အခန်း (၁၃၉၃-၁၃၉၅)
Vol. 93 Ch. 1393-1395
အခန်း (၁၃၉၃)
ကျွန်မ သူ့ကို ရှာတွေ့အောင် ရှာမယ်
အသက်ကယ် ဧကရီ၏ စံအိမ်မှ လေဟုန်ယွမ် ပြန်လာခဲ့သည်။ ထို့နောက် လက်ထပ်ခြင်းကြိုးနီနောက်သို့ လိုက်ကာ လုချန်းကို ရှာဖွေရန် ယန်ယန် နန်းတော်မှ စတင် ထွက်ခွာလာခဲ့သည်။ သို့သော်လည်း ငြိမ်သက်သော မျှော်စင်အနီးမှ ဖြတ်သွားစဉ် ငြိမ်သက်သော မျှော်စင်၏ အနက်ရှိုင်းဆုံးနေရာမှ သွယ်တန်းလာသော ကြိုးနီတစ်ချောင်းကို သူမက ရုတ်တရက် သတိထားမိသွား၏။
ထိုကြိုးနီကို မြင်လျှင် လေဟုန်ယွမ် အနည်းငယ် အံ့အားသင့်သွားသည်။ သူမ ရပ်တန့်လိုက်ပြီးလျှင် ငြိမ်သက်သော မျှော်စင်ဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုခဏ၌ ရိုးရှင်းစွာ ဝတ်ဆင်ထားပြီး မျက်နှာပေါ်တွင် အရေးအကြောင်း အနည်းငယ်ရှိပြီး မီးခိုးရောင် အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ဦး လေဟုန်ယွမ်၏ နောက်တွင် ရပ်နေသည်။
သာမန်အမျိုးသမီးတစ်ဦးဟု ထင်ရသော်လည်း သူမသည် ဧကရာဇ် အဆင့် တစ်ဦး ဖြစ်၏။ သူမသည် အသက်ကယ် ဧကရီက လေဟုန်ယွမ်အတွက် စီစဉ်ပေးထားသော လေဟုန်ယွမ်၏ အစောင့်အရှောက် ဖြစ်သည့် ရန်ယွဲ့ဧကရာဇ်ပင် ဖြစ်သည်။
လေဟုန်ယွမ်က ရုတ်တရက် ရပ်တန့်ကာ ငြိမ်သက်သော မျှော်စင်ဘက်သို့ တည်ငြိမ်စွာ ကြည့်နေသည်ကို ရန်ယွဲ့ဧကရာဇ် မြင်လျှင်
“သူတော်စင်မ... ဘာဖြစ်လို့လဲ”
လေဟုန်ယွမ် သတိပြန်ဝင်လာပြီးနောက်
“အရင် သူတော်စင်မက အခု ငြိမ်သက်သော မျှော်စင်မှာ အကျဉ်းကျနေတာ မဟုတ်လား။”
ရဲယွဲ့ဧကရာဇ်က
“ဟုတ်ပါတယ်”
“ကျွန်မ သူ့ကို သွားတွေ့လို့ ရမလား သိချင်တယ်”
ရဲယွဲ့ဧကရာဇ်က ဇဝေဇဝါဖြစ်စွာဖြင့်
“သူတော်စင်မက သူ့ကို ဘာလို့ တွေ့ချင်ရတာလဲ။”
လက်ရှိတွင် လျှိုချင်းယွမ်သည် ရာဇဝတ်သားတစ်ဦးဖြစ်ပြီး ကပ်ဘေးဆိုက်ရောက်လာချိန်အထိ အကျဉ်းချခံထားရကာ ပြင်ပသို့ ဘယ်တော့မှ ထွက်ခွာခွင့်ရတော့မည် မဟုတ်ပေ။ ရာဇဝတ်သားတစ်ဦးအပေါ် လေဟုန်ယွမ်က အဘယ်ကြောင့် စိတ်ဝင်စားရသည်ကို ရန်ယွဲ့ဧကရာဇ် နားမလည်နိုင် ဖြစ်နေသည်။
“ခွင့်မပြုဘူးလား”
ဟု လေဟုန်ယွမ်က မေးလိုက်၏။
ရဲယွဲ့ဧကရာဇ်က ခဏခန့် စဉ်းစားပြီးနောက်
“ခွင့်မပြုတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ နန်းတော်သခင်ကို ကျွန်မ အရင်မေးကြည့်ရမယ်။”
ထို့နောက် လေဟုန်ယွမ် ငြိမ်သက်သော မျှော်စင်သို့ သွားရောက်နိုင်ခြင်း ရှိ မရှိကို ရဲယွဲ့ဧကရာဇ်က စိတ်အာရုံကို အသုံးပြု၍ အသက်ကယ် ဧကရီအား မေးမြန်းလိုက်၏။ လေဟုန်ယွမ်က ငြိမ်သက်သော မျှော်စင်ရှိ ယခင်သူတော်စင်မထံသို့ သွားရောက်လိုကြောင်း အသက်ကယ် ဧကရီ ကြားလျှင် အနည်းငယ် အံ့အားသင့်သွားသည်။
သို့သော် လေဟုန်ယွမ်အတွက် လျှိုချင်းယွမ်ကို တွေ့ရခြင်းက နောင်တွင် အလားတူအမှားမျိုး မပြုလုပ်မိစေရန် သင်ခန်းစာတစ်ခု ဖြစ်လိမ့်မည်ဟု တွေးတောကာ အသက်ကယ် ဧကရီက နောက်ဆုံးတွင် သဘောတူလိုက်သည်။
အသက်ကယ် ဧကရီ သဘောတူသည်ကို သိလျှင် ရန်ယွဲ့ဧကရာဇ်က လေဟုန်ယွမ်ကို
“သူတော်စင်မ... နန်းတော်သခင်က သဘောတူလိုက်ပြီ။”
လေဟုန်ယွမ်က ဘာမှထပ်မပြောတော့ပဲ ငြိမ်သက်သော မျှော်စင်ဆီသို့ တိုက်ရိုက် ဦးတည်သွားလိုက်သည်။ ထို့နောက် ရန်ယွဲ့ဧကရာဇ်၏ လမ်းညွှန်မှုဖြင့် ငြိမ်သက်သော မျှော်စင်အတွင်းသို့ လေဟုန်ယွမ် လျင်မြန်စွာ ဝင်ရောက်သွား၏။ ငြိမ်သက်သော မျှော်စင်၏ ပတ်ဝန်းကျင်သည် အကျဉ်းစခန်းတစ်ခုနှင့် မတူပဲ အတော်လေး သာယာလှပသည်။
ငြိမ်သက်သော မျှော်စင်၏ အဆင့်တိုင်းတွင် ကိုယ်ပိုင်ကမ္ဘာငယ်လေးများ ရှိပြီး နိယာမများလည်း ပြည့်စုံကာ ရှုခင်းများ လှပပြီး ငှက်သံများနှင့် ပန်းရနံ့များဖြင့် ပြည့်နှက်နေသည်။ လျှိုချင်းယွမ် ရှိနေသည့် အဆင့်သည် ပန်းပင်လယ်ပြင်တစ်ခု ဖြစ်ပြီး ထိုနေရာတွင် ဝါးအိမ်လေးတစ်လုံး ဆောက်ထားကာ နေ့စဉ် ပန်းပင်များကို ပြုစုပျိုးထောင်ရင်း သူမ အေးအေးလူလူ နေထိုင်နေပုံရသည်။
