာအသုံးကျလဲ။”

ထိုသို့ ပြောရင်း ရှန်ဝူဧကရာဇ်၏ အငွေ့အသက်များ ပို၍ ပြင်းထန်လာသဖြင့် နန်တောင်ဧကရာဇ်လည်း ကြောက်လန့်တကြား ငြိမ်သက်သွားသည်။

ခဏအကြာတွင်

“ဧကရီကို ဘယ်သူ ခေါ်သွားတာလဲ”

ဟု ရှန်ဝူဧကရာဇ်က ဆက်မေးလိုက်၏။

နန်တောင် ဧကရာဇ်က

“အဲ့ဒါ... အဲ့ဒါက မင်းသားလုချန်းပါ”

ဟု ထစ်ထစ်ငေါ့ငေါ့ဖြင့် တုံ့ပြန်လိုက်သည်။

ဟင်...

ရှန်ဝူဧကရာဇ် အလွန် အံ့အားသင့်သွား၏။

တစ်ဆက်တည်း ဆိုသလိုပင် ရှန်ဝူဧကရာဇ်၏ မျက်နှာသည်လည်း ရှိရင်းစွဲထက် ပို၍ပင် မည်းမှောင်သွားသည်။

သူသိသလောက် လုချန်း သေဆုံးသွားပြီ ဖြစ်သည်။ သွေးမျိုးဆက် စွမ်းအားမှတစ်ဆင့် လုချန်း၏ တည်ရှိမှုကို ခံစားနိုင်သည့် စွမ်းရည်မှာလည်း အစောကတည်းက ပျောက်ဆုံးသွားခဲ့ပြီ ဖြစ်၏။

ယခုမူ နန်တောင်ဧကရာဇ်က လုချန်းသည် အသက်ရှင်နေရုံသာမက သူ၏ ကျင့်စဉ်မီးဖိုကို ခိုးယူရန် ပြန်လာခဲ့သည်ဟု ပြောနေသည် မဟုတ်ပါလား။

“ဘာတွေလဲ။ ဖြစ်စဉ်တစ်ခုလုံးကို ကျုပ်ကို ရှင်းပြ။”

ဟု ရှန်ဝူဧကရာဇ်က အေးစက်စွာ အမိန့်ပေးလိုက်တော့သည်။

All Chapters