← Chapters

လက်နက်ချတာကို လက်မခံဘူး

Vol. 17 Ch. 166

လက်နက်ချတာကို လက်မခံဘူး

Vol. 17 Ch. 166

ဤအချိန်အခိုက်အတန့်၌ နာမည်မဲ့မြို့တော်သည် ပြင်းထန်သော မီးတောက်ထဲသို့ ဆီလောင်းလိုက်သည့်အလား ထူးခြားစွာ စည်ကားနေပေ၏။

"ငါ အရင်ကတည်းက ပြောသားပဲ... အုပ်စိုးသူအရှင် အမွေအနှစ်က ကောင်းကင်ဘုံကို အာခံလွန်းနေတယ်... နန်ကုန်းမိသားစုရဲ့ အင်အားလောက်နဲ့ သူတို့ ဘယ်လိုမှ ထိန်းသိမ်းနိုင်မှာ မဟုတ်ဘူး..."

"အခုတော့ ဘာဖြစ်သွားပြီလဲ... သူတို့ ဒုက္ခရောက်တော့မယ် မဟုတ်လား..."

နန်ကုန်းအိမ်တော်၏အနီးတစ်ဝိုက်တွင် ဤသို့ဖြစ်လာသဖြင့် အားရဝမ်းသာဖြစ်နေသူ အမြောက်အများ ရှိနေကြသည်။

"ပြောရရင် နန်ကုန်းမိသားစုက အုပ်စိုးသူအရှင် အမွေအနှစ်ကို လွှဲပေးလိုက်မှာလား..."

တချို့လူများကမူ နန်ကုန်းမိသားစု၏ ရွေးချယ်မှုကို စူးစမ်းလိုစိတ် ဖြစ်ပေါ်နေကြသည်။

"ဟဲ ဟဲ... သူတို့ လွှဲမပေးရင် မိသားစုတစ်စုလုံး သေကုန်မှာပေါ့..."

"ရတနာက ဘယ်လောက်ပဲ ကောင်းကင်ဘုံကို အာခံနိုင်ပါစေ... အသက်ရှင်နေမှ သုံးလို့ရမှာလေ..."

လူတိုင်း၏ ဆွေးနွေးမှုများ အကြားတွင်...

လွှမ်းမိုးချုပ်ကိုင်နိုင်သော အသံတစ်သံသည် နန်ကုန်းအိမ်တော်အတွင်းမှ ထွက်ပေါ်လာပေ၏။

"ငါ့ရဲ့ နန်ကုန်းမိသားစုကို အညံ့ခံစေချင်တာလား... မင်းတို့မှာ အရည်အချင်း ရှိလို့လား..."

ဤှသည်မှာ ကျောက်ခဲတစ်လုံး ပစ်ချလိုက်ရုံဖြင့် လှိုင်းဂယက်များထောင်နှင့်ချီ၍ ဖြစ်ပေါ်လာစေသည်ဆိုသော ဆိုရိုးစကားအတိုင်းပင်။

ထိုစကားများ ထွက်ပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် လူအုပ်အကြား၌ မရေမတွက်နိုင်သော လှုပ်ရှားမှုများနှင့် လှိုင်းဂယက်များကို ဖြစ်ပေါ်စေခဲ့သည်။

"ဘယ်သူလဲ... ဘယ်သူ ပြောလိုက်တာလဲ..."

"ကြမ်းလှချည်လား..."

"ချန်မိသားစု တစ်စုလုံးနီးပါး လှုပ်ရှားလာတာကို သူ မမြင်ဘူးလား..."

"ဒါတောင်မှ သူက ဒီလိုမျိုး ရန်စရဲသေးတယ်ပေါ့..."

နန်ကုန်းအိမ်တော်၏ နံဘေးပတ်လည်တွင်ရှိနေသော လူတချို့သည် မယုံကြည်နိုင်မှုကြောင့် သူတို့၏မျက်လုံးများ ပြူးကျယ်သွားကြ၏။

"ငါ နားကြားမမှားဘူးဆိုရင် အဲ့ဒီအသံက နန်ကုန်းမိသားစုခေါင်းဆောင် နန်ကုန်းရှန်ထျန်းရဲ့ အသံနဲ့ တူတယ်..."

"ရှီး..."

"ဒီ နန်ကုန်းမိသားစုခေါင်းဆောင်က ဒီလောက်ထိ ခေါင်းမာမှန်း ငါ အရင်က ဘာလို့ သတိမထားမိခဲ့ပါလိမ့်..."

"ဒါက ချန်မိသားစုရဲ့ အင်အားအကုန်လုံးလေ..."

"နန်ကုန်းမိသားစုက ချန်မိသားစုနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ သူ ထင်နေတာလား..."

"ညီအစ်ကိုရာ... ရယ်စရာတွေ မပြောစမ်းပါနဲ့..."

"ဒုတိယတန်းစား မိသားစုတစ်စုက ပထမတန်းစား မိသားစုတစ်စုနဲ့ ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ..."

"နေမင်းကြီး အနောက်ဘက်က ထွက်လာရင်တော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်..."

ပွဲကောင်းကြည့်ရှုခြင်းသည် လူ့သဘာဝဖြစ်သည်ဟု လူအများက ပြောဆိုလေ့ရှိကြသည်။

ဤစကားသည် ကျင့်ကြံသူများနှင့်လည်း သက်ဆိုင်ပေ၏။

သေချာသည်မှာ သူတို့အနက်မှ လူမည်မျှထိများများ ရေကန်နောက်နေချိန် ငါးဖမ်းချင်နေကြသနည်း ဆိုသည်ကိုမူ မသိနိုင်ချေ။

မည်သို့ပင်ဆိုစေကာမူ ဤသည်မှာ အုပ်စိုးသူအရှင် အမွေအနှစ်ပင်။

မည်သူက မလိုချင်ဘဲ နေမည်နည်း...

ဤနေရာတွင် နန်ကုန်းမိသားစု၏ အဆင့်မြင့် အဖွဲ့ဝင်များအားလုံး စုဝေး၍ ရောက်ရှိနေကြသည်။

သူတို့သည် ချန်မိသားစုဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်နေကြ၏။

မည်သို့ပင်ကြည့်စေကာမူ နှစ်ဖက်အကြား၌ စွမ်းအားကွာခြားချက်မှာ အလွန်ကြီးမားနေပုံရသည်။

ချန်မိသားစုဘက်တွင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူငါးဦး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ရာဂဏန်းနီးပါးနှင့် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ တစ်ထောင်နီးပါး ရှိနေသည်။

ထို့ပြင် ထိုလူများအကြား၌ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးနှစ်ဦးလည်း ပုန်းအောင်းနေပေ၏။

နန်ကုန်းမိသားစု ဘက်တွင်မူ မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူသုံးဦး နေမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ ဆယ်ဂဏန်းအနည်းငယ်နှင့် လမင်းနက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူ တစ်ရာကျော်သာ ရှိသည်။

အဆင့်မြင့်ကျင့်ကြံသူများဖြစ်စေ အလယ်အလတ်အဆင့် ကျင့်ကြံသူများဖြစ်စေ အရေအတွက်အားဖြင့် အဆများစွာ ကွာခြားနေပြီး ချန်မိသားစုဘက်မှ အပြတ်အသတ် သာလွန်နေပေ၏။

ချန်ဖင်းသည် လေဟာနယ်ထဲတွင် မတ်တတ်ရပ်နေပြီး သူ၏အကြည့်များက နန်ကုန်းရှန်ထျန်းထံသို့ စူးစိုက်၍ ကျရောက်နေသည်။

နှစ်ဖက်အကြား၌ စွမ်းအားကွာခြားချက် ကြီးမားသည့်တိုင် တစ်ဖက်လူက သူ့ကို ဤကဲ့သို့ ရန်စဝံ့သည်။

"နန်ကုန်းရှန်ထျန်း... မင်းကို ဘယ်သူက သတ္တိတွေ ပေးလိုက်တာလဲဆိုတာ ငါ တကယ်ကို မသိတော့ဘူး..."

"တကယ်လို့ အရင်တုန်းက မင်းရဲ့နန်ကုန်းမိသားစုကို အညံ့ခံဖို့ အခွင့်အရေး ပေးချင်သေးတယ်လို့ ငါ ပြောခဲ့ရင်..."

"အခုတော့ ငါ ကြေညာလိုက်မယ်... မင်းက အဲ့ဒီ အခွင့်အရေးကို မင်းကိုယ်တိုင် ဖျက်ဆီးလိုက်ပြီ..."

"ဒီနေ့... မင်းရဲ့နန်ကုန်းမိသားစု တစ်ခုလုံးကို ငါ လုံးဝမြေမြှုပ်သင်္ဂြိုဟ်လိုက်မယ်... မျှော်လင့်ချက်ကင်းမဲ့မှုက ဘာလဲဆိုတာ မင်း သိသွားစေရမယ်..."

ချန်ဖင်း၏ ဗြောင်ကျကျ ခြိမ်းခြောက်မှုကို ရင်ဆိုင်ရချိန်တွင် နန်ကုန်းရှန်ထျန်းက လှောင်ပြောင်လိုက်သည်။

"တကယ်ပါပဲ... ခွေးတစ်ကောင် ကြောင်တစ်မြှီးကတောင် ငါ့ရဲ့နန်ကုန်းမိသားစုထဲ လာပြီး သောင်းကျန်းရဲနေတာပဲ..."

"မင်း... မင်းက တန်လို့လား..."

ဤအထင်သေးသော အပြုအမှုသည် အမှန်တကယ်ကိုပင် နန်ကုန်းရှန်ထျန်း၏လှောင်ပြောင်မှုကို အမြင့်ဆုံးသို့ ရောက်ရှိသွားစေသည်။

အကယ်၍ ယခင်ကသာ ဆိုလျှင် နန်ကုန်းရှန်ထျန်းသည် သတ္တိဆယ်ဆ ပိုရှိနေလျှင်ပင် ဤမျှထိ မောက်မာရဲမည် မဟုတ်ပေ။

သို့သော် ယခုအချိန်တွင် ကျုံးချင် ထားခဲ့သော သစ်သားပန်းပုရုပ်များ ရှိနေသဖြင့်...

တစ်ဖက်၌ လူအင်အားအရေအတွက် အဆများစွာ ပိုများနေလျှင်ပင် သူ အနည်းငယ်မျှ ကြောက်ရွံ့နေမည် မဟုတ်ချေ။

"နောက်ကျရင် မင်း ဒီလောက်ထိ ခေါင်းမာနိုင်ဖို့ကို ငါ မျှော်လင့်မိတယ်..."

ချန်ဖင်း၏မျက်လုံးများထဲတွင် သတ်ဖြတ်လိုစိတ်များ ထင်ဟပ်လာသည်။

"သတ်..."

သူ အမိန့်ပေးလိုက်သည်နှင့် လူတစ်ထောင်ကျော်သည် ချက်ချင်းလှုပ်ရှားလိုက်ကြ၏။

ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှုများသည် မိုးကောင်းကင်ယံကို တုန်ခါသွားစေပြီး တလိမ့်လိမ့်ထလာသော သတ်ဖြတ်လိုစိတ်များသည် ပတ်ဝန်းကျင်နေရာတဝိုက်လုံးကို လွှမ်းခြုံသွားတော့သည်။

ထိပ်သီးကျင့်ကြံသူ အမြောက်အများ တပြိုင်နက်တည်း တိုက်ခိုက်ခြင်းသည် မိုးကောင်းကင်၏အရောင်ကို အမှန်တကယ် ပြောင်းလဲသွားစေသည်။

ပြေးဝင်လာသော လူအုပ်ကြီးကို ရင်ဆိုင်ရချိန်တွင် နန်ကုန်းရှန်ထျန်းသည် သစ်သားပန်းပုရုပ်တစ်ရုပ်ကို ချက်ချင်းအသက်သွင်းလိုက်၏။

ထိုသစ်သားပန်းပုရုပ်သည် တောက်ပလာပြီး လူသားပုံသဏ္ဍာန်အဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ တိုက်ရိုက်ပြေးဝင်သွားသည်။

"ဝုန်း..."

မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သစ်သားပန်းပုရုပ်က လက်သီးများကို ဝှေ့ယမ်းလိုက်ရာ တောင်များကို ရွှေ့ပြောင်းနိုင်ပြီး ပင်လယ်များကို မှောက်လှန်နိုင်သော စွမ်းအားတစ်ရပ် ထွက်ပေါ်လာသည်။ ဤှစွမ်းအားတွင် လေဟာနယ်ကို ချိုးဖျက်နိုင်သော အရှိန်အဝါများ ရောယှက်နေသည့်အလားပင်။

ဤပြင်းထန်သော တိုက်ခိုက်မှုအောက်တွင် လေဟာနယ်သည် တိုက်ရိုက်အက်ကွဲသွားပေ၏။

လူပေါင်း ဆယ်နှင့်မှရာဂဏန်းအထိ ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားကြသည်။

"ဒါ... ဒါက ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူပဲ..."

"နန်ကုန်းမိသားစုမှာ ဘယ်လိုလုပ်ပြီးတော့ ယင်သုံးပါးနယ်ပယ် ထိပ်သီးကျင့်ကြံသူတစ်ယောက် ရှိနေရတာလဲ..."

ချန်ဖင်း၏မျက်နှာအမူအယာ အလွန်အမင်း ပျက်ယွင်းသွားသည်။

သူ၏စိတ်နှလုံးသားထဲတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားလေ၏။

"အား..."

ပတ်ဝန်းကျင်နေရာတဝိုက်တွင် အော်ဟစ်သံများ မရပ်မနား ထွက်ပေါ်နေပြီး သွေးများ အဆက်မပြတ်စီးဆင်းနေကာ ပြတ်တောက်နေသော ခြေလက်အင်္ဂါများ ပျံဝဲနေသည်။

ဤမြင်ကွင်းကို မြင်ရသည်မှာ အလွန်သနားစရာ ကောင်းလွန်းနေသည်၏

ဤသည်မှာ မျှတသော တိုက်ပွဲတစ်ပွဲ လုံးဝမဟုတ်ဘဲ တစ်ဖက်သတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲကြီးပင်။

တစ်စုံတစ်ယောက်၏စွမ်းအားသည် အဆင့်တစ်ခုသို့ ရောက်ရှိသွားချိန်၌ အရေအတွက်သည် အရေးမပါတော့ချေ။

လူထောင်ပေါင်းများစွာနှင့် ရင်ဆိုင်ရလျှင်ပင် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦးသည် သူတို့အားလုံးကို သတ်ဖြတ်ရန် လုံလောက်ပေ၏။

"ဆုတ်ကြစမ်း..."

"လူယုတ်မာ... နန်ကုန်းရှန်ထျန်း... မင်းက လူယုတ်မာပဲ..."

ထိုအချိန်တွင် ချန်ဖင်းသည် သူ၏မိသားစုဝင်များ ရက်စက်စွာ သတ်ဖြတ်ခံနေရသည်ကိုကြည့်ရင်း သူ၏မျက်လုံးများ နီမြန်းလာသည်။

သူ ကျယ်လောင်စွာ အော်ဟစ်လိုက်ရာ သူ၏အသံမှာ အက်ကွဲနေသည်။

ဒုတိယတန်းစား မိသားစုတစ်ခုသည် ယင်သုံးပါးနယ်ပယ် ရုပ်သေးရုပ်တစ်ရုပ်ကို ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မည်သို့မျှ ထင်မှတ်မထားခဲ့မိချေ။

ဤရုပ်သေးရုပ် ရှိနေသမျှ ကာလပတ်လုံး ပထမတန်းစား မိသားစုသုံးခု၏အင်အားများ ပေါင်းစည်းလိုက်လျှင်ပင် အုပ်စိုးသူအရှင် အမွေအနှစ်၏ အမွှေးတစ်မျှင်ကိုတောင် ယူဆောင်နိုင်မည် မဟုတ်သည်မှာ သေချာပေါက်ပင်။

'မင်းမှာ ဒီပစ္စည်း ရှိတယ်ဆိုရင် ဘာလို့ စောစောက မပြောတာလဲ... ဒါဆို ငါတို့က အုပ်စိုးသူအရှင် အမွေအနှစ်ကို လိုချင်မှာ မဟုတ်တော့ဘူးလေ...'

ချန်ဖင်းက သူ၏စိတ်ထဲတွင် နောင်တရစွာဖြင့် ရေရွတ်မိသည်။

အသေအပျောက် နည်းပါးစေရန်နှင့် သူတို့၏ အင်အားကို ထိန်းသိမ်းရန်အတွက် သူသည် မိသားစုဝင်များကို ဆုတ်ခွာသွားရန် အရေးတကြီး အော်ဟစ်လိုက်သည်။

သို့သော် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ ရှေ့မှောက်တွင် သူ ပြောရုံမျှဖြင့် မည်သို့ ဆုတ်ခွာနိုင်မည်နည်း။

အစိမ်းရောင် အလင်းတန်းတစ်တန်း ပွင့်အံ့ထွက်ပေါ်လာကာ သစ်သားရုပ်သေးရုပ်သည် နယ်ပယ်တစ်ခုကို ထုတ်ဖော်ပြီး ချန်မိသားစုဝင်များကို ချက်ချင်းဆွဲသွင်းလိုက်သည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူများသည် နယ်ပယ်များကို ထုတ်လွှတ်နိုင်ပေ၏။

ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူတစ်ဦး၏ နယ်ပယ်အတွင်းတွင်မူ သူတို့သည် ဥပဒေသစွမ်းအားများကိုပင် ထိန်းချုပ်ကစားနိုင်လေပြီ။

ဤဥပဒေသစွမ်းအားများသည် ကောင်းကင်နှင့် မြေပြင်၏စွမ်းအားကို သယ်ဆောင်ထားသည်။

သစ်သားရုပ်သေးရုပ်၏လက်ထဲတွင် မြေကမ္ဘာနက်နဲသိမ်မွေ့နယ်ပယ် နေမင်းနက်နဲသိမ်မွေ့နယ်ပယ် သို့မဟုတ် ကြယ်တာရာနက်နဲသိမ်မွေ့နယ်ပယ် ဖြစ်နေပါစေ ခုခံနိုင်စွမ်း သို့မဟုတ် ပြန်လည်တိုက်ခိုက်နိုင်စွမ်း လုံးဝမရှိချေ။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျင့်ကြံသူတစ်ဦးပင်လျှင် သစ်သားရုပ်သေးရုပ်၏တိုက်ခိုက်မှုတစ်ခုကို ခံနိုင်ရည်မရှိပေ။

"ဘုန်း..."

သစ်သားရုပ်သီးရုပ်၏လက်သီးတစ်စုံ ဝှေ့ယမ်းလိုက်သည်နှင့် နောက်ထပ်လူဆယ်နှင့်ချီပြီး အမှုန်အမွှားများအဖြစ် တိုက်ရိုက်ပေါက်ကွဲသွားသည်။

ချန်မိသားစု၏ ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးနှစ်ဦးပင်လျှင် တိုက်ရိုက် ပေါက်ကွဲသွားသည်။

သူတို့၏ခန္ဓာကိုယ်များသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပေ၏။

ဤသည်မှာ အမှန်တကယ်ကို ကျင့်ကြံဆင့်ခွဲခြားခြင်းမရှိသော တိုက်ခိုက်မှုကြီးပင်။

"ဘိုးဘေးတို့..."

ကြွင်းကျန်သော ချန်မိသားစုဝင်များသည် နှလုံးကွဲကြေလုမတတ် ခံစားလိုက်ရသည်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ကျွမ်းကျင်သူများသည် သူတို့၏မျက်လုံးများထဲတွင် ပြိုင်ဘက်ကင်းသော တည်ရှိမှုများဖြစ်ကာ ချန်မိသားစု၏ ထောက်တိုင်များနှင့်ကျောက်ဆူးများပင်။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးနှစ်ဦး သေဆုံးသွားခြင်းနှင့်အတူ သူတို့၏ ယုံကြည်ချက်များ လုံးလုံးလျားလျား ပြိုလဲသွားခဲ့သည်။

ယခုအချိန်တွင် ချန်မိသားစု၏ အဆင့်မြင့်ခေါင်းဆောင်များသည် ခုခံရန် သတ္တိ လုံးဝ ပျောက်ဆုံးသွားပြီဟု ဆိုနိုင်သည်။

ထိုသစ်သားရုပ်သေးရုပ်သည် သူတို့၏မျက်လုံးထဲတွင် ရှင်သန်ထမြောက်လာသော နတ်ဘုရားတစ်ပါး သို့မဟုတ် နတ်ဆိုးတစ်ပါးနှင့် မခြားနားပေ။

ဤနေရာသည် အသက်များကို ရိတ်သိမ်းရာ သေခြင်းတရား နယ်မြေတစ်ခု အမှန်တကယ် ဖြစ်လာခဲ့လေပြီ။

"ပြေး..."

လူတချို့သည် ကြောက်လန့်တကြားဖြင့် တိုက်ပွဲမြေပြင်မှ ထွက်ပြေးရန်နှင့် ထိုသတ်ဖြတ်ခြင်း နတ်ဘုရားထံမှ လွတ်မြောက်ရန် ကြိုးစားလိုက်ကြသည်။

သို့သော် ယင်သုံးပါးနယ်ပယ် ကျင့်ကြံသူ၏ နယ်ပယ်အတွင်းတွင် တစ်စုံတစ်ယောက်က တည်နေရာရွှေ့ပြောင်းခြင်း စာလိပ်ကို ထုတ်သုံးလျှင်ပင် ဥပဒေသစွမ်းအားများ၏ ဖိနှိပ်မှုအောက်တွင် အသုံးမဝင်ချေ။

သစ်သားရုပ်သေးရုပ်သည် သနားညှာတာမှု ကင်းမဲ့သော ကွပ်မျက်သူတစ်ဦးအလား အသက်များကို အရူးအမူး ရိတ်သိမ်းနေပေ၏။

"နန်ကုန်းမိသားစုခေါင်းဆောင်... ကျွန်တော့်ရဲ့ ချန်မိသားစုက အညံ့ခံဖို့ ဆန္ဒရှိပါတယ်... ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ချန်မိသားစုကို အသက်ရှင်ခွင့် လမ်းကြောင်းလေး တစ်ခုလောက် ပေးပါ..."

လေဟာနယ်ထဲတွင်ရှိနေသော ချန်မိသားစုခေါင်းဆောင်ချန်ဖင်း၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

သူသည် အလွန်အမင်း စိတ်ပျက်အားငယ်စွာဖြင့် ပြောဆိုလိုက်၏။

ဤလူများအကြားတွင် သူ၏ မောင်နှမများနှင့် ချစ်ခင်ရသော ဆွေမျိုးများစွာ ပါဝင်နေသည်။

နန်ကုန်းမိသားစုကို တိုက်ခိုက်ခြင်းသည် တစ်ဖက်သတ် တိုက်ပွဲတစ်ပွဲ သေချာပေါက် ဖြစ်လာလိမ့်မည်ဟု သူ မူလက ထင်မှတ်ထားခဲ့သည်။

ရလဒ်သည် အမှန်တကယ်ကို တစ်ဖက်သတ် ဖြစ်ခဲ့သော်လည်း သူတို့ကိုယ်တိုင်က အသတ်ခံရမည့်သူများ ဖြစ်လာလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

ကောင်းကင်နက်နဲသိမ်မွေ့နယ်ပယ် ဘိုးဘေးနှစ်ဦးပင်လျှင် ပေါင်းပင်များအလား တိုက်ရိုက်ရှင်းလင်းခံလိုက်ရသည်။

သူ ဤရလဒ်ကို လက်မခံနိုင်ပေ။

သို့သော် အဖြစ်မှန်သည် သူ၏မျက်စိရှေ့မှောက်တွင် ရှိနေပြီး သူ လက်မခံ၍ မရချေ။

ယခုချိန်၌ အရေးကြီးဆုံးမှာ သူ လက်နက်ချပြီး အညံ့ခံရန်ပင်။ ထိုသို့ပြုလုပ်မှသာ ချန်မိသားစုသည် လက်ကျန်အင်အားကို ထိန်းသိမ်းထားနိုင်ပေမည်။

သို့သော် ချန်မိသားစုခေါင်းဆောင်၏ အညံ့ခံချမှုကို ရင်ဆိုင်ရချိန်တွင်...

နန်ကုန်းရှန်ထျန်းက အေးစက်ပြီး သနားညှာတာမှု ကင်းမဲ့စွာဖြင့် တုံ့ပြန်လိုက်သည်။

"ငါ့ရဲ့ နန်ကုန်းမိသားစုက မင်းတို့ အညံ့ခံတာကို လက်မခံဘူး..."

All Chapters