လျှိုချင်းယွမ်၏ အိမ်အပြင်ဘက်သို့ လေဟုန်ယွမ် ရောက်ရှိလာချိန်တွင် လျှိုချင်းယွမ်က သူမ အိမ်အနီးရှိ ပန်းများကို ရေလောင်းနေသည်။ လူတစ်ယောက် ရုတ်တရက် ပေါ်လာသည်ကို မြင်လျှင် လျှိုချင်းယွမ်လည်း သူမ၏ အလုပ်များကို ချက်ချင်း ရပ်လိုက်ပြီး လေဟုန်ယွမ်ကို စိုက်ကြည့်လိုက်၏။ လာသူမှာ လေဟုန်ယွမ် ဖြစ်နေသည်ကို မြင်လျှင် လျှိုချင်းယွမ် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားပြီး
“ရှင် ဒီကို ဘာလာလုပ်တာလဲ”
သူမနှင့် လေဟုန်ယွမ်ကြားတွင် မည်သည့် ရန်ငြိုးမှ မရှိပေ။ အကြောင်းမှာ သူမ၏ သူတော်စင်မ ရာထူးကို လေဟုန်ယွမ်က လုယူခဲ့ခြင်း မဟုတ်သောကြောင့် ဖြစ်သည်။ လေဟုန်ယွမ် မရှိလျှင်ပင် သူမ၏ စင်ကြယ်မှု ပျက်ပြားသွားသည်ကို သိလျှင် အသက်ကယ် ဧကရီက သူမ၏ သူတော်စင်မဘွဲ့ကို ရုပ်သိမ်းမည်သာ ဖြစ်၏။
လေဟုန်ယွမ်က ချက်ချင်း ပြန်မဖြေပဲ လျှိုချင်းယွမ်ကို တစ်ချက်ကြည့်လိုက်၏။ လျှိုချင်းယွမ်၏ ခန္ဓာကိုယ်တွင် သူမထက် ပိုများသော ကြိုးနီများ ရစ်ပတ်နေသည်ကို သတိပြုမိပြီးနောက်
“ရှင် နောင်တရလား”
လျှိုချင်းယွမ်လည်း အဘယ်ကြောင့် လေဟုန်ယွမ်က ယခုကဲ့သို့ မေးခွန်းမျိုး လာမေးရသည်ကို နားမလည်နိုင်ပဲ ထပ်မံ အံ့အားသင့်သွားသည်။ ထို့နောက် လျှိုချင်းယွမ်က
“နောင်တရစရာ ဘာမှမရှိပါဘူး။ ဖြစ်ပြီးတာတွေ ဖြစ်ကုန်ပြီပဲ။ ဒီကမ္ဘာမှာ နောင်တအတွက် ဆေးမရှိဘူး။ ရှိရင်တောင် ဘာမှပြောင်းလဲမှာ မဟုတ်ဘူး။”
“ကျွန်မ နားမလည်တာက ရှင် ဘာလို့ ဒီမေးခွန်းကို မေးရတာလဲ ဆိုတာပဲ။ ဒါက ရှင့်နဲ့ မဆိုင်ဘူး မဟုတ်လား။”
“ကျွန်မတို့ကြားမှာ ရန်ငြိုးမရှိဘူး။ ရှင် ကျွန်မကို လာလှောင်တာလို့လည်း ကျွန်မ မယုံဘူး။”
လေဟုန်ယွမ် ယန်ယန် နန်းတော်သို့ စတင်ရောက်ရှိချိန်ကပင် သူမသည် ကျင့်စဉ်အပေါ်၌သာ အာရုံစိုက်သူဖြစ်ပြီး ဒုက္ခရောက်နေသူကို နှိပ်ကွပ်မည့် အမျိုးအစားမဟုတ်ကြောင်း လျှိုချင်းယွမ် သိခဲ့သည်။ ဘေးနားတွင် ရန်ယွဲ့ဧကရာဇ် ရှိနေသောကြောင့် လေဟုန်ယွမ်က သူမကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်ကာ စကားများများ မပြောတော့ပေ။
ယခုအချိန်တွင် လျှိုချင်းယွမ်၏ အမျိုးသား မည်သူဖြစ်ကြောင်းကို လေဟုန်ယွမ် ရိပ်မိနေပြီ ဖြစ်သည်။ လျှိုချင်းယွမ်၏ အမျိုးသားက လုချန်း ဖြစ်နေတာ ထင်ရှား၏။
ဤကမ္ဘာပေါ်တွင် ဤကဲ့သို့ တိုက်ဆိုင်မှုမျိုး ရှိလိမ့်မည်ဟု လေဟုန်ယွမ် မမျှော်လင့်ထားခဲ့ပေ။ သို့သော် သေချာစဉ်းစားကြည့်လျှင် လျှိုချင်းယွမ်နှင့် လုချန်းတို့တွင် ထိုကဲ့သို့သော ပတ်သက်မှုရှိပါက လျှိုချင်းယွမ်က လုချန်းရှိသည့်နေရာကို သိနိုင်သည် မဟုတ်ပါလား။
ထိုသို့ တွေးမိပြီးနောက် လေဟုန်ယွမ်က “သံယောဇဉ်တွေက ကျင့်စဉ်ကို နှောင့်နှေးစေရုံပဲ ရှိတယ်။ ရှင့်အတွက် သူ့ကို ကျွန်မ သတ်ပေးနိုင်တယ်။”
ထိုစကားကို ကြားလျှင် လျှိုချင်းယွမ်က မျက်မှောင်ကြုတ်လိုက်ပြီး
“မလိုပါဘူး။ ဒါ ရှင့်အလုပ် မဟုတ်ဘူး”
လေဟုန်ယွမ် ဝင်ရောက်စွက်ဖက်လိမ့်မည်ဟု လျှိုချင်းယွမ် လုံးဝ မထင်ထားခဲ့ပေ။ လေဟုန်ယွမ်သည် သူမနှင့် ရင်းနှီးသူလည်း မဟုတ်ပေ။ ဤလေဟုန်ယွမ် တော်တော် အားယားနေပုံရသည်ဟု သူမတွေးမိလိုက်သည်။
ထိုခဏ၌ လျှိုချင်းယွမ်၏ မျက်နှာပေါ်၌ စိတ်မရှည်သည့် အရိပ်အယောင်များ ပေါ်လာသည်။ လျှိုချင်းယွမ်၏ အမူအရာကို မြင်လျှင် လေဟုန်ယွမ်က
“ကျွန်မ သူ့ကို ရှာတွေ့အောင် ရှာမယ်”
ဟု ခပ်အေးအေး ဆိုလိုက်၏။
ထိုသို့ပြောပြီးနောက် လေဟုန်ယွမ် လှည့်ထွက်သွားတော့သည်။ သူမ၏ သံသယကို အတည်ပြုပြီးပြီဖြစ်၍ ဆက်နေရန် မလိုတော့ပေ။
ထွက်ခွာသွားသော လေဟုန်ယွမ်၏ ကျောပြင်ကို ကြည့်ရင်း လျှိုချင်းယွမ် မျက်နှာ ပျက်သွားသည်။ လေဟုန်ယွမ်က လုချန်းကို ဒုက္ခပေးချင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။
ဒီလေဟုန်ယွမ်က ဘာတွေ တွေးနေတာလဲ...
နေပါဦး...
ရုတ်တရက် လျှိုချင်းယွမ် တစ်ခုခုကို တွေးမိသွားသည်။ သူမ၏ စိတ်ထဲတွင်လည်း ရဲတင်းသော ခန့်မှန်းချက်တစ်ခု ရှိလာ၏။ ယုတ္တိဗေဒအရ သူမနှင့် လေဟုန်ယွမ်ကြားတွင် မည်သည့်ပတ်သက်မှုမှ မရှိပေ။ ထို့ကြောင့် လေဟုန်ယွမ်က သူမအတွက်နှင့် လုချန်းအား သတ်ဖြတ်လိုစိတ် ရှိစရာ အကြောင်းမရှိပေ။
“ဒါမှမဟုတ်... လေဟုန်ယွမ်က လုချန်းကို အရင်ကတည်းက သိနေတာလား”
ဟု သူမဘာသာ ရေရွတ်လိုက်သည်။
လေဟုန်ယွမ်၏ လှပသော ရုပ်ရည်၊ သွယ်လျသော ခါးနှင့် ရှည်လျားသော ခြေတံများကို တွေးမိလျှင် လျှိုချင်းယွမ် သူမ၏ ခန့်မှန်းချက်ကို ပို၍ ယုံကြည်သွားသည်။
ဤလေဟုန်ယွမ် ကြည့်ရတာ လုချန်းနှင့် ပတ်သက်မှု တစ်ခုခု ရှိနေရမည်။
လျှိုချင်းယွမ်လည်း တွန့်ဆုတ်မနေပဲ သူမ၏ စိတ်အာရုံကို ချိတ်ဆက်ကာ လျှိုချင်းချို၏ ကိုယ်ပေါ်သို့ သူမကိုယ်သူမ ကူးပြောင်းလိုက်သည်။
……….
ထျန်းချန်ကမ္ဘာ။
နဂါးနက်မြို့။
နန်းတော်။
လျှိုချင်းချိုကိုယ်ထဲသို့ ကူးပြောင်းပြီးနောက် ဝင်းအတွင်းရှိ အစေခံကို
“မင်းကြီး နဂါးနက်မြို့မှာ ရှိလား”
ဟု လျှိုချင်းယွမ်က မေးလိုက်သည်။
အစေခံက
“မရှိပါဘူး”
လက်ရှိတွင် လုချန်းထံ၌ ကိုယ်ပွားခြောက်ခုသာ ရှိပြီး ဇနီးမယားများစွာ ရှိနေသောကြောင့် နဂါးနက်မြို့တွင် ကိုယ်ပွားတစ်ခု အမြဲရှိနေရန် မဖြစ်နိုင်ပေ။ လျှိုချင်းယွမ်ခဏခန့် စဉ်းစားပြီးနောက် သူမ၏ ရင်ခွင်ထဲမှ လုချန်း၏ ရုပ်သေးရုပ် တစ်ရုပ်ကို ထုတ်ယူလိုက်၏။
ထိုရုပ်သေးရုပ် ထဲတွင် လုချန်း၏ စိတ်အာရုံ အနည်းငယ် ပါဝင်သည်။ အရုပ်ပေါ်သို့ စိတ်ဝိညာဉ် စွမ်းအားကို အသုံးပြုခြင်းဖြင့် သူမလုချန်းနှင့် တိုက်ရိုက် စကားပြောဆိုနိုင်သည်။ ထိုခဏ၌ လျှိုချင်းယွမ်က စိတ်ဝိညာဉ် စွမ်းအား အနည်းငယ်ဖြင့် လုချန်း၏ သစ်သားရုပ်လေးကို အသက်သွင်းလိုက်သည်။
မကြာမီ သစ်သားရုပ်လေး အသက်ဝင်လာပြီး လျှိုချင်းယွမ်ကို ကြည့်ကာ
“ချင်းချို... ကိုယ့်ကို လွမ်းနေတာလား”
ဟု ပြုံးလျက် မေးလာသည်။
“ကျွန်မ လျှိုချင်းယွမ်ပါ”
လျှိုချင်းယွမ် စကားပြောပြီးသည်နှင့် ဝင်းပြင်ပရှိ ဧကရာဇ်လောင်း၏ အငွေ့အသက်ကို သူမက ခံစားလိုက်ရပြီး နောက်တစ်ခဏတွင် လုချန်း သူမ၏ ရှေ့၌ ပေါ်လာသည်။
“အော်... ယွမ် ပါလား။ ဒီနေ့ ကိုယ့်ကို ဘာလို့ လာရှာတာလဲ။”
ရှုပ်ထွေးသော ခံစားချက်များနှင့်အတူ လုချန်း သူမကို သိမ်းပိုက်လိုစိတ် ပြင်းပြနေကြောင်း လျှိုချင်းယွမ် သိလိုက်သည်။ သူမ လျှိုချင်းချို၏ ကိုယ်ထဲတွင် ရှိနေသည်ကို သိသွားသဖြင့် လုချန်းက သူမအပေါ် တစ်ခုခု ပြုလုပ်မှာ သေချာသည်။
ထိုသို့ပြောရင်း လျှိုချင်းချို၏ ခန္ဓာကိုယ်ကို လုချန်း ဖက်လိုက်ရာ သူ၏ ရင်ခွင်က သူမ၏ ကျောပြင်နှင့် တင်းတင်းကျပ်ကျပ် ထိကပ်သွား၏။ လျှိုချင်းယွမ်က စကားကို လှည့်ပတ်မနေပဲ
“လေဟုန်ယွမ်က ရှင့်ကို ရှာနေတယ်”
ဟု တိုက်ရိုက် ဆိုလိုက်၏။
ထိုအရာကို ကြားလျှင် လုချန်း၏ စိတ်ကူးများ ရပ်တန့်သွားသည်။
“လေဟုန်ယွမ် ဟုတ်လား”
ဟု လုချန်း ရေရွတ်လိုက်သည်။
………….
အခန်း (၁၃၉၄)
လျှိုချင်းယွမ်ကို ကယ်ထုတ်ရန် လုချန်း၏အကြံ
လေဟုန်ယွမ်၏ အကြောင်းကို လျှိုချင်းယွမ်က ပြောလိုက်လျှင် လေရန်ကမ္ဘာ၌ တွေ့ဆုံခဲ့ဖူးသည့် အေးစက်၍ ရင်သပ်ရှုမောဖွယ် လှပလှသော အမျိုးသမီး၏ ပုံရိပ်ကို လုချန်း အမှတ်ရသွားသည်။
အစပိုင်း၌ သူနှင့် လေဟုန်ယွမ်၏ အင်အား ကွာခြားမှု ရှိနေခဲ့သည်။ သူ့အနေနှင့် သူမကို ဖမ်းဆီးထားနိုင်မလား မသေချာသဖြင့် အတင်းအကျပ် မတားဆီးတော့ပဲ ထွက်ခွာခွင့် ပေးလိုက်ခြင်း ဖြစ်သည်။
လုချန်းတွင် အမျိုးသမီးများ မရှားပါးသော်လည်း အမျိုးသမီးတစ်ဦးက သူ့အား ရင်ခုန်အောင် ပြုလုပ်နိုင်ပြီး သူမနှင့် အတူမအိပ်ရသေးသရွေ့ သူ၏ စိတ်ထဲတွင် အတွေးများ ရှိနေစမြဲပင် ဖြစ်၏။
“မရနိုင်သော အရာသည် အမြဲတမ်း တမ်းတမှုကို ဖြစ်စေသည်”
ဟူသော စကားပုံကို ဤအချက်က အပြည့်အဝ သက်သေပြနေပေသည်။
သို့သော်လည်း တစ်နေ့တွင် လေဟုန်ယွမ်နှင့် ပြန်လည် ဆုံတွေ့ရလိမ့်မည်ဟု လုချန်း ဧကန်မုချ ယုံကြည်ထားသည်။ အကြောင်းမှာ လေဟုန်ယွမ်သည် စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်၏။
လေဟုန်ယွမ်၏ နာမည်ကို လျှိုချင်းယွမ်၏ နှုတ်မှ ကြားလိုက်ရလျှင် လုချန်း စိတ်ထဲ အနည်းငယ် အံ့အားသင့်သွားသည်။
သတိပြန်ဝင်လာပြီးနောက် လုချန်းက စူးစမ်းစွာ မေးလိုက်၏။
“ကိုယ် လေဟုန်ယွမ်ကို သိနေတာကို မင်းက ဘယ်လိုလုပ် သိတာလဲ။”
လျှိုချင်းယွမ်က
“စိတ်အာရုံကြောင့်ပါ”
လုချန်းက
“ကြောက်စရာကောင်းတဲ့ စိတ်အာရုံပဲ”
ဟု ဆိုကာ တိုးတိုးလေး ရယ်မောလိုက်လေသည်။
လျှိုချင်းယွမ်၏ အလိုလိုသိစိတ်က အလွန်ပင် တိကျလှသည်ဟု ဆိုရမည်။ လေဟုန်ယွမ်၏ အကြောင်းကို လျှိုချင်းယွမ် သို့မဟုတ် လျှိုချင်းချို၏ ရှေ့၌ လုချန်း တစ်ခါမှ မပြောဖူးသော်လည်း လေဟုန်ယွမ်နှင့် လုချန်းတို့အကြား ဆက်နွှယ်မှု ရှိနိုင်ကြောင်း လျှိုချင်းယွမ် ချက်ချင်း ရိပ်မိသွား၏။
လုချန်းက လျှိုချင်းယွမ်၏ နားအနီးသို့ ကပ်ကာ
“သူက လှနေလို့ ကိုယ်နဲ့ တစ်ခုခု ပတ်သက်နေမယ်လို့ မင်း ထင်နေတာလား။”
လျှိုချင်းယွမ်က
“အဲ့ဒါလည်း ပါမှာပေါ့”
လုချန်းက ရယ်မောလိုက်ပြီး
“မင်းရဲ့ အမြင်အရ စကြဝဠာထဲက လှတဲ့ မိန်းမတွေ အကုန်လုံးက ကိုယ်နဲ့ ပတ်သက်နေတယ်လို့ ထင်နေတာလား။ ကိုယ့်ကို အရမ်း နှာဘူးကျတဲ့သူလို့ မင်း ထင်နေပုံပဲ။”
လျှိုချင်းယွမ်က
“လှတဲ့ အမျိုးသမီးတိုင်းက ရှင်နဲ့ ပတ်သက်နေမှာ မဟုတ်ပေမဲ့ သူက ရှင့်အကြောင်းကို လိုက်စုံစမ်းနေတယ်ဆိုရင်တော့ ရှင်နဲ့ ပတ်သက်နေလို့ပဲ ဖြစ်ရမယ်။”
လုချန်းက စူးစမ်းစွာဖြင့်
“မင်းပြောချင်တာက လေဟုန်ယွမ်က ကိုယ့်အကြောင်းကို စုံစမ်းနေတယ်ပေါ့။”
“သူက မင်းကို ကိုယ့်အကြောင်း မေးတာလား။ ထူးဆန်းလိုက်တာ... ကိုယ်နဲ့ မင်းနဲ့ ဆက်နွှယ်နေတာကို သူက ဘယ်လိုလုပ် သိတာလဲ။”
လေရန်ကမ္ဘာ၌ လေဟုန်ယွမ်နှင့် တစ်ကြိမ်သာ ဆုံဖူးပြီးနောက်ပိုင်းတွင် တစ်ခါမှ မတွေ့ဖူးတော့ကြောင်း လုချန်း အမှတ်ရလိုက်သည်။ လေဟုန်ယွမ်၏ ဘဝဟောင်းမှ မှတ်ဉာဏ်များ နိုးထလာခြင်း မဟုတ်လျှင် လျှိုချင်းယွမ်နှင့် သူ ဆက်နွှယ်နေသည်ကို မည်သို့ သိနိုင်မည်နည်း။
ယခု စနစ်၏ ရမှတ် ကိုးဆယ်ကျော်ရှိသော မည်သည့် အမျိုးသမီးကိုမဆို သူ၏ ဘဝဟောင်းမှ ဇနီးဟောင်းတစ်ဦးဟု လုချန်း ယူဆထားသည်။
လျှိုချင်းယွမ်က
“သူက ရှင့်ကို သတ်ချင်တယ်လို့ ပြောတယ်။”
ဒါက...
လုချန်းက မယုံကြည်နိုင်စွာဖြင့်
“ကိုယ့်ကို သတ်မယ် ဟုတ်လား”
သူ၏ ဘဝဟောင်းတွင် လေဟုန်ယွမ်အား သစ္စာဖောက်ခဲ့သဖြင့် သူမ၏ မှတ်ဉာဏ်များ နိုးထလာကာ သူ့အား ချက်ချင်း သတ်ချင်နေခြင်း ဖြစ်နိုင်သည်ဟု လုချန်း သံသယဝင်သွား၏။
လျှိုချင်းယွမ်က
“ရှင်နဲ့ သူနဲ့ ဘယ်လို ပတ်သက်လဲတော့ ကျွန်မ မသိဘူး။ ဒါပေမဲ့ သူက ပါးစပ်ကပဲ ပြောတာ ဖြစ်နိုင်တယ်။ သူ ပြောတဲ့အချိန်မှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်မျိုး မတွေ့ရဘူး။”
ခဏခန့် စဉ်းစားပြီးလျှင် လျှိုချင်းချို၏ ဝမ်းဗိုက်ကို လုချန်းက လက်ဖြင့် ဖိလိုက်ပြီး သူမ၏ ခန္ဓာကိုယ်ကို သူနှင့် နီးကပ်အောင် ဆွဲလိုက်သည်။
လုချန်းက ရယ်မောလိုက်ပြီး
“သူ ကိုယ့်ကို ရှာချင်ရင် လာခဲ့လို့ ရပါတယ်။ ဒါတွေ ထားလိုက်ပါတော့... မင်း ဒီကို ရောက်နေမှတော့ ကိုယ်တို့နှစ်ယောက် အကြောင်းပဲ ပြောကြရအောင်။”
ထိုသို့ပြောရင်း အာကာသ တည်နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုကာ လျှိုချင်းချို၏ အိပ်ဆောင်သို့ သူတို့နှစ်ဦးလုံး၏ ခန္ဓာကိုယ်များကို လုချန်း ခေါ်ဆောင်သွားလိုက်သည်။ အိပ်ဆောင်အတွင်းသို့ ရောက်လျှင် ရင့်ကျက်သော အမျိုးသမီး၏ ရနံ့ကို ရှူရှိုက်ရန်အတွက် လျှိုချင်းချို၏ ဆံနွယ်များအတွင်းသို့ သူ၏ မျက်နှာကို လုချန်း အပ်လိုက်၏။
လျှိုချင်းယွမ်က မခုခံပဲ ခပ်အေးအေးပင်
“ကျွန်မတို့ကြားမှာ ဘာပြောစရာ ရှိလို့လဲ”
လျှိုချင်းယွမ်၏ စကားများ အေးစက်နေသော်လည်း မျက်မှာမှ လည်ပင်းတိုင်အောင် ရှက်သွေးများဖြင့် နီမြန်းနေသည်။
လုချန်းက လက်တစ်ဖက်က သူမ၏ ခန္ဓာကိုယ်အနှံ့ ပွတ်သပ်ရင်း
“ယန်ယန် နန်းတော်ကနေ မင်းကို ကယ်ထုတ်ဖို့ ကိုယ် စီစဉ်ထားတယ်”
ဟု သူမ၏ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။
ထိုအရာကို ကြားလိုက်လျှင် လျှိုချင်းယွမ်၏ ရင်ခုန်သံ တစ်ချက်ခန့် ရပ်တန့်သွား၏။
သတိပြန်ဝင်လာလျှင် လျှိုချင်းယွမ်က ခန္ဓာကိုယ်ကို အနည်းငယ် လှည့်လိုက်ပြီး လုချန်း၏ မျက်နှာကို တည်ကြည်သော အမူအရာဖြင့် ကြည့်ကာ
“မဖြစ်ဘူး”
လုချန်းက ပြုံးလိုက်ပြီး
“မင်း ကိုယ့်အတွက် စိတ်ပူနေတာလား”
လျှိုချင်းယွမ်က ရှက်သွေးဖြာလျက် ငြင်းဆိုခြင်း မပြုပဲ
“ယန်ယန် နန်းတော်မှာ အင်အားကြီးတဲ့သူတွေ အများကြီး ရှိတယ်။ ပြီးတော့ ငြိမ်သက်သော မျှော်စင်က နန်းတော်သခင်ရဲ့ အဆောင်နဲ့ နီးတယ်။ ရှင် လာမယ်ဆိုရင် ယန်ယန် နန်းတော်ကနေ ပြန်လွတ်အောင် ထွက်နိုင်မှာ မဟုတ်ဘူး။”
လုချန်းက
“ရှန်ယွဲ့နိုင်ငံရဲ့ နန်းတော်ထဲကနေတောင် ကိုယ့်အမျိုးသမီးကို ကိုယ် ခေါ်ထုတ်နိုင်ခဲ့တာပဲ။ ယန်ယန် နန်းတော်က ဘာမှ မဟုတ်ပါဘူး။”
ဒါက...
ထိုအရာကို ကြားလျှင် လျှိုချင်းယွမ် လုံးဝ မယုံကြည်နိုင် ဖြစ်သွားသည်။ ရှန်ယွဲ့နိုင်ငံသည် ယန်ယန် နန်းတော်ထက် များစွာ ပို အင်အားကြီးမားသည်။ လုချန်းက နန်းတော်ထဲမှ လူတစ်ဦးကို မည်သို့ ခေါ်ထုတ်နိုင်မည်နည်း။
လျှိုချင်းယွမ်က သူ့အား မယုံကြည်သည်ကို သိ သဖြင့် လုချန်းက
“ရှန်ဝူ ဧကရီက ကိုယ့်အမျိုးသမီးပဲ။ လွန်ခဲ့တဲ့ တစ်နှစ်က သူ့ကို ရှန်ယွဲ့နန်းတော်ကနေ ကိုယ် ခေါ်ထုတ်လာခဲ့တာ။”
လျှိုချင်းယွမ် ရုတ်တရက် သဘောပေါက်သွားပြီး
“ရှင်က ရှန်ယွဲ့နိုင်ငံရဲ့ မင်းသားတစ်ပါးပဲ။ အဲ့ဒီကို ပြန်သွားဖို့က လွယ်တာပေါ့။”
“ဒါပေမဲ့ ယန်ယန် နန်းတော်ကိုတော့ လူတိုင်း ဝင်လို့မရဘူး။ ရှင် အတင်းအကျပ် ဝင်ဖို့ ကြိုးစားမယ်ဆိုရင် အသက်ကယ် ဧကရီက ရှင်လာတာကို ချက်ချင်း သိသွားလိမ့်မယ်။”
ထိုအချက်ကို လုချန်းလည်း သိသော်လည်း သူ့တွင် အစီအစဉ်ကောင်းတစ်ခု ရှိနေသည်။ သူ့တွင် ကိုယ်ပွား အမြောက်အမြား ရှိပြီး ယန်ယန် နန်းတော်သို့ ဝင်ရောက်ရန်အတွက် သူတော်စင် အဆင့်၊ ပြန်လည်ပျက်စီးခြင်းအဆင့် သို့မဟုတ် ယင်ယန်အဆင့် ကိုယ်ပွားတစ်ခုကို ဖန်တီးနိုင်သည်။ သူ၏ ကိုယ်ပွား ငြိမ်သက်သော မျှော်စင်သို့ ဝင်ရောက်နိုင်လျှင် လျှိုချင်းယွမ်ကို ထျန်းချန်ကမ္ဘာသို့ ခေါ်ဆောင်လာဖို့ သူတော်စင် အဆင့် တည်နေရာရွှေ့ပြောင်းခြင်း နည်းဗျူဟာပုံစံကို သူ အသုံးပြုနိုင်သည်။
လုချန်းက
“အဲ့ဒီအတွက် စိတ်မပူပါနဲ့။ ယန်ယန် နန်းတော်ကို ခိုးဝင်ဖို့ ကိုယ့်ရဲ့ ကိုယ်ပွားကို အသုံးပြုမှာပါ။ မိသွားရင်တောင် ကိုယ်ပွားတစ်ခု ဆုံးရှုံးရုံပဲ ရှိမှာပါ။ “
ကိုယ်ပွားတစ်ခုသာ ဖြစ်ပါက ပြဿနာ သိပ်မရှိနိုင်ကြောင်း လျှိုချင်းယွမ် ခဏခန့် စဉ်းစားလိုက်သည်။ ယန်ယန် နန်းတော်ထဲ ခိုးဝင်ဖို့ ကိုယ်ပွားကို အသုံးပြုနိုင်လျှင်ပင် ငြိမ်သက်သော မျှော်စင်သို့ ချဉ်းကပ်ရန်က သူ့အတွက် အလွန် ခက်ခဲလိမ့်မည် ဖြစ်၏။ ငြိမ်သက်သော မျှော်စင်သို့ မည်သူမှ ဝင်ရောက်နိုင်ခြင်း မရှိပေ။
လျှိုချင်းယွမ် အတွေးများနေစဉ်အတွင်း လုချန်း၏ လက်က သူမ၏ အဝတ်ပေါ်သို့ ရောက်လာသည်ကို ရုတ်တရက် ခံစားလိုက်ရသဖြင့် သူ့အား ခပ်အေးအေးပင် တစ်ချက် ကြည့်လိုက်သည်။ ဤတဏှာကြီးသူက အချိန်ကို လုံးဝ မဖြုန်းတီးပေ။
လုချန်းက တည်တည်ငြိမ်ငြိမ်ဖြင့်
“ယန်ယန် နန်းတော်ကို ခိုးဝင်ဖို့က သိပ်မခက်ခဲနိုင်ဘူး။ မေးခွန်းက ငြိမ်သက်သော မျှော်စင်ကို ဝင်လို့ရလားဆိုတာပဲ။”
သူ၏လေသံက တည်ငြိမ်နေပြီး မကောင်းသော ရည်ရွယ်ချက် မရှိသည့်ပုံပေါက်သော်လည်း သူ၏ လက်များကမူ လှုပ်ရှားနေဆဲ ဖြစ်သည်။ ထိုသို့ သူမကို စနောက်ရင်း အရေးကြီးသော ကိစ္စရပ်များကို ဆွေးနွေးနိုင်ခြင်းက လျှိုချင်းယွမ်ကို အံ့အားသင့်စေသည်။
နေမထိထိုင်မသာ ဖြစ်လာသဖြင့် လျှိုချင်းယွမ်က ခန္ဓာကိုယ်ကို အနည်းငယ် လှုပ်ယမ်းလိုက်ပြီး
“ငြိမ်သက်သော မျှော်စင်က စည်းကမ်းဖောက်ဖျက်တဲ့ တပည့်တွေအတွက်ပဲ။ ပြီးတော့ အရေးပါတဲ့ တပည့်တွေ ဖြစ်ရမယ်။ သာမန်တပည့်တွေကတော့ ငြိမ်သက်သော မျှော်စင်ကို ဝင်လို့မရဘူး။”
“ကိုယ် နားလည်ပြီ။ မင်းကို ကယ်ထုတ်နိုင်ဖို့ နည်းနည်းတော့ ကြိုးစားရမယ် ထင်တယ်။”
ထိုသို့ပြောပြီးနောက် လျှိုချင်းချို၏ ခန္ဓာကိုယ်ကို ကုတင်အနီးသို့ လုချန်း ဆွဲခေါ်သွားပြီး သူမနှင့် ပူးကပ်လိုက်သည်။
လျှိုချင်းယွမ်၏ မျက်ဝန်းများ လှုပ်ခတ်နေပြီး မျက်နှာမှာလည်း နီမြန်းလျက် လုချန်းကို ကြည့်ကာ
“ရှင် ဘာလုပ်ဖို့ ကြံနေတာလဲ”
လုချန်းက ရှေ့သို့ အနည်းငယ် တိုးလိုက်ပြီး
“ဟူး... ရိုးရိုးလေးပါပဲ။ ယန်ယန် နန်းတော်မှာ တပည့်တစ်ယောက်ဖြစ်အောင် ကိုယ်ပွားကို အသုံးပြုပြီး အကြီးအကဲတစ်ယောက်ရဲ့ အာရုံစိုက်မှုကို ရအောင် ထူးချွန်တဲ့ အရည်အချင်းတွေကို ပြသမှာပေါ့။”
“အင်း...... အကြီးအကဲတစ်ယောက်ရဲ့ တပည့်ရင်း ဖြစ်လာပြီဆိုရင် စည်းကမ်းတစ်ခုခုကို ဖောက်ဖျက်ပြီး ငြိမ်သက်သော မျှော်စင်မှာ အကျဉ်းချခံရအောင် လုပ်မယ်။ အဲ့ဒီအခါကျရင် မင်းဆီ ချဉ်းကပ်ဖို့ အခွင့်အရေး ရလိမ့်မယ်။”
လျှိုချင်းယွမ်က အသက်ကို ပြင်းပြင်းရှူရင်း
“အင်း... ဒီအစီအစဉ်က...... ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ရှင့်ရဲ့ အချိန်တွေ အများကြီး ကုန်သွားလိမ့်မယ်။”
…………
အခန်း (၁၃၉၅)
ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့ မဟာမိတ်ဖွဲ့ခြင်း
“ဒါက ကိုယ့်ရဲ့ ကိုယ်ပွားပဲ။ အချိန် ဘယ်လောက်ပဲ ကုန်ကုန် ကိုယ်လုပ်ရမယ့် အလုပ်တွေကိုတော့ ထိခိုက်မှာ မဟုတ်ဘူး။”
လုချန်း၏ လက်ရှိ စိတ်ဝိညာဉ် အင်အားအရ တစ်ပြိုင်နက်တည်း အလုပ် အမြောက်အမြား လုပ်ဆောင်ခြင်းက ပြဿနာ မဟုတ်တော့ပေ။ ဥပမာပြရလျှင် သူ၏ ကိုယ်ပွားက လျှိုချင်းယွမ်နှင့် ကိစ္စများကို ကိုင်တွယ်နေစဉ် သူ၏ ပင်မခန္ဓာနှင့် အခြားကိုယ်ပွားများကလည်း အခြားအလုပ်များကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နေကြခြင်း ဖြစ်သည်။
လုချန်း ထိုသို့ပြောသည်ကို ကြားလျှင် လျှိုချင်းယွမ် နောက်ထပ် ဘာမှမပြောတော့ပေ။ လုချန်း၏ ကိုယ်ပွားက ယန်ယန် နန်းတော်သို့ ခိုးဝင်မည် ဆိုပါက ကြီးမားသော အန္တရာယ် မရှိနိုင်ကြောင်း သူမ စဉ်းစားမိလိုက်၏။
တကယ်တော့ လုချန်းအတွက် ငြိမ်သက်သော မျှော်စင်သို့ ချဉ်းကပ်ရန် ခက်ခဲနေဆဲ ဖြစ်သည်။ ထိုအခွင့်အရေး ရရန်က ယန်ယန် နန်းတော်သို့ ဝင်ရောက်ပြီးနောက် သူ၏ လုပ်ဆောင်ချက်အပေါ်၌သာ မူတည်ပေသည်။
လုချန်း၏ ပင်မခန္ဓာ ဘေးကင်းနေသရွေ့ သူလုပ်သမျှကို သူမက ထောက်ခံသည်။ သူမကို ကယ်တင်ရန် လုချန်းကိုယ်တိုင် လာမည်ဟူသော အတွေးက လျှိုချင်းယွမ်၏ စိတ်ကို နွေးထွေးစေကာ စိတ်ဓာတ်များ တက်ကြွလာစေပြီး သူမ၏ နှုတ်ခမ်းမှ ညည်းညူသံတစ်ချက် ထွက်ပေါ်လာ၏။
လျှိုချင်းယွမ်၏ ပင်မခန္ဓာနှင့် မကြာမီ ပြန်လည် နီးစပ်နိုင်တော့မည်ဟု တွေးကာ လုချန်းလည်း ပို၍ စိတ်လှုပ်ရှားလာပြီး လျှိုချင်းယွမ်အပေါ် သူ၏ ပြုစုမှုများကို ပို၍ ပြင်းပြလာစေသည်။
လျှိုချင်းယွမ်နှင့် ကိစ္စများကို လုချန်း ကိုင်တွယ်နေစဉ် သူ၏ ပင်မခန္ဓာက ပြန်လည်ပျက်စီးခြင်းအဆင့်ငါးရှိသော ကိုယ်ပွားတစ်ခုကို ဖန်တီးလိုက်၏။ ထို့နောက် ယန်ယန် နန်းတော် တည်ရှိရာ ကြယ်နယ်မြေသို့ ထိုကိုယ်ပွားကို ခေါ်ဆောင်သွားရန် ဧကရာဇ်အဆင့် ကိုယ်ပွားကို ညွှန်ကြားလိုက်သည်။
……..
တစ်ချိန်တည်းမှာပင်။
ထျန်းကျိရဲတိုက်၏ အပြင်ဘက်၌ ရှန်ဝူဧကရာဇ်၏ နိယာမ ရွှေကိုယ်ထည် ရုတ်တရက် ပေါ်လာရာ ထျန်းကျိရဲတိုက် တပည့်များလည်း မြင်မြင်ချင်း ထိတ်လန့်သွားကြသည်။
“ရှန်ဝူဧကရာဇ်ပဲ...”
“မြန်မြန်... ရဲတိုက်သခင်ဆီ သတင်းပို့ကြစမ်း...”
“ရှန်ဝူဧကရာဇ်က ထျန်းကျိရဲတိုက်ကို ဘာလို့ လာတာလဲ...”
“သူ ထျန်းကျိရဲတိုက်ကို တိုက်ခိုက်ဖို့ ကြံနေတာလား...”
ရှန်ယွဲ့နန်းတော်ကို ထျန်းကျိရဲတိုက်က တိုက်ခိုက်ပြီးနောက် ရှန်ယွဲ့နိုင်ငံမှ စစ်တပ်များသည် ကမ္ဘာတော်တော်များများမှ ထျန်းကျိရဲတိုက် အမြောက်အမြားကို ဆက်တိုက် ချေမှုန်းခဲ့ကြ၏။ ထိုအရာက ထျန်းကျိရဲတိုက်အပေါ် စစ်ကြေညာခြင်း ဖြစ်နိုင်ကြောင်း ထျန်းကျိရဲတိုက်၏ တပည့်များ သိထားကြသည်။ ယခု ရှန်ဝူဧကရာဇ်ကိုယ်တိုင် ရုတ်တရက် ပေါ်လာခြင်းကြောင့် ထျန်းကျိရဲတိုက်အပေါ် သူ၏ ရည်ရွယ်ချက်ကို သံသယမဝင်ပဲ မနေနိုင်ကြတော့ပေ။
ကောင်းကင်ယံမှနေ၍ ထျန်းကျိရဲတိုက်အတွင်းရှိ ပရမ်းပတာ အခြေအနေကို ရှန်ဝူဧကရာဇ်က သတိပြုမိသွားပြီး ခပ်တိုးတိုး ရယ်မောလိုက်၏။
“ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ထွက်သွားပြီးနောက်မှာ ထျန်းကျိရဲတိုက်က ဒီလောက်တောင် သနားစရာ ကောင်းသွားတာလား။”
စကြဝဠာအတွင်းရှိ အင်အားကြီး အဖွဲ့အစည်းတစ်ခုဖြစ်သော ထျန်းကျိရဲတိုက်သည် ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ရှိစဉ်က သူ့ကို လုံးဝ ဂရုမစိုက်ခဲ့ပေ။ သူမတွင် ကြီးမားသော အစွမ်းအစရှိသဖြင့် သူ့ကို အသိမှတ်ပင် မပြုခဲ့ကြချေ။
သို့သော်လည်း ယခု ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ထွက်သွားပြီးနောက် ထျန်းကျိရဲတိုက်မှ လူတိုင်းသည် သူရဲဘောကြောင်သူများကဲ့သို့ ဖြစ်နေသည်ကို တွေ့ရ၏။ ရှန်ဝူဧကရာဇ်သည် သူတို့နှင့် မဟာမိတ်ဖွဲ့ရန် လာခဲ့ခြင်း ဖြစ်သည်။ သူ၏ မဟာမိတ်ဖြစ်လာမည့် အဖွဲ့အစည်းကို ဤကဲ့သို့သော အခြေအနေမျိုးတွင် တွေ့ရသဖြင့် သူ အလွန် စိတ်ပျက်သွားရ၏။
စိတ်ပျက်မိသော်လည်း ရှန်ဝူဧကရာဇ် ချက်ချင်း ထွက်မသွားပေ။ ထျန်းကျိကမ္ဘာကို ငုံ့ကြည့်ကာ
“ရဲတိုက်သခင် ရှိသလား”
ဟု သူ၏ အသံကို လွှင့်ထုတ်လိုက်သည်။
မကြာမီပင် ထျန်းကျိကမ္ဘာ၏ အနက်ရှိုင်းဆုံးနေရာမှ အကြီးအကဲတစ်ဦး၏ အသံ ထွက်ပေါ်လာ၏။
“ဝင်ခဲ့ပါ”
ရွှမ်ထျန်း၏ သဘောတူညီချက်ကို ရရှိလျှင် ရှန်ဝူဧကရာဇ် တုံ့ဆိုင်းမနေပဲ ထျန်းကျိကမ္ဘာအတွင်းသို့ ဝင်ရောက်သွား၏။ ထျန်းကျိရဲတိုက် တပည့်များ၏ လမ်းပြမှုဖြင့် ထျန်းကျိရဲတိုက်၏ အနက်ရှိုင်းဆုံး အစိတ်အပိုင်းသို့ သူ ရောက်ရှိသွားသည်။
အနက်ရှိုင်းဆုံး အစိတ်အပိုင်းသို့ ရောက်သည်နှင့် သူ၏ ရှေ့မှ မြင်ကွင်းကြောင့် ရှန်ဝူဧကရာဇ် အံ့အားသင့်သွားရသည်။ ထျန်းကျိရဲတိုက်၏ အနက်ရှိုင်းဆုံး နေရာသည် ပြည့်စုံသော နိယာမများဖြင့် ကိုယ်ပိုင်ကမ္ဘာတစ်ခုသဖွယ် ဖြစ်နေသည်။ ထိုနေရာတွင် ရှိနေရခြင်းက စကြဝဠာ ဟင်းလင်းပြင်ထဲတွင် ရှိနေရသကဲ့သို့ ခံစားရပြီး ဤနေရာသည် စကြဝဠာ၏ ပုံစံငယ်တစ်ခု ဖြစ်ကြောင်း ရှန်ဝူဧကရာဇ်က ရုတ်တရက် ခံစားလိုက်ရ၏။
အခန်း၏ အလယ်ဗဟိုတွင် အကြီးအကဲတစ်ဦး တင်ပျဉ်ခွေ ထိုင်နေ၏။ ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်ကို ရှန်ဝူဧကရာဇ် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်သဖြင့်
“ခင်ဗျားက ထျန်းကျိရဲတိုက်ရဲ့ ရဲတိုက်သခင်လား”
ရွှမ်ထျန်းက
“ဟုတ်တယ်”
ရှန်ဝူဧကရာဇ်က စကားစခါနီးတွင် ရွှမ်ထျန်းက ကြားဖြတ်ကာ
“ခင်ဗျား ဘာကြောင့် ဒီကို ရောက်လာတာလဲဆိုတာ ကျုပ် သိပြီးသားပါ။”
ရှန်ဝူဧကရာဇ်က
“ခင်ဗျားနဲ့ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုယှဉ်ရင် ဘယ်သူ့ရဲ့ တွက်ချက်ဟောကိန်းထုတ်ခြင်း အတတ်ပညာက ပိုသာလဲ။”
ရွှမ်ထျန်းက
“ကျုပ် တွက်ချက်ခြင်း အတတ်ပညာကို မလေ့ကျင့်ဘူး။”
ရွှမ်ထျန်း၏ အဖြေကြောင့် ရှန်ဝူဧကရာဇ် အံ့အားသင့်သွား၏။ ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင်က တွက်ချက်ဟောကိန်းထုတ်ခြင်း အတတ်ပညာကို မလေ့ကျင့်ဘူးဆိုတာကို သူ ယုံကြည်ရခက်နေသည်။ ထို့နောက် သူက
“ခင်ဗျားက ကျုပ်ကို နောက်နေတာလား”
ရွှမ်ထျန်းက
“ကျုပ် တွက်ချက်ခြင်း အတတ်ပညာကို မလေ့ကျင့်ဘူး”
ဟု ထပ်ပြောလိုက်၏။
ရွှမ်ထျန်း၏ ကျောပြင်ကို ကြည့်ကာ ရှန်ဝူဧကရာဇ် မျက်မှောင်ကြုတ်လိုက်၏။ ရွှမ်ထျန်း၏ လေသံအရ သူ လိမ်ညာနေခြင်း မဟုတ်ကြောင်းမှာ ထင်ရှားသည်။ သို့သော်လည်း တွက်ချက်ဟောကိန်းထုတ်ခြင်း အတတ်ပညာကို မလေ့ကျင့်သောသူက ထျန်းကျိရဲတိုက်၏ ရဲတိုက်သခင် မည်သို့ ဖြစ်လာသနည်း။
ရွှမ်ထျန်းက
“ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ပြောတာ မှန်တယ်။ သူနဲ့ ပူးပေါင်းဖို့ တောင်းဆိုတာက တကယ် ပညာမဲ့တဲ့ လုပ်ရပ်ပဲ။”
“သူက ဒီစကြဝဠာထဲက အရာအားလုံးကို မုန်းတီးပြီး အရာအားလုံး ပျက်စီးသွားဖို့ကိုပဲ လိုလားတာ။ သူ့အတွက်တော့ စကြဝဠာကပ်ဘေးကို တွန်းလှန်ဖို့ ကြိုးစားတဲ့သူတိုင်းက ရန်သူပဲ။”
ဇဝေဇဝါဖြစ်သွားသဖြင့် ရှန်ဝူဧကရာဇ်က
“သူကိုယ်တိုင်ကလည်း ဒီစကြဝဠာရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ ဘာလို့ အရာအားလုံးကို မုန်းတီးနေရတာလဲ။”
ရွှမ်ထျန်းက
“စကြဝဠာကပ်ဘေး ရောက်လာတဲ့အခါကျရင် အကြောင်းရင်းကို ခင်ဗျား နားလည်သွားလိမ့်မယ်။”
ထျန်းကျိရဲတိုက်၏ လျှို့ဝှက်ဆန်းကြယ်သော သဘာဝကို ရှန်ဝူဧကရာဇ် မကျေမနပ် ဖြစ်သွား၏။ ထျန်းကျိရဲတိုက်ထံမှ ဟောကိန်းများ တောင်းခံသည့် အခါတိုင်း သူတို့က စကားထာများဖြင့်သာ ပြောဆိုတတ်သဖြင့် သူကိုယ်တိုင် တွက်ချက်ဟောကိန်းထုတ်ခြင်း အတတ်ပညာကို လေ့လာခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ထျန်းကျိရဲတိုက်၏ အတတ်ပညာများနှင့် နှိုင်းယှဉ်လျှင် ရှန်ဝူဧကရာဇ်၏ အတတ်ပညာသည် များစွာ နိမ့်ကျနေပြီး အနာဂတ် ဖြစ်ရပ်များကို တိတိကျကျ မမြင်နိုင်ပေ။
ရှန်ဝူဧကရာဇ်က
“တော်ပြီ... ခင်ဗျား ကျုပ်ရဲ့ ရည်ရွယ်ချက်ကို သိပြီးသားဆိုတော့ ပူးပေါင်းဆောင်ရွက်ရေးအကြောင်း ပြောကြရအောင်။”
ရွှမ်ထျန်းက
“ခင်ဗျား ပူးပေါင်းဖို့ မပြောရင်တောင် ကျုပ်က ခင်ဗျားဘက်မှာ ရှိနေမှာပါ။ ခင်ဗျား လုပ်ချင်တာကိုသာ လုပ်ပါ။”
ရွှမ်ထျန်း၏ စကားကြောင့် ရှန်ဝူဧကရာဇ် အံ့အားသင့်သွား၏။ ထျန်းကျိရဲတိုက်အတွင်း၌ ဤကဲ့သို့ ကွဲပြားမှုများ ရှိလိမ့်မည်ဟု သူ မထင်ထားပေ။ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျိုက ပူးပေါင်းရန် လုံးဝ ငြင်းဆိုခဲ့သော်လည်း ရဲတိုက်သခင် ကတော့ ချက်ချင်းပင် မဟာမိတ်ဖွဲ့ခဲ့သည်။
ရှန်ဝူဧကရာဇ်က
“ဒါဆိုရင်တော့ ကျုပ် ပြန်ရောက်တဲ့အခါ ကျုပ်တို့ မဟာမိတ်ဖွဲ့တဲ့အကြောင်းကို စကြဝဠာတစ်ခုလုံး သိအောင် ကြေညာလိုက်မယ်။”
ရွှမ်ထျန်းက
“ကောင်းပါပြီ။”
ရွှမ်ထျန်းက ချက်ချင်း သဘောတူနေသဖြင့် တစ်ခုခု မှားယွင်းနေသည်ဟု ရှန်ဝူဧကရာဇ် ခံစားရသော်လည်း အတိအကျတော့ သူ မပြောနိုင်ပေ။
ထျန်းကျိရဲတိုက်က သူ့ဘက်တွင် တကယ် ရှိနေပါ့မလား။
စကြဝဠာကပ်ဘေးကို တွန်းလှန်ရာတွင် သက်ရှိတိုင်းအတွက် အန္တရာယ်ရှိသဖြင့် ထျန်းကျိရဲတိုက်သည် သူ၏ ဘက်တော်သား ဖြစ်သင့်သည်။ သို့သော်လည်း စကြဝဠာ ပျက်စီးသွားရန် မျှော်လင့်ချက်ဖြင့် ထျန်းကျိရဲတိုက်မှ ကောင်းကင်လျှို့ဝှက်ချက် မိန်းမပျို ထွက်ခွာသွားခြင်းဖြစ်ကြောင်းကို တွေးမိလျှင် သူ မသိသေးသော လျှို့ဝှက်ချက်များ ရှိနေမလားဟု ရှန်ဝူဧကရာဇ် တွေးတောနေမိသည်။
လောလောဆယ်တွင် ထိုကိစ္စများကို တွေးတောနေရန် အချိန်မဟုတ်ပေ။ ဝိညာဉ်ကူးပြောင်းခြင်း၊ ခန္ဓာကိုယ်အသစ်ဖြင့် ကျင့်ကြံခြင်းနှင့် ဒဏ်ရာရထားသော စိတ်ဝိညာဉ်ကို ပြုစုခြင်း အစရှိသည့် အရေးကြီးသော အလုပ်များက သူ့ကို စောင့်ကြိုနေ၏။ ရွှမ်ထျန်းနှင့် မဟာမိတ်ဖွဲ့ရန် နှုတ်ကတိပြုပြီးနောက် ရှန်ဝူဧကရာဇ်လည်း ထျန်းကျိရဲတိုက်မှ ထွက်ခွာကာ ရှန်ယွဲ့နိုင်ငံသို့ ပြန်သွားတော့သည်။
ခြောက်လအကြာတွင် ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့က စကြဝဠာတစ်ခုလုံးကို ပူးတွဲ ကြေညာချက် ထုတ်ပြန်လိုက်သည်။ ယနေ့မှစ၍ ရှန်ယွဲ့နိုင်ငံနှင့် ထျန်းကျိရဲတိုက်တို့ မဟာမိတ်ဖွဲ့လိုက်ပြီ ဖြစ်ကြောင်း၊ အပြန်အလှန် ကူညီပံ့ပိုးကြမည် ဖြစ်ကြောင်းနှင့် စကြဝဠာကပ်ဘေးကို အတူတကွ တွန်းလှန်ကြမည် ဖြစ်ကြောင်း ကြေညာခဲ့၏။ ထိုသတင်းကို ကြားလျှင် စကြဝဠာအတွင်းရှိ အင်အားကြီး အဖွဲ့အစည်းများ စိုးရိမ်ထိတ်လန့်သွားကြကုန်၏။
ရှန်ယွဲ့နိုင်ငံသည် အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ချေမှုန်းပြီးခါစ ဖြစ်၏။ ယခုအခါ ထျန်းကျိရဲတိုက်နှင့်ပါ မဟာမိတ်ဖွဲ့လိုက်သဖြင့် သူတို့၏ အင်အား ပို၍ ကြီးမားလာပြီဖြစ်သည်။ သူ၏ အင်အားကို ပို၍ တိုးချဲ့ရန်အတွက် သတ်ဖြတ်ခြင်း စွမ်းအားကို အသုံးပြုကာ ရှန်ဝူဧကရာဇ်က နောက်ထပ် စစ်ပွဲများကို ပြုလုပ်လာတော့မည်။ အခြားသော အင်အားကြီး အဖွဲ့အစည်းများလည်း ရှန်ယွဲ့နိုင်ငံ၏ ပစ်မှတ်များ ဖြစ်လာနိုင်ခြေ ရှိသည်။
ဤအခြေအနေက အဖွဲ့အစည်း အသီးသီးအကြား မဟာမိတ်ဖွဲ့မှုများကို မြန်ဆန်လာစေပြီး စကြဝဠာကြီးအား ပို၍ ပရမ်းပတာ ဖြစ်စေကာ မုန်တိုင်းတစ်ခု မကြာမီ ကျရောက်တော့မည့် အငွေ့အသက်များ ပေးစွမ်းနေ၏။ လုချန်းသည် စကြဝဠာအတွင်း ဖြစ်ပျက်နေသော ကိစ္စရပ်များကို အနီးကပ် စောင့်ကြည့်နေခဲ့သော်လည်း ၎င်းတို့တွင် ပါဝင်ပတ်သက်ရန် အစီအစဉ် မရှိသေးပေ။ သူ၏ အဓိက အာရုံစိုက်မှုမှာ ရှနိုင်ငံ အင်အားကြီးထွားစေရန်သာ ဖြစ်၏